ရွာအလှူတော် အောင်မြင်ခဲ့ပါပြီ ….

weiweiMay 1, 20122min38964

ယနေ့ ပန်းတနော်မြို့နယ် အစုကြီးကျေးရွာတွင်တည်ရှိသော သီတဂူ သုမေဓါဆေးရုံသို့ ရွာသူားများ စုပေါင်းအလှူသွားရောက်ပြုလုပ်ခဲ့ကြပါတယ်။

မနက် ၆ နာရီခွဲ ရန်ကုန်မှ ထွက်ခွာနိုင်ခဲ့ပြီး ပန်းတနော်သို့ ၈ နာရီခွဲမှာရောက်ခဲ့ကြတယ်။ ကားပေါ်မှာ တစ်ဦးနှင့်တစ်ဦး မိတ်ဆက်ကြရင်း၊ သူကြီးပေးလိုက်တဲ့လက်ဆောင်ကိုလဲ မဲဖောက်ကြရင်းနဲ့ ပျော်ရွှင်စွာခရီးနှင်ခဲ့ကြပါတယ်။ တံတားဦးဘုန်းကြီးကျောင်းမှာ မနက်စာ ပန်းတနော်မုန့်ဟင်းခါးစားကြပြီး ပန်းတနော်မြို့ထဲမှာတည်ရှိတဲ့ ကျိုက်ထီးရိုးဘုရားဖူးကြတယ်။ ပြီးတော့မှ အစုကြီးကျေးရွာကို ဆက်သွားခဲ့ပါတယ်။ ဆေးရုံကို ၁၁ နာရီအချိန်ခန့်မှာ ရောက်ရှိခဲ့ကြတယ် ..

ရွာခံတွေ ထွက်ကြိုနေကြပုံ

မြတောင်ဆရာတော်နဲ့တကွ ရွာသူရွာသားတွေက ကြိုဆိုနေကြပါတယ်။ ကျွန်မတို့အားလုံးကို ဧည့်ခန်းတစ်ခန်းထဲကို ခေါ်ဆောင်သွားပြီး ခဏနားနေခိုင်းပါတယ်။ စားသောက်စရာ မုန့်မျိုးစုံနဲ့ ရေခဲစိမ်ထားတဲ့ ရေသန့်ဗူးများဖြင့် ဧည့်ခံကြပါတယ်။

မုန့်တွေ အများကြီးပဲ

ဆရာတော်နှင့် အလှူအစီအစဉ်ဆွေးနွေးကြပြီးနောက် ဆေးရုံကိုလှည့်ပတ်ကြည့်ရှုကြပါတယ်။ အဲဒီနောက် နေ့လည်စာနဲ့တည်ခင်းဧည့်ခံတယ်။

နေ့လည်စာ ထမင်းဝိုင်း

ရွာလုံးကျွတ်လုပ်အားပေးပြီး သေချာပြင်ဆင်ချက်ပြုတ်ထားပါတယ်။ နေ့လည်စာစားပြီးတော့မှ အလှူငွေပေးအပ်ပွဲအခမ်းအနားပြုလုပ်ခဲ့ကြပါတယ်။ ဆေးရုံအတွက် စုစုပေါင်းအလှူငွေ ကျပ် သိန်း ၅ဝ နှင့် မြတောင်ကျောင်းနှင့် တံတားဦးကျောင်းအတွက် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြပါတယ်။ နေ့ခင်း ၁ နာရီခန့်မှာ အလှူအတွက် ရေစက်ချ အမျှပေးဝေခဲ့ပြီးနောက် စုပေါင်းဓါတ်ပုံရိုက်ခဲ့ကြတယ်။ ထို့နောက် ပန်းတနော်မြို့ကို ပြန်ခဲ့ကြပါတယ်။ အပြန်ခရီးမှာ မိုးရွာတဲ့အတွက် အေးချမ်းတဲ့ခရီးတစ်ခုဖြစ်ခဲ့ပါတယ်။ ပန်းတနော်မှာ နံမည်ကြီး ပန်းတနော်ဖျာတွေဝယ်ခဲ့ကြပြီးမှ ရန်ကုန်ကို ပြန်လည်ထွက်ခွာခဲ့ပါတယ်။

အန်တီမမက လှိုင်သာယာမှာ ညနေစာစားဖို့ စားသောက်ဆိုင်မှာ ကြိုတင်မှာထားပါတယ်။ ညနေ ၅ နာရီခွဲလောက်မှာ လှိုင်သာယာကိုရောက်ခဲ့ပြီး ညနေစာ စားသောက်ပြီးမှ အားလုံးလမ်းခွဲခဲ့ကြတယ်။

ဒီနေ့တစ်နေ့တာ မနက်စာကနေ ညနေစာအထိ စီစဉ်ပေးခဲ့တဲ့ အန်တီမမနဲ့ ကား၊ ရေသန့်၊ အအေးနဲ့ လိုအပ်တာအားလုံးအတွက် လှူဒါန်းပေးခဲ့တဲ့ အလှူရှင်များကို ကျေးဇူးတင်ပါတယ်။
ယနေ့အလှူကတော့ ကြုံတောင့်ကြုံခဲ စုပေါင်းအလှူဖြစ်တာကြောင့် ရွာသူားများနဲ့ ရှေးရေစက်တော်တော်ရှိခဲ့လို့သာ ယခုလို စိတ်တူကိုယ်တူနဲ့ ပျော်ရွှင်စွာပြုလုပ်နိုင်ခဲ့တာဖြစ်ပါတယ်။ အလှူပြီးမြောက်မှုအတွက် ကျေနပ်ပီတိဖြစ်ရင်း၊ ခရီးစဉ်အတွက် ပျော်ရွှင်ဝမ်းမြောက်ခြင်းများစွာဖြင့် အမှတ်တရဖြစ်ခဲ့ရပါကြောင်း …

စုပေါင်းလှူဒါန်းနေကြစဉ်
လှူဖွယ်ပစ္စည်း ဆက်ကပ်နေစဉ်
စုပေါင်းအလှူတော် အခမ်းအနား

ဓါတ်ပုံတင်ရတာ အရမ်းခက်နေတာကြောင့် ဒါလောက်ပဲ တင်ပေးနိုင်ပါတယ် …
နောက်နေ့မှပဲ နောက်ထပ် ဓါတ်ပုံဆရာတွေဆီကနေ စောင့်မျှော်ကြည့်ရှုကြပါ ..

64 comments

  • weiwei

    May 1, 2012 at 7:55 pm

    သူကြီးပေးလိုက်တဲ့ ဖုန်း ပိစိညှောက်တောက်ကို ကိုနေချားက မဲပေါက်ပြီး … မက်မိုရီစတစ်လေးကို ရွှေတိုက်စိုးက မဲပေါက်ခဲ့ပါတယ် …

  • windtalker

    May 1, 2012 at 8:10 pm

    အခုလို ရွာသူားအပေါင်းတို ့ရဲ ့စုပေါင်း အလှူမင်္ဂလာကြီး အထမြောက်ခဲ့ပြီ ဖြစ်လို ့၊ ဝမ်းမြောက်ဝမ်းသာ သာဓု သုံးကြိမ်ခေါ်ဆိုသွားပါတယ် ။
    Next time , who’ll be the leader ?

    • ဦးဦးပါလေရာ

      May 1, 2012 at 8:33 pm

      ကိုပေရော လိုက်သွားတာမဟုတ်ဘူးလား…။
      ကိုပေနဲ့ မဒမ်ပေ ပါတယ်ထင်လို့ မတွေ့လိုက်ရတာ နာတယ်လို့ အောက်မေ့နေတာ။

  • ကိုရင်မောင်

    May 1, 2012 at 8:12 pm

    ဝမ်းမြောက်ဝမ်းသာ သာဓုခေါ်လိုက်ပါတယ်ဗျာ…..
    သာဓု….သာဓု….သာဓု….

  • ကိုရင်မောင်

    May 1, 2012 at 8:23 pm

    ရွာသူရွာသားများရဲ့ပျော်ပျော်ရွင်ရွင်ခင်ခင်မင်မင်စည်းစည်းလုံးလုံး
    သွားခဲ့တဲ့အလှူခရီစဉ် ဓါတ်ပုံများစောင့်မျော်နေပါတယ်……..
    ခုလိုဦးဦးဖျားဖျားတင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်
    မဝေရေ…

  • Khin Latt

    May 1, 2012 at 8:27 pm

    ဝေဝေ့ ရဲ့ စာဖတ် ပုံတွေ ကြည့်ပြီး အဝေးက နေ ပီတိဖြစ်မိပါတယ်။
    သာဓု၊ သာဓု၊ သာဓုပါ။

    ဒီလို လိုအပ်တဲ့ နေရာမှာ လှူ ရတဲ့ မြတ်တဲ့အလှူ ကို ဦးဆောင်ပေးသူများရော၊ ပါဝင် ဆင်နွှဲ သူများ ကိုပါ ကျေးဇူးတင်ပါတယ်။
    ဒါထက်ပိုပြီး ဆထက်တန်ပိုး လှုဒါန်း နိုင်ကြပါစေ။

    ဘယ်သူ စတင်မလဲ လို့ စောင့်နေရတာပါဝေ ရေ။
    ကျေးဇူးပါနော်။

    PS – အပေါ် က နှစ်ယောက် မနက်ကထဲ က ထိုင်စောင့် နေလား မသိပါဘူး။ 😀 jk

  • MaMa

    May 1, 2012 at 8:30 pm

    နှေးကွေးဆိုးဝါးလွန်းတဲ့ ကော်နက်ရှင်ကို အံတုပြီး ဝေဝေ က ရွာ့အလှူကို ဈေးဦးပေါက် တင်ပေးသွားလို့ ဂုဏ်ယူပါတယ်။ 😀
    ရွာရဲ့စည်းလုံးညီညွတ်မှု၊ စိတ်ဓာတ်တွေ တူညီ ခိုင်မာမှုတွေကို ပြသနိုင်ခဲ့ပြီး
    အလှူပွဲကို စည်ကားသိုက်မြိုက်စွာ အောင်မြင်စွာ ပြီးမြောက်နိုင်အောင် ငွေအား လူအား စိတ်အား စသည်ဖြင့် ဝိုင်းဝန်းကြသူအားလုံးတို့ကို ကျေးဇူးအထူးတင်ပါတယ်။ 🙂

    • Khin Latt

      May 1, 2012 at 8:33 pm

      အားရှိအောင် အဟာရ အရေးကြီး တာမို့ တစ်နေ့လုံး အစား ဒါန ပြုခဲ့ တဲ့ မမ ရဲ့ စေတနာကို လဲ လေးစားစွာ သာဓုခေါ်ပါတယ်။
      မလတ် လဲ မမ တို့ နဲ့ စိတ်က လိုက်ခဲ့ မမ ရဲ့ စေတနာအဟာရ တွေ ကို စားခဲ့တယ်။
      အားလုံး အတွက် ကျေးဇူးပါ မမရေ။ 🙂

  • ဦးဦးပါလေရာ

    May 1, 2012 at 8:31 pm

    သာဓု သာဓု သာဓု ပါဗျာ….။

    မွန်မြတ်တဲ့အလှူပွဲဓါတ်ပုံတွေကို သွားရောက်လှူတန်းသူများနဲ့ထပ်တူ ကြည်နူးရွှင်ပြစွာ အားပေးလိုက်ပါတယ်။

    နောက်ထပ်ပုံတွေနဲ့ နောက်ထပ်ပိုစ့်တွေကိုလဲ စောင့်မျှော်နေပါတယ်။

  • Khin Latt

    May 1, 2012 at 8:37 pm

    ဒီလောက် ပူနေချိန် မိုးရွာ တာ ဟာလဲ သိကြားမင်း က ပါ သာဓုခေါ်ပြီး ရေစက်ချ ပေးတာ ဖြစ်မှာ။
    (သူကြီး – ပါးစပ်ပိတ်ထား 😉 ) အဟိ

    • weiwei

      May 1, 2012 at 9:33 pm

      အမှန်ပဲ အရီးလတ်ရေ …
      ကျွန်မတို့တွေ အလှူအတွက် စီစဉ်တဲ့အထဲမှာ အလှူသွားမယ့်နေ့ သက်တောင့်သက်သာဖြစ်အောင် ၃ဝ ရက်နေ့ မိုးရွာဖို့စိတ်ထဲကနေ မျှော်မှန်းခဲ့ကြပါတယ် … ဆူးက နေ့တိုင်းဆုတောင်းပေးခဲ့ပါတယ် … မနေ့က ညနေက တိုက်တိုက်ဆိုင်ဆိုင် မိုးရွာတော့ ကျွန်မနဲ့ဆူးနဲ့ ပျော်သွားကြတယ် … ဒီနေ့ပါ မိုးထပ်ရွာတယ်ဆိုတော့ ပိုပြီး ပျော်သွားတာပေါ့ …
      အသွားလမ်းမှာ မိုးမရွာပဲ အပြန်မှာမှ ရွာတာဆိုတော့ ပိုလို့တောင် အဆင်ပြေသွားတယ် …

  • Swal Taw Ywet

    May 1, 2012 at 8:50 pm

    Dear MG Villagers,
    I do proud of you for a successful donation under the name of MG.
    Please share my loving kindness to all of you and families.
    သာဓု သာဓု သာဓု ပါ
    This is a second milestone of MG.
    Unity is strength.

    Let’s try our best for our mother land.
    With respect,
    Swal Taw Ywet.

  • ရောင်ခြည်ခ

    May 1, 2012 at 9:08 pm

    ရွာသူားတွေစုပေါင်းအလှူပွဲအောင်မြင်စွာပြီးမြောက်ခဲ့တဲ့အတွက် လိုက်ခွင့်မကြုံပေမယ့် နေရာကနေ ဝမ်းမြောက်ဝမ်းသာနဲ့ သာဓုခေါ်သွားပါတယ်နော်၊ သာဓု… သာဓု… သာဓုပါ..

  • weiwei

    May 1, 2012 at 9:15 pm

    ဒီနေ့ည ကော်နက်ရှင်က တော်တော်ဆိုးနေတာမို့ ဓါတ်ပုံနဲနဲပဲ တင်နိုင်တယ် …
    နောက်နေ့ကျရင် အများကြီး ကြည့်ကြရအုန်းမှာပါ …
    တစ်လမ်းလုံး မပျင်းရအောင် ဖျော်ဖြေပေးကြတဲ့ ရွာသားတွေကိုလဲ ကျေးဇူးတင်ပါတယ် … အဆို အတီး ဟာသ အစုံရတဲ့ စွယ်စုံရ ကာလသားများအဖွဲ့ကလဲ စည်းလုံးကြတယ် …

  • kyawtheinmyint 23

    May 1, 2012 at 9:16 pm

    ဝမ်းမြောက်စွာနဲ့ သာဓု၊သာဓု၊သာဓု ခေါ်ပါတယ်။

  • aye.kk

    May 1, 2012 at 9:32 pm

    ဝေဝေ..
    ဓါတ်ပုံတွေမြင်ရလို ့ဝမ်းသာကြည်နှူးပီတိဖြာမိရပါတယ်..
    ဒီနေ ့တော ့စိတ်ထဲကမှန်းပြီး အာရုံ ပြုလိုက် ရပါတယ်..
    ဝမ်းမြောက်ဝမ်းသာစွာနဲ ့ဘဲ..
    သာဓု…(သုံးကြိမ်)ခေါ်ဆိုလိုက်ပါတယ်။

  • TTNU

    May 1, 2012 at 9:34 pm

    ဒီနေ့မီးမလာဘူး။ အေးလေ လာ ပျက်ပေါ့။ဒါပေမဲ့ အခုည ၉.၃ဝမှာ
    မီးငြိမ်သွားပြီမို့ အလှူအကြောင်းလေးစောင့်ပြီးဖတ်ရပါတယ်။
    ဝေရေ ..ကျေးဇူးပါ။ သာဓုခေါ်ပါရစေ။ပုံလေးတွေ ကြည့်လို့မဝသေးပါဘူး။
    အသေးစိတ်ရေးကြပါဦးကွယ်။

    စိတ်နဲ့လိုက်လာခဲ့တဲ့ တီချာ။

    • weiwei

      May 1, 2012 at 9:43 pm

      နောက်နေ့တွေမှာ အသေးစိတ်ဖတ်ရမှာပါ တီချာကြီး …
      ဓါတ်ပုံတွေလဲ အများကြီးကြည့်ကြရမှာပါ ..
      ဒီကနေ့ လိုက်ပါခဲ့သူအားလုံး ခရီးပန်းကြပါတယ် … မိုးမလင်းခင်ကထဲက ထပြီး စုရပ်ကို မှီအောင်လာကြရတယ် … ကားကလဲ အဲယားကွန်းပါတဲ့ခရီးဝေးသွားတဲ့ကားကို သေသေချာချာ ငှားထားခဲ့ပေမယ့် မနက်က ရိုးရိုး ဂက်စ်နဲ့မောင်းတဲ့ ပါရမီလိုင်းကားဖြစ်နေပါတယ် … ကားက သက်တောင့်သက်သာ မရှိပါဘူး … ရန်ကုန်က ပန်းတနော် ၂ နာရီခရီးနဲ့ ပန်းတနော်ကနေ အစုကြီးကို ၁ နာရီခရီး (လမ်းကြမ်းတယ်) …
      ဒီညတော့ အမြည်းလောက်ပဲ သတင်းအနေနဲ့ တင်ပေးနိုင်ပါတော့တယ် …

  • FattyCat

    May 1, 2012 at 9:41 pm

    အားလုံး
    အားလုံး
    အားလုံးကြားကြားသမျှ

    အမျှ
    အမျှ
    အမျှ ယူတော်မူကြပါကုန်သော်
    ပန်းတနော်က အမှတ်တရ အမျှဝေနည်းအတိုင်း အမျှဝေလိုက်ပါတယ်
    စည်းစည်းလုံးလုံးနဲ့ ကုသိုလ်လဲရ အရမ်းပျော်ခဲ့တဲ့ပွဲပါပဲ
    နောက်တစ်ကြိမ်အတွက် လူအား၊ ငွေအား မွေးထားပါ့မယ်ဗျာ

    ခင်တဲ့
    ကြောင်ဝတုတ်

    • Shwe Tike Soe

      May 2, 2012 at 8:43 am

      ဟိတ်လူ ကြားကြားသမျှ ကြားကြားသမျှ ကြားကြားသမျှပါဗျာ…. လိုနေသေးတယ်..
      တစ်ရွာတပုဒ်ဆန်းဆိုတာ ဒါပဲနေမှာပေါ့…
      မျိုးကြီးအသံနဲ. တရားနာတဲ့ အန်တီကြီးကို သတိရထာအေ……. ခိခိခိ 😀

      • သူရဇော်

        May 2, 2012 at 9:09 am

        အဲဒီမျိုးကြီးမမက ရွှေတိုက်ရဲ့ အဒေါ်လေ………. သူ့အဒေါ်သံကြားတော့ သူမနေနိုင် တခွိခွိနဲ့ ကျုပ်တို့အကုန်ပွဲကျလိုက်ရတာဗျာ……… အာဂလဲသနားပါတယ်……လက်အုပ်တောင်မချီနိုင်တော့ဘဲ ကုန်းကုန်းကြီး ရီနေသဗျ…… ခွိခွိ မပေါ့မပါးနဲ့အစ်ကိုကြီးလဲ လူကွယ်ကွယ်ပြီး မပွင့်တပွင့်အသံ အာဗြဲကြီးနဲ့ ခိုးရီရရှာသဗျာ……

        • char too lan

          May 2, 2012 at 9:34 am

          ကဲကဲ!! အဲ့ဒီသမဂ္ဂ သာဓုပြန်လာခေါ်ကြပါ…………
          မဟုတ်ရင်လဲ လူစုမိတဲ့ တစ်ဆိုင်ဆိုင် အဲ့ယောင်လို့
          တစ်နေရာရာကနေ အားလုံး အားလုံး အားလုံး .. လိုက်ပါ။ 😀

  • htet way

    May 1, 2012 at 9:47 pm

    အင်း …ဒီလို အလှူ ကို လိုက်ရတာ ဂုဏ်ယူမိပါတယ်
    ကျုပ်ကတော့ မြို့ပြန်လာခဲ့ရပေမယ် စိတ်က ခင်ဗျားတို့ဆီပါသွားတယ်ဗျာ
    ကိုဖက်တီးကက်ရေ

  • ညလေး အိတုံ

    May 1, 2012 at 9:47 pm

    “ညလေး”လည်းလိုက်ချင်တယ်……….

    • Shwe Tike Soe

      May 2, 2012 at 8:44 am

      အော် ညလေး ရယ် မနက်အစောကြီးသွားတာ ဆိုတော့ ညလေး က လိုက်တော့ ဘယ်ရမလဲနော်….
      နောက်တစ်ခေါက်ကြလိုက်ခဲ့ပေါ့… နော်

  • တညင်သား

    May 1, 2012 at 9:56 pm

    စေတနာ သုံးတန် နဲ့ ပြီးပြည့်စုံစွာ ကုသိုလ်ယူပါ့မယ် ….
    ဦးဆောင် သူ အားလုံးနဲ့တကွ အလှူ ရှင်များ စာရေး/စာဖတ် သူ အားလုံးကိုလဲ အထူးကျေးဇူးတင်ပါတယ်

  • ငပွကြီး

    May 1, 2012 at 10:32 pm

    သာဓု..သာဓု..သာဓု….ပါဗျာ…..
    (မလိုက် လိုက်ရလို့ခံစားနေရတယ်…ဟင်းးးးး)

  • zaw min

    May 1, 2012 at 10:37 pm

    သာဓု၊သာဓု၊သာဓု ပါဗျာ..ဤမန်းဂေဇက် ညီအကိုမောင်နှမများ စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်နဲ့ ကုသိုလ်ကောင်းမူများကို ဆထက်တပိုးတိုး၍ လှူနိုင်ကြပါစေလို့ ဆုမွန်ကောင်းပါးလိုက်ပါတယ်ခင်ဗျာ…
    စည်းလုံးခြင်းသည် အင်အားပါပဲဆိုတာ ဂေဇက်မှ သက်သေပြလိုက်တာပါပဲ….

  • akswe

    May 1, 2012 at 10:52 pm

    I have been waiting this for since afternoon.
    well done .. well done….. well done….

  • marblecommet

    May 1, 2012 at 10:59 pm

    အန်တီဝေရေ့
    ပို့စ်တစ်ခုအနေနဲ့ နောက်နေ့လောက်မှ
    တင်ဖြစ်မယ်ထင်တယ်နော
    အခုတော့ ရောက်ရောက်ချင်း
    အလုပ်ကို ဆောက်နဲ့ထွင်းနေရတယ်ဗျာ
    မနားရသေးလို့ပါ……

  • surmi

    May 1, 2012 at 11:31 pm

    မေ(၁)ရက်နေ.ဆိုကတည်းက ကိုယ်နဲဝေးပြီလို.သိနေခဲ.ပါတယ် ….
    မနက်ကတည်းကအင်တာနက်နဲ.ဝေးတဲ.နေရာကိုရောက်နေရလို. စိတ်ကူးနဲ.ဘဲ တွေးကြည်.နေမိပါတယ် ။
    အလုပ်ထဲမှာ အမှားမှားအယွင်းယွင်း ၊ ညနေခင်းကြတော.လည်းမီးမလာ ..
    အပြေးအလွှား ဝင်ကြည်.ပြီး တကယ်ကိုဝမ်းမြောက်ဝမ်းသာဖြစ်မိပါတယ် ။
    တနေ.ကျရင်တော. ……
    အားလုံးနဲ.ဆုံခွင်.ရပါစေလို. ဆုတောင်းပါတယ် ။
    သာဓု ..သာဓု …သာဓု …။

  • Thel Nu Aye

    May 2, 2012 at 12:16 am

    အားကျပျော်ရွှင်စရာပါပဲ။ ဓါတ်ပုံတွေဒီ့ထက်မကကြည့်ချင်ပါသေးတယ်။ တင်လို့ရရင်တင်ပေးပါအုံး။ မလိုက်ဖြစ်ပေမဲ့ဒီနေ့တနေ့လုံးသတိယနေပါတယ်။ အားလုံးပျော်နေကြမယ်ဆိုတာစိတ်ကူးကြည့်ရင်းညတင်မဲ့ ပုံတွေကိုမျှော်နေမိပါတယ်။ ပင်ပန်းတဲ့ကြားကတင်ပေးလို့ကျေးဇူးပါ မဝေ။

  • amatmin

    May 2, 2012 at 1:29 am

    အလှူခရီးစဉ် ရွာသားတဦးအနေနှင့် အဖက်ဖက်မှ ပြည့်စုံအောင်
    စီစဉ်ဆောင်ရွက်ပေးခဲ့သူများအား ကျေးဇူးအထူးတင်ရှိ ရင်းး..
    မလိုက်ပါနိုင်ခဲ့သော အလှူရှင်များနှင့် ရွာသူားအားလုံးအတွက်လည်း
    ပျော်ရွှင်မှု နှင့် ကုသိုလ်အစုစုအား မျှဝေပါကြောင်း…

    • Mလုလင်

      May 2, 2012 at 1:36 am

      ကဲကဲ …. မျိုးကြီး အသံ လေးနဲ့ … သာဓု ခေါ်လိုက်ရအောင် … 🙂

  • Mလုလင်

    May 2, 2012 at 1:46 am

    ဒါနဲ့ စကားမစပ် တီတီ ဝေ ရေ့။ ဆရာ ထက်ဝေးကလဲ ဒီလို ပိုစ့် တင်ထားတယ် ဗျ “ဒုတိယအလှူ ကြည်ဖြူစွာ သာဓုခေါ်ပါ” အဲ့ဒီတော့ ဒီပိုစ့် ရဲ့ ခေါင်းစဉ် လေးက .. “ရွာ့ဒုတိယမြောက် အလှူတော် အောင်မြင်ခဲ့ပါပြီ” ဆို .. နဲနဲ ပိုတိကျ မလားလို့ … ပါ။ .. အဟီး .. ဝင်ရှည် ကြည့်တာပါဗျို ့ ….
    လေးစားစွာဖြင့်
    Mလုလင်

    • weiwei

      May 2, 2012 at 8:15 am

      တစ်မျိုးထဲကို တစ်ကြိမ်ပြီးတစ်ကြိမ် ထပ်လုပ်တယ်ဆိုရင်တော့ ပထမ၊ ဒုတိယ၊ တတိယ ဖြစ်နေပေမယ့် သပ်သပ်စီ သီးသန့်လုပ်တာဆိုတော့ အကြိမ် မတပ်တာ ပိုပြီးတော့ တိကျမယ်ထင်တယ်လေ … (ပြန်လျှာရှည်ကြည့်တာ … 😛 )

      • etone

        May 2, 2012 at 9:03 am

        မဝေရေ …. တစ်နေရာတည်းကို အကြိမ်ကြိမ် လှူနေတာ မဟုတ်ပေမယ့် ၊ ဂေဇက်အဖွဲ့စည်းနာမည်သုံးပြီး နောက်ကွယ်ကနေ စုပေါင်းအားနဲ့ အကြိမ်ကြိမ်လှူနေတာမို့ …. ပထမ ဒုတိယ ….နံပါတ်စဉ်တွေနဲ့ ဖြစ်သွားတာနေမှာ ။ ဒုတိယ အကြိမ် စုပေါင်း အလှူပြီးအောင်မြင်စွာပြီးသွားတာ ဝမ်းသာ စရာပါပဲ ။
        နောက်ဦးစီးပြီး လုပ်နိုင်မယ့် လူတွေ ရှိလျှင်လည်း … တတိယအကြိမ် .. စတုထ္ထအကြိမ်နဲ့ …. အကြိမ်ပေါင်းများစွာ မှတ်တိုင်များစွာ စိုက်ထူနိုင်ဦးမှာပါ … ။

        စကားမစပ် … မန္တလေးဂေဇက် ဖောင်ဒေးရှင်း ထောင်လျှင် ဘယ်လိုလဲ ….
        ဟဲဟဲ … ပြောကြည့်တာပါ … ။ အားလုံး အလုပ်ကိုယ်စီလုပ်နေရတယ်ဆိုတော့ … ဖောင်ဒေးရှင်းတစ်ခု … ရှင်သန်ဖို့ရာ … မနိုင်နင်းမှာ စိုးတယ် … ။

        • weiwei

          May 2, 2012 at 4:31 pm

          အကြိမ်ရေ များများလှူနိုင်လေ ကောင်းလေပေါ့နော် …
          နောက်လဲ တတိယအကြိမ် စတုတ္ထအကြိမ်တွေ ဆက်လုပ်ကြရင် ပါဝင်အုန်းမှာပါ …
          မန္တလေးဂေဇက် ဖောင်ဒေးရှင်းထောင်ဖို့ကတော့ မလွယ်သေးဘူးထင်ပါတယ် … လူအားလဲ မလိုက်နိုင် ၊ ငွေအားလဲ မလိုက်နိုင်ကြဘူးလေ …

          စကားအတင်းစပ်ပြီးပြောရရင်တော့ 2000 group ကို အားပေးစေချင်ပါတယ် … တစ်လမှ ၂၀၀ဝ ကျပ်ပဲ လှူဒါန်းရလို့ ဝန်မပိစေပဲ စဉ်ဆက်မပြတ်လှူနိုင်လို့ပါ … အန်တီပဒုမ္မာ့ဆီမှာ အလှူငွေထည့်လို့ရပါတယ် … ၆ လစာ၊ တစ်နှစ်စာ ပေးလို့ရတာမို့ အဆင်လဲပြေပါတယ် …
          ဒေါ်မေအေးဦးရဲ့ လုပ်ဆောင်နိုင်မှုတွေကို ဖတ်ရတာ အရမ်းအားရပါတယ် … တကယ်လိုအပ်တဲ့နေရာမှာ တကယ်သွားလှူနေတာမို့ အကျိုးလဲရှိတယ်လေ …

  • mg mg

    May 2, 2012 at 7:54 am

    သာဓုပါဗျာ သာဓုပါ သာဓုပါ၊
    အလှူ့ရှင် အလှူ့အမအပေါင်း ဘေးဘယာဝေးကွာလို့
    ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာကြပြီး
    သွားလေရာ လာလေရာ ခလုတ်မထိ ဆူးမငြိကြဘဲ
    ဘယ်ဘက်ကတစ်ဆုပ်ကြဲလို့ ညာဘက်ကတစ်လှည်းဝင်နိုင်ကြပါစေ
    စိတ်သွားတိုင်း ကိုယ်ပါလို့ လိုရာဆန္ဒများ တစ်လုံးတစ်ဝတည်းပြည့်စုံနိုင်ကြပါစေ။
    (ဆုပေးချင်လွန်းလို့ အလှူခံကြီးဆီကတောင်းပြီးကျက်ထားတာ ဒါပဲမှတ်မိတော့တယ်)

  • ကြောင်ကြီး

    May 2, 2012 at 8:23 am

    ဂေဇက်ရွာ စုပေါင်းအလှူငွေ သိန်းငါးဆယ်.. အစားအသောက် ဧည့်ခံကျွေးမွေးစားရိတ်အတွက် အလှူခံဆေးရုံမှ ကုန်ကျငွေ ၅၁သိန်း..။
    ေဩာ် အနိစ္စ ဒုက္ခ အနတ္တ…။

    • weiwei

      May 2, 2012 at 8:48 am

      အစားအသောက်ဧည့်ခံတာ ဆေးရုံကမဟုတ်ပါဘူး … ရွာခံတွေထဲကနေ စုပေါင်းချက်ပြုတ်ထားကြတာပါ … မနက်စာ မုန့်ဟင်းခါးကလဲ အန်တီမမ အလှူဖြစ်ပါတယ် …
      ဆေးရုံမှာ လုပ်အားပေးနေ့စဉ် အယောက် ၇ဝ နီးပါးရှိပါတယ် .. အဲဒီလူတွေကို ရွာထဲကနေပဲ နေ့စဉ် အစားအသောက် အလှည့်ကျတာဝန်ယူကြရပါတယ် … မေလ ၁ ရက်နေ့ အလှည့်ကျတဲ့အဖွဲ့က ပိုပြီးချက်ထားပေးတဲ့သဘောပါပဲ … သူတို့က ဝမ်းတောင်သာနေပါသေးတယ် …

      • ကြောင်ကြီး

        May 2, 2012 at 9:59 am

        ဒီလိုပဲ ပြောရဒါပေါ့လေ… စားဒဲ့သူဂ စားရက်မှတော့ မျိုမကျအောင် ဘယ်သူဂ ပြောဂျင်ဂျဘာ့မလဲ…ဒါနဲ့ နေဇမ်းဘာအောင် ဘဇာကြောင့် ခွန်းတုံ့ပြန်နေရသလဲ.. အန်တီဝေ ဂျိုင့် (ငါးဆင့်စတီးဂျိုင့်အကြီးဇား) နဲ့ ပါဆယ်သယ်ဒဲ့အကြောင်းလဲ မပြောမိဘာလား…။ ေဩာ် အနိစ္စ ဒုက္ခ အနတ္တ… 😀

  • Novy

    May 2, 2012 at 8:42 am

    ဝေဝေ ကတော်လိုက်တာ မနိုဖြင့် မနေ့ကပြန်လာပြီး
    ရေမိုးချိုးပြီးတဲ့ တန်းအိပ်တော့တာပဲ
    ဒီနေ့ မိုးလင်းမှပဲ ဖတ်နိုင်တော့တယ်
    အရမ်းကို ပျော်ရွှင် ကြည်နူးခဲ့ရတဲ့
    အလှူတစ်ခုပါပဲ

  • Ma Ei

    May 2, 2012 at 8:44 am

    ဝေဝေရေ…
    ရွာအလှူသိန်း 50 အတွက် ဝမ်းသာဂုဏ်ယူရပါတယ်…
    ပါဝင်တဲ့ ကုသိုလ်ကိုလဲ အမျှပေးပြီး…ပေးဝေတဲ့ ကုသိုလ်များကိုလဲ
    သာဓု ခေါ်ဆိုလိုက်ပါတယ်…Post တွေ ဓါတ်ပုံတွေ စောင့်မျှော်နေပါမယ်…

  • Foreign Resident

    May 2, 2012 at 9:00 am

    ဒီ ခရီးစဉ်လေးကို ကိုယ်တိုင် မလိုက်နိုင်တဲ့အတွက် ၊
    အထူး ဝမ်းနည်းမိပါတယ် ။

    ကုသိုလ် ကောင်းမှု များ အတွက် ၊
    သာဓု ၊ သာဓု ၊ သာဓု ပါ နော် ။

  • Tin Tin

    May 2, 2012 at 9:08 am

    မဝေရေ..
    အလှူပွဲ သတင်းနဲ့ ပုံတွေကို သတိတရနဲ့ အမြန်ဆုံးတင်ပေးလို့ ကျေးဇူးပဲနော်..
    ကိုယ်တိုင်မလိုက်နိုင်ပေမဲ့ စိတ်ထဲကတော့ သတိတရနဲ့လိုက်ခဲ့တယ်..
    ရွာမိသားစုအားလုံးရဲ့အလှူကို ဝမ်းမြောက်ဝမ်းသာစွာနဲ့ သာဓုခေါ်ဆိုပါတယ်နော်…
    နောက်ထပ် post တွေနဲ့ ဓါတ်ပုံတွေကို မျှော်နေမယ်နော်….

  • kyeemite

    May 2, 2012 at 9:11 am

    ဒီ ခရီးစဉ်လေးကို ကိုယ်တိုင် မလိုက်နိုင်တဲ့အတွက် မပျော်လိုက်ရပေမဲ့
    ဝမ်းမြောက်စွာနဲ့ သာဓု၊သာဓု၊သာဓု ခေါ်ပါတယ်။အမှတ်တရပုံတင်ပေးတဲ့အတွက်
    ကျေးဇူးပါမဝေ ခင်ဗျား…

  • Onyx

    May 2, 2012 at 9:13 am

    ကျေးဇူးပါ မမဝေရေ ။
    သာဓု …သာဓု……သာဓု ပါဗျာ။

  • Mon Kit

    May 2, 2012 at 9:20 am

    ဝမ်းမြောက် ဝမ်းသာစွာဖြင့် သာဓု အနုမောဒနာ (၃) ကြိမ် ခေါ်ဆိုလိုက်ပါတယ်ရှင်…
    သာဓု… သာဓု… သာဓု…
    နောက်အလှူတွေကျရင် ပါဝင်ပူးပေါင်းနိုင်အောင် ကြိုးစားပါ့မယ်ရှင့်…
    ဓါတ်ပုံတွေ ကြည့်.. ပီတိဖြစ်ရင်း.. ကြက်သီးများတောင် ထမိပါရဲ့..

  • Diamond Key

    May 2, 2012 at 9:37 am

    ဝမ်းမြောက်ဝမ်းသာ သာဓုခေါ်လိုက်ပါတယ်ဗျာ…..
    သာဓု….သာဓု….သာဓု….
    နောက်တစ်ခေါက်မှာ ကိုယ်တိုင်လိုက်နိုင်အောင် ကြိုးစားပါမယ်။ ………… 😀

  • Thit Sar Lin

    May 2, 2012 at 9:45 am

    မဝေရေ…ဒုတိယမြောက်အလှူကတော့ အောင်မြင်စွာပြီးဆုံးသွားပြန်ပြီ..
    ပထမ မအိတုန်ဦးဆောင်ပြီးလုပ်တုန်းကလည်း အောင်မြင်စွာပြီးဆုံးသွားလို့
    သာဓုခေါ်ရသေးတယ်..
    အခုလည်း ဒုတိယအကြိမ်သာဓုခေါ်ပါတယ်ဗျို့…ဂေဇက်ထဲမှာ အကျိုးရှိတဲ့ စာတွေလည်းဖတ်ရတယ်..ကုသိုလ်လုပ်တဲ့ နေရာမှာလည်း တညီတညွတ်တည်း..
    .တွေ့ရမြင်ရတာတွေက အားရစရာတွေချည်းပါပဲ…သူကြီးကိုကျေးဇူးတင်မိပါတယ်
    ဒီလိုရွာသူ ရွာသားတွေတွေ့ဆုံခွင့်ရအောင် ဖန်တီးပေးထားတဲ့ ရွာကြီးရှိနေလို့ ပါပဲ..
    မဝေရေ စကားမစပ် အလှူငွေစာရင်းရှင်းတမ်းလေးကိုလည်းပို့စ်တစ်ခုအနေနဲ့
    သိချင်ပါသေးတယ်ခင်ဗျ…

  • Khaing Khaing

    May 2, 2012 at 9:57 am

    မမဝေရေ အခုလို အလှူပုံလေးတွေကို ပထမဆုံး မျှဝေတင်ပြပေးတာ ကျေးဇူးပါနော် …….
    ကောင်းလေစွ ကောင်းလေစွ ကောင်းလေစွ ………. နောက်ပိုင်းဆက်လက်တင်ပေးမယ် ဒါ့ပုံလေးတွေကို လည်းမျှော်နေမိပါဂျောင်း ………

  • နွယ်ပင်

    May 2, 2012 at 10:23 am

    မဝေရဲ့ ရွာအလှူပိုစ့်လေးကို ဖတ်ပြီး အခုတောင်မျက်စိထဲ ပြန်မြင်သလိုခံစားရပါတယ်
    တကယ့်ကို ပျော်ရွှင်စရာကောင်းတဲ့ အလှူတစ်ခုဖြစ်ခဲ့ပါတယ် ………

Leave a Reply