မယုံရင်လည်း ပုံပြင်လို့တော့မမှတ်ပါနဲ့-၂
ကျွှန်မတို့အမေကြီးအိမ်နဲ့ အင်းကြီးနဲ့ကြားမှာ ငှက်ပျောပင်တောလေးရှိပါတယ်။ နောက်အဲဒီငှက်ပျောပင်အုပ်လေးကိုကျော်သွားရင်ဝါးရုံပင်တွေပတ်လည်ဝိုင်းနေတဲ့ အင်းကြီးကိုရောက်ပါတယ်။ နယ်ရွာလေးဆိုတော့ တစ်အိမ်နဲ့တစ်အိမ်က တော်တော်လေးလှမ်းကြပါတယ်။ အမေကြီးတို့အိမ်ကကြည့်ရင်လဲ အဲဒီအင်းကို ငှက်ပျောပင်တွေ ဝါးရုံပင်တွေကြောင့် မမြင်နိုင်ပါဘူး။ ကျွှန်မတို့တစ်တွေအတွက်က
တော့ အဲဒီအင်းကြီးဟာပျော်စရာ ကစားကွင်းကြီးပါပဲ။ ဒါပေမဲ့ အင်းကြီးအော်သံကြားပြီဆိုရင်တော ့ လူကြီးတွေကအဲဒီနားကိုပေးမသွားတော့ပါဘူး။
အင်းကြီးကလဲ ညဘက်တွေမှသာအော်တာပါတဲ့။ တစ်နေကုန် တစ်နေခမ်း ပြောင်းဆန်အောင်ဆော့ကြတဲ့ ကျွှန်မတို့ကတော့တစ်ခါမှ မကြားခဲ့မိတာအမှန်ပါ။ ဒါပေမဲ့ မနက်ဘက်ရောက်လို့ လူကြီးတွေအချင်းချင်း ဟဲ့…ညကအင်းအော်သံကြား
တယ်နော် ကလေးတွေဂရုစိုက်ဦးလို့ အသိပေးပြောနေတာကြားရလို့ အမေကြီးကို
မေးကြည့်ဘူးပါတယ်။ အမေကြီးကအင်းအော်တယ်ဆိုတာ ရေတံခွန်ကရေတွေကျသံနဲ့
တူတယ်တဲ့ ညဘက်အင်းဘက်က ရေတံခွန်က ရေကျသံလို..တစ်ဝေါဝေါ မြည်သံကြားရင် ဒါအင်းအော်သံပါပဲတဲ့။ နောက်ပြီးအဲဒီအင်းကြီးရဲ့ အောက်မှာကျောက်ဖြာကြီးရှိတယ် အဲဒီကျောက်ဖျာမှာ မောင်နှမနှစ်ယောက်
စောင့်တဲ့ဥစ္စာစောင့်သိုက်လည်းရှိတယ်လို့ပြောပါတယ်။ ကျွှန်မက အမေကြီုးက သိုက်ရှိတယ်သာပြောတာ အမေကြီး…….မြင်ဘူးလို့လားလို့မေးကြည့်ပါတယ်။ ဒီတော့ အမေကြီးက “ဒီကောင်မလေး…ဘာတွေလာမေးနေတာလဲ .…ကစားမှာသွားကစားစမ်း ဆိုပြီး” အဖြေခက်တဲ့မေးခွန်းတွေမေးရင် ဆူဟောက်ပြီး စကားဖြတ်တတ်တဲ့ မြန်မာလူမျိုးလူကြီးမိဘတစ်ချို့သုံးတတ်တဲ့ဗျူဟာကိုသုံးကာ ကျွှန်မကိုနှင်ထုပ်ပါတယ်။ အမေကြီးပြောပြတဲ့ အင်းအော်သံအကြောင်းကို ပြန်ရေးပြတာပါ။ ကျွှန်မလဲ ကိုယ်တိုင်ကိုယ်ကျ တစ်ခါမှမကြားခဲ့ဘူးတာ ဝန်ခံပါရစေ။ ဒါပေမဲ့ ခုလိုခေတ်
မှာ ဘယ်သူမှလဲ ယုံကြည်ကြမှာမဟုတ်သလို ယုံလဲမယုံနိုင်တဲ့ အဖြစ်ကတိုက်ဆိုင်မှု
လား တကယ်လားမသိအောင် အံ့ဩစရာတစ်ကယ်ဖြစ်လာပါတယ်။ နောက် ၂ ရက်
လောက်နေတော့ ရွာထဲကအရက်သမားတစ်ယောက်တကယ်ပဲ အင်းစပ်မှာသေနေ
တာကိုတွေကြတာပါပဲ။ ရွာရဲ့ထုံးစံတိုင်းရွာလုံးကျွှတ်နီးပါး အဲဒီသူရဲ့အလောင်းကိုသွားကြည့်ကြပါတယ်။ ကျွှန်မတို့က ကလေးတွေဆိုတော့ လူကြီးတွေကပေးမသွားကြပါဘူး ဒါပေမဲ့ သွားကြည့်သူများရဲ့ပြောစကားအရ သေသူရဲ့ကိုယ်လုံးမှာမျှော့တွေ တွေ့တယ်တဲ့။ အဲဒီနောက်မှာတော့ ကျွှန်မတို့တွေလဲ
လွတ်လွတ်လပ်လပ်ပြန်ကဲလို့ ရကြပါတယ်။
တစ်နေ့ ကျွှန်မအဒေါ်တွေက အင်းထဲမှာရွှံ့သွားကုပ်မယ်လို့ အဖော်စပ်တာနဲ့ ကျွှန်မ
တို့မောင်နှမ ၃ ယောက်ရယ် ကျွှန်မအဒေါ် ၂ယောက်ရယ် ညနေစောင်းလောက်မှာ
အင်းစပ်ကို လူကြီးတွေမသိခင် လစ်ကြပါတယ်။ လွတ်လပ်စွာဆော့ခွင့် ပြန်ရပေမဲ့ လူ
သေထားတာမကြာသေးတဲ့ အင်းဘက်ကိုတော့မသွားဖို့ ပိတ်ပင်ခံထားရပါသေးတယ်။
အမေကြီးရဲ့ သားသမီးတွေထဲမှာကျွှန်မအမေက အကြီးဆုံးပါ။ အမေကြီးမှာက ကလေး
၆ ယောက်တောင်ရှိတာမို့ အကြီးဆုံးနဲ့ အငယ်တွေကတော်တော်အသက်ကွာပါတယ်
ဒါကြောင့် သမီးအကြီးဆုံးရဲ့သမီးဦးကျွှန်မက အဒေါ်ငယ် ၂ ယောက်နဲ့အသက် သိပ်မ
ကွာလှပါဘူး။ အငယ်ဆုံးအဒေါ်နဲ့က ၃ နှစ်သာကွာပြီး နို့ညှာအဒေါ်နဲ့က ၅ နှစ်
လောက်သာကွာတာမို့ အဒေါ်တွေကို အဒေါ်လို့တောင်မခေါ်ပါဘူး။ နံမည်မှာ” မ”တပ်
ခေါ်ပြီး တစ်ခါတစ်ခါ တူတူဆော့ကြရင်း ငြင်းကြခုန်ကြ ရန်ဖြစ်ကြနဲ့ တူဝရီးတွေနဲ့မတူ
ပဲ မောင်နှမတွေ နဲ့တောင်ပိုတူပါသေးတယ်။ ကျွှန်မတို့လိုချင်တဲ့ လောက်စာလုံးလုံး
ရွှံ့ရုပ်လုပ်လုပ် ကစားနည်းစုံအောင်ဆော့လို့ရတဲ့ ရွှံ့ရှိတဲ့ တောင်ပို့လေးတွေက အဲဒီအင်းကြီးနားမှာမှ ပေါတာပါ။ ဒါကြောင့် အဒေါ်တွေက အဖော်စပ်တာပါ။ ခါတိုင်း
ဆိုရင်တော့ အဒေါ် ၂ ယောက်က သူတို့ဘာသာပဲ သွားကြပါတယ်။ ရွှံ့တွေရလို့ပြန်
လာမှသာ ကျွှန်မတို့ကိုခွဲဝေပေးတာပါ။ အဲဒီနေ့ကတော့ လူသေထားတာမကြာသေး
တဲ့ အင်းကြီးနား ၂ ယောက်ထဲသွားရမှာကြောက်လို့ထင်ပါရဲ့ ကျွှန်မတို့ကိုပါ အဖော်
စပ်ပါတယ်။ ကျွှန်မတို့ကလဲ ၂ ခါစပ်စရာတောင်လိုပါဘူး။ ဆော့ဖို့ဆိုရင်တော့ လာ
ထား ကြာသလားပေါ့။ ဒီလိုနဲ့ လူကြီးတွေလစ်တဲ့အချိန် ညနေ ၅ နာရီလောက်မှာ
ကျွှန်မတို့လူစု အင်းကြီးဆိကိုချီတက်ခဲ့ကြပါတယ်။ ဒီလိုနဲ့အင်းဆီကိုရောက် ကိုယ်လို
ချင်တဲ့ရွှံ့တွေရှာကုတ်ကြတာပေါ့။ အဲဒီအချိန်မှာ ကျွှန်မရဲ့အဒေါ်အကြီးက ကျွှန်မတို့ကို
စတဲ့အနေနဲ့ သရဲသရဲဆိုပြီး စပြေးပါတော့တယ်။ နောက်အဒေါ်ငယ် နောက်မှာကတော့
ကျွှန်မမောင်လေးနဲ့ ညီမလေး အစဉ်လိုက်ပြေးသွားကြပါတယ်။ ကျွှန်မကအားလုံးထဲ
မှာအဝဆုံးပါ။ အဒေါ်က စပြီးအော်ပြေးတဲ့အချိန်မှာ ကျွှန်မက ရွှံ့တွေကုန်းကုတ်နေတဲ့
အချိန်ပါ။ ဒါကြောင့် ရုတ်တရက် အားလုံးပြေးသွားတဲ့ အချိန်မှာ ကျွှန်မက သူများတွေ
နဲ့တန်းတူမပြေးနိုင်ပါဘူး။ သူများတွေအဝေးရောက်မှ သတိဝင်လာပြီးပြေးလိုက်ပေမဲ့
မမှီတော့ပါဘူး။ ဒါနဲ့ အရှက်ပြေ ” ဘာသရဲမှမရှိဘူး…. ဘာမှမကြောက်ဘူး .”.လို့အ
ရှက်ပြေလှမ်းအော်လိုက်ပြီး မမှီမဲ့တူတူအမောခံပြီးပြေးမလိုက်ပဲ ဟန်ကိုယ်ဖို့ကာ ခြေ
လှမ်းမှန်မှန်နဲ့ နောက်ကလိုက်လာခဲ့ပါတယ်။ အဲဒီအချိန်မှာပဲ ကျွှတ်..ကျွှတ် ဆိုတဲ့လူ
တစ်ယောက် ကျွှတ်စုပ်ခေါ်သံလိုလိုကို ကြားလိုက်မိသလိုမို့ အသံကြားရတဲ့ဘက်ကို
လှမ်းပြီး ကြည့်မိပါတယ်။ အဲဒီအချိန်မှာပဲ ကျွှန်မတို့ရွှံ့ကုတ်ခဲ့တဲ့ တောင်ကုန်းဘေး
လေးနားမှာ အရုပ်ကလေးတစ်ရုပ်ကိုတွေ့တော့တာပါပဲ။ ပထမတော့ ကျွှန်မအံ့ဩသွား
ပါတယ်။ ခုနကလေးတင် အဲဒီနားမှာ ကျွှန်မရွှံ့တွေ ကုတ်ယူနေခဲ့တာပါ အဲဒီတုံးကငါ
ဘာလို့မမြင်ခဲ့တာလဲလို့ အံ့ဩတာပါ။ နောက်တော့ပျော်သွားပါတယ် အရုပ်လေးက
ချစ်စရာလေးပါ။ ရွှေရောင်အရုပ်မလေးက ကျွှန်မရဲ့တစ်တောင်ကျော်ကျော်လောက်
တော့ရှိမယ်ထင်ပါတယ်။ ပြီးတော့ အရုပ်လေးကရွှေရောင်ပေမဲ့ အဲဒီအချိန်က ကျွှန်မ
တို့မြင်ဘူးတဲ့ အရုပ်ပုံစံမျိုးလေးပါ။ လေးမှာလွယ်အိတ်လေးလွယ်ထားတဲ့ အရုပ်လေးပါ။
ဒါနဲ့ ကျွှန်မလဲ ဝမ်းသာအားရအနားကို ပြေးသွားလိုက်တဲ့အချိန်မှာတော့…..လားလား
ဒီနေ့ သွားစရာရှိသေးလို့…နောက်နေ့ဇာတ်သိမ်းပိုင်းတင်ပေးပါမယ်ရှင်။
တတိယပိုင်း…မျှော်
20 comments
may flowers
April 29, 2012 at 12:51 am
ဝေဖန်အကြံ ပေးကြပါဦးနော်
kotun winlatt
April 29, 2012 at 1:01 am
လားးးလားးးးးး
သွားးးစရာက ဒီနေရာရောက်မှ ပေါ်ရသလားးးဟယ်…
ဆန့်ငင်…ဆန့်ငင်……နဲ့…..
kai
April 29, 2012 at 1:03 am
ကိုယ်တွေ့ဇတ်လမ်းပေါ့…
အရက်သမားဇတ်ကနာပါ့..
သေတာတောင် မျှော့နဲ့သေရတယ်လို့.
မျှော့က… လူအရှင်သွေးပူနွေးနေမှစုတ်တာလို့ သိထားတာ..
လွဲတယ်ပေါ့..
ဆိုတော့..
ဆက်ဖတ်နေပါတယ်..။
windtalker
April 29, 2012 at 1:11 am
မျှော့ ဆိုတဲံ အကောင် ဖင်ထဲ ဝင်ရင် တန်းသေသတဲ့ဗျာ။ ဟုတ်လား မှန်လား သိသူများ ဖြေကြပါဦး။
water-melon
April 29, 2012 at 12:34 pm
ကိုပေအစမ်းခံကြည့်မလား
မျှော့ကို အဟိ
windtalker
April 29, 2012 at 7:13 pm
ကြည့်စမ်း ၊ ကံကောင်းလို ့မသေခဲ့တဲ့ ၊ ခြော်တစ်ကောက်တို ့ပူတူတူးလေး ပေါ်လာဘီ
kotun winlatt
April 29, 2012 at 1:18 am
အယ်…. သေတာက မျှော့လားးးးလူလားးးး
ဆြာပေရ….
may flowers
April 29, 2012 at 1:58 am
ဟုတ်ကဲ့ပါသဂျီး…ကိုယ်တွေ့အဖြစ်ပါ။ ဟုတ်ပါတယ် ကျွှန်မလဲကြားဘူးပါတယ် မျှော့ကသေသူ
ရဲ့သွေးကိုမစုပ်ပါဘူး။ ကျွှန်မလဲကိုယ်တိုင်မမြင်လိုက်ရပါဘူး ဖြစ်ခဲ့တဲ့ကိစ္စက ကြာခဲ့ပြီဆိုတော့
သေသူရဲ့ကိုယ်ပေါ်မှာ မျှှော့တွေ့တယ်လို့ ပြောတာတော့မှတ်မိနေပါတယ်။ ကျွှန်မထင်တာကတော့
အမူးလွန်ပြီးရေ စပ်မှာလဲနေတုံး မသေခင်တွယ်ခဲ့တဲ့မျှော့တွေလဲ ဖြစ်နိုင်သလို မျှော့တွေရှိတယ်
လို့ပြောတဲ့ လူတွေကလဲ လူသေစမှာ စတွေ့ခဲ့တဲ့လူတွေလဲဖြစ်နိုင်ပါတယ်။ကျွှန်မ ပိုစ်ရေးတာမှာ
ရှင်းပြဖို့လိုသွားလို့ ပါ။ ထောက်ပြတဲ့ သဂျီးကိုကျေးဇူးတင်ပါတယ်။
မဟာရာဇာ အံစာတုံး
April 29, 2012 at 12:54 pm
အမငေး ..
ကောင်းခန်းရောက်မှ မီးပြတ်တယ် ဆိုတာ ဒါမျိုးနေမှာ .. 😀
သူကလည်း တတ်ပါ့ ..
လားလား … ဆိုပြီး .. ဒီကတော့ ရင်တထိတ်ထိတ်နဲ့ ဖတ်လိုက်ရတာ ..
ပြီးတော့ ဇာတ်လမ်းက သွားစရာ ရှိသေးလို့ ဖစ်သွားတော့ ..
လူချိုး .. ချိတ်ချိုးဒယ် .. 😀
ဒါနဲ့ ကျနော်တို့ ဘက်မှာတော့ ရွှံ့ခွာ တယ်လို့ သုံးတယ် ..
အဲဒီ ဘက်မှာတော့ ရွှံ့ကုပ် တယ်လို့ သုံးတာနဲ့ တယ်တယ် ..
အားပေးဖို့ စောင့်မျှော်နေပါဂျောင်း …….
ဗိုက်ကလေး
April 29, 2012 at 2:35 pm
ခင်ဗျားတို ့ရွာထဲကလူတွေ တော်တော်အီးပေကြတာပဲဗျာ..
ရေးစရာရှိ အကုန်မရေးဘူး
ရေလည် အကြွေး ချန်ချန်ထားကြတယ်..
ဟိုအူးလေးကြီးဆိုလဲ သူ ့ဆီးထဲက အဝှာမထွက်တဲ့အပြင် လိပ်ခေါင်းပါ အစစ်ထပ်ထွက်လာပြီ
ခုထိ ဘာရောဂါမှန်းမသိ.. ဇာတ်မသိမ်းသေးဘူး
အခုလဲ..
သရဲနဲ ့ကို မတွေ ့ရသေးဘူး…ရေလည်အီးပေတယ်ဗျာ
ဗိုက်ကလေး စိတ်ညစ်သွားပြီ.
ဘီအီးသွားကစ်တော့မယ်
ဆူး
April 29, 2012 at 3:04 pm
ဗိုက်ကလေးရေ.. အဲလူကြီး ဇတ်မသိမ်းဆို.. သူ ဗိုက်က ဗိုက်ကလေးမှ မဟုတ်တာ ဗိုက်ကြီး ဖြစ်နေတော့ သူ့မှာ အကြံတွေ အများကြီး ရှိတယ်လေ.. အဲဒီ အကြံတွေ ကို မကုန်မချင်း ထုတ်မယ် ဆိုလား..
may flowers
April 29, 2012 at 3:41 pm
ကိုဗိုက်ကလေးရေ အပိုင်းတွေများသွားတဲ့အတွက်တောင်းပန်ပါတယ်။ ကျွှန်မကစာရိုက်တာမသွက်
တော့ ဒီစာပိုဒ်လောက်လေးကိုပဲစဉ်းစားလိုက် စာစီလိုက်ရိုက်လိုက်နဲ့ မနေ့ကရိုက်တာ မနက်၁ဝ နာရီကစ
ရိုက်တာ နေ့လည် ၁ နှာရီမှပြီးပါတယ်။ တကယ်တော့ခွဲတင်ဖို့အစီအစဉ်မရှိပါဘူး ။ ဒါပေမဲ့ အပြင်သွားဖို့
ချိန်းထားတာလဲရှိတာကြောင့်တစ်ကြောင်း နောက်နေ့ထပ်တင်ပေးပါမယ်လို့ အပိုင်း-၁ မှာဂတိပေးထားတာ
ကြောင့်တစ်ကြောင်း ခွဲဖို့အစီအစဉ်မရှိပါပဲခွဲလိုက်ရတာပါ။ အမှန်တော့ည ဘက်ပြန်ရောက်လာတော့စာထပ်
ရေးရကောင်းမလားစဉ်းစားပါသေးတယ်။ ဒါပေမဲ့ ကိုယ်တော်တာကိုယ်ပဲသိတယ်လေ။ စာရိုက်တာလဲတော်
တော့ ဆက်သာရိုက်ရင်မိုးလင်းတဲ့ထိပြီးမှာမဟုတ်မှန်းသေချာသိနေလို့ ဇာတ်သိမ်းမျှော် ဖြစ်သွားရတာပါ။
မဟာရာဇာ အံစာတုံး
April 29, 2012 at 3:53 pm
အမရေ ..
ကိုဗိုက် က တကယ် စိတ်ဆိုးလို့ ပြောတာ မဟုတ်ပါဘူးဗျာ ..
စိတ်ဆိုးတဲ့ ပုံစံမျိုးနဲ့ ပို့စ် တင်တဲ့လူကို စ သွားတာလို့ ထင်ပါတယ် ..
သူ့အစား ကျနော်က ကြားထဲက ပြောပေးတာပါ ..
တော်ကြာ အမက ကိုဗိုက် ကို အမြဲတမ်း မူးနေတဲ့ အရက်သမား လူရမ်းကားကြီးလို့ ထင်နေမှာ စိုးလို့ပါ … အဟိ .. 😀
ဗိုက်ကလေး
April 29, 2012 at 4:17 pm
အေ့..
မူးဒယ်အေ့..
ဂွီ..ဂွမ်..ဘွမ်..(ဘီအီးနဲ ့ ဓညင်းသီးမြည်းပြီး လေတက်သံ)
Onyx
April 29, 2012 at 6:14 pm
သူတော့ လုပ်ပြီ ကောင်းခန်းဆို အရီးကျေး(အရေးကြီး) လစ်ပြီ လူဆိုး။ဇာတ်သိမ်းကိုလဲ ကိုရီးယားကားလို ထပ်မတိုးနဲ့နော် ။ မီးပျက်ရင် ဒုက္ခဂျ။
may flowers
April 29, 2012 at 11:19 pm
ဟုတ်ကဲ့ ဇာတ်သိမ်းမနက်ဖန်တင်ပေးပါ့မယ်…ခုစရေးနေပါပြီ။ အားပေးတဲ့ သူတွေအားလုံး
comment ပေးတဲ့သူတွေအားလုံးကို ကျေးကျေးပါ။
surmi
April 30, 2012 at 12:26 am
နေကြာပန်းက မှော်ဘီ တိုက်ကြီးဘက်ကထင်တယ် ။ အဲဒီဘက်မှာ ဥစ္စာစောင်.တွေအလွန်ပေါ …..
မှော်ဘီမနှင်းစိန်ကိုသိလားဗျ ။ ကားသမားလောကမှာတော. နာမည်ကျော် ဥစ္စာစောင်.ဘဲ ….။
may flowers
April 30, 2012 at 12:31 am
မနှင်းစိန်လား သိဘူးရယ်…ဘယ်ကလာတာလဲ ခုပြောသေးဘူး။ ဇာတ်သိမ်းခန်းမှာ ပါမယ်လေ။ဟိ
Khin Latt
April 30, 2012 at 5:00 am
မပန်း ရေ
ဇာတ်သိမ်းပိုင်းကို မျှော်နေပါတယ်။
အရုပ်လေးရဲ့ လွယ်အိတ်ထဲက စိန်တုံး တွေ ထွက်လာပါစေ။ 🙂
may flowers
April 30, 2012 at 2:54 pm
လူဟားရေ လူဟား…ဘယ်ကိုရောက်နေလဲ…ရောက်တဲ့နေရာက အကြောင်းပြန်ပါ..
အပိုင်း-၂ ကိုတင်ပေးထားတယ်နော်…ဒါပဲ။