မြစ်ကြီးနား-မန္တလေး (၄၃အစုန်) အိပ်စင်ရထား မိုင်းဗုန်းထိမှန်

မြစ်ကြီးနား-မန္တလေး ခရီးစဉ်ပြေးဆွဲသော ၄၃အစုန် အိပ်စင်ရထား မိုင်းဗုန်းထိမှန်မြစ်ကြီးနားမြို့မှ မန္တလေးမြို့ (၂၈-၄-၂၀၁၂)နေ့ သို့ ထွက်ခွါလာ သော ၄၃အစုန် အိပ်စင်ရထား (နေ့ ၁း၄၅ထွက်) သည် နန်စီးဟောင်ဘူတာနှင့် မော်ဟန်ဘူတာ အကြားတွင် မိုင်းဗုန်း ထိခဲ့သည်ဟု ဒေသခံများ ပြောကြားချက် အရသိရှိရပါသည်။ အဆိုပါ ရထား၏ တွဲတစ်တွဲ ကို မိုင်းဗုန်း ထိခဲ့ပြီး အခြား ရထား တွဲများမှာ ဘီးချော်ခြင်း ၊ တိမ်းမှောက်ခြင်းများ ဖြစ်ခဲ့သည် ဟု သိရှိရပါသည်။ အဆိုပါ တိမ်းမှောက် သည့်နေရာ သို့ လူနာများကို တင်ဆောင်နိုင်ရန် အတွက် မြစ်ကြီးနားဘူတာမှ ၃၈ တရုတ်ရထား ထွက်ခွါသွားပြီ ဟု မြစ်ကြီးနားဘူတာမှ အမည်မဖေါ်လို သူတစ်ဦး မှ ပြောကြားခဲ့ပါသည်။ …………နောက်ဆက်တွဲသတင်း များကို မသိရှိရသေးပါ ။

 

မန္တလေး- မြစ်ကြီးနား အဆန်ရထား (အထူးအိပ်စင်) သည် ဧပြီလ ၂၉ ရက် နံနက် ၁ နာရီဝန်းကျင်က နန့်စီအောင်နှင့် မော်အန်ဘူတာအကြား မိုင်တိုင်အမှတ် ၆၁၆/၁-၂ အကြားတွင် မိုင်းကွဲမှုကြောင့် ရထားတွဲ ကိုးတွဲ လမ်းချော်ခဲ့ပြီး လူစီးတွဲ တစ်တွဲမှာ ပျက်စီးသွားခဲ့ကြောင်း သိရှိရသည်။ EMG facebook

the Voice ရဲ့ facebook စာမျက်နှာမှာလည်း..

မန္တလေး – မြစ်ကြီးနား ပြေးဆွဲနေသော လူစီးအိပ်စင် ရထားတစ်စင်း ယမန်နေ့ (ဧပြီ ၂၈) ည ရှစ်နာရီခန့်က ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းအစပ် မှော်ဟန် – နန့်စီးအောင်တွင် တိမ်းမှောက်မှု ဖြစ်ပွားခဲ့ရာ လူစီးတွဲ ရှစ်တွဲ တိမ်းမှောက်ခဲ့ပြီး လူအသေအပျောက် ရှိကြောင်း The Voice Weekly သတင်းထောက်က သတင်းပေးပို့သည်။

ဒီလို အကြမ်းဖက်အလုပ်တွေ ဘယ်လိုလူကပဲ လုပ်လုပ် ရှုံ့ချပါတယ်။ ဒီလုပ်ရပ်တွေဟာ ငြိမ်းချမ်းရေးကို ဦးမတည်ပါဘူး..။ ပြည်သူတွေ ထိတ်လန့် စိုးကြောက်နေရမှာပါ..။ ပြည်တွင်းစစ်မီးတွေရော အဖျက်လုပ်ငန်းတွေရော ရပ်တန်းက ရပ်ကြပါ..။

 

 

14 comments

  • ရွာစားကျော်

    April 29, 2012 at 2:59 pm

    မန္တလေးမြို့မှ ယမန်နေ့(၂၈.၄.၁၂) နေ့လည် ၁ နာရီခန့်က မြစ်ကြီးနားသို့ထွက်ခွာသွားသော မန္တလေး-မြစ်ကြီးနား ရထားသည် နန်းကွေ့-ပြည်ထောင် ရထားလမ်းပိုင်းအတွင်း တစ်နေရာတွင် ယနေ့(၂၉.၄.၁၂) နံနက်အစောပိုင်းက သံလမ်း မိုင်း(ဗုံး)ကွဲမှုကြောင့် တွဲချော်ကာ လူရှစ်ဦး သေဆုံးသွားကြောင်း ရထားဝန်ထမ်းတစ်ဦးက CJMyanmar သို့ သတင်းပို့ပါသည်။

    အဆိုပါ ရထားနောက်မှ မြစ်ကြီးနားသို့ ထွက်ခွာသော အခြားသော မန္တလေး-မြစ်ကြီးနား ရထားတစ်စင်းသည် ယခုအခါ နဘားဘူတာတွင် ရပ်တန့်ထားရကြောင်းနှင့် မန္တလေး-မြစ်ကြီးနား အသွားအပြန် ရထားပြေးဆွဲမှုကို ၅ ရက်ခန့် ရပ်တန့်ထားနိုင်ကြောင်းလည်း သိရသည်။

    မန္တလေး-မြစ်ကြီးနား ကုန်စည်စီးဆင်းမှု ရပ်တန့်သွားသဖြင့် ယနေ့ မြစ်ကြီးနားတွင် စားသောက်ကုန်ပစ္စည်းများသည် နဂိုဈေးထက် အတန်ငယ် မြင့်တက်လျက်ရှိလာနေကြောင်းလည်း CJMyanmar က သတင်းရရှိပါသည်။

    သစ်ထူးလွင်ဆိုက်မှ

    • မဟာရာဇာ အံစာတုံး

      April 29, 2012 at 3:16 pm

      လူ ရှစ်ဦးတောင် သေတယ် ဆိုပါလားဗျ …
      စိတ်မကောင်းစရာပဲဗျာ ..
      အောက်က ကိုပေါက်ဖော် ပြောသလို သောက်ဆင့်မရှိတဲ့ လုပ်ရပ်တွေပဲ .. 🙁
      ဘယ့်နှယ်ဗျာ ..
      တကယ့်တကယ် လုပ်ချင်ရင် သူတို့ လုပ်နက်ကိုင်သူတွေ အချင်းချင်းပဲ ဖိုက်ကြပါတော့လား ..
      အခုတော့ …
      ကြားထဲက ဘာမဆိုင် ညာမဆိုင် ပြည်သူတွေက အသက်ကို စတေးပေးနေရတယ် ..
      မဖြစ်သင့်တဲ့ ကိစ္စပါပဲ ..

  • ဗိုက်ကလေး

    April 29, 2012 at 3:08 pm

    သံဃာ နှစ်ပါးလဲ မိုးညှင်းဆေးရုံ ပို ့ထားရတယ်ပြောတယ်.ဗျာ..
    အောက်တန်းကျတဲ့ လုပ်ရပ်ပါဗျာ..
    နှစ်ဘက် အဆင်မပြေဖြစ်တိုင်း ဘာမသိညာမသိ ပြည်သူတွေပဲ စတေးခံနေရတယ်..
    သောက်ဆင့်မရှိတဲ့လုပ်ရပ်ပါဗျာ

  • Mလုလင်

    April 29, 2012 at 3:33 pm

    မြေဇာပင် တွေဖြစ်ကုန်မယ့် အရေး .. တွေး ရင်း ရင်လေး ရပါလားနော် …. ။

  • ကိုရင်မောင်

    April 29, 2012 at 4:45 pm

    စိတ်မကောင်းစရာသတင်းပါလား..
    အများပြည်သူထိခိုက်မဲ့လုပ်ရပ်ကို
    နှစ်ဘက်စလုံးမလုပ်သင့်ပါ….
    ဒီလိုလုပ်ရပ်တွေကိုကန့်ကွက်ရှုံ့ချပါတယ်….

  • MaMa

    April 29, 2012 at 6:20 pm

    ရှင်ဘုရင်တွေလက်ထက်က စီးချင်းထိုးကြတာကို သဘောကျတယ်။
    ကိုယ့်အစွမ်းအစနဲ့ကိုယ် နိုင်တဲ့လူ ဘုရင်လုပ်တာကမှ တရားမျှတသေးတယ်။
    ခုတော့ကာ…. 🙁

    • surmi

      April 29, 2012 at 8:39 pm

      အခုဘုရင်က ခြေတုန်လက်တုန် ဘယ်စီးချင်းထိုးလို.ရပါ.မလဲ ။
      ပြိုင်ချင်းပြိုင်ရင် ခေါင်းပန်းလှန်တိုင်းပြိုင်လိမ်.မပေါ. …ဟဲ ဟဲ ။

  • windtalker

    April 29, 2012 at 6:36 pm

    အဲဒီ စဉ်းစားဆင်ခြင်ဉာဏ်မဲ့စွာ အပြစ်မဲ့ပြည်သူတွေ ကို ဒုက္ခပေးနေတဲ့ ကောင်တွေ ၊ အဖွဲ ့အစည်းတွေ ကို အပြင်းအထန် ကန် ့ကွက်ပါ၏ ။

  • ရလဒ်ကတော့ ပြည်သူတွေ အသက်အိုးအိမ်စည်းစိမ်ဆုံးရှုံးတာပေါ့။
    အာဏာရူးတွေ လုပွဲ ဘယ်တော့ ပြီးဆုံးပေါ့မလဲဗျာ။

  • Onyx

    April 29, 2012 at 8:02 pm

    လာပြန်ပြီလား ဒီဗုံး ဘယ်သူတွေ က လုပ်တာလဲ မသိပေမဲ့ လုပ်ချင်ရင် တိုက်ရိုက်လုပ်ကြပေါ့ မဟုတ်လား
    ခုဟာက အလာကား သတိ္တ မရှိပဲ ယောက်ကျားတန်မဲ့ထမိန်ဝတ်ပြီး လုပ်တဲ့ ကောင်စားတွေ လုပ်ရပ်ပဲ
    သူတို့ ပထွေးတွေကိုတော့ ကိုယ်တိုင် မလုပ်ပဲ တစ်ခါလာလဲ ပြည်သူ တစ်ခါလာလဲ ပြည်သူ အဲလိုလူတွေကို
    သေချာဖော်ထုပ်ပြီး သေဒဏ်ပေးလိုက်ဖို့ကောင်းတာ ။ စံပြအနေနဲ့လေ ဒါမှ နောက်လူတွေ မလုပ်ရဲအောင်လို့။စိတ်ပျက်ဖို့ သိပ်ကောင်းဒလယ်ဂျာ

  • က်ိုကိုအိုဗာ

    April 29, 2012 at 8:30 pm

    ဒီကောင်တွေက အလကားကောင်တွေ
    ပိုက်ဆံရလို ဗုံးခွဲတဲ့ကောင်တွေပါဗျာ
    ပိုက်ဆံများရလို့ ကိုယ်အမေကိုတောင် ပြန်ခွဲမယ့်
    အလကား ချီးထုပ်တွေ

  • သော်ကြီး

    April 29, 2012 at 8:57 pm

    ရထားအမှတ် က (၃၃) အဆန် ၊ မန္တလေး-မြစ်ကြီးနားရထား ( အိပ်စင်) ဒဏ်ရာရသူက ( ၂ ) ဦး ၊ လူသား တစ်ဦးနှင့်သံဃာတတစ်ပါး။ အသေအပျောက်မရှိ ။ ဖြစ်ပွားချိန် ( ၂၉-၄-၂၀၁၂ ) ရက်နေ့ နံနက် ( ၁ ) နာရီ ၁ဝ မိနစ် ။ ဒဏ်ရာမှာ စိုးရိမ်စရာမရှိ ။

  • သော်ကြီး

    April 29, 2012 at 8:59 pm

    တံတားကိုခွဲတာ ။ တံတား သံပေါင်များ တွန့်လိမ်သွားကြောင်း။ တံတားအမှတ် ( ၅၃၄ ) အတိတ်စိမ်း ။ မိုင်တိုင်အမှတ် ၆၁၆ / ၃ ။

  • လူ ဟား

    April 30, 2012 at 7:07 am

    ပြောလိုက်ချင်တယ်။ တပ်မတော်လည်း အလကား… KIA အလကား… လုပ်မယ်ဆိုလည်း ပြတ်ပြတ်သားသားလုပ်ပစ်။ မိနစ်ပိုင်းအတွင်း လိုင်ဇာကို သိမ်းလို့ရတယ်ဆိုရင်လည်း သိမ်းပစ်။
    အဖြစ်မရှိရင်လည်း ဘာမှ လုပ်မနေနဲ့။ ထိခိုက်တော့ အပြစ်မဲ့ပြည်သူဘဲ ထိခိုက်တယ်။
    လုပ်ပြီးရင် ဘယ်တော့မှလည်း တာဝန်ယူတယ်မရှိဘူး။ ခိုးကြောင်ခိုးဝှက်နဲ့။ တာလီဘန်ကမှ ဟုတ်သေးတယ်.. သူလုပ်ရင် လုပ်တယ်လို့ ဝန်ခံတယ်။ ခုဝန်ခံလိုက်စမ်းဘာ… ငါ..နော်..

Leave a Reply