Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

“Cat or Dog?”

TTNUMay 6, 20122min68822

“Cat or Dog?”

ဒီတစ်ခါ ခွေးစကား၊ ကြောင်စကားပြောရပြန်ပြီနော်။ ဘာသာစကားတစ်ရပ်စီတိုင်းမှာ
ဒီလိုရှိနေမှာပါ။ ကျမတို့ ဗမာစကားမှာလည်း တိရစ ္ဆာန်တွေကို ထည့်သွင်းပုံပမာပြုပြီး
ဝေါဟာရတွေ အနှိုင်းခံစကားတွေရှိနေပါတယ်။

နွားကျတယ်။
နွားသိုးကြိုးပြတ်။
ကျွဲပါးစောင်းတီး။
ကျွဲကူးရေပါ။
ကျားကြီးခြေရာကြီး။
ငါးစိမ်းမြင် ငါးကင်ပစ်။
ငါးပွက်ရာ ငါးစာချ။
စူဠလိပ် ရေထဲလွှတ်။
ခွေးကျင့်ခွေးကြံ မကြံနဲ့။
ကြောင်ခံတွင်းပျက်နဲ့ ဇရက်တောင်ပံကျိုး။
ခွေးလှေးခုန်လို့ ဖုန်မထပါဘူး။
ကြောင်အိုတော့ ကြွက်မလေး။
ခွေးအိုမှ လက်ပေးသင်။
ကြောင်သူတော် ကြွက်သူခိုး။
ခွေးကလေးအရောဝင် ပါးလျက် နားလျက်။

ရေးလို့ကတော့ ဆုံးမှာမဟုတ်ပါဘူး။ ရှိတာကိုပြောပြတာပါနော်။
ဆိုတော့ အခုလည်း အင်္ဂလိပ်ဘာသာစကားမှာ…..
ခွေးလား ကြောင်လား ရွေး ကြရအောင်နော်။

(1) to let the cat out of the bag
လျှို ့ဝှက်ထားတာတွေ ထုတ်ဖော်လိုက်တယ်။

(2) Love me, love my dog.
ကိုယ့်ကိုချစ်ရင် ကိုယ်နဲ့ပတ်သက်တာကို လက်ခံရမယ်။

(3) A fashion model on a _____walk.
(on a catwalk)
လျှောက်လမ်းပေါ်မှ ဖက်ရှင်မော်ဒယ် ။

(4) a ______ call
(a catcall)
သံသေးသံကြောင်။

(5) It’s a ______’s life.
(a dog’s life)
ပျော်စရာ မကောင်းတဲ့ဘဝ၊ မသာယာတဲ့ဘဝ။

(6) I’m _____ -tired.
(dog-tired)
အလွန်အမင်း မောပန်းတယ်။

(7) a ______ burglar
(a cat burglar)
တိုက်နံရံခိုတက်ပြီး ပြူတင်းပေါက်ကခိုးဝင်တဲ့ သူခိုး)

(8) a collection of ______ -eared letters
(dog-eared letters)
နှုတ်ခမ်းသားတွေတွန့်လိပ်နေတဲ့ စာရွက်တွေ။

(9) A ______ in the manger
(a dog in the manger)
ကောက်ရိုးပုံစောင့်တဲ့ခွေး။

(10) When the ______‘s away, the mice will play.
(the cat’s away)
ကြောင်မရှိ ကြွက်မလေး။

(11) ______ days
(dog)
တစ်နှစ်တာ အပူဆုံးအချိန်။

(12) We are operating in a ______ -eat- _____ world.
(dog-eat -dog)
တစ်ယောက်ခေါင်းတစ်ယောက် နင်းနေတဲ့ လောက၊ ဘနဖူးသိုက်တူးမဲ့ လောက။

(13) like a _____ on hot bricks
(cat)
အလွန်ချောက်ချားတယ်။

(14) It’s raining ______s and ______s.
(cats and dogs)
မိုးသည်းကြီးမဲကြီးရွာနေတာပဲ။

(15) He started telling me long shaggy ______ story
and I just nodded off.
(shaggy dog story)
မဆုံးနိုင်တဲ့ အဓိပ္ပါယ်မရှိတဲ့ ဟာသ။

(16) a ______nap
(a catnap)
တစ်မှေးအိပ်။

(17) Every ______ has its day.
(dog)
လူတိုင်းမှာ သူ့ အလှနဲ့ သူ့ဘဝ။

(18) to put the ______ among the pigeons
(cat)
ဒုက္ခပေးဖို့။ စိတ်ညစ်ဖို့ လုပ်။

(19) a ______ collar
(dog)
ခွေးလည်ပတ်။

(20) You can’t teach an old ______ new tricks.
(dog)
အသက်ကြီးမှ အသစ်တွေသင်။

ကဲ တွေ့ပြီမဟုတ်လား။ ခွေးစကားပြော၊ ကြောင်စကားပြော၊ မောတော့လူပါဆို။
ဒါကြောင့် ဥပမာ အခု (၂၀)ထဲပဲ ပေးပြီး နားပါပြီ။မင်း ခွေးစကားမပြောနဲ့နော်။  အေးပါ  မင်းသာ ခပ်ကြောင်ကြောင် လုပ်မနေနဲ့။

22 comments

  • TTNU

    May 6, 2012 at 1:17 pm

    ချစ်မိတ်ဆွေတို့ရေ…
    အရုပ်လေးတော့တင်လို့ (မနည်း) ရပါရဲ ့၊ သူ့အောက်က
    Caption လေး ဘယ်နားကျကျန်ခဲ့သလဲ မသိတော့ပါ။

    စာဖတ်ကြပါနော်။
    မေတ္တာဖြင့်
    တီချာနု

  • windtalker

    May 6, 2012 at 1:19 pm

    Teacher ! I’m dog tired with job so I need to relax with mandalay gazette ! အဲ့လို ရေးရင် မှန်လားဟင် ။

    • TTNU

      May 6, 2012 at 1:45 pm

      မောင်ပေရေ…
      ကနဦးစာဖတ်သူအဖြစ် ဂုဏ်ပြုပါရစေ။
      မှန်ပါတယ်ကွယ်။ with my job လေး ဆိုရင် ပိုကောင်းမယ်နော်။
      မနေ့က အာဆင်နယ်ရော လစ်ဗာပူးရော ငိုကြတော့ … မင်းရော?? 😥 ?

  • Inz@ghi

    May 6, 2012 at 2:02 pm

    တီချာကြီးရေ ..မောင်ဂီ့ ကို ယုတ်မာခွင့်ပြုပါ…
    သဂျီးတို့ဆီက လူလည်ကြီးတွေ ထွင်ထားတာပြောပါတယ်

    ဆိုပါစို့ ထုတ်ကုန်မျိုးစုံထုတ်တဲ့ ကန်ပနီရဲ့ portfolio analysis မှာ
    (အလွယ်ပြောရရင် )ဈေးကွက်ကလည်း မကောင်း ပစ္စည်းကိုယ်တိုင်ကလည်း ရောင်းမကောင်းသော (ဝါ) ဈေးကွက်ဝေစု နည်းသော ထုတ်ကုန်များကို dogs တဲ့ … အဓိပ္ပါယ်က အစာကျွေးပြီး(cost ကုန်ကျပြီး) ဘာမှ သုံးစားမရလို့ (ခွေးချစ်သူများ သည်းခံကြပါကုန် သည်းမခံနိုင်လည်း အမေဒစ်ကင်န်တွေကိုသာ မီးဒုတ် ရှို့ကြပါကုန်)

    အဲ့ …ဈေးကွက်အနေအထားကတော့ တိုးတက်လာနိုင်ချေရှိရဲ့ ..လက်တလောတော့ ရောင်းမကောင်းသေးတဲ့ ပစ္စည်းအမျိုးအစားတွေကိုတော့ ..wild cats တဲ့ …တခါတရံလည်း problem child လို့သုံးတတ်ရဲ့ ..ကျောက်ရိုင်းတုံးလေးတွေပေါ့ဗျာဘာဖြစ်လာမယ်မှန်းတော့ မသိသေးဘူးပေါ့…

    အဲ့ … ဈေးကွက်တိုးတက်မှုလည်း ရှိ ..ရှယ်ယာလည်း များရင်တော့ stars တဲ့ …ကြယ်ပွင့်ပေါ့ခည …သူကတော့
    များများရ များများပြန်ရင်းရလို့ ဘဲစား ဘဲချေပါပဲ…..ဒါပေသိ money of tomorrow လို့ အနက်ဖွင့်သဗျ..

    နောက်ဆုံး ဈေးကွက်က အသစ်တော့ မတိုးချဲ့နိုင်တော့ဘူး ..သို့သော် ကိုယ်က အဆိုပါဈေးကွက်မှာ လီဒါဖြစ်နေတဲ့
    ပစ္စည်းအမျိုးအစားတွေကိုတော့ cash cows လို့ခေါ်သဗျာ…. သဘောက မြက်ကျွေးရုံနဲ့ ခိုင်းလို့ရ နို့ညှစ်လို့ရ အသားပါ စားလို့ရ
    ဆိုပဲ …

    အော် ….မာကတ္တာတွေများ ယုတ်မာတာပြောပါတယ်..

    ဒက်ဂလောက် ဒက်ဂလောက်

    Ref: Boston Consulting Group’s Product Portfolio Matrix

    ခင်တဲ့
    ဂီ

    • TTNU

      May 6, 2012 at 7:27 pm

      မောင်ဂီရေ…
      ဒီတော့
      (၁) ရောင်းမကောင်းတဲ့ကုန် = dogs
      (၂) လတ်တလောတော့ ရောင်းမကောင်းသေးတဲ့ ပစ္စည်း = wild cats
      (၃) ဈေးကွက်တိုးတက်မှုလည်း ရှိ ..ရှယ်ယာလည်း များတဲ့ ကုန်=
      stars/ money of tomorrow
      (၄) အသစ်တော့ မတိုးချဲ့နိုင်တော့ဘူး ဈေးကွက်မှာ ထိပ်တန်းနေရာက
      ပစ္စည်းအမျိုးအစားတွေ = cash cows

      မှတ်ထားလိုက်ပါပြီနော်။ ကျေးဇူးတင်ပါတယ်တော်။
      မေတ္တာဖြင့်
      တီချာနု

      • Inz@ghi

        May 6, 2012 at 8:13 pm

        ဟုတ် တီချယ်ကြီး…
        အဲ့၄မျိုးက တကယ်တော့ ဆက်စပ်နေတယ်ဗျ..
        ထုတ်ကုန်တခု စထုတ်ရင် dog ပေါ့ဗျာ …
        အနှီ ခွေးလေးတွေကို wild cats ဖြစ်အောင် အစွမ်းကုန် တွန်းတင်မယ်…
        အဲ့သည့်နေ stars … အဲ့ stars ကနေ cash cows ဖြစ်အောင် ဆက်လုပ်ပေါ့
        အဲ ..နွားဖြစ်သွားရင်တော့ ခွေးပြန်မဖြစ်အောင် ထိန်းတော့ဗျို့ defending strategies သုံးရပြီ..

        ပြောရရင် လက်နှိပ်စက် ဆိုပါစို့ တီချာကြီးရယ်…
        ဈေးကွက်ကလည်း ကြာလေ သေးလေ ဘယ်သူမှ မဝယ်တော့….
        made in germany ကို အနှစ် ၄ဝ warranty ပေးမယ် သိန်း ၂ဝ ..ဘယ်သူဝယ်မတုန်းဗျာ..
        သည်လို market ကတော့ (ကန်တော့နော်.. ရိုင်းရိုင်းပြောရရင်) ခွေးဖြစ်တာပါပဲ…

        အဲ့ ဟန်းဖုန်းနဲ့ ကွန်ပူတာတွေက နိုင်ငံတကာမှာ cash cows လောက်ဖြစ်နေပြီခည
        လူတိုင်း ဒါတွေပိုင်နေပြီး …ထပ်တိုးတက်ဖို့ မရှိတော့တဲ့ မားကတ်များပေါ့…
        (အမယ်ဇုံ ထဲမှာ လူရိုင်း သန်း၃ဝလောက် သွားတွေ့ရင်တော့ တမျိုးပေါ့နော…)

        အဲ့ သများတို့ ရွာမှာတော့ ကွန်ပူတာ ဟန်းဖုန်းက growing market ဖြစ်နေသေးတော့…
        အဲ့သည့်ဘက် ဇောက်ချနိုင်ရင် ဈေးရောင်းတတ်ရင် စားစရာတွေချည်းပဲဗျို့ …..

        အနှီ အကောင်လေးတွေကို ဆက်စပ်ပြီး ရေးကြည့်ပါဦးမယ် တီချယ်ကြီးရယ်….

        စဂါး အတင်းစပ် ..အနှီ မော်ဒယ်ကို HR ဘက်လှည့်သုံးကြည့်ရင်ရော …………

        တားတား စမ်းထားတာရှိတယ်ဗျ …ဒီဇင်ဘာပြန်လာမှ 2 body tiger ပြမယ်….
        😀

        ရိုသေစွာဖြင့် ….

        ကျပ်မပြည့်တဲ့
        ဂီ

        ဘဘဘလက် လာမတူးခင် လိမ့်ပြီဗျို့ ….

  • မဟာရာဇာ အံစာတုံး

    May 6, 2012 at 4:55 pm

    တီချယ်ကြီး ခင်ဗျာ ..

    အပေါ်က ခွေးနဲ့ကြောင် အသုံးအနှုန်းတွေကို ကူးယူသွားတယ် ခင်ဗျ ..
    အဲထဲမှာ အကြိုက်ဆုံးကတော့ နံပါတ် (၂) အသုံးအနှုန်းပဲ ..
    Love me, love my dog … တဲ့။ ချယ်ပဲ ..
    ခပ်တည်တည်နဲ့ လက်တွေ့သုံးလိုက်ဦးမယ် …. 😀
    ဒါနဲ့ ဒီလိုလေး သုံးရင်ရော မှန်လား သိဘူးခင်ဗျ ..

    ” It’s raining cats and dogs in my eyes.
    ငါ့မျက်လုံးထဲမှာ မိုးတွေ သည်းသည်းမဲမဲ ရွာနေတယ် … ”

    ရှဲရှဲပါ တီချယ်ကြီးခင်ဗျာ ….

    • TTNU

      May 6, 2012 at 7:33 pm

      မောင်အံစာရေ…
      မောင်ငိုမယ် မိုးသည်းထဲမှာကွယ် လုပ်မလို့လားဟင်။ 🙂

      (ငါ့မျက်လုံးထဲမှာ မိုးတွေ သည်းသည်းမဲမဲ ရွာနေတယ်) လို့ ပြောချင်ရင်တော့
      “Tears well up in my eyes.” ဆိုရင် ကောင်းပါတယ် ကွယ်။
      မောင့်မျက်ရည်…ဝိုင်း…ပေါ့။

      • မဟာရာဇာ အံစာတုံး

        May 8, 2012 at 10:24 pm

        ရှဲရှဲပါ တီချယ်ကြီး ..
        မောင့်မျက်ရည်တော့ ဝိုင်းချင်တော့ပါဘူးဂျာ …
        ချိတ်ပျက်သွားပီ ..
        သားက အဲဒါ နမူနာ ပြောကြည့်ဒါ …

  • ဗိုက်ကလေး

    May 6, 2012 at 6:42 pm

    The night i didn’t drink, like a cat on hot bricks. ဆိုရင်ကော မှန်ပါတလား တီချယ်ဂျီး

    • TTNU

      May 6, 2012 at 7:47 pm

      ဗိုက်ကလေးရေ…
      (The night I didn’t drink, like a cat on hot bricks.)
      ဝါကျ ပုံစံလေးကျအောင်ပြန်ရေးပေးလိုက်တယ်နော်။
      “On the night I didn’t drink I was like a cat on hot bricks.”

  • aye.kk

    May 6, 2012 at 10:03 pm

    တီချာနု….
    ဦးကျည်ပွေ ့ကြီး၊ကြီးမှအတက်ပေါက်ဆိုသလို..
    သင်တန်းဝင်တက်ခါ၊ကျက်မှတ်သွားပါတယ်…
    တီချာနုရဲ ့ကျေးဇူးကြောင့်ဗဟုသုတရရှိရပါတယ်..
    အမြဲလည်းဝင်ဖတ်ဖြစ်နေတဲ့အကြောင်းပြောပြလိုက်ပါရစေ။

  • ကြောင်ကြီး

    May 7, 2012 at 7:38 am

    တီချယ့်ဒဘဲ့ဂျော် ပုရှ်ဂလေးဂို ပြောပေးဘာ.. ကြောင်ကြီးအမုန်းဇုံးဂ ခွေးသတ္တဝါပဲလို့…။

  • HM S

    May 7, 2012 at 9:53 am

    တီချယ်ကြီး မင်္ဂလာပါ
    Being dog days and not raining cats and dogs so far, I don’t want to go and see any catwalk on my dog’s life and I’d like to go back to my doss house and get a catnap.
    အဲဒီလိုရေးရင်ရော ရလားဟင်တီချယ်။ကျေးဇူးပြုပြီး အမှားလေးစစ်ပေးပါအုံးနာ်။
    တီချယ် ကျန်းမာပါစေခင်ဗျာ။
    HMS

    • TTNU

      May 7, 2012 at 9:46 pm

      လှမျိုးဆွေရေ…

      on my dog’s life နေရာမှ in my dog’s life ဆိုရင် ရပြီတော်။
      ခွေးစကားတွေချည်းပါပဲလား။ 😛

  • etone

    May 7, 2012 at 4:00 pm

    ကြောင်လေး ၊ ခွေးလေးတွေက ချစ်စရာအနေနဲ့တင်မဟုတ်ပါပဲ စကားပြောထည့်သုံးလို့ ရမှန်း သိသွားပါပြီ ။
    နောက်ကျနေပေမယ့် … သင်တန်းလာတတ်သွားပါတယ်ချင့် … 😀

  • TTNU

    May 7, 2012 at 9:36 pm

    မအေးကေရေ…
    ဝင်ဖတ်ပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ်ရှင်။ ဗဟုသုတရတယ်
    ဆိုလို့ ဝမ်းသာပါတယ် ရှင့်။

    ကိုကြီးကြောင်ရေ…
    (ကြောင်ကြီးအမုန်းဇုံးဂ ခွေးသတ္တဝါပဲလို့…) ဆိုရင်
    တစ်စုံတစ်ယောက်က Love me, love my dog. လို့ ပြောရင်ကော…

    အိတုန်လေးရေ…
    ဖတ်ပြီးသွားပြီလား။ အလှူပုံလေးတွေ တီချာကူးထားတယ်နော်။

  • Khin Latt

    May 8, 2012 at 4:43 am

    တီချယ်ကြီး ရှင့်

    မလတ်လဲ အတန်းတက်ခဲ့ပါတယ်။
    တီချယ်ကြီး အချိန်ယူ တင်ပေးခဲ့တဲ့ ခွေး နဲ့ ကြောင် ပုံလေး ကအတော် ချစ်စရာပါ။
    တီချယ်ကြီးရဲ့ သင်ခန်းစာထဲမှာ မသိတာတွေ အများကြီး ကို မှတ်သားသွားပါတယ်။

    (a catcall) ကို တော့ အကြိုက်ဆုံးပါဘဲ။
    ရွာ့အလှူကို သွားခဲ့သူ များ MG တီးဝိုင်းရဲ့ a catcall ကို လက်တွေ့ ကြုံခဲ့ ရမယ်ထင်ပါရဲ့။ အဟိ။ 😆

    ကျေးဇူးပါတီချယ်ကြီးရှင့်။

    ချစ်ခင်စွာဖြင့်
    မလတ်

  • zaw min

    May 8, 2012 at 7:35 pm

    Zaw zaw & Tay Za .,They are operating in a Dog-eat-Dog world.
    ဒီ ကွန်မန်း ကိုဖတ်မိသောအခါ….
    Like a cat walk on hot Iron.
    For me.,Every dog has its day.

    Thanks for all…

  • TTNU

    May 8, 2012 at 9:45 pm

    မလတ်ရေ…
    စာရေးလိုက်မယ်။ မေးလ်လိပ်စာ မပုချ်ဆီက တောင်းပြီးရင်နော်။
    မလတ်ရေ တီချာ ရှင်တို့ မိသားစုကိုမြင်ရတဲ့အခါ စိတ်ချမ်းသာမိသတော့။
    တီချာလည်းချစ်ခင်မိပါရဲ ့။

    မပုချ်ရေ…
    ဘာဖြစ်ဖြစ် မမုန်းမိအောင်ကြိုးစားပါချစ်သမီး။
    အချစ်တွေ များလာရင်လည်းသတိပေါ့လေ။ 😛

    Dear Ko Zaw Min,
    Thanks for your comment.
    Life is like that.
    We should dance to the tune of human world where there isn’t
    enough room to swing a cat, shouldn’t we?

    မေတ္တာဖြင့်
    တီချာနု

  • မာမီရေ ရီစရာပြောမယ်နော့
    အရင်က ဝတ္တုတစ်အုပ်ထဲမှာဘာသာပြန်တာလေ။

    ယနေ့ည ခွေးလိုဝက်လို မိုးရွာနေတာ ဘဲတစ်ကောင်ပင်ရေနစ်သေစေလောက်ပေသည်။
    တဲ့ …………………………………….

Leave a Reply