သိသမျှပြောပြချင်ပါသည်.. (၁)

aye.kkApril 30, 20121min23311

သိသမျှ ပြောပြချင် သည်က ကျမ၏

ပင်ကိုယ်ဗီဇ မွေးရာပါ

ဝါသနာ တစ်မျိုးဖြစ်လို ့နေပါသည်။

ကောင်းတာလေးတွေဆို ကိုယ်ကဖတ်ပြီး သူများတွေ

မဖတ်မိရသေးရင်လည်း ဆိုတဲ့အသိနဲ ့ ပြန်လည်လို ့

ထပ်ဆင့်မျှဝေပြီး ကိုယ်သိထားသည့် ဖတ်ထားသည့်

ဗဟုသုတ လေးများအား သိသမျှ ပြောပြ ချင်ပါသည်။

ကောင်းနိုးရာရာ သိထားတာလေးများ ဆိုပါကလည်း လွန်စွာ

ပြောပြချင်နေ မိသည်က ကျမ၏ အမူအကျင့်

လေးပင်ဖြစ်ပါသည်။

ယခုပြောပြချင် တာလေးက “ကျော်အောင်စံထား”

ဆရာတော်ဘုရားက မိန် ့ကြားခဲ့သည့် (ယုဝတီ-ပင်းယဋ္ဌေး)

သာထွန်းပြန် ့မဂ္ဂဇင်း တွဲ၂-မှတ်၅ တွင်ဖော်ပြထား

သည့် အောက်ဖော်ပြပါ အကြောင်းအရာလေး ပင်ဖြစ်ပါသည်။

မြင့်မြတ်သောပုဂ္ဂိုလ်

ရွှံ ့ညွံသည် အညစ်အကြေး ဖြစ်သည်။

ကြာပန်းမှာ သန် ့စင်လှ ပ ၊ မွေးပြန် ့ပါ၏ ။ သို ့ရာတွင်

ကြာပန်းသည် ရွှံ ့ညွံနှင့် ကင်း၍မဖြစ်ပါ ၊ ထို ့အတူ

ဘဝဟူသည် သတ္တဝါတို ့အဖို ့ မက်မောဖွယ် ဖြစ်ပါ၏ ၊ သို

့ရာတွင် ဘဝသည် ကာမဂုဏ် နှင့်ကင်း၍မဖြစ်ပါ ၊ ကာမဂုဏ်

အာရုံတွေကား အထွေထွေ အပြားပြား များလှပါသည် ။

ထိုကာမဂုဏ် ဝဲဩဃတွင် နစ်မွန်းနေပါက လူသည်

ပခုံးနှစ်ဘက်ကြား ခေါင်းပေါက်သော လူမည်ကာ မတ္တသာ

ဖြစ်ပါလိမ့်မည် ၊ မြင့်မြတ်သော လူပုဂ္ဂိုလ် ဖြစ်ရန်

အောက်ပါကျင် ့စဉ်များဖြင့် ပြည့်စုံစွာ

ကျင့်ကြံကြရန်လိုအပ်ပါသည်။

(၁) ကိုယ် ကျိုး စွန် ့ရ မည် ။

(၂) သ ဘော ထား ကြီး ရ မည် ။

(၃) သည်း ခံ မှု အ ပြည့် အ ဝ ရှိ ရ မည် ။

(၄) ကိုယ် ကျင့် တ ရား ကောင်း ရ မည် ။

(၅) အ များ အ တွက် အ နစ် နာ ခံ ရ မည် ။

(၆) အ ရာ ရာ ကို စွန် ့လွတ် ရဲ ရ မည် ။

(၇) ရ တ နာ သုံး ပါး အား အ ထူး လေး စား ကိုး

ကွယ် ဆည်း ကပ် ရ မည် ။

(၈) မိ ဘ ဘို းဘွား များ အား ပြု စု စောင့်

ရှောက်ရမည် ။

(၉) ဆ ရာ သ မား များ အား ရို သေ ကျိုး နွံ ရ မည် ။

အထက်ပါ အချက် ကိုးချက်အား လိုက်နာကျင့်

ကြံသော လူများကား မြင့်မြတ်သော ပုဂ္ဂိုလ်ပင် ဖြစ်သည် ဟု

“ကျော်အောင်စံထား” ဆရာတော်ဘုရားက

မိန့်ကြားခဲ့ပါသည် ။

ဖော်ပြထားတဲ့ “ကျော်အောင်စံထား” ဆရာတော်မိန်

့ကြားခဲ့တဲ့ အချက်ကိုးချက်များက လိုက်နာကျင့်ကြံဖို ့

အလွန်ပင်ကောင်းလှပါတယ် ။ အားလုံးလည်း အချက်ကိုးချက်

ပါအားလိုက်နာ ကျင့်ကြံနိုင်သော “ မြင့်မြတ်သောပုဂ္ဂိုလ်များ”

ဖြစ်နိုင်ကြ ပါစေလို ့မေတ္တာဝေမျှ ဆုတောင်းရင်း…

ရေးသား လိုကြ်ခင်းသာ ဖြစ်ပါသည်။

(ဝေ ဖန် ထင် မြင် မှု လေး များ တောင်း ခံ အပ် ပါ သည်)

11 comments

  • ဆူး

    April 30, 2012 at 5:56 pm

    ဆူး တော့ အဲဒီ အချက်ထဲမှာ သည်းခံ ရမယ် ဆိုတဲ့ အချက် ဆူး နဲ့ မကိုက်ညီဘူး ဖြစ်နေတယ်။
    ဒီတလော စိတ်တော်တော် ဆတ်နေတယ်။
    ဒီညတော့ တရားမှတ်ပြီး အိပ်မှ ဖြစ်တော့မယ်။ နက်ဖန် ဆူး ရဲ့ အလှူမှာ ဖြူဖြူစင်စင် ဖြစ်အောင် ဒေါသကြီးပြီး ဆတ်ဆတ် ထိ မခံနိုင် ဖြစ်နေတဲ့ စိတ်ကို ဆုံးမပြီး မှ အလှူသွားတော့မယ်။

  • (၁) ကိုယ် ကျိုး စွန် ့ရ မည် ။
    (၂) သ ဘော ထား ကြီး ရ မည် ။
    (၃) သည်း ခံ မှု အ ပြည့် အ ဝ ရှိ ရ မည် ။
    (၄) ကိုယ် ကျင့် တ ရား ကောင်း ရ မည် ။
    (၅) အ များ အ တွက် အ နစ် နာ ခံ ရ မည် ။
    (၆) အ ရာ ရာ ကို စွန် ့လွတ် ရဲ ရ မည် ။
    (၇) ရ တ နာ သုံး ပါး အား အ ထူး လေး စား ကိုး
    ကွယ် ဆည်း ကပ် ရ မည် ။
    (၈) မိ ဘ ဘို းဘွား များ အား ပြု စု စောင့်
    ရှောက်ရမည် ။
    (၉) ဆ ရာ သ မား များ အား ရို သေ ကျိုး နွံ ရ မည် ။
    အထက်ပါ အချက် ကိုးချက်အား လိုက်နာကျင့်
    ကြံသော လူများကား မြင့်မြတ်သော ပုဂ္ဂိုလ်ပင် ဖြစ်သည် ဟု
    “ကျော်အောင်စံထား” ဆရာတော်ဘုရားက
    မိန့်ကြားခဲ့ပါသည် ။
    ——————————-
    အချက်(၉)ချက်လုံး အင်မတန်ကောင်းတဲ့ လိုက်နာစရာတွေပါ။ကျေးဇူးပါဗျာ

  • marblecommet

    April 30, 2012 at 6:31 pm

    `ကျော်အောင်စံထား´ ဆရာတော်ဘုရား
    မိန့်တော်မူတဲ့ လိုက်နာရမယ့် အချက်ကိုးချက်က
    အရမ်းခက်ခက်ခဲခဲ လိုက်နာရမယ့်.အချက်တွေမဟုတ်ဘူးနော်
    ကျနော်တို့လည်း ကျနော်တို့လည်း တတ်နိုင်သမျှ လိုက်နာနိုင်အောင်ကြိုး
    စားပါမယ် အန်တီအေးရေ့……

  • မဟာရာဇာ အံစာတုံး

    April 30, 2012 at 7:47 pm

    အမအေးရေ ..
    အချက် ကိုးချက်လုံးက လိုက်နာစရာ ကောင်းတဲ့ အချက်တွေချည်းပါပဲ ..

    သို့ပေသိ တကယ့်တကယ် လက်တွေ့မှာတော့
    လိုက်နာဖို့ လွယ်တော့ မလွယ်လှပါဘူးလို့ ထင်ပါတယ် ..
    နံပါတ် ၁ အချက်ကို ကြည့်မယ်ဆိုရင်ပဲ အတ္တနဲ့ ဆန့်ကျင်ဘက် ဖြစ်နေပြီလေ ..
    သာမန် ပုထုဇဉ် လူသားတွေအဖို့
    ဒီ နံပါတ် ၁ အချက်က အတော်လေးကို လိုက်နာ ကျင့်ကြံဖို့ ခက်ခဲပါတယ် …
    ငါ့အတွက် ဆိုတာကြီးကို ဖြုတ်ပစ်နိုင်ဖို့ဆိုတာ သိပ်တော့ မလွယ်လှဘူးလို့ ထင်မိပါတယ် …

    တကယ့် မြင့်မြတ်တဲ့လူတစ်ယောက် ဖြစ်ဖို့အတွက်ဆိုရင် ..
    ငါ ဆိုတဲ့ သက္ကာယဒိဋ္ဌိ အကြမ်းစားကြီးကို အပြီးတိုင် ဖြုတ်ပစ်လိုက်မှပဲ … လို့ ..
    ကျနော့် အနေနဲ့ ထင်မြင်မိကြောင်းပါ ခင်ဗျာ ..

    ခင်တဲ့ .. အံစာတုံး

  • windtalker

    April 30, 2012 at 8:02 pm

    ဒေါ်အေးကေ ပြန်ရှဲသမျှ မှတ်သွားပါသည် ။ အထက်ပါ အဆိုအချက်များသည် လိုက်နာသင့် ၊ လိုက်နာစရာ များ ဖြစ်သည်မို ့၊ တတ်နိုင်သမျှ တူအောင်နေမည် ။

  • ကြောင်ကြီး

    May 1, 2012 at 8:45 am

    သဂျီးပြောတာ ရဒါအကုန်ယူ စိတ်ရှိသမျှ အကုန်လုပ် ရှေ့ဘဝ နောက်ဘဝ မရှိ၊ သေလျင်ပြတ်ပြီဒဲ့… သူဂ သူဂ…. 🙄

  • blackchaw

    May 1, 2012 at 9:27 am

    အစ်မအေးရေ။
    ပေးထားတဲ့ ကိုးချက်နဲ့
    ကိုယ့်ကိုယ်ကို အမှတ်ပေးကြည့်တော့
    ၆ဝကျော်ကျော်လောက်တော့ ရပါတယ်။
    မြင့်မြတ်သော ပုဂ္ဂိုလ်ဖြစ်ဖို့ အဝေးကြီးမှာပေါ့။
    တတ်နိုင်သလောက် ကြိုးစားဖြည့်ဆည်းသွားပါမယ်ခင်ဗျာ။
    အမှတ်လေးဆယ်အောက်မရောက်သွားတာကိုပဲ
    ဖြေသာပါတယ် အစ်မရေ။

  • Onyx

    May 1, 2012 at 3:42 pm

    ဒေါ်လေးအေးရေ မှတ်သားပြီး တက်နိုင်သလောက် လိုက်နာနိုင်အောင် ကြိုးစားပါ့မယ်လို့

  • aye.kk

    May 1, 2012 at 5:35 pm

    ဆူး…
    သည်းခံဆိုတဲ့စကားကနှစ်လုံးတည်းပါ..
    အလုပ်ခက်ပါတယ်..
    ဘဝဆိုတာလည်းနှစ်လုံးတည်း..
    ရုန်းကန်ရတာမလွယ်ပါဘူး..
    သံသရာမျှောလမ်းမှာအလောင်းကောင်ကိုထမ်းထားရတာမို ့..
    ဘယ်လောက်ဒုက်ခရောက်ရသလည်းကွယ်..
    ခရီးစဉ်မှာ..
    ဂေဇက်မိသားစုတွေနဲ ့
    အတူကုသိုလ်ရယူူကာပျော်ရွှင်ချမ်းမြေ့အေးမြပါစေ..။
    ———————————————————————-
    နာဂရ..ရေ
    ဖတ်သွားတာဝမ်းသာမိပါတယ်..
    မြင့်မြတ်တဲ့အကျင့်ရှိသူတွေသာ..
    နိုင်ငံခေါင်းဆောင်တွေဖြစ်ရင်အရမ်းကောင်းမှာလို ့
    အန်တီဆုတောင်းမိတယ်။
    ——————————————————————————
    marblecommet..ရေ
    လိုက်နာနိုင်အောင်ကြိုးစားမယ်ဆိုတဲ့အသိ..
    တန်ဘိုးရှိလို ့အန်တီဝမ်းသာကျေးဇူးတင်မိရပါတယ်။
    ——————————————————————————–
    အံစာတုံးရေ….
    မြင့်မြတ်သောပုဂ္ဂိုလ်ဖြစ်ဖို ့ကျင့်ကြံလိုက်နာဘို ့ကတကယ်မလွယ်ကူပါဘူး..
    အန်တီဘဝမှာမြင့်မြတ်တဲ့လူပုဂ္ဂိုလ်လူသူတော်ကောင်းနဲ ့တွေ ့ကြုံကာ
    အဆုံးအမတွေနာခံခဲ့ရပေမယ့်..
    အားလုံးက်ိုအန်တီကိုယ်တိုင်ကမလိုက်နာနိုင်ခဲ့ပါဘူး..
    ငယ်ပေမယ့်အသိတရားရှိတဲ့အန်စာတုံးကိုအန်တီလေးစားမိပါတယ်..
    ငါဆိုတာမဖြုတ်နိုင်ကြပါဘူး..
    ဖြုတ်နိုင်တဲ့လူဆိုတာလည်းဒီဇဗ္ဗူလောကမှာလွန်စွာရှားလှပါတယ်ကွယ်။
    ————————————————————————————–
    windtalker..ရေ
    ဝမ်းသာပြီးကျေးဇူးတင်ပါကြောင်းပြောပြလိုက်ပါရစေနော်..။
    —————————————————————————————
    ကိုကြောင်ကြီး..
    အားပေးကာဖတ်လို ့ကျေးဇူးပါနော်..
    သူ ့အတွေး ကိုယ့်အမြင် အထင်တွေကမတူ..
    တူနေကြရင်ကမ္ဘာကြီးကငြိမ်းချမ်းပြီးသာယာလှပနေမှာလေနော်..။
    —————————————————————————————
    blackchaw,..ရေ
    သာမန်အထက်မှာမို ့လေးစားမိရပါတယ်..
    ဂေဇက်မှာတွေ ့ဆုံပြီးခင်မင်ရင်းနှီးမှုတွေပေါ်ပေါက်လာခဲ့ကြတာမို ့..
    အန်တီတော့ဘာပဲပြောပြောဝမ်းသာပြီးအားတက်မိရပါတယ်လို ့ပြောပြလိုက်ပါရစေကွယ်။
    ————————————————————————————————–
    onyx..ရေ
    တတ်နိုင်သလောက်လိုက်နာနိုင်
    အောင်ကြိုးစားမယ်ဆိုလို ့ဝမ်းသာပီတိဖြစ်မိရပါတယ်။

  • မြင့်မြတ်သူတွေ တကယ်နိုင်ငံခေါင်းဆောင်ဖြစ်မယ်ဆို
    အကောင်းဆုံးဆိုပေမယ့် အားလုံးတော့ အပြစ်ကင့်ဖို ့က
    မလွယ်ဘူးလားလို ့ပါ။
    အန်တီ အေး ပို ့စ်က အချက်(၉)ချက်ကို ထိန်းသိမ်းဖို ့က
    လွယ်မယောင်နဲ ့ခက်သဗျ။

  • Dr. ဖိုးပြုံးချို

    May 2, 2012 at 12:13 am

    အကုန်လုံး ထိန်းသိမ်းဖို့ရန် မလွယ်ကူသော်လည်း လူဖြစ်ရကျိုးနပ်အောင် တတ်နိုင်သလောက် အစွမ်းကုန်
    ကြိုးစားဖို့တော့ ဆုံးဖြတ်ချက် ချလိုက်ပါတယ်……
    နောက်ထပ် post များကိုလည်း မျှော်နေပါတယ်…….. လေးစားလျက်
    ဖိုးပြုံးချို

Leave a Reply