သူငယ်ချင်းတို့ စိတ်ပျော်ဖို့…

lu ta loneJune 15, 20101min690
FRIENDSANDFAMILY.jpg image by LUMBERGIRL84

ဘယ်မှတ်မိမလဲ၊

နာမည်ကျော် တက္ကသိုလ်ပါမောက္ခကြီးတစ်ဦးဟာ သူ့ရဲ့ သုတေသနလုပ်ငန်းတစ်ခုအတွက် တပည့်တစ်ချို့နဲ့အတူ ကျေးရွာတစ်ရွာကို လေ့လာရေးခရီးထွက်ခဲ့သတဲ့။
ရွာရဲ့စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ လူနေမှုဘဝတွေကို ပါမောက္ခကြီးဟာ စနစ်တကျ
လေ့လာတယ်။ မှတ်သားတယ်။ မေးမြန်းတယ်။

တစ်နေ့မှာတော့…..

မွေးမြူရေးသမားတစ်ဦးနဲ့ ဆွေးနွေးနေစဉ်မှာ မွေးမြူရေးသမားက သူမွေးထားတဲ့ နို့စားနွားမတွေ လွှတ်ကျောင်းထားတာကို ကြည့်ပြီး…

“ဟို စာဥဆိုတဲ့ ကောင်မ ဘယ်သွားဦးမှာလဲ?”

“တိမ်ပြာဆိုတဲ့ ဟာမကလည်း ဟိုဘက်ခြံစည်းရိုးတိုင်ကို သွားပွတ်နေပြန်ပြီ”

“ဟဲ့ ဖြူ မြက်ကောင်းကောင်းမစားဘဲ ဘာဖြစ်လို့ တခြားကောင်မတွေကို လိုက်ဝှေ့နေတာလဲ” စသည်ဖြင့် လှမ်းလှမ်းပြီး မြည်တွန်တောက်တီးနေတယ်။
ပါမောက္ခက လယ်သမားကို အံ့ဩတကြီး ကြည့်ပြီး….

“ခင်ဗျားက ခင်ဗျားနွားမတွေအားလုံး နာမည်မှတ်မိတာပဲလား” လို့ မေးလိုက်တယ်။

“မှတ်မိတာပေါ့ ဆရာကြီးရယ်။ သူတို့နာမည်မှတ်မိမှ သူတို့ကို ထိန်းရလွယ်တာ”

“တော်တယ်ဗျာ၊ ကျုပ်ကတော့ ကျုပ်တပည့်မတွေ နာမည်ကို မမှတ်မိပါဘူး”

ဒီအခါမှာ မွေးမြူရေးသမားရဲ့ ဇနီးက ဝင်ပြောတယ်။ သူမရဲ့ ပြောစကားကြောင့် ပါမောက္ခကြီးရဲ့ ဘေးက ကျောင်းသားတွေ ပြုံးစိစိ ဖြစ်သွားကြသတဲ့။

မိန်းမကြီး ပြောတာက ဒီလိုလေ…

“ဆရာကြီးက ဘယ်မှတ်မိမလဲ၊ ကျွန်မယောက်ျားလို တစ်နေ့နှစ်ကြိမ် နို့မှ မညှစ်ရဘဲ”
——————————

—————————
ဘာ???

လူစကားပြောတတ်သော ကြက်တူရွေးကို မိန်းမကြီး ဝယ်လာသည်။
အိမ်သို့ရောက်ရောက်ချင်း ကြက်တူရွေးကို ပြောသည်။

“ငါပြောတဲ့အတိုင်း လိုက်ပြောစမ်း၊
ကျွန်ုပ်သည် လူဖြစ်သည်။ လူစကားကို
ပြောတတ်သည်လို့”

ကြက်တူရွေးက အံ့ဩတကြီး ပြန်မေးသည်။

“ဘာ ဘာ. ခင်ဗျားလည်း လူစကား ပြောတတ်တယ် ဟုတ်လား”

———————————————————
ကြိုးစားကြည့်လေ

ဆရာက မေးသည်

“ငါးတွေ ဘာဖြစ်လို့
စကားမပြောသလဲ”

ပီတာက ချက်ချင်းပြန်ဖြေသည်။

“ရေထဲမှာ ဆရာ စကားပြောကြည့်ပါလား”
———————————————————
နောင်တ

“လက်မထပ်ခင်တုန်းက ငါ့မိန်းမကို ငါဘယ်လောက် ချစ်သလဲဆိုရင် တစ်ခါတလေ
သူ့ကို ကိုက်စားချင်စိတ် ပေါ်မိတယ်”
“အခုကော”
“မစားလိုက်မိတာ မှားလေခြင်းလို့ နောင်တရတယ်”

———————————————————
ဘယ်အချိန်လာရမလ

ဈေးမဝယ်ဖူးသော အမျိုးသားတစ်ယောက် ဈေးဝယ်ထွက်လာသည်။

အမျိုးသား – အမကြီး ခရမ်းသီး တစ်လုံး ဘယ်လောက်လဲ

ဈေးသည် – မောင်လေး ခရမ်းသီးက အချိန်နဲ့ ရောင်းတာကွဲ့

အမျိုးသား – အဲ့ဒါဆို ကျွန်တော် ဘယ်အချိန် လာဝယ်ရမလဲ?
———————————————————
.အကြံကောင်း

အရက်ဆိုင်ပိုင်ရှင်ကို ဧည့်သည်က ပြောသည်

“ခင်ဗျားတို့ဆိုင်က တစ်နေ့တစ်နေ့မှာ စည်ဘီယာ ဘယ်နှစ်လီတာ ရောင်းရသလဲ”

“လီတာ ၂၀ဝ လောက်ပါ”

“တစ်နေ့ကို လီတာ ၃၀ဝ လောက် မရောင်းရချင်ဘူးလား”

“ရောင်းချင်တာပေါ့ဗျာ. နည်းရှိရင်
မစပါလား”

“ဖန်ခွက်ထဲကို ဘီယာ အပြည့်ထည့်”
———————————————————
မည်သူမပြု မိမိမှု

“အန်ကယ့်သမီး ကျွန်တော့်ကို လက်ထပ်ဖို့ သဘောတူလိုက်ပြီ ခင်ဗျ။”

ထိုအခါ အဖိုးကြီးက

“အဲဒါကတော့ မည်သူမပြု မိမိမှုပဲ၊ မောင်ရင်သာ အန်ကယ်တို့အိမ်ကို ညနေတိုင်း
မလာခဲ့ဘူးဆိုရင် ဒီလိုဖြစ်လာစရာ အကြောင်းမရှိဘူး”

———————————————————
ပေးစားချင်တာကြာပြီ

သမီးရည်စားနှစ်ယောက် ခိုးပြေးကြသည်။
ခရီးတွင်စေရန် တက်စီတစ်စီငှားကာ
ကောင်လေး သူငယ်ချင်းအိမ်သို့ သွားကြသည်။ အိမ်ရောက်သောအခါ ကောင်လေးက
တက်စီသမားအား ပိုက်ဆံထုတ်ပေးမည် အလုပ်တွင် တက်စီသမားက

“မပေးပါနဲ့တော့။ သတို့သမီးအဖေက ကျွန်တော့်ကို ပေးပြီးပါပြီ။”
———————————————————
ကျဉ်းမြောင်းသော ကမ္ဘာ

“ဒါလင်ရေ။ ကမ္ဘာကြီးက ကျဉ်းကျဉ်းလေးဆိုတာ အမှန်ဘဲနော်။ ဒါလင်ရဲ့
တတိယဇနီးနဲ့ ကျွန်မရဲ့ ဒုတိယ ယောက်ျားတို့ဟာ ဒါလင် ဒုတိယဇနီးနဲ့ ကျွန်မ
ပထမယောက်ျားပိုင် ပင်လယ်ကမ်းစပ်က
တိုက်အိမ်မှာ သူတို့ရဲ့
ပျားရည်ဆမ်းခရီးကို ကုန်လွန်ခဲ့တယ်ဆိုဘဲ”

———————————————————