Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

“ယနေ့ခေတ် ဘာသာရေးမှ ဗိုင်းရပ် (virus) အယူများ (ပထမပိုင်း)”

ashinariyaMay 12, 20121min56814

“သေပြီး ဖြစ်တယ်လို့ အရှင်ဘုရား ယူသေးသလားဘုရား” ဟု ဒကာတစ်ယောက်ကမေးခဲ့၏။

“ဦးဇင်း အဲဒီကိစ္စကို စိတ်မဝင်စားဘူး” ဟု ပြန်ဖြေလိုက်၏။

“ဒါဆိုရင် သေပြီးရင် မဖြစ်တော့ဘူးလို့ အရှင်ဘုရား ယူထားတာပေါ့ ”

“အဲဒါလည်း ဦးဇင်း စိတ်မဝင်စားဘူး၊ အချိန်ကုန်ခံ မစဉ်းစားဘူး ” ဟု ထပ်ဖြေရပြန်လေ၏။

“ အဲဒီ နှစ်ခုမှာ တစ်ခု မယူရင်တော့ အရှင်ဘုရား တစ်ခုတော့ ယူရမှာပေါ့။ တစ်ခုခုတော့ စိတ်ဝင်စားရမှာပေါ့” လို့ ဒကာက ထပ်ပြောလေ၏။

“ အတင်းဇွတ်ကြီးပါလား ဒကာ၊ ဦးဇင်းရဲ့ အတွေး အသိတွေထဲမှာ သေပြီးနောက်ဆိုတဲ့ အတွေးအခေါ် အချက်အလက် (software) တွေကို ထုတ်ထား (delete) ပြီးပြီမို့ ဒါနဲ့ ပတ်သက်ရင် ဘာမှ မစဉ်းစားတော့တာပါ”ဟု ပြန်ပြောရပြန်လေ၏။

“ဘာဖြစ်လို့ အဲဒီ ဆော့ဝဲ(software) တွေကို ဒလိ် (delete) လုပ်ရတာလဲ ဘုရား ”

လူကို အကျိုးမပြုလို့၊ လူ့အရည်အသွေးတွေကို ပျက်စေတဲ့ အယူ (virus software) တွေ ဖြစ်နေလို့ပဲ ဒကာ”

“ ဒီအယူတွေဟာ ဘယ်လိုမျိုး ဗိုင်းရပ် ဆော့ဝဲ (virus software)လို ဖြစ်ရတာလဲ ဘုရား”

“သေပြီးနောက် ဖြစ်/မဖြစ် အတွေးအခေါ်တစ်ခုနဲ့ လုပ်ကိုင်၊ ပြောဆိုနေကြမယ်ဆိုရင် အဲဒီသူရဲ့ လုပ်ရပ်တွေဟာ တန်ဘိုးအစစ်အမှန်တွေ ပျောက်ဆုံးပြီး စိတ်ကူးယဉ် (စိတ္တဇ) လုပ်ရပ်တွေပဲ ဖြစ်နေမှာပဲ။ သေပြီးနောက် ဖြစ်/ မဖြစ်တွေကို စိတ်ကူးယဉ်ပြီး လုပ်ဆောင်နေတာမို့ ပစ္စုပ္ပန်မှာ တကယ့်လုပ်ရမယ့် တန်ဘိုးရှိတဲ့ လုပ်ကွက် (အမှု)တွေကို အဲဒီသူဟာ မမြင်တော့ပါဘူး။ ဘာဖြစ်လို့လည်းဆိုတော့ သူ့ရဲ့အတွေး အခေါ်ဟာ သေပြီးနောက်ကို ရောက်နေလို့ပါပဲ။

ဒါ့ကြောင့်မို့ ကွန်ပျူတာမှာ ဗိုင်းရပ်ဆော့ဝဲတွေဟာ ဖိုင်အစစ်တွေကို ဖျောက်ဖျက်ပြီး ဖိုင်အတုတွေကို အစစ်ယောင်ဆောင်ပြီးတော ့ဖော်ပေးထားတယ်။ အဲဒါကို ဖိုင်အစစ်ထင်ပြီး ဖွင့်လို်က်မိရင်တော့ အဲဒီဖိုင်အတုတွေဟာ ပွားပွားလာပြီးတော့ ကွန်ပျူတာလုပ်ဆောင်မှုတွေကို ဒုက္ခတွေပေးတော့သလို သေပြီးနောက် အတွေးအခေါ်တစ်ခုခုနဲ့ အလုပ်တွေလုပ်မိပြီဆိုရင်တော့ ထိုသူဟာ လောကအတွက် အမှန်တကယ် အကျိုးများမယ့် အလုပ် (အမှု) မျိုးတွေကို မမြင်နိုင်တော့ပါဘူး။ သေပြီးနောက် အတွေးအခေါ်က ပေးတဲ့ စိတ်ကူးယဉ်အလုပ်ကို တကယ့်အလုပ်ထင်ပြီး လုပ်နေမိကြတော့တာမို့ အဲဒီ လုပ်တဲ့သူရဲ့ အလုပ်တန်ဘိုးတွေဟာ လုပ်သလောက် အကျိုးမများဘူးဖြစ်နေမှာပဲ ဒကာ” ဟု ဗိုင်းရပ်ဆော့ဝဲနှင့် ဥပမာပြ ရှင်းပြလိုက်ရလေသည်။

“အော် ဒါ့ကြောင့်မို့ တပည့်တော်တို့ ဗုဒ္ဓဘုရားက အဗျာကထနသုတ္တံ တွေမှာသူ့ကို သေပြီးနောက် ဖြစ်တယ် ယူသလားဆိုလဲ၊ ငါဘုရားမယူဘူး၊ မဖြစ်ဘူးယူသလားဆိုတော့လည်း ငါဘုရားမယူဘူးလို့ ဆိုပြီးငြင်းခဲ့တာပေါ့နော် ဘုရား။ ”

(အကျယ်ကို “ ဘုရားမဟောတာကို မယူစေလို ” ပိုစ့်တွင် ရေးသားပြီးပါပြီ။)

 

“ဟုတ်တယ် ဒကာ။ ဒီအတွေးအခေါ်ဟာ လူတွေအတွက် ဗိုင်းရပ် ဆော့ဝဲလို မလိုလားအပ်လို့ပါပဲလို့ နားလည်ပေးပါ။”

“သေပြီးနောက်ကို မတွေးတော့ဘူးဆိုရင် လူတွေ မဟုတ်တာတွေ လုပ်ကုန်ကြတော့မှာပေါ့နော် အဲဒီလိုဆိုရင် ဘယ်လိုလုပ်မလဲ ဘုရား။”

“သေပြီးနောက်ကို တွေးတော့လည်း လူ (ပုထုဇဉ်)တွေ ဟုတ်တာလုပ်လို့လား ဒကာ။ လူတွေ မဟုတ်တာတွေ မလုပ်ဖို့ ဟုတ်မှန်တာတွေ လုပ်ဖို့ကို စိတ်ကူးယဉ် သေပြီးနောက် အတွေးအခေါ်တွေနဲ့ မခြောက်သင့်၊  မမြောက်သင့်ပါဘူး။ လူ့အလုပ်တွေရဲ့ အမှန်တကယ် အကျိုးဖြစ်မဖြစ် တန်ဘိုးအမှန်ကို သိတဲ့ အသိတရားနဲ့ပဲ လမ်းညွှန်သင့်ပါတယ်။”

“ဒါတော့ ဒါပေါ့ ဘုရား၊ ဘာမှ မယူတော့ဘူးဆိုရင် မဟုတ်တာတွေလုပ်ကုန်ကြမှာစိုးလို့ပါ။ ဒါ့ကြောင့် ဘာမှ မယူတာထက်စာရင်တော့ သေပြီးနောက် အတွေးလေးက လူတွေအတွက် အသုံးဝင်မလားလို့ပါ။”

“ဗိုင်းရပ်ဆော့ဝဲတွေဟာ ကွန်ပျူတာအတွက် မလိုလားအပ်တဲ့ ဆော့ဝဲတွေပါ။ အဲဒီဆော့ဝဲတွေကို ထုတ်ပစ်ပြီး ဘာဆော့ဝဲမှ မထည့်ပဲ ဒီအတိုင်းထားရင်တော့ ဒီကွန်ပျူတာဟာ အလကားအသုံးမဝင်တဲ့ ကွန်ပျူတာ အပိုသက်သက်ပဲဖြစ်နေမှာပေါ့။ တန်ဘိုးရှိတဲ့ ကွန်ပျူတာဖြစ်ရအောင်လို့ အသုံးဝင်မယ့် အလုပ်များများ လုပ်ဆောင်နိုင်မယ့် ဆော့ဝဲတွေတော့ ထည့်ထားဖို့လိုတာပေါ့။

အဲဒီလိုပဲ ဗုဒ္ဓက ဒီသေပြီးနောက် အယူတွေကို မယူခိုင်းလို့ ဒီအတိုင်းနေချင်သလို နေကြလို့ ဟောခဲ့တာမဟုတ်ပါဘူး။  အရိယသစ္စာ သမ္မာမဂ္ဂင် ၈-ပါးနဲ့ အညီ ပစ္စုပ္ပန်မှာ အပြောမှန်၊ အပြုမှန်၊ အနေမှန်၊ ကြိုးစားမှန်၊ နိုးကြားမှန်၊ စိတ်ထားမှန်၊ အတွေးမှန်၊ အသိ်မှန်စတဲ့ အရည်အချင်းတွေနဲ့ နေတတ်ဖို့လမ်းညွှန်ခဲ့တာပေါ့။

ဒါ့ကြောင့် ကွန်ပျူတာမှာ အမှန်တကယ်အသုံးဝင်တဲ့ ဆော့ဝဲတွေနဲ့တူတဲ့ ပစ္စုပ္ပန် အပြု၊ အပြော၊ အနေတွေရဲ့ တန်ဘိုးအမှန်ကိုသိတဲ့ အသိနဲ့ ကိုယ့်လုပ်ရပ်တွေပေါ်မှာ သတိထားပြီး သုံးသပ်ဆင်ခြင်နေထိုင်သွားဖို့သာလျှင် လိုရင်းပါပဲ ဒကာ။”

“ဒါဆိုရင် ဒီင်္နေ့ခေတ်မှာ သေပြီးနောက် ဘဝကူးကောင်းအောင်ဆိုတဲ့ အဓိပ္ပါယ်တွေနဲ့ တရားတွေ ရေးနေကြ၊ ဟောနေကြတာတွေဟာ ဗိုင်းရပ်ဆော့ဝဲတွေ ရေးနေကြသလိုဖြစ်နေကြတာပေါ့နော် ဘုရား။ ”

“ဦးဇင်းတို့ သာသာနာမှာ အဲဒီဗိုင်းရပ် (သေပြီးနောက် အတွေးအခေါ်) ဟာ တတိယသင်္ဂါယနာ အသောကခေတ်လောက်ကတည်းက ဂျိန်းဘာသာကနေ အယောင်ဆောင်ဝင်လာတဲ့ ဗိုင်းရပ်ပဲ၊ သီဟိုဠ်ခေတ်မှာ အဲဒီဗိုင်းရပ်ကို သီဟိုဠ်ဘုန်းကြီးတွေက စိတ်ကူးယဉ် ထပ်ရေးကြတော့ တော်တော်ပြန့်သွားတာမို့ အခုဆို ဗိုင်းရပ်မှန်းတောင် မသိကြတော့သလို ဖြစ်နေတယ် ဒကာ။

ဒါကို ဦးဇင်း “ သေပြီးနောက် ဖြစ်/ မဖြစ် ” ပိုစ့်မှာ ပုံစံတစ်မျိုးနဲ့ တင်ပြထားသေးတယ်။

ဒါ့ကြောင့် ဦးဇင်းတို့ ဗမာတွေလောက် လှူတာ ဗမာတွေပဲ၊ အဲဒီဗမာတွေလောက် မွဲနေတာလည်း ဒီဗမာတွေပဲလို့ ပြောရသလို၊ ဗမာတွေလောက် သီလထိန်းချင်တာလည်း ဗမာတွေပဲ  ကမ္ဘာမှာ ဦးဇင်းတို့ ဗမာတွေလောက် သီလပျက်နေတာလည်း ဒီဗမာတွေပဲဖြစ်နေရတာဟာ ဒီဗိုင်းရပ်ဆော့ဝဲတွေ အထည့်ခံလိုက်ရလို့ပါပဲ ဒကာ။

(မှတ်ချက်= ကမ္ဘာ့ရာဇဝတ်မှု အများဆုံး ၅-နိုင်ငံတွင် မြန်မာနိုင်ငံလည်းပါသည်ဟု သိရပါသည်။)

ဒါ့ကြောင့် ဒီနေ့ခေတ်မှာ ဗုဒ္ဓဘုရားဟောကြားခဲ့တဲ့ တရားဂုဏ်ရည် ၆-ချက်နဲ့ ကိုက်ညီတဲ့ အရိယသစ္စာအသိဆိုတဲ့ အင်တီဗိုင်းရပ်ဆော့ဝဲ (antivirus software)နဲ့ ဒီသေပြီးနောက် အတွေးအခေါ်အယူအဆ ဗိုင်းရပ်ကို ကာကွယ်တတ်ဖို့တော့လိုတယ် ဒကာ။ ဒါမှ အဲဒီလူရဲ့ လုပ်ဆောင်မှုတွေဟာ မှန်ကန်တဲ့၊ အကျိုးများတဲ့၊ လောကအတွက် အသုံးဝင်မယ့် လုပ်ဆောင်မှုတွေ ဖြစ်လာမှာ။ ဒါ့ကြောင့် ပစ္စုပ္ပန်မှာ ကံ (သင်္ခါရ)လွန်ကျူးမှုတွေကြောင့် ဖြစ်နေရတဲ့ အဖြစ် (ဘဝ) ဒုက္ခတွေရဲ့ အမှန်မငြိမ်းချမ်းနေရမှု၊ အမှန်ဆင်းရဲနေရမှု (ဒုက္ခသစ္စာ) စတဲ့ တန်ဘိုးတွေကို သိတဲ့ အသိဉာဏ် (software) များဖြင့်နေထိုင်ပြီး လွန်ကျူးမှုမဟုတ်တဲ့ အပြုမှန်၊ အပြောမှန်၊ အနေမှန်တို့ဖြင့် နေထိုင်သွားကြမယ်ဆိုရင် အမှန်တကယ် အကျိုးများပြီး ငြိမ်းအေးတဲ့ အခြေအနေကို ရောက်ရမှာ မလွဲပါလို့ ပြောရင်း ကဲ ဦးဇင်းတို့ရဲ့တရား (software)အကြောင်း ဆွေးနွေးတာကို ရပ်ကြတာပေါ့ ဒကာ၊”

“သာဓု . . . . သာဓု . . . . သာဓုပါ ဘုရား။”

  Ariyathitsa Antivirus Software များကို “အရိယသစ္စာ ဗုဒ္ဓဓမ္မဆိုက်” တွင် ရနိုင်ပါသည်။

 

(ပရမတ္တသစ္စာ ဗိုင်းရပ်အကြောင်းကို ထပ်မံဆွေးနွေးဖော်ပြပါဦးမည်။)

14 comments

  • စောင့်မျှော်ဖတ်ရှုပေါ့မယ်ဗျား။
    —————
    ဒါ့ကြောင့် ဦးဇင်းတို့ ဗမာတွေလောက် လှူတာ ဗမာတွေပဲ၊ အဲဒီဗမာတွေလောက်
    မွဲနေတာလည်း ဒီဗမာတွေပဲလို့ ပြောရသလို၊ ဗမာတွေလောက် သီလထိန်းချင်
    တာလည်း ဗမာတွေပဲ  ကမ္ဘာမှာ ဦးဇင်းတို့ ဗမာတွေလောက် သီလပျက်နေတာလည်း
    ဒီဗမာတွေပဲဖြစ်နေရတာဟာ ဒီဗိုင်းရပ်ဆော့ဝဲတွေ အထည့်ခံလိုက်ရလို့ပါပဲ ဒကာ။
    (မှတ်ချက်= ကမ္ဘာ့ရာဇဝတ်မှု အများဆုံး ၅-နိုင်ငံတွင် မြန်မာနိုင်ငံလည်းပါသည်ဟု သိရပါသည်။)

  • Kotrue

    May 12, 2012 at 7:05 pm

    အကုသိုလ်တွေကို ရှောင်တာလည်း သေရင်အပါယ်ကျမှာဆိုးလို့တဲ့၊ ကုသိုလ်တွေလုပ်ပြန်တော့လည်း ဒါမှ နောက်ဘဝကိုယ့်ဖို့ပါမှာတဲ့။ ဒါတွေဟာ အလုပ်ဖြစ်တဲ့ ဆော့ဝဲတွေလား ? ဗိုင်းရပ်လို အသုံးမကျ၊ အချီးအနှီး ဆော့ဝဲတွေလာ ? စဉ်းတော့ စဉ်းစားစရာပဲဗျ။
    ဒါ့ကြောင့်ထင်တယ် ဒီဆော့ဝဲအသွင်းခံထားရတဲ့သူတွေ ကြည့်လိုက်ရင် လုပ်သမျှ အလုပ်တွေဟာ အကျိုးမများတာတွေပဲ တွေ့နေရတယ်။

    ဥပမာ
    ကျောင်းနေဘုန်းကြီး ၂-ပါး၊ ၃-ပါးလောက်နဲ့ ဆောက်ထားတဲ့ ကျောင်းကြီးတွေက ဟီးထနေလို့။
    ကျောင်းလှူရင် သေရင် နတ်ဖြစ်မယ်ဆိုတဲ့ ဆော့ဝဲအထည့်ခံထားရတာလေ။
    နေမယ့်ဘုန်းကြီးကလည်းမရှိ။ တချို့ကျောင်းတွေဆို ကျောင်းဒကာဖြစ်ချင်လွန်းလို့ဆောက်သာထားတယ် နေမယ့်ဘုန်းကြီးက မရှိ။ တကယ်က ဘုန်းကြီးတွေ နေဖို့ထက် ကျောင်းလှူရင် မြတ်တယ်၊ ဒါမှ သေရင် နောင်ဘဝ ကိုယ့်ဖို့ပါမှာဆိုတနာ ဒါဗိုင်းရပ်ဆော့ဝဲအသွင်းခံထာရတာတွေလေ။

    အမှန်တကယ်လိုအပ်နေတဲ့ စာသင်ကျောင်းတွေ၊ ဆေးရုုံဆေခန်းတွေမှာ ကျတော့ ကုသိုလ်ပြုဖို့ ဆော့ဝဲအသွင်းမခံရဘူး။

    ဘာဖြစ်လို့လဲဆိုတော့ ဆော့ဝဲသွင်းခွင့် (တရားဟောခွင့်)ရနေတဲ့ ဘုန်းကြီးတွေက သူတို့ကို လှူမှပဲ သေရင် နောင်ဘဝပါမှာဆိုပြီး ခေတ်အဆက်ဆက် တက်ညီလက်ညီ ဆော့ဝဲတွေထည့်ထားခဲ့လို့ပဲ။

    အကုသိုလ်တွေရှောင်ခိုင်းတော့လည်း သေရင် ငရဲနဲ့ခြောက်လိုက်၊ ပြိတ္တာနဲ့ခြောက်လိုက်နဲ့ ငါတို့ကိုလှူပြီး အမျှဝေရင် ကျွတ်ပါတယ်၊ လွတ်ပါတယ်ဆိုပြီး ဆော့ဝဲတွေပဲအထည့်ခံခဲ့ရတယ်။ ဒီအကုသို်လ်အမှုတွေရဲ့ ပစ္စုပ္ပန် အကာလိကအကျိုးပေးက မပေါ်လွင်ဘူး ဖြစ်နေတယ်။ ဒါသေပြီးနောက်ဆိုတဲ့ ဆော့ဝဲ ဘူးသွင်းသလို အသွင်းခံထားရလို့လို့ ပြောရမှာပဲ။ ထပ်ပြီး ဘာအကုသိုလ်တွေ လုပ်ခဲ့လုပ်ခဲ့ အသက်ကြီးလာလို့ ရုပ်၊ နာမ်တွေသာရှု ဒါဆိုရင် သေရင် အပါယ်မကျတော့ဘူးဆိုတဲ့ ဆော့ဝဲပါ ထပ်အသွင်းခံရတော့ ဒီလူတွေ ဘယ်လာပြီး အကုသိုလ်ကိုကြောက်တော့မလဲ။ ဘုန်းကြီးတွေ ဒေသနာကြားတာ အားကိုးနဲ့ လုပ်ချင်တာတွေလုပ် ပြီးရင်ဒေသနာကြားရင် ရတယ်ဆိုသလို။ အကုသိုလ်တွေလုပ်ခဲ့လည်း သေရင် အပါယ်မကျအောင် ရုပ်၊ နာမ်တွေသာရှုဆိုတော့ ဒီနိုင်ငံလောက် ဒုစရိုက်ပြောနေတာ ဒီနိုင်ငံပဲ ဖြစ်တော့တာ မဆန်းပါဘူုးလို့၊ ဒါ ashinariya ရေးသလို ဗိုင်းရပ်တွေကိုက်နေလို့ပါပဲလို့ သတိပေးလိုက်ပါတယ်ဗျာ။

    • mggwa

      May 14, 2012 at 9:29 am

      ထပ်ပြီးပြောရဦးမယ် kotrue ရ။ အဲဒီဗိုင်းရပ် အများဆုံးပြန့်နေတဲ့ နေရာတစ်ခုတော့ သတိထားမိတယ်။ မန္တလေး မဟာမုနိဘုရားကြီးနဲ့ ရန်ကုန်က ရွှေတိဂုံစေတီမှာလေ။ ဘုရားရုပ်ပွားတော်နဲ့ စေတီမှာ ရွှေတွေက လိုတာထက်တောင်ပိုနေပါပြီ။ အရောင်အဆင်းမရှိလို့ ဘာသာရေးအထွဋ်အမြတ်နေရာအနေနဲ့ တတ်နိုင်လို့ ရွှေချတာတော ့ချရမှာပေါ့ဗျာ။ တော်ပြီးပေါ့ ရွှေရောင်းလေးဝင်းနေရင် ။ နောက်ပြန်ပြီးအရောင်မှိန်သွားမှ ထပ်ချကြတာပေါ့။ အခုတော့ အဲဒီလိုဟုတ်ပါဘူး။ စိတ်ထင်တိုင်း ရွှေကြီးပဲသွားသွားချနေကြတော့ မန္တလေး မဟာမုနိဘုရားကြီးဆိုရင် ရုပ်လုံးတောင်သိပ်မပေါ်ချင်တော့ဘုူး။ ဘုရားတာရှိရင် သူ့ရုပ်တုကို ပုံပျက်အောင်လုပ်ရမလားဆိုပြီး ငေါက်လောက်တယ်နော်။ ရန်ကုန်က ရွှေတိဂုံစေတီမှာ မလိုအပ်ပဲ ခဏခဏစိတ်ထင်တိုင်းချနေတဲ့ ရွှေတွေ မိုးရွာလို့ ရေထဲပါသွားလို့ ကန်ထရိုက်ယူတဲ့သူတွေပဲ အလုပ်ဖြစ်တာကလွဲရင် ဘုရားက နာမည်ပဲခံရတာလေ။။ ဘုရားသာရှိရင် ခေတ်သစ် ဝက္ကလိတွေလို့ဆိုပြီး ငေါက်မှာ အမှန်ပဲ။
      ဖတ်ဖူူးတယ် အရင်က ကချင်ပြည်နယ်က နမ္မားဆရာတော်ကြီးက သဒ္ဒါရူး၊ သဒ္ဒါနှမ်းတွေလို့ သူ့စာအုပ်တွေထဲမှာ ရေးခဲ့တာကို။ ဟူး . . . ဒါတွေက ပြောရရင်တော့ ဒီခေတ်မှာ အများကြီးပဲ။ VIRUS VIRUS VIRUS တွေ ပြန့်နေကြပါလား။ ဗုဒ္ဓမြတ်စွာဘုရား . . . ဒီ သေပြီးနောက် ဖြစ်တယ်၊ မဖြစ်ဘူးဆိုတဲ့ ဗိုုင်းရပ်တွေကင်းစင်အောင် ရှင်းပေးတော်မူပါဘုရားလို့ပဲ . . . . . . ။

  • ဦးဦးပါလေရာ

    May 12, 2012 at 8:38 pm

    မိုးပြာတရားကို နားထောင်ကြည့်သွားပါတယ်။
    လုံးဝသဘောမတူပေမယ့် ဆက်စောင့်ဖတ်ကြည့်ပါ့မယ်။

    • shwe kyi

      May 12, 2012 at 11:57 pm

      ဦးဦးပါလေရာနဲ့တသဘောတည်းပါပဲ။ ဆက်ဖတ်ကြည့်ပါဦးမည်။

    • mggwa

      May 13, 2012 at 10:37 pm

      ဗိုင်းရပ်တွေကိုက်နေလို့ စက်လေးနေဦးမယ်နော်။ အင်းလေ . . တချို့က ခပ်လေးလေးပဲ ကြိုက်နေကြတာဆိုတော့ . . . လူတကိုယ် အကြိုက်တစ်မျိုးဆိုသလိုပေါ့နော့။

  • siamonone

    May 13, 2012 at 10:40 am

    ဟီး . မိုက်တယ်ဗျ .
    ခန္ဓာကိုယ်ကို – computer
    စိတ်ဝိဉာဏ် ကို – Program (window)
    နဲ့တင်စား တာ တယ် ထိတယ်ဗျာ ..
    သေပြီးနောက် ဖြစ်မဖြစ် သိချင်ရင် ကွန်ပျူတာတစ်လုံး ပျက်စီးသွားရင် ကျွန်တော်တို့ဘာဆက်လုပ်လဲဆိုတာ ကြည့်ပေါ့နော (ထင်ရာမြင်ရာရေးမိခြင်းပါ . )

  • ဗုဒ္ဓဘာသာရဲ့အရိပ်အောက်မှာ..ရပ်တည်နေတဲ့….နိုင်ငံတိုင်းမှာကြည့်လိုက်ရင်…
    အယူအဆနဲ့..နာမည်တွေသာကွဲချင်ကွဲနေလိမ့်မယ်..။ သေပြီးရင်..ဖြစ်တယ်လို့..ယူထားကြတာက
    များနေပါတယ်။ မဖြစ်ဘူးလို့…ယူတဲ့သူတွေလည်း…(ဆိုးသွမ်းယုတ်မာရိုင်းစိုင်းနေတဲ့..တစ်ချို့သော)
    ရှိနေပေမယ့်..သူတို့ရဲ့သေခါနီးအချိန်ရောက်ရင်…နောက်ဘဝဆိုတာလေးတော့..ရှိချင်နေကြတာ
    ပါပဲ…။ ကဲ..ဘယ်လောက်ထိကြောက်စရာကောင်းတဲ့..software လဲ..ပေါ့..။ ဒါတင်မကတဲ့..
    ဘာသာတရားတိုင်းက…ညွန်းဆိုချက်..ပြောကြားချက်တွေကိုကြည့်ရင်လည်း..မထူးဘူးလို့ပြောရမလို
    ပါပဲ..။ ဒါကိုသာလုပ်စမ်းပါ..။ သေပြီးရင်…ဘယ်နေရာကိုရောက်မှာ..။ ဘယ်သူက..လာခေါ်မှာ…။
    အင်မတန်အေးချမ်းတဲ့နေရာပေါ့…စသည်ဖြင့်…ပြောနေကြတာမို့…ဒီ…software တွေဟာ..ကမ္ဘာမှာ
    မှိုလိုပေါက်ပြီး…နှိပ်စက်ချင်သလို..နှိပ်စက်ခံနေရတယ်ဆိုတာ သိသာလှပါတယ်………။
    အဆိုးဆုံးကိုပြောရရင်…မြန်မာပြည်မှာရှိတဲ့..သံဃာ့ဝိနည်းရဲ့..အရေးပါတဲ့အပိုင်းမှာ…
    ကိုယ်မမြင်ဘူး..။ မသိဘူး…ပါပဲနဲ့…ကိုယ်မြင်ခဲ့ဘူးသယောင်…ကိုယ်တကယ်ပဲ..သိခဲ့ဘူးသယောင်
    ပြောမယ်ဆိုရင်…အာပတ်(အပြစ်ရှိ)သင့်တယ်လို့…ကြားဖူးပေမယ့်…အဲဒီကန့်သတ်ချက်ကို
    မျက်ကွယ်ပြုပြီး…လှူစရာရှိတာကို..လှူသာလှူလိုက်ကြစမ်းပါ..။ အလှူခံပုဂ္ဂိုလ်က..ဘာဖြစ်နေဖြစ်နေ
    ..လှူတဲ့သူကတော့..နောက်ဘဝမှာ…ကောင်းတဲ့အကျိုးကြောင့်..လူဖြစ်မယ်၊ နတ်ဖြစ်မယ်ဆိုပြီး…
    တစ်ထစ်ချ..ပြောချက်..ဟောချက်တွေဟာ….ဝိနည်း(ဥပဒေ)ကို…ချိုးဖောက်ရာတောင်…
    ရောက်နေတယ်လို့…ထင်ပါတယ်။ ယူဆမိပါတယ်..။ ဒါမျိုးကိုပြောနေတာကလည်း…ကိုယ်မသိနိုင်..
    မမြင်နိုင်သေးတဲ့…သေပြီးနောက်ကိစ္စတွေကို…သိသယောင်နဲ့…ပြောဆိုနေကြတာဟာ..
    သန့်ရှင်းတဲ့..ကွန်ပျူတာတစ်လုံးကို…မသိသားဆိုးရွားစွာ..Virus software များသွင်းနေတာပါပဲ..
    ဆိုတာ…

    • pho chet

      May 13, 2012 at 5:26 pm

      မိုးပြာ virus ကလည်း ဆိုးမယ်နော် 😛

  • jackalin jongin

    May 13, 2012 at 4:07 pm

    virus တွေဝင်တော့ anti virus တွေကို ရောင်းစားလို့ရတာပေါ့နော။ ဒီလိုပဲ ဟိုလိုဖလှယ်လိုက် ဒီလိုဖလှယ်
    လိုက်နဲ့ အခုအစိုးရလိုထင်ပါတယ်။ ကောင်းတာကိုလုပ်တာလိုလိုနဲ့ ပြည်သူရဲ့ ဘက်ကမလိုက်ပဲ သူတို့ဖို့ပဲ
    ကြည့်ပြီး ဥပဒေတောင်မှ ပြည်သူ့ဘက်ကကာကွယ်စောင့်ရှောက်တဲ့ ဥပဒေမဟုတ်ပဲ သူတို့စားပေါက်ထွင်တဲ့
    ဥပဒကို တင်သွင်းဖို့ကြိုးစားနေကြတာကလား။ ခုလည်း အဲသလိုထင်တာပါပဲနော။

    • mggwa

      May 13, 2012 at 10:56 pm

      နင်ပြောတာ ငါရိပ်မိတယ်နော် jackalin jongin။ အခု လူအစိုးရသစ်ကတော့ အဲဒီလိုဟုတ်ပုံမရနိုင်တော့ပါဘူး။ (ထင်ကြည့်တာနော်)။ ဘာသာရေးစိုးရသူတွေကတော့ ကနေ့အချိန်ထိ (ရူပက္ခန္ဓာ မဟုတ်) ယူတဲ့က္ခန္ဓာပဲ ရှိသေးတယ်။ (ငါတို့လှူ – သေးရင်တော့ -နတ်တော့ – အေးဆေးပဲ) ၊ လူတွေရဲ့လိုအပ်မှုကို (ဝေဒနာက္ခန္ဓာ မဟုတ်) ဝေတဲ့ခန္ဓာကတော့ မတွေ့ (ရှိတော့ရှိတယ် တော်တော်တော့ ရှားတယ်ဗျ။)
      ဗုဒ္ဓမပွင့်ခင်ကာလ ပုဏ္ဏားတွေက လူတွေဘဝကူးကောင်းအောင်လို့ ယစ်ပူဇော်ပေးပြီး ဟိုဟာ ဒီဟာတွေ ရွက်သလိုပေါ့ဗျာ၊ ဒီနေ့ခေတ်လည်း ခေတ်သစ် ပုဏ္ဏားနွယ်ဝင်တွေကအများကြီးပဲဗျ။ ၅-သိန်းတောင်ဆိုတာလားပဲ၊ မှန်ကြည့်တာနော်။
      လွဲသွားရင်တော့ ဆောရီးပဲ။ အင်း တော်တော့်ကိုတော့ ရှားနေပါပြီလေ။

  • shwemyintin

    May 14, 2012 at 6:57 am

    ဒီနေ့ဘာသာရေးစကားပြောရင် သေပြီးနောက်မပါရင် ဆားမပါတဲ့ဟင်းစားရသလို ပေါ့ပျက်ပျက်နိုင်တယ်လို့ ဆိုပြီး သေပြီးနောက်တို့ဘာဖြစ်မယ်၊ ဘယ်ဘုံရောက်မယ်ကို အကျယ်ချဲ့တွေးနေ၊ ပြောနေမှပဲ ဘာသာရေးအသိရှိတယ်လို့ ထင်နေသူတွေအတွက်တော့ အတော်ကိုခက်ပါတယ်။

    လူသေပြီးနောက် ဘယ်ရောက်မယ်ဆိုတာကို အလုပ်မဖြစ်ပေမယ့် အတော်လေးသိချင်ကြပါတယ်။ ဥပမာ။ ကွန်ပျူတာ Harddisk ပျက်သွားရင် အဲဒီထဲမှာရှိတဲ့ Software တွေဘယ်ရောက်သွားလဲလို့၊ ထပ်စဉ်းစားစရာ မလိုတော့သလိုပါဘဲ။ လူမှာလဲ hardware လို့ ပြောလို့ရတဲ့ body နဲ့ Software လို့ပြောလို့ ရတဲ့ စိတ်ပိုင်းဆိုင်ရာ/အသိပိုင်းဆိုင်ရာ တွေပါ။ ဒီမှာ လူ(hardware)သေသွားတယ်ဆိုရင် software တွေ ဘယ်ရောက်သွားလဲ၊ နောက်ဘဝကို ဘာကသွားတယ်၊ ဘာဖြစ်မယ် ဆိုတာတွေ ထပ်စဉ်းစားဖို့ မလိုတော့ပါဘူး။

    ရုပ်နာမ်ဓမ္မ ဤကာယကား
    အိုနာသေကြ နိယာမမို့ မျှော်တွေးကြောင့်ကြ မရှိကြနှင့်၊
    ကိုယ်နုတ်နှလုံး အမှားကျင့်သုံး၍ ကံ အမှု သိက္ခာ မအိုပါစေနှင့်
    ကိုယ်နုတ်နှလုံး အမှားကျင့်သုံး၍ ကံ အမှု သိက္ခာ မနာပါစေနှင့်
    ကိုယ်နုတ်နှလုံး အမှားကျင့်သုံး၍ ကံ အမှု သိက္ခာ မသေပါစေနှင့်
    ကိုယ်နုတ်စိတ်ထား အမှားရှောင်ရှားလျှက် တရားမျှတ ကျင့်ဆောင်ကြမှ ကံအိုနာသေ လွတ်ကင်းချေမည် ပရမေဗုဒ္ဓအဆုံးမတည်း။
    (အပမာဒေန ဘိက္ခဝေ သမ္ပာဒေထ)

  • laypai

    May 14, 2012 at 2:19 pm

    တရားဓမ္မ လည်း နားလည်၊ IT technique က လည်း မိုးပျံ နေ တော့ နှိုင်းယှဉ် ဆွေးနွေး သွား ကြတာတွေ ဖတ်ရတာ နှစ်ဘက် နှစ်လမ်း ပညာ ရတယ် ဗျာ။
    လူတွေ နောက် ဘဝ ဘာဖြစ် မယ် ဆိုတာ ထက် ခုဘဝ အနာဂတ် ဘာဖြစ်မယ် ဆိုတာ တောင် တတ်နိုင်ကြ ရဲ့ လား?
    ကွန်ပြူတာ နဲ့ နှိုင်းယှဉ် နေတာ ဆို တော့ လက်တွေ့ သိချင်ရင် date Time setting ကို အနာဂတ် အတွက် သိချင် သူက ၅ နှစ် ရှေ့ ရွေ့ ၊ အတိတ်မေ့ နေသူတွေ က ၅ နှစ် လောက် နောက်ဆုတ်။
    ဘာတွေ ဖြစ်ကုန်မလဲ လက်တွေ့ သိမယ်။

    ပြော ပြေး၊ ပြေး ပြီ။

  • မျိုးကို

    May 20, 2012 at 1:07 pm

    သေပြီးနောက် ဖြစ်ဖို့ မဖြစ်ဖို့ကို ရည်မှန်းလုပ်တဲ့ ကုသိုလ်များသည် ကာမအစွန်းကုသို်လ်များဟု သတ်မှတ်ရမည့် သဘောဖြစ်နေပါသည်။
    ဒါဆိုရင် ကျန်တဲ့ အစွန်းတစ်ခုကရော ဘာဖြစ်မလဲ ?

Leave a Reply