နေဝန်းနီ….ပါဆယ်ဆွဲတယ်-၇

naywoon niApril 28, 20121min906

တီဗွီကြည့်နေရင်းနဲ့ ဆီးသွားချင်လာလို့ ထပြေးရတယ်…။ အိုး…… နာလာပြန်ပြီ…။အောင့်တာအရမ်း… ဟင်းးးး ဆီးသွားပြီးတော့ ဆေးယူသောက်ကြည့်လိုက်တယ်…။ ဆေးဖြူဖြူအမှုန့်လေးတွေ ဇွန်းနဲ့ ခပ်ကော်ပြီးလက်ဖဝါးပေါ်တင် ဆေးကနှစ်မျိုးဆိုတော့နှစ်ဇွန်း ပါးစက်ထဲပက်ထည့်လိုက်…။ ဟိုက်………… အတော်ခါးတဲ့ဆေး…။ အဟုတ်..။ ဗမာဆေးထဲမှာ ချိုတဲ့ဆေးမတွေ့ဖူးသေး…။ စောစောက သကြားနဲ့ လ္ဘက်ခြောက်ရေစိမ်ထားတာ ယူမော့ချလိုက်တယ်…။ သူ့ကျတော့ ဖန်ချိုချိုလေး…။ သကြားတွေ စွတ်ထည့်ထားတာကိုး….။ ပြီးတော့ ရေပြန်စွက်ထားလိုက်ရသေးတယ်….။ နောက်တစ်ခါပြန်သောက်ရင် အဆင်သင့် ဖြစ်အောင်လို့လေ…။ ဆေးက တစ်နာရီ ကြားတစ်ခါသောက်ရမယ်ဆိုတော့……….။ ဆေးခါးတာလေးသက်သာအောင် သကြားတစ်ဇွန်းလောက်ထပ်ထည့်ပြီးမွှေထားလိုက်တယ်လေ….။ မှတ်ကရော…….။ ဆေးသောက်ပြီး သိပ်မကြာပြန်ဘူး…။ ထပ်ပြီးဆီးသွားချင်ပြန်ပြီ…။ ဆီးသွားချင်ရင်အောင့်ထားလို့မရဘူး…။ ချက်ချင်းသွားရမှ….။ အောင့်နေတဲ့နေရာရဲ့ အထက်နားမှာ ဆီးကျလာတာ ခံစားမိပြီး ယားလာသလို မနေနိုင်ဘူး…။ ဒီတစ်ခါ ဗိုက်ထဲကပါ သရိုးသရီ ဖြစ်လာတယ်…။ အိမ်သာတက်ရမှာကြောက်ပါတယ်ဆိုကာမှ… ။ ကဲပါလေ…။ ခဏတော့အနာခံလိုက်မှပေါ့ …။ အိမ်သာတက်ရင် ဆီးအလိုအလျှောက်သွားလိုက်တော့ ကိုယ်တွင်းရှိတဲ့ဆီးပေါ့တာပေါ့…။ ဒီလိုပဲတွေးရမှာပဲလေ….။ နာရီ ကြည့်လိုက်တော့ ရှစ်နာရီခွဲပြီးပြီ….။ ဘာပဲဖြစ်ဖြစ် အိမ်သာကပြန်ဆင်းလာရင် ဆေးထပ်သောက်ရဦးမယ်…။ နာပေမဲ့ မညည်းမိအောင်နေတယ်…။ ညည်းမဲ့အစား ပါးစပ်ကနေ အသက်ရှုထုတ်လုပ်တော့ နည်းနည်းသက်သာသလိုပဲ…။ စိတ်ပြောင်းသွားလို့ဖြစ်မှာပါ…။ အဲဒိလိုလုပ်တော့ မောလာတာပေါ့…။ အင်းမောတော့လည်းအိပ်ပျော်သွားမှာပါလေ……….။ နာလိုက် နာတာကိုသက်သာမလားညှစ်လိုက်နဲ့ လူကိုအတော်မောလာတယ်…။ ညှစ်ရင်းညှစ်ရင်းနဲ့ လိပ်ခေါင်းတောင်ထွက်လာသလားမသိဘူး…။ အဲဒိလောက်ကိုညှစ်ပစ်တာ……။ လူတော်တော် ဟိုက်လာမှ အားယူပြီး အိမ်သာပေါ်ကဆင်းလာရတယ်…။ ဆီးကလုံးဝ မသွားတာမဟုတ်သေးဘူး…။ ညှစ်သလောက်တော့ထွက်နေတာပဲ…။ ထိပ်က ဆို့ပြီးအောင့်လို့ နာနေတာ ဒီတစ်ခါ တော်တော်နဲ့ မပျောက်သွားဘူး….။ ပူပြိးအောင့်စူးစူး ကြီး နေရထိုင်ရမကောင်းဘူး…။ ဒါနဲ့ ဆေးသောက်ပြီး အိပ်ယာပေါ်ပဲပြန်ခွေနေမိတယ်….။ ခွေအိပ်နေတာ ညောင်းလာတာနဲ့ ပက်လက်ဆန့်လိုက်တယ်…။ နောက်ကျောဘက်က တင်းကနဲ ဖြစ်သွားတယ်…။ အား…… သွားပြီ ..။ဆန့်လိုက်တာတော်တော် နာသွားတာ…။ အဲဒါနဲ့ ထိုက်တော့ တော်တော်နဲ့ပြန်ထလို့ကို မရဘူး…။ အင်း.. တစ်ကျွတ်ကျွတ် အသံရှည် မြည်ပြီးမှ ငုတ်တုတ် ထို်င်မိတယ်………။ ဆီးသွားချင်တာကလည်း ခဏ ခဏ….။ မီးပိတ်လိုက်ဖွင့်လိုက်နဲ့ အလုပ်ရှုပ်နေလို့ မီးလုံးကိုပြန်မြှင့်ထားပြီး မပိတ်ပဲထားလိုက်တော့တယ်…။ ဆီးထသွားလိုက် ရေသောက်လိုက် …တစ်နာရီတစ်ခါ ဆေးသောက်လိုက် နဲ့….။ အောင့်တဲ့နေရာက ဆီးသွားပြီးရင် ပျောက်မသွားတော့ဘူး…။ ပထမ မျှင်းမျှှင်းလေး နဲ့ တင်းပြီးနာနေရာက အချိန်ပြည့် ဆီးသွားစဉ်က လိုပဲ အောင့်ပြီးနာလာတယ်…။ ဝမ်းညှိဆေး( မုတ်ကဲဆေး) ဆိုတာသောက်ထားလို့ ဝမ်းကလည်း ခဏ ခဏ သွားချင်လာသလိုရစ်သီ ရစ်သီနဲ့ …။ တစ်ကယ်တန်းကျတော့ မသွားဘူး…။ အဲဒိတော့ ဆီးသွားချင်တိုင်း ဝမ်းသွားမလားလို့ ပြီးတော့ ဆီးညှစ်လို့ ပိုကောင်းမယ်ထင်တဲ့ အိမ်သာပေါ်ပဲ တက်ထိုင်ပြီး ညှစ်နေမိတယ်…။ ထွက်ပြီလားမသိဘူး..။ လိပ်ခေါင်းက ….။ သန့်ရှင်းရေးလုပ်ရင် လက်နဲ့ဖိပြီးမှပြန်သွင်းယူရတယ်…။ အောင့်တာက မခံနိုင်အောင်ဖြစ်လာတော့ တစ်ယောက်ယောက်ကများ လာပြီး မင်းဥစ္စာက ဒီလောက်နာနေ အောင့်နေရင် အဲဒိနေရာကိုဖြတ်ပစ်လိုက်ကွာလို့များလာပြောရင် ……..ရော့အင့် ဖြတ်ကွာ ဒီလောက်နာနေတာ မခံစားနိုင်တော့ဘူးလို့များပြန်ပြောမိမလားမသိဘူး…။ တော်တော်ဆိုးတာ…။ သူများတွေ အော်နေရတာတဲ့…။ ဟင့်အင်း ငါကတော့ မအော်ဘူး…။ အောင့်ထား ….နာချင်သလောက်နာစမ်း…။ ဆီးများများ ထွက်ဖို့ ညှစ်ဦးမှာပဲ…။ လိပ်ခေါင်းမကလို့ လိပ်တစ်ကောင်းလုံးပဲ ထွက်ထွက် …။ မတတ်နိူင်ဘူး…။ မနက်ဆေးခန်းသွားရမယ်…။ မိုးလင်းသွားဖို့လိုတယ်…။ မျက်စေ့က အိပ်ချင်နေတယ်..။ ဆယ့်နျစ်နာရီခွဲပြီ…။ ကျောဆန့်လို့မရတာနဲ့ ပက်လက် လှန်အိပ်လို့ မရဘူး…။ စောင်းအိပ်ရင်ကော……….။ မရဘူး…။ အိပ်ယာပေါ်ကိုလှဲသိပ်ချလို့မရအောင် နောက်ကျောတွေက အောင်နေ နာနေတာ…။ ဘယ်လိုအိပ်ရပါ့…။ ကုတင်အနားကို ကုလားထိုင်ရှေ့လိုက်တယ်..။ နောက်မှီကို ကိုယ်ဘက်ကထား…။ စောင်ခု အဲဒိပေါ်မှေးအိပ်ကြည့်တယ်…။ အင်း အဲဒိလိုတော့ အိပ်လို့ရမယ်…။ ကျင်ချောင်းက တစ်ချိန်လုံးအောင်နေတာက ဘယ်လိုမှ အိပ်ပျော်နိုင်ဘွယ်မရှိ…။ ညဥိးပိုင်းက ဒီလောက်မဆိုးပါဘူး…။ တစ်နာရီထက် တစ်နာရီ ပိုဆိုးလာတာ …..။ ဆေးခန်းတွေကလည်း ဒီအချိန်သွားလို့ ဖွင့်ပေးမှာမဟုတ်….။ ဆီးထွက်သလောက်လေးညှစ်ပြီးအောင့်ခံထားလိုက်ဦး…။ ဆီးလုံးဝ မထွက်တော့တာမှမဟုတ်တာ…။ ညှစ်နိုင်ရင် အတော်အတန်တော့ထွက်သေးတယ်…။ ဒီလိုနဲ့ ဆေးသောက်လိုက် အနာခံညှစ်လိုက်…နဲ့ အချိန်တွေကုန်ကုန်လာတယ်…။ အိမ်သာခွက်ပေါ်မှာ ထိုင်ရက်ညှစ်ရတာက နာသာနာတယ်…ညှစ်ရတာအားပါတယ်…. ဆီးလည်းပိုသွားတယ်လို့ထင်တာနဲ့ အိမ်သာခွက်ပေါ်ချည့်သွားထိုင်တယ်…။ အဲဒိတော့ ကျွန်တော်နေဝန်းနီ ဆီးလည်းထွက်ပါတယ် လိပ်ခေါင်းလည်းထွက်ပါတယ်…။ နားတာလည်း အရမ်းပါပဲ…။ မနက်လင်းခါနီးတော့ နည်းလမ်းတစ်ခုသွားတွေ့တယ်…။ တင်ပါးအောက်က လိပ်ခေါင်းထွက်တဲ့နေရာကို စောင်ခေါက်လေးခုပြီးထိုင်ရင် ကျင်ချောင်းက တစ်ချိန်လုံး အောင့်နေ တင်းနေ နာေနေတာ သက်သာသွားပါတယ်…။ အဲဒိလိုနည်းနဲ့ ထိုင်ပြီး ကုတင်ပေါ်ကနေ ကုလားထိုင် နောက်မှီလေးကို ခေါင်းတင်ြပြီး တစ်ရေးရအောင် အိပ်ပစ်လိုက်တယ်…။ မနက် ခြောက်နာရီလောက်မှာမှ အိမ်ရှေ့ ကတ္တရာလမ်းမလေးပေါ်ကိုတစ်ဒုံးဒုံး တစ်ဒိုင်းဒိုင်းနဲ့ လှည်းမောင်ငးသွားသွကြားမှ အိပ်မက်မက်နေရာကနေ လန့်နိုးလာတယ်..။ အိပ်မက်ထဲမှာ ဟို …..မင်းသမီးလေးနဲ့တောင်တွေ့လို့………။ အိပ်ယာကလန့်နိုးလို့ ထရပ်လိုက်တာနဲ့ စောင်ခေါက်နဲ့ ကိုလိပ်ခေါင်းကလည်းလွတ်သွားရော…………. အား……အို့အို့ …။ ရှေ့ ကျင်ချောင်းဆီက နာလိုက်သကောဆို…။ မျက်ရည်တောင်ထွက်ကျရတယ်…။ စောစောက ဘာလို့ မနာတာလဲဟင်………..။

6 comments

  • ဦးဦးပါလေရာ

    April 29, 2012 at 12:07 am

    ကိုယ်တွေ့ရေးတာဆိုတော့ အသက်ပါလိုက်တာ…။
    ဖတ်ရင်းနဲ့ ကိုယ်ပါရောပြီး ရှုံ့မဲ့လာတယ်။
    နောက်အပိုင်းတွေမှာ အဲဒါမျိုးမဖြစ်အောင် ကာကွယ်နည်းလေးပါ ထည့်ရေးပါဗျို့….။

  • kotun winlatt

    April 29, 2012 at 12:43 am

    အဟင့်….
    တော်တော်ဆိုးတဲ့လူဂျီးးးးးး
    အဟစ်..ဟစ်….
    တော်တော် အညစ်သန်တယ်ထင်ပါ့….

  • windtalker

    April 29, 2012 at 10:54 am

    အရှေ ့ကကြည့်လဲ နာတယ် ။ အနောက်ကကြည့်လဲ နာတယ် ။ ခင်မောင်… ခင်မောင် …

  • water-melon

    April 29, 2012 at 12:51 pm

    ခင်မောင်က ကျောက်ဝိုင်းမှာလေ
    သိဘူးလား
    ကိုနေ
    ရေစုပ်စက်နဲ့စုပ်ကြည့်ပါလား
    ဒါမှမဟုတ်
    အိမ်သာထသွားရတာပျင်းရင်
    ပိုက်တပ်ထား
    ဟီးးး စတာ ခင်တဲ့ဖရဲမ

  • ဗိုက်ကလေး

    April 29, 2012 at 2:28 pm

    အူးလေးကလဲ
    လုပ်ပြန်ပြီဗျာ..
    ကျနော့်မှာ..ဆီးထဲက တစ်ခုခုထွက်နိုး ထွက်နိုးနဲ ့ စောင့်ဖတ်လာတာ
    အခုတော့
    ဘာမှမထွက်တဲ့အပြင် လိပ်ခေါင်းပါ အစစ်ထွက်လာသေးတယ်….
    အူးလေး ရေလည်နောက်ဒယ်ဗျာ..
    လုပ်..လုပ်..
    မြန်မြန်ထွက်အောင်..အဲ..အဲ..လိပ်ခေါင်းမပါ

  • Onyx

    April 29, 2012 at 6:32 pm

    ဝုတ်ပါ့ ဝုတ်ပါ့ ဖတ်ရင်းလူပါ ရောဂါ ကူးလာသလိုပဲ ။ ကို ဗိုက်ပြောသလိုပဲ မြန်မြန်ထွက်အောင် လုပ်လိုက်

Leave a Reply