ငယ်စဉ်က အကြောင်းလေးပေါ့ကွယ် ( ရောက်တတ်ရာရာ စကားများ)
ကျွန်တော်က ကဗျာကို ခရေစီဖြစ်သည်။ ကဗျာဝါသနာကြီးခဲ့သည်။ကဗျာတွေကို ရွတ်ရုံနှင့် အလွတ်ရခဲ့လောက်အောင်ဖြစ်ခဲ့သည်။ဆရာမောင်စိန်ဝင်း (ပုတီးကုန်း)နှင့် တက္ကသိုလ်ကျောင်းသားဘဝ့ လှည်းတန်းရဲ့ ပြုံးပန်းတစ်ရာ
လက်ဖက်ရည်ဆိုင်ထိုင်ပြီး ကဗျာဆရာရဲ့ စကားတွေ ကိုနားထောင်မိခဲ့ကြည်နူးခဲ့ ။ အတိတ်က ရနံ့ဟောင်းပါပဲ။
အိမ်မဲမြို့ စာပေဟောပြောပွဲကို ( ၃.၄ ၂၀၁၂ )မှာ ကျင်းပမယ်ဆိုတော့ ကျွန်တော်ပဲ ဆရာတွေကို ပင့်ဖိတ်ရတာပါ။ ဒီမှာလည်း တလမ်းလုံး ကဗျာအကြောင်း ၊ စာပေအကြောင်း ရုပ်ရှင် အကြောင်းတွေ ပြောဖြစ်ခဲ့ ကြ
ပျော်စရာ ကြည်နူးစရာပါ။ဒါရိုက်တာအောင်စိုးဦးက ရုပ်ရှင် အကြောင်းတွေ ပြော ပြတယ်။သင်္ကြန်မိုး ၊နော်ရင်မွှေးာတ်ကားရဲ့ ဇာတ်ညွှန်းနဲ့ ဖန်တည်းခဲ့ရတာတွေ ဆရာ အကြည်တော်ကလည်း ကျောက်သင်ပုန်းတွေ မိုးထားတဲ့ အိမ်
နောက် ဘီးလူးကို ငွေလေး ၄သောင်းထဲနဲ့ ရောင်းခဲ့ရပြီး နောက်ဆုံး သူ့လက်ထဲ ပြန်ရောက် လာပုံ ၃သိန်းရတဲ့ အကြောင်း ဗေလုဝရဲ့ အဖြစ်တွေ ကြားရတော့ စိတ်က ကြည်နူးမိတယ်။ဒီနေရာမှာ ဦးမျိုးကို ကျေးဇူးမမေ့နိုင်ပါ
ဆရာတွေ လိုင်းကားစီးရမှာ စိုးတဲ့ အတွက် ကားနဲ့ လိုက်ပို့ပေးတယ်။ဦးသာထွန်း ကျောက်ဆစ် ပန်းချီဆရာကိုလည်း ကျေးဇူးမမေ့နိုင်။(ဆရာ ရှီဘတီး ပေးဖို့ မမေ့နဲ့ )။
ကျွန်တော်ပြောချင်တာက ငယ်စဉ် အကြောင်းလေးပါ ။လမ်းကြောင်းနည်းနည်းလွဲသွားပါတယ်။ကဗျာကိစ္စပါ ။ငယ်စဉ်က ချစ်စိတ်ပေါ်တော့ ပထမဆုံးပလေတိုစကားလို ချစ်တတ်သူဟာကဗျာဆရာဖြစ်လာတော့ ဆရာမောင်စိန်ဝင်းက လွှမ်းမိုးခဲ့တယ်။
လွမ်းတဲ့ အကြောင်း
စာလုံးပေါင်း၍
မျက်ရည်ချောင်းမှာ
ခေါင်းအုံးကလေးမျောနေမှ……။
ဒီကဗျာလေးကို ကျွန်တော်ကြိုက်တယ် ။ လွမ်းလိုက်ရတာ အိပ်ယာထဲမှာ မျက်ရည်ကျလောက်အောင် နာကျင်စိတ်နဲ့ တွေ့ချင်စိတ်တွေ ။တကယ်တော့ လွမ်းတယ်ဆိုတာ တွေ့ချင်တာလို့ ကျွန်တော်နားလည်တယ်
ဒီမှာပဲ ကျွန်တော်က အာတွေ့တော့ ချစ်သူနဲ့ တွေ့တော့ ကဗျာကိုပြောပြ ရွတ်ပြတယ်။ ဒီမှာပဲ ချစ်သူက ရှင်က ကဗျာပေါ်ရှုးသွပ်တယ် ။ ကျွန်မက ကဗျာဝါသနာမပါဘူးဒါ လူပေါတွေ ပဲ ဆိုပြီး
လမ်းခွဲလိုက်တယ်ဗျာ။ဒီမှာ ကျွန်တော်ကြေကွဲသွားတယ်။အိမ်နံရံမှာ ဆရာမောင်စိန်ဝင်းရဲ့ ကဗျာကို မြေဖြူနဲ့ ရေးမိတယ်။
ဟို့ တောင်ထိပ်မှာ
မိုးရိပ်ညှို့ညှို့ မှိုင်းရီ ဆို့ လျှင်
ပိုလို့ တမ်းတ သတိရလျှက်
ဖြေပြေ ခက်မို့ မျက်ဝနန်းထဲမှာ မိုးရွာပြီ ညို။
ကျွန်တော် ရဲ့ ဒုတိယမ္မိ မှားယွင်းမှုကတော့ ချစ်သူတစ်ယောက်ထပ်ရတာပဲ ။ ဒါလည်းမတော်တဆပါပဲ။ ကျွန်တော်နဲ့ ရင်းနှီးတယ်။အတူသွားအတူလာ အနေနီးစပ်မိတော့ သံယောဇဉ် ရှိလာတယ်ထင်ပါတယ်
ကျွန်တော်ရဲ့ ပျော့ပြောင်းတဲ့ စိတ်ကို သဘောကျတယ်ထင်ပါတယ်။တကယ်ကို မတော်တဆ ချစ်သူဖြစ်ခဲ့ ကြတယ်။ကျွန်တော်ရဲ့ အသုံးမကျတဲ့ အကျင့်တခု က အစွဲအလမ်းကြီးတာပါပဲ။
ဒီကောင်မလေးက လည်း နောက်ဆုံး ကျွန်တော်ကို လမ်းခွဲဖို့ စကားဆိုလာပါတယ်။သူအိမ်က အိမ်ထောင်ချပေးတော့မယ်လို့ ဝတ္ထုဆန်ဆန်ပြောလာပါတယ်။ကျွန်တော်အိမ်နံရံမှာ ကဗျာစာသားတစ်ခု တိုးလာပါတယ်။
တကယ်မဝေးပေမယ့်
စပါယ်လေးတွေခြောက်ပြီလေ
မခေါ်သာ အတွေ့ ခက်
နေ့ရက်ကြာရှည်
ပွင့်သစ်တို့ တဝေဝေ
ပွင်ကြွေတို့ တဖွေးဖွေး
လက္ခဏာ ဖြစ်လို ချစ်ပွဲ မဝင်ထိုက်သူမို့
ကျွမ်းမြိုက်ဆူ အလွမ်းဖြေ ဇာတ်မှာ
ပန်းကြိုက်သူလွမ်းနေတတ်အောင်လို့…..။
ဒီလိုနဲ့ ချစ်သူတွေလည်း မရှာချင်တော့ ဘူး။ အချစ်ကိုလည်း မယုံချင်တော့ ဘူး။ကဗျာတွေကိုတော့ တရှိုက်မက်မက်ဖတ်တုန်းကြိုက်တုန်း။ကဗျာပေါ်ရငးသွပ်တုန်းပါပဲ။
တနေ့က အိမ်ရှင်းရင်းနဲ့ မဂ္ဂဇင်းစာအုပ်လေးတွေ ပြန်ဖတ်ကြည့်မိတယ်။ရုပ်ရှင် အမြုတေ မဂ္ဂဇင်းမှာပါတဲ့ ကိုယ့်ကဗျာလေးကိုကြည့်ရင်း ပြုံးမိပါတယ်။
အလွတ်ရပေမယ့်
ဘယ်တော့မှ ကြည့်မဝတဲ့ မျက်နှာလေး
အလှဆုံးဆိုတာတွေထက်လှတဲ့ အပြုံး
အရိုးဆုံးသစ္စာစကားတွေ ဖွင့်ပြနေလည်း
အပ်ကြောင်းထပ်နေတဲ့
ဓာတ်ပြားဟောင်းလေးပဲချစ်သူ
စွန့်လွှတ်ခြင်းဆိုတာမသိလိုဘူး
ပိုင်ဆိုင်မှ အချစ်လို့ခေါ်တယ်
သတိရတိုင်းသီချင်းတစ်ပုဒ်ဆိုမိတယ်။
အဲ့ဒီကာလက ငယ်သူမို့ အတွေးထဲ ချစ်စိတ်နဲ့ သူ့ကိုပဲလွှမ်းမိုးနေပါတယ်။ ဆရာမောင်စိန်ဝင်းရဲ့ ကဗျာ ချစ်ခြင်းတစ်စ ၊ သမုဒယအပူ ၊ သူ့မှ သူဆိုတဲ့ အစွဲ။ ဆိုသလို သူကိုပဲ သူ့မှ ပဲ ဖြစ်နေတဲ့ အချိန်ပါ။
နောက်စုံထောက်မဂ္ဂဇင်းမှာပါတဲ့ ကျွန်တော့်ကဗျာလေးကိုလည်းဖတ်မိပြန်ပါတယ် စာအုပ်လေးက ဟောင်းနွမ်းနေပါပြီ။
လွမ်းစို့ စို့ ငိုရင်း ပြုံးနိုင်သူ
ကြမ္မာဆိုးရက်စက် နှစ်ဦးလက်တွဲဖြုတ်စေ
အငြိုးနဲ့ ကြံစည်သူ ပျော်နိုင်ဖို့
ရှင်းပြခွင့်ရပေမယ့် ရှင်းမပြတော့ ဘူး။
ဒါက ခံစားချက်တွေနဲ့ ရှုးသွပ်မိတဲ့ ကာလက ရေးခဲ့မိတဲ့ ကဗျာလေးပါ။ အဖြစ်အပျက်မှားလို့ နာမည်ပေးထားပါတယ်။ကျွန်တော်တို့ ဘဝကို ဖြတ်သန်းလာတဲ့ အခါမှာ အချစ်က ချောင်ငယ်လေးမှာနေရာရပြီး ဘဝက လက်ညိုးညွှန်ရာ ရေဖြစ်ခဲ့ပါတယ်။ဘဝဇာတ်ဆရာရဲ့ အလိုကျ ဆောင်ရွက်ရတာတွေလည်းရှိခဲ့ပါတယ်။ချစ်နေလွမ်းနေလို့ ဘဝက အောင်မြင်မှာ မဟုတ်ဘူးဆိုတာ ကိုယ့်ကို ကိုယ် သတိပေးနိုင်တဲ့ အရွယ်မှာတော့ ပြုံးစရာ
လေးတွေဖြစ်ခဲ့ပါပြီ။တွယ်ရင် လမ်းမဖြောင့်ဘူးဆိုတာ ကျွန်တော်သိလာခဲ့တဲ့ အချိန်မှာကျွန်တော်ကဗျာတွေက ပုံ သဏ္ဍန်နဲ့ ရည်ရွယ်ချက်တွေပြောင်းသွားခဲ့ပါပြီ။
တကယ်တော့ သေခြင်းတရားဆီ သွားနေကြတာပါ ။ အသက်ရှင် ရပ်တည်နိုင်တော့ ဘဝမျက်နှာမှာ ကျွန်တော်တို့ ခရီးနှင်ကြတာပဲလေ။မြို့တော်မဂ္ဂဇင်းမှာကျွန်တော် ကဗျာတိုလေး ရေးမိဖူးပါတယ် ၂၀၀၄လောက်က ထင်ပါတယ်။
လယ်ဂဏန်းမ
ရင်သားကိုချကြွေးရင်း
ဝမ်းနဲ့ လွယ်မွေးခဲ့ရ
အသက်ရှင် လမ်းလျှေက်နိုင်တော့
အရပ်ရှစ်မျက်နှာ ခရီးနှင်
( ကွင်းပြင်မှာတော့ )
ဝိဉာဉ်မဲ့ အခွံ့ကောင်ကြီးကျန်ခဲ့ပြီ။
ကျွန်တော် တောဘက်ကို ဆေးကုထွက်ရင်း လယ်ကန်သင်းမှာ ဂဏန်းခွံ တစ်ခုတွေ့လို့ စဉ်းစားမိတာပါ။ ဂဏန်းက ရင် သားထဲမှာ အကောင် ၅ဝကျော် ၁၀ဝလောက် လွယ်ထားတာပါ။ ပြီးတော့ ဂဏန်းမကြီးရဲ့
ရင်သားကို ဖဲ့ စားတယ်။ အရွယ်ရောက်တော့ အမေ မကြီးလည်းသေ တာပဲ ။ ဒီအတွေးလေးကို ခံစားကြည့်မိတယ်။ ကျွန်တော်အမေက ရွာမှာနေတယ်။ ၈မိုင်ပဲဝေးတယ် ။သွားမတွေ့နိုင်ဘူး။အမေကတော့ သစ်အိုပင်ကြီးတစ်ပင်လို အားကိုးမဲ့နေတယ် ။ မဖြစ်မနေကိစ္စတွေမှသွားဖြစ်တယ်။ကဲ ဘယ်လောက်ဆိုးတဲ့ ထက်ဝေးလဲ။ဒါကိုတွေးပြီး ကျွန်တော်မိုးတွင်းကြီးရွာပြန်လာခဲ့တယ် အမေက အံဩလို့ပေါ့။
ကျွန်တော်တို့ မိဘအပေါ် မှာ ဆက်ဆံမှုတွေကို ဆင်ခြင်တွေးတောပြီး အတွေးဖြန့်ကျက်သင့်ပါတယ်။နောက် ကိုယ် ခံစားချက်တွေ ဖြစ်ချင်တာတွေပဲ ရှေ့တန်းတင်ခဲ့တာတွေ။လူ့ ဘဝတိုတိုလေးမှာ
ကျွန်တော် လောက ကို ဘယ်လောက် အလှဆင်နိုင်ခဲ့ သလဲတွေးမိပြန်ပါတယ်။ကိုယ်စိတ်ကို ကိုယ်ပြန်စစ်လို့ မမြဲတရားအပေါ် ဘယ်လောက် ဆင်ခြင်နိုင်ပြီလဲ ဆိုတာ ကျွန်တော်တွေးမိပါတယ်။
တူလေးတစ်ယောက်က ညဘက် ကောင်မလေးအိမ်ရှေ့မှာ ဂစ်တာသွားတီးရင်း ပိုးထိလို့ ဆေးရုံရောက်ပါတယ်။ သူ့အမေ ကျွန်တော်အမက ငိုရင်း လာခေါ်တယ် ကျွန်တော်က ဒီကောင် အနေအစာဒးမတတ်လို့
ဖြစ်တာ ဒါ သွားစရာလားဆိုပြီးဒေါသထွက်ပါတယ်။ အိမ်ကို လာတဲ့ ဧည့်သည်တစ်ယောက်က ဆရာ …ဆရာခြေသလုံးမှာ ဒါဏ်ရာကြီးက ဘာဖြစ်တာလဲလို့မေးတော့
အင်း ..ငယ်ငယ်ကပေါ့ဗျာ ချစ်သူကောင်မလေးရှိတဲ့ ရွာကို ညဘက်သွားရင်း သချင်္ ိုင်း ကုန်းကိုဖြတ်ရတာ မှောင်ကြီး မည်းမည်းနဲ့ အုတ်ဂူ နဲ့ တိုက်မိတာပေါ့။ ငါ ငယ်ခိုက်မို့ မိုက်မိတယ်ကိုစောကြွယ်ရေ
လို့ပဲ ပြန်ပြောခဲ့မိတယ်။
အရွယ်က စကားပြောတာပါ။ အသိ သတိကပ်နိုင်တဲ့ အခါမှာ လူတစ်ယောက်ဟာပြောင်းလည်းလာတာပါပဲလေ။
ကျွန်တာ်တို့ အတိတ်ကတော့ ရနံ့ မသင်းနိုင်ခဲ့ပါဘူး။ အဓိပါယ်ရှိတဲ့ တိုးတက်မယ့် ကိစ္စတွေ မဆောင်ရွက်နိုင်ခဲ့ ဘူး။ လောကကို အလှဆင်နိုင်မှုအားနည်းခဲ့တယ်။ သို့သော် အမှန်တရားပေါ်ရပ်ရဲတယ်
အများညီလည်း ဤ ကို ကျွဲမဖတ်ခဲ့ကြောင်း ရဲရဲ ပြောရဲပါတယ်။
မတရားမှုတွေကို တွန်းလှန်ခဲ့ပါတယ်။တတ်နိုင်သလောက် လည်း အများကျိုးတွက်ရွက်ထမ်းခဲ့တာလေးတွေကတော့ အတိတ်ရဲ့ ရနံ့ ကောင်းလေးတွေပါ။လူတစ်ယောက်မှာ သမိုင်းမှတ်တမ်းရှိတယ်
ကိုယ့် သမိုင်းကို ကိုယ်ဖေါ်ဆောင်တဲ့ အခါ လှပဖို့ လိုပါတယ်။ကျွန်တော်က တော့ ဝါသနာနဲ့ ခံယူချက်များပေါ် ရပ်တည်ရင်း လှပစွာ ဆင်းရဲခြင်းတွေနဲ့ ခရီးဆက်နေမိပါတယ်။
စာပေကို ချစ်လို့ ဝါသနာကြီးလို့ နယ်မြို့ကျည်းကျည်းလေးထဲမှာ အပြစ်တင်စရာလူတစ်ယောက်အဖြစ် ရပ်တည်ခဲ့ရပါတယ် နောက် မဂ္ဂဇင်းမှာ စာတွေ နည်းနည်းပါလာတော့ စာရှုးပေရှုးဆိုတဲ့ အပြောကတော့ လွတ်လာပါတယ်။အိမ်ထောင်ပြုမယ်ဆိုတော့ တဖက်က စာရေးဆရာမို့ သဘောမတူနိုင်တာတွေ ပြောတာတွေလည်းခံရပါတယ်။ စာပေဝါသနာပါရင် ဆင်းရဲမယ်တဲ့။ စာပေသမားတစ်ယောက်ရဲ့ တန်ဖိုးနဲ့ ရိုးသားမှုကို မမြင်နိုင်ကြပါဘူး။နောက်မြို့ပေါ်မှာလည်း စာပေ ဗဟုသုတ ရှိသူတွေနည်းတယ်။ တစ်ချို့ဆို ဂျာနယ်ထဲ သတင်းပါလာရင် ထိခိုက်သူတွေ က ထက်ဝေးပဲလို့ ထင်တတ်ကြပါတယ်။ ခုအင်တာနက်ထိပါပဲ။
တကယ်တော့ စာသမားနဲ့ သတင်းသမား ၊ အတင်းသမားဒီလူတွေ မခွဲတတ်သေးတာပါ။ သူတို့ စာမဖတ်ဘူး အင်တာနက် မသုံးဖူးဘူးဆိုတာ ပေါ်လွင်ပါတယ်။
ကိုယ့်မြိုမှာ ဘယ်သူက ဘာလဲ ဆိုတာ သိသင့်သလို သိအောင်လည်း သက်ဆိုင်သူက ကြိုးစားသင့်ပါတယ်။ခု စာပေလွတ်လပ်ခွင့်ရနေပြီဆိုတာ မီဒီယာက ထောက်ပြ ပေးပါဆိုတာ သူတို့ မသိကြဘူး
စနစ်ဟောင်းကိုပဲ ခင်တွယ်နေကြတဲ့ လူတွေရှိနေတာတော့ ဝမ်းနည်းစရာပါပဲ။
ငယ်စဉ်ကတော့ ပင်နီတိုက်ပုံ လည်ကတုံးကော်လံ ဝတ်ခဲ့ တာပါပဲ။အော် အတိတ်ကတော့ လွမ်းစရာပါ။ စာပေကို ယစ်မူးမှုကိုတော့ နောင်တမရခဲ့ပါ။ တသက်တာထိ စွဲလမ်းသွားမယ်ထင်ပါတယ်။
ဟုတ်ကဲ့ ကျွန်တော်ငယ်ခိုက်ကတော့ မိုက်မိပါတယ်။
15 comments
blackchaw
April 29, 2012 at 1:11 pm
လှပစွာဆင်းရဲခြင်းတဲ့လား ဆရာထက်ရေ။
ကိုနေဝင်းကြီး ခိုင်ထူးဆိုဖို့ မြတ်သောအကျင့်ဆိုတဲ့ သီချင်းလေးရေးဖူးတယ်။
ဘယ်တော့မှမမေ့နိုင်မယ့် စာသားတစ်ပိုဒ် အခုထိ ကျွန်တော့်ရင်ထဲမှာ ငြိနေမိတယ်။
တဲ့။
ဒါပေမယ့် အဲဒီသီချင်းကို ကျွန်တော် မဆိုရဲဘူး ဆရာ။
ဆင်းရဲပေမယ့် ကျွန်တော်က ရိုးသားပါတယ်လို့ မပြောနိုင်တော့ …။
မဟာရာဇာ အံစာတုံး
April 29, 2012 at 3:47 pm
ဆရာထက်ရေ ..
” … ချစ်နေလွမ်းနေလို့ ဘဝက အောင်မြင်မှာ မဟုတ်ဘူးဆိုတာ ကိုယ့်ကို ကိုယ် သတိပေးနိုင်တဲ့ အရွယ်မှာတော့ … ”
အဲလို ဆရာ ဆိုထားတယ်နော် ..
ကျနော့်ရဲ့ အသက် အရွယ်ကတော့ ဟိုမရောက် ဒီမရောက် အုတ်တံတိုင်းပေါ် ကားရားခွမိနေတဲ့ အသက်အရွယ်လို့ ပြောရမလားပဲ … 😀
အရင်လို အချစ်ဆိုတဲ့ အပေါ်မှာ မရူးသွပ်တတ်တော့ဘူး၊ ဒါပေမယ့်လည်း ကိုယ့်ကိုယ်ကို သတိပေးနိုင် သလားဆိုတော့လည်း မဟုတ်သေးပြန်ဘူး …။
ဆရာထက်နဲ့ တူတာကတော့ ကဗျာ ဆိုတဲ့ အရာနဲ့ ပထမဆုံး ရင်ထဲမှာဖြစ်တဲ့ ဆူးပါပဲလို့ …
ဆရာထက်ရဲ့ ဒီ ချစ်ခြင်းဖွဲ့ ကဗျာလေးကိုတော့ ကြိုက်တယ်ဗျာ ..
ခင်မင်၊ လေးစားစွာဖြင့်
အံစာတုံး
ဗိုက်ကလေး
April 29, 2012 at 4:25 pm
ငယ်စဉ်အကြောင်းလေးတွေ ခံစားဖတ်ရှုသွားပါတယ် ခင်ဗျာ..
ကျနော်လဲ ဆရာထက်လိုပဲ ၂လုံးလမ်းကြောင်းမှာ ကျွန်းခံပြီး ဘဝလမ်းကြောင်းမှာ ဂရိတ်ဝေါကြီးခံနေတဲ့သူဖြစ်ပါတယ်ဗျာ..
စာပေတော့ မရူးသွပ်ဖူးသေးဘူးလို ့တော့ ထင်တာပါပဲ..
htet way
April 29, 2012 at 5:21 pm
ဆရာရေ
ရိုးသားမှုကို ကျွန်တော်လည်းဦးထိပ်ပန်ဆင်နေပါတယ်
လူဆိုတာ တခါတလေမှာ မှားတတ်တယ်လေ။
ဆရာရဲ့ ရိုးသားမှုကို ကျွန်တော်သိတယ်
ဘာကြောင့်လည်းဆိုတော့ ဆရာဟာ စာပေသမားလေ။
htet way
April 29, 2012 at 5:25 pm
ကဗျာ ကို ကြိ်ုက်တယ်ဆိုလို့ ဝမ်းသာမိပါတယ်
အရွယ်က စကားပြောသော်လည်း ဆရာလေးရေ့
အသည်းကွဲဖူးပါများရင် နာလာပါလိမ့်မယ်။ကိုသိန်းဇော် ကဗျာလေးထဲကလို
ဘဝခြင်းလွဲချော်သည့်အခါ အချစ်သည် ကြင်နာမှုကိုဖြစ်စေ၍
နှလုံးသားခြင်းလွဲချော်သည့် အခါ
အချစ်သည် နာကျင်ခြင်း ကိုဖြစ်စေသည်။
ဆရာလေး ကျန်းမာပါစေ
htet way
April 29, 2012 at 5:26 pm
ဗိုက်ကလေး
ဆရာလေးရေ
နှလုံးလမ်းကြောင်းမှာကျွန်းခံနေတယ်ဆိုတာခေါ်လို့ သိပ်ကောင်းတာပေါ့
ခံရခက်ပါတယ်။
ပျော်ရွှင်ပါစေလို့ပဲ မေတ္တာပို့သလိုက်ပါတယ်
အတိသဉ္ဖာ နာဂရချစ်သူ
April 29, 2012 at 7:08 pm
ဆရာထက်ရေ—— လက်တွေ ့ကြုံဆုံနေရတဲ့ အတိုင်းပါ။တကယ်တော့ ဆရာတို ့မြို ့
လိုပါဘဲ ကျနော်တို ့မြို ့ကလူတွေအသိဉာဏ် ခေတ်နောက်ကျနေသဗျာ။နောက်ဆုံး
သတင်းက အတင်းဖြစ်အောင် မလိမ့်တပတ်လုပ်ကြတာ၊အာဏာပိုင်တွေနဲ ့ပေါင်း ဟုတ်
လှပီထင်နေတဲ ့သူတောင်းစားတွေကလဲ ရှိသေးတယ်လေ။
———————————————–
စာပေကို ချစ်လို့ ဝါသနာကြီးလို့ နယ်မြို့ကျည်းကျည်းလေးထဲမှာ အပြစ်တင်စရာလူတစ်ယောက်အဖြစ်
ရပ်တည်ခဲ့ရပါတယ် နောက် မဂ္ဂဇင်းမှာ စာတွေ နည်းနည်းပါလာတော့ စာရှုးပေရှုးဆိုတဲ့ အပြောကတော့ လွတ်လာ
ပါတယ်။အိမ်ထောင်ပြုမယ်ဆိုတော့ တဖက်က စာရေးဆရာမို့ သဘောမတူနိုင်တာတွေ ပြောတာတွေလည်းခံရပါ
တယ်။ စာပေဝါသနာပါရင် ဆင်းရဲမယ်တဲ့။ စာပေသမားတစ်ယောက်ရဲ့ တန်ဖိုးနဲ့ ရိုးသားမှုကို မမြင်နိုင်ကြပါဘူး။
နောက်မြို့ပေါ်မှာလည်း စာပေ ဗဟုသုတ ရှိသူတွေနည်းတယ်။ တစ်ချို့ဆို ဂျာနယ်ထဲ သတင်းပါလာရင် ထိခိုက်သူ
တွေ က ထက်ဝေးပဲလို့ ထင်တတ်ကြပါတယ်။ ခုအင်တာနက်ထိပါပဲ။
တကယ်တော့ စာသမားနဲ့ သတင်းသမား ၊ အတင်းသမားဒီလူတွေ မခွဲတတ်သေးတာပါ။ သူတို့ စာမဖတ်ဘူး
အင်တာနက် မသုံးဖူးဘူးဆိုတာ ပေါ်လွင်ပါတယ်။
ကိုယ့်မြိုမှာ ဘယ်သူက ဘာလဲ ဆိုတာ သိသင့်သလို သိအောင်လည်း သက်ဆိုင်သူက ကြိုးစားသင့်ပါတယ်။ခု
စာပေလွတ်လပ်ခွင့်ရနေပြီဆိုတာ မီဒီယာက ထောက်ပြ ပေးပါဆိုတာ သူတို့ မသိကြဘူး
စနစ်ဟောင်းကိုပဲ ခင်တွယ်နေကြတဲ့ လူတွေရှိနေတာတော့ ဝမ်းနည်းစရာပါပဲ။
ငယ်စဉ်ကတော့ ပင်နီတိုက်ပုံ လည်ကတုံးကော်လံ ဝတ်ခဲ့ တာပါပဲ။အော် အတိတ်ကတော့ လွမ်းစရာပါ။ စာပေကို
ယစ်မူးမှုကိုတော့ နောင်တမရခဲ့ပါ။ တသက်တာထိ စွဲလမ်းသွားမယ်ထင်ပါတယ်။
Onyx
April 29, 2012 at 8:22 pm
ကျွန်တော်ကိုတော့ အိမ်က လူကြီး မိဘတွေ က တော့ အသိအမှတ်ပြုတယ်လေ လိမ္မာတဲ့ ထဲလဲ မပါဘူး
ဆိုးတဲ့ မိုက်တဲ့ ထဲလဲ မပါဘူးတဲ့ ။ တော်သေးရဲ့ ကိုဗိုက်လို နှလုံးလမ်းကြောင်းမှာ ကျွန်းမခံနေလို့ ။ဒါပေမဲ့ လမ်းကြောင်းကောင်းအောင်တော့ တော်တော်လေး ကြိုးပမ်းလိုက်ရသေးပါဒလယ်လို့…..
htet way
April 29, 2012 at 8:38 pm
အတိသဉ္ဖာ နာဂရချစ်သူ
ဒီလိုပါပဲဆရာလေး။ အကိုဆို တော်တော်ခံရတယ်
နောက်ဆုံး လူတွက စာရေးတတ်တာ အပြစ်လို့ မြင်ကြတယ်။
ဘယ်နှယ် စာရေးဆရာက တိုင်စာရေးမတဲ့လား
ရသ ၊သုတ ဆိုတာတွေ လည်း မသိကြ ဘွဲ့ရတွေနော်ညီလေး
အကို ကတော့ စိတ်ပျက်မိတယ်။
TTNU
April 29, 2012 at 10:03 pm
ဆရာထက်ရေ…
ငယ်ငယ်က အကြောင်းလေးတွေပါလာတော့
ဝင်ပါချင်လို့ပါ။
တီချာ့အမေက စာသိပ်ဖတ်တယ်။ အမေအကျင့်လုပ်ပေးတာနဲ့
မောင်နှစ်မတစ်တွေ အိပ်ရာခေါင်းရင်းမှာ Bed lamp ကိုယ်စီနဲ့
အိပ်ရာဝင်စာဖတ်တဲ့ အကျင့်ရလာကြတယ်။
ဒီလိုနဲ့ ဆယ်ကျော်သက်မှာ ဆရာကြီးတက္ကသိုလ်ဘုန်းနိုင်ရဲ ့ စာတွေ
လှိုင်းဘောင်ဘင်ဝေခဲ့တယ်။
(၁၀)တန်း မြန်မာစာမှာ သင်ခဲ့ရတဲ့ ဦးပုည ဝတ္ထုလေးပုဒ်ထဲက
ဆဒ္ဒါန်ဆင်မင်းဝတ္ထုထဲက စာသားတွေ ရင်ထဲမှာ ပလုံစီခဲ့တယ်။
တက္ကသိုလ်တက်တော့ တက္ကသိုလ်မောင်ပန်းမွှေး အတန်းမှာ စာသင်အံရင်း
ဆရာရှေ ့ ရွတ်ပြသွားတဲ့ ကဗျာစာသားတွေကို နှင်းဖတ်တွေ
ကြွေနေသလားထင်မိမှားခဲ့တယ်။
ကဗျာဆရာမ လုပ်ချင်သလိုလို ကျောင်းဆရာမလုပ်ရင်းဝတ္ထုရေးချင်သလိုလိုနဲ့။
ဒါပေမဲ့ ဆရာထက်ရေ…ဘဝဇာတ်ဆရာကြီး ကုလားဖန်ထိုးချလိုက်တာ
ဘာကဗျာမှလည်းမစပ်တတ်။ဘာဝတ္ထုမှလည်းမရေးတတ်။ မတွေးထားတဲ့
အင်္ဂလိပ်စာဆရာမ ဖြစ်သွားခဲ့ပါလေရော။
ဒီတော့ ဆရာကြီးဦးဘုန်းနိုင်ရဲ ့…
” စန်းယုံပွင့်ရယ် လမ်းကြုံသင့်လျှင် ညှာညှာမယ်သို့
ချာချာလည်မင်းမောင်ရူးပြီလို့
တိမ်ဦးဝေယံစွန်းဆီက
တစ်ခွန်းသူ့ကိုပြောလိုက်ပါ (စန္ဒာရယ်) မောလှပြီမို့”။
မောင်ပန်းမွှေးရဲ ့…
” နွေအပူခိုး ရင်ကိုတိုး၍ ၊ တန်ခိုးလည်းသုဉ် စိတ်လည်းမှုန်ခဲ့
အာရုဏ်အေးအေး နှင်းဖွေးဖွေးတွင်၊ အေးခနဲရင် နွေးမည်ပင်တည့်
နွေးခနဲရင် မွှေးမည် ထင်သည့် ၊ သခင်ပန်ရော့ ဆောင်းကြာညို”။
စသည်စသည် တို့တွေ အားလုံး အားလုံး ….ကျန်ခဲ့ပြီ။ 🙁
surmi
April 29, 2012 at 10:53 pm
ဆရာထက်ရေ …
ဖတ်ပြီး ပြောချင်လွန်းလို. မနဲထိန်းထားရတယ် ။
ပြောမိရင်လည်း ပုတ်သင်ဥတွေပေါ်တော.မယ်လေ ……..။
ကြောင်ကြီး
April 30, 2012 at 3:25 am
ငယ်စဉ်ဂ
နှိုက်ခဲ့
မိုက်မိဒယ်
နောင်တ၊
ဂုများဒေါ့
မောင်မကမြင်း
ရှောင်ကွင်းဂဲ့ပေါ
ဂဂန်းတွင်း..။
htet way
April 30, 2012 at 2:19 pm
ဆရာမကြီးခင်ဗျား
ခ ုလို ရောက်တတ်ရာရာလေးကို သေချာဖတ်ပေးတဲ့ အတွက် ဝမ်းသာမိပါတယ်။
ဆရာမောင်ပန်းမွှေးကဗျာတွေထဲမတော့ အကုန်ကြိုက်မိပါတယ်။
သတိရတိုင်း
ပန်းတစ်ပွင့်ပွင့်မယ်ဆို ကမ္ဘာမြေတစ်ခုလုံးပန်းတွေ ဖုံးသွားမှာပါကွယ်…တို့
ဆုတောင်းတိုင်သာပြည့်ခဲ့ပါလျှင် ဘယ်မှာမျက်ရည်ရှိအံ့နည်းတို့…။ကျွန်တော်မှတ်မိခဲ့ပါတယ် ဆရာမကြီးခင်ဗျား။
ရိုသေလေးစားလျှက်
ထက်ဝေး
htet way
April 30, 2012 at 2:21 pm
ဆရာဆာမိရယ် ပြောလိုက်တော့ ပြောလိုက်တော့
ပေါ်ပါစေလေ။
ကျွန်တော်လည်းသိချင်မိတာပေါ့
htet way
April 30, 2012 at 2:22 pm
ကိုကြောင်ကြီး
ဂဏန်းတွင်းကို အရမ်းပျင်းတယ်
အနမ်းခင်းခဲ့တဲ့ရက်တွေ
သက်သေမရှိ။