ဘာကြောင့် မုန်းနေကြတာလဲ(အဖြေ)

may flowersApril 28, 20121min12016

ဘာကြောင့်မုန်းရတာလဲဆိုတဲ့ နာနာသံတွဲရဲ့ ပိုစ့်မှာကွန်မန့်ဝင်ရေးဖို့ ကြိုးစားတာ
မအောင်မြင်တဲ့အတွက် အခုလိုဆောင်းပါးတစ်ပုဒ်ရေးလိုက်ရတာပါ။
ဟုတ်ပါတယ် နာနာ(သံတွဲ) ရေးသလိုပဲ မြန်မာပြည်မှာ
ဘာသာပေါင်းစ ုံစုပေါင်းနေထိုင်ကြတာပါ ခရစ်ယာန်ဘာသာ ဟိန္ဒူ ဘာသာ
ဗုဒ္ဓဘာသာ အာလုံးတော်တော်စုံပါတယ်။ ဒါပေမဲ့ မူဆလင်တွေက
ဘာလို့သူတို့ဘာသာဝင်တွေကိုပဲ မုန်းရတာလဲဆိုတဲ့အဖြေကို ကိုယ်တိုင်တွေ့အောင်မရှာကြပါဘူး။ ဘာကြောင့်ဟန္ဒူဘာသာလူမျိုးတွေကိုမမုန်းရတာလဲ ဘာကြောင့်ခရစ်ယာန်ဘာသာဝင်
တွေနဲ့ အေးအေးချမ်းချမ်းလက်တွဲသွားနိုင်တာလဲ ဒီအဖြေကို ကိုယ်တိုင်မရှာကြပါဘူး။
မုန်းတယ်ဆိုတာ ဘယ်သူမှအကြောင်းမရှိပဲ မုန်းနေကြတာမဟုတ်ပါဘူး။ သေချာတာကတော့ အိန္ဒိယကဝင်လာတဲ့သူမို့လို့မုန်းတာမဟုတ်ကြပါဘူး။ လူကိုမုန်းတာလဲမဟုတ်ကြပါဘူး။ မြန်မာပြည်တွင်းမှာနေထိုင်ကြတဲ့ မူဆလင်ဘာသာ
ဝင်တော်တော်များများတွေရဲ့ အလွန်အစွန်းရောက်တဲ့ ဘာသာရေးမူကြောင့်သာမုန်း
ကြတာပါ။ လူကိုမုန်းတာမဟုတ်ပဲ မူကိုမုန်းနေကြတာပါ။ ကဲဘာတွေအစွန်းရောက်နေလဲ ဆိုတာကျွှန်မပြောပြပါ့မယ်။ သူများပြောစကား ကြားတာနဲ့ ကျွှန်မမပြောချင်ပါဘူး။ ကြားတဲ့စကားနဲ့ပြောရင် မသေချာမရေရာနိုင်တဲ့အတွက်ကျွှန်မကိုယ်တိုင် ကိုယ်တွေ့ကြုံတွေ့ရတာလေးတွေကို
ပဲပြောပြပါ့မယ်။
လွန်ခဲ့တဲ့(၂) နှစ်လောက်ကကျွှန်မတို့ နှစ်ဆန်း-၁ ရက်နေ့မှာ မော်လမြိုင်သင်္ကြန်ကို ကျွှန်မတို့အဒေါ်အိမ်က ကားနဲ့လည်ဖြစ်ခဲ့ကြပါတယ်။ မိသားစုလိုက်ရေပက်ခံထွက်ကြတာပါ။ ရန်ကုန်ကနေလာလည်တဲ့ ကျွှန်မတို့မောင်နှမတွေကို အဒေါ်တို့အိမ်ကကားနဲ့မော်လမြိုင် သင်္ကြန်လိုက်ပို့ပေးတာပါ။ မြန်မာပြည်မှာနှစ်ဆန်းတစ်ရက်နေ့ သင်္ကြန်ရေပက်တာ မွန်ပြည်နယ်မှာပဲရှိမယ်လို့
ကျွှန်မထင်ပါတယ်။ ထားပါတော့…အဲဒီနေ့ကသင်္ကြန်လည်ပြီးပြန်လာတော့ မုတ္တမြို့နယ်ထဲက ရွာတစ်ရွာကိုကျွှန်မတို့ဦးလေး( အဒေါ့်ယောကျင်္ား) အလုပ်ကိစ္စနဲ့ ခဏ
ဝင်ပါတယ်။ မြန်မာပြည်ရဲ့နွေနေ့လည်ခင်း ၂ နာရီ နေကတော်တော်ပူပါတယ်။ ဦးလေးနဲ့
ဒေါ်ဒေါ်အလုပ်ကိစ္စနဲ့ သူတို့ဝင်စရာရှိတဲ့အိမ်ကိုဝင်နေကြတုံး ကျွှန်မတို့တွေက လိုက်မသွားကြပဲ ကားပေါ်မှာထိုင်နေခဲ့ကြပါတယ်။ အဲဒီအချိန်မှာပဲ ကျွှန်မအကိုဝမ်းကွဲ
ရဲ့သားလေးကသူ့အမေကိုရေဆာလို့ပူဆာ ပါတယ်။ အမကလဲသူ့ကလေးကို
ကားထွက်လို့ရွာပြင်ဘက်ရောက်ရင ်ရေဝယ်တိုက်ပါ့မယ်ဆိုပြီး ချော့နေပါတယ်။ ခက်တာက ဒေါ်ဒေါ်တို့ကလဲ အလုပ်ကိစ္စမပြီးပြတ်သေးတော ့နာရီဝက်လောက်ကြာတဲ့အထိပေါ်မလာပါဘူး။
ကလေးကလဲရေဆာလို့ငိုနေပါပြီ အမှန်တော့ကလေးမှမဟုတ်ပါဘူး ကျွှန်မတို့တွေလဲ ရေတော်တော်ဆာနေကြပါပြီ။ ကလေးငိုလွန်းအားကြီးတော့အမက
အိမ်လေးတစ်အိမ်ရှေ့လေးနားမှာဆော့နေတဲ့ အသားမဲမဲနဲ့ ၁ဝ နှစ် ၁၂ နှစ်အရွယ်ကလေးမလေးဆီက ရေတစ်ခွက်လောက်တိုက်ပါလားဟယ် ကလေးရေဆာနေ လို့ပါလို့လှမ်းတောင်းလိုက်ပါတယ်။ ဒါပေမဲ့ အဲဒီကလေးမလေး
ကကျွှန်မတို့ကိုလှမ်းကြည့်ပြီး အိမ်စုတ်စုတ်လေးထဲ ဝင်သွားပါတယ်။ သူ့အမေဖြစ်
ဟန်တူတဲ့ ခေါင်းမူးခြုံထားတဲ့မိန်းမတစ်ယောက်နဲ့ စကားပြောနေပါတယ်။ တော်တော်နဲ့ပြန်မထွက်လာပါဘူး။ ကလေးငိုသံကလဲ ကျယ်သထက်ကျယ်လာတော့
ကလေးအမေလဲ မနေနိုင်တော့ပဲ အိမ်လေးထဲလိုက်ဝင်သွားပါတယ်။ သမီးရေ
အန်တီ့ကလေးငိုနေလို့ ရေလေးတစ်ခွက်လောက်တိုက်ပါနော်လို့ တောင်းသောက်တော့တာပါပဲ။ ဒါပေမဲ့ကလေးမလေးရဲ့မိခင်က မသိချင်ယောင်ဆောင်ပြီး အိမ်ခန်းထဲဝင်သွားပါတယ်။ ကလေးမလေးကတော့ပြန်ပြောရှာပါတယ်။ အိမ်မှာရေမရှိဘူးတဲ့ ကဲစဉ်းစားသာကြည့်ပါတော့ ကျွှန်မတို့ဒုက္ခရောက်ခဲ့တာလေးပါ။ အဒေါ်တွေနောက်လိုက်သွားတောင်းသောက်ရအောင်ကလဲ ကျွှန်မတို့ကိုလမ်းထိပ်မှာ
ကားရပ်ပြီးထားခဲ့တာဆိုတော့ ဘယ်အိမ်မှန်းမသိတော့လိုက်မသွားဖြစ်ကြပါဘူး။ နောက်အိမ်တွေကြည့်လိုက်တော့လဲ အကုန်လုံးလိုလိုမွတ်စလင်ဘာသာဝင်တွေရဲ့
အိမ်တွေလိုလိုဖြစ်နေတော့ အရှက်ကွဲခံပြီးတော့ တောင်းမနေကြတော့ပါဘူး။ ကားပေါ်မှာသာ ရေငတ်ခံ ပြီး ရေဆာလို့ငိုနေတဲ့ကလေးရဲ့အသံကို ၁၅ မိနစ်လောက်စိတ်မချမ်းသာပဲ နားထောင်နေကြရတာပါ။ တော်သေးတာက နောက်၁၅ မိနစ်လောက်မှာ ဒေါ်ဒေါ်တို့တွေပြန်လာတော့ ပြန်တဲ့လမ်းပေါ်မှာရေသန့်ဘူးဝယ်ပြီး အားရပါးရ
သောက်ကြရပါတယ်။ တစ်သက်မှာအကောင်းဆုံးသောက်ရတဲ့ရေ ဟာအဲဒီတုံးကသောက်ရတဲ့ ရေဆိုလဲမမှားပါဘူး။ နောက်မှ သိရတာကအဲဒီရွာက တစ်ရွာလုံးမူဆလင်ရွာတဲ့….ကဲမြန်မာပြည်မှာနေ မြန်မာပြည်ကသွေးချင်းတွေလို့ကိုယ့်
ကိုကိုယ်ယုံကြည်ထားလို့ရှိရင် ကလေးတစ်ယောက်ရဲ့ ရေဆာလို့ငိုယိုနေသံကို လျှစ်လျူရှုနိုင်တာ မွတ်ဆလင်လူမျိုးတွေပဲရှိမယ်ထင်ပါတယ်။ တကယ်လို့အဲဒီနေရာမှာ ဟိန္ဒူတို့ ခရစ်ယာန်တို့ဆို ကလေးတစ်ယောက်ကိုရေတိုက်ဖို့ ဝန်လေးကြမှာမဟုတ်ပါဘူး။

အဲဒါကြောင့်မို့ မြန်မာပြည်သူတွေ ဘာလို့မူဆလင်ဆိုမုန်းကြတာလဲ ဘာလို့ကျန်တဲ့ဘာသာကိုမမုန်းကြတာလဲ အဖြေရှာမေးနေမဲ့အစား ကျွှန်မပြောချင်တာကတော့ အစွန်းရောက်နေတဲ့ မူဆလင်ဘာသာဝင်တစ်ချို့ကို စည်းရုံးသင့်ပါတယ်။ နောက်ပြီးအသေသားစားတဲ့ လူတွေကဇာတ်နိမ့်တွေ ငါတို့နဲ့အဆင့်မတူဘူး သူတို့သောက်ထားတဲ့ရေခွက်နဲ့မသောက်ကြနဲ့ဆိုတဲ့ ဘာသာ
ရေးအတွေးအခေါ်တွေကိုလဲ ကလေးဘဝထဲက ဇာတ်တိုက်သွင်းထားတော့ မူဆလင်တော်တော်များများက အခြားဘာသာဝင်တွေဆို မတူသလိုနဲ့ ရေတိုက်တာတောင်မသောက်တာနဲ့ ကိုကိုယ်တိုင်ကလဲရေလေးတစ်ခွက်တောင်မတိုက်ချင်တာနဲ့ အစွန်းရောက်အယူအဆတွေကြောင့် တဖြည်းဖြည်းလူမှုအသိုင်းအဝိုင်းရဲ့ဘေးကို ရောက်မှန်းမသိရောက်သွားရတာပါ။

ဒါကြောင့်ကျွှန်မပြောချင်တာက နာနာ(သံတွဲ) ရေ ဘာကြောင့်မုန်းနေတာလဲ ဆိုတဲ့အဖြေကတော့ရှင်းရှင်းလေးပါပဲ။ ဖြစ်နိုင်ရင် နာနာ(သံတွဲ) ပြောသလို ကိုယ့်မျက်ချေးကိုယ်မြင်အောင်ပြန်ကြည့်ပြီး ပြင်သင့်တာပြင်လို့မြန်မာပြည်မှာနေတဲ့တိုင်းရင်းသားအားလုံး ဘာသာအားလုံးချစ်ခင် စည်းလုံးလာမဲ့နေ့ကို
မျှော်နေပါတယ်ရှင်။

မှတ်ချက်။ ။ရေးမဲ့သာရေးရတာ သူကြီးတင်ပေးပါ့မလားတောင်မသိဘူး..ဒီပိုစ့်ကို
ကွန်မန့်ဝင်ရေးတာ အရလို့ရေးမိတာပါ သဂျီးမင်းရှင့်…

16 comments

  • may flowers

    April 28, 2012 at 2:55 pm

    သဂျီးရေ တကယ်လို့ ဒီပိုစ့်ကိုမတင်သင့်ဘူးထင်ရင် ဖျက်နိုင်ပါတယ်နော်။ ရေးတင်ပြီးမှ သဂျီးစိတ်ဆိုး

    ပြီးရွာထဲက နှင်ထုတ်မှာစိုးလို့။ သဂျီးနော် သူများကခုမှ ဝင်တဲ့ရွာသူသစ်လေးမို့ ရွာစည်းကမ်းနားမလည်

    ပဲ အမှားလုပ်မိရင်လဲ ခွင့်လွှတ်ပေးနော်..ဟိ

    • ထုံးဘဲဥ

      April 28, 2012 at 3:21 pm

      ဟယ်…… ရွာသူအသစ်ကလေးဒဲ့ အာဟိဟိ ဟင်းဟင်းဟင်း ဟိဟိ 😆

  • ဗိုက်ကလေး

    April 28, 2012 at 3:01 pm

    ကျနော့်မှာ မွတ်စ် ဘော်ဒါ တစ်ယောက် ရှိတယ်ဗျာ
    သူ ့မိသားစုနဲ ့လဲ စားအိမ်သောက်အိမ်ပဲ..လိုတဲ့အကူအညီလဲ တစ်ကယ်ကိုပေးတယ်
    သူတို ့ကျတော့ စကားပြောတာ ဆိုတာကအစ ယဉ်ကျေးပျူငှာတယ်..တစ်မိသားစုလုံးလဲ ပညာတတ်တွေချည်းပဲ..
    ပြောရရင် ကောင်ကွက်တွေ များကြီးရှိတယ်ဗျာ
    အဓိကပြောချင်တာကတော့ အဲသလို လူတန်းစားမွတ်စ်တွေ များများရှိစေချင်တာပါ
    ပြီးတော့
    အခု ဆွေးနွေးကြတဲ့အထဲ လူမျိုးနဲ ့မချီပဲ လူတန်းစားနဲ ့ချီပြီးပဲ ဆွေးနွေးကြစေချင်တာပါ..
    လူမျိုးတိုင်းမှာ ကောင်းတဲ့လူတန်းစားရှိသလို မကောင်းတဲ့လူတန်းစားရှိကြတာပဲမို ့ပါဗျာ..

    နာနာဆိုလားဘာဆိုလားပဲ..
    တစ်ကယ်ဆို ဘာမှထကြောင်ပြီး မမုန်းပါနဲ ့ချစ်ပါ….ဘာညာ ထအော်နေစရာမရှိဘူးဗျ
    အဲလိုထလုပ်မှ ပိုအမြင်ကတ်ကြတာလို ့ထင်တယ်လေ..
    ကောင်းတယ်ကောင်းဘူ ထအော်နေမဲ့အစား ကောင်းအောင်နေပြ..ချစ်အောင်နေပြပြီး
    ဒီနိုင်ငံသားတွေကြားမှာ အစွန်းမရောက်ပဲ သင့်တင့်လျှောက်ပတ်အောင်နေပြကြစေချင်ပါတယ်

    ပြန်လိုက်ဦးမယ်.
    ကျလိ..ကျလိ..ကျလိ…

  • ထုံးဘဲဥ

    April 28, 2012 at 3:04 pm

    နှစ်ဆန်းတစ်ရက်နေ့ကို ရေပက်တာက ကျောက်ပန်းတောင်းမြို့ ရှိပါသေးတယ်။
    မွတ်ဆလင်ဗလီ လုံးဝမရှိတဲ့ ချစ်စရာကောင်းတဲ့ မြို့ပေါ့ဗျာ။တစ်မြို့လုံး ဗုဒ္ဓဘာသာဝင်တွေချည်းပဲ။
    မွတ်ဆလင်ဘာလို့မုန်းလဲဆိုရင် ဘင်လာဒင်လိုကောင်မျိုးတွေရှိလို့မုန်းတာ။ အာဖဂန်မှာ ရှိတဲ့ ဗုဒ္ဓဆင်းတုတော်တွေကို ဒင်းတို့က မိုက်ရိုင်းစော်ကား ဖျက်ဆီးခဲ့တာလေ ၊ သေချင်းဆိုးနဲ့သေတာတောင်နည်းသေးတယ်၊ ဒင်းတို့ကိုယ်ဒင်းတို့ စစ်သွေးကြွ ဆိုပြီးထောင်တောင်ထောင်တောင်လုပ်နေတာ တစ်ကောင်မှ ကြည့်မရဘူး။ 👿

  • ချစ်စ/ဆရာ

    April 28, 2012 at 3:12 pm

    မုန်းတာကတော့ မချစ်လို့ဖြစ်မယ်ထင်ပါတယ်နော်
    လေးစားလျှက်
    ချစ်စ/ဆရာ

    • ဗိုက်ကလေး

      April 28, 2012 at 3:50 pm

      မှန်လိုက်လေ အူးလေးရာ..
      မိုက်ခယ်ဂျိုနီအောင်ဘု မလာခင်တော့ ပြောချင်ရာ ပြောထားပေါ့ဗျာ
      😀

  • jujuma

    April 28, 2012 at 4:08 pm

    မှန်လိုက်လေ မေပန်း လေးရယ်….မုန်းတယ်လို့ နာ ကျောဝူးနော် …
    စည်းကမ်း လိုက်နာပါဒယ် …ဟီးးး

  • KoNyeinChan

    April 28, 2012 at 8:45 pm

    (ဗဟုသုတအဖြစ် ရှယ်တာပါ.. တခြားဘာရည်ရွယ်ချက်မှမရှိပါ.. မကြိုက်ရင် ဆက်မဖတ်ပါနဲ ့…)
    ဒီ မလေးရှားမှာ အနေကြာလာတော့ အပေါင်းအသင်းတွေထဲမှာ မြန်မာမွတ်စလင်ရော ဒေသခံမွတ်စလင်ရော တခြားနိုင်ငံက မွတ်စလင်တွေနဲ ့ရော ခင်မင်ဖြစ်ပါတယ်.. အရင် မြန်မာပြည်မှာ မသိခဲ့ရတာတွေကိုလည်း သိလာခဲ့ရပါတယ်.. ပွင့်ပွင့်လင်းလင်း ပြောကြစတမ်းဆို ဒီ မလေးရှားမလာခင်ထင်ထားတာက ကုလားတိုင်းပြည်ဆိုတော့ (ကျနော်တို ့မြန်မာတွေသတ်မှတ်ထားတာက အသားမည်းရင်ကုလား၊ မွတ်စလင်ဆို ကုလားလို ့အသေမှတ်ထားကြတာ) မုတ်ဆိတ်မွေး ပါးသိုင်းမွေးတွေနဲ ့အသားမည်းမည်း ခေါ်တောကုလား(မြန်မာအဆို) တွေ ရှိတဲ့တိုင်းပြည်ပေါ့.. (ဒီရောက်မှသိတယ်.. ဟိန္ဒူတွေကိုတောင်ကုလားခေါ်ခဲ့တာ.. အမှန်က “ကလယ်” -မလေးလို Keling ကယ်လိင်- မလေးရောက်မြန်မာဗန်းစကား “မကျည်းသီး”) တကယ့်တကယ်တော့ မလေးလူမျိုးတွေ မြန်မာပြည်လာလို ့ပြည်သူတွေထဲ ရောနေရင်တောင် ကိုယ့်မြန်မာလူမျိုးဘဲလို ့ထင်လောက်တယ်.. ဒီမှာအလုပ်လုပ်နေကြတဲ့တချို ့ မြန်မာ ဗုဒ္ဓဘာသာဝင်တွေဆိုရင်တောင် ကိုယ်ကတောင် မလေးလူမျိုးလို ့ထင်ရတယ်.. အင်ဒိုနီးရှား၊ ယိုးဒယား၊ မလေးရှား၊ ကမ္ဘောဒီးယား၊ လာအို ့စ် နဲ ့မြန်မာတို ့ရဲ ့အသားအရောင်ဟာ သိပ်မကွဲပါဘူး.. တခြား အီရန်၊ အီရတ်၊ အာရဗ်တွေဆိုလည်း မုတ်ဆိတ်မွေးထားပေမယ့် အသားအရမ်းဖြူတယ်.. Tajikistan တွေဆို တရုတ်အတိုင်းအသားအရမ်းဖြူတာ.. သိရသလောက် အဲ့ ……stan နိုင်ငံတွေမှာ အများစုက မွတ်စလင်တွေပါ.. မွတ်စလင်ဘာသာအကြောင်းတချို ့သိရတာက သမ္မာကျမ်းအဆိုအရ တခြားဘာသာဝင်တွေနဲ ့ထမင်းပန်းကန်၊ခွက်ယောက် အတူတူသုံးစွဲခွင့်မပြုထားပါဘူး.. ရ ကြိမ်တိုင်တိုင်ဆေးတာတောင် မပြောင်ဘူးလို ့ဆိုထားပါတယ်.. ဒါကိုတချို ့တချို ့သော အစွန်းရောက်တွေက ကျနော်တို ့ရေဗူးထဲကရေကိုတောင် မသောက်ပါဘူး.. အများစု သူငယ်ချင်းမွတ်စလင်တွေကတော့ ကျနော်တို ့နဲ ့အတူတူ တရုတ်ဆိုင်မှာ ဝင်စားကြပါတယ်(ဝက်သားတော့မစားပါ).. တခါက ကျနော်ကြီးကြပ်ရတဲ့အလုပ်မှာ မလေးမိန်းကလေးတစ်ယောက်နဲ ့လက်ချင်းမတော်တဆထိမိတာကို အထပ်ထပ်အခါခါသူ ့လက်နဲ ့ပြန်ပွတ်တော့ ကျနော့်အနေနဲ( ဒေါသစိတ်ထိန်းပြီး မေးကြည့်လိုက်တာ) ဘာကြောင့်ဒီလိုပွတ်ရတာလဲဆိုတော့ သူတို ့ရဲ ့ကျမ်းစာမှာ ဘာသာခြားတွေနဲ ့အသားချင်းထိမိရင်တောင် အပြစ်ဖြစ်တယ်တဲ့.. ကျနော်က မတော်တဆအနေနဲ ့အသားချင်းထိမိတဲ့အကြောင်း.. သိပ်အစွန်းရောက်လွန်းရင် လူနဲ ့လူ ့ပတ်ဝန်းကျင်မှာ အဆင်မပြေဖြစ်နိုင်ကြောင်းနားဝင်အောင် ရှင်းပြခဲ့ပါတယ်.. လူတစ်ဦးတစ်ယောက်က အမှားလုပ်မိရင် ဘယ်သူလဲမမေးဘဲ ဘာလူမျိုး ဘာ ဘာသာဝင်ဆိုပြီး(ဝါးလုံးရှည်နဲ ့) ရမ်းကြပါတယ်.. မဖြစ်သင့်ပါဘူး.. ဘယ်လူမျိုး ဘယ်ဘာသာဝင် ဘယ်နိုင်ငံသားမှ စင်းလုံးချောမရှိပါဘူး.. မြန်မာပြည်မှာ လူကောင်းရှိသလို လူဆိုးလည်းရှိတာဘဲ.. တခြားတိုင်းပြည်တွေမှာလည်းထို ့အတူပါဘဲ.. ဒီမလေးမှာ နိုင်ငံခြားအလုပ်သမားတစ်ယောက်အမှုဖြစ်ရင် ဒေသခံတွေက (Orang asing cari masalah- နိုင်ငံခြားသားတွေ ပြဿနာရှာတယ်) လို ့ဆိုရင် ကျနော်အရမ်းခံရခက်တာ.. အဲ့တော့ကျနော်ဆိုလိုချင်တာက ဘယ်သူအမှားအယွင်းလုပ်လုပ် ဖြစ်နိုင်ရင် နာမည်တပ်ပြီးတော့ဘဲ ပြောစေချင်ပါတယ်.. ဘယ်လူမျိုး ဘယ်ဘာသာဝင်ရယ်လို ့သိမ်းကြုံးမပြောသင့်ပါ.. ဘာသာတရားတိုင်းကောင်းပါတယ်.. မကောင်းတာ လူ ပါ.. (ဘာသာတရားတစ်ခု မကောင်းရင် ကမ္ဘာပေါ်က ဦးနှောက်ရှိတဲ့သက်ရှိလူသားတွေ မယုံကြည် မကိုးကွယ်ပါ.. ဒီကမ္ဘာကြီးဟာ တိုင်းပြည်တစ်ခုတည်း လူမျိုးတစ်ခုတည်း ဘာသာတစ်ခုတည်းနဲ ့တည်ရှိနေခြင်းမဟုတ်ပါ..).. လူမျိုးစွဲ ဘာသာစွဲ တိုင်းပြည်စွဲ အတ္တစွဲတွေလျှော့ကြပါ.. တခြားသူရဲ ့အပြစ်ကို မကြည့်ဘဲ ကိုယ်ကိုယ်တိုင်ရောဘယ်လောက်ကောင်းနေလို ့လဲ.. ဘယ်လောက်မြင့်မြတ်နေသလဲလို ့လဲ ကိုယ့်ကိုယ်ကို ပြန်ဆင်ခြင်သုံးသပ်ကြည့်ကြပါ.. လူသားအားလုံးကိုလေးစားပါတယ်(ဦးကျော်ဟိန်းစကား 😀 😀 :D…)

  • windtalker

    April 28, 2012 at 9:06 pm

    မေလေးရဲ ့ပို ့စ် ကလ ဲ ဖတ်လို ့ကောင်းပါတယ် ။ ကွန်မင့်တွေ က လဲ ဖတ်လို ့ကောင်းပါတယ် ။ ဝင်ဆွေးနွေးဖို ့ပျင်းလို ့ဖတ်ပြီး လစ်သွားပါပြီ ။ ဟဲ့လန်ချားပေါက်ဖော် .. ဆွဲဟ… ပတပ်တပ်(လန်ချားမြည်သံ)

  • လူ ဟား

    April 28, 2012 at 9:31 pm

    မြန်မာမူစလင်တွေမှာ .. အစွန်းရောက်တယ်ဆိုတာ ပညာတတ်မတတ်နဲ့လည်း ဆိုင်မယ်ထင်တာပဲ.. မြန်မာမူစလင်တွေကိုပဲ ပြောတာနော်.. လူဟားမှာလည်း အစ္စလာမ် သူငယ်ချင်းတွေ အများကြီးရှိပါတယ်။ လူဟားသတိထားမိတာလေးပြောတာပါ။ ဟိုနိုင်ငံတွေကလို ကိုယ့်အသက်စွန့်ပြီး သူများအသက်ပေါင်းများစွာ သတ်တဲ့မူစလင်တွေကိုတော့ လူဟားလည်း နားမလည်နိုင်ဘူး။

  • kotun winlatt

    April 28, 2012 at 9:54 pm

    ကျနော်စာအုပ်တစ်အုပ်မှာ ဖတ်ဘူးတယ်ဗျ…
    အလယ်အလတ်လမ်းစဉ်လိုက်တဲ့ အစ္စလာမ်ဘာသာဝင်တွေ
    များလာရင် ကမ္ဘကြီးငြိမ်းချမ်းမယ်လို့….

  • Patriotic Burma

    April 28, 2012 at 11:41 pm

    I agree with that proposal that is ဒါကြောင့်ကျွှန်မပြောချင်တာက နာနာ(သံတွဲ) ရေ ဘာကြောင့်မုန်းနေတာလဲ ဆိုတဲ့အဖြေကတော့ရှင်းရှင်းလေးပါပဲ။ ဖြစ်နိုင်ရင် နာနာ(သံတွဲ) ပြောသလို ကိုယ့်မျက်ချေးကိုယ်မြင်အောင်ပြန်ကြည့်ပြီး ပြင်သင့်တာပြင်လို့မြန်မာပြည်မှာနေတဲ့တိုင်းရင်းသားအားလုံး ဘာသာအားလုံးချစ်ခင် စည်းလုံးလာမဲ့နေ့ကို
    မျှော်နေပါတယ်ရှင်။.
    I think Many people(not only Myanmar)despise Muslim people as they killed many innocent people without any reasons like Bin Lah Din.And i really hope all people living in our country with different religions should all be united and find out who is making us fight.

  • aungmyintmyat

    April 29, 2012 at 4:25 pm

    ရွာသူအသစ်လေးဆိုတော့ ကြိုဆိုပါတယ်ကွယ်။ အားပေးသွားတယ်နော်။ ဟီး ဟီး

  • htet way

    April 29, 2012 at 5:58 pm

    ကဲ ရွာသူအသစ်လေးရေ
    ရွာဆေးဆရာ ဆရာထက်ပါ
    ရေတောင်းသောက်တာ မတိုက်တဲ့ မွတ်စလင် ကို မွတ်စလင် မခေါ်ထိုက်ပါဘူး
    မွတ်စလင် မှာက
    ယူဖရေးတီးမြစ်ဝှမ်းမှာ ခွေးတစ်ကောင် အစာငတ်လို့ သေရင် အိုမာရ်တာဝန်ရှိတယ်လို့
    အစ္စလာမ်ခေါင်းဆောင် ဒုတိယ မြောက်သမ္မတကဟို နှစ်ပေါင်း၁၄၄ဝခန့်လောက်က
    ပြောခဲ့ပါတယ်။
    အလုပ်မရှိတဲ့ လူကို အလုပ်ပေးမယ် ၊အိမ်မရှိတဲ့ လူကို အိမ်ပေးမယ်။ဆင်းရဲသားကို အစာဝေငှပေးမယ်
    လမ်းမှာတွေ့တဲ့ ဆူးတစ်ချောင်းကို မဖယ်ခဲ့ရင် တာဝန်မဲ့ တဲ့ သူဖြစ်မယ် လို့
    အရှေ့အရပ် မှာလူတစ်ယောက် မတရားအသတ်ခံရရင် အနောက်အရပ်က လူတစ်ယောက်က
    ထောက်ခံခဲ့ရင် ထောက်ခံတဲ့ လူကလည်း လူသတ်မှုကျူးလွန်တဲ့ သူအဖြစ် အပြစ် ခံရမယ်လို့
    ဘာသာရဲ့ အလင်းပြ ပုဂ္ဂိုလ်က ဆိုပါတယ်။
    ကဲ ဆရာမလေးရေ
    အို စမာဘင်လာဒင် ဟာ လူသတ်တယ် အကြောင်းမဲ့ သက်သက်သတ်တဲ့ အတွက် သူဟာ ဘာသာရဲ့ ပြင်ပမှာရှိတယ်။စေတီတွေဖျက်တဲ့ အတွက် အစ္စလာမ်က ထိန်းသိမ်းခိုင်းထားတာကို မလိုက်နာဘူး
    ဒါကြောင့် ဘာသာဝင်နာမည်ခံပဲ ဖြစ်တယ်။နောက် အများစု မကျေနပ်တဲ့ ဘာသာထဲ သွပ်သွင်းတဲ့ ကိစ္စ
    ကိုလုပ်တဲ့ လူဟာ အစ္စလာမ် ဥပဒေမှာမရှိတဲ့ အတွက် ဒီလူဟာလည်း အစ္စလာမ် အမည်ခံသာဖြစ်ပါတယ်။
    ဆရာမလေးရေ မွတ်စလင် မပီသတဲ့ မငြိမ်းချမ်းတဲ့ လူတွေအကြောင်း ထုတ်ဖေါ်ရေးသားတာ
    သဘောကျပါတယ်။ငြိမ်းချမ်းသော မွတ်စလင်တွေလည်းရှိပါတယ်။မွတ်စလင် အမည်ခံတွေကြောင့်
    တကယ် ့ကိုးကွယ်ရာ ဘာသာတာခြားပြီး လူမျိုးအနေနဲ့ မခြားနာတဲ့ စစ်မှန်တဲ့ နိုင်ငံချစ်စိတ်ရှိတဲ့
    မြန်မာမွတ်စလင်တွေ နစ်နာပါတယ်။
    နာနာ(သံတွဲ )ရေးပြတာ က စည်းရုံးစေချင်တယ် ညီညွတ်စေချင်တယ်ဆိုတဲ့ သဘောပါ။
    သူကြီးကလည်း ခွင့်ပြုထားတယ်၊ရွာရဲ့ ရပ်မိရပ်ဖတွေကလည်း ဘာမှဝင်မပြောလေတော့ ရွာဆေးဆရာကပဲ
    နာနာသံတွဲရဲ့ ပို့စ်ကို မဆွေးနွေးကြဖို့ ေမေတ္တာရပ်ခံလိုက်ပါတယ်။အချင်းချင်း မညီညွတ်ကြတာ ဟာ မကောင်းပါဘူး။နာနာ (သံတွဲ) ရဲ့ လေသံ က နည်းနည်းလေး ဘဝင်မကျစရာဖြစ်နေမှာပါ။
    ကျုပ်ကပဲ မေတ္တာရပ်ခံလိုက်ပါတယ်။
    ဘာသာပေါင်းစုံချစ်ကြည်မှ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးသို့ လှမ်းကြပါစို့ လို့။

  • ဆရာထက်ခင်များ. ဆရာ့အဖိုးတန် ကွန်မန် ့လေးက ကျနော်နဲ ့သဘောထားတိုက်ဆိုင်ပါတယ်။
    လေးစားပါတယ် ဆရာထက်ရေ။

  • Onyx

    April 29, 2012 at 6:48 pm

    တင်ထားတဲ့ ပိုစ်ကို ဖတ်င်္ပြး ထောက်ခံ သွားပါဒလယ် နော်။ ရွာသူ အသစ်ပေမဲ့ အရေးသားကောင်းပါတယ် အးပေးနေမယ်နော်။

Leave a Reply