“သံတွဲဈေးကဆိုင်ခန်း မီးလောင်၊ ဈေးကော်မတီရဲ့ မတရားပြုကျင့်ခံရတဲ့ ဈေးသည်တစ်ဦးရဲ့ အဖြစ်အပျက်”

Kyaw SoeAgApril 29, 20121min939

ကျွန်တော်ဟာအစိုးရဝန်ထမ်းအငြိမ်းစားတစ်ဦးဖြစ်ပြီးအခုလက်ရှိမှာတော.ရခိုင်ပြည်နယ်၊သံတွဲမြို.၊သံတွဲဈေးမှာ ရေခဲရောင်းပါတယ်၊

သံတွဲဈေးမီးလောင်သွားလို.ယာယီဈေးဆိုင်ခန်းများနေရာချထားပေးရာမှာ ၊ဆိုင်ခန်းနေရာကိုရုံအလိုက်မဲနိုက်ပါတယ်၊ကျွန်တော်မဲနိုက်မယ်လုပ်တော.အသားငါးရောင်းတဲ.အတန်းမှာ တစ်ခန်းနေရာချထားပေးပါမယ်၊မဲမနိုက်ပါနဲ.လို.ဈေးကော်မတီကပြောကြားတဲ.အတွက်မဲမနိုက်ခဲ.ရပါ၊

သို.ပါသော်လည်းတကယ်တမ်း၊ဆိုင်ခန်းများနေရာချထားတဲ.အခါ ကျွန်တော်.လုပ်ငန်းတဲ.ဘယ်လိုမှမပတ်သက်တဲ.နေရာကိုချထားပေးပါတယ်၊ကျွန်တော်.လုပ်ငန်းအရရေခဲရောင်းတာဖြစ်လို. သားငါးတန်းမှာသာအဆင်ပြေတာပါ၊

ဒါပေမယ်.ကျွန်တော်ကိုကတိပေးထားတဲ.အတိုင်းမလုပ်ဘဲ၊ တခြားဆိုင်ခန်းများ၊ဈေးကော်မတီဝင်များနဲ.အဆင်ပြေသူများကိုသာနေရာချထားပေးပါတယ်၊

ကျွန်တော်မှ သွားရောက်မေးမြန်းတင်ပြတဲ.အခါ ၊    တိုင်ချင်ရာတိုင်၊ အင်တာနက်မှာ ဘဲ တင် ချင်တင်  စသည်ဖြင်. ပြောပါတယ်၊

မသက်ဆိုင်တဲ.နေရာမှာ ရောင်းချနေရလို.ကျွန်တော်.မှာ အလွန်ပဲနစ်နာရပါတယ်၊ ဈေးမီးလောင်လို.တစ်မျိုး ၊ဒီလိုမတရားနေရာချထားလို.တစ်မျိုး ပါ၊

ကျွန်တော်.အခက်အခဲကို မန္တလေးဂေဇက်ကတဆင်.တင်ပြအကူအညီတောင်းခံအပ်ပါတယ်၊

အောက်က ကျွန်တော်.လိပ်စာ၊ မှတ်ပုံတင်များဟာအစစ်အမှန်ဖြစ်ပါတယ်၊

သက်ဆိုင်မှစစ်ဆေးအရေးယူပေးပါလို.လေးစားအားကိုးစွာဖြင်.တိုင်ကြားအပ်ပါတယ်

 

ဦးသိန်းထွန်း(ရေခဲဆိုင်)

၁၂/မဂတ( နိုင်)၀၁၂၅၇၂

ဆိုင်အမှတ်(ပ/၄)၊ယခင်ဈေးအဟောင်းဆိုင်ခန်းနံပါတ်

9 comments

  • MTY

    April 29, 2012 at 8:59 am

    ဘာလိုလိုနဲ့ဟစ်တိုင်ဖြစ်လာပါလား

  • လူ ဟား

    April 29, 2012 at 9:02 am

    ခုလို ကိုယ့်ရဲ့အမည်..ID တွေနဲ့ပြောရဲဆိုရဲ ရှိတဲ့သူတွေကို လေးစားတယ်။ အဆင်ပြေသွားပါစေဗျာ။

  • မဟာရာဇာ အံစာတုံး

    April 29, 2012 at 11:59 am

    တာဝန်ရှိသူများ ..
    သိပါစေ၊ မြင်ပါစေဗျာ ..
    ကျုပ်တို့ နိုင်ငံမှာ ဒီလိုမျိုး မတရားမှုတွေကို ငုံ့ခံဖို့ အချိန်မဟုတ်တော့ဘူး ..
    နို့မဟုတ် .. ဒီမိုကရေစီ ဆိုတဲ့စာသား မှားသွားမှာပေါ့ …

    အော် .. ဒါနဲ့ ခေါင်းစဉ်က ဒါလား မသိဘူး ..
    “သံတွဲဈေးကဆိုင်ခန်း မီးလောင်၊ ဈေးကော်မတီရဲ့ မတရားပြုကျင့်ခံရတဲ့ ဈေးသည်တစ်ဦးရဲ့ အဖြစ်အပျက်”

  • FattyCat

    April 29, 2012 at 1:07 pm

    ဒီလို မတရားမှုတွေကို စစ်ဆေးပေးဖို့တောင် ရွာထဲမှာကော်မတီဖွင့်ပေးမှဖြစ်တော့မယ်ထင်တယ်…
    သဂျီးရေ…

  • အာကြီး

    April 29, 2012 at 8:28 pm

    သံတွဲသားများ ခင်ဗျား ၊ ၊ သံတွဲ ကိစ္စအဝဝများကို ရင်ဖွင့်လိုပါလျှင်
    http://www.thandwe.co.cc သို့ လာခဲ့ပါ ၊

  • Onyx

    April 29, 2012 at 8:56 pm

    အဲလို မတရားလုပ်တဲ့ သူတွေကို ပြင်းပြင်းထန်ထန် အပစ်ပေးအရေးယူဖို့ အချိန်က တန်နေပါပြီ ။
    ကျွန်တော်တို့ နိုင်ငံထဲမှာ အမှန်တရား အတွက် စုံစမ်း အပစ်ပေးတဲ့ အဖွဲ့ ဖွဲ့ပေးဖို့ လိုနေပါပြီလို့
    ပြောချင်ပါဒလယ် ။
    အမှန်တရားကို လိုလားတဲ့ Onyx

  • ဇောက်ထိုး မိုးမျှော် သခင် ကိုယ်တော်

    April 30, 2012 at 3:55 pm

    အမှားမြင် အမှန်ပြင်
    မပြင်ပါက ဒုက္ခရ
    အဲဒါ နိယာမ ။

  • ကိုတတ်ပ

    April 30, 2012 at 4:30 pm

    ဦးသိန်းထွန်းရဲ့ အဖြစ်က တစ်ကယ် ဖြစ်ပွါးခဲ့တာပါ . .
    ဈေးလူကြီး ဆိုသူ ဈေးကော်မီတီအဖွဲ့ ဝင်တွေကတော့ ယာယီဈေးသစ်ကြီးရဲ့
    ရှေ့ မျက်နှာစာ ၊ နေရာကောင်းတွေမှာ အခန့် သား ဇိမ်ကျနေကြလေရဲ့ ၊
    မဲနှိုက်တာ ကံကောင်းလို့ ရတာလို့ ပြောနေကြကြောင်းပါ ၊
    ကြားသိရတာကတော့ မဲနှိုက်တဲ့ အခါ နေရာကောင်းတချို့ကို သီးသန့်ဖယ်ထားပြီးမှ
    ဟိုဒင်း လုပ်ကြတာပါ တဲ့ . .
    ကဲ . . ကောင်းကြသေးရဲ့လား . .

  • သံတွဲသားတွေထဲက ခုလိုနာမည်ရင်းတပ်ရေးနေကြတာမြင်ရတော့ ကောင်းသဗျို ့။
    ဦးသိန်းထွန်း ပြဿနာ တကယ်ခိုင်လုံနေရင် စည်ပင်ဝန်ကြီး ထိုမှတဆင့် ပြည်နယ်ဝန်ကြီး
    ချုပ်၊ထပ်ပြီး အဆင်မပြေခဲ့ရင်တော့. မတတ်နိုင်တော့ဘူး။ဒါပေမယ့် သက်ဆိုင်ရာ လူကြီး
    မင်းဆိုသောသူများကို မြင်နိုင်ပါစေ ့ဆုတောင်း ပေးပါ၏

Leave a Reply