၁၀၉/၁၁၀
ဝေလေလေ ခေါင်းလောင်း
အသံထွက်မြည်အောင်
ရိုက်နှက်ဖို့….
တူ မရှိသေးဘူး။
အလုပ်လက်မဲ့ဆိုတာ
တစ်နေ့စာ ထမင်းတစ်နပ်
ကျပျောက်သွားသလိုပဲ
ကျပျောက်တဲ့နေ့တွေ ထပ်တလဲလဲ ဆိုရင်တော့
တန်းဖိုးက ငရဲပဲ။
ဘေးနားမှာ အိပ်ပျော်နေသူအတွက်
အိပ်မက်လှလှ ရှိချင်ရှိနိုင်တယ်။
မနက်ဖြန်ဆိုတာကို တွေးကြောက်ရွံသူအဖို့
ညတွေကို သတ်ပစ်နေသူလို
မအိပ်ဘဲ နေတာပိုကောင်းမယ်။
ဖြေသိမ့်စရာတစ်ခုက
သူတောင်းစားမှာတောင်
တောင်းတဲ့အလုပ်တစ်ခုရှိနေသေးတာပဲ။
အာဂ
20 comments
ထုံးဘဲဥ
April 28, 2012 at 3:31 pm
ဖြေသိမ့်စရာတစ်ခုက
သူတောင်းစားမှာတောင်
တောင်းတဲ့အလုပ်တစ်ခုရှိနေသေးတာပဲ။
ဝန်ဂျီးတွေကို ကျောတာရားးးးဟင်င်င်
R Ga
April 28, 2012 at 3:43 pm
ဒီ သူတောင်းစား အကြီးစားတွေကိုတော့ မပြောတော့ပါဘူးဗျာ..။ သူတောင်းစားကြီးတော့ တစ်ခါခါ ဓားပြဖြစ်တတ်တယ်လေ နော့။
laypai
April 28, 2012 at 3:34 pm
ခံစား ဖတ်ရှု သွားပါတယ်ဗျ။
2004~2005 လောက် တုံးက ကိုအာဂ ခေါင်းစဉ် အတိုင်း ၁၀၉/၁၁ဝ ၊ ဘဝ ၅ လလောက် ရောက်ခဲ့ သေးတယ်။
ပိုဆိုးတာက အလုပ်မရှိပါဘူး ဆို မှ အလိမ် ခံရသေးတယ် ဗျာ။
မြန်မာ အချင်းချင်း တချို့ လူ တွေ မငဲ့ ညာ ကိုယ်ကျိုးရှာ ရက် ကြတယ် ဗျ။
အလုပ်မရှိ လို့ သူ့လုပ်ငန်းနဲ့ ဆက်စပ်တဲ့ အလုပ်ကို ဘယ်သို့ ဘယ်ပုံ လုပ်ချင်ပါတယ် လို့ အကူအညီ တောင်းရာ ကနေ ပါသွားတာဘဲ။
R Ga
April 28, 2012 at 3:39 pm
၁၀၉/၁၁ဝ ဘဝနဲ့ ကျွန်တော် နေခဲ့ရတဲ့အချိန်က ရေးထားတဲ့ကဗျာလေးပါ။ ဟိုသီချင်းထဲက လို တကယ်ကို ဘဝဆိုးလှပါတယ်။
အားငယ်ရပါတယ်။ အထီးကျန်ရပါတယ်။ လူပျိုဘဝ ၁၀၉/၁၁ဝ ဖြစ်တာက မိဘအိမ်မှာနေလို့ ဝန်သိပ်မလေးလံခဲ့ပေမဲ့။ အိမ်ထောင်ရှင် ဘဝ ရောက်တဲ့အခါ ကျတော့ မိန်းမ လုပ်စာလေး ကို ရှက်လို့ မတောင်းမသုံးပဲ အိမ်တွင်းပုံးနေခဲ့ရတာက ပိုဆိုးလှပါတယ်။ အလုပ်လက်မဲ့ ၃ လလောက်ဖြစ်တာဟာ တော့်ကို စိတ်ဖိစီးမှုများခဲ့ပါတယ်ဗျာ။
windtalker
April 28, 2012 at 9:24 pm
အခုတော့ အားလုံး အိုခေသွားပြီပေါ့နော် ။ အားလုံး အဆင်ပြေပါစေလို ့ဂေဇက်ရွာသားချင်း မေတ္တာပို ့သလိုက်ပါတယ် ဗျို ့။
ဗိုက်ကလေး
April 28, 2012 at 3:49 pm
အူးလေးရေ..
နောက်ဆုံးဖြေဆည်ရာတစ်ခုရသွားတာကတော့..
တစ်ရာ့ကိုး တစ်ရာ့တစ်ဆယ်တော့ အဖြစ်မခံနိုင်ဘူးဗျာ..
အလုပ်မရှိရင် တောင်းစားတဲ့အလုပ် လုပ်လို ့ရသေးတယ်ဆိုတာလေး..အချောင်မှတ်သွားပါတယ်
jujuma
April 28, 2012 at 4:12 pm
ဗိုက်ကလေးတို့ အမြတ်ထုတ်သွားပါပီဗျ..
အဲဒါပဲလိုက်ချောင်းနေတာပေါ့လေ ..ဟိဟိ
ချိတ်ချိုးနဲနော် …
ဗိုက်ကလေး
April 28, 2012 at 4:16 pm
အူးလေးကလဲဗျာ
သူများ သတောင်းစားဖြစ်မှာကို ပျော်နေသေးတယ်..
ဝမ်းနဲသွားပြီ
ဘီအီးသွားကစ်တော့မယ်
R Ga
April 28, 2012 at 5:34 pm
ဆြာဗိုက် ဘီအီးသွားကစ်မယ် ဆိုရင် ၄၂လမ်းထဲလာခဲ့ဗျာ…ဒါမှမဟုတ်ရင် ပါဆယ်ဆွဲပြီး ဗိုလ်တစ်ထောင် ကမ်းနားမှာ သွားကစ်ရအောင်..။ လေလေးတစ်ဖြူးဖြူး နဲ့ အတွဲတွေလည်းချောင်လို့ရသေး နော့။
လူ ဟား
April 29, 2012 at 9:05 am
ဒို့လည်း လိုက်မယ် ချန်မထားနဲ့။ ဘီအီးလေးနဲ့ ချောင်းကြမယ်။
char too lan
April 30, 2012 at 4:09 pm
ဗိုလ်တစ်ထောင် ကမ်းနားမှာ …. ဒဲ့
ဟိုရောက်ရင်ကြည့်နေ သူတို့မျက်လုံးဒွေ ဝိုင်းထဲမှာရှိမှာ မဟုတ်တော့ဘူး
ရွှေစင် ဆီရောက်ကုန်ဂျမှာ 😛
http://myanmargazette.net/118902/uncategorized-other/copypaste
နေဝန်းနီ
April 30, 2012 at 10:07 pm
ကပေါက်ဖော် ဘီးအီး သွားကစ်စရမလိုအောင် ငါ ပါဆယ်ဆယ်လာတယ်….။ တောက်လိုက်…။
http://myanmargazette.net/119071/creative-writing/drama-essays-humor-memoirs-novel-excerpts-short-stories ဒီမှာလေ……. ဟီးဟီး ဟီး 😛 😛 😛 အရဂါး ချစ်လို့စတာ…။ တိလား
FattyCat
April 28, 2012 at 10:06 pm
အလုပ်ဆိုတာ လူတစ်ယောက်အတွက် မရှိမဖြစ်ပေါ့
ဟိုးမကြာသေးခင်က ကျွန်တေ်ပြောဖူးသလို
ဘဝဆိုတာတိုက်ပွဲ အလဲအကွဲရှုံးနေပေမယ့် ရပ်မရတဲ့ပွဲ
နံဘေးနား အိပ်နေသူ အပူအပင်မရှိစေချင်ဘူး
ဆိုတဲ့စေတနာလေးကို အမြန်ဆုံးအကောင်အထည်ဖော်နိုင်ပါစေလို့ ဆုတောင်းပါတယ်နော်
kotun winlatt
April 28, 2012 at 10:34 pm
ကဗျာဖတ်ရင်း
ဆရာတာရာမင်းဝေရဲ့ စာသားလေးပြေးပြီးသတိရမိသေးးး
အမှန်ကိုမမြင်နိုင်တာထက်စာရင်
ကန်းနေတာကပိုကောင်းတယ်ဆိုတဲ့ စာလေးပါ..
ကဗျာနဲ့တော့ မဆိုင်ဘူးပေါ့..
ဖတ်နေရင်း သတိရမိတာလေးပြောတာပါ…။
ဦးဦးပါလေရာ
April 28, 2012 at 11:57 pm
လူတွေက အလုပ်တွေသိပ်များပြီး လက်မလည်ရင်သာ ငြီးတွားကြ စိတ်ရှုပ်ကြနဲ့….။
တကယ်တော့ အလုပ်ဆိုတာက လူတယောက်ရဲ့ နေထိုင်မှု့ဘဝကို အသက်ဆက်ပေးနေတာ…။
လုပ်စရာအလုပ်များမရှိရင် အချိန်တိုင်းဟာ ဘာမှ အဓိပ္ပါယ်မရှိတော့ဘူး….။
ကျုပ်တော့ အသက်ကြီးပြီး ပင်စင်ပေးခံရမှာကို တော်တော်စိတ်ပူတယ်..။
အဲဒီအချိန်ကျရင် ဗိုက်ကလေးဆီမှာ အချိန်ပိုင်းအလုပ်ကလေးဖြစ်ဖြစ်သွားတောင်းဘို့တောင် စဉ်းစားထားသေး…။ 🙂
MaMa
April 29, 2012 at 6:32 pm
မှန်လိုက်တာ ဦးပါလေရာရေ။
အလုပ်လုပ်နေရတာကိုက ဘဝရဲ့ အဓိပ္ပါယ်ပဲ။
ဘဝကို အဓိပ္ပါယ်ရှိရှိ ဖြတ်ကျော်နေရသလိုပဲ။
အဲဒါကြောင့် အခုလို အလုပ်လုပ်နေနိုင်တာကို ကျေနပ်စရာပါ။
ကိုယ့်လက်ကိုယ့်ခြေနဲ့ ကိုယ့်ကိုယ်ကို နိုင်နေတာကလည်း ဝမ်းသာစရာတခုပေ့ါ။ 🙂
အော်- ဒါ့ထက် (မိန်းမ လုပ်စာလေး ကို ရှက်လို့ မတောင်းမသုံးပဲ အိမ်တွင်းပုံးနေခဲ့ရတာ) ဆိုတော့ အန်တီတို့ ဆိုဆုံးမမှုညံ့လို့ တောင်းပန်ပါတယ်။
နွယ်ပင်ကို နောက်ကြုံမှ နားလည်အောင် ဆုံးမပေးပါ့မယ်လို့…..
R Ga
April 30, 2012 at 3:05 pm
ညန်ညန် ဆုံးမ ပေ ပါ အန်တီ ရေ ။ အခုတော့ အလုပ်တော့ ရနေပြီ ဒါပေမဲ့…။ ပိုက်ပိုက်က တော့ လိုနေတုန်းပဲ..။ ဒါကြောင့် မုန့်ဖိုးပေးပေးဖို့ လည်းကျောပေးနော့
ဗိုက်ကလေး
April 29, 2012 at 7:21 pm
လက်မြန်၊ ခြေမြန်၊ အဆဲသန်၊ အပြေးမြန်၊ အမူးခံနိုင်လျင် ကျနုပ်နှင့် တွဲသောက်၍ ရပါပြီမောင်ရင်
ဘာဖြစ်လို ့လဲဆိုတော့ ကျနုပ်က ရှေ ့ကတစ်ဆိုင်ပြီးတစ်ဆိုင် အကြွေးသောက်သွားမယ်..မရှင်းနိုင်ရင်ပြေးမယ်
ဟိုကဝိုင်းရိုက်ရင် မောင်ရင်က ပြန်ဆဲပြီး မူးနေတဲ့ ကျနုပ်ကို ထမ်းပြေးပေးရမယ်
blackchaw
April 29, 2012 at 12:17 pm
၁၀၉/၁၁ဝ ဘဝဆိုးလှတယ်
ဆိုတဲ့ စိုင်းစိုင်းသီချင်း သွားသတိရတယ် အာဂရေ။
ဒီကဗျာလေးကတော့ ရင်ထဲကို တန်းတန်းကြီး တည့်တည့်တိုးတော့တာပါပဲ။
ခံစားမှုအစစ်တွေက ရတဲ့ ကဗျာလေးတွေက
ပိုလှပါတယ်ဗျာ။
အာဂရဲ့ ကဗျာက အာဂပါပဲဗျာ။
လက်မတစ်ချောင်းထောင်ပြီး အားပေးသွားပါတယ်။
အော်မေ့တော့မလို့ လက်မလေးကိုလည်း အထင်တော့ မသေးပါနဲ့။
အာဂ လက်မလေးပါ။
marblecommet
April 30, 2012 at 6:42 pm
ဟေ့ နင်တို့ ဗိုလ်ထထောင်ဘုရားသွားလို့
ငါ့မခေါ်လို့ကတော့ ပတ်မွှေပလိုက်မှာနော်..