ခုတ်ပါထစ်ပါ ပါးပါးလှီးပါ divide


တနေ့ဂ အင်တာနက်သတင်းတခုမှာ ဦးသိန်းစိန်အစိုးရအဖွဲ့အတွင်း ဝံကျီးငါးယောက် အပြောင်းအလဲလုပ်မယ် ဖတ်လိုက်ရဒယ်။ နောက်တနေ့ကျတော့ အဲဒီဆိုက်က ပြန်ဖြုတ်လိုက်တယ်တဲ့။ ဗွိုက်စ်သတင်းဂျာနယ်မှာ စက်မှုဝန်ကျီး ဦးစိုးသိန်းကို ဝန်ကျီးအဖွဲ့ အပြောင်းအလဲ ရှိနိုင်မလားမေးဒေါ့ ဒီမိုကရေစီအစိုးရလက်ထက်မှာ အစိုးရအဖွဲ့အတွင်း အပြောင်းအလဲတွေ ရှိတတ်ပါဒယ်လို့ မယုတ်မလွန်ဖြေတယ်။ ဝန်ကျီးအဖွဲ့ အပြောင်းအလဲ သတင်းထွက်နေတာကြာပြီ။ သဘောထားတင်းမာတဲ့ ဝန်ကျီးအမည်တွေလည်း ထွက်ထားဒယ်။ ဦးသိန်းစိန် ဂျပန်ခရီးမှာ အန်အယ်လ်ဒီကို ဝန်ကျီးနေရာတချို့ ပေးမယ်လို့ သတင်းထွက်တယ်။ ဟုတ်တာ မဟုတ်တာ အပထား၊ ဟုတ်ခဲ့ရင်ဆိုပြီး မစားရဝခမန်း တွေးကြည့်ပါမယ်။
အစိုးရအဖွဲ့အတွင်း အပြောင်းအလဲ ဖြစ်လာခဲ့ရင် အံ့ဩဇရာ မရှိပါ။ နောက်ဆုံးထွက်လာတဲ့ ဝန်ကျီးငါးဦး စာရင်းမှာ ပြန်ကြားရေး ဦးကျော်ဆန်း၊ စီးပွားရေး ဦးဝင်းမြင့်၊ ဟိုတယ်ခရီး ဦးတင့်ဆန်း၊ လျှပ်စစ် ဦးဇော်မင်း၊ စက်မှု ၁ ဦးကျော်စွာခိုင် တို့လို့ပါဒယ်။ လယ်ယာစိုက်ပျိုးရေး ဦးမြင့်လှိုင်လည်း လွှတ်တော်နဲ့ မတည့်ထားတော့ သူလည်းရောယောင် ပါသွားနိုင်ဒယ်။ အခုဝန်ကျီးဌာဏဒွေအားလုံးသည် အမေရိကန်၊ အီးယူ၊ ဂျပန်နိုင်ငံများမှ ပေးလာမည့် အထောက်အပံ့များနဲ့ ဆက်နွယ်နေဒယ်။ နောက်တချက်က စစ်တပိုင်း အစိုးမရအတွက် စိုးရိမ်ရလောက်အောင် အန္တရာယ်မရှိဘူး။ သူတို့အလေးအထားဆုံးဂ လုံခြုံရေးဖြစ်ပါတယ်။ ကာကွယ်ရေး၊ နိုင်ငံခြားရေး၊ ပြည်ထဲရေး၊ နယ်စပ်ရေးရာ၊ လူဝင်မှုရေးတို့ဂို အရေးအကြီးဆုံး ထိန်းချုပ်မှာဖြစ်ပြီး ပိုက်ဆံရှာပေး ဘတ်ဂျက်ရေးဆွဲဒဲ့ စီမံကိန်း၊ ဘဏ္ဍာရေး၊ သတ္တုတွင်း၊ စွမ်းအင်တို့ဂို ဒုတိယ၊ ကျန်ဌာဏများဂို တတိယအဆင့် သတ်မှတ်ကောင်း သတ်မှတ်နိုင်ဒယ်။ နောက်ဆုံး မလွှတ်မဖြစ် လွှတ်ရမယ်ဆိုရင်ပြောဒါပါ။
အခုစာရင်းထဲမှာ ပညာရေး၊ ကျန်းမာရေး ဝန်ကျီးထာဏဒွေ မပါလို့ ဟုတ်ခဲရင် ဘာဒွေ ဆင်ကြံကြံနေပြန်လဲ မသိဘူး။ ပြန်ကြားရေးဌာနဆိုရင် မီဒီယာလွတ်လပ်ခွင့် ပေးလိုက်တဲ့အခါ သူ့ဩဇာအာဏာ အတော်လျော့ သွားမယ်၊ စက်မှု ၁ ဆိုလည်း ပက်ပက်စက်စက် ရှုံးနေဒါ၊ လျှပ်စစ်ကလည်း သိတဲ့အတိုင်း ချီးထုပ်၊ စီးပွားရေးနဲ့ ဟိုတယ်ခရီးဂလည်း နိုင်ငံတဂါ ယုံကြည်တဲ့သူရှိမှ ဆွဲဆောင်နိုင်မယ်။ လယ်ယာစိုက်ပျိုးရေးလည်း ထိုနည်း၎င်း၊ ပညာရေးနဲ့ ကျန်းမာရေးဌာဏဒွေလည်း လွှဲပေးလို့ သူတို့လုံခြုံရေးကို မထိခိုက်နိုင်ဘူး။ အန်အယ်လ်ဒီဂို အဲဒီ နေရာအားလုံး လွှဲပေးမယ်ဆိုရင်တော့ သိပ်မျှော်လင့်နေရာကျမယ်။ ၂၀၁ဝရွေးဂေါက်ပွဲ နေရာအချို့ ရထားတဲ့ တစည၊ ရှမ်းတိုင်းရင်းသားပါတီလိုမျိုး ဖိအားပေးလို့ရမည့် ပါတီတွေကိုပါ ဆွဲသွင်းကောင်း ဆွဲသွင်းလိမ့်မယ်။ ဒုတိယဝန်ကျီးများဂိုတော့ သူတို့လူတွေနဲ့ ညှပ်ထားမယ်။ ဝန်ကျီးလက်အောက်ခံ ဦးစီးဌာန၊ ကော်ပိုရေးရှင်း အရာရှိကြီးတွေ အားလုံးလိုလိုဂ စစ်ဗိုလ်ဟောင်းတွေ ဖြစ်နေပြီ။ ဝန်ကျီးဖြစ်လည်း သိပ်လှုပ်လို့ဒေါ့ မရပါ။
အန်အယ်လ်ဒီအနေနဲ့ လုပ်နိုင်တာ ဝန်ကျီးဌာဏဒွေနဲ့ လုပ်ပိုင်ခွင့်များကို အပြည့်အဝတောင်းဆို ဒါမှမဟုတ် အခြားဝန်ကျီးဌာဏများမှာလည်း အန်အယ်လ်ဒီမှ ဒုတိယဝန်ကျီးများ တွဲဖက်ခန့်ထား ( လွှတ်တော်တွင်း လူနည်းစု ပါတီအနေနဲ့ ဖြစ်နိုင်ချေ အလွန်နည်းပါဒယ်)။ လွှတ်တော်အမတ် မဟုတ်သူ ပါတီလူဂျီးများထဲမှာ သင့်တော်သူများ ရှိပါတယ်။ ပါတီထောက်ခံသူ တတ်သိပညာရှင်များရဲ့ ကူညီမှုနဲ့ အကြံညဏ်ကောင်းများ ရရှိလိမ့်မယ်။ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့တော့ ဝန်ကျီးအဆင့်ထက်ပိုတဲ့ ရာထူးကမ်းလှမ်းမှုမျိုးကိုသာ စဉ်းစားသင့်ဒယ်။ ဥပမာ ဝံကျီးချုပ်လိုမျိုး.. အဲလိုမှ မဟုတ်ရင်တော့ လွှတ်တော်ကိုယ်စားလှယ်တဦးအနေနဲ့ (လွှတ်တော်မတက်ရလည်း အရွေးချယ်ခံလွှတ်တော်ကိုယ်စားလှယ်ဖြစ်နေဆဲပါ) အခြေခံဥပဒေ ပြင်ဆင်ရေး၊ တရားဥပဒေစိုးမိုးရေး၊ ပါတီတည်ဆောက်ရေးများ ရွက်ဆောင်တာ တိုင်းပြည်အတွက် ပိုအကျိုးရှိပါတယ်။ အန်အယ်လ်ဒီပါတီအနေနဲ့ ဥပဒေပြုရေးသာမက စီမံခန့်ခွဲရေးအာဏာပါ ရမှာဖြစ်လို့ အကျိုးရှိသလို ဦးသိန်းစိန်တို့လည်း ဂေါင်းပေါ်တင်ထားရတဲ့ ချီးထုပ်များ လွှဲပေးနိုင်လိုက်တဲ့အပြင် အနာဂတ်နိုင်ငံရေးမှာ တရားဝင် ရပ်တည်ခွင့် ရသွားမယ်။ ဇနီးမယား သားသမီးများလည်း အနောက်နိုင်ငံများသွား ဈေးဝယ်ရှော့ပင်း ထွက်နိုင်ဂျမယ်။ ညွှန့်ပေါင်းအစိုးရမှ ရလာမည့် တိုးတက်မှု အသီးအပွင့်ရလဒ်များဂို ခွဲဝေခံစားနိုင်မယ်။ သေနတ်ကိုင်ထားလို့ ထိုင်ခုံဂနေ ကန်အချခံရမှာလည်း စိုးရိမ်စရာ မရှိဘူး။ နှစ်ဖက်စလုံး အကျိုးရှိမည့် win–win ဖြေရှင်းနည်းမျိုး ဖြစ်ပါဒယ်။

8 comments

  • mg mg

    April 30, 2012 at 8:59 am

    ဦးကြောင်ကြီးကို သမတအကြံပေးခန့်လိုက်ချင်တယ်။

    • မဟာရာဇာ အံစာတုံး

      April 30, 2012 at 8:44 pm

      အဲဂလိုချို ..
      မြန်မာပြည်ကြီး ကမ္ဘာပျက် .. အဲ .. ကမ္ဘာပေါ်မှာ ထင်းထင်းကြီး ပေါ်ထွက်လာမှာဘဲ ..
      အဟီး းးးးးးး
      😀

  • kyeemite

    April 30, 2012 at 10:09 am

    အင်း..စောင့်ကျိဂျဒါပေါ့ဗျာ..

  • ဗိုက်ကလေး

    April 30, 2012 at 10:35 am

    ဥင်း
    ဆောင့်ကြိဃျဓါဘော့ဗျာ

  • pazflor

    April 30, 2012 at 1:56 pm

    သဂျီးကိုတော့ သာသနာရေး ဝန်ဂျီး အဖြစ် ခန် ့မယ်လို ့ကြားဒါဘဲ…:P

    • windtalker

      April 30, 2012 at 8:29 pm

      ကောင်းလိုက်တဲ့ အိုင်ဒီယာ ။ ဒီပို ့စ်မှာ အကောင်းဆုံး ကွန်မင့် ဘဲ ။ ဟားဟားးးး

  • Onyx

    April 30, 2012 at 2:33 pm

    စောင့်ကလေ မောင်မျှော်လို့ရယ် ကြည့်နေပါမယ်လို့
    ကောင်းသော ပြောင်းလဲ ချင်းတွေ နဲ့ နိုင်ငံ ကြီး တိုးတက်ပါစေလို့

  • နေဝန်းနီ

    April 30, 2012 at 10:24 pm

    ခုတ်မှာပဲ… ထစ်မှာပဲ… ပါးပါးလှီးမှာပဲ… ……….မှာပဲ ငါ့ကိုလာမတားနဲ့..။ ငါ့မှာ တယုတ်ဓါးရှိတယ်…။ ဝက်သားတုန်းတွေ နုတ်နုတ်…နုတ်နုတ် စင်းပစ်ဦးမှာ…။ သိလား

Leave a Reply