Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ငြိမ်းချမ်းသာယာသောနယ်မြေ

မောင်ဆန်းMay 10, 20123min182342

ကရင်ပြည်နယ်မှာ ၁၃ မိုင်လို့လဲ ခေါ်ကြ သံတောင်လို့လဲခေါ်ကြတဲ့ နေရာလေး တစ်ခုရှိပါတယ် မြို့ကိုဖြတ်စီးနေတဲ့ ချောင်းလေး မှာ ရေးချိုးရတာ ပျှော်စရာ ဆိုတဲ့ သတင်းကြောင့် ရောက်ဖူးချင်နေတာ ကြာခဲ့ပါပြီ ၊ အခု မှ တကယ်သွားနိုင်ခဲ့ပါတယ် …

 

ခရီးစဉ် အစက တောင်ငူမှာ တစ်ညအိပ်ပါတယ် အရမ်းပူနေတဲ့ ကာလ မိုးလေးတွေ ဖျောက်ဖျောက် ရွာတာတောင် အပူဓါတ်က ကျန်နေတုန်းပါ …၊ တောင်ငူကနေ ၁၃ မိုင်ကို ရေသွားချိုးကြမယ်ဆိုတော့ မရောက်ဖူးတဲ့ နေရာသစ်တစ်ခုကို သွားရမှာမို့ အားလုံးပျော်သွားကြပါတယ် ၊ တောင်ငူကနေ ၁၃ မိုင် ထိကို သွားရတဲ့ လမ်းက ကားနှစ်စီး ရှောင်ရခက်လို့ နဲနဲကျဉ်းတာကလွဲရင် နယ်တွေမှာ တွေ့ရခဲတဲ့ တော်တော်ကောင်းတဲ့ လမ်းပါ ကတ္တရာလမ်းက ဖြူးနေပြီး ကျဉ်း ချိုင့် လုံးဝ မရှိပါဘူး ၊ တောင်ငူမြို့က ထွက်သွားတယ် ဆိုတာနဲ့ လမ်းက ကုန်းတက်လေးတွေ အကွေ့လေးတွေ နဲ့ လမ်းဘေးမှာလဲ ကရင်ရွာလေးတွေ ကျွန်းပင်စိုက်ထားတဲ့ တောအုပ်လေးတွေနဲ့ သာသာယာယာလေး သိသာတာ တစ်ခုက အပူဒဏ် လုံးဝ မခံရတော့ပဲ ရာသီဥတု က အေးအေး မြင်ကွင်းက စိမ်းစိမ်းစိုစို ကျေးငှက်သံ တစာစာ နဲ့ လောကနိဗ္ဗာန်ကို ခဏရောက်သွားသလိုပါပဲ ….

မြို့ထဲကို ဝင်မှ ၁၃ မိုင်ဆိုတာ သံတောင်မြို့မှန်း သိတော့တယ် ဆေးရုံရှိတယ် ကျောင်းရှိတယ် တောင်ပေါ်စခန်းမြို့လေး တစ်ခုဆို ပိုမှန်မယ် ထင်ပါတယ် မြို့ က ပင်လယ်ရေမျက်နှာပြင်အထက် ပေ ၄၀ဝ ကျော်မှာပါ ၊ ကျွန်တော်တို့ ရောက်သွားတော့ ရေချိုးလို့ရတဲ့ ပသိ ချောင်း အပန်းဖြေစခန်းလေးမှာ ဘယ်သူမှတောင် မရှိသေးဘူး …

 

ချောင်းလေးက နဲနဲတော့ တိမ်ပါတယ် ရေက ဒူးခေါင်းအောက်လောက်ပဲ ရှိတယ် ရေဆင်းကူးတာမျိုး မဟုတ်ပဲ ချောင်းထဲ ဆင်းအိပ်ရတာပေါ့ ရေကြည်တာ အေးစိမ့်နေတာတော့ သဘောကျစရာပဲ ၊ မြင်ကွင်းလေးတွေ သဘောကျလို့ ရေစိမ်ဘို့ထက် ဓါတ်ပုံရိုက်ဘို့ပဲ အားသန်နေတာနဲ့ မဒမ်နို က အခုချိန်တောင် ရှင်က လူကသာ ဒီမှာရှိနေတယ် စိတ်က ရွာထဲမှာ လို့ ပြောရတဲ့ အထိပါပဲ ပညာနည်းပေမဲ့ စေတနာ မနည်းတဲ့ ပုံလေးတွေ ရွာသူားတွေအတွက် တင်ပေးလိုက်ပါတယ်နော…

 

ဒီကောင်းကင်ကြီးအောက်ကနေ ဒီ ခရီးကို သွားခဲ့တာပါ ..
ကရင်ပြည်နယ်မှ ကြိုဆိုပါ၏ ဆိုတဲ့ ဆိုင်းဘုတ်ရှေ့က လမ်းကလေး
သံတောင်မြို့အဝင်
ရေစိမ်ကြမယ်လေ
ရေလေးတွေက ကြည်နေတာပဲ
ဘယ်ကိုရောက်မှာပါလိမ့်
ခရမ်း မမ
ဝါး လှလှ
ဒီလိုတော့ မပစ်ကြပါနဲ့ ဗျာ
ရေတွေညစ်ပတ်ကုန်ပါပြီ
ချောင်းလေးဘေးမှာ
ဒီလိုလေး လဲ စီးဆင်းနေပါတယ်
တောင်ရှေ့က တော ၊ တော ရှေ့က ချောင်း
အပန်းဖြေစခန်း အဝင် ( မျက်နှာချင်းဆိုင်မှာ အုပ်ချုပ်ရေးမှူးရုံး )
ကျွန်းတောဘေးက လမ်းကလေး

သင်္ကြန်လို ပွဲတော်ကာလမျိုးဆိုရင် တိုးမပေါက်အောင် စည်ကားပေမဲ့  အခုချိန်တော့ လူလာနဲနဲကျဲပါတယ် ၁၃ မိုင်က ပြန်ထွက်လာတော့ ရေလာချိုးတဲ့ လူအပြည့် Light Truck သုံးစီး နဲ့တော့ လမ်းမှာဆုံလိုက်သေးတယ် ..

ကဲ ရွာသူားတွေလဲ တောင်ငူဘက်ကြုံရင်တော့ သံတောင် လို့ ခေါ်တဲ့ ၁၃ မိုင်ကို သွားလည်ဖြစ်အောင် သွားလည်ကြပါဦး နော

42 comments

  • htoosan

    May 10, 2012 at 1:09 pm

    ကိုနို သံတောင်ကြီးကော မတက်လာဘူးလား ..ရန်ကုန်နဲ့ အနီးဆုံး နေရာတစ်ခု မေမြို့လို တောင်ပေါ်စခန်းလုပ်မယ် ဆိုပေမဲ့ မအောင်မြင်ခဲ့ဘူး ။
    စမ်းချောင်း ရှိတာက သံတောင်လေး ။ စီဘီဘဏ်ဥက္ကဌ တောင်ငူသား သိမ်းပိုက်ထားတဲ့ နေရာလေ..။

    • nozomi

      May 10, 2012 at 1:20 pm

      ဟုတ် ကိုထူးဆန်း သံတောင်ကြီးတော့ မရောက်ခဲ့ပါဘူး ဗျာ
      ၁၃ မိုင်တောင် သွားချင်တာ ကြာပြီ
      အခုမှသာ ရောက်သွားရတာ
      အဲဒီမှာတော့ အပန်းဖြေ စခန်းအတွက်လား မသိဘူး အဆောက်အဦးအဟောင်းတွေ
      တွေ့ခဲ့တယ် ဗျ

  • windtalker

    May 10, 2012 at 1:20 pm

    ဘိုနိုကြီးရဲ ့ပြန်ရှဲသမျှ ကို ဖတ်ရ ကြည့်ရတော့ ၊ တော်တော်ကို အေးချမ်းသာယာမယ့်နေရာမျိုးဘဲဗျ ။ လက်ထပ်ပြီးကာစ မောင်နှံတွေ အတွက် ဟန်းနီးမွန်း ခရီးစဉ် ဘီးစီးနပ်စ်လေး လုပ်ချင်မိသဗျာ ။

  • nozomi

    May 10, 2012 at 1:33 pm

    ကိုပေ မြန်မြန်လုပ် ဗျာ
    ကျွန်တော် ပြန်ဆောင်လိုက်မယ်
    ( အိမ်က မိန်းမ နဲ့ နော် ဟိုလူကြီးလို ……)

  • ဗိုက်ကလေး

    May 10, 2012 at 1:44 pm

    ခုလို ပူအိုက်နေတဲ့အချိန်မှာ ခုလို စမ်းရေလေးတွေနဲ ့ သစ်ရိပ်တောရိပ်လေးတွေ မြင်လိုက်ရတာ ရေဆာနေတဲ့အချိန်
    ဘီယာကန်ထဲ ထိုးကျသွားသလို ခံစားရတယ် အူးလေးရာ
    အောက်ဆုံးက ဘူ ့နွားလဲဟင်

  • mgwalone

    May 10, 2012 at 1:50 pm

    တိုင်းပြည်ကလည်း အေးချမ်း၊ အသွားအလာကလည်း လွယ်ကူရင် သံတောင်လေးကော၊ သံတောင်ကြီးပါ အင်မတန် သာယာတဲ့ အပန်းဖြေစရာ နေရာတွေ ဖြစ်နေရမှာပါ။ အခုတော့လည်း….
    ဒါပေမဲ့ ကိုနိုရေးထားသလို “ခရမ်းမမ၊ ဝါးလှလှ” လေးတွေ ရှိပေမဲ့ “အမှိုက်တွေက ရှုပ်လို့ပွ” ဖြစ်နေတာကတော့ အတော်ဆိုးတယ်ဗျာ။ ဒါတောင် လူတွေ သိပ်လည်ကြတဲ့ နေရာ မဟုတ်သေးဘူး။ များများလာရင် ပိုဆိုးလာမှာ အသေအချာပဲ။

    • nozomi

      May 10, 2012 at 2:05 pm

      ကိုဗိုက်ပေါက် ( ချစ်စနိုးနဲ့ အဖျားလေးတွေ ဆွတ်ခေါ်လိုက်တာ)
      ဟိုလူကြီး ထီပေါက်ရင် အဲဒီသွားဘီယာသောက်ကြမယ်လေ

      ကိုဝလုံး ပြောသလို လူတိုင်းသွားနိုင် သွားချင်တဲ့ အပန်းဖြေနေရာလေးတွေဖြစ်လာရင် ကောင်းမယ်နော
      ခရမ်းမမ၊ဝါးလှလှ၊ အမှိုက်တွေကရှုတ်လို့ပွ တဲ့ ဖတ်လို့ပိုကောင်းနေတယ် ဗျို့

  • Thel Nu Aye

    May 10, 2012 at 2:16 pm

    လှလိုက်တာ။ ရောက်ဖူးဖို့မလွယ်လို့ သေသေချာချာကြည့်ပြီးတခါတည်းလည်သွားလိုက်ပါတယ်။

  • cobra

    May 10, 2012 at 2:19 pm

    ရောက်ဖူးချင်လိုက်တာ…
    နောက်တခေါက်ခေါ်နော်…၊

  • amatmin

    May 10, 2012 at 2:32 pm

    ခရစ်ယာန် ကျနော့မိတ်ဆွေတွေ ပြောတာတော့ .သံတောင်မှာ..
    ဆုတောင်းကောင်းတဲ့ ဘုရားကျောင်းတခုရှိတယ်ဆိုလား.(ပြည့်တယ်ပြောရဲဘူး) 🙂
    တောင်ပေါ်ကိုလည်းတက်ရတယ်ဆိုတော့ကာ..အဲ့ဒါတော့ သံတောင်ကြီးလားမသိ..
    ဒါနဲ့ ဒီအပန်းဖြေနေရာကို တညအိပ်သွားမယ်ဆို တောင်ငူမှာပဲ တည်းလို့ရမယ်ထင်တယ် နော်..

  • nozomi

    May 10, 2012 at 2:39 pm

    မသဲနုအေး ၊ cobra တို့ကို နောက်တစ်ခေါက်သွားဖြစ်ရင် လက်တို့လိုက်မယ်လေ 🙂

    အမတ်ကြီး ခင်ဗျ သံတောင်လေး မှာတော့ အပန်းဖြေစခန်းလုပ်ဘို့ ရည်ရွယ်ဆောက်ထားတဲ့ အဆောက်အဦးအဟောင်းတော့ ရှိတယ် ဗျ ၊ မသုံးတာတော့ ကြာပြီ
    မြို့လေးထဲမှာတော့ တည်းခိုခန်းသဘောမျိုးတော့ မရှိဘူးထင်တယ်
    ကရင်လူမျိုးတွေဆိုတော့ ရိုးသားပြီး သဘောကောင်းပါတယ် ၊ တွေ့တဲ့အိမ် ဖထီးရေ အမိုးရေ တညလောက်အိပ်ချင်လို့ပါဆို အိပ်ရုံတင်မဟုတ် ထမင်းပါအဝကျွေးမှာ သေချာပါတယ်

    • amatmin

      May 10, 2012 at 3:06 pm

      အော်ဗျာ..ဦးကြီးနိုက ဂလောက်တောင်ညွှန်းနေမှတော့ ..
      ကျောင်းဒကာ တို့အဖွဲ့ကိုခေါ်ပြီး တညအိပ်လောက်ဂိုးအုန်းမဗျာ.. 🙂

      • ရွာစားကျော်

        May 11, 2012 at 12:31 pm

        သွားဖြစ်ရင် လက်တို့လိုက်ဗျာ
        အတူတူ စည်တော် ရွန်းကြတာပေါ့

        • Mလုလင်

          May 13, 2012 at 10:33 pm

          အဲလို ခရီးမျိုး တော့လိုက်ချင်သား ဗျာ ..

  • ဗိုက်ကလေး

    May 10, 2012 at 2:43 pm

    ဘလောင်ဆူတဲ့ရင်ခွင်နဲ ့ တောင်ငူကိုရောက်ခဲ့
    ရေလည်လှတဲ့ ရှုခင်းတွေထဲ ဘီအီးတွေမူးခဲ့
    ပိုးစိုးပက်စက် လှတယ် အူလေးရာ
    ကြည့်လို ့ကိုမဝဘူး..
    တင်ချာဝင်းဂျော်ကို ကြည့်ရတာ ပူလောင်ဒယ်..
    အူးလေးတင်ပေးတာတွေကြည့်ရတာ အေးမြတယ်…
    ညကသောက်ခဲ့တဲ့ ရင်ထဲက ဘီအီးအပူတွေတောင် လတ်တလော အေးချမ်းသွားတယ်ဗျာ..
    အဲတာ…ပြန်ပူသွားအောင် လေဘယ်တစ်လုံးလောက် ပို ့ပေးပါဦး..

  • weiwei

    May 10, 2012 at 2:50 pm

    မြင်ရတာ စိတ်ထဲမှာ အေးချမ်းသွားတာပဲ ..
    ခေါင်းစဉ်နဲ့ လိုက်ဖက်တယ် …

  • Shwe Tike Soe

    May 10, 2012 at 3:17 pm

    ဦးနို မိုက်သဗျာ…. ပျောက်နေပါတယ်အောက်မေ့တာ ခရီးသွားနေတာကိုးးးးးးး..
    စမ်းရေလေးတွေနဲ. တောရိပ်တောင်ရိပ်မြင်ရတော့.. တောထွက်ချင်လာတယ်ဗျာ.. ဟိဟိဟိ တောထွက်ပြီး သပ္မဂ လူစုနဲ. ပုလင်းထောင်မှာပြောပါတယ်……..
    ပုံလေးတွေကူးသွားတယ်နော်.. ကျေးဇူး

    • nozomi

      May 10, 2012 at 3:37 pm

      လူဆိုတာ ကိုယ် သန်ရာသန်ရာ မြင်တတ်ကြတယ်တဲ့

      အေးအေးချမ်းချမ်းနေတတ်တဲ့ အန်တီဝေ က မြင်တာနဲ့ စိတ်ထဲမှာ အေးချမ်းသွားတယ်တဲ့

      ကိုဗိုက်ပေါက်က ဘီအီးသောက်ချင်စိတ်တွေပေါ်လာတယ်

      ကိုတိုက်ကတော့ တောထွက်ပြီး အတွဲချောင်းဦးမယ် ဆိုပဲ

  • Khaing Khaing

    May 10, 2012 at 3:38 pm

    ကိုနိုဇိုမီရေ ……. သံတောင် (၁၃) မိုင်ကိုတော့ ညီမတို့တောင်ငူရောက်တိုင်းသွားနေကျနေရာလေးပါ … သံတောင်ကြီးနံမည်မကြီးခင်ကတည်းရောက်နေကျ အခုကိုနိုဒါ့ပုံတွေကြည့်ပြီး ပြန်လွမ်းတယ်ရှင် … အပြန်ကို မြတ်စောညီနောင်ဘုရားကော ဝင်မဖူးခဲ့ဘူးလားကိုနို ……… ညီမဆို အဲဒီကရေတံခွန်လိုကျနေတဲ့ ရေအောက်ထဲဝင်ပြီး ထက်ထက်ရဲ့ အိုစို သီချင်းလေးတောင်ဆိုပြီး ရေချိုးခဲ့သေးတယ် …….. “အိုစိုသုံးပြီး ကိုယ်လျှောက်ကြည့်လိုက်တိုင်း ရေတံခွန်လေးထဲပျော်ဝင်သွားတဲ့အတိုင်း” ……..

    ညီမတို့ကတော့ တစ်ခေါက်သွားရင်တစ်နေရာမှာ ရေကစားတယ် တံတားလေးရဲ့ပေါ်မှာ သွားကစားရင် ရေကပိုသန့်တယ် ကိုယ်ကပေါ်ကဆိုတော့ အဟီးးးးးးးး မညစ်ပတ်တော့ဘူးပေ့ါ တံတားအောက်ဘက်ပိုင်းက မသန့်ဘူးလေ …….

    • nozomi

      May 10, 2012 at 4:45 pm

      အခုပုံလေးတွေက တံတားအထက်က ပုံလေးတွေဖြစ်မယ်
      အခုတစ်ခေါက်တော့ မြတ်စောညီနောင် မဝင်ခဲ့ရဘူး
      အရင်တုန်းကတော့ မြတ်စောညီနောင် ဘုရားပွဲ တစ်ခေါက်ရောက်ဖူးတယ်

  • မဟာရာဇာ အံစာတုံး

    May 10, 2012 at 5:00 pm

    ဘယ်ကိုရောက်မှာပါလိမ့် …
    ဆိုတဲ့ ပုံထဲက ကျောက်တုံးတွေနဲ့
    ဝါးလုံးတံတားလေးက ကဗျာဆန်တယ်လို့ ပြောရမလားပဲ …
    အဲဒီ တံတားလေးပေါ်ထိုင် …
    ခြေထောက်ကို ရေထဲနစ်ချထား …
    ပြီးတော့ စီးကရက် တစ်လိပ်လောက်ဖွာ …
    လွမ်းမောခြင်းတွေက ရင်ထဲ ရောက်လာမှာ အမှန်ပါပဲ ….

    အူးရီးရဲ့ ပုံတွေကို ခံစား အားပေးသွားပါဂျောင်း …

  • nozomi

    May 10, 2012 at 5:44 pm

    မဟာရာဇာကြီးနဲ့ ကျွန်တော် အတွေးတူသွားပြီ
    ကျွန်တော်လဲ အဲဒီတံတားလေးပေါ် ချစ်သူလေးနဲ့ ထိုင်ပြီး
    စကားတွေများ တဝကြီးပြောလိုက်ရရင် လောကကြီးတောင် မေ့သွားမယ်လို့ တွေးခဲ့မိရဲ့ ဗျာ

    (တကယ်တော့ အကြာကြီး ထိုင်လို့ မရဘူးရယ် ၊ ရေ ကတော်တော်အေးတာ ဗျ )

  • Inz@ghi

    May 10, 2012 at 5:56 pm

    ဦးနိုရဲ့ composition ကို လေးလေးစားစား အလေးပြုသွားပါရဲ့ဗျာ ….
    ဆက်လုပ်ပါဦးဗျို့ ….
    စောင့်မျှော်အားပေးနေပါကြောင်း …

    ဒီပုံတွေလည်းကောင်းတယ်ဗျာ …
    တခုလေး ပြောချင်တာက ..နောက်ရိုက်ရင်
    စကားမစပ် ..ပုံ၁ပုံချင်းစီကို aperture size ပြောင်းပြီး
    (ကျန်၂ခု auto နဲ့ ဆော်ကြည့်ပါလားဗျာ…)
    မြင်ကွင်းတခုကို ၃-၄ပုံလောက် အဲ့လိုပြောင်းပြီးဆွဲကြည့်ဗျ

    ဘာကွာလဲ ဆိုတာ သိတဲ့ နေ့ဟာ …
    ဒါ့ပုံသမားကောင်းဖြစ်တဲ့နေ့ ပဲဗျို့ ….

    ကိုဖြူချောကြီးလို ..လက်မထောင်ခဲ့ပါတယ်ဗျ

    ခင်တဲ့
    ဂီ

    • nozomi

      May 10, 2012 at 6:04 pm

      မညာတမ်း ဝန်ခံရရင် ဆြာဂီ လာမန့်မဲ့ အချိန်ကို စောင့်နေတာပါ ဗျာ
      ဆရာများ အချိန်ရရင် ပုဂံပုံတွေလို ဆရာ့ အမြင်လေးတွေ သိချင်မိပါတယ်
      နောက်ပိုင်းရိုက်ရင် ဆရာပြောတဲ့ အတိုင်းလဲ ရိုက်ကြည့်ပါ့မယ်

      • Inz@ghi

        May 10, 2012 at 6:34 pm

        တိန်…
        ကျနော့်ကို ဆြာ တပ်မခေါ်ပါနဲ့ဗျာ …
        ဒါဟာ ပညာမဟုတ် သညာပါ …
        ကျနော်လည်းပညာသည်တယောက် မဟုတ်တဲ့ အပျော်တမ်းပါ

        မယုံရင် DSLR တလုံးဝယ်ကြည့် … ဈေးကြီးပေးထားရတာ ဆိုတဲ့စိတ်နဲ့
        ဒါကြီးနဲ့ ဘာလုပ်လို့ ရသလဲ ဆိုတဲ့ မေးခွန်းကို အဖြေရှာရင်း ..
        ကျနော် ရှာဖတ်သလို ထက် ပိုပြီးတော့ တောင် ရှာဖတ်..ဖြစ်လိမ့်ဦးမယ်ဗျား..

        ဆိုလိုချင်တာ သည်လိုပါ ဦးနိုရေ…။
        တပုံချင်းစီ ဝေဖန်တာ မျိုးထက် ကိုယ်ပိုင် ဝေဖန် နိုင်မယ့်
        ပေတံလေး တခုရအောင် ကျနော် စာရေးကြည့်ပါတယ်…

        ကျနော့်အတွက်လည်း မကျေညက်ခဲ့တဲ့ သင်ခန်းစာတွေ
        ပြန်လှန်လေ့ကျင့်ရင်း ကျနော် နှစ်သက်တဲ့ ဓါတ်ပုံပညာအတွက်
        ကျနော် သိထားသလောက် ကျနော့် လောက် မသိသေးသူ
        (ဝါ) မဖတ်ဖြစ်သေးသူတွေ အလွယ်တကူ လက်လှမ်းမီဖို့ ရည်စူးပါတယ်..

        တခုဗျာ ..ကျနော့်မှာ ကြီးမားတဲ့ အားသာချက်ဆိုလို့ ကော်နက်ရှင်ကောင်းတာ တခုပဲ
        ရှိပါတယ်…
        တချိန်တည်းမှာ ကြီးမားတဲ့ အားနည်းချက်အဖြစ် သင်ကြားပြသပေးမယ့်.. ဒါမှမဟုတ်လည်း
        guide လုပ်ပေးမယ့် လူ မရှိပါဘူး …။ ကိုယ့်အားကိုယ်ကိုးရတဲ့အချိန်မှာ
        တခါတရံ အမှားတခု ၊ အလွဲတခုကို နှစ်ပေါက်အောင် စွဲမြဲခဲ့တာတွေ ရှိပါတယ်..။
        ဒါဟာ အချိန်ကုန်လွန်းတယ်ဗျ…

        ကျနော့် ရိုက်သက်နဲ့ ကျနော့်တိုးတက်မှုနှုန်းကို ကျနော် ဘယ်လိုမှ အားမရပါ..
        သည်တော့ အားမရလေ အခြေခံတွေ ပြန်ဖတ်လေ ရေးဖြစ်လေ
        ဖြစ်လာရတာပါ….
        လုပ်ပါ ဦးနိုရာ..ဦးနိုတို့လို အမြင်ရှိပြီး (ဘောင်ခတ်တတ်တဲ့ အတွေး ပါပြီးသားလူတွေ)
        ပိုတောင် အတတ်မြန်ဦးမှာပါဗျ….။
        ပုံအသစ်တွေ မျှော်နေပါတယ်ဗျာ..

        ခင်တဲ့
        ဂီ

        • nozomi

          May 10, 2012 at 6:39 pm

          ကိုဂီ ရေ ဆရာ ဆိုတာ နောက်ပြီး ခေါ်တာ မဟုတ်ပါဘူး
          တကယ်ကို အဲဒီလို ခံစားရလို့ ခေါ်တာ
          စိတ်တော့ မဆိုးနဲ့
          ဂီဂီ ပြောတာ သဘောပေါက်တယ်
          ပြန်ပြောပြမယ် ဆိုတာ သိလို့ စောင့်နေတာ
          ကျေးဇူးပါဗျာ
          ဂီဂီ့ သင်ခန်းစာတွေ လေ့လာရင်း ကြိုးစားလိုက်ဦးမယ်

  • kotun winlatt

    May 10, 2012 at 6:07 pm

    လာရောက်ကြည့်ရှုသွားပါကြောင်းးးး
    စိတ်ချမ်းသာစရာကောင်းလှပါကြောင်းးးး
    နောက်ထပ်စိတ်ချမ်းသာစရာ ပုံလေးများကိုလည်း
    မျှော်လင့်နေပါကြောင်းးးးးးးးး
    ဒါနဲ့ စကားးမစပ်….
    ကိုပေ မင်္ဂလာဆောင်တော့မှာလားးးးး
    အာဟိ…လက်ဖွဲ့ပို့ပေးလိုက်ပါ့မယ်…
    မင်္ဂလာဆောင်ရင်လေ….

    • nozomi

      May 10, 2012 at 6:45 pm

      လာရောက်ကြည့်ရှုလို့ ကျွန်တော်ကလဲ ကျေးဇူးတင်ပါကြောင်း
      ကိုပေကတော့ ရရင် ထပ်ဆောင်ချင်ပါတယ်လို့ပြောကြောင်းပါ

  • marblecommet

    May 11, 2012 at 12:36 am

    ကိုနိုဇိုရေ့
    ရောက်ခဲ့ဖူးတဲ့ နေရာလေး ကို
    အစ်ကို့ကျေးဇူးကြောင့် ပြန်လွမ်းသွားပြီဗျာ
    ကျနော်တို့ သွားခဲ့တာလည်း ဒီလိုရာသီမျိုး မိုးလေးဖွဲဖွဲကျနေရင်း
    ပသိချောင်းထဲ ကျောက်တုံး ရေတံခွန်းအသေးစားတွေကြား
    လူတစ်ယောက်ကျောက်တုံး တစ်လုံးစီနေရာယူပြီး
    ချောင်းထဲကို ကဗျာတွေနဲ့ မျှောချခဲ့တဲ့ အချိန်လေးကို
    လွမ်းလိုက်တာဗျာ
    နောက်တစ်ခုက အဲဒီစမ်းချောင်းထဲကရေတွေက
    ငှက်ဖျားပိုးပေါတယ်လို့ပြောကြတယ်ဗျ
    ကျနော်တို့ကတော့ ပါသွားတဲ့ ရိက္ခာနဲ့ ရေမလောက်လို့
    ရေစိမ်နေတဲ့ကြားကပဲ ခပ်ပြီးတော့ စမ်းချောင်းရေကို တစ်ဝကြီးရိက္ခာနဲ့
    ရောပြီး ကစ်ခဲ့ဘူးပါကြောင်း…ဟဲဟဲ..
    ငှက်ဖျားပိုးလည်း ယစ်ရွှေရည်ထဲ သေသွားသလားပဲ…..ဗျ……

  • Khin Latt

    May 11, 2012 at 4:47 am

    နံပါတ်(၂) ရွာလမ်း လေးကိုကြည့်ပြီး ငယ်တုန်းက စွဲလမ်းခဲ့ဘူးတဲ့ နယ်လေးကို သတိရတယ်။
    နံပါတ်(၃) “လှိုက်လှဲစွာကြိုဆိုပါ၏” ဆိုတဲ့ ဆိုင်းဘုတ် ရဲ့ ကျောဘက်မှာ “နှုတ်ဆက်ပါ၏” ဆိုတာရော ရေးထားလား သိချင်ပါ၏။
    “တောင်ရှေ့က တော ၊ တော ရှေ့က ချောင်း” ကတို့ ကြည့်မဝ အောင်ကို ဆွဲအားရှိပါတယ်။
    အရင်ကတော့ အဲဒီနယ်မြေဟာ မငြိမ်းချမ်းခဲ့လောက်ဘူး ထင်ရဲ့။
    အချုပ်ကတော့ အလွန်သာယာလှပ သော နေရာလေး ကို ခေါ်ဆောင်ပေးခဲ့ခြင်း အတွက် ကျေးဇူးပါ ကိုနိုရေ။ 🙂

    • nozomi

      May 11, 2012 at 11:05 am

      ကိုကမ်းကြီး ပြောပြမှ ပသိချောင်းအလှက ပိုလို့ပြည့်စုံသွားတော့တယ်
      ချောင်းထဲမှာ ငှက်ဖျားပိုးပါတယ်လို့ တော့ မနောက်ပါနဲ့ ဆရာရယ် ၊ အန်တီလေး (ဒေါ်ကြာ)တို့ဖတ်မိရင် စိတ်မကောင်းဖြစ်နေပါဦးမယ် ၊ ခြင်ကိုက်လို့သာ ငှက်ဖျားဖြစ်ရတာပါ

      အရီးလတ် ပြောသလို အဲဒီလမ်းကလေးရော ၊လမ်းတစ်လျှောက်မြင်ကွင်းတွေရော မမြင်ရတာကြာခဲ့တဲ့၊ မြင်နေကျမဟုတ်တဲ့ ကျေးလက်မြင်ကွင်းလေးတွေမို့ မြင်လိုက်ရတာကိုက စိတ်ထဲ အေးချမ်းမှုကို ခံစားရပါတယ် ၊
      ကြိုဆိုပါ၏ ဆိုင်းဘုတ်တော်တော်များများကတော့ ကျောဘက်မှာ နုတ်ခွန်းဆက်သပါ၏ ဆိုတဲ့ စာသားတွေ ရှိတတ်ကြတယ် ၊ အခု ဒီ ဆိုင်းဘုတ်ကတော့ သတိမထားမိလိုက်ဘူး မရှိဘူးလို့တော့ ထင်တယ် ( နုတ် မဆက်ကြေးပေါ့) အဲဒီဒေသ က သံတောင်လေး ဘက်တော့ မသိဘူး သံတောင်ကြီးဘက်ကတော့ အရင်က အပစ်အခတ် အသံတွေ ကြားမိတယ် အခုတော့ တော်တော် အေးချမ်းသွားပါပြီ ၊ ဒီ ပို့စ် တင်ပြီး ခေါင်းစဉ် စဉ်းစားတော့ ရုတ်တရက် အမေ ငယ်ငယ်က ဆိုပြနေကြ မာမာအေး ရဲ့ သီချင်းထဲက ချစ်သူနယ်မြေသည်သာ ငြိမ်းချမ်းသာယာသော နယ်မြေ ဆိုတာလေး သွားသတိရတယ် ၊ ချစ်သူနယ်မြေမှ မဟုတ်ပါဘူး သံတောင်လေးလဲ အခု ငြိမ်းချမ်းလာပါပြီ သာယာနေပါတယ် လို့ ပြောချင်တာနဲ့ ဒီခေါင်းစဉ်လေး ရွေးမိတာပါ

  • MaMa

    May 11, 2012 at 9:12 am

    မဒမ်နို က အခုချိန်တောင် ရှင်က လူကသာ ဒီမှာရှိနေတယ် စိတ်က ရွာထဲမှာ လို့ ပြောသလို…
    သင်္ကြန်တရားစခန်းက ပြန်ထွက်လာတော့ ….
    ကိုယ့်စိတ်ကိုယ် နိုင်လားတော့ မသိဘူး။
    ရွာထဲမှာ တင်ဖို့ ပိုစ့်အသစ်တွေ အများကြီး ရလာတယ်လို့….
    အမွှာညီအမကို ပြောဖြစ်သေးတယ်။ :mrgreen:

    • nozomi

      May 11, 2012 at 11:19 am

      မမ ပြောမှ တိုက်ဆိုင်တာ တစ်ခု ပြောပြရဦးမယ်
      မနေ့က သတင်းတွေထဲမှာ ဒုသမ္မတထွက်တဲ့ သတင်းဖတ်မိပြီး စိတ်ထဲစွဲနေတယ်ထင်ရဲ့
      ညက အိပ်မက်မက်တယ်
      အိမ် တအိမ်အလှူလုပ်တာကို ဒုသမ္မတရော သူ့ကတော်ပါလာတယ်
      ထွက်မဲ့အကြောင်း ပြောတော့ ဒုသမ္မတက မျက်ရည်တွေကျပြီး သုတ်ရော
      ဘယ်သူမှတော့သတိမထားမိလိုက်ကျဘူး
      ဟာ အဲဒီ ပုံကို ဓါတ်ပုံရိုက်ထားလိုက်ရမှာ ရွာထဲမှာ ပို့စ် တင်လိုက်ရင် ဒါ သတင်းပဲ လို့ တွေးမိတယ်
      အိပ်မက်ထဲမှာတောင် မက်တဲ့ အထိပဲ ၊ မိန်းမသာ သိရင် ရှင်က အိပ်မက်ထဲမှာတောင် ရွာထဲက မထွက်ပါလားလို့ အငေါ့တူးခံရမယ် ထင်ရဲ့

      ကိုသန်းထွဋ်ဦး နောက်တစ်ခေါက်ကြုံရင် သွားလည်လိုက်ပါဦး

  • ရွာစားကျော်

    May 11, 2012 at 12:25 pm

    တနေ့ကမှ အိမ်ရှင်မနဲ့ သံတောင်ကိုရောက်ဖူးချင်တဲ့ အကြောင်း ပြောဖြစ်သေးတာ
    ဒီပို့စ်လေး ဖတ်ရတော့ တခေါက်ရောက်သွားသလို ခံစားလိုက်ရတယ်
    တခေါက်တော့ ရောက်အောင်သွားအုံးမယ်ဗျာ..
    ကျေးကျေးဗျို့

  • လင်းဝေ

    May 11, 2012 at 1:11 pm

    မနာလိုဘူးဗျာ။
    အဲဒီနေရာကို ကြားဖူးနေတာကြာပြီ။
    သွားချင်နေတာလည်းအရမ်း။ အိမ်က မဒမ်ကို ညှိမရဖြစ်နေလို့ ညှိရတဲ့သူနဲ့သွားမလားတောင် စဉ်းစားနေတာ။
    သူငယ်ချင်းတွေသွားတော့လည်း လိုက်မသွားဖြစ်လိုက်ဘူး။
    အရမ်းကောင်းတဲ့နေရာလို့ နားလည်ထားတယ်။ ပုံလေးတွေအတွက်ကျေးဇူးပါဗျာ။

  • kyeemite

    May 12, 2012 at 8:36 am

    ရုံးမှာ ကွန်နက်ရှင် ပရော်ဘလန်ဖြစ်နေလို့ နောက်ကျသွားတယ် ကိုနိုရေ
    ဓါတ်ပုံလေးတွေကြည့်တာနဲ့တင်အေးမြမြ ခံစားရပါဂျောင်း..လက်မတစ်ချောင်း..

  • surmi

    May 13, 2012 at 1:31 am

    ကရင်ပြည်နယ်မအေးချမ်းခင်ကတည်းကသိပ်အေးချမ်းတဲ.နေရာလေးပါ ။
    ကိနိုဇိုရောက်ခဲ.တဲ.နေရာက သံတောင်လေးလို.ဘဲေခေါ်ပါတယ် ။ တကဲ. သံတောင်ကြီးက ဟိုးအထက်ထိ
    ဆက်တက်ရပါတယ် ….ဘောဂလိ၊ ဘောဂလ လို.ခေါ်ကြတဲ.နယ်ဘက်မှာပါ ။ နာမည်ကျော် ချဉ်ပေါင်
    ဖာလာထွက်ပါတယ် ….။ နောင်တနေ. တကယ်ငြိမ်းချမ်းသွားရင် ခရီးသွားလုပ်ငန်းအတွက် နေရာသစ်တခုပါ
    ကိုနိုဇိုရေစိမ်ခဲ.တဲ.နေရာကတော. ပသိချောင်းရဲ.အောက်ဘက်လို.ပြောရမလားဘဲ ….တကယ်.နေရာက
    အခုပေးမသွားတော.ဘူး ….ရေတံခွန်အသေးလေးရှိတယ် …..နွေရာသီမှာတောင် ရေက ရင်စို.လောက်ရှိ
    တယ် ….ကျွန်တော်မှတ်မိသလောက်ဆိုရင် အဲဒီရေချိုးဆင်းတဲ.နေရာက ဘုရားလေးတစ်ဆူရှိတဲ.ဘုန်းကြီး
    ကျောင်းဝန်းထဲမှာပါ ….အခုနေရာထက် ပိုပြီးသာယာပါတယ် …….လွန်ခဲ.တဲ. နှစ်(၂၀) ကျော်လောက်တုန်း
    က အဲဒီ ရေတွေတဗွမ်းဗွမ်း ကျနေတဲ.ရေတံခွန်လေးနေရာမှာ …….အရမ်းစည်ကားခဲ.တာပေါ. ။
    ရေတံခွန် အသေးဆိုပေမဲ. ဝါးနှစ်ရိုက်လောက်အမြင်.က ရေတွေအဆက်မပြတ်ကျနေတာ ….
    အဲဒီနေရာလေးကို မျက်စိထဲစွဲနေတယ် ….တခါကပေါ.ဗျာ …….
    ကြာရင် ပုတ်သင်ဥတွေ ပေါ်တော.မယ် …… နောက်ပိုင်းကျွန်တော်ပြန်ရောက်တော. ရေချိုးတဲ.နေရာက
    အခု ကိုနိဇိုရောက်ခဲ.တဲ.နေရာပါဘဲ …..တောင်ငူမှာ ဟိုတယ်တွေရှိတယ်လေ ….သင်္ကြန်တွင်းမှာဆို
    ကျွန်တော်နဲ.တောင်ဆုံနိုင်သေးတယ် ……..

  • pooch

    May 13, 2012 at 1:59 pm

    ကိုနိုဇိုမိရေ အဲ့ဒီတောင်ငူမြို့လေးက ကျမရဲ့ မွေးဖွားရာဇာတိချက်ကြွေမွေးရပ်မြေပါ။ သိပ်ငယ်လွန်းလို့ ဘာမှ သိပ်မမှတ်မိပေမဲ့ မကြာမကြာပြန်လေ့ရှိတာမို့ လွမ်းကောင်းတုန်းပါ။ ကျမတို့ မြို့လေးလည်း ခုဆို အရမ်းကို ဆူညံနေပါပြီ။

    ၁၃ မိုင် ပသိချောင်းတို့ကတော့ အရင်လိုလှနေတုန်းပါပဲနော်။ ပြောရရင်တော့ နယ်ဘက်တွေက ပိုအေးချမ်းသလိုပါပဲ ။ သူများပြမှပဲ ပြန်လွမ်းရတယ်။ မရမ်းခြံကြီးကိုလည်း လွမ်းမိတယ်။
    ပုံတွေက စိမ်းနေတာပဲ။ အမှိုက်တွေ သိပ်မဆိုးခင် စနစ်တကျလေး စွန့်ပစ်တတ်အောင် လုပ်ပေးရင်ကောင်းမယ်။

    ကျမဒီနှစ်ထဲ ဘယ်ခရီးမှ မသွားဖြစ်သေးလို့ သွားနိုုင်တဲ့ သူတွေ သွားတာကို ကြည့်ပြီး ပျော်နေရပါတယ်။

  • blackchaw

    May 13, 2012 at 3:25 pm

    အိမ်က မဒမ်ကို ညှိမရဖြစ်နေလို့ ညှိရတဲ့သူနဲ့သွားမလားတောင် စဉ်းစားနေတာ။

    ကိုလင်းဝေကို ထောက်ခံပါတယ်။
    ညှိလို့မရတာ ခေါ်မနေနဲ့။
    ညှိလို့ ရတဲ့လူကို သာ ခေါ်သွားဗျာ။
    ဗိုက်ကလေး က လိုက်ချင်တယ်တဲ့။
    ကိုနိုကြီးရေ၊
    ကွန်းမန့်အပေးနောက်ကျတာ ခွင့်လွှတ်ဗျာ။
    ဘာပဲဖြစ်ဖြစ် မိုက်ပါတယ်…။

  • nozomi

    May 14, 2012 at 10:59 am

    ကိုရွာစားကျော် ဆီကဆို သံတောင်ကို သွားရမှာ ပိုနီးမယ် ၊ အခြေအနေပေးရင် တစ်ခါလောက် စုသွားကြ အပြန် ကိုရွာစားအိမ် လိုက်လည်ကြတာပေါ့ ဗျာ

    ကိုလင်းဝေကြီး ပြောပုံက အကြောင်းသိတွေဆိုတော့ တကယ်လုပ်မယ် ဆိုတာသိနေတယ် သွားခါနီးတော့ လက်တို့ပါဦးနော

    ကိုကြီးမိုက်ကြီး အားပေးတာ ကျေးဇူးပါ ခင်ဗျ ၊ ကိုကြီးမိုက် အကိုကို ပြောပြီး အဲဒီနေရာတွေ တိုးတက်အောင် ကူညီပေးပါဦး

    ကိုဆာမိ ရှင်းပြတာ ကျေးဇူးပါ ခင်ဗျ ၊ အပေါ်ဘက်မှာ ရေတံခွန်ရှိတာ မသိဘူး ၊ အဲဒီထိ သွားလို့ ရရင် ကောင်းမယ် ၊ ပုတ်သင်ဥလေးတွေ အကြောင်းလဲ အခြေအနေပေးရင် ပြောပြပါဦး နော

    ဒေါ်ပုချ် ရေ တောင်ငူသူတွေကတော့ အချောကြီးပဲနော် ၊ ဒေါ်ပုချ် ပို့စ်လေးတွေ မတွေ့ရတာ ကြာနေပြီလားလို့ အတွေးလှလှ အရေးလှလှ နဲ့ ပို့စ် လေးတွေ မျှော်နေတယ်နော်

    ကိုချော ကိုလင်းဝေကြီးကို အားကျနေတယ် မို့လား ၊ လုပ်ချင်တာထက် လုပ်သင့်တာကို ဦးစားပေးပါ ဆရာ

    ကိုလုလင် အချိန် ရရင် ကျွန်တော်တို့ ခရီးတိုလေး တစ်ခုထွက်ရအောင် ၊ ဓါတ်ပုံ ပညာလေး သင်ပေးဦး
    ကိုဂီ ပြောတဲ့ macro ဆိုတာလေး စမ်းကြည့်နေတာ တော်တော်မိုက်တယ် ဗျ

  • we R one

    July 4, 2012 at 5:29 pm

    သွားချင်လိုက်တာ.. မိုးရာသီ သွားလို့ရော အဆင်ပြေပါ့မလား ဟင်

Leave a Reply