ဉာဏဂါယာ ပူဇာခရီးစဉ်(ရှစ်လုံးဘွဲ့) တန်းခူးလ္ဆုပ်(၆)ရက် (သင်္ကြန်အကြိုနေ့)
(၁) သစ္စာညွှန်ပြ အရိယသာသနာ
တိမ်မြုပ်ကွယ်ဟောင်း နှစ်ပေါင်းရှည်ကြာ
ဗုဒ္ဓဟောကြား တရားဘယ်ဟာ
လောကအတွင်း အလင်းပျောက်ခဲ့တာ။
(၂) သာသနာဓမ္မစက် တစ်ဝက်ကျော်လာ
အရိယာပေါ်ထွန်း မော်ကွန်းတည်ရာ
စံတော်မူရပ် တောင်မြတ်သေလာ
တုမရှိ ဘူမိတောင်တော်သာ။
(၃) စံတော်မူရိပ် တောင်ထိပ်ဘွေချာ
သီတင်းသုံးဝါကပ် သူမြတ်ဆရာ
ငါးနှစ်တာမျှ မျှတာ အဟာရာ
ပြုနိုင်ခဲ ရောင့်ရဲတင်းတိမ်စွာ။
(၄) ရုပ်နာမ်ရှုပွား တရားကိုရှာ
ရုပ်နာမ်ဖြစ်ပျက် မြင်လျှက်သိမှာ
ဘယ်လောက်ရှုမှတ် ပရမတ်သစ္စာ
ပွားသော်ငြား တရားမရပါ။
(၅) အဗျာကတ ဗုဒ္ဓမိန့်မှာ
မွေးသေဟိုဘက် တွက်ချက်မပါ
ဖြစ်ခြင်း မဖြစ်ခြင်း အလျှင်းမပါ
ဗျာဒိတ်စကား ထင်ရှားရှိခဲ့တာ။
(၆) ဒီနွေ မိုးဆောင်း လှည့်ပြောင်းအခါခါ
ရာသီစက်ဝန်း ထန်ပြင်းကြုံလာ
သည်းခံစွန့်စား ရှေ့ထားမေတ္တာ
လောကအတွင်း အလင်းရောက်ဖို့ပါ။
(၇) စံတော်မူနန်း စခန်းသီလာ
အရိယဓမ္မ သစ္စလေးဖြာ
ဆင်ခြင်မြင်သိ ဗောဓိ ဉာဏာ
ကျင့်ကြံပွား ရှစ်ပါးမဂ္ဂင်ဖြာ။
(၈) သစ္စာဉာဏ်ပန်း ပွင့်လန်းဝေဖြာ
ကမ္ဘာမြေနှံ့ သင်းပျံ့ကြိုင်စွာ
ကိုယ်စီကိုယ်ငှ ဆင်သစေရာ
သစ္စာပန်း ကြိုင်လျှမ်းသင်းထုံစွာ။
(၉) အဝိဇ္ဖာမှောင်ခွင်း အလင်းဝိဇ္ဖာ
ကိလေအာသွ ခွာချတဏှာ
ဒုက္ခမြင်သိ အရှိမှန်စွာ
အရဟတ္တ မြတ်လှအရိယာ။
(၁၀) ကျင့်ဘွယ်ကိစ္စ ပြီးထသောခါ
ဒေသစာခရီး တောင်ကြီးသေလာ
ရွှေမြင်တင်ဟု ညွှန်ပြုနာမာ
မိုးစွန်ဖျား မြင့်မားတောင်တော်မဟာ။
(၁၁) ကျောင်းဆေးသင်္ကန်း ဆွမ်းပန်းမရေရာ
နေ့စဉ်အဟာရ မျှတစွာသာ
လောကလူမျိုး အကျိုးရည်ကာ
ရှင်ရဟန်း ပင်ပန်းတော်မူရှာ။
(၁၂) ဗုဒ္ဓညွှန်ပြ ဓမ္မအဖြာဖြာ
စစ်မှန်အဟုတ် ဖော်ထုတ်ပြန်ရာ
တရားမတရား ပြတ်သားသေချာ
ဗုဒ္ဓတရား ရေးသားကျမ်းစာလွှာ။
(၁၃) အရိယဓမ္မ သစ္စအဖြာဖြာ
နေ့ညမခြား ဟောကြားဒေသနာ
ဒေသစာလှမ်း ကြွမြန်းပြန်တာ
လူအများ တရားရဘို့ပါ။
(၁၄) အရှင်ဉာဏ သံဃရတနာ
လောကဓမ္မ ခံရပြန်ရှာ
ထေရာဝါဒ ကမ္မသစ္စာ
နှစ်ဖြာကွဲ ရှောင်လွှဲခဲ့ရရှာ။
(၁၅) သစ္စာရောင်လွှမ်း ထက်နန်းအာကာ
ပစ္စုပ္ပန္န ကမ္မသစ္စာ
မတူခြားနား မိုးသားအပြာ
သျှင်ဉာဏ ဓမ္မဝိဟာရာ။
(၁၆) ငွေတောင်တော်မြတ် ဝါကပ်ပြန်ရှာ
ကြီးမားဆန္ဒ အနန္တမေတ္တာ
မဟာပေါဋ္ဌက လောကရတနာ
သစ္စာနည်း အပြီးသုတ်သင်ကာ။
(၁၇) အရိယာနေမင်း ထွန်းလင်းရောင်ဖြာ
ငွေတောင်တော်စွန်း မော်ကွန်းသာသနာ
ကံသစ္စာပန်း ပွင့်လန်းကြိုင်စွာ
သျှင်ဉာဏ ညွှန်ပြတော်မူရှာ။
(၁၈) မဟာပေါဋ္ဌက ကျမ်းအလှရွှေစာ
ကျမ်းပြီးတွက်စစ် သုံးနှစ်သုံးဝါ
ငွေတောင်ခြေရင်း သက်ဆင်းပြန်ရှာ
မိုးပေါက်ကျ မျှတစံနေရာ။
(၁၉) ကိုယ်နုတ်စိတ်ထား အမှားရှောင်ခွာ
တရား မတရား ပြတ်သားသိကာ
လူ့ငြိမ်းအေးမှု ရှေးရှုလို့သာ
မြတ်တရား မမှားကျင့်ရမှာ။
(၂၀) ဝါကပ်ဌာန ဉာဏဂါယာ
သံဝေဂများ ဆပွားအခါခါ
ဖြူစင်စိတ်ရင်း မိတ်သင်းဆွေညာ
ဆရာ့ကျေးဇူး ရည်စူးနိုင်စေရာ……
ညွန့်ဝေဦး ရေးသားပူဇော်သည်။
သျှင်ဉာဏ၏ တပည့်သာဝကများသို့ ဆရာ့ကျေးဇူး ဂုဏ်ထူးအဖုံဖုံ ရည်သန်သမှု အာရုံပြုလျှက် ရှိခိုးဦးခိုက် အောက်မေ့တသ နိုင်စေရန် စိတ်ရည်သန်၍ …….ထို့ကြောင့် မသွေ မိတ်ဆွေ သာဝက ညီအစ်ကိုမောင်နှစ်မသို့ ကိုယ်နှင့်ထပ်တူ ပမာပြု၍ ကြည်ဖြူ သဒ္ဓါ ပွားများကြစေခြင်းငှါ လှည့်လည်ပူဇာ ဉာဏဂါယာ မော်ကွန်းလွှာကို ထပ်တူထပ်မျှ ရကြစေရည် ကောင်းမြတ်သော မနသီဖြင့် မျှဝေပါရ အရိယာသစ္စာ ဓမ္မမိတ်ဆွေ သာဝက အပေါင်းတို့ခင်ဗျား…..။
သျှင်ဉာဏ၏ တရားဓမ္မ အမှားမြင်သူ မိတ်သဟာ အပေါင်းကို အကျွန်ုပ်တို့ တောင်းပန်သမှု အစဉ်ပြုသည် ဤစာမြင်စဉ် ဒေါသဝင်၍ မိစ္ဆာစိတ်ရိုင်း မဝင်ကြစေရန်နှင့် သျှင်ဉာဏ၏ တပည့်များအပေါ် နားလည်နိုင်ကြပါစေရန်။