ငယ်ရွယ်စဉ် သစ်မွှေးပင်တွင် ဖြစ်တတ်သည့်ရောဂါလက္ခဏာများနှင့် ကုသနည်းများ

Wai Aung Chan MyoApril 30, 20122min932
 ရောဂါ လက္ခဏာ အကြောင်း အရင်း ကာကွယ်နည်း၊ ကုသနည်း။
ရွက်ဖျား၊

အနားသတ် တို့တွင် ညှိုးခြောက် ခြင်း…..

  • အပူရှိန် ပြင်း လွန်းခြင်း
  • စိုထိုင်းဆ နည်းခြင်း
  • မြေဩဇာ အပူ လောင်ခြင်း
  • ရေ(pH 5.5 မှ 7.5ကြား မရှိခြင်း
အရိပ်ရပင်(ငှက်ပျော)ကို ၃’အကွာ ၂~၃ပင်ခန့်  စိုက်ပေးခြင်း (သို့) ပိတ်စိမ်းကျဲမိုးပေးခြင်း။

အပင်အောက်ခြေပတ်လည်တွင် ကောက်ရိုး၊ သစ်ရွက်ဆွေး၊ ဝါးရွက်ဆွေးတို့ ဖြန့်ခင်းပေးခြင်း။

နွားချေး(ဆွေး)သုံးခြင်း၊ ဓါတ်မြေဩဇာလိုသလောက်သာသုံး ခြင်း၊ အပင်ခြေမှအနည်းငယ်(၄”ခန့်)ခွာ၍ မြေဆီကိုပုံခြင်း။ စပ်ပြီးသောမြေဆွေးကို မြေကြီးတဆရော၍ မြေပြန်ပြင်ခြင်း။

ထုံးဓါတ်များသောရေကို ကျောက်ချဉ်ဖြင့်အနည်ထိုင်စေခြင်း၊ ရေမလောင်းမီ ရေစင်တွင် ၁၂နာရီခန့် အနည်ထိုင်စေခြင်း၊ pH level မှန်စေရန် အချဉ်ဖောက်ရည်အသုံးပြုခြင်း၊

အောက် ရွက်များမှ စ၍ တဖြည်း ကြွေကျခြင်း၊

 

ရုတ်ခြည်း အရွက်များ ကြွေကျခြင်း

  • မြေဩဇာ  မမှန်ခြင်း
  • နေရောင် မမျှတခြင်း
  • ရေပမာဏ မမှန်ခြင်း
  • ဥတု မမှန်ခြင်း
လိုအပ်သောပမာဏကို လိုအပ်သည့်အချိန်တွင် ပုံမှန်ထဲ့ပေး ခြင်း။ (အထက်မှ မြေဩဇာအပူလောင်ခြင်းတွင်ကြည့်)

အစာချက်ရန် နေရောင်လိုသည့်အတွက် အပင်ကြီးထွားလာ သည်နှင့်အမျှ နေရောင်ပိုမိုရရှိစေရန် ဖန်တီးပေးခြင်း။

မနက်ပိုင်းကိုသာရေလောင်းရန်၊ ရာသီကိုလိုက်၍ လိုသလို ရေကိုပေးခြင်း(မများလွန်း၊ မနည်းလွန်း)။

နေရာရွေ့ပြောင်းမှု၊ ဥတုဖောက်ပြန်မှုတို့ကြောင့် ဖြစ်တတ်၍ ဥတုလိုက်ပြီး သင့်တင့်သောပတ်ဝန်းကျင်ဖြစ်ရန်ဖန်တီးခြင်း။

အရွက်များ

ဆက်တိုက် ကြွေပြီး နောက် ရွက်သစ်များ တွန့်လိမ် သေးကွေး ခြင်း

 

 

 

ရောဂါပိုးဝင်၍ သေခါးနီး အပင်များ ပြန်ရှင်သန် လာရာမှ ယခုကဲ့သို့ ဖြစ်ခြင်း၊ မြေဆီပြန်၍ ပြုပြင်ပေးခြင်း၊ ရွက်ဖြန်းအားဆေးဖြန်းပေးခြင်း၊ နေရောင်ခြည် မျှတစေရန် ပြုလုပ်ပေးခြင်း၊ လောင်းရိပ်မိခြင်း တို့မှ ကာကွယ်ပေးခြင်း၊ ပေါင်းမြက်များရှင်းလင်းပေးခြင်း၊ ရေကို လိုအပ်သလိုပြန်လည်ထိန်းညှိပေးခြင်း စသဖြင့် ပြုပြင်ပေးပါက သေရွာပြန်အပင်များ ပြန်လည်ကျန်းမာလာပါ လိမ့်မည်။ (မီးခိုးငွေ့၊ ဓါတုအဆိပ်အနံ့၊ ပိုးသတ်ဆေးပြင်းတို့ ကြောင့်လည်းဖြစ်တတ်၍ တတ်နိုင်သမျှ ရှောင်ရှားရန်။)
ရောဂါ လက္ခဏာ အကြောင်း အရင်း ကာကွယ်နည်း၊ ကုသနည်း။
အရွက် တွင် အစက် အပြောက် ဖြစ်ခြင်း၊
  • ရေများခြင်း
  • နေလောင်ခြင်း
  • အေးလွန်းခြင်း
  • မှိုကျခြင်း
  • အဆိပ်သင့်ခြင်း
ရာသီဥတုကိုမူတည်၍ ရေကိုထိန်းလောင်းခြင်း၊

တက်နေကိုသာထိစေ၍ ကျနေကို ကာကွယ်ပေးခြင်း၊

ဆောင်းတွင်းတွင် လောင်းရိပ်များ၊ပေါင်းများရှင်းလင်းခြင်း၊

စိုထိုင်းဆများလွန်းမှု၊ ရေဝပ်မှုများကိုထိန်းသိမ်းပေးခြင်း၊

ဓါတု အဆိပ်ပိုးသတ်ဆေး အလွန်အကျွံ မသုံးစွဲခြင်း၊

အရွက် သစ်များ ညှိုးကျ ခြင်း
  • အပူရှိန် ပြင်းလွန်းခြင်း
  • နေလောင်ခြင်း
  • ရေနည်းခြင်း
  • အပူ/အအေးလှိုင်းမိခြင်း၊

နှင်းကိုက်ခြင်း

  • မြေဩဇာအပူလောင်ခြင်း
အပေါ်တွင်ကြည့်။

အပေါ်တွင်ကြည့်။

ပူပြင်းချိန်တွင်ရေကိုပိုလောင်းခြင်း။(နံနက် ၆-၈နာရီ)

ရေထိန်းလောင်းခြင်းအပြင်၊ဘိစပ်ရွက်အချဉ်ဖောက်ရည်သုံးခြင်း၊ အမိုးအကာလိုသလိုထိန်းပေးခြင်း။

(အပေါ်တွင်ကြည့်)

တပင်လုံး ညှိုးကျ ခြင်း
  • နေရာရွေ့ပြောင်းမှု ကြောင့်အမြစ် ထိခိုက်မိခြင်း
  • ရေနည်း/များခြင်း
  • မြေဩဇာအပူလောင်ခြင်း
  • ရာသီဥတု မမှန်ခြင်း
ပျိုးပင်များမြေချစိုက်ရာတွင် အမြစ်မနာစေရန်သတိထား ပြု လုပ်ရမည်။ ထိခိုက်မိခဲ့လျှင်အပင်သေစေနိုင်သည်။ အချဉ်ဖောက်ရည်သုံးခြင်းဖြင့် %အချို့ကာကွယ်နိုင်၏။

အပေါ်တွင်ကြည့်။

အပေါ်တွင်ကြည့်။

အပေါ်တွင်ကြည့်။ (အရွက်အချဉ်ဖောက်ရည်သုံးပါ။)

အရွက် ညှိုးကျခြင်း
  • အစာမချက်နိုင်ခြင်း
နေရောင်လုံလောက်စွာရရန် လောင်းရိပ်တို့ဖယ်ရှားခြင်း၊ မျှတသော လေဝင်လေထွက်ရရှိရန် ဖန်တီးပေးခြင်း။
မှတ်ချက်။  ။ ပျိုးပင်များ သေဆုံးခဲ့လျှင် ချက်ချင်းဖယ်ခြင်းသည် အခြားအပင်များ

               သို့ မကူးစေရန် အကောင်းဆုံးနှင့် အထိရောက်ဆုံး ကာကွယ်နည်း

               ဖြစ်သည်။

2 comments

  • ဇောက်ထိုး မိုးမျှော် သခင် ကိုယ်တော်

    April 30, 2012 at 3:43 pm

    ကျေးဇူးအများကြီးတင်ပါသည်၊ စိုုက်ရန်ရည်ရွယ် ထားပါသဖြင့် အသင်၏ စေတနာသည်ကား
    အဖိုးမဖြတ်နိုင်အောင်ရှိလှပေစွ ။
    လိုအပ်ပါက အသင်၏ သန်လျင်ခြံသို့ လေ့လာ ပါလျှင် ကြည်ဖြူစွာ ကြိုဆိုလိမ့်မည်ဟု
    ယူဆလိုက်မိပါတော့သည်။

  • Wai Aung

    May 2, 2012 at 8:20 am

    ဟုတ်ကဲ့ပါ
    လာလည်ဖို့ ဖိတ်ခေါ်ပါတယ်။
    သစ်မွှေးစိတ်ဝင်စားသူမည်သူမဆို လေ့လာနိုင်ပါတယ်။
    ဒါပေမဲ့ ကျနော်နဲ့ တွေ့ဖို့ဆိုရင်တော့ အစိုးရရုံးပိတ်ရက်တွေ၊ စနေ၊တနင်္ဂနွေတွေမှာ လာခဲ့နိုင်ပါတယ်။
    ကျနော်မရှိရင်တော့ အပင်အကြောင်း သိပ်မရှင်းပြနိုင်လို့ပါ။
    လိပ်စာကို ထပ်ရေးပေးလိုက်ပါတယ်။

    ခင်မင်တဲ့
    ကိုဝေအောင်

    ခြံလိပ်စာ- သန်လျင်-ကျောက်တန်းကားလမ်းမဘေး(ဂြိုလ်တုဆက်သွယ်ရေးဝင်းအနီး)၊ ပျဉ်ထောင်ချောင်းရွာ၊ နတ်စင်ကုန်း မှတ်တိုင် (ကျိုက်ခေါက်ဘုရားမှ ၆မှတ်တိုင်မြောက်) တွင်ဆင်း၍၊ ဆိုင်ကယ်ကယ်ရီဂိတ်တွင် သစ်မွှေးခြံကို ပို့ပေးပါဆိုရင်……

    Ph: 09 49348896, 09 73070035.

Leave a Reply