Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

၂ သိန်းဖုန်းဝယ်ပြီး နောက်ဆက်တွဲဖြစ်တတ်တာလေးတွေပါ…

DavitMay 11, 20121min99324

ဒီတစ်ခါတော့ 2 သိန်းဖုန်းဝယ်ပြီးနောက်ဆက်တွဲဖြစ်တတ်တာလေး 2 ခုလောက်ကိုပြောချင်ပါတယ်။ (သိထားတဲ့သူတွေရှိသလို မသိသေးတဲ့သူတွေအတွက်အကူအညီလေး ပေးလို့ရအောင်ပါ။)

1. ဖြစ်ပုံကတော့ 2 သိန်းနဲ့ဝယ်ထားတဲ့ GSM (WCDMA မပါပါ) တွေက ဖုန်းတော့ ချက်ခြင်းဆက်လို့ရတယ်ဗျ။ ဒါပေမဲ့ ဝယ်တဲ့ဖုန်းရဲ့ 50% လောက်က Message ကိုပို့လို့မရဘူးဖြစ်နေတတ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့က SIM Card ကိုလိုင်းဖွင့်ရုံသာဖွင့်ပေးပြီးတော့ Message Center နံပါတ်ကို ဖုန်းတိုင်းမှာ ထည့်ပေးမထားတတ်ဘူးဗျ။ (ကျွန်တော့်အဖေ ပြီးခဲ့တဲ့ 2 နှစ်လောက်က 15 သိန်းခွဲတန် G ကိုဝယ်တော့လည်းဒီအတိုင်းပဲဖြစ်နေပါတယ်။)

ဒါကြောင့်မသိတဲ့သူက ဖုန်းဝယ်ပြီးကဒ်ချိုး၊ ပြီးတော့ဆက်… အိုကေနေတာပဲ။ အဲ….Message လည်းကိုယ့်ဆီဝင်နေတာပဲ ….. ကိုယ်ကပြန်လည်းပို့ရော …. စတွေ့ပြီ “ Not connect ”  တို့ဘာတို့ဆိုပြီးပေါ်နေတာ။ အဲ့ဒိပြသနာကိုဖြေရှင်းဖို့ ( Message ပို့လို့ရဖို့အတွက်)မသိတဲ့သူတစ်ချို့ကတော့ နီးစပ်ရာဖုန်းဆိုင်ကိုပြေးကြရတယ်ခင်ဗျ။ ဖုန်းဆိုင်ရောက်တော့ ဆိုင်ကဝန်ထမ်းလေးတွေက လုပ်ပေးပါတယ်။ တစ်ချို့ဆိုင်ကျတော့လည်း မုန့်ဖိုးအဖြစ် 1000 စ၊ 2000 စပေးကြရတယ်လေ။ ဒီလောက် ပိုက်ဆံလေးပေးလိုက်ရလို့ဘယ်သူကမှတော့ မနှမြှောလောက်ကြဘူးထင်ပါတယ်။ ဒါပေမဲ့ ဖုန်းဆိုင်ကိုပြေးရတာက အလုပ်တစ်ခုလေ။ ဒါကြောင့်မို့လို့ ဒီပြသနာကိုကိုယ့်ဘာ့သာကိုယ်ဖြေရှင်းနိုင်အောင် ဒီလိုလုပ်လိုက်ပါ။

မိမိဖုန်းရဲ့ Message ကိုအရင်သွားလိုက်ပါ။ ပြီးရင် Option ကိုရွေးလိုက်ပြီး Message Center No. ကိုရွေးလိုက်ပါ။ နောက် ဒီဖုန်းနံပါတ်လေးကိုရိုက်ထည့်လိုက်ပါ။ ပြီးတော့ Update (or) OK ကိုနှိပ်လိုက်ရင်ရပါပြီ။

Message Center Phone No. ကတော့  +9595930003  ပါ။ ရှေ့မှာ “၀” မခံပဲနဲ့ “+” ပဲခံပါနော်။ “0”ခံလို့မရပါဘူး။

 

2.  နောက်တစ်ချက်က 2 သိန်းဖုန်းမှာပဲအများဆုံးဖြစ်တတ်တာပါ။ (တစ်ကယ့်ကိုအများဆုံးဖြစ်တတ်တာနော်… ကိုယ်တွေ့တင်တော်တော်များနေလို့ပါ။)

သူကဘာဖြစ်သလဲဆိုတော့ ကိုယ်ကတော့ ဖုန်းခေါ်လို့တယ်ဗျာ။ အဲ….ကိုယ့်ဆီကိုသူများပြန်ခေါ်တော့ ကိုယ့်ဆီလည်းမဝင်၊ သူ့ဆီမှာလည်း ဘီးစီးနေပါတယ်တို့၊ ဆက်သွယ်မှုပြင်ပတို့၊ တစ်ခါတစ်လေ ခေါ်တဲ့သူရဲ့ဖုန်းမှာ ဘာမှမပြောပဲ Not Connect တို့ဘာတို့ ပြနေရောဗျ။

အဲ့ဒိပြသနာကရှင်းရတာတော်တော်လွယ်ပါတယ်။ ဘယ်လိုလဲဆိုတော့ အဲ့လိုဖြစ်နေတဲ့မိမိဖုန်းကို ပါဝါသာ ပိတ်ပြီး ပြန်ဖွင့်လိုက်ဗျာ။ ပြီးရင်သူငယ်ချင်းတစ်တစ်ယောက်ယောက်ကိုပြန်ခေါ်ခိုင်းကြည့်။ ရရောဗျ။

(ဒေးဗစ်ရယ်….မင်းနှယ် ဒီလောက်လွယ်တာကို ဘာလို့လာပြောနေရသလဲဆိုတော့ကား….အဲ့လိုမျိုး ကိုယ်ကတော့သူများကိုခေါ်လို့ရပြီး ကိုယ့်ဆီကိုသူများကခေါ်လို့မရရင် အများစုက ဘာလုပ်ကြသလဲဆိုတော့… ကိုယ့်ဖုန်းကိုယ်ပဲ Silent လုပ်ထားမိသလား။ ဒါမှမဟုတ် Ring Tone ကိုပဲ တစ်ခုခုလုပ်ထားမိသလားဆိုပြီး ဝင်ကလိကြည့်ကြတာလေ။ ဖုန်းကိုဘယ်သူမှ (တော်တော်များများ) ပါဝါ မှမပိတ်ကြတာ။ အဲ့ဒါက သိတဲ့သူကိုမေးကြည့်တော့ ဆက်သွယ်ရေးဘက်ကဖြစ်တာမဟုတ်ပဲ မိမိဖုန်းကဒ်ကကြောင်သွားတာဖြစ်တယ်လို့ပြောကြပါတယ်။ ဘာပဲဖြစ်ဖြစ် အဲ့လိုဖြစ်လာရင် ပါဝါကို ပိတ်ပြီးပြန်ဖွင့်လိုက်ရင် သေခြာပေါက်ကောင်းသွားပါတယ်ခင်ဗျ။

အထက်ပါအချက် ၂ ချက်လုံးက 2 သိန်း GSM တွေမှာပဲဖြစ်တတ်တာပါ။ ကျန်တဲ့ဖုန်းတွေမှာ အရမ်းအဖြစ်နည်းပါတယ်။ (မသိသေးတဲ့သူတွေကို ရည်ညွှန်းပါတယ်ခင်ဗျ။)

24 comments

  • Davit

    May 11, 2012 at 10:23 am

    အော်………..မေ့လို့

    ချစ်တဲ့
    ဗစ်ဗစ် 😛

    • windtalker

      May 11, 2012 at 12:55 pm

      ချစ်တဲ့ဗစ်ဗစ်
      ပလစ်ပလစ်နဲ ့
      ကွမ်းယာဝါးရင်း
      ဖတ်သွားပါတယ်ဗျို ့

      • Davit

        May 11, 2012 at 1:14 pm

        သကြီးရေ…..လုပ်ဦးဗျ……..ဦးလေးကြီး ရွာထဲမှာ ကွမ်းစားရင်း ကွမ်းတံထွေးတွေ တဗျစ်ဗျစ်နဲ့ လိုက်ထွေးနေတယ်ဗျို့ …………………………………… (သကြီးကို တိုင်လိုက်ပြီ………ဟိ……ဟိ )

  • Ch@vez

    May 11, 2012 at 10:26 am

    ကောင်းလိုက်တဲ့ ကစ္စတန်မာ ဆားဗစ် ..
    ကျုပ်သိတာကတော့ ဒါမျိုးတွေက ရောင်းလိုက်စဉ်ကတည်းက
    ကကြီးကနေ အ အထိ ရောင်းတဲ့ဘက်က လုပ်ပေးရမှာ ..

    ကိုယ့်အရပ် ကိုယ့်ဇာတ် ဆိုပြီး လုပ်ချင်သလို လုပ်စားနေတာတော့
    ရှုံ့ချတယ်ဗျို့…

    မသိရင် ဒုက္ခများမယ့် အချက်ကလေးတွေ ရေးပေးတဲ့အတွက်
    ကျေးကျေးပါ..

    ဇဂါးမစပ် တီးပဲ တီးတာလား ဟင်င်င်
    မှုတ်ကော မှုတ်သေးလား ..
    ဟာမိုနီကာတို့ ဘာတို့ ပြောပါတယ် ..
    ဟီး..

    ခင်တဲ့

  • ဟိန်း ဝင်း (ထားဝယ်သား)

    May 11, 2012 at 10:32 am

    ကျေးဇူးပဲ ကို Davit ရေ … အဲဒါလေးနဲ့ လုပ်စားလိုက်အုံးမယ် …. အဲလေ .. ကူညီလိုက်အုံးမယ် 😛

  • ရွာစားကျော်

    May 11, 2012 at 10:32 am

    ၂ သိန်းတန်ဖုန်းတွေ နယ်မှာဝယ်ပြီး ရန်ကုန် တန်းယူသွားတာ ရန်ကုန်ရောက်ကဒ်ချိုး ဆက်တော့ ဆက်မရဖြစ်တယ်.. နယ်မှာ တကော နှစ်ကော ခေါ်ပြီးမှ ရန်ကုန်မှာ ဆက်ရင်ပြောရသွားရောလို့ ဆိုသူများလည်း ရှိတယ်ဗျ.. ဘာ့ကြောင့်ဖြစ်တယ်တော့ သိဝူး..

    • ဟိန်း ဝင်း (ထားဝယ်သား)

      May 11, 2012 at 10:35 am

      စစချင်းချပေးတုန်းက နယ်မြေကန့်သတ်ချက်နဲ့ ဆိုတော့ နယ်ကဖုန်းတွေ ရန်ကုန်မှာပြောလို့မရဘူး … ရန်ကုန်ကဖုန်းတွေနယ်မှာပြောလို့ရတယ် … အခုတော့ ရသွားပြီ ထင်ပါ့

    • Davit

      May 11, 2012 at 10:44 am

      ကိုရွာစားကျော်ခင်ဗျား…..အဲ့လိုဖြစ်တဲ့ဖုန်းကို မိမိဝယ်ခဲ့တဲ့ နယ်/ဒေသ မှာသွားပြီး 1 Call လောက်ခေါ်လိုက်ပါ။ နောက်ပြီးမှ မိမိကြိုက်တဲ့နေရာ ရန်ကုန်အပါအဝင် ဘယ်မှာခေါ်ခေါ်ရပါတယ် အကို……..
      ရှင်းသွားအောင် အောက်ကစာပိုဒ်လေးကိုဖက်ကြည့်လိုက်ပါ။ ဒီအပါတ်ထုတ် အင်တာနက် ဂျာနယ်ကနေ ကူးပြီးရေးလိုက်တာပါ။

      “ ဒေသတွင်း၌အမှန်တကယ်ရောင်းချခဲ့သည့် မိုဘိုင်းဖုန်းများသာ နေရာဒေသမရွေး သယ်ဆောင်အသုံးပြုနိုင်မည်။ ”

      တိုင်းနှင့်ပြည်နယ်များတွင် ရောင်းချခဲ့သည့် GSM မိုဘိုင်းဖုန်းများကို Roming ကွန်ရက်ဖြင့် ရန်ကုန်နှင့် မန ္တလေးမြို့ကြီးများသို့သယ်ဆောင်အသုံးပြုခွင့်ပေးခဲ့သော်လည်း သယ်ဆောင်အသုံးပြုကြသည့် မိုဘိုင်းဖုန်းလိုင်းများသည် တိုင်းဒေသကြီးနှင့်ပြည်နယ်ဒေသများအတွင် အမှန်တကယ်ရောင်းချခဲ့သည့် မိုဘိုင်းဖုန်းများဖြစ်ရန်လိုအပ်ကြောင်းသိရသည်။
      “ သက်ဆိုင်ရာကုမ္ပဏီအနေနဲ့ အရောင်းမပြပဲ ရန်ကုန်မှာလာသုံးရင်တော့ ရမှာမဟုတ်ဘူး။ နားလည်အောင်ပြောရရင် နယ်တွေမှာအမှန်တစ်ကယ်အသုံးပြုခဲ့တဲ့ ဖုန်းတွေဖြစ်ရမယ်။ ကဒ်မချိုးရသေးဘဲ၊ အရောင်းမပြရသေးဘဲနဲ့တော့ သယ်ဆောင်သွားတဲ့ဖုန်းဆိုရမှာမဟုတ်ဘူး” ဟုမိုဘိုင်းအင်ဂျင်နီယာချုပ် ဦးသိန်းဝင်းကပြောသည်။

  • ဗိုက်ကလေး

    May 11, 2012 at 10:34 am

    ရှဲ..ရှဲ ဗျစ်.ဗျစ်..
    ဘဲဒီး ယုစ်ဖူးလ်….ဗဲဒီးဂွတ်ထ

  • etone

    May 11, 2012 at 10:37 am

    ကိုဒေးဗစ်ရေ … ၂သိန်းတန်ဖုန်းဝယ်ဖို့ အစီစဉ်မရှိပေမယ့် .. ဝေမျှပေးတဲ့ဗဟုသုတအတွက် ကျေးဇူးတင်ပါတယ်နော် … ။

    ကျွန်မ အမေ သုံးနေတဲ့ ဆယ့်ငါးသိန်းတယ် ဂျီ နံပါတ် 095***** ဆိုလျှင် ဘယ်နှစ်နှစ်ရှိပြီလဲ …မက်စေ့ချ်လုံးဝ ပို့လို့ မရဘူး … ။ အမေကတော့ သူ့ဟမ်းဆက် မကောင်းဘူးထင်ပြီး နောက်တစ်လုံးလဲတယ် … ဒါလည်း ..ဒီအတိုင်းဖြစ်နေတယ် … ။ အခုထိ တစ်ဂျီဂျီနဲ့ နားတွေလည်း ငြီးပါတယ် … ။ ဖုန်းဆိုင်တော့သွားမပြဖြစ်ဘူး .. ကိုယ်တွေလည်း ကလိတတ်သလောက် ကလိကြည့်တာပဲ … ထူးမခြားနားမို့ … အခုထိ စာပို့လို့မရဘူး … ။ အခုဒီနည်းနဲ့ စမ်းသပ်ကြည့်ဦးမယ် … ။ ကျေးဇူးလည်း တင်ပါတယ်နော် … ။ 🙂

    • Davit

      May 11, 2012 at 10:47 am

      မအိတုန်ခင်ဗျား…….
      ကျွန်တော့်အဖေ ဝယ်ထားတဲ့ 15 သိန်းဂျီလည်းဒီအတိုင်းဖြစ်နေတာ 8 လကျော်ကြာပါတယ်….ကိုယ်ကလည်းမသိ…ပြီးတော့ Message ပို့ဖို့ ကိစ္စကလည်းမရှိဆိုတော့ ဆိုင်သွားမပြဖြစ်ဘူး။
      နောက်ကိစ္စတစ်ခုကြုံလို့ (Phone Charging ဝယ်ဖို့) ဆိုင်သွားတော့ ဆိုင်ကကောင်မလေးတွေကိုပြောပြတော့ “ ရပါတယ်..အခုပဲလုပ်ပေးလိုက်ပါမယ်” ဆိုပြီး Message Center နံပါတ်ရိုက်ထည့်လိုက်တာ ချက်ခြင်းရသွားပါတယ်ဗျာ။
      🙂

      • etone

        May 11, 2012 at 11:00 am

        ဟုတ်ကဲ့ရှင့် စမ်းရိုက်ကြည့်ပါဦးမယ် .. ကျေးဇူးအများကြီး တင်ပါတယ်နော် … ။
        အဆင်ပြေလျှင်ရော ၊ မပြေလျှင်ရော ပြန်လာ အကြောင်းကြားပါဦးမယ် … ။ ဟီး

  • ဦးဦးပါလေရာ

    May 11, 2012 at 10:38 am

    ရွာစားကျော်ပြောတာ အမှန်ပါပဲ ။
    အဲလိုဖြစ်အောင် တမင်လုပ်ထားတာပါ။
    ဖုံးကဒ်တွေကို ဒေသအလိုက် ခွဲတမ်းနဲ့ချပေးတာမို့ သူ့ဒေသ(တိုင်း/ပြည်နယ်) မှာအရင် activate လုပ်မှ ရအောင် တမင်လုပ်ထားတာပါ။ အဲဒီတော့ မန္တလေးခွဲတမ်းဖုံးကို ရန်ကုန်မှာကိုင်ချင်ရင် မန္တလေးမှာ ကဒ်ချိုးပြီး တခါတော့ အနည်းဆုံးစခေါ်ရပါတယ်။ မန္တလေးခွဲတမ်းဖုံးကဒ်တွေ ရန်ကုန်ယူပြီး ကျယ်ကျယ်ပြန့်ပြန့်ရောင်းမစားအောင် လုပ်ထားတာပါ။

  • jujuma

    May 11, 2012 at 11:16 am

    ကျေးဇူးဗျာ ..
    တကယ်က်ိုကြုံတွေ့နေရတဲ့ ဖြစ်ရပ်ပါ ။
    message ပို့လို့မရတာကြာပေါ့ ..

    အတီးဆရာကြီး နာထောင်ကောင်းအောင် တီးနိုင်ပါစေဗျာ …..:D

  • ဆူး

    May 11, 2012 at 11:25 am

    ကျေးဇူးတင်ပါတယ်။
    မနေ့က ၂သိန်းခွဲတန် ဖုန်းဝယ်ပြီး စာပို့ကြည့်တာ ဘယ်သူကိုမှ ပို့မရလို့ ထူးဆန်းနေတာ အခုတော့ သိပါပြီ။ စမ်းသပ်ကြည့်လိုက်ပါမယ်။

    • Davit

      May 11, 2012 at 11:48 am

      ဒါဆိုရင်တော့ အမ ဆူး ကံဆိုးတာပဲ။ 2 သိန်းခွဲက အရမ်းအဖြစ်နည်းတယ်ဗျ။ အလုံး100 လောက်မှ 2 လုံးလောက်ပဲဖြစ်တတ်တာ……..ဒါပေမဲ့…..လုပ်ကြည့်လိုက်ပါရသွားပါလိမ့်မယ် 🙂

  • Arkar11

    May 11, 2012 at 11:41 am

    ကျေးဇူးအများကြီးတင်ပါတယ်ကိုဒေးဗစ်ရေ…ကျနော့်ရဲ့ 095+ လဲ အခုမှ SMS ပို့လို့ရတော့တယ်…

    • Davit

      May 11, 2012 at 11:47 am

      အဆင်ပြေသွားလို့ ဝမ်းသာပါတယ်ခင်ဗျာ…… 🙂

  • Shwe Tike Soe

    May 11, 2012 at 11:55 am

    ကိုဒေးဗစ်ရေ ကျေးဇူးဗျာ အခုလိုလေးပြောပြပေးတော့ သတိထား လို.ရတာပေါ့ ဒါနဲ. Message Center No. လေး မှတ်ထားလိုက်ပါတယ်နော်… ကျေးကျေး 😀

  • eipu

    May 11, 2012 at 1:23 pm

    ကျေးဇူးပါဘဲ………..
    အခက်အခဲဖြစ်နေသူတွေကို ကူညီပေးရမယ်…………

  • အရင့်ရောင်

    May 11, 2012 at 1:42 pm

    နှစ်သိန်းဖုန်းတွေက နယ်ကဒ်ကို ရန်ကုန်မှာဝယ် ရန်ကုန်မှာ ကဒ်ချိုးပြီး သုံးလိုက်လျှင် နယ်မှာ လိုင်းမမိတာကို တရားဝင် ဟြေပြထားပါတယ်
    နယ်ကဒ်တွေကို နယ်မှာ ပဲ ကဒ်ချိုးပြီးသုံးမှသာလျှင် တစ်နိုင်ငံလုံး မှာ အသုံးပြုလို့ရမှာဖြစ်တယ်
    မက်ဆေ့ တော့ဘယ်လိုလဲ မသိပါဘူး
    အခုလို သိရလို့ကျေးဇူးပါ

  • Davit

    May 11, 2012 at 5:17 pm

    ခုလေးတင်ပဲ သတင်းတစ်ခုရလို့တင်ပေးလိုက်ပါတယ်။ (နယ်ဖုန်းတွေကိုဝယ်ပြီး လိုင်းမပွင့်သေးသူတွေအတွက်ပါ။)

    ကျွန်တော်ပထမပြောထားသလို မိမိဝယ်ယူထားတဲ့ (သက်ဆိုင်ရာဖုန်းရောင်းတဲ့နယ်) နေရာကိုသွားပြီး ဖုန်း 1 Call ခေါ်စရာမလိုပါတော့ဘူးတဲ့…..ဖုန်းလိုင်းမိနေတဲ့ နေရာတစ်ခုမှာသွားပြီး ပိုက်ဆံကဒ်ကိုငွေဖြည့်လိုက်ပါ။ ပြီးတော့ တစ်ပါတ်ကြာရင်လိုင်းပွင့်ပါမယ်လို့ ဆက်သွယ်ရေးက ပြောထားပါတယ်တဲ့။ ဒီလိုသာအမှန်ဆိုရင်တော့ မိမိဝယ်ထားတဲ့နယ်ကိုသွားစရာမလိုတော့ဘူးပေါ့ဗျာ။ လမ်းစရိတ်/အချိန် ကုန်မခံရတော့ပဲ တစ်ပါတ်စောင့်ရဲ့ရတဲ့သဘောဖြစ်နေလို့ ကောင်းပါတယ်။
    (ဟုတ်/မဟုတ်တော့ ကိုယ်တိုင်မစမ်းရသေးလို့ သိဘူးရယ်။ မှန်ပါစေလို့ပဲ ဆုတောင်းရမပေါ့။) 🙂

  • Onyx

    May 11, 2012 at 6:11 pm

    ကျေးဇူးပါ ဗစ်ဗစ်ရေ ကျွန်တော့ ဖုန်းလဲ တစ်ခါတစ်ခါ ခေါ်လို့မရတာနဲ့ ဘာဖြစ်မှန်းကို မသိတာ
    အခုတော့ အဗစ်ပြောသလို ပြန်ပိတ်ပြီး ဖွင့်လိုက်တာ အဆင်ပြေသွားပြီ ။

Leave a Reply