သူငယ်ချင်းဆီက ကော်ပီတာပါ…..။

Kaung Kin PyarApril 30, 20121min2647

ရွှေပြည်သာမြို့နယ် ဆောက်လုပ်ရေးမှတ်တိုင်မှာ ထမင်းထုတ် အထုပ် 1000 ကျော် အလှူခံအရေးပေါ်လိုအပ်နေ
ဒေါ်ခင်ဝင်းကြည် ဖုန်း 0943188616 နှင့် 0943089342 သို့ဆက်သွယ်လှူဒါန်းပေးပါရန် မေတ္တာရပ်ခံပါသည် ။
ဖြစ်စဉ်ကတော့ ဆောက်လုပ်ရေးဝင်း တပ်ပိုင် မြေပေါ်မှာ အိမ်ဆောက်နေတဲ့ မိသားစု 200 ကျော် လူဦးရေ 1000 ကျော်ကို နေအိမ်တွေကနေဖယ်ရှား ဖို့ စစ်တပ်တာဝန်ရှိသူတွေက စေခိုင်းခဲ့ပါတယ် ။ မိသားစုတွေက ပြောင်းရွှေ့စရာ မရှိတဲ့အတွက် မဖယ်ပေးတဲ့အခါ – တပ်က ခြံစည်းရိုးခတ်လိုက်ပြီး အထဲကလူ အပြင်ဘဲပေးထွက်ပြီး ပြန်မဝင်ခိုင်းတဲ့အတွက် အတွင်းအပြင် အဆက်အသွယ်ပြတ် စားသောက်ရေးခက်ခဲနေတယ်လို့ ဒေါ်ခင်ဝင်းကြည် ကဆိုပါတယ် ။
ဖြစ်ပွါးနေတာကတော့ လွန်ခဲ့တဲ့ နှစ်ရက်သုံးရက်ကစတင်နေတာကြောင့် – ဒီနေ့ နေ့လည်စာ ထမင်းထုပ်ပေါင်း 800 ကျော်ကို အလှူခံရရှိပြီး ကျွေးမွေးထားပြီးပြီလို့ ဒေါ်ခင်ဝင်းကြည်ကဆိုပါတယ် ။
တရားတယ်/ မတရားဘူး – ကြေနပ်တယ်/မကြေနပ်ဘူး ဆိုတဲ့ အငြင်းအခုန်တွေအသာထားပြီး အရေးပေါ် ထမင်းထုပ်ကိစ္စကိုဘဲ ဦးစားပေးစီစဉ်ပေးဖို့ကို အထူးမေတ္တာရပ်ခံပါတယ် ။
အရေးပေါ် ထမင်းထုပ် ကိစ္စ အာရုံစိုက်အားထည့်ပြီးမှသာ မတရားမှုတွေကို ဆက်လက်တိုက်ပွဲဝင်ကြပါရန်
( ကလေးငယ်များ ကလေးလတ်များ စားသောက်ရေး အထူးသတိပြု )

– ကိုယ်တိုင်သွားလှူခြင်းဖြင့် ကူညီပါ
– သွားလှူမဲ့သူကို ငွေလှူလိုက်ပါ
– အလှူဝိုင်းခံပေးပါ
– အနည်းဆုံး ဒီသတင်းရှယ်ယာပေးကြပါ။

———————————————————————-

ကော်ပီထားတာကတော့ ဒါအကုန်ပါပဲ…။ သူ့ကို ဒီသတင်းသေချာလားမေးတော့လဲ သူ့မန်နေဂျာအမျိုးသမီးဆီက ရတာပါတဲ့….။ သူ့မန်နေဂျာအမျိုးသမီးကလဲ ကော်ပီတယ်လို့ ပြောပါတယ်….။ ဟုတ်မဟုတ် နီးစပ်ရာစုံစမ်းပေးကြပါ….။ တကယ်ဟုတ်နေတယ်ဆိုရင်တော့ တကယ်လှူသင့်တယ်ထင်ပါတယ်..။

 

7 comments

  • Onyx

    April 30, 2012 at 2:56 pm

    ကောင်းကင်ရေ ဟုတ်မဟုတ်တော့ သိဘူး ဟုတ်နေရင်တော့ လျှူဖို့ အသင့်ပါလို့
    အဲ လို ဖယ်ခိုင်းတဲ့ နီးနဲ့ ဖြေရှင်းတာထက်ကောင်းတဲ့ နီးလမ်းဒင်းတို့ အခုထိ တွေ့ကြသေးဘူးလား
    စိတ်ပျက်ဖို့ ကောင်းဒလယ်ဂျာ

  • ထုံးဘဲဥ

    April 30, 2012 at 4:26 pm

    အဲ့ဒါ ဘူ့ အပြစ်ရဲဂျာ ဖယ်ခိုင်းတဲ့သူအပြစ်လား မြေပိုင်မဟုတ်ပဲ အိမ်ဆောက်နေတဲ့သူတွေအပြစ်လား

  • snow white

    April 30, 2012 at 5:12 pm

    အဆင်ပြေမယ့်သတင်းလေးတွေဘဲကြားရပါစေ

    • windtalker

      April 30, 2012 at 7:56 pm

      ကိုကိုသန်း ဖုန်းဆက်တာကို မကိုင်ဘူး ဆိုတော့ ၊ ဒီကိစ္စ သိပ်မသေချာလောက်ဘူး လို ့ထင်ပါတယ် ။

  • kaung kin pyar

    May 1, 2012 at 9:21 am

    ကောင်းကင်ပြာကိုယ်တိုင်လဲ သတင်းအတိအကျ မသိရပါ…။ ဒါကြောင့် Title မှာသူငယ်ချင်းဆီက ကော်ပီတာပါလို့ တင်ခဲ့ပါသည်…။ တကယ်ဖြစ်နေရင်တော့ လှူနိုင်ဖို့ မောင်းထုခြင်းပါ..။

  • အလင်းဆက်

    May 1, 2012 at 4:26 pm

    ကြားရတာ နားဝမှာ မသက်သာလိုက်တာ..ဗျို ့ ။ လုပ်ကြပါဦး။ ဒီသတင်း ..တကယ်လားဆိုတာ..။
    တကယ်.ဆိုရင် လည်း..ဝိုးင်း..လိုက်ရအောင်လေ.။

Leave a Reply