အစားအစာ၊မေထုံမှုနှင့် ပေးကမ်းစွန့်ကြဲခြင်း

DaveJanuary 24, 20101min942

ရစ်ချတ်သည် ဖလော်ရီဒါပြည်နယ်မှ အသက်၃၆နှစ်အရွယ် ရည်မှန်းချက်ကြီးမားသည့် လူဖြူကုန်သည်တစ်ဦးဖြစ်သည်။သူသည် ကျန်းမာရေးကောင်းမွန်ပြီး ရုပ်ရည်ချောမောသည့်တိုင် အိမ်ထောင်မပြုဘဲ ရေကူးကန်ပါသော အိမ်တစ်လုံးတွင် နေထိုင်ကာ မိန်းမလှများနှင့်သာ ချစ်ပွဲသဘင် ဆင်နွှဲခဲ့သည်။ရစ်ချတ်၏အလုပ်သည် စိတ်ဖိစီးမှုရှိစေသော်လည်း ခရစ်စမတ်ပွဲတော်ကို တဟီတီတွင် ကုန်လွန်စေခဲ့သည်။ကြွေးမြီကင်းသူဖြစ်ပြီး သူ၏အချိန်ကို စာဖတ်ခြင်းကဲ့သို့သော စိတ်အဆာပြေစေမှုများဖြင့် ဖြုန်းတီးတတ်သူလည်းဖြစ်သည်။ယခုလောလောဆယ်တွင် သူသည် ကောင်းကင်၏ထက်ဝက် ဟုအမည်ရသော စာအုပ်တစ်အုပ်ကို အပြီးသတ်ရေးသားနေပြန်သည်။ မာရသွန်ပြေးသည်။ကဗျာလည်းရေးသည်။လွန်ခဲ့သော ရက်အနည်းငယ်အတွင်းက ဟေတီငလျင် အမှိုင်ကဗျာတစ်ပုဒ်ကို ရေးစပ်ခဲ့ သေးသည်။

လော်နာသည်ဘော်စတွန်မှ အသက် ၆၄နှစ်အရွယ် လူမည်းအမျိုးသမီးတစ်ဦးဖြစ် သည်။သူမသည် ကိုယ်အလေးချိန်လွန်ကျူးသူ ဖြစ်ပြီး မကြာသေးမီက နှာခေါင်းခွဲစိတ်ပြုပြင်မှုပြုလုပ်ခဲ့သည့်တိုင် ဆွဲဆောင်မှုလည်း မရှိလှပေ။လော်နာ့တွင် ကျောက်ကပ်ရောဂါတစ်မျိုးစွဲ ကပ်နေသော်လည်း လူမှုရေးလုပ်ငန်းများတွင် တက်တက်ကြွကြွပါဝင်လှုပ်ရှားနေဆဲပင်ဖြစ်သည်။မြေးများ ကိုလည်း ပုံမှန်ထိန်းပေး လျက်ရှိသည်။သူမသည် အငြိမ်းစားလက်ထောက် ကျောင်းဆရာမတစ်ဦးဖြစ်သည်။အသက်၆ရနှစ်အရွယ် ခင်ပွန်းဖြစ်သူနှင့် တပူးတွဲတွဲပင် ရှိနေတတ်သည်။ဘုရာကျောင်းတွင် ဂီတကော်မတီနှင့် နှစ်ပတ်လည်အကြို ကြက်ခြေနီ လှုပ်ရှားမှုလုပ်ငန်းများ စီစဉ်ညွှန်ကြားလျက်ရှိရာ အများသူငါ၏ လေးစားချစ်ခင်မှုကို ရရှိနေသူလည်းဖြစ်သည်။ဆယ်ဖို့တစ်ဖို့ပေးလှူခြင်းကို သက်ဝင်ယုံကြည်သူဖြစ်သည့်အလျောက် လွန်ခဲ့သောရက်အနည်းငယ်က သူမ၏ စည်းရုံးမှုကြောင့် ဟေတီငလျင်ဘေးပြန်လည်ထူ ထောင်ရေးအတွက် ဘုရားကျောင်းမှ အမေရိကန်ဒေါ်လာ ၁၀၀၀ဝ အထိရရှိအောင် အလှူငွေများကို ကောက်ခံပေးနိုင်ခဲ့သည်။

ထိုဥပ မာများမှလူ၂ဦးကိုကြည့်လျှင် ရစ်ချက်၏ဘဝသည်မိုမိုပျော်မွေ့ဖွယ်ကောင်းသည်ထင်မြင်ကြမည်ဖြစ်လေသည်။ ။သို့သော် ဗာဂျီးနီး ယားတက္ကသိုလ်မှ စိတ်ပညာပါ မောက္ခတစ်ဦးဖြစ်သူ ဂျိုနသန် ဟိုက်က “ပျော်ရွှင်မှုအနုမာန” ဟုအမည်ရသော သူ၏စာအုပ် ထဲတွင်ရေးဖူးသည်။ လူသားသည် မိမိကိုယ်မိမိအနစ်နာခံကာ လူမှုကိစ္စများတွင်ပါဝင်ကူညီခြင်း၊ ပေးကမ်းစွန်ကြခြင်းဖြင့် စိတ်ကျေနပ်ပျော်ရွင်မှု များစွာရနို်င်သည်ဆိုသည်။
အမျိုးသားကျမ်းမာရေးတက္ကသိုလ်မှ ဒေါက်တာဂျော့မိုလ်၏ ဦးနှောက်မှအချက်အလက်များတိုင်းတာဆန်းစစ်ကြည့်မှုအရလည်း အလှုအတန်းပြုခြင်းအားဖြင့်လူသား၏ဦးနှောက်စွမ်းဆောင်ရေ၊တုံပြန်မှုတို့သည် မေထုံကိစ္စပြုလုပ်ုခြင်း၊ အစားအသောက်ကောင်းမှီဝဲခြင်းနှင့် တူညီသည်ဟုဆိုသည်။

အစားအစာ၊မေထုံမှုနှင့် ပေးကမ်းစွန့်ကြဲခြင်းတို့သည် ကျွန်ုပ်တို့၏လူသားများအတွက် ကျေနပ်မှုစည်းစိမ်များဖြစ်ကြပေသည်။ထိုအချက်အလက်များအရ ကျွန်ုပ်တို့ အနေဖြင့် ရစ်ချတ်ကဲ့သို့ ဘဝတွင် မွေ့လျော်နေနိုင်ကောင်းသော် လည်း လော်နာကဲ့သို့ ပေးကမ်းစွန့်ကြဲခြင်းပါဝင်ကျင့်ကြံ နိုင်လျှင် ပို၍ပျော်ရွှင်ဖွယ်ကောင်းမည့်ဘဝ ပိုင်ဆိုင်နိုင်မည်သာပင်ဖြစ်သည်။

ယောက်ျားများသည် မိန်းမများထက်ပို၍ ပျော်ရွှင်ခြင်းမရှိပေ။ပူပြင်းသောအရပ်ဒေသမှလူတို့သည် ပို၍အေးသောဒေသမှ လူူတို့ထက်ပို၍ ပျော်ရွှင်ခြင်းမရှိပေ။ကျန်းမာရေးနှင့်ပတ်သက်သည့် အထောက်အထားများမှာ ရှုတ်ထွေးကြသည်။ သို့သော် ဆေးစစ်မှုခံယူနေရခြင်းကဲ့သို့သောနာတာရှည်ပြဿနာများသည် ရေရှည်တွင် ပျော်ရွှင်မှုအပေါ် အကျိုး သက်ရောက်မှုအလွန် နည်းပါးကြောင်း တွေ့ရသည်မှာ အံ့ဩစရာပင်ဖြစ်သည်။၎င်းတို့နှင့် ညှိနှိုင်းနေရသောကြောင့် ဖြစ်သည်။ အလှအပဆိုင်ရာ ခွဲစိတ်ကုသမှုသည် မိမိတို့ကို ပို၍လင်းလက်တောက်ပလာသလို ခံစားစေသော်လည်း

လှပသူများသည် ရုပ်ဆိုးသူများထက်သာလွန်၍  မပျော်ရွှင်ကြပါ။လူဖြူများက လူမည်းများထက်ပို၍ပျော်ရွှင်ကြသည်။ သို့သော် မဆိုစလောက်သာ ပိုခြင်းဖြစ်သည်။လူငယ်များက လူကြီးများနှင့်နှိုင်းစာလျှင် အနည်းဆုံးအသက်၆၅နှစ်အထိ အနည်းငယ်လျော့၍ ပျော်ရွှင်ကြသည်။လိုနာ့တွင် ရစ်ချတ်ထက် သာသောအချက်တချို့ရှိသည်။သူမတွင် စိတ်ဖိစီးမှု လျော့နည်းသည်။သူမ၏အဖော်အပေါင်းများက လေးစားကြသည်။ယင်းအချက်များက ကျွန်တော်တို့ကို ပို၍နေပျော် စေခြင်းဖြစ်သည်။ပျော်ရွှင်မှုသည် စေတနာ့ဝန်ထမ်းလုပ်ဆောင်ခြင်းနှင့် ဆက်စပ်နေသည်။သွေးလှူခြင်းနှင့် ဆက်စပ် နေသည်။ဘာသာတရားအပေါ် သက်ဝင်ယုံကြည်သူများသည် တခြားလူများထက် ပို၍ပျော်ရွှင်ကြသည်။ခိုင်မာသော လက်ထပ်ထိမ်းမြားမှုသည် ပျော်ရွှင်မှုနှင့် ဆက်နွယ်လျက်ရှိသည်။လူမှုရေးကွန်ရက်များတွင် ပါဝင်လှုပ်ရှားခြင်းသည် ပျော်ရွှင်ကျေနပ်မှုကိုပေးသည်။ လေ့လာမှုတစ်ရပ်တွင် ချမ်းသာကြွယ်ဝမှုနှင့် အလုပ်အကိုင်တိုးတက်မှုကို အာရုံစိုက်သူ များသည် အများကောင်းရာကောင်းကြောင်းလုပ်သူများ၊ဘာသာတရားလိုက်စားသူများ၊ဝိညာဉ်ရေးရာအလေးပေးသူများ၊ သူငယ်ချင်းများနှင့် မိသားစုအပေါ် အလေးထားသူများလောက် မပျော်ရွှင်ကြပါ။ လူသားတွေဟာ တစ်နည်းအားဖြင့် ပျားတွေလိုပါပဲ ဟု ပါမောက္ခဟိုက်ကဆိုသည်။ကျွန်တော်တို့ဟာ လူမှုအုပ်စုတွေထဲမှာနေထိုင်ကြဖို့ ဆင့်ကဲပြောင်းလဲ လာကြတာပါ။ ပျားအုံကနေ လွတ်ထွက်လာပြီဆိုတာနဲ့ ဘာမှမလုပ်ကြတော့သလို ကျွန်တော်တို့လည်း ဒီတိုင်းပါပဲ ဟုလည်း သူကပြောသေးသည်။ပျော်ရွှင်မှုဟူသည် အမှန်တကယ်ရှုပ်ထွေးသော သဘောတရားဖြစ်သည်။ တိုင်းတာ ဖို့လည်း ခက်လှသည်။ပျော်ရွှင်ကျေနပ်တဲ့ဝက်ထက် ကျေနပ်မှုမရတဲ့ လူသားဖြစ်ရတာပိုကောင်းပါတယ် ၊ ပျော်ရွှင် ကျေနပ်တဲ့သူရူးထက် ကျေနပ်မှုမရတဲ့ ဆိုကရေးတီး ဖြစ်ရတာပိုကောင်းပါတယ် ဟု ဂျွန်စတူးဝပ်မီးလ်က အကြံပြုခဲ့ဖူး သည်။ မည်သို့ပင်ဆိုစေကာမူ မြင့်မြတ်မှုသည် ပျော်ရွှင်မှုရှိရာသို့ လမ်းပြခေါ်ဆောင်သွားနိုင်ပါသည်။မိမိတို့၏ကျေနပ် ရောင့်ရဲမှုကို အရှည်သဖြင့် သိသာထင်ရှားစွာ တည်တံ့စေနို်င်သောအချက်မှာ မိမိတစ်တိုယ်တည်းရှင်သန်ခြင်းထက် အများနှင့်အတူ လုပ်ဆောင်ခြင်းပင်ဖြစ်သည်ဟု ပါမောက္ခဟိုက်က မှတ်ချက်ချသည်။ကျွန်တော်လည်း ထိုသဘောကို အချိန်နှင့်အမျှ သဘောပေါက်နေမိသည်။အလုပ်ရှုပ်နေသည်ဆိုသော်လည်း (ဪ) လုပ်သင့်သည်မှန်းသိလျက်နှင့်ပင် အများအတွက်လုပ်ဆောင်ပေးရန်  ချီတုံချတုံဖြစ်နေကြသူများကို မေးမြန်းပြောဆိုမိသည်။ဤ အနစ်နာခံမှုသည်  နောက်ပိုင်းတွင် သူတို့၏ကျေနပ်နှစ်သိမ့်မှု၊ဘဝင်ကျမှုအတွက် ကြီးမားလှသော အခြေခံအကြောင်းတရားဖြစ် နေကြောင်း တွေ့ရှိခဲ့ကြသည်။အာရုံကြောသိပ္ပံပညာရှင်များ၏ ဦးနှောက်ကွန်ပျုတာဓာတ်ပုံများအရ ပရဟိတလုပ်ဆောင်ခြင်းသည် ပို၍ အကျိုးရှိစေကြောင်း သိခွင့်ရခဲ့သည်။ အလှူဒါနအကြောင်းစဉ်းစားသောအခါ လူ့ဦးနှောက်အစိတ်အပိုင်းများသည် လင်းလက်လာပြီး သာမန်စားသောက်ခြင်း၊မေထုန်မှီဝဲခြင်းတို့နှင့် ဆက်နွယ်သော တုံ့ပြန်ပုံမျိုးနှင့်ကွဲပြားကြောင်း ကျန်းမာရေးဆိုင်ရာအမျိုးသားအဖွဲ့အစည်းများမှ ဒေါက်တာယော့မောလ်နှင့် အဖွဲ့က လေ့လာတွေ့ရှိခဲ့သည်။ ကျွန်တော် တို့သည် ပရဟိတမလုပ်မဖြစ်ကြပြီလော ဟု ရှုပ်ရှုပ် ထွေးထွေးစဉ်းစား ကောင်းစဉ်းစားကြလိမ့်မည်။လူသား တို့အတွက်  အစစ်အမှန် ကိုယ်ကျိုးစွန့်ရန် ခက်ခဲလွန်းသည်။ရက်ရောခြင်းက ကျွန်တော်တို့ကို မွန်မြတ်စေမည်ဖြစ်သောကြောင့်ပင်။ အတ္တအကြီးဆုံးကိစ္စဆိုတာ သူတစ်ပါးကို ကူညီတာပါပဲ ဟု မွေးရာပါ နုတ်ခမ်းကွဲ၊အာခေါင်ကွဲကလေးများကို နှစ်စဉ် ထောင်သောင်းချီ၍ အကူအညီပေးနေသော အပြုံးရထားအဖွဲ့ ပူးတွဲတည်ထောင်သူ ဘရိုင်ယန်မူလာနေးက ပြောဖူး သည်။သူသည် အောင်မြင်သော ကြော်ငြာအမှုဆောင်တစ်ဦးဖြစ်ကာ ပေါ်ရှေးကားစီးနိုင်သူ၊Four Seasons ဟိုတယ်တွင် အချိန်းအချက်လုပ်နိုင်သူလည်းဖြစ်သည်။သူတစ်ခုခုလစ်ဟာနေသလိုခံစားရသော တစ်နေ့တွင် အများကောင်းကျိုး အတွက် စေတနာ့ဝန်ထမ်း လုပ်ခဲ့သည်။သူ့စီးပွားရေးလောကကို ထားရစ်ခဲ့ပြီးနောက် ကလေးများကို ပြန်လည်ပြုံးနိုင် စေရန် ကူညီစောင့်ရှောက်ခဲ့သည်။သူကိုယ်တိုင်လည်း ပြုံးပျော်ခဲ့ရသည်။သို့ဖြစ်ရာ ဟေတီသာမက ကျွန်တော်တို့၏မြို့ များလည်း အပါအဝင် အလွန်အမင်းလိုအပ်နေသောကာလတွင် ပေါင်းစည်းကြရန် ကျွန်တော်တို့အတွက် အခွင့်အလန်း ကောင်းတစ်ခုရှိပါသည်။ကျွန်တော်တို့အနေဖြင့် ဘေးဒုက္ခကြုံတွေ့နေရသူများစွာ   တို့ကို အကူအညီပေးရန် ကြိုးစားလျှင် ကျွန်တော်တို့များစွာ အကျိုးရှိပါလိမ့်မည်။သူတစ်ပါးတို့ကို ကူညီခြင်းသည် မိမိကိုယ်မိမိကူညီ စောင့်ရှောက် ခြင်းနှင့် ရောနှောပေါင်းစပ်လျက်ရှိကြောင်းမမေ့အပ်ပါ။ သူတစ်ပါးတို့ကို ကူညီခြင်းသည် အစားအစာ၊မေထုံမှုတို့မှ ရရှိသော ပျော်ရွှင်ကျေနပ်မှုကဲ့သို့ လူသား၏အခြေခံ ပျော်ရွှင်ကျေနပ်မှုသာ ဖြစ်ပေသည်။

Source: http://www.nytimes.com/2010/01/17/opinion/17kristof.html

2 comments

  • kai

    January 24, 2010 at 12:23 pm

    ဗမာလိုပြောရင်တော့ အလှူပြုလုပ်ရင်ရတဲ့ ပီတိခေါ်မလားပါပဲ။ အဲဒီ ပီတိက လိင်မှုပြုခြင်း၊ အစားအသောက်ကောင်းစားရခြင်းတို့ထက်ပိုသာတယ်ဆိုကြပါတယ်။ ဒါပေမဲ့ အဲဒီဆောင်းပါးမူရင်းက စာလေးတပိုဒ်ကြိုက်လို ့တင်ထားလိုက်တယ်…။ “The most selfish thing you can do is to help other people,” says Brian Mullaney, co-founder of Smile Train, ဆိုပဲ..။
    ထေရဝါဒဗုဒ္ဓဘာသာ ဗမာတွေကျတော့ ..ဘာလို့အလှူအတန်းပြုသလဲ..။ အခုလောလောဆယ် ကျေနပ်တာ၊ ပီတိဖြစ်တာလိုချင်တာထက် နောက်နောင်ဘဝဘဝတွေကောင်းဖို ့များကြတယ်။ အဲဒီအတွေးပါတဲ့ အလှူမျိုးတွေကြောင့် တကယ်လိုအပ်နေတဲ့ နာဂစ်လို၊ ဟေတီငလျှင်လိုနေရာတွေက လူတွေကိုလှူတန်းကူညီအားဖြည့်တာထက် ….သီလပြည့်စုံတယ် ထင်တဲ့ လူပုဂ္ဂိုလ် ဆရာတော်ကြီးတွေ၊ ဘုရားကျောင်းကန်တွေမှာ ပေးကမ်းစွန့်ကြဲ အားဖြည့်ကူညီကြချင်စိတ်ရှိကြတာပိုများတယ်။

    ဟိုးရှေးတုံးက ဘုရင်ကြီးတပါးက ပညာရှိအမတ်ကြီးကို လောကမှာ စိတ်ကျေနပ်မှုအရှိဆုံးဖြစ်စေတာဘာလဲ မေးဖူးတယ်။
    အမတ်ကြီးက ဘုရင်ကို ဝမ်းချုပ်စေတဲ့ အစားအစာတွေစားစေပြီး ၃-၄ရက်လောက်ဝမ်းမသွားနိုင်ရာက နောက်ဆုံး ….ဝမ်းသွားချင်လာလို့… အိမ်သာပြေး၊ အားရပါးရ ထိုင်ချပြီး ”အင်း.င်း..င်း…” ဆိုပြီး ၃-၄ရက်စာလောက် ထုတ်လိုက်ရသတဲ့…။
    အဲဒီနောက်မှ အမတ်ကြီးက ဘုရင်ကို ..အဲဒီ..”အင်း.င်း..င်း…” အချိန်ဟာ လူသားဘဝမှာ စိတ်ကျေနပ်မှုအရှိဆုံး အချိန်တဒင်္ဂပါပဲဆိုသတဲ့..။
    စာဖတ်သူတွေရော….စမ်းလုပ်ကြည့်ပါလား.ဟုတ်မဟုတ် သိချင်လို ့..။ ဟုတ်ရင် အဲဒီ နယူးယောက်တိုင်းမ်က ဆောင်းပါးရေးတဲ့သူဆီ စာပို ့ပြီး နောက်တခု ထပ်တွေ့ပဟေ့ပြောရအောင်..။
    ( အမတ်ကြီး ဦးပေါ်ဦး (ထင်တာပဲ)..သူပြောခဲ့တာကို မှီငြမ်းပါတယ်)

  • susunosuki

    April 18, 2010 at 6:03 pm

    ဟုတ်တယ်
    အစားအစာ၊မေထုံမှု ဆိုတာဘဝထဲက အစပ်အပိုင်းဖြစ်တယ်
    ့် ပေးကမ်းစွန့်ကြဲခြင်း ကသာ ဘဝကို ပိုပြီး ပြည့်စုံလာစေတယ်
    မွန်မြတ်လာစေတယ်

Leave a Reply