ကောက်သင်းကောက်ပန်းတနော် အပိုင်းနှစ်(ပျော်ရွှင်ရတဲ့ခရီးနဲ့အဝတီးတဲမုန့်ဟင်းငါး)
“ပျော်ရတဲ့ခရီးနှင့်အဝတီးတဲ့မုန့်ဟင်းငါး”
ကားပေါ်ရောက်တာနဲ့ တစ်ယောက်နဲ့တစ်ယောက် အပျော်စွက်တဲ့အသံတွေနဲ့အော်ဟစ်နုတ်ဆက်ကြပါတယ်။
ကားဘီးပေါက်လို့နောက်ကျတာတွေဘာတွေအားလုံးမေ့ ၊
ဘာတွေအခက်အခဲဖြစ်မလဲဆိုတာတွေအားလုံးမေ့၊
မမြင်မတွေ့ဘူးကြသော ဝါသနာတူချစ်မိတ်ဆွေတွေတွေ့တာနဲ့ပြုံးပြကြ ။
ဘယ်သူက ဘယ်သူ ဆိုတာကို မသိသူနဲ့သိသူ တီးတိုးမေးလို့အသိခြင်းဖလှယ်ကြနဲ့ဆိုတော့
မင်္ဂလာနံနက်ခင်းကို ကျက်သရေအလင်းနဲ့ဖွင့်လိုက်တဲ့ နေ့ထူးနေ့မြတ်လေးဆိုရင်လဲမမှားပါဘူး။
ကားရဲ့ဟိုနောက်ဆုံးက ခုံတန်းလျားမှာ ဖရဲမ။
မတွေ့တာတစ်နှစ်နီးပါးကြာတဲ့ မိတ်ဆွေကြီးကိုနေချား။
သူ့ဘေးနားက ခုံမှာ ဝှီးချဲကြီးတွေ့တော့ ကိုယ့်လူကြီးကျန်းမာရေးမှကောင်းရဲ့လားဆိုပြီးစိတ်ပူသွား။
အသေအချာမေးမှ ဒကာမလေးဆူးက သူ့ဖခင် ရှိစဉ်က ခဏလေးဘဲသုံးလိုက်ရတဲ့ ဝှီးချဲကို လှူဘို့ယူလာတာကိုသိရမှ စိတ်အေးသွားပါတယ်။
“ကိုနေချားရေ ခင်ဗျားပါမလားဘူးထင်တာ အခုလို့တွေ့ရတော့ ဝမ်းသာတယ်”လို့ပြောရင်း အပြုံးနဲ့နုတ်ဆက်ပါတယ်။
ဘေးနားမှာတော့ ရွှေတိုက်စိုး နဲ့ရွှေစချုပ် ကိုတွေ့လိုက်ရ။
ကျနော်တို့ရွာမှာတော့ အလိုက်ဖက်ဆုံးပုလုံးလုံးစုံတွဲလေးပါဘဲ။
သဘောကောင်းမနောကောင်း သူတို့နှစ်ယောက်ကြောင့်လဲ အပျော်တွေအဆစ်ထွက်လာပါတယ်။
ရှေ့ပိုင်းမှာတော့ မမ နဲ့မိတ်ဆွေများ ပါးကွက်ကြားနဲ့ဂျူးဂျူးကေနဲ့ သူ့ညီမ။
မမနောက်မှာတော့ ကျနော့်ရဲ့ မဒမ်ပေါက်နဲ့ ကြောင်ကြီးကို ပါးစပ်နဲ့ပေးထားတဲ့ မဒမ်ပေါက်ရဲ့ တူမလေးတို့ထိုင်ပါတယ်။
ရှေ့တန်းမှာထိုင်သူတွေက ကျနော်တို့ကို ကျောပေးထားတော့ ဘယ်သူက ဘယ်လိုဆိုတာ စိတ်တိုင်းကျ
စပ်စုခွင့်မရလိုက်ပါဘူး။
ဆံရှည်သခင်မ မနောဖြူ လူက ပုသေးသေးဆိုတော့ ဆံပင်က လူတစ်ရပ်နီးပါး။
သူတို့နောက် က ခုံတန်းမှာတော့ ယနေ့ပွဲကို ဖြစ်မြောက်လာအောင်ဦးဆောင်လို့
နှိဗ္ဗာန်ဆော်လုပ်ခဲ့ လုပ်ငန်းအတော်များများကို စီစဉ်ခဲ့သူ အပင်ပန်းခံလို့ ဆောင်ရွက်ခဲ့သူ
အနီရဲရဲဝတ်စုံလေး နဲ့ ဆူးလေးတို့………….။
သူ့နောက်မှတော့ ကျွန်တော်ကိုစာရေးဘို့အမြဲအားပေးသူ မပဒုမ္မာရယ် မြန်မာဆန်ဆန်ဝတ်စုံနဲ့တူမချောလေး။
(ထိလို့မရ တို့လို့မရ မှတ်ပုံတင်ပြီးသားတဲ့နော်)
နောက်မှာတော့ အဝါရောင်ကို ဝတ်မှာလို့ ကြိုတင်ကြေညာထားတဲ့ ရွာစားဖိုးမှူး ဝေဝေနဲ့ သူ့ဘော်ဘော်။
(ရန်လုပ်ရအုံးမယ် မှတ်တိုင်မှာကားစောင့်တုံးက သူ့လက်ထဲမှာပါတဲ့မုန့်ကို စားနေတာ ကို ကျနော်မျှော်ကြည့်
တာတောင် စားပါအုံးလားလို့မမေးဘူးဗျာ…………..နေနိုင်သူလေးပေါ့)
နောက်တော့ ခေတ်ဆန်ဆန် လက်ပြတ်နီ ညိုလေးနဲ့ ဘာရမလဲ အာဂရဲ့ တစ်ပင်ထဲ ရင်ထဲနွယ်ပင်။
(မပဒုမ္မာရယ်လေ နွယ်ပင်အကျီကို လှန်ပြီး ဇွတ်အတင်းကိုကြည့်တာ ပုခုံးကပန်းပွင့်လေးကို မြင်ချင်လို့တဲ့နော ်)
တွေ့လိုက်တိုင်းဂျင်းပင်အပြာနဲ့ ယောက်ျားလေးဆန်ဆန်နေတတ်တဲ့ချာတူးလန်။
(ဒီတစ်ခေါက်တော့ ထူးထူးခြားခြားမိန်းမပီပီသသ ထမီလေးနဲ့ဆိုတော့ ရီစရာ)
မျက်မှန်လေးအောက်က အပြုံးတွေဝေနေတဲ့မျက်နှာပိုင်ရှင် လူကပိစိကွေး ဝတ်ထားတာက ကြည်ပြာရောင်အကျီလေး။
ခါးမှာအိတ်ပါတဲ့ ခါးပတ်အကြီးကြီးပါတ်ထားပြီးသူ့ဘေးမှာ အဖော်တစ်ယောက်ပါသူကတော့ ရွာသူလေး ပန်ပန် ပါတဲ့ ။
သူနဲ့ချိန်းတိုင်းလွဲ ဒီတစ်ခါမှ တိုက်တိုက်ဆိုင်ဆိုင်။
(ကျနော်က ကျားမအတူလာရင်အတွဲမှတ်လို့ သူ့လူမှတ်နေတာမေးကြည့်မှ သူ့ရုံးက အရာရှိ ဂျပန်လူမျိုးပါတဲ့
မှန်းထဲ့လိုက်တာ သိပ်မလွဲပါဘူး။
ဆောရီးပါ အသေးလေးရေ)
သူ့နောက်မှာတော့ ဖက်ဖူးဆင်ခင်ခင်ကြိုက်တယ်ဆိုတဲ့ ဖက်ဖူးစိမ်းရောင်ဝတ်စုံလေးနဲ့ အပြုံးရွှင်ရွှင်နဲပခင်ချင်စဖွယ်ရွှေစချုပ်။
သူ့နံဘေးမှာ မဲကြုတ်ကြုတ်ကလေးမက သိပ်မလှတော့ လှည့်မကြည့်မိပါဘူးဗျာ။
တံခါးအတက်ဝမှာတော့ ရွာသူား မဟုတ်ပေမယ့် သဒ္ဒါတရားထက်သန်စွာနဲ့ပါဝင်လှူဒါန်းကြတဲ့
ချစ်သောမိတ်ဆွေများကိုနေရာပေးထားပါတယ်။
သူ့နောက်မှာတော့ ရန်ကင်းကြေးအိုးနဲ့ အီးတုန်း ဆိုပြီး
မတူတဲ့အရာနှစ်ခုကို တွဲလို့ ကျနော်တို့စတတ်တဲ့ တည်တည်ငြိမ်ငြိမ်လူကြီးဆန်ဆနေတတ်သူ
အေကေကေအိုနဲ့ သွက်လက်ဖျတ်လတ် တက်ကြွတဲ့ အိတုန်
(စွာလဲအတော်လေးကိုစွာတယ် ကျနော်သူများနဲ့ရန်ဖြစ်ရင်သူ့ကိုစစ်ကူတောင်းရပါတယ် အားရှိအောင်လို့) ထူးခြားချက်ကတော့ မန်းလေးဂေဇက်မှာ အလှူအတန်းလေးဖြစ်လာအောင်ပထမဆုံးဦးဆောင်ခဲ့တဲ့စုံတွဲဘဲဖြစ်ပါတယ်။
နောက်ကခုံမှာတော့ ကောင်မလေးတစ်ယောက်စာအုပ်နဲ့မျက်နှာမခွာ။ဘယ်သူလဲတော့ မသိ။
နောက်မိတ်ဆက်တော့မှသိတယ် ဇွန်ဇွန်ဆိုတဲ့ရွာသူ။
သူ့နံဘေးမှာတော့ ပါးချိုင့်လေးပေါ်အောင်ပြုံးတတ်တဲ့ ကျနော်နဲ့ကံစပ်လွန်းတဲ့နွေးသီး(ခ)ရင်နွေငြိမ်း
တီရှပ်အပြာ ဘောင်းဘီအနက် မျက်မှန်က အရောင်တွေလက်လက် အပြုံးချိုချိုနဲ့ ကျနော့်ကိုနုတ်ဆက်။
နောက်မတော့ ဖယောင်းပုံလှလှလေးတွေလဲလုပ် ကင်မ်ချီလဲလုပ် တကယ့်ကိုကြည်လင်ပြီးကျက်သရေရှိသော
အပြုံးပိုင်ရှင် မနိုဗွီနဲ့အတူပါလာတဲ့သွက်လက်ချက်ချာတဲ့ကလေးမလေး။
(မနိုနဲ့ဆုံတာ ဒါကဒုတိယအကြိမ် ဝတ်တာစားတာကတော့ တကယ့်ကိုစမတ်ကျသလိုသဒ္ဒာတရားကလဲထက်သန်ပါတယ်။.
ကျနော်တို့အတွက်ကောက်ညှင်းပေါင်း ငချိတ်ပေါင်းနဲ့ဆီထမင်းတွေယူလာတာကိုးဗျ။
သူ့နောက်မှတော့ နေပြည်တော်က တောင် ကြွချီတော်မူလာတဲ့ရွာစားကျော်တို့မိသားစု။
သူတို့နှစ်ယောက်ကလဲ အရွယ်တူ ဆိုက်တူ မျက်နှာပေါက်တူ ချုိုသောအပြုံးများနဲ့စုံတွဲလေးပါ။
သူ့သားလေးက စကားလဲသွက် မေးကလဲမေးတတ်ဆိုတော့ တစ်ကားလုံးမှာပါတဲ့ အားလုံးက ချစ်ကြရတဲ့ကလေးလေးပေါ့ဗျာ။
ကျနော်ခင်ရတဲ့ ညီလေး အာဂကိုမေးတော့ လေးလေးဒီမှာဆိုပြီးနောက်ဆုံးတန်းကနေအသံပေးပါတယ်။
ဟော သူ့နောက်ကခုံမှာတော့ ကျနော်နဲ့မကြာသေးခင်က ဓါတ်ပုံကိစ္စနဲ့ညှိပြီး မှ ညီသွားကြတဲ့
ကျနော်ကို ဖေကြီးလို့ ခေါ်သူ မျက်နှာခြောက်မျိုးရှိတဲ့အံဇာတုန်းကို ကွမ်းပါးစပ်အပြုံးလေးနဲ့တွေ့ရပါတယ်။
သူ့ဘေးမှာတော့ မျက်နှာက ပင်ကိုယ်အပြုံးချိုချို လူပုံက အိန္ဒြေရရ ဝတ်စားထားတာ သပ်သပ်ရပ်ရပ် (ကိုပေါက်နဲ့တစ်ရေလောက်ဘဲကွာပါတယ်)
နဲ တမာတောမှာပျော်တဲ့မောင်………………အညာတမာ
ဟိုငေးဒီငေး ဟိုမေးဒီမေးလုပ်နေရင်း ရွတ်ခနဲ့ဆိုဘုရင့်နောင်ရောက်တော့ အဖွဲ့တွေထပ်တက်လာပါတယ်။
ဒီတော့မှာကားပေါ်မှာလူစုံတက်စုံ။
လွှတ်တော်မတက်ဘဲ ကျနော်တို့နဲ့လိုက်လာတဲ့အမတ်မင်း။
မန်းဂေဇက်သီချင်းတွေ စပ်တဲ့ မိတူရ ကတုံးမ။
အသက်ကငယ်ငယ် လူကတော့ ပေါင်နှစ်ရာကျော် ခြောက်လဗိုက်ကိုလွယ်ထားတဲ့ ဖက်တီးကက်။
(အစုကြီးမှာထမင်းစားတော့ သူ့ကို ဘရိတ်ကီ ဆိုပြီးရွာက ကလေးတွေဝိုင်းကြည့်နေကြပါသဗျား)
လူက ပိန်ရှည်ရှည် ………………ကင်မလာအသစ်ကြီးနဲ့ ချစ်ရင်ထူးတို့ ညီအကို။
သူ့အဖေက ပန်းပုထုတာတော်တယ်ပြောတယ် သူတို့ညီအကိုနှစ်ယောက်က တကယ်ကိုတူတာဗျာ။
(ကျနော့်ပါလာတဲ့ တူမလေးကို တိုးတိုးတိတ်တိတ်မှာထားရပါတယ် အဲဒီကောင်ခေါ်ရင်မထူးနဲ့လို့။
သဘောပေါက်ပါတယ်နော်)
နောက်တစ်ရွာလုံးက အထင်ကြီးလေးစားချစ်ခင်ပါတဲ့ စကားလုံးအသစ်တွေထွင်တတ်ပါတဲ့ ဂျပန်ကနေ
အရောက်လာတဲ့ ဂီဂီ။
စတီဗင်ဆေးဂဲလ်လို ဆံရှည်ကြီးကို ပယ်ပြီး မှ စတစ်ကော်လာ အကျီဖြူဖြူ ကတုံးအသစ်ချပ်ချွတ်နဲ့ကမ်းကြီး။
ခရမ်းရောင်မင်းသား လေး ဓါတ်ပုံဆရာ လုလင် ၊
စည်ဘီယာကြိုက်လွန်းလို့နာမယ်တောင်စည်ထည့်ထားပါတယ်ဆိုတဲ့လျှပ်စစ်ကျောက်သင်ပုန်းကြီးနဲ့ရဲစည် ။
လူစုံတက်စုံပျော်စရာကောင်းပါပေသည်။
အဝါရောင်အကျီ ဘောင်းဘီတိုတိုနဲ့ ကောင်လေး မေးကြည့်တော့ အရင့်ရောင်ပါတဲ့။
ကျနော့စိတ်ထဲမှာ တစ်ယောက်ပျောက်နေတော့ မနှင်းဆီခေါ်တဲ့မယ်အုံကို မေးတော့
ရွှေစချုပ်ဘေးကနေ “သမီးက ဒီမှာလို့ပြန်ဖြေပါတယ်”
(အော် အစောက မဲမဲသဲသဲလေးဆို ကျနော်လှည့်မကြည့်တဲ့ကောင်မလေးက မယ်အုံ ဖြစ်နေတာကိုး။
နောက်သူကလဲ အမှောင်ထဲမှာ ပုပုလေးထိုင်နေတော့ အမှတ်တမဲ့ဆို မမြင်မိတာပါ)
“ နင်က နင့်ထရိတ်မတ် ပုစဉ်းမျက်မှန်မတတ်တော့ ငါဘယ်သိမလဲ”လို့ပြောတော့ သူ့မျက်မှန်ကို
ထုတ်လဲအတပ် အားလုံးက ပျော်ရွှင်စွာနဲ့ဟေး……..ဆိုပြီးဝိုင်းအော်ကြပါတယ်။
ကားပေါ်လဲရောက်ရော ဆူညံပွက်လောရိုက်နေအောင်စကြ နောက်ကြတာ အုန်းအုန်းထ။
သူများတွေနားထဲမှာတော့ ဘယ်လိုနေမယ်မသိပေမယ့် ကလေးဗိုလ်လုပ်တတ်တဲ့
ကျနော်ကိုပေါက်ကတော့ ကလေးတွေနဲ့ရောလို့ပျော်ပါတယ်။
ကားထွက်လို့ခဏလေးလဲကြာရော မနိုဗွီက သူအိမ်ကယူလာတဲ့ စားစရာတွေကို ဝေပါတော့တယ်။
မထိုင်ဘဲရပ်နေကြသူတွေက တစ်ယောက်တစ်လက်လက်ဆင့်ကမ်းလို့ပေးကြ။
ကျနော်တို့ ကားနောက်ခန်းကတော့ လွတ်လပ်ပေါ့ပါးစွာ နဲ့
ငချိတ်ပေါင်းဆီထမင်း ကောက်ညှင်းပေါင်းသုံးမျိုးပါတာကို ကလေးတွေလို အော်ဟစ်လို့ရွေးကြ။
ပျော်စရာတစ်မျုးိလေးပါဘဲ။
(နေ့စဉ်အလုပ်မှာ လူကြီးတွေလိုခပ်တည်တည်ဟန်လုပ်နေရတဲ့ဘဝကနေ ခဏလေးပြေးထွက်လိုက်တယ်
ဆိုရင်လဲ ဒီအဖြေဟာမှန်ပါတယ်လို့ ပြောချင်ပါတယ်။)
နောက်တော့ ရေသန့်ဘူးတွေ အတွဲလိုက်ဝေပါတယ်။
ကောက်ညှင်းပေါင်းတင်မက ငါးခြောက်ဖုတ်ဆီဆမ်းတွေကိုလဲ ဂျို့င့်နဲ့အပြည့် လိုက်ဝေပါသေးတယ်။
စားလို့သောက်လို့လဲပြီးရော ကျနော်တို့အဖွဲ့တွေက သီချင်းဆိုဘို့ကြွက်စီကြွက်စီနဲ့ပြင်ကြပါတယ်။
သီချင်းမဆိုခင်မှာ ဆူးကနေပြီးတစ်ယောက်ချင်းစီမိတ်ဆက်တဲ့အစီအစဉ်စပါတယ်။
စစချင်းသူပြောပါတယ်။
ဒါပေမယ့် တစ်ယောက်မိတ်ဆက်ပြီးသွားတဲ့အခါ နောက်တစ်ယောက်ကိုခေါ်ဘို့ အတော်စဉ်းစားရတော့
ကျနော်ပြောရတဲ့အလှည့်ကစပြီးတော့ ပြောပြီးတာနဲ့ နောက်တစ်ယောက်ကို ဆက်ဖိတ်ခေါ်ဘို့ စီစဉ်လိုက်ပါတယ်။
ကျနော်လဲခုံမှာပြန်မထိုင်တော့ဘဲ ဟိုလူခေါ် ဒီလူခေါ်ဆိုပြီး ရွာဆော်ကြီးလုပ်ပါတော့တယ်။
တစ်ချို့က ဒီလိုပြောဘူးပြောစ မရှိတာရယ် ရှက်တာရယ်ကြောင့်မပြောချင်ပါဘူး။
ဘယ်ရမလဲ ထွက်မပြောရင်ထမင်းမကျွေးဘူးနော်ဆိုပြီး ဝိုင်းစတော့ မနေသာဘဲ ကိုယ့်အလှည့်ကျတော့ မနွဲ့စတမ်း ထွက်ပြောရပါတော့တယ်။
တစ်ယောက်ပြောပြ့ီးရင် လက်ခုပ်တွေတီး ဟိုလူခေါ်ဒီလူခေါ်ဝိုင်းအော်
အတော်ကိုပျော်စရာကောင်းခဲ့ကြပါရဲ့၊။
စာရေးစာဖတ်သူမဟုတ်ဘဲ စကားပြောခွင့်ကြုံသူကတော့ မဒမ်ပေါက်ပါဘဲ။
(သူကို့ အခုလိုမိတ်ဆက်စကားပြောခွင့်ပေးလိုက်တော့ အတော်လေးဝမ်းသာသွားပါသတဲ့။.
သူအစိုးရဝန်ထမ်းအဖြစ်ကနေထွက်ပြီးကတည်းက အခုလို အဖော်အပေါင်းနဲ့ ပျော်ပါးစွာမသွားရတာကြာလို့ပါတဲ့)
နောက်ပြီးတော့ သူကြီးပေးတဲ့ ဟန်းဆက်နဲ့ မင်မိုရီစတစ်လက်ဆောင် မဲဖောက်ပါတယ်။
ကျနော်တို့ အဖွဲ့ဝင်တွေကို တစ်သျှူးထုပ်လေးတွေဝေလိုက်ပါတယ်။
အဲဒီတစ်သျှူးထုပ်ထဲက အထုပ်နှစ်ထုပ်မှာ အမှတ်အသားသေးသေးလေးလုပ်ပေးထားပါတယ်။
အဲဒီအမှတ်အသားပါသူက ဆုရသူပါဘဲ။
တစ်သျူး ထုပ်ရဲ့ အပေါ်က R ဆိုတဲ့နားမှာ အပြာစက်ကလေးပါတယ်ဆိုတော့ကိုယ်ဆီမှာပါမလား၊
အနီစက်ကလေးပါတယ်ဆိုပြန်တော့ သူ့ဆီမှာလားကိုယ့်ဆီမှာလားလို မျက်မှန်တွေတပ်လို့ ပြူးပြဲရှာလိုက်ကြတာ
နောက်ဆုံးမဲပေါက်တဲ့ကံထူးရှင်နှစ်ဦးကတော့ ကိုနေချားက ဟန်းဆက် မိတိုက်မ ခေါ်တဲ့ရွှေတိုက်စိုးက 8ဂစ်မင်မိုရီစတစ်ကို ရလိုက်ပါတယ်။
သူ့တို့နှစ်ယောက်ကိုဓါတ်ပုံရိုက်ဘို့ နေရာရွှေ့ထိုုင်ပြီး ဓါတ်ပုံအရိုက် ကိုနေချားက ဖြတ်အသွား ဒေါက်ဆိုတဲ့အသံလေးကြားပေမယ့် သတိမထားလိုက်မိ။
နောက် မှ ကိုနေချားက ဖုန်းမပါဘူးဆိုလို့ ကျနော်အောက်ငုံ့ကြည့်မှ သူမဲပေါက်တဲ့ဖုန်းလေးက ကားကြမ်းပြင်မှာ။
အဖိုးတန်တာ မတန်တာ အပထား အားလုံးပျော်ကြရတဲ့အတွက် သူကြီးကိုကျေးဇူးတင်ပါ၏။
နောက်တော့ ပါလာတဲ့ ဂစ်တာကို ဂီဂီ ရွှေတိူက်စိုး မိတူရတို့က တစ်လှည့်စီတီးပါတယ်။
ဂစ်တာ အတီးကောင်းတဲ့သူတွေပါ။
နောက်ခန်းကနေ့ တဒူန်းဒုန်းနဲ့ ရေသန့်ဘူးခွံနဲ့ ထိုင်ခုံလက်တန်းကို ထုတဲ့ ဒရမ်မာက တော့ ဖရဲမပါ။
ဂီဂီ ဂစ်တာတီးပုံက လှပသလို သီချင်းဆိုပုံကလဲ ဖီးလ်အပြည့်နဲ့ပါ။
ကမ်းကြီးကလဲ အဆိုကောင်း တကယ်ကို မုဒ်ထဲ့ပြီးဆိုတာပါ။
ဘယ်သူဘယ်လောက်အဆိုကောင်းကောင်း သံပြိုင်ခိုးရပ်စ်ပိုက်ရောက်တာနဲ့
အသံကြောင်ကြောင်ကြီးနဲ့ တတ်သမျှ မှတ်သမျှ ဝင်အော်တဲ့ကျနော့်ကြောင့် ကီးတွေလွဲကုန်တာပါဘဲ။
မိန်းကလေးဖြစ်ပြီး သီချင်းတွေအကုန်ရသူကတော့ ရင်နွေငြိမ်းခေါ်တဲ့ တောင်ကြီးသူနွေးသီးပါ။
(သူ့နာမယ်လေးနွေးသီးကို အမှီပြုပြီး ကျနော်ဝတ္တုကောင်းလေး တပူဒ်ရဘူးပါတယ်။
ကံစပ်တယ်ဆိုရမှာပေါ့။)
သီချင်းပေါင်းစုံကို ဆိုလို့ကောင်းနေတုန်း ဂစ်တာကြိုး တစ်ချောင်းပြတ် ကျနော်တို့တီးဝိုင်းလဲရပ်။
အားလုံးလဲမောမောနဲခဏနား ဒါပေမယ့် မယ် ရွှေတိုက်စိုးနဲ့ ဖက်တီးကက်ကိုဝိုင်းလို့စ တကယ့်ကို
ပျော်စရာကောင်းလှပါတယ်။
တီးဝိုင်းလဲရပ်ရော အရင့်ရောင်က ကားပေါ်က ကာရာအိုကေစက်နဲ့သွားဆိုပေမယ့်
မြန်မာပြည်က အင်တာနက်ကော်နက်ရှင်လို ထစ်အထစ်အဖြစ်နေတဲ့စက်ကြောင့်သီချင်းဆိုမရဘဲ
တပ်ခေါက်ပြန်လာပါတယ်။
အဲလိုလဲ နားနေရတာကြာရော ဂစ်တာ မလိုတဲ့ မြန်မာသံစဉ်သီချင်းတွေအော်ဆိုလို့ကောင်းနေတုန်း
ကျနော်တို့စီးလာတဲ့ကားက ဘုန်းကြီးကျောင်းရှေ့မှာ ထိုးရပ်လိုက်ပါတယ်။
ကားပေါ်ကဆင်းတာနဲ့ ကျောင်းဝင်းထဲက သစ်မြစ်ဆုံကြီးပေါ်မှာ ဂိုက်တွေပေးပြးဓါတ်ပုံတွေရိုက်ကြပါတယ်။
မမတို့ မောင်နှမတတွေစီစဉ်ထားတဲ့ မုန့်ဟင်းငါး စားကြဘို့ပါ။
ဓမ္မာရုံထဲမှာ စားပွဲဝိုင်းတွေအများကြီးခင်းပေးထားပါတယ်။
(ကျနော်တို့ကို ကျွေးမွေးနိုင်ဘို့ လူကြိုတင်လွှတ်ပြီး ချက်ခိုင်းထားတာပါတဲ့)
ရောက်တာနဲ့ဟိုလူဒီလူမရွေးဘဲ အဆင်ပြေသလိုထိုင်လိုက်ကြပါတယ်.။
တစ်ချို့ကလဲ တစ်ကိုယ်ရေကျန်းမာရေးအတွက်ပြေးသူကပြေး
ကားရပ်တုံးဓါတ်ပုံခလုပ်နှိပ်သူက နှိပ်နဲ့ အလုပ်တွေရှုပ်နေချိန် မမတို့ကတော့ ဆရာတော်ကို လှူဘွယ်ပစ္စည်းတွေဆက်ကပ်နေတာကို တွေ့ရပါတယ်။
ကျနော်ကတော့ မုန့်ဟင်းခါးစားနေတဲ့ ပုံတွေကို လိုက်လို့မှတ်တမ်းတင်။.
ပြီးမှ ရွာစားကျော်တို့မိသားစုရယ် ကျနော်တို့မိသားစုရယ်အတူထိုင်လို့ စားကြပါတယ်။
မုန့်ဟင်းငါးချက်ပုံက ကျနော်တို့ အညာကချက်ပုံနဲ့မတူ။
ဘဲဥ တွေရော အကြော်တွေရော စုံနေတာပါဘဲ။
စားပွဲပေါ်က ပုဂံထဲမှာ ပုစွန်လိုလို ထည့်ထားတာတွေ့ပေမယ့် ဘာမှန်းမသိတော့ ထည့်မစား။
အနားမှာ ရပ်နေတဲ့ ဧည့်ခံတဲ့ အမကြီးက
” ထည့်စား ပုစွန်ပါးသားခေါ်တယ် အရမ်းကောင်းတယ်များများစား”
ဆိုလို့ထည့်စားလိုက်တာ တကယ်ကိုမောင်ကျန်တစ်တို့ဖြစ်သွားပါတယ်။
ကျနော်ကိုယ်တိုင်လဲ အဝအပြဲတီးလိုက်တာ နှစ်ပန်းကန်။
ကျနော်စားလို့လဲဝရော သူများတွေစားသောက်နေတာကို ကင်မရာတစ်လုံးနဲ့လိုက်ချိန်ပြီးနှောင့်ယှက်ပါတယ်။
ပိုပျော်စရာကောင်းတာ က ဖက်တီးကက်တို့အဖွဲ့ပါ.။
ဖက်တီးကက်စားနေတာကို ပုဂံလု ဇွတ်မုန့်တွေခွန့်ကြွေး အတင်းပါးစပ်ကို တစ်သျှူးနဲ့သုတ်။
လုပ်ကြတာက အမတ်မင်း မိတူရနဲ့ မိတိုက်ပါဘဲ။
ဒီမြင်ကွင်းကိုသာမြင်လိုက်ရရင်တော့ မလိုက်မိတာ နာ တယ်လို့ ထင်ရလောက်အောင်ပျော်ခဲ့ကြပါတယ်၊
စားသောက်နေတဲ့အချိန်မှာဘဲ ကျနာ်တို့အားလုံးလက်ထဲမှာ ခေါင်းမပါတဲ့ ဒေါင်း တံဆိပ် အ မှတ်တရယပ်တောင်လေးတွေရောက်နေပါပြီ။
နည်းနည်းလေးအိုက်စ ပြုလာတဲ့ရာသီကို ကိုယ်ပိုင်လက်ဖြစ်အဲကွန်းနဲ့ တွန်းလှန်ရင်းအအေးဓါတ်ရအောင်ယူကြပါတယ်။.
ခဏနေတော့ ကျနော်တို့အားလုံးခရီးဆက်ဘို့ ဆော်ဩနေတုန်းမှာကို တစ်ယောက်နဲ့တစ်ယောက်
အပြန်အလှန်စနက်ရှော့ကြပါတယ်။
အော်………….တကယ်ကိုပျော်စရာ။
မကြာခင် ခရီးဆက် ကျနော်တို့ရဲ့ရည်ရွယ်ရာပန်းတိုင်ကို ရောက်လှုနီးပါပြီ။
ပဒုမ္မာနှင့်ကိုပေါက် ပူးတွဲတင်ဆက်ခြင်း
(9-5-2012)
47 comments
water-melon
May 10, 2012 at 8:35 am
လေးပေါက်ရေ
ဖတ်လိုက်ရတော့
နောက်တခေါက်ပြန်သွားသလိုခံစားရပါတယ်
တကယ် တကယ် ဆရာကြီးဘဲ အရေးအသားမှာ
တပည့်လေးကို သင်ပေးပါနော်
ဆူး
May 10, 2012 at 9:31 am
ကံစမ်းမဲ အစီအစဉ် ကို မဲလိပ်စနစ်နဲ့ လုပ်ဖို့ အလုပ်ရှုပ်တာနဲ့.. လက်ထဲမှာ ရှိတဲ့ စနိုးတာဝါ မှာ မှင် ၁စက်ဆီ မသိမသာ တို့ပြီး လူအရေ အတွက်နဲ့ ဝေ လိုက်တာ အဆင်ပြေသွားတယ်။
မသိမသာ မိုလို့ တော်တော် ရှာယူလိုက်ရတယ်နော်။
မုန့်ဟင်းခါး ကတော့ တကယ်ကို အမှတ်တရပါပဲ.. ကောင်းလိုက်တာ အရမ်းပါပဲ။
ဦးဦးပါလေရာ
May 10, 2012 at 9:47 am
အရင်လူတွေ ပြောပြီးသွားပေမယ့် ကိုပေါက်ပြောပြန်တော့ လဲ
ဖတ်ရင်း ပျော်လာပြန်ပါတယ်။
ပန်းတနော် မုန့်ဟင်းခါးကတော့ လူပြောများနေပြီ…။
ဒါ့ထက်စိတ်ပါလါရင်တော့ အဲဒီမြို့အထိ သွားစားမိတော့မယ်….. 😀 😀
Thel Nu Aye
May 10, 2012 at 10:05 am
လှလိုက်တာလေးပေါက်ရေ။ လေးပေါက်ရေးတဲ့စာဖတ်ရတာပျော်စရာကြီး။ မျက်စိထဲတောင် ကွင်းကွင်းကွက် ကွက်မြင်တယ်။ မုန့်ဟင်းခါးကတော့ တော်တော်လူပြောများတာပဲ။ မစားလိုက်ရတာနာတယ်။
windtalker
May 10, 2012 at 10:12 am
ကြောင်ကြီးက ပြန်မလာနိုင်လို့တဲ့
မောင်ပေ့ တာဝန်ဆိုလားဘဲ။
ဟီဟိ
manawphyulay
May 10, 2012 at 10:12 am
အင်း ခုလိုကျတော့လည်း သွားပြီးရင်း သွားချင်နေတော့တာပါပဲ လေးပေါက်ရယ်…
ပျော်စရာလည်းကောင်း ကြည်နူးစရာလည်းကောင်းပဲ
Pyaemu Thantha
May 10, 2012 at 10:30 am
တားတားမလိုက်နိုင်ခဲ့ပေမယ့် ကွင်းကွင်းကွက်ကွက် မြင်အောင်ရေးပြလို့ လိုက်ခဲ့ရသလို ပျော်နေမိတာမို့ ဘဘကြီးပေါက် ကိုကျေးဇူး အထူးပါနော် 😀
Novy
May 10, 2012 at 12:26 pm
နောက်မတော့ ဖယောင်းပုံလှလှလေးတွေလဲလုပ် ကင်မ်ချီလဲလုပ် တကယ့်ကိုကြည်လင်ပြီးကျက်သရေရှိသော
အပြုံးပိုင်ရှင် မနိုဗွီနဲ့အတူပါလာတဲ့သွက်လက်ချက်ချာတဲ့ကလေးမလေး။
(မနိုနဲ့ဆုံတာ ဒါကဒုတိယအကြိမ် ဝတ်တာစားတာကတော့ တကယ့်ကိုစမတ်ကျသလိုသဒ္ဒာတရားကလဲထက်သန်ပါတယ်။.
လေးပေါက်ရဲ့ အရေးအသားကို သဘောကျပြီ
ဘဝင်လေဟပ်ပြီး ထမင်းတောင်မဆာတော့ဘူး 🙂
ကိုပေါက်(မန္တလေး)
May 10, 2012 at 1:06 pm
ကျနော်က မှတ်တမ်းမရေးတတ်သူဆိုတော့ စိတ်နဲ့ဘဲမှတ်ရေးပါတယ်။
အဓိက ကတော့ပျော်စရာအကြောင်းလေးတွေပေါ့။
မလိုက်ဖြစ်သူများလဲ ဖတ်ပြီးပျော်ရအောင် ။
လိုက်ဖြစ်သူများကလဲ ပျော်စရာလေးတွေသတိရအောင်ရည်ရွယ်ပါတယ်။
ဒါကြောင့် ရှေ့နောက်လွဲနေတာ ကျန်နေတာရှိရင် ဖြည့်ပေးစေလိုပါတယ်။
မနို တူမလေးက ချစ်စရာကောင်း၏
Ma Ei
May 10, 2012 at 1:17 pm
မလိုက်ဖြစ်သူများလဲ ဖတ်ပြီးပျော်ရအောင် ဆိုတာ…
တစ်ကယ်ဘဲ ဖတ်ပြီးပျော်ရပါတယ်…
မလိုက်ဖြစ်သူများအတွက်လဲ စေတနာထားလို့
ကျေးဇူးနော်…
etone
May 10, 2012 at 1:47 pm
လေးပေါက်ရေ … အဲ့ဒီခရီးစဉ်မှာ မှတ်မှတ်ရရ … ရှိနေခဲ့တဲ့ ပုံရိပ်တစ်ချို့ကတော့ ….
(၁) မဒမ်ပေါက်ပါ … တက်လာတုန်းက … စတိုင် အပြည့်နဲ့ဆိုတော့ ဘယ်က ဖော်ရင်နာ ပါလာသလဲလို့ .. .. နောက်မှ လေးပေါက်ရဲ့မဟေသီမှန်း သိလို့ .. အရွေးတော်လိုက်တာလို့ ချီးကျူးမိတယ် …ဒါ့ပြင်မပြန်ခင်က စကားတွေ ဖောင်ဖွဲ့ရင်း … စကားပြောကောင်းမှန်းလည်းသတိထားမိခဲ့သလို ၊ စိတ်ထဲသိုသိပ်မထားတတ်တဲ့ ၊ ခင်ဖို့ကောင်းတဲ့ အိုးပမ်းမိုင်းန် ရှိသူအဖြစ်လည်း .. သိခဲ့ရပါတယ် ။
(၂) အန်တီပဒုံမ္မာ နဲ့ အစ်မဆူးပါ … ။ နှစ်ယောက်စလုံး … ကိုယ်ပိုင်ကားမောင်းနေကြပြီး .. အလှူခရီးမှာတော့ … လိုင်းကား မတ်တပ်ရပ်စီးရတဲ့ အတွေ့ ကြုံ ယူကြလို ့ပါ .. ။
(၃) မနိုပါ …. သူ့သမီးလေးနဲ့ .. မိတ်ဆက်ပေးတုန်းက …. သမီးဆိုတာတောင် မယုံနိုင်ခဲ့ဘူး …သမီးလေးက ရှစ်နှစ်ဆိုပေမယ့် … မနိုကို .. အပျိုကြီး မမလို့တောင်ထင်ရလောက်အောင် အရွယ်တင်လွန်းလို့ပါ … ။ အိမ်ထောင်ရှိမှန်းတော့သိတယ် … ကလေးရှိတယ်လို့တော့မထင်ဘူး… ။
ဒါနဲ့ လေးပေါက်ရေ… သမီးက .. အရမ်းမစွာပါဘူး လေးပေါက်ရဲ့ .. အရင်ကတော့.. အရမ်းကိုအေးတိအေးစက်နေခဲ့တာပါ … ။ တော်ရုံဆို… မသိသလိုပဲနေလိုက်တယ် ..နောက်ပိုင်း လူလည်လုပ်ခံရတာတွေ များလာတဲ့အခါ ….. နေထိုင်ရတဲ့အခြေနေကိုလိုက်ပြီး ၊ စိတ်အခြေနေပါပြောင်းလာတယ် … ။ ငြိမ်ခံလျှင် မြေနိမ့်ရာ လှံစိုက်တဲ့အကျင့် ၊ စော်ကားချင်ကြတဲ့အကျင့်တွေကြောင့် .. အခုလို မိစွာဘဝကို ရောက်ခဲ့ရတာပါ … ။ အလကားနေရင်းတော့ .. ဘလိုင်းကြီးမစွာပါဘူးလေးပေါက်ရယ် .. မှန်လို ပြူမူနေထိုင်တာပါ … ။ သင်ကောင်းလျှင် ကျွန်ုပ်မဆိုးပါပေါ့ ..ဟိဟိ … ။ 😛
ကိုပေါက်(မန္တလေး)
May 10, 2012 at 1:53 pm
တုံကလေးရဲ့
ငါလည်းညည်းလိုပါဘဲ။
မလိုရင်အေးဆေး လိုအပ်ရင်စွာသပေါ့။
စိတ်ခြင်းတူလို့ စလိုက်ပါတယ်နော့်။
အရင့်ရောင်
May 10, 2012 at 1:58 pm
ဥူးပေါက် နော် တားက တီချင်းကို တီကယ် ချိုမလို့ ရှက်ကထစ်နေတော့
မချိုလိုက်တော့ စိတ်ဆိုးတာပေါ့ဗျ။။။။။။။။။။။။။။။
နောက် အခါတွေကျမှ အသံနဲ့ တပ်ပီးနှိက်စက်တော့မယ်ဗျာ…
စောင့်မျှော်အားပေးကြပါနော်
ဗိုက်ကလေး
May 10, 2012 at 2:02 pm
စာဒွေကိုတော့ အေးချေးမှ ဖတ်တော့မယ်
ပုံတွေကိုတော့ ကြည့်ရှုအားပေးတွားပါဒယ်.အူးကလေး.
ရေလည်မိုက်ဒယ်.ရှည်ဘဲ
jujuma
May 10, 2012 at 2:07 pm
ညွှန်းချက်လေးတွေအားလုံးကိုကူးထားလိုက်ပါပြီဗျာ..
ခုမှ ပဲ ဘယ်သူဘယ်ဝါဆိုတာ အတိအကျသိရတော့တယ် ..
မသိခင်ကတာ့ စမ်းတဝါးဝါးနဲ့ဗျ ..ဟိဟိ
ကျေးဇူးပါ …
နွယ်ပင်
May 10, 2012 at 2:17 pm
လေးပေါက်ရဲ့ ပုံလေးတွေနဲ့ စာနဲ့ကိုဖတ်ပြီး ခရီးနောက်တစ်ခေါက် ပြန်ထွက်လိုက်ရသလိုပါပဲ ..
amatmin
May 10, 2012 at 2:52 pm
လေးပေါက်ရေ..
မုန့်ဟင်းခါးဆိုမှ..သတိရတယ်..
စားနေတဲ့ အချိန်ကျနော့ဘေးမှာ ကိုအညာတမာရယ်..ဦးနေချားရယ်ပေါ့ ဗျာ..
အဲ့လူကြီးတွေများ ကိုယ်တွေက လူငယ်ပီပီ လိုအပ်တာ မလုပ်ပေးရဘူး..
သူတို့ကပဲ ဘဲဥယူပေး..ပုစွန်ပါးသားကမ်းပေးလုပ်နေတဲ့ အပြင်.
ကားပေါ်မှာလည်းဘေးနားမှာ ဆူညံဝိုင်းဖွဲ့နေတာတွေကို.
နားလည်ပေးပြီး ပြုံးပြုံးကြီးတွေ နဲ့ နေတတ်ကြတာဗျ..
ပြီးတော့ အဲ့နေ့က ကားနောက်မှာ နားပွင့်မတတ် အသံပေါင်းစုံကိုသည်းခံပေးခဲ့တဲ့
လေးပေါက်.ဆရာထက်.ဦးနေချား.ကိုအညာတမာအပါအဝင် မနောဖြူတဲ့ ဂေဇတ်ဦးကြီး.ဒေါ်ကြီးများကိုတော့
ချစ်ခင် အားနာခဲ့ပါကြောင်းတော့ပြောချင်မိ၏.. 🙂
သူရဇော်
May 10, 2012 at 4:37 pm
ဟေ ကိုမက် ခင်ညား မှားတွားဘီ…… ဘေးမှာ M လုလင်၊ ဦးနေချား၊ သူရဇော်၊ ကိုမက်မင်း တစ်ဝိုင်းလေဂျာ………….. လေးပေါက်ရေ မုန့်ဟင်းခါးကို ပြန်သတိရမိတယ်ဗျို့
R Ga
May 11, 2012 at 6:12 pm
ဟုတ်ပ ကျွန်တော်က မုန့်ဟင်းခါးမကြိုက်လို့ မစားတာကို အန်တီမမ က မစားလို့ဆိုပြီး အတင်းစားခိုင်းတယ်။ ပန်းတနော်ရောက်ရင် ပန်းတနော်မုန့်ဟင်းခါး စားဖြစ်အောင်စားကောင်းတယ်လို့တောင် စေတနာနဲ့ပြောလေသေးရဲ့..။ နောက်ပြီး ပုစွန်းပါးသားလေးတွေ ကစားကောင်းတယ်ပြောလို့..အဟီး ဘယ်လိုအရသာရှိမလဲဆိုပြီး ကျွန်တော့်မိန်းမရဲ့ မုန်းဟင်းခါး ပန်းကန်ထဲ ပုစွန်ပါးသားတွေထည့်စားကြည့်တော့ ကောင်းသား ဗျ..။ ထပ်စားချင်ပေမယ့် ကိုယ့်အပြစ်နဲ့ကိုယ်ဆိုတော့လည်း..မစားဖြစ်ခဲ့ဘူး…အားနာလိုက်တာ ဗျာ။
Inz@ghi
May 10, 2012 at 3:01 pm
အနှီဂီတာကြိုးကို ဖြတ်ပစ်တာ မောင်ဂီ့ပေါ့
လေးပေါက်ရယ်..
မုန့်ဟင်းခါးစားတော့ ဖရဲမမြို့ထဲ တက် ဂီတာကြိုးဝယ်ပေးတာလေး
အမှတ်တရရှိပါရဲ့ ….
ပြန်လာခဲ့ပါဦးမယ်ဗျာ…
ခင်တဲ့
Inz@ghi
amatmin
May 10, 2012 at 3:15 pm
ကိုဂီရေ..
ဂစ်တာကြိုး ရရှိအောင် စွမ်းဆောင်ပေးခဲ့တာ..
တလုံးတပါဒမှ ဝင်မဆိုခဲ့တဲ့ ဦးနေချားကြီးလားလို့…
ဖရဲမ ဂိုးတာက နောက်တခုဗျ.. 🙂
မဟာရာဇာ အံစာတုံး
May 10, 2012 at 3:55 pm
ဟုတ်တယ် … ဟုတ်တယ် ..
ဖရဲသီး ဂိုးတာက နောက်တစ်ခု .. 😀
သူဂိုးတာထက် စက်ဘီး ငှားပုံလေးကို
ကျနော် တော်တော် သဘောကျမိသဗျာ …
amatmin
May 10, 2012 at 4:25 pm
မှန်တယ် ဘိုအံရေ ခင်ဗျားလဲ မြင်သပေါ့ လေ..
မန်းလေးသား မိုက်ချက်ကတော့ ကျုပ်တို့ လက်လန်တယ်..
ဂေဇတ်လူမိုက် စစ်စစ်ဗျ.. 😛
Shwe Tike Soe
May 10, 2012 at 4:09 pm
ဟုတ်တယ် ကိုဂီ ပထမဆုံး တစ်ကြိုးပြတ်တာ ကိုဂီပေမယ့် တီးလို.ပြတ်တာ နောက်အပိုပါနဲ. တစ်ကြိုးပြောင်းတပ်ပါသေးတယ်.. အဲဒါကတော့ မတီးပဲ ထိယုံနဲ. ပြတ်အောင်လုပ်တာ ကိုမတ်ပါ…. ထိတာ အားပါသွားတာနေမှာ…. ဟိဟိဟိ
Shwe Tike Soe
May 10, 2012 at 4:11 pm
လေးပေါက်ကြီးကတော့ ပြန်သတိရအောင်လုပ်တယ်ဗျာ.. ဖတ်နေတုန်းကို စမြုပ်ပြုံးပြုံးနေရတယ်.. 😀
ကိုပေါက်(မန္တလေး)
May 10, 2012 at 4:25 pm
ငါက ရေးဘို့ပြန်တွေးနေရင်းတောင် တစ်ယောက်ထဲပြုံးမိပါတယ်ကွာ။
Rose Minn
May 10, 2012 at 4:35 pm
အော်ပုစဉ်းမတပ်မိ လို့ မမြင်မိတဲ့ မိ Rose ချောင်ထဲနေမိတဲ့ အဖြစ်ပါလားနော်။ နောက်ဆို trade mark တပ်ထားမယ ်လေးလေး။ ခစ်ခစ်။
ပြန်ဖတ်ရင်းဖတ်ရင်းမြင်ယောင်လာတယ် အဲဒီနေ့ကို မရိုးတဲ့နေ့ မဟောင်းတဲ့နေ့ ။အမှတ်ရစေမယ့်နေ့။ နောက်ဆို မေ 1 ဆို MG နေ့လို့သတ်မှတ်လိုက်ချင်တယ် ။ ဒါဗြဲ။
ကိုပေါက်(မန္တလေး)
May 10, 2012 at 5:13 pm
ငါက တစ်ကယ်ကို မမြင်မိတာပါ အုံအုံရ
မေ့သွားတယ် ညည်း နာမယ်အသစ်တောင် ရေးမပေးလိုက်ရဘူး။
ဆိုမာလီရေ
Yin Nyine Nway
May 10, 2012 at 7:11 pm
သီချင်းသံကြား မနေနိုင်ဘူးဗျ (တောင်ကြီးသူ ပီသတယ်)
ဂယ်…. သီချင်းတိုင်းလိုက်ဆိုတာထက်
ရတာတွေပဲ သူတို့က ဆိုနေလို့လေ
ဒါကြောင့်လဲ တလမ်းလိုံး မတ်တပ်ရက်နေတာ
လုံးဝမညောင်းပဲ အိမ်ရောက်မှ မနေနို်ငအောင် ကြွက်တက်တာလဲ အမှတ်တရဘဲ လေးပေါက်ရေ
နောက်တခေါက် ပြန်ရောက်သလို ခံစားရတယ်လေးပေါက်ေ၇
ကိုပေါက်(မန္တလေး)
May 10, 2012 at 10:21 pm
ပျော်စရာ ………..ပျော်စရာ
ရွာအလှူပွဲတော်မှာ
Khin Latt
May 11, 2012 at 4:38 am
“ရက်အနဲငယ် မျှ လေး အလှူ နဲ့ လွဲ သွားတာ နာတယ်” လို့ တွေးမိရအောင်ကို အရေးကောင်းလှပါတယ် ကိုပေါက်ကြီးရယ်။
မတွေ့လိုက်ရတဲ့ ရွာ့ညီမ/မောင် များ ကို ပုံဖော်ပေးလို့ တုံကလေးကိုရော၊ ကိုပေါက်ကြီး ကိုပါ ကျေးဇူးတင်ပါတယ်။
အားလုံးကို တကယ်ဘဲ တွေ့ချင်ခဲ့တာပါ။
မနို ရဲ့ သမီးလေး က တကဲ့ ချောချော ချစ်စရာလေး နော်။
အမေ တူလို့ပါဘဲ။ (ကင်မ်ချိ တစ်ဘူး ဗျို့) 😉
ရွာစားကျော် ရဲ့ သားလေး ကလဲ ချစ်စရာ အသွက် စကားတောင်စား လေး မှန်း သိသာပါရဲ့။
ဆက်ပြီးမျှော်နေပါတယ်။
ဒါတ်ပုံလေးတွေ ထဲ က ငှက်ပျောပင်တွေကြားက အိမ်လေးကို ကြိုက်တယ်။
ရွာလမ်းလေးက သာယာလိုက်တာ။
Novy
May 11, 2012 at 1:34 pm
အရီလတ်ေ၇..
သမီးလေးကို ချောတယ်ပြောလို့ ကျေးဇူးပါ
သူကို ချောတယ်ပြောရင် သဘောအရမ်းကျတယ်
သူ့စိတ်ထဲမှာ သူကရုပ်ဆိုးတယ်လို့ထင်နေတယ်လေ
ကင်မ်ချီ အတွက်တော့ မပူနဲ့ လူကြုံရှိရင်ပြော ပါဆယ်ပို့ပေးမယ်နော်
Khin Latt
May 11, 2012 at 2:32 pm
မနိုရေ
စေတနာစကား လေး ကို ရင်ထဲက နွေးထွေးစွာနဲ့ ကျေးဇူးတင်ပါတယ်။
တကယ်ပို့ပေးစရာမလို ပါဘူး။
သမီးလေး မျက်နှာလေးကို ကြည့်ရတာ တကယ် ချစ်စရာ ချောချော လေးမို့ ပြောတာပါ။
နောက်ပြီး သူ မျက်နှာမှာ ဆွဲဆောင်မှုအား တစ်ခု ရှိနေတယ်။
အဲဒါ မနို ဆီက ရတာထင်တယ်။
မနို မျက်နှာမှာလဲ တွေ့ရတယ်။
တိုးတိုး ပြောမှ – တော်ကြာ ကကြောင်ကြီး ကြားသွားလို့ ရောဂါ ပိုဖောက် လာဦးမယ်။ 😆
MaMa
May 11, 2012 at 7:05 am
ရွာသူားတွေရဲ့ ချစ်ခင်မှုအပြင် နောက်မျိုးဆက်လေးတွေရဲ့ ချစ်ခင်မှုကလည်း နှစ်လိုဖွယ်ပါပဲ။
အားလုံးပဲ ဝိုင်းအားပေးကြတဲ့ ကျွေးဖြစ်သွားတဲ့ ပန်းတနော်မုန့်ဟင်းခါးရဲ့ သမိုင်းကြောင်းကို ပြောပြချင်သေးတယ်။
အမှန်က မြို့အဝင်တံတားနားမှာ အမဝမ်းကွဲ ဖွင့်ထားတဲ့ ယူရေးနပ်စ် စားသောက်ဆိုင်မှာ ကျွေးမလို့။ သူ့ဆိုင်ကလည်း အဲဒီမှာ နာမည်ကြီးတယ်။ ဒါပေမယ့် မုန့်ဟင်းခါးကတော့ ပုသိမ်လက်ရာဖြစ်နေလို့…
အမွှာညီအမကလည်း သူ့ဒေသအစားပဲ ပိုကောင်းပါတယ်လို့ အကြံပေးတာနဲ့ ပန်းတနော်မုန့်ဟင်းခါးပဲ ကျွေးတော့မယ်လို့ ဆုံးဖြတ်လိုက်တယ်။
သဂျီး အမေလိကကို မြန်မာပြည်က လက်ရှိရောင်းနေတဲ့ ဆိုင်ကို ခေါ်သလို ….
ဆိုင်မှာပဲ ကျွေးဖို့ စဉ်းစားမိပေမယ့် တောမြို့လေးဖြစ်လို့ မုန့်ဟင်းခါးဆိုင်တွေကလည်း ၈ နာရီနောက်ပိုင်းဆို မရတတ်တာနဲ့ …
လူများလို့ ဆိုင်မှာဆိုရင် အဆင်မပြေမှာ စိုးတာနဲ့….
ချက်ကျွေးဖို့ စဉ်းစားရတယ်။
ပန်းတနော်မုန့်ဟင်းခါးကို ကျမတို့ မိသားစုတွေအားလုံးပဲ ကြိုက်ကြတယ်။ သူများတွေကိုလည်း ပန်းတနော်က မုန့်ဟင်းခါးကောင်းတယ်လို့ ပြောမိကြတယ်။
ဒါပေမယ့်တခါတုန်းက ရန်ကုန်က မိတ်ဆွေတွေကို အလည်ခေါ်သွားပြီး ကျွေးတော့ `ကိုယ်စားနေကျမို့ကြိုက်တာ ဖြစ်ပါလိမ့်မယ်´ လို့ ပြောသွားပြီးကတည်းက ပန်းတနော်မုန့်ဟင်းခါး ကောင်းတယ်လို့ မပြောရဲတော့ဘူး။
အဲဒါကြောင့် ရွာထဲမှာ မုန့်ဟင်းခါးက ရှယ်ရဲ့လား မေးတော့ ကောင်းမကောင်းတော့ မသိဘူး။ ဒေသထွက်လက်ရာကိုတော့ မြည်းစမ်းခွင့်ရမယ်လို့ပဲ ပြောလိုက်တာ။
ဒါပေမယ့် အကောင်းဆုံးဖြစ်စေချင်တော့ အိမ်နားက အမကြီး (သူလည်း ရန်ကုန်တလှည့်၊ ပန်းတနော်တလှည့်နေတာ) ကို အကူအညီတောင်းတော့ သူကလည်း လှိုက်လှိုက်လှဲလှဲ ဝမ်းသာအားရပဲ လုပ်ပေးရှာပါတယ်။
အများက ကြိုက်ကြတယ်ဆိုတော့ စီစဉ်ရကျိုးနပ်လို့ ဝမ်းသာကြည်နူးမိတယ်။
တကယ့်ကို ကောက်သင်းကောက်တဲ့ ကိုပေါက်ရဲ့ အရေးအသားကလည်း ဒီခရီးအတွက် (ကျမအတွက်)
အမှတ်တရ လက်ဆောင် ပါပဲ။
Khin Latt
May 11, 2012 at 2:35 pm
မမ ရေ
မုန့်ဟင်းခါးကြိုက်သူမို့ ဘယ်လို ပုံစံ ချက်ချက် အားရပါးရ စားတတ်တာ။
ဒီလောက်ကောင်းပုံ ရ တဲ့ မုန့်ဟင်းခါးကို စားကြတာ နှစ်ပုဂံ က တကယ်ဘဲ စံချိန်ဘဲလား။
ဟား – ဒီလောက် ဆိုရင် ပြိုင်လိုက်ချင်သေးရဲ့။
ဒီလို ကြင်နာမှု စေတနာ လေးတွေ အတွက် ကျေးဇူးပါ မမရေ။
ကြည်နူး မိပါတယ်။ 🙂
ကိုပေါက်(မန္တလေး)
May 11, 2012 at 8:35 am
အပြန်လမ်းမှာ မပဒုမ္မာက “ကိုပေါက် ဒီခရီးအကြောင်းပိုစ်ရေးမှာလား”လို့ မေးလာပါတယ်။
ကျနော်ကလဲ “အားလုံးရေးပီးမှ ရေးမယ်”လို့ပြောလိုက်ပါတယ်။
ပြန်ရောက်တဲ့နေ့က စပြီး ပန်းတနော်ပိုစ်တွေတက်လာပါတယ်။
ဒါကြောင့်လဲ ကျနော်က အားလုံးတင်ပြိးမှ ကောက်သင်းကောက်မယ်လို့ ပြောခဲ့ပါတယ်.။
နောက် မပဒုမ္မာနဲ့တွေ့တော့ သူရိုက်ထားခဲ့တဲ့ ဓါတ်ပုံ ခွေလေး ကျနော့်ကိုပေးလိုက်ပါတယ်။
“ကိုပေါက် ကြိုက်သလိုသုံးပါ”ဆိုပြီးတော့ ။
မန်းလေးပြန်ရောက်မှ မပဒုမ္မာရယ် ကျနော့် ဓါတ်ပုံတွေရယ်ကို ရောသမမွှေပြီး ကောက်သင်းကောက်ဘို့စိတ်ကူးရသွားပါတယ်။
ကျနော်မှာမရှိတဲ့ပုံတွေ မပဒုမ္မာဆီမှာပါလာတော့ ပိုလို့ပြည့်စုံသွားပါတယ်။
ဓါတ်ပုံတွေစုလိုက်တာ ပုံ50လောက်ရပါတယ်။
သူများနဲ့တူနေတာတွေဖယ်ပေါ့။
ဒါနဲ့ ပိုစ်ကိုသုံးပိုင်းခွဲရေးပါတယ်။
ထူးခြားအောင် ပုံလေးတွေအရင်ပြ စာက နောက်မှလိုက်ရေးပါတယ်။
စိတ်ဝင်စားအောင် ပဟေဠိ ပါထည့်ပေးလိုက်ပါတယ်။
အားလုံးဖတ်ပြီး ပျော် ကြ ကြည်နူးကြတယ်ဆိုတာ သိရတော့ ကောက်သင်းကောက်ရကျိုးနပ်ပါတယ်။
အားလုံးကိုလဲ ကျေးဇူးတင်ပါတယ်။
ကြောင်ကြီး
May 11, 2012 at 8:38 am
မနိုအပြိုဂျီး
ဒကိုယ်တည်းမဟုတ်
ချိုသမီးဂလေးလည်းပါရဲ့
ကြောင်ကြီးခမျာမှာတော့
ဆိုငြီးဂါငိုဂျင်းချ
အိုအမယ်မင်းရယ်ဒဲ့မှ
ငါ့ဘဝ
ပုရှ်စက်ဂလေးသာ
မရှိရင်ကြွ
အဂုဒေါ့
ဘယ်ညာပွ
နိုဗွီလေးရေ
နောင်ဘဝမှ
ဒို့ဆုံဂျ….
Novy
May 11, 2012 at 1:40 pm
ကြောင်ကြီးရေ..
အမျှ အမျှ အမျှ
အော်.. မနိုပြုသမျှ ကုသလကို သာဓုခေါ်ပါလို့ :-p
ဆူး
May 11, 2012 at 2:48 pm
ပန်းတနော် မှာ အလှူ လုပ်လို့ အမျှဝေတာ မကြားလိုက်လို့ ဖြစ်မယ်။
ကိုပေါက်(မန္တလေး)
May 11, 2012 at 9:24 am
မျက်နှာများတဲ့ကြောင်
အရှက်လဲမရှိတဲ့ကြောင်
သူများစားပြီးသားကိုမျှော်တဲ့အကြောင်
မင်းအတွက်လို့ပေးထားတာလေး
သူများပေးလိုက်ပြီမောင်………………………….
ကြောင်ကြီး
May 11, 2012 at 10:12 am
ရက်စက်လိုက်တဲ့ဦးပေါက်
ကြက်ငှက်သတ်ဖဲ့ဦးပေါက်
မတ်တပ်တက်ထဲ့ဦးပေါက်
ဒီခေတ်ကြီးမှာ
လည်သူစားတမ်း
သူ့ဖို့ကိုယ့်ဖို့မရှိ
ဂျားကားရလည်း
ဆွဲမှာပဲ…
နေ့ခင်းကြောင်တောင်
နှိုက်မှာပဲ…
ညပိုင်းအောက်ဆိုက်
တီးမှာပဲ…
ဘယ်သူသေသေ
ကပေမာဖို့အရေးကြီး…။
(မှတ်ချက်။ ကပေ့ထံမှ ဘောပွဲအကြွေး မရသေးသောကြောင့်ဖြစ်၏)
mocho
May 11, 2012 at 10:59 am
မလိုက်ဖြစ်တဲ့ သူတွေကို ကိုယ်တိုင် လိုက်ရသလို ကွက်ကွက်ကွင်းကွင်းမြင် အောင် ရေးထားတာ ရှယ်ပဲလေးပေါက်ရေ။
လေးပေါက်က ရုပ်ရှင် ၊ ဂီတနဲ့ ပတ်သက် တဲ့ ဆောင်းပါးတွေ လည်း ထဲထဲ ဝင်ဝင် ရေး နိုင် ၊ ကိုယ့်ကို ကိုယ်လည်း ဝ တယ် လို့ ရေးဖူးတော့ကျမက လေးပေါက် ပုံကို ရွှေအမြုတေ ကဦးဝင်းငြိမ်း ပုံစံမျိုး မှန်း ကြည့် ထားတာ တော်တော် နီးစပ်တယ် ပြောရမှာပေါ့။
ကိုပေါက်(မန္တလေး)
May 11, 2012 at 1:46 pm
မနိုရေ ကိုလတ်ကို ကင်ချီ ပေးပြီး ကိုပေါက်ကို မပေးဘူးဆိုရင်……………………….
ကိုကြောင်ကြီးရေ
ကြားကြားသမျှ………….ကြားကြားသမျှှ……………..ကြားကြသမျှ
အမျှ …………..အမျှ…………….အမျှ………………………………………..
(ပန်းတနော်ကလို အမျှဝေကြည့်တာပါ)
Novy
May 11, 2012 at 2:24 pm
လေးပေါက် ဂယ်စားရင် ဂယ်ပို့ပေးပါမယ်
တစ်ပတ်သာကြိုပြော
ကိုပေါက်(မန္တလေး)
May 11, 2012 at 3:05 pm
မနိုရေ နောက်တစ်ခါရန်ကုန်ရောက်မှ မနိုလက်ရာကိုစားမယ်။
ကိုလတ်ရေ စာပို့ထားတယ်နော်…………………………….
မုန့်ဟင်းငါးကတော့ ပြောမဆုံးပေါင်တောသုံးတောင်ဖြစ်အောင်ကို တကယ်ကောင်းတာပါဗျို့။
ဂျုနိုလေးကိုလဲ ရွာထဲဝင်ခိုင်းပါတော့ မနိုရေ…………………………..
ကိုပေါက်(မန္တလေး)
May 11, 2012 at 11:03 pm
အပိုင်းသုံးမှာ အဆုံးသတ်မယ်စိတ်ကူးပေမယ့် တကယ်ချရေးတော့ လေးပိုင်းရေးမှပြည့်စုံမှာပါ။
(12-5-2012)နေ့မှာ အပိုင်းသုံးတင်လိုက်ပါတယ်။
ရွာသူားများကို အဲဒီအပိုင်းသုံးမှာ တို့တိတို့တိ ကလိထားပါတယ်။
ချစ်ခင်စွာ စနောက်တဲ့ကိုပေါက်ကို စိတ်မဆိုးကြပါနဲ့လို့ကြိုတင်တောင်းပန်ရင်း
ကြော်ငြာဝင်လိုက်ပါတယ်။
myat pearl phyu
February 27, 2014 at 2:42 pm
ကိုယ်တိုင် ခရီးထဲ ပါသွားသလို ခံစားရပါ၏ .. 😀