Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ရုပ်ရှင်ရုံနဲ့ နိုင်ငံတော်သီချင်း

ငွက္ကေလးMay 12, 20121min246453
“ရုပ်ရှင်ရုံတွေမှာ နိုင်ငံတော်သီချင်းလာရင် မတ်တပ်ထရပ်သင့်လား၊ မထမိရင် မျိုးချစ်စိတ် မရှိရာကျမလား၊ ထတဲ့သူတွေကရော နိုင်ငံချစ်ပုဂိ္ဂုလ်တွေလား။”

တစ်ခါတစ်ရံ ကျွန်တော်ရုပ်ရှင်သွားကြည့်ဖြစ်တယ်၊ နိုင်ငံခြားက ရုပ်ရှင်ရုံတွေတော့ မကြည့်ဖူးပေမဲ့ မြန်မာပြည်တွင်းက ရုပ်ရှင်ရုံတိုင်းမှာ ရုပ်ရှင်မစခင် နိုင်ငံတော် သီချင်းဖွင့်ပြီး နိုင်ငံတော် အလံကိုအလေးပြုကြရတယ်၊ ကျွန်တော့်အမြင်အရတော့ သိပ်ပြီးသဘော မတွေ့လှဘူး။  အလံဆိုတာ နိုင်ငံရဲ့တံဆိပ်ဖြစ်လို့ လေးစားသမှု့ရှိသင့်တယ်ဆိုပေမဲ့ အပန်းဖြေဖို့ ရုပ်ရှင်ကြည့်တဲ့ အချိန်မှာတော့ မိုးတိုးမတ်တပ်နဲ့ သတိဆွဲမနေချင်ဘူး…။ ဒါဟာ စည်းကမ်းဆိုရင်တော့လည်း လိုက်နာရမှာပေါ့။ နိုင်ငံတော်သီချင်းအနေနဲ့ နိုင်ငံတစ်ခုကို ကိုယ်စားမပြုတဲ့ ရုပ်ရှင်ရုံမှာ ဖွင့်မနေသင့်ဘူး အားကစားပွဲတွေ၊ စစ်ရေးပြအခမ်းအနားတွေနဲ့ အခြားနိုင်ငံရေးပွဲတွေ၊ မျိုးချစ်စိတ်ရှင်သန်ထက်မြက်ရေးတွေ မှာဆိုရင်တော့ဖွင့်ကို ဖွင့်ရမှာပေါ့။ ရုပ်ရှင်ရုံမှာဆိုရင်တော့ နိုင်ငံတော်သီချင်းနဲ့ အလံပုံတလူလူ လွှင့်ပြဖို့မလိုဖူးထင်တယ်၊ ယခုအချိန်မှာမတ်တပ်ရပ်သူ အများစုကလည်း မိုးခါးရေလိုက်သောက်ကြတဲ့ သဘောပဲ။ ရုပ်ရှင်ရုံလိုနေရာမှာ နိုင်ငံကို အတင်းချစ်ခိုင်းတာကတော့၊ နိုက်ကလပ်မှာ ဘုရားရှိခိုးခိုင်းသလိုဖြစ်နေမယ်ထင်တယ်။ ဒါပေမဲ့လည်း ဒါဟာ ဥပဒေတစ်ခု အနေနဲ့ထုတ်ပြန်ထားတာလဲမဟုတ်တဲ့ လူတိုင်း ကိုယ့်ဆန္ဒနဲ့ကိုယ် လုပ်ပိုင်ခွင့်ရှိမယ်ထင်တယ်။ တစ်ခါတစ်လေ လူငယ်တွေက မတ်တပ်ထရပ်သူတွေကို လှောင်ပြောင်တက်ကြတယ်၊ တစ်ခါတစ်ရံ မရပ်ရင်လည်း အပြစ်ရှိသလိုလို၊ လူတိုင်းကို်ယ့်စိတ်နဲ့ ကိုယ်ပေါ့ဗျာ….

ကျွန်တော့်အမြင်အရတော့ ရုပ်ရှင်ရုံမှာ နိုင်ငံတော်သီချင်းဖွင့်တာပပျောက်စေချင်ပြီ။ စစ်တပ်ခေတ်လည်း မဟုတ်တော့ဘူးလေ……

လူတိုင်းလွတ်လပ်စွာသဘောထားကွဲလွဲခွင့်ရှိပါသည်။

ဆွေးနွေးကြည့်ချင်တဲ့သဘောပါ…..

53 comments

  • windtalker

    May 12, 2012 at 12:33 am

    ပြောလို့ ပြောတာ ဟုတ်ဘူး
    နောက်ဆုံးအခေါက် ရုပ်ရှင်ကြည့်တဲ့တုန်းက အထိ
    မတ်တပ်ရပ် အလေးပြုခဲ့တယ်
    တစ်ခါတုန်းက တိုးရစ်တစ်ယောက်
    ဂျော်နီအင်းဂလိပ် လာကြည့်တာနဲ့ ဆုံဖူးတယ်
    သူလဲ အလံတော် ပုံ လာတဲ့အချိန် မတ်တပ်ရပ်တာကို
    တွေ့ရတယ်။

  • ငှက်ကလေး

    May 12, 2012 at 12:42 am

    တကယ်ဆိုဒါဟာ စည်းကမ်းတစ်ခုလား ??? ဥပဒေ တစ်ခုလား ???
    အစ်ကို မတ်တပ်ရပ်အလေးပြုခဲ့တယ်ဆိုတာကရော ဘာကြောင့်လဲ နိုင်ငံချစ်စိတ်ကြောင့်လား၊ သူများထလို့လိုက်ထတာလား၊ တာဝန်တစ်ရပ်အနေနဲ့လား၊ အာဇာနည်ခေါင်းဆောင်တွေကို ချစ်လို့လား
    နိုင်ငံခြားသားတစ်ယောက်အနေနဲ့ကတော့ သူများနိုင်ငံသူများလူမျိုးရှေ့မှာ သူတို့ရဲ့ ဓလေ့ကို လိုက်နာလိုက်တာလို့ပဲထင်တယ်….

    • windtalker

      May 12, 2012 at 9:47 am

      အရင်တုန်းကတော့ ဖမ်းခံရမှာ ကြောက်လို့ရယ် နိုင်ငံငံတော်သီချင်းသံကြားရရင် စိတ်တွေကြွလာတာရယ် နဲ့ မတ်တပ်ရပ်အလေးပြုခဲ့တာပေါ့ဗျာ။

  • kai

    May 12, 2012 at 1:18 am

    မြန်မာတွေ.. ရှေးခေတ်အိနိ္ဒယကို ..ကော်ပီကက်လုပ်ထားတာလို့ ထင်တယ်..။
    အခုခေတ်မလိုပါဘူး.. ရုပ်ရှင်ကြည့်တာ.. အပန်းဖြေတာပဲ..။ အနှောက်အယှက်ဖြစ်တယ်ထင်ရင်.. လွှတ်တော်တင်ပြီး.. ဖြုတ်ခိုင်းပေါ့.. 😆

    http://en.wikipedia.org/wiki/National_anthem

    USAGE
    National anthems are used in a wide array of contexts. They are played on national holidays and festivals, and have also come to be closely connected with sporting events. During sporting competitions, such as the Olympic Games, the national anthem of the gold medal winner is played at each medal ceremony; also played before games in many sports leagues, since being adopted in baseball during World War II.[3] When teams from two different nations play each other, the anthems of both nations are played, the host nation’s anthem being played last. The use of a national anthem outside of its country, however, is dependent on the international recognition of that country. For instance, the Republic of China (commonly known as Taiwan) has not been recognized by the Olympics as a separate nation since 1979 and must compete as Chinese Taipei; its National Banner Song is used instead of its national anthem.[4] In the Republic of China, the National Anthem is sung before instead of during flag-rising and flag-lowering.

    In some countries, the national anthem is played to students each day at the start of school as an exercise in patriotism. In other countries the anthem may be played in a theatre before a play or in a cinema before a movie. Many radio and television stations have adopted this and play the national anthem when they sign on in the morning and again when they sign off at night.

    There may also be royal anthems, presidential anthems, state anthems, etc. for special occasions.

    Certain etiquette may be involved in the playing of a country’s anthem. These usually involve military honours, standing up, removing headwear, etc. In diplomatic situations the rules may be very formal.

    • ငှက်ကလေး

      May 12, 2012 at 2:07 pm

      ဟုတ်ကဲ့ လွှတ်တော်ထဲကလူတွေ မန်းလေးဂေဇတ် ဖတ်ပါစေ 😛
      “In other countries the anthem may be played in a theatre before a play or in a cinema before a movie.” မြန်မာတစ်နိုင်ငံထဲတော့ မဟုတ်ဘူးပေါ့လေ။
      “National anthems are used in a wide array of contexts. They are played on national holidays and festivals, and have also come to be closely connected with sporting events.” ကျွန်တော်ကတော့ ဒီလောက်ဆို တော်သင့်ပြီထင်တာပဲ …

  • pazflor

    May 12, 2012 at 2:21 am

    ရုပ်ရှင်ရုံထဲမှာ တစ်မိနစ်လောက်ကတော့ ထရပ်ဖို ့အပမ်းမကြီးပါဘူးဗျာ။
    ဘာကြောင့်မှန်းတော့ မသိဘူး။ မကြိုက်သူတွေများရင်လည်း သူကြီးပြောသလို အများဆန္ဒနဲ ့တင်ပြ ပြီးဖျက်ခိုင်းလိုက်လည်းဖြစ်တာဘဲ။
    ဆယ်တန်းအောင်ပြီး ကတည်းက နိုင်ငံတော်အလံကို အလေးမပြုဖြစ်တော့ တခါတလေ ရုပ်ရှင်ကြည့်ရင်းနဲ ့အလေးပြုဖြစ်တော့လည်း ကောင်းတာပါဘဲ။
    ကိုယ်တိုင်ထပြီး မလုပ်တာက တော်သေးတယ်၊ မတ်တပ်ထအလေးပြုသူကို ပြောင်တဲ့ကောင်မျိုးကတော့ မယဉ်ကျေးဘူးလို ့ထင်ပါတယ်ဗျာ။

  • Ch@vez

    May 12, 2012 at 7:02 am

    တနေ့ သေကြရမည် ..
    မသေခင် လုပ်ချင်တာလုပ်ကြ…

  • water-melon

    May 12, 2012 at 7:49 am

    အမလေး
    တစ်ခါလာလဲဒါတွေကြည့်ဘဲ
    မနေချင်ရင်ထွက်ကြဟေ့

  • MTY

    May 12, 2012 at 10:07 am

    နိုင်ငံတော်အလံအလေးပြုတာ..လွတ်လပ်ရေးရပြီလောက်ကစခဲ့တယ်ထင်ပါတယ်။
    မှတ်မိသလောက်ဦးနုခေတ်..ရုပ်ရှင်ကြည့်ရင်..နိုင်ငံတော်အလံအလေးမပြုရင်အရေးယူ
    မယ်…စာတမ်းတောင်ထိုးတယ်မှတ်တယ်၊
    @Kai ရဲ့ Comment သေချာဖတ်ကြည့်ပါ။
    မြန်မာနိုင်ငံတစ်နိုင်ငံတည်း..ထွင်ပြီးလုပ်ထားတာတော့မဟုတ်ပါ။

  • Shwe Tike Soe

    May 12, 2012 at 10:59 am

    ကိုယ့်နိုင်ငံတော်အလံကို အလေးပြုရတာ ကိုဘာများကန်.ကွက်စရာရှိလဲဗျာ….
    ရုပ်ရှင်ကြည့်တုံးလေး အလေးပြုရတာ အပြင်မှာ ဘယ်သူ.မှ အချိန်ပေးအလေးပြုရတာမဟုတ်ဘူး….
    တစ်ခုတော့ရှိတယ်…. အားလုံးမလုပ်ချင်ရင် မလုပ်ရုံပဲပေါ့…. အလေးပြုတဲ့သူက ပြု ထိုင်ရာမထတဲ့သူက မထ ဆိုရင်တော့ သိပ်မကောင်းဘူး…ပေါ့ဗျာ နော

    • zarlay

      May 17, 2012 at 2:48 pm

      ဟုတ်တယ်နိုင်ငံတော်သီချင်းဆို မကြားရသလောက်ကိုဖြစ်နေပြီ

  • shwe kyi

    May 12, 2012 at 11:09 am

    မှန်ပါတယ်။ လွတ်လပ်ရေးနေ့မှာမှ အလေးမပြုဖြစ်တာ ခနလောက်ကလေးအလေးပြုရမှာကိုဘာကြောင့်
    ရှက်နေကြတာလည်းဆိုတာ နားမလည်အောင်ဖြစ်ရပါတယ်။ နိုင်ငံတော်သီချင်းနဲ့ အလေးပြုရတာ
    စိတ်တက်ကြွစရာကောင်းပါတယ်။ ဒါပေမယ့်ညီညီညာညာမရှိတာကတော့ မကောင်းပါဘူး။
    အလေးမပြုချင်သူများလာရင်တော့…………

  • Onyx

    May 12, 2012 at 11:14 am

    အဲတစ်ခုတော့ သိချင်တယ် စာရေးသူက ဘယ်အရွယ်လဲပေါ့ လူငယ်မှ တော်တော်ကို ခက်ငယ်ငယ်ဆိုရတော့ သိပ်မပြောချင်တော့ဘူး အခုခေတ်လူငယ်တွေက အပျော်အပါးကလွဲရင် ဘာမှ သိပ်စိတ်မဝင်စားကြလို့ပဲ ။ တစ်ခုတော့ရှိတာပေါ့ ရုပ်ရှင်ရုံထဲမှာ ကိုက ဒီနိုင်ငံက နိုင်ငံသားဖြစ်ပါရဲ့နဲ့ မတ်တပ်လေးထ အလေးပြုတာကိုတောင် မလုပ်နိုင်ဘူး ဆိုတော့ကား……………
    မချိန်ဘယ်လောက်ကြာမှာမို့လဲပေါ့………………………………….
    နိုင်ငံခြားသားတွေတောင် အလေးပြုမတ်တပ်ရပ် လေးလေးစားစား လုပ်နိုင်သေးတာပဲ ကိုတွေက ဘာလို့ မလုပ်နိုင်တာလဲပေါ့………………………………
    ကိုယ်ကိုတိုင် မလုပ်သည့်တိုင်အောင် ဘာလို့ သူများလုပ်တာကို လှောင်ပြောင်ကြတာလဲပေါ့………
    အဲဒါလေးတွေက အမြင်မတော်တာလေးတွေဖြစ်နေပြန်ပါကောလား ။
    ဒီလောက်နိုင်ငံတော် သီချင်းနဲ့ အလံကို လွှင့်ပေးတာတောင် ဒီခေတ်ကြီးမှာ နိုင်ငံချစ်ဖို့ မပြောနဲ့ ဒီမတ်တပ်လေး ခဏလောက်ထရပ်လိုက်ရတာကို မလုပ်သင့်တာ မလုပ်ထိုက်တာတို့ ပြောတော့
    တစ်ကယ်ကိုယ် စိတ်ပိန်ဒလယ်ကွယ်
    ပြောတော့ဘူးလကွယ်

    • ငှက်ကလေး

      May 12, 2012 at 1:38 pm

      ဟုတ်ကဲ့ ကျွန်တော် 19 နှစ်ပြည့်ပြီးပါပြီခင်ဗျ။ ဒါပေမဲ့ အပျော်အပါးကြီးပဲတော့လည်း စိတ်မဝင်စားပါဘူး၊ ကျွန်တော်က နိုင်ငံတော်အလံကို အလေးပြုရတာ မုန်းနေတာ မဟုတ်ပါဘူး၊ ပြောချင်တာကနေရာနဲ့ အချိန်အခါပါ။ ရုပ်ရှင်ကြည့်တယ်ဆိုတာ အပန်းဖြေတာမဟုတ်လား။ ကိုယ်ပိုင်အနားယူ အပန်းဖြေတဲ့အချိန် (ထားပါတော့ အပျော်အပါးလုပ်တဲ့အချိန်) မှာ မျိုးချစ်စိတ်ရှင်သန်ရေး လုပ်ခိုင်းတာကို ကျွန်တော်က သဘောထားကွဲလွဲကြည့်တာပါ။ နိုင်ငံချစ်ဖို့ခဏထား တစ်နိုင်တစ်ပိုင် ကျွန်တော့်ပတ်ဝန်းကျင်ကိုတော့ ကျွန်တော်ကောင်းစား စေချင်တဲ့ဆန္ဒတော့ ရှိပါတယ်ဗျ။
      စာကြွင်း… ဒီခေတ်လူငယ်တွေထဲမှာ လူမသိသူမသိ ကြိုးစားနေတဲ့ လူငယ်တွေအများကြီးရှိပါရဲ့..

      • yuiio

        May 17, 2012 at 11:49 pm

        ငှက်ကလေးရေ ……. ညီလေးပြောတဲ့ပုံက အပန်းဖြေနေတဲ့အချိန်မှာ နိုင်ငံတော်အလံကိုအလေးပြုနေရတာနဲ့ အလုပ်မရှုပ်ချင်ဘူးဆိုတာမျိုးလားကွာ။ မင်းက အနုနည်းနဲ့ စော်ကားနေသလိုပဲကွာ။ အစ်ကိုကတော့ နိုင်ငံတော်သီချင်းဆုံးတဲ့အထိအမြဲတမ်း သတိဆွဲမတ်တတ်ရပ်တယ်။ ဒါက အနားယူနေတဲ့အချိန်မှာ စိတ်ကြည်ကြည်လင်လင်နဲ့ တစ်ခုတည်းသော အလေးပြုနိုင်တဲ့နေရာမို့ ပိုပြီး အလေးအနက်ထားမိတာပါ။ ညီလေး အလေးမပြုချင် အလေးမပြုပါနဲ့။ အလေးပြုနေတဲ့သူတွေကို ဘာလို့ အလေးမပြုစေချင်တဲ့ စေတနာအလွဲမထားပါနဲ့။ နိုင်ငံတော်အလံကို အလေးပြုတာက မျိုးချစ်စိတ်ရှင်သန်ရေးလုပ်တာ တစ်ခုတည်းလို့ မယူဆပါနဲ့။ အနည်းဆုံးတော့ အားနာတတ်ပါစေကွာ။ သူများနိုင်ငံတွေမှာ မလုပ်တဲ့အလုပ် ငါတို့နိုင်ငံမှာ လုပ်နေတယ်လို့ ဂုဏ်ယူတတ်ပါစေ။ ဗိုလ်ချုပ်မျက်နှာမြင်ယောင်ပြီး အားနာ လေးစားတတ်ပါစေ။

    • ငှက်ကလေး

      May 12, 2012 at 1:40 pm

      လှောင်ပြောင်တဲ့အထဲမှာတော့ ကျွန်တော်မပါ ပါဘူးခင်ဗျ။

  • etone

    May 12, 2012 at 11:36 am

    ဒီကိစ္စနဲ့ ပတ်သတ်လို့ …ဘယ်သူတွေ ဘာပဲပြောပြော၊ ဘယ်လိုပဲ ခံယူခံယူ … ကျွန်မကတော့ ကိုယ့်အမြင်နဲ့ကိုယ်မတ်တပ်ရပ်ပါတယ် အလေးပြုပါတယ် ပြီးမှသာ ပြန်ထိုင်ပါတယ် ။ ဒါကို အလေးပြုတာ သူများရယ်လည်း ဂရုမစိုက်ပါဘူး ။ ကိုယ့်နိုင်ငံအလံကို အသိမှတ်ပြုတယ် ၊ ကိုယ်ဟာ နိုင်ငံသားတစ်ယောက်အဖြစ်နဲ့ နိုင်ငံတော်အလံကို အလေးမှတ်ပြုတယ်လို့ပဲ စိတ်ထဲတွေးရင်း … အလေးပြုဖြစ်တာပါ … ။ တစ်ခါတစ်လေ … တစ်ရုံလုံးမှာ လေးငါးယောက်မတ်တပ်ရပ်အလေးပြုတာ .. အရယ်ခံရတာလည်း ရှိပါသေးတယ် … ။ ကျောင်းသားဘဝကတော့ နေ့စဉ် အလေးပြုခဲ့ရ ၊ နိုင်ငံတော်သီချင်းတွေ ဆိုခဲ့ရပေမယ့် အခုလို အလုပ်ခွင်ဝင်တဲ့အချိန်မျိုးမှာ … ကိုုယ့်ဘက်က အလေးပြုချင်တယ်ဆိုတာတောင် … အိမ်ရှေ့ထွက် အလေးပြုလို့ရတဲ့ အနေထားမဟုတ်တော့ … ရုပ်ရှင်ရုံရောက်တုန်း … ကိုယ်စိတ်နဲ့ကိုယ် မတ်တပ်ရပ် အလေးပြုဖြစ်တယ် … ။ နိုင်ငံတော် တာဝန်ကို ကျေပွန်တာတွေ ၊ ကျေးဇူးသိတာတွေ မသိတာတွေထက် .. ကိုယ့်နိုင်ငံအလံမို့ .. အလေးပြုတယ်လို့ပဲ ရိုးရိုးတွေးပါတယ် ။

    ရုပ်ရှင်ရုံလိုနေရာမျိုးမှာ နိုင်ငံတော် အလံကို အလေးပြုခြင်းအလေ့ထ ဘယ်သူက စခဲ့သလဲတော့မသိဘူး … ။ အပမ်းဖြေတဲ့နေရာမို့လို့ လူတွေ ထိုင်ပြီးတာနဲ့ မထချင်တော့တာ ကိုယ်ချင်းစာပါတယ် ။သူတို့လည်း သူတို့ ခံယူချက်နဲ့ သူတို့စိတ်တိုင်းကျမို့ … မတ်တပ်မရပ်ဘူး အလေးမပြုဘူး … ဒါကို .. နိုင်ငံသားစိတ်ဓါတ်မရှိဘူးရယ်လို့လည်း မဝေဖန်ရဲပါဘူး … ။ မဖြစ်မနေ အလေးပြုလိုက်နာရမယ်လို့ စည်းမျဉ်းမျိုးမှ မရှိပဲကိုး ..။ ဒါပေမယ့် စိတ်တော့ပူမိတယ် … နောက်မျိုးဆက်တွေကျလျှင် … ရုပ်ရှင်ရုံထဲမှာ ပြတဲ့ နိုင်ငံတော် အလံ … ဘာလို့ ပြပါလိမ့် ၊ ဘာလုပ်ရမှာပါလိမ့်ဆိုတဲ့ … အဖြစ်မျိုး ရောက်သွားနိုင်စေလို့ပါပဲ … ။

    တစ်ချို့သော နိုင်ငံခြားသားတွေ ရုပ်ရှင်လာကြည့်တဲ့အခါ … သူတို့ နိုင်ငံအလံမဟုတ်လည်း … မတ်တပ်ရပ်ကြတယ် …. ။ အသိမှတ်ပြုတဲ့စိတ်နဲ့ မတ်တပ်ရပ်တာလား .. အားနာပါးနာရပ်တာလားဆိုတာတော့ .. အင်တာမဗျူးခဲ့မိတဲ့အတွက် … မသိခဲ့ရပါဘူးလေ … ။ 🙄

  • htoosan

    May 12, 2012 at 12:13 pm

    နိုင်ငံခြားသားတွေ သူတို့ နိုင်ငံ အလံမဟုတ်ပေမဲ့ နိုင်ငံ တစ်ခု ရဲ့ အလံ ကို လေးစားသမူပြုရမယ် ဆိုတဲ့ အသိစိတ်ဓါတ် ယဉ်ကျေးမှု့ အရ ထကြတာပါ ။
    ကိုယ့်နိုင်ငံ အလံဖြစ်ရက်နဲ့ မထနိုင် မထချင်ကြတာတော့ သိမ်ဖျင်းလွန်းပါတယ် ထင်ပါသည်။ အလံ က ဘာပုံစံဖြစ်ဖြစ် ဘာ အရောင်ဖြစ်ဖြစ် ဘယ်လိုဘဲဖြစ်ဖြစ် ဘယ်သူ့ ကိုမှ ဦးညွတ်တာမဟုတ်ဘူး ။ ကိုယ့်နိုင်ငံကို ကိုယ် ဦးညွှတ်တာ လို့ စိတ်ထားဖို့သာ လိုပါသည် ။ အခြားနိုင်ငံများမှာလည်း ထရတဲ့ နိုင်ငံတွေရှိပါသည်။ ဘုရင်ကို ဦးညွှတ်တာ မညွှတ်တာနဲ့ နိုင်ငံကို ဦးညွှတ်တာ မညွှတ်တာ လုံးဝ ကွာခြားပါသည် ။

    • ငှက်ကလေး

      May 12, 2012 at 1:50 pm

      ဟုတ်ကဲ့ ကျွန်တော်ကလည်း ဘုရင်မုန်းတီးရေး၊ တို့ အလံပုံပြောင်းတာကို မကျေနပ်လို့ရယ်လို့ မဟုတ်ပါဘူး။ အားလုံးရဲ့အယူအဆ ကိုသိချင်တာပါ။ အလံကို ဦးညွတ်အလေးပြုတာနဲ့ မျိုးချစ်စိတ်ကြီး တကယ်ပဲ ရှင်သန်ထကြွလာမလား ဆိုတာလေး စဉ်းစားမိလို့ပါ။
      “ကိုယ့်နိုင်ငံ အလံဖြစ်ရက်နဲ့ မထနိုင် မထချင်ကြတာတော့ သိမ်ဖျင်းလွန်းပါတယ် ထင်ပါသည်။” ကျွန်တော်က ရုပ်ရှင်ရုံထဲမှာပဲ မထချင်တာပါ၊ အားကစားပွဲတို့၊ နိုင်ငံ့နေထူးတွေမှာဆိုရင်တော့ ကျေကျေနပ်နပ် လေးလေးစားစားထချင်ပါရဲ့။
      ကျောင်းတုန်းကလည်း ကျောင်းတက်ခေါင်းလောင်းထိုးအပြီး နိုင်ငံတော်သီချင်းဖွင့်ရင် သေချာသတိဆွဲပြီးရပ်ခဲ့ပါသေးတယ်။ 🙂

  • Shwe Tike Soe

    May 12, 2012 at 12:13 pm

    ကျွန်တော်ပြောဖို.ကျန်သွားလို…
    ကျွန်တော် နိုင်ငံတော် အလံပြောင်းခါစက ရုပ်ရှင်တခါသွားကြည့်ဘူးတယ် အဲဒီတုန်းက အလံကို သိပ်မကြိုက်တော့ ထပြီး အလေးမပြုလိုက်ဘူး ဒါပေမယ့် ကျွန်တော် အဲဒီနေ.မှာ နောင်တရမိတယ်.. (ကြီးကြီးကျယ်ကျယ်ပြောတာဟုတ်ဘူး) တကယ်.. ကျွန်တော် ဘာနောင်တရတာလဲဆိုတော့ ကျွန်တော်တို. တစ်နေ.တစ်ခါတောင် ကိုယ့်နိုင်ငံအလံကို အလေးမပြုဖြစ်ဘူးလေ.. အခုတော့ အချိန်ခဏလေးအတွင်းမှာ အလေးမပြုမိလိုက်တော့ အင်း ကိုယ့်ကိုကိုယ်ရှက်မိတာပေါ့…. နိုင်ငံတော်သီချင်းကြားတော့ ပိုဆိုးသေးတယ်……
    ရုပ်ရှင်ရုံမှာ ခဏလေးမတ်တပ်ရပ်အလေးပြုတာလေးတော့ ကိုကို၊မမ၊ညီ၊ညီမလေးတို.ကို လုပ်စေချင်တယ်… ဒါမှ နိုင်ငံချစ်စိတ်နဲ. ကိုယ့်နိုင်ငံတိုးတက်ချင်စိတ် ဖြစ်လာမှာလေ…
    ကိုယ့်နိုင်ငံက လွပ်လပ်တဲ့နိုင်ငံ ကိုယ်ပိုင်အလံကို အလေးပြုရတာ ရှက်စရာကိစ္စမဟုတ်ပါဘူးဆိုတာပြောချင်တာပါ…. 😀

  • မှော်ဆရာ

    May 12, 2012 at 1:21 pm

    ရုပ်ရှင်ရုံမှာ နိုင်ငံတော်သီချင်းဖွင့်တာပပျောက်စေချင်ပြီ။ စစ်တပ်ခေတ်လည်း မဟုတ်တော့ဘူးလေ……
    စစ်တပ်ခေတ်မို့လို့ နိုင်ငံတော် အလံကို အလေးပြုနေတာ
    ကြောက်လို့ အလေးပြုနေတာ မဟုတ်ဘူးဆိုတာ သိစေချင်တယ်…
    နိုင်ငံတော်အလံကို ရဲရဲဝံ့ဝံ့ အလေးပြုခွင့်ရအောင် တော်လှန်ရင်းနဲ့ အသက်ပေးသွားကြတဲ့ အာဇာနည်တွေကို နဲနဲတော့ အားနာဖို့ကောင်းတယ်..။

    • ငှက်ကလေး

      May 12, 2012 at 1:56 pm

      ဟုတ်ကဲ့ အာဇာနည်ခေါင်းဆောင်တွေကို လေးစားပါတယ်၊ ကျွန်တော်လည်း လွတ်လပ်ရေးကြီးကို မစော်ကားထားပါဘူး။ ရုပ်ရှင်ရုံမှာ နိုင်ငံတော်သီချင်းဖွင့်တာ အဲ့ဒါကိုပဲ ပြောတာပါ။

  • ကိုရင်မောင်

    May 12, 2012 at 1:53 pm

    နိုင်ငံတော်အလံထက် နိုင်ငံတော်သီချင်းကပိုအရေးကြီးမယ်ထင်ပါတယ်
    နိုင်ငံတော်အလံကအုပ်ချုပ်တဲ့အစိုးရပေါ်မူတည်ပြီးပြောင်းနေတော့
    တချို့အလံတွေက ကိုယ်စားပြုတဲ့အစိုးရကိုမကြိုက်တာနဲ့အလေးမပြုချင်ကြတာလဲပါမှာပါ
    နိုင်ငံတော်သီချင်းကတော့မပြောင်းလဲဘူးထင်ပါတယ်..
    မပြောင်လဲတဲ့နိုင်ငံတော်သီချင်းကိုတော့ လေးစားသင့်တယ်လို့ထင်ပါတယ်..

    • ငှက်ကလေး

      May 12, 2012 at 1:57 pm

      ဟုတ်ကဲ့ ကျွန်တော်နှစ်သက်(လေးစား) တဲ့သီချင်းတွေထဲမှာ ကမာ္ဘမကြေ (နိုင်ငံတော်သီချင်း) လဲပါပါတယ်။

  • ငှက်ကလေး

    May 12, 2012 at 2:11 pm

    နိုင်ငံတော်အလံနှင့် နိုင်ငံတော်သီချင်း ၊ လွတ်လပ်ရေးနှင့် အာဇာနည်ခေါင်းဆောင်ကြီးများ၊ မျိုးချစ်စိတ်၊ မြန်မာနိုင်ငံသားတို့၏ တာဝန်ဝတ္တရားအား မည်သို့မျှစော်ကားလိုသောဆန္ဒမရှိပါ။
    အပန်းဖြေရုပ်ရှင်ကြည့်စဉ် မိုးတိုးမတ်တပ်နှင့် သတိဆွဲမနေလိုချင်းမျှသာ….

  • NAJA

    May 12, 2012 at 3:27 pm

    ဒီကိစ္စကို ရုပ်ရှင်သွားကြည့်တိုင်း စိတ်ကသိကအောက်ဖြစ်မိလို့ ပိုစ်ရေးဖို့တောင်ကြံမိပါသေးတယ်
    ဒီမှာ ပုံမှန်ယဉ်ကျေးမှုလိုဖြစ်နေတာကတော့ နိုင်ငံတော်အလံစပြလျှင် ထိုင်ထတစ်ခါစီ လုပ်လိုက်ကြတာပါပဲ… မနေ့ကတော့ မှတ်မှတ်ရရ လက်မှတ်က ရှေ့ဆုံးနားမှာ ဝယ်မိတယ်.. နိုင်ငံတော်အလံလာတော့ လူရာဂဏန်းရှိမယ့်ရုံထဲ အစအဆုံးမတ်တပ်ရပ် အလေးပြုတာ ကျွန်တော်နဲ့ အသက်ငါးဆယ်အရွယ်ဦးလေး တစ်ယောက်ပဲမြင်မိပါတယ်… ကြည့်ရပုံထောက်တာတော့ လူတွေ တော်တော်မတ်တပ်ရပ်ပျင်းနေကြတာပဲလို့ထင်ချင်စရာပါပဲ..

    တစ်ကယ်တော့
    မတ်တပ်ရပ်ပျင်းနေကြတာမဟုတ်ပါဘူး.. အပန်းဖြေလာတယ်ဆိုပေမဲ့ ဒီတစ်မိနစ်လောက်လေးရပ်ပေးဖို့ ဘယ်သူမှငြိုငြင်မယ်မထင်ပါ.. ရပ်တဲ့လူမရှိတဲ့အချိန်မှာ တစ်ယောက်ထဲ ဒီကောင်ငပေါပဲ လို့အပြောခံရမှာ အမြင်ခံရမှာကိုကြောက်နေကြတာပဲလို့မြင်မိပါတယ်…
    ကျွန်တော့်အနေနဲ့ နိုင်ငံတော်အလံကို အလေးပြုတာဟာ အရောင်အသွေးကြောင့်မဟုတ်ပါဘူး ..
    စပါးနှံစက်သွားနှင့်မို့လို့ ကျက်သရေပိုရှိသည်ဖြစ်စေ၊ ကြောင်ကြောင်းကျားကျား ကလေးဆန်သည့်အရောင်ဖြစ်စေ အလေးပြုဖို့ကြုံလာတိုင်း အလေးပြုမှာပါ.. ဘာကြောင့်လဲဆိုတော့ အလံဟာ အလံပါပဲ .. အရောင်အသွေးကြောင့် အလံရဲ့ အဓိပ္ပာယ်မလျော့ပါးသွားပါ… အလံတစ်ခုရဲ့အဓိပ္ပာယ်ကို ဒီအလံကိုုဒီလိုလွှင့်ထူနိုင်ဖို့ ကြိုးစားခဲ့တဲ့ အာဇာနည်တွေအသိဆုံးပဲနေပါလိ့မ်မယ်… ဒီအလံလွင့်ပျံနိုင်ဖို့အတွက် သွေးချွေးတွေစတေးခဲ့တဲ့ အာဇာနည်တွေကို အားနာသောအားဖြင့် အလံဆိုတာ ပိတ်စတစ်ရွက်ထက်ပိုတဲ့အဓိပ္ပာယ်ရှိတယ်ဆိုတာ ကိုတော့ နိုင်ငံသားတိုင်းသိထားသင့်ပါတယ်..

    အလံဆိုတာ နိုင်ငံတစ်နိုင်ငံရဲ့ အချုပ်အချာအာအာကို ကိုယ်စားပြုပါတယ်… စစ်သာဖြစ်လာခဲ့လျှင် ကျွန်တော်တို့ ခိုအောင်းရမှာ ဒီအလံစိုက်ထူထားတဲ့ အရပ်ကိုပဲ ပြေးလွှားသွားကြရမှာပါ… မြန်မာနိုင်ငံသားတွေ မြန်မာအလံကို အလေးမပြုချင်လျှင် တရုပ်ကြီးလဲလာအလေးပြုမှာမဟုတ်သလို ဂျပန်ကြီးကလဲ အလေးပြုမှာမဟုတ်ပါဘူး…

    ဒါကြောင့် အပန်းဖြေတယ်ဆိုပေမဲ့ ဒီတစ်မိနစ်ကနေ ဘာကြောင့်ငါဒီအလံကိုအလေးပြုရမှာလဲဆိုတဲ့မေးခွန်းကနေတဆင့် နိုင်ငံချစ်စိတ်၊တိုင်းပြည်ချစ်စိတ်တွေများစွာကိုမွေးဖွားပေးနိုင်တဲ့အတွက် ရုပ်ရှင်ရုံထဲအလေးမပြုသင့်ဆိုတဲ့ အဆိုကို ကန့်ကွက်ပါတယ်…

    • ငှက်ကလေး

      May 12, 2012 at 4:43 pm

      ဟုတ်ကဲ့ ထင်မြင်ချက်အပြည့်အစုံနဲ့ ကန့်ကွက်တာကို လက်ခံပါတယ်။ တကယ်တော့ ကျွန်တော်လည်း မတ်တပ်ရပ်ပျင်းပါတယ်၊ မတ်တပ်ရပ်ပျင်းရာကနေ ရုပ်ရှင်ရုံထဲမှာ နိုင်ငံတော် သီချင်းမဖွင့်သင့်ဖူးဆိုတဲ့ အယူအဆ စတာပါပဲ။ အပန်းဖြေချိန်မှာ မတ်တပ်မရပ်ချင်စိတ်၊ သတိမဆွဲချင်စိတ်၊ တွေက ရုပ်ရှင်ရုံထဲက ကျွန်တော့်ကို မျိုးချစ်စိတ်ဆိုတာကြီး ကိုမမြင်ရအောင် ဖုံးသွားလေးသလားတော့ မပြောတက်ဘူး။ ……
      ဒါပေမဲ့
      နိုင်ငံတိုင်းလိုလိုမှာတော့ သူတို့ရဲ့ သူရဲကောင်းတွေ၊ ဟီးရိုးတွေရှိကြတာပဲ။ လွတ်လပ်ရေးရဖို့ ကြိုးပမ်းခဲ့ဘူး ကြတာပဲ၊ အဲ့ဒီ နိုင်ငံတိုင်းမှာတော့ ရုပ်ရှင်ရုံထဲမှာ နိုင်ငံတော်အလံအလေးပြု ကြရမယ်မထင်ဘူး။ သူတို့မှာမျိုးချစ်စိတ်မရှိလို့လား ??? မဟုတ်လောက်ပါဘူး !!!
      တကယ်ဆို လူငယ်တွေ ကိုယ့်နိုင်ငံကိုယ် ချစ်လာအောင်လုပ်ဖို့ နည်းလမ်းတွေ အများကြီးရှိပါတယ်…
      အဓိက က နိုင်ငံရေးဆို အဖမ်းခံရမယ် မလုပ်နဲ့ ဆိုတဲ့အတွေးတွေ ရှိမနေဖို့ပဲ
      ကိုယ်ပတ်ဝန်းကျင်လေးကို တစ်နိုင်တစ်ပိုင်ကောင်းအောင်လုပ်တာကနေ လူတွေအားလုံးပေါင်းရင် ပတ်ဝန်းကျင်တွေ အားလုံးကောင်းလာကြမှာပါ။ ပတ်ဝန်းကျင်တွေအားလုံးကောင်းတော့ နိုင်ငံကြီးကောင်းလာမှာပေါ့…

      • NAJA

        May 12, 2012 at 5:13 pm

        ပြောချင်တာတွေများပြီး ရောသွားတယ်..
        အရှင်းဆုံးပြောလိုတာကတော့ ရှေ့မှာ အလံတလူလူနဲ့နိုင်ငံတော်သီချင်းလာနေသမျှတော့ ရုပ်ရှင်ရုံမှမဟုတ် ဘယ်နားဖြစ်ဖြစ် အလေးပြုသင့်တယ်လို့မြင်ကြောင်းပြောချင်တာပါ…
        အဲလိုမှမဟုတ် တရားဝင်ပဲ ရုပ်ရှင်အစ ဒါကြီးမလုပ်ကြနဲ့တော့ပြောခဲ့လျှင်တော့.. မလုပ်ကြရုံပါ..
        “နိုင်ငံကြီးသားပီသသူတိုင်း နိုင်ငံတော်အလံကို အလေးပြုကြသည်” လု့ိရေးထားရက်နဲ့ အလေးမပြုပဲတော့မနေနိုင်သေးဘူးဗျာ..
        ကျုပ်ကတော့ နိုင်ငံကြီးသားဖြစ်ချင်သေးတယ်…

        • ငှက်ကလေး

          May 12, 2012 at 6:27 pm

          “နိုင်ငံကြီးသားပီသသူတိုင်း နိုင်ငံတော်အလံကို အလေးပြုကြသည်” နိုင်ငံတော်အလံ ကိုအလေးပြုကြသူတိုင်းရော နိုင်ငံကြီးသားပီသပါရဲ့လား…. ???
          တကယ်လုပ်သင့်တာက စည်းကမ်း၊ ဥပဒေနဲ့လုပ်ဖို့ပါပဲ။ ဒါမှလေးစားလိုက်နာနိုင်ကြတာပေါ့
          ထချင်ထ မထချင်နေဆိုတော့ ကျွန်တော်လည်း မထချင်တဲ့ ဘက်ရောက်သွားရော….
          ကျွန်တော်လည်းနိုင်ငံကြီးသားဖြစ်ချင်ပါတယ်၊ ဒါကြောင့် စည်းကမ်းလိုက်နာဖို့ ကြိုးစားတယ်။

  • tin ko mg

    May 12, 2012 at 3:37 pm

    ရုပ်ရှင်ရုံပိုင်ရှင်များအနေနဲ့ ပိုက်ဆံရရင်ပြီးရော ဆိုပြီး မလုပ်သင့်ပါဘူး။ သူတို့ပိတ်ကားတွေပေါ်သေချာကြည့်ရင်
    ဂျီးအထပ်ထပ်နဲ့ တွေ့ရမှာပါ။ အမှန်တော့ ပိတ်ကားသန့်ရှင်းရေးကို အဓိက လုပ်ရမှာပါ။
    လက်မှတ်ရောင်းမိန်းမတွေကလည်း သူတို့ကိုယ်သူတို့ ရွှေရောင်းတာကျနေတာပဲ အပေါက်ဆိုးတယ်။
    ရုပ်ရှင်ရုံထဲက ဈေးဆိုင်ကလည်း ဈေးကြီးတယ်…

  • siamonone

    May 12, 2012 at 4:04 pm

    နိုင်ငံတော်အလံကိုအလေးပြုရင် ရရှိမယ့်အကျိုးကျေးဆူး ..
    ၁ ကိုယ့် image ကိုတိုးတက်စေတယ်
    ၂ ဘေးပတ်ဝန်းကျင်က ကိုယ့်ကို ပိုပြီး ချစ်ခင်လာစေတယ် .. (သူကနိုင်ငံတော်ကို ဒီလောက်တောင်ချစ်ပါလား..ဆိုပြီး)
    ၃ တိုင်းချစ်၊ ပြည်ချစ် လူသားတစ်ယောက်ပါလား၊ နှလုံးသားရှိတဲ့လူသား ပါလားလို့ ထင်စေနိုင်ပါတယ် ..
    အကျိုးအပြစ် ..
    ၁ ပျင်းစရာကောင်းတယ် (အလေးပြုရမှာ)
    ၂ သယ်ရင်းတွေကြားထဲမှာ ကိုယ်တစ်ယောက်တည်း ထအလေးပြုရင် ရှက်စရာကြီးလို့ ထင်ရတယ် (တကယ် ရှက်စရာကောင်းမကောင်းတော့ မသိ)
    ၃ အချိန်ပေးရတယ်
    ဒါပေမယ့် .. နိုင်ငံတော်အလံကိုအလေးပြုတယ် ဆိုတာ လုပ်သင့်ပါတယ် .. လုံးဝအကျိုးအမြတ်ရတဲ့ အလုပ်ပါပဲ .. ကိုယ့် image လည်းတိုးတက်လာနိုင် တယ်..
    (သတိ .. ကျွန်တော် ပြောတဲ့နိုင်ငံတော် အလံဆိုတာ .. မြန်မာနိုင်ငံတော်အလံတစ်ခုတည်းတော့ မဟုတ်ဘူးနော် .. ဘယ်နိုင်ငံရောက်ရောက် .. အဲ့နိုင်ငံတော် ရဲ့ အလံကို အလေးပြုသင့်တယ် လို့ . .. ထင်မြင်မိပါကြောင်း …… သူများတွေ အလေးပြုနေရင် ပေါ့ …)

  • ဗိုက်ကလေး

    May 12, 2012 at 5:05 pm

    ငှက်ကလေးရေ
    များကြီးတော့ ပြောတတ်တော့ဘူး..အူးလေးပြောတာကို ထောက်ခံပါတယ်..
    ပြီးတော့
    အလေးပြုဆိုလဲ ပြုစေတဲ့ ဥပဒေထုတ်ဗျာ
    အခုက ပြုတဲ့လူကပြု
    မပြုတဲ့လူကလဲ ခန် ့ခန် ့ကြီး နေကြစေ့အခွံတွေ ဖွနေတော့ အင်မတန် ရုပ်ပျက်ပါတယ်..
    ညီညွတ်လား မညီလွတ်လား ရုပ်ရှင်ရုံသာ သွားကြည့်ပေတော့..
    လေးငါးယောက်က အလေးပြု
    ဆယ်ယောက်လောက်က ပြုသလိုလို မပြုသလိုလို
    ကျန်တဲ့လူတွေက ဇိမ်မပျက် ထိုင်လျက်..

  • cobra

    May 12, 2012 at 5:28 pm

    ကျွန်တော်အမုတ်းဆုံးကတော့ မတ်တပ်ရပ်တဲ့သူတွေကို
    လှောင်တဲ့ကောင်တွေပဲ
    လူလိုနားမလည်ကြတဲ့ကောင်တွေ။

  • cobra

    May 12, 2012 at 5:49 pm

    ကျွန်တော်အမုန်းဆုံးကတော့ မတ်တပ်ရပ်တဲ့သူတွေကို
    လှောင်တဲ့ကောင်တွေပဲ
    လူလိုနားမလည်ကြတဲ့ကောင်တွေ။

  • cobra

    May 12, 2012 at 6:07 pm

    ကျွန်တော်အမုန်းဆုံးကတော့ မတ်တပ်ရပ်တဲ့သူတွေကိုလှောင်တဲ့ကောင်တွေပဲ
    လူလိုနားမလည်ကြတဲ့ကောင်တွေ။

  • ငယ်ငယ်တုန်းကတော့ ရုပ်ရှင်ရုံရောက်တိုင်း အလေးပြုဖြစ်တယ်လေ။
    တမင်ရွေးပြီးတော့ အလေးမပြုဖြစ်တာတော့ ရှိပေမယ့် အခမ်းအနား
    တွေ မှာ ပြုရစမြဲပါ။နောက်ပိုင်းတော့ ရုပ်ရှင်ရုံ မရောက်ဖြစ်တာ (၁၅)နှစ်
    လောက်ရှိပြီလေ။

  • မဟာရာဇာ အံစာတုံး

    May 12, 2012 at 7:48 pm

    “.. ညည်းကလည်း ဒါလေးတောင် သိဖူးလားအေ့ … ။
    ရုပ်ရှင်ရုံဆိုတာ မှောင်တယ်အေ့ … ။
    ရုပ်ရှင်ရုံဆိုတာ အတွဲတွေသွားတာ များတယ် မဟုတ်လားအေ့ … ။
    ဒီတော့ မီးပိတ်တာနဲ့ ကိုယ်က မြန်မာနိုင်ငံသား အရှက်တရား ရှိရမယ်ဆိုတာကို သတိပေးတဲ့အနေနဲ့ အလံကို အလေးပြုခိုင်းတာ ဖြစ်မှာပေါ့ အေ့ … အေ့ … အေ့ … ဝေါ့ …
    😀 😀 ..”

    ဒီ Comment ကို ဒီပို့စ်နဲ့ ခပ်ဆင်ဆင်တူတဲ့ (ဒါပေမယ့် ဆန့်ကျင်ဘက်) အမြင်နဲ့ ရေးထားတဲ့ ပို့စ်မှာ ကျနော် မန့်ခဲ့တာပါ ….။ စိန်ပေါက်ပေါက် (ယခု ဗိုက်ကလေး) ကို reply လုပ်ခဲ့တာပါ။ အဲဒီပို့စ်ကို ဖတ်စေချင်ပါသေးတယ် ….။ အောက်က လင့်ပါ …။

    http://myanmargazette.net/102304/uncategorized-other/copypaste
    Author – Kyawt Kyawt

  • mg mg

    May 12, 2012 at 8:39 pm

    ဆိုင်လားတော့မသိ၊
    ဆိုင်ဆိုင် မဆိုင်ဆိုင် ဖတ်ရင်းနဲ့စိတ်ထဲပေါ်လာလို့ ရေးလိုက်ပါတယ်၊

    ဝိသာခါ— ငါဘုရားကိုဘယ်အချိန်မှာ မေ့ထားသလဲလို့ ဘုရားရှင်ကမေးတော့
    ကာမဂုဏ်ခံစားချိန်ပါဘုရားလို့ ဝိသာခါပြန်လျှောက်ပါတယ်တဲ့၊
    အဲဒီတော့ ဘုရားရှင်က အေး အဲဒီအချိန်လည်း မမေ့သင့်ဘူးလို့ မိန့်တော်မူကြောင်း
    မှတ်သားဘူးပါတယ်။

    နိုင်ငံတော်သီချင်းမှာ ဘိုးဘေး အာဇာနည်တွေရဲ့ သွေးတွေချွေးတွေနဲ့ထုံမွှမ်းစီးဆင်းနေတယ်ဆိုလျင်——

    • ငှက်ကလေး

      May 12, 2012 at 10:32 pm

      လောက မှာကျွန်တော်တန်ဖိုးအထားရဆုံးက ကျွန်တော့်အမေပါ၊ ဒါပေမဲ့ ကျွန်တော်ရုပ်ရှင်ကြည့် တဲ့အချိန်မှာ အမေ့ကိုတောင်သတိမရမိဘူးဗျာ…
      တောင်းပန်ပါတယ် အမေရယ် 🙁
      အာဇာနည်ခေါင်းဆောင်တွေကို လေးစားတယ်၊ ကြည်ညိုတယ်၊ သူ့တို့ရဲ့သတိ္တတွေကို ဂုဏ်ပြုတယ် ဒါပေမဲ့ အမေ့ထက်တော့ ပိုမချစ်နိုင်ဘူးဗျာ။

  • kai

    May 13, 2012 at 2:06 am

    ယူအက်စ်မှာ.. ရုပ်ရှင်ရုံထဲ.. အလံအလေးပြုရမယ်ဆိုပြီး.. လုပ်ထုံးထုတ်ရင်.. ထုတ်တဲ့သူ(အဖွဲ့အစည်း) ပုဂ္ဂလိကလွတ်လပ်မှုထိခိုက်စေမှုနဲ့.. တရားစွဲခံရမယ်လို့. .ထင်တယ်..
    တချို့ကိစ္စတွေမှာ.. အစိုးရက.. သူ့ကိုခိုင်းစေထားသူ မိဘပြည်သူတွေကို.. အတင်းအကြပ်လုပ်ခိုင်းလို့မရပါဘူး..
    တကယ်တော့..
    တိုင်းပြည်တည်ထောင်ခဲ့သူတွေ.. နိုင်ငံခေါင်းဆောင်တွေကို.. ထိုက်သင့်တဲ့.. အပြန်အလှန်လေးစားမှုရှိရင်.. ရပြီထင်ပါတယ်.
    ကိုးကွယ်နေစရာမလိုသလို.. အတင်းကြီး.. လေးစားပါတယ်လုပ်ပြနေစရာလည်း မလိုဘူးထင်မိတယ်..

    ဆိုတော့…
    နိုင်ငံတော်..
    နိုင်ငံတော်က.. သင်ကိုယ်တိုင်ပါပဲ..
    သင်လိုလူတွေစုပေါင်းနေတဲ့ အဖွဲ့အစည်း..မြေနေရာကို.. နိုင်ငံတော်လို့.. ခေါ်ပါတယ်..။

    အစိုးရ..
    သင်ကိုယ်တိုင်က..မလုပ်နိုင်တာတွေကို.. လုပ်ခိုင်းထားတဲ့ သူတွေစုပေါင်းထားတဲ့ အစုအဖွဲ့အစည်းပါ..။

    နိုင်ငံအလံ..
    သင်ကိုယ်တိုင်ရွေးချယ်ထားတဲ့.. အဝတ်..စက္ကူပေါ်က..ဒီဇိုင်းအမှတ်အသားတခုပါပဲ..

    နိုင်ငံတော်သီချင်း
    အလံအတိုင်းပါပဲ..။ အများသဘောတူရွေးထားတာတခုပေါ့..
    (ပြောရရင်.. မြန်မာနိုင်ငံတော်သီချင်းမှာ.. ပြင်သင့်တာရှိတယ်လို့ထင်နေမိတယ်.. နောက်မှဆွေးနွေးမယ်..)

    အလံရော..သီချင်းရော..အခြေခံဥပဒေထဲထည့်သတ်မှတ်ပေးထားတယ်လို့.. ထင်ပါတယ်..။
    အခြေခံဥပဒေဆိုတာက.. အဲဒီနိုင်ငံမှာနေတဲ့သူတွေအားလုံး(အများစု)က.. ဒါတွေကိုအခြေခံထားပြီး နောက်ထပ်ဥပဒေ..လုပ်ထုံးတွေလုပ်ကြမယ်..ပြောကြမယ်..ဆိုတဲ့.. အတည်ပြုချက်တခုသာရယ်ပါ..
    မကြိုက်ရင်ပြင်ရပါမယ်..
    ဒါပေမဲ့.. အများစုလုပ်ထားတယ်ယူဆပါရင်.. အများစုဆန္ဒလေးစားလိုက်နာရပါမယ်..
    အနည်းစုဆန္ဒတင်ပြပြောခွင့်ရှိရပါမယ်..
    အနည်းစုဆန္ဒကနေ..အများစုဆန္ဒဖြစ်လာအောင်.. “လွတ်လပ်စွာ”လုပ်ခွင့်ပေးထားရပါမယ်..။ အနည်းစုလူတွေဟာ.. လွတ်လပ်စွာစည်းရုံးပြောဆိုခွင့်ရှိရပါမယ်..

    ကျုပ်ရောက်ဖူးတဲ့ နိုင်ငံတွေထဲ.. ရုပ်ရှင်ရုံထဲ.. အလံအလေးပြုမတ်တတ်ရပ်တာ မတွေ့ဖူးပါ..။
    အိနိ္ဒယမှာ.. အရင်ကရှိခဲ့ပေမဲ့..အခုတော့.. မြို့တော်တချို့နရာမှာသာ ဒီဓလေ့ရှိတော့တယ် သိဖူးပါတယ်..။
    ယူအက်စ်မှာ.. အားကစားပွဲကြီးတချို့မှာ.. နိုင်ငံတော်သီချင်းသံပြိုင်ဆိုတာမျျိုးရှိပါတယ်..
    ဥပဒေထုတ်လုပ်ခိုင်းထားတာမဟုတ်..
    လူအများစုသဘောတူလို့.. လုပ်နေကြတာပါပဲ..
    တနည်းပြောရရင်.. မားကက်တင်းလုပ်နေတာပေါ့..
    အမေရိကန်တွေက.. အမေရိကားကို… မီဒီယာတွေကတဆင့်.. မားကက်တင်းလုပ်နေတာပါ..

    အဲလိုလုပ်ကြတာကို.. လုပ်နေသူကို.. မလုပ်သူကအပြစ်တင်စရာမရှိသလို.. မလုပ်သူကလည်း လုပ်နေသူကို.. လှောင်ပြောင်စရာမရှိပါဘူး..
    ဆိုင်သူများရဲ့ အခွင့်အရေးဖြစ်တယ်ထင်ပါတယ်..
    (လုပ်ထုံးဥပဒေမရှိတဲ့ကိစ္စတွေမှာ..) လူမှုရေးရာနဲ့.. ပြသနာတက်ကြရင်.. ဆိုင်သူအချင်းချင်း.. တရားရေးမှာ.. ရှင်းကြဖို့ပဲရှိပါလိမ့်မယ်..

    ကျုပ်အမြင်အယူအဆကတော့.. အဲဒါလေးတွေ…ဖြစ်ကြောင်း.. :mrgreen:

    • siamonone

      May 13, 2012 at 10:57 am

      နိုင်ငံတစ်နိုင်ငံ = ကုမ္ပဏီတစ်ခု
      နိုင်ငံတော်အလံ = ကုမပဏီ Logo
      အခွန်အခ = ဝန်ဆောင်ခ
      နိုင်ငံ၏ တိုင်းပြည် အပေါ်၊ လူမျိုးအပေါ် ကုန်ကျငွေ = ဝန်ဆောင်မှု
      နိုင်ငံသား = စားသုံးသူ
      ဒါကြောင့် ကျွန်တော်တို့က နိုင်ငံတော်ကိုပိုက်ဆံပေးပြီး ခိုင်းစားနေခြင်း ဖြစ်ပါတယ်
      ကျွန်တော်တို့က နိုင်ငံတော် အတွက် ဘာအကြွေးမှ မရှိပါဘူး ..
      ဒါကြောင့်သူ့ကို ချစ်ပါလို့ နိုင်ငံတော်က အတင်းလုပ်လို့မရပါဘူး။
      ဝန်ဆောင်မှုကောင်းကောင်းတွေနဲ့ မျှားခေါ်ရမှာဖြစ်ပါတယ် ..
      ဒီနိုင်ငံကိုချစ်တယ် = ဒီနိုင်ငံက ဝန်ဆောင်မှုကောင်းတယ် human right ကိုအရေးပေးတယ်၊ (ဒါကြောင့် သူကြီးက .. သူချစ်တဲ့နိုင်ငံမှာနေတာပေါ့ နော သူကြီး )
      ဒီနိုင်ငံကိုလေးစားတယ် = တရာမျှတမှုရှိတယ်၊ ခေါင်းဆောင်ကောင်းတွေရှိတယ်၊ အကြံဉာဏ်ကောင်းတွေ နဲ့လုပ်ဆောင်တယ်
      ဒါကြောင့် ကိုယ့်နိုင်ငံကိုယ်ချစ် စေချင်ရင် နိုင်ငံ့ CEO တွေ ရဲ့ကြိုးစားအားထုတ် မှုတွေ အများကြီးလိုအပ် ပါတယ် .. နိုင်ငံသားနဲ့ မဆိုင်ပါဘူး .. သူတို့က စားသုံးသူတွေ မျှသာ ဖြစ်ပါတယ် ..
      (တကယ်တော့ ချစ်စရာကောင်းတယ် ၊ လေးစားဖို့ကောင်းတယ် (လေးစားထိုက်တယ်) ဆိုတာ ရင်ထဲ အသဲနှလုံးထဲကလာတဲ့ အရာတွေပါ အမိန့်ပေး ခိုင်းစေရုံနဲ့ ဒီနိုင်ငံကိုချစ်လို့ မရပါဘူး . )

  • htoosan

    May 13, 2012 at 6:39 am

    စကာင်္ပူမှာလည်း အလေးပြုရပါသည် ။
    ယိုးဒယားမှာ သူတို့ ဘုရင်ကို အလေးပြုရပါသည်။

  • Khin Latt

    May 13, 2012 at 6:44 am

    ကထူးဆန်းကတော့ ဂေဇက် ကို အလေးပြုပြီး အိပ်ရာကထလာပြီ။ 😉

    ကျွန်မကတော့ အလေးပြုဆိုလဲ ပြုလိုက်ရုံဘဲ။
    မလိုဘူးဆိုလဲ မပြုရုံဘဲ။
    တကယ်တော့ ဒါထက်အရေးကြီးတဲ့ လုပ်စရာ၊ ပြင်စရာတွေ အများကြီးမှာ ဘာလို့ ဒါကို အချိန်ကုန်ခံ ငြင်းနေမှာလဲ။
    (အထင်) 😀

  • FattyCat

    May 13, 2012 at 9:00 am

    ရင်ဘတ်ထဲမှာရှိနေဖို့ပဲလုပ်သင့်တယ်ထင်ပါတယ်ဗျာ…
    လမ်းဘေးမှာ အတင်းဆိုင်းဘုတ်တွေ ချိတ်ပြီး အမိမြေကိုချစ်ပါ… ဥပဒေကိုလေးစားလိုက်နာပါဆိုတာမျိုး မြင်ရတိုင်း…
    စည်းကမ်းမရှိတဲ့ ငါတို့မြန်မာတွေကို အမြဲဆိုင်းဘုတ်ချိတ်ပြီး သတိပေးနေရတယ်လို့ခံစားရတယ်…
    နိုင်ငံတော်အလံကို ရင်ထဲကလေးစားအောင်၊ နိုင်ငံတော်ကိုရင်ထဲကချစ်တတ်အောင် သင်ပေးရင်ရပြီ…
    ရုပ်ရှင်ရုံထဲအထိလိုက်ပြီး အလေးပြုခိုင်းစရာမလိုဘူးလို့ထင်ပါတယ်…

    ရွာသားငရှုပ်-
    ကြောင်ဝတုတ်

  • Yin Nyine Nway

    May 13, 2012 at 10:33 am

    ကိုယ့်နိုင်ငံရဲ့ အလ့ကိုတော့ လေးစားသင့်တယ်ထင်တာပါပဲ
    ရုပ်ရှင်ကြည့်မှ ထရပ်တာလေးလောက်တော့ လုပ်သင့်တယ်ထင်တယ်
    ဒီအချိန်လေးကိုတောင် အချိန်ပေးပြီး ကိုယ့်နိုင်ငံက လူတွေကတောင်မလေးစားရင်
    သူများနိုင်ငံကကော ကိုယ့်နိုင်ငံကိုလေးစားမှာလားရှင့်
    ကျွန်မတို့ကတော့ ကိုယ့်နိုင်ငံအလံမှမဟုတ်ဘူး
    ကိုယ့်ရှမ်းအလံကိုတောင် မြင်ရင်လေးစားသမှုပြုတာပဲ
    ဒါလေးတော့ မဖျောက်သင့်ဘူးထင်တယ်
    စစ်အစိုးရမလို့အလံကို အလေးပြုတာလို့တော့ ယူဆ လို့မရဘူးထင်တယ်နော်

  • mozillamedia

    May 13, 2012 at 6:52 pm

    ရုပ်ရှင်ရုံထဲ နိုင်ငံတော် အလံ အလေးပြု ရတာ လုံးဝ မကြိုက်ဘူး….
    အလေးပြု နေတဲ့ လူတွေရဲ့ အနေအထားလည်း သေသေခြာခြာ ပြန်ကြည့်ကြပါအုံး….
    အများစု က စိတ်မပါလက်မပါနဲ့ ရပ်နေကြတာ စိတ်ပျက်စရာ ပိုကောင်းတယ်…
    ပြနေတဲ့ အလံကလည်း ရိုက်ချက်က စုတ်ပြတ်သတ်နေတာပဲ…. အလံက Size မမှန်သလို လွင့်နေတဲ့ပုံ ကလည်း ကွန်ပြူတာ ခတ်ထဲမှာ အတော်ညံတဲ့ ပြချက်တွေပါပဲ….
    စိတ်မပါ လက်မပါ ထရပ်နေတဲ့ လူတွေကြည့်ပြီး တစ်ခါကတော့ ထမရပ်ပဲနေလိုက်တယ်….
    အဲသည့် အချိန်မှာ နောက်က တစ်ယောက် က မြည်တွန် တောက်တီးစွာနဲ့ ကိုယ်ကို လှမ်း အပစ်တင်တယ်…. ကိုမျိုးချစ်ကြီး ပေါ့လေ….
    ရုပ်ရှင်ရုံထဲမှာ အဲသည် အလံနဲ့ပတ်သက်လို့ အတော် စိတ်လေရပါတယ်….
    ဇွတ်အတင်း အလေးပြုခိုင်းလေ စိတ်မပါလေပါပဲ…..

  • မိုက်ကယ်ဂျော်နီအောင်ပု

    May 13, 2012 at 10:29 pm

    ဇီးသည်းသည် မဗျိုင်း ဆိုတာကတော့ ပြောစရာလိုမည်မထင်
    ဒီပို့စ်မျိုးက ဟိုးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး
    ရှေးရှေ့ မှာ ရှိခဲ့ဘူုးပါဘီ
    ဆဲတော့လည်း ကျုပ်ကြောင့် ရွာနာမည်ပျက်သလို ဘာလိုလိုဆိုတော့ကာ 🙁
    နိုင်ငံအမှတ်သား ( အလံတော် ) အတွက် လူတွေ ဘယ်နှစ်ယောက် သေခဲ့ဘူးသလဲ
    ယနေ့ နိုင်ငံ မရှိတဲ့ လူတွေ ခင်ဗျားတို့တွေ့ဘူးသလား
    လွပ်လပ်ရေး ( နိုင်ငံတော်အလံ ) တွက် သေခဲ့တဲ့သူတွေက ဘာတွေလည်း
    သာပေါင်းသညာစား ချောင်ရာနေ သဂျီးမြှောက်ပေးတိုင်း လုပ်ရအောင်
    ခင်ဗျားတို့နိုင်ငံက သူများနိုင်ငံလို အဆင့်တန်းရှိနပြီလား
    ခင်ဗျားတို့ ပိုက်ဆံပေးပြီးကြည့်တဲ့ ရုပ်ရှင်ရုံထဲ
    ဂျဘိုးမကိုက်အောင် ခြင်မကိုက်ကောင် အလျှင်လုပ်ဂျဘာအုန်း 👿

  • ငှက်ကလေး

    May 13, 2012 at 11:03 pm

    ဒီပိုစ့်မျိုးရှိခဲ့ဘူးတယ်ဆိုတာတော့ ကျွန်တော်မသိလိုက်ပါဘူး။ ကျွန်တော် မန်းလေးဂဇက်သုံးတာ မကြာသေးလို့ပါ။
    လွတ်လပ်ရေးအတွက် အသက်ပေးခဲ့တဲ့သူတွေက ဒီလိုရုပ်ရှင်ရုံထဲမှာ လူငယ်တွေသတိဆွဲ အလေးပြုကြ ဖို့အသက်စွန့်ခဲ့ကြတာတော့ ဟုတ်ဟန်မတူပါဘူး။ ကျုပ်တို့နိုင်ငံသူများလိုအဆင့်ရှိဖို့က လူတွေ၊ မူတွေ ပြောင်းဖို့ပဲလိုတာပါ၊ အာဇာနည်ခေါင်းဆောင်တွေကို ဘုရားထက်ပိုပြီးကိုးကွယ်နေဖို့မလိုပါဘူး။ သူတို့ဘာတွေ လုပ်ခဲ့ကြလည်း အတုယူပါ၊ အဲ့လိုစိတ်ဓါတ်မျိုးမွေးပါ၊ ကြိုးစားကြပေါ့… ဒါဆို အစ်ကိုပြောတဲ့ သူများနိုင်ငံတွေလို့ အဆင့် ရလာမှာပါ။ ကျွန်တော်တို့ပိုက်ဆံပေးပြီးကြည့်တဲ့ ရုပ်ရှင်ရုံထဲ ဂျပိုးမကိုက်ဖို့ ခြင်မကိုက်ဖို့က ရုပ်ရှင်ရုံရဲ့ service (ဝန်ဆောင်မှု့) နဲ့ပဲသက်ဆိုင်ပါတယ်။ မျိုးချစ်စိတ်နဲ့ မဆိုင်ပါဘူး။
    အပေါ်မှာ ကျွန်တော်ဆွေးနွေးထားတဲ့ ကွန်မန့်တွေလည်း ဖတ်စေချင်ပါတယ်။

  • htoosan

    May 14, 2012 at 6:50 am

    ဆိုင် မဆိုင်တော့ မသိဘူး ။မနေ့ က ဘောလုံးပွဲကြည့်တော့ မန်းစီးတီးနိုင်တော့ သူတို့ မန်နေဂျာကြီးကလည်း သူကြီးအပြောအရဆို သူတို့နိုင်ငံ သူတို့လူမျိုးကို ကိုယ်စားပြုပြတဲ့ အဝတ် စက္ကူပေါ်က ဒီဇိုင်း အမှတ်အသား လေး လည်ပင်းပါတ်လို့ . အခြား အချို့ ဘောသမားများလည်း ထိုနည်း၎င်း အလံတွေ ခြုံလို့ဆုယူကြတာ ..
    ဘာဖြစ်လို့ခြုံကြတာလည်း … စက္ကူ အဝတ်ပေါ်က ဒီဇိုင်းအမှတ်အသားကို မြတ်မြတ်နိုးနိုးလုပ်ကြတာလည်း .. ကြိုက်သလိုသာ တွေးဗျို့ ………

  • ငှက်ကလေး

    May 14, 2012 at 10:14 pm

    မန်းလေး ဂဇတ်က လူတွေက မျိုးချစ်စိတ်အင်မတန်ရှိကြတာတွေ့ရတယ်၊ တိုင်းပြည်အတွက်လည်းဝမ်းသာ စရာပါပဲ။ ဒါနဲ့ စကားမစပ် ခုနကလေးတင် facebook မှာ ကာတွန်းလေးတစ်ပုဒ်တွေ့လိုက်တယ်။ ပုံထဲမှာ အစ်ကိုက ကွန်ပြူတာနဲ့ အင်တာနက်သုံးနေပုံဖြစ်ပြီး၊ ဘေးကညီက ဂုဏ်ယူစွာပြောနေတယ်၊ ” ငါ့အစ်ကိုက ကွန်ပြူတာရှေ့ရောက်ရင် အမျိုးသားရေးစိတ်ဓါတ် အတော်ပြင်းတာကွ ”

    http://www.facebook.com/photo.php?fbid=310528099023148&set=a.193440100731949.48012.193030970772862&type=1 ကာတွန်းလင့်လေးပါ။ 🙂

  • နိုင်ငံအလံအလေးပြုမပြု က မနှစ်လောက်ကထင်တယ် တစ်ခါတင်တာတွေ့တယ်.
    သူ့ဖက်ကိုယ့်ဖက်အမြင်တွေတင်ပြလိုက်တာကို ဖတ်လိုက်ရပါတယ်။
    ဘာအဖြေမှ မရလိုက်ပါဘူး။
    အခုလည်း ဒီအလံကို အကြောင်းပြုပြီး သူ့ဖက်ကိုယ့်ဖက်အမြင်တွေပြောကြတာပါဘဲ။
    အဲတော့ အခုခေတ်စားနေတဲ့ ဒီမိုကရေစီ အတိုင်းဆိုရင် အများကြိုက်တယ်မကြိုက်ဘူူး မဲခွဲလိုက်ရင်ပြီးပြီ။
    ရှင်းရှင်းလေးပြောရင် မျိုးချစ်စိတ်တွေဘာတွေ ကြီးကြီးကျယ်ကျယ်အာဘောင်အာရင်းသန်သန်တွေမပြောနဲ့။
    အဲလိုပြောရင် အပြင်လောက မှာ တိုင်းပြည်အတွက် ဘယ်လောက်ထိလုပ်ဘူးသလဲဆိုတဲ့မေးခွန်းက ကပ်ပါလာမယ်။
    သူကြီက ဘုတ်ထောင်လိုက်. မဲခွဲလိုက်
    နိုင်ငံတော်အလံကို ရုပ်ရှင်ရုံထဲမှာ ထောင်တာ ကို ကြိုက်တဲ့လူနဲ့ မကြိုက်တဲ့လူမဲခွဲဘို့ စီစဉ်ပေးလိုက်။

    ကျနော်ကတော့ ရှင်းတယ် နိုင်ငံတော်အလံကို ရုပ်ရှင်ရုံထဲထောင်တာကို လက်ခံတယ် အလေးပြုမယ်။
    ကိုလတ်ပြောတာကို ထောက်ခံရမယ်ဆိုရင်နိုင်ငံမှာလုပ်စရာတွေအများကြီးရှိသေးတယ် ဒါလေးကို လေကုန်ခံပြီးငြင်းနေတာအချိန်ကုန်တယ်။
    ဆရာမောင်သာနိုးပြောသလိုပြောရရင် ကော်ဖီပန်းကန်ထဲမှာ မုန်တိုင်းထန်မနေနဲ့လို့ပြောချင်ပါတယ်။
    အခုအချိန်မှာ မြန်မာပြည်သားတိုင်း ကိုယ့်ကိုကိုယ်ပြန်မေးခွန်းထုတ်သင့်တာက
    အနိမ့်ဆုံး ငါ့မိသားစုအတွက် ငါဘယ်လောက်အကျိုးပြုပြီးပြီလဲ။
    ထပ်တစ်ဆင့်တက်ရင် ငါပါတ်ဝန်းကျင်အတွက် ငါဘယ်လောက်အကျုးိပြုပြီးပြီလဲ။
    ထပ်မြင့်လိုက်ရင် ငါ့ အများအတွက ်ငါဘယ်လောက်အကျိုးပြုပြီးလဲပေါ့။
    ဒီထက်ပိုရင်တော့ တိုင်းပြည်အတွက် ကမ္ဘာကြီးအတွက်ပေါ့။
    ဒီမေးခွန်းလေးကို ကိုယ်ဘာသာကိုယ်ပြန်မေးကြည့်ပြီးရင်ဆက်ပြောကြတာပေါ့။
    ကျွန်တော်ကတော့ ဒီမေးခွန်းကို ဖြေဘူးပြီးသားပါ။

  • jujuma

    May 17, 2012 at 4:47 pm

    ဘယ်သူတွေကြိုက်ကြိုက်မကြိုက်ကြိုက် ရုပ်ရှင်ရုံးထဲရောက်ပီး နိုင်ငံတော်သီချင်းလာရင်တော့
    ထရပ်လိုက်တာပဲ စိတ်ထဲမှာလဲ တစ်မျိုးခံစားရသလိုပဲ ..
    ဘယ်သူမှ မတ်တပ်မရပ်ကြလဲ တစ်ယောက်တည်း သီချင်းပီးအောင် ရပ်နေလိုက်တယ်…
    ကိုယ့်စိတ်ကူးနဲ့ကိုယ်ပဲ .. 😛

  • nayminkabyar

    May 17, 2012 at 8:58 pm

    အရင်အလံ တုန်းကဘယ်သူရပ်ရပ် မရပ်ရပ် အမြဲထရပ် ခဲ့ပါတယ်။ အခု အလံကိုတော့ဘယ်လိုမှ ခံစားလို့ကို မရဘူး။ နိုင်ငံတော်သီချင်းတီးလုံးကိုပဲ လိုက်ညီးမိတယ်။ တစ်ခါကဆို ရုပ်ရှင်ရုံထဲမှာ ရှေ့နားကမိန်းကလေး တစ်စု ပြောနေကြတာ “မီးပွိုင့်ကြီး လာတော့မယ်၊မီးပွိုင့်ကြီး လာတော့မယ်” ဆိုလို့ကြည့်လိုက်တော့ နိုင်ငံတော်အလံ ဖြစ်နေတယ်။ ဝါ၊ စိမ်း ၊ နီ ဆိုတော့ ဟုတ်တော့ဟုတ်သား။ သတိထားမိသလောက်တော့ အရင်အလံတုန်းက ရုပ်ရှင်ရုံမှာ နိုင်ငံတော်သီချင်း လာရင်မထတဲ့လူ နည်းပါတယ်။ အခုကတော့ ထတဲ့လူ နည်းပါတယ်။ သူငယ်ချင်းတွေ အမြင်ကိုမေးကြည့်တော့လည်း အတော်များများ ကျွန်တော်နဲ့ တူကြပါတယ်။ကျွန်တော်ကတော့ အရင်အလံကိုပဲ ခံစားလို့ရတယ်ဗျာ။ သူကြီးရေ ဖြစ်နိုင်ရင် ရွာထဲမှာလည်း နိုင်ငံတော်အလံအပေါ် အမြင်လေးတွေ ကောက်ခံပေးပါလား။

Leave a Reply