KFC ကြက်ကြော်စားသူများသတိ

may flowersApril 29, 20121min23717

KFC ကြက်ကြော်စားခဲ့မိသောကြောင့်    ဩစတြေးလျနိုင်ငံမှ  မော်နီကာ ဆယ်မွန်   ဆိုသောမိန်းကလေးတစ်ဦးသည်

 

၂၀၀၅  ခုနှစ် အောက်တိုဘာလမှကာ  ဦးနှောက်ထိမိပြီး အဆိပ်အတောက်ဖြစ်ကာ  လေဖြတ်သွားခဲ့သည်ဟုဆိုပါသည်။

 

ဩစတြေးလျနိုင်ငံ ဆစ်ဒနီမြို့မှ  အခြားသော KFC အသင့်စားကြက်ကြော်ကို စားသုံးခဲ့မိသောသူများမှလဲ  ထိုကြက်ကြော်

 

ကြောင့်  အခန့်မသင့်ပါက  ဖျားတတ်ခြင်း ခြေလက်အင်္ဂါ များ  အကြောဆိုင်းကာ မသန်စွမ်းတော့ခြင်းများ  ဖြစ်နေကြောင်း စော

 

ဒကတက်  ပြောဆိုမှုများလည်းရှိနေပါသည်။

 

New  South  Wale တရားရုံးမှ  သက်သေခိုင်လုံသောကြောင့်  KFC ကြက်ကြော်ကုမ္မဏီအား ဝေဒနာခံစားနေရသော အမျိုးသမီး

 

လေးအား  ဩစတြေးလျဒေါ်လာ (၈.၃) သန်းပေးရန်  အမိန့်ချမှတ်လိုက်သည်။ KFC  မှတရားရုံးရဲ့ ဆုံးဖြတ်ချက်အပေါ်  ပြန်လည်

 

စဉ်းစားပေးရန်  အသနားခံစာ တင်ခဲ့ပါသည်။

 

AFP သတင်းဌာနမှာ  ဖော်ပြပါရှိပါသည်။

 

ကဲ KFC ကြိုက်တဲ့ ရွာသားများပါရင်လဲ  သတိထားဖို့လိုပြီနော်။

17 comments

  • FattyCat

    April 29, 2012 at 1:35 pm

    ပြောတော့မှသတိရလာပြီ…
    ရန်ကုန်မှာ KFC မရှိတော့ သိပ်ပြီး စိုးရိမ်စရာမရှိဘူးပေါ့ကွယ်…

    ခင်တဲ့-
    ကြောင်ဝတုတ်

  • ဆူး

    April 29, 2012 at 1:39 pm

    ဒီကိစ္စ ကိုရှုံးလူ ကို မေးမြန်း ရမယ်.. သူနေ့တိုင်း စားလောက်တယ်..

  • မဟာရာဇာ အံစာတုံး

    April 29, 2012 at 2:13 pm

    စိတ်သော်ရှိ ..
    အိတ်ကပ်ကား ဗလာအတိ
    ထို့ကြောင့် တို့များ မစားနိုင်ဘိ
    စားနိုင်သူများအတွက် ပူပါဘိ …

  • kai

    April 29, 2012 at 2:44 pm

    ကြည့်ရတာ.. တကယ်တရားရှုံးပုံပဲ..။
    ယူအက်စ်နဲ့ ဩဇီတော့ တွေ့ပြီ..
    =

    Supreme Court of New South Wales vs KFC in Salmonella Case

    Posted by Bill Marler on April 22, 2012

    A young Australian girl who suffered severe brain damage and was left paralysed by Salmonella food poisoning won a $10,000,000 ($10,369,000 U.S.) judgment against Kentucky Fried Chicken. The judgment (Samaan bht Samaan v Kentucky Fried Chicken Pty Ltd [2012] NSWSC 381) was published Saturday. Monika Samaan was seven years old when she suffered salmonella encephalopathy (a brain injury linked to food poisoning that also left her with a blood infection and septic shock) in October 2005. Several other family members also fell ill and they claimed Samaan’s injuries, which include severe cognitive, motor and speech impairment and spastic quadriplegia were caused by a KFC chicken Twister wrap. The Supreme Court ruled in the Monika’s and her family’s favor, finding that her sickness was caused by “a KFC Twister… consumed predominately by Monika and in lesser quantities by her family.” Justice Stephen Rothman said the chicken became contaminated “because of the failure of one or more employees of KFC” to follow proper preparation rules, which he described as “negligent”.

    http://www.caselaw.nsw.gov.au/action/PJUDG?jgmtid=158093

  • htoosan

    April 29, 2012 at 5:48 pm

    ဦးနှောက်ထိမိတယ် ဆိုတာ လုံးဝ လုံးဝဖြစ်နိုင်တာပေါ့နော် …..
    ကျွန်တော်တို့ ဩဇီက ရွာသားကြီးလည်း KFC ကြက်ကြော်စားမိလို့ ဦးနှောက်ထိနေတာနေမှာနော် ….. 😀 😀

  • mocho

    April 29, 2012 at 6:57 pm

    ဟိုက် ၊ ဒုက္ခ
    သများ ဒီနေ့ သွားလည် တဲ့ zoo မှာ တောင်စားခဲ့ သေးတယ်။ သများ တို့ သားအမိက KFC ဆို သိပ် ကြိုက် ။

  • windtalker

    April 29, 2012 at 7:01 pm

    သားတို ့ဆီမှာ ကေအက်ဖ်စီ တော့ ရှိဝူး ။ ကေပြတ်မည် ကြက်ကြော်ဘဲ ရှိတယ် ။ ဝယ်စားရင် ကေပြတ်ပြတ်သွားလို ့။ အဲဒီ့ဟာကလဲ ပြောမရဘူး ။ ကြက်နာကျထားတဲ့ဟာတွေ နဲ ့ကြော်ရောင်းရင် ဒုက္ခ ။ ဪ..ဘဝ ဘဝ ဘဝ

    • ဗိုက်ကလေး

      April 29, 2012 at 7:02 pm

      ဒါကြောင့် အူးလေးက ပြောင်နေတာပေါ့နော် 🙄

      • မဟာရာဇာ အံစာတုံး

        April 29, 2012 at 8:00 pm

        ဝုတ်ဒယ် .. ဝုတ်ဒယ် ..
        အထက်ပါ ဗိုက်ကလေး ပြောသည့်အချက်အား
        ကျွန်ုပ်လည်း ထောက်ခံဒယ် ..
        ကြည့်ပါလား .. ဂလောက်ပြောင်နေဒါ .. 😀

        • ပလုတ်တုတ်ဗျာ. အဲ့လောက်သောက်ရသလား ကိုအံစာတုံးရေ။
          ကြက်ကြော် ခြောက်ခြောက်လေးနဲ ့မြည့်မှပါ

  • Onyx

    April 29, 2012 at 7:01 pm

    တော်သေးနော် တို့တွေစီမှာက CP ရယ် နောက်နှစ်ခု လောက်ပဲ ရှိတာလေ အဲလို အသင့်စားကြက်ကြော်တော့ စားဘူး လှည်းတန်းမှာတော့ အကင်တွေ စားကြတာ တစ်ပုံ တစ်ပင်ပဲ အဲဒါတွေကော ကျန်းမာရေးနဲ့ ညီရဲ့လားသိဘူးနော်

    • kaung kin pyar

      April 30, 2012 at 8:56 am

      ဘယ်လို အဖြေမျိုးလိုချင်လဲ ကိုOnyx ရေ….။ လေသံကြည့်ရတာတော့ အကင်တွေ ကျန်းမာရေးနဲ့ မညီရင် မစားရတော့မှာ ပူနေသလိုပဲ….။ ဒီလို အကင်တွေစားတာ များရင် အသည်းနဲ့ ကင်ဆာရောဂါတွေ ဖြစ်တတ်တယ်လို့ ကြားဖူးပါတယ်..။ တူးနေတဲ့အကင်တွေက ပိုပြီး အန္တရာယ်ရှိပါတယ်…။ တခါတလေကလွဲရင် အမြဲစားလို့ မကောင်းပါဘူးချင့်…။

  • may flowers

    April 29, 2012 at 11:22 pm

    နံမည်ကြီးကြက်ကြော်..KFC လိုမျိုးတောင်ဒီလိုတွေဖြစ်တာ မြန်မာပြည်မှာ ရောင်းတဲ့ကြက်ကြော်

    ကြက်ကင်တွေတော့ အင်းးးး..စဉ်းစားစရာနော်

  • char too lan

    April 30, 2012 at 12:22 pm

    လုပ်ပီ 🙁
    အချိုမှုန့်တွေ အတောင့်လိုက် အထုပ်လိုက် ဗိုက်ထဲရောက်ပီးမှာ သေဒယ်ဒဲ့… 🙁
    ကျွဲရိုင်းတွေ ဗူးလိုက် ကပ်လိုက် ဗိုက်ထဲရောက်ပီးမှာ သေဒယ်ဒဲ့… 🙁
    ခုလဲ ကြည့် ဟူးးးးးးးးးးး 🙄

  • Ma Ei

    April 30, 2012 at 1:23 pm

    KFC တော့ မသိပါ…
    CP နဲ့ Five Star ကြက်ကင်ကတော့ စားကောင်းတယ်…
    ဘယ်တော့ ဘာဖြစ်မလဲ မသိနော်…

  • natthamee

    April 30, 2012 at 3:43 pm

    ကျေးဇူးပါ၊ ဒီမှာတော့ ရုံးဆင်းချိန်တိုင်း KFC ဆိုင်မှာ လူအပြည့် ..

  • ba gyi

    April 30, 2012 at 4:36 pm

    ကြက်တုတ်ကွေး
    ကြက်ကြော် ဆိုက်အဖက် ၊
    ကြက်—
    စားဒေါ့ဘူးကွာ— ၊ အခုပြောဒါဘာ။
    ဘာ့ကြောင့်အဲလိုဖြစ်ရတာလည်း အဆီကြောင့်ကိုလက်စထရောများစေလို့လား၊
    ပါဝင်ဖြည့်စွက်ပစ္စည်းတွေရဲ့ဘေးထွက်ဆိုးကျိုးကြောင့်လား၊
    သုံးတဲ့ကြက်အသားထဲပါတဲ့မွေးမြူရေးသုံး အစာ/ဆေးဝါး ကြောင့်လား၊
    ကြော်တဲ့ အခါသုံးတဲ့ မီးဖိုချောင်သုံးပစ္စည်း၊မီး၊စသည်တို့ကြောင့် ဘေးထွက်ဆိုးကျိုးလား။
    ဟိုတစ်ခါကြားမိလိုက်ပြီး၊ပြန်ပျောက်သွါးတယ်။

Leave a Reply