Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ကားဈေးကွက်အတွင်း မောင်းနှင်ပြီး ခရီးမိုင် လျှော့ချပြီး လိမ်လည် ရောင်းချမှု

the bestMay 13, 20121min2944

ဒီလိုအကြံအဖန်လုပ်တာ လူတိုင်းသိသင့်တာကြောင့် ကူးတင်ပေးတာပါ။
အောင်ဝင်း | စနေနေ့၊ မေလ ၁၂ ရက် ၂၀၁၂ ခုနှစ် ၁၉ နာရီ ၂၉ မိနစ်
ရန်ကုန် (မဇ္ဈိမ)။ ။ အသစ်တင်သွင်းလာသော တပတ်ရစ်ကားများ၏ မောင်းနှင်ပြီး ခရီးမိုင်ပြ ဒိုင်ခွက်များတွင် ကိန်းဂဏန်းများကို လျှော့ချပြီး ကားအခြေအနေ အဆင့်အတန်းပြ စာရွက် စာတမ်းများရှိ ကိန်းဂဏန်းများကိုပါ
ပြင်ဆင်ကာ ရန်ကုန် ကားဈေးကွက်အတွင်း လိမ်လည် ရောင်းချမှုများ ရှိနေကြောင်း ကားဝယ်ရောင်း လုပ်ကိုင်သူများနှင့် ကားဝပ်ရှော့ဆရာများက ဆိုသည်။

ကားဈေးကွက်ထဲတွင် မှန်မှန်ကန်ကန် လုပ်စားနေသူများ ရှိသကဲ့သို့ ဝယ်သူများကို နည်းအမျိုးမျိုးဖြင့် စာရွက်စာတမ်းများ အတုပြုလုပ်ပြီး လိမ်လည်ရောင်းချနေသော ကားအရောင်းစင်တာများနှင့် ဝယ်ရောင်းတချို့ကြောင့် ဝယ်သူများ အလိမ်ခံရသည်ကို မကြာခဏ ကြားနေရလျက်ရှိသည်ဟု ကားလုပ်ငန်းလုပ်ကိုင်သူများက ဆိုသည်။

“ဂျပန်နိုင်ငံက လေလံဆွဲထားတဲ့ ကားအခြေအနေပြ စာရွက်စာတမ်းတွေကို ကွန်ပျူတာ Photo-shop နဲ့ ပြင်ပြီး လိမ်ရောင်းတာတွေ၊ ကား မောင်နှင်ပြီး ခရီးမိုင်ပြ mileage ဒိုင်ခွက်တွေက ကိန်းဂဏန်းတွေ ကို စက်တွေနဲ့ ပြင်ထားပြီး လိမ်ရောင်းခံနေရတာတွေကို ကြားနေရပါတယ်” ဟု ကားတင်သွင်း
ရောင်းချသည့်လုပ်ငန်း လုပ်ကိုင်သူ ဦးအောင်မြင်မိုး က ဆိုသည်။

ကားဝယ်သူ အချို့မှာ ကားဝယ်ယူရာတွင် ကားအခြေအနေ အဆင့် သတ်မှတ်ချက်များကို ကြည့်ရုံသာမက ကားမောင်နှင်ပြီး ခရီးကီလိုမီတာများကိုပါ ကြည့်ရှုဝယ်ယူတတ်ရာ ကား အရောင်းစင်တာအချို့နှင့် ဝယ်ရောင်းများက ထိုကဲ့သို့ ပြင်ဆင်လိမ်လှည်ရောင်းချခြင်း ဖြစ်သည်ဟု ဦးအောင်မြင်မိုးက ဆိုသည်။

“ကားဝယ်သူတချို့က ကီလို တသိန်းကျော် မောင်းပြီးသားကားကို မဝယ်တာတို့၊ ကီလို နှစ်သိန်းကျော်
မောင်းပြီးသားကားတွေကို မဝယ်တာတို့ ရှိပါတယ်။ ဒါကြောင့် ဒါတွေကို ပြင်ပြီး တချို့က လိမ်ရောင်းနေတာပါ” ဟု ၎င်းကဆိုသည်။

ယခင် ၁၉၉၅ မော်ဒယ်အောက် ကားများတွင် တပ်ဆင်ထားသော ရိုးရိုး mechanical mileage မောင်းနှင်ပြီး ခရီးမိုင်ပြ ဒိုင်ခွက်များကို ဖြုတ်ကာ ကိန်းဂဏန်းများကို အလွယ်တကူ လျှော့ချနိုင်သကဲ့ သို့ ၁၉၉၆
မော်ဒယ်နှင့် အထက်ကားများတွင် တပ်ဆင်ထားသော Digital mileage မောင်းနှင်ပြီး မိုင်ပြ ဒိုင်ခွက်များကိုလည်း ကွန်ပျူတာ နည်းပညာသုံး စက်ပစ္စည်း ကိရိယာများဖြင့် ပြင်ဆင်ကာ လိမ်လှည်
ရောင်းချနေမှုများကို တွေ့ရှိရသည်ဟုလည်း သင်္ကန်းကျွန်းမြို့နယ်ရှိ ကိုရာဂျာ ကားဝပ်ရှော့ ဆိုင်မှ ဦးအငယ်လေး က ဆိုသည်။

“ကားဝပ်ရှော့ကို ရောက်လာတဲ့ တချို့ကားတွေထဲမှာ မောင်းနှင်ပြီး ကီလိုမီတာကို ဒိုင်ခွက်မှာ
လျှော့ထားပေမယ့် အင်ဂျင်ခန်းထဲမှာ ကပ်ထားတဲ့ maintenance sticker ပြုပြင်ထိန်းသိမ်းမှု မှတ်တမ်းမှာ ပြထားတဲ့ မောင်းနှင်ပြီး ကီလိုမီတာနဲ့ ကွဲလွဲနေတာကို တွေ့ရပါတယ်” ဟု ပြောသည်။

ဂျပန်နိုင်ငံတွင် ကားများကို ကီလိုမီတာ တသိန်းကျော် မောင်းနှင်ပြီးပါက major maintenance အကြီးစား ပြင်ဆင်မှုတွေ လုပ်လေ့ရှိပြီး ထိုကဲ့သို့ ပြင်ဆင်သည့် နေ့စွဲနှင့် ယခင် မောင်းနှင်ပြီး ခရီးကီလိုမီတာများကိုလည်း မှတ်တမ်းရေးသွင်းကာ အင်ဂျင်စက်ခန်းတွင် ကပ်ထားပေးလေ့ ရှိသည်ဟု ၎င်းက ဆိုသည်။

“တချို့ဝယ်ရောင်းတွေကလည်း maintenance sticker တွေကိုပါ ခွာထားတတ်ပါတယ်။ sticker တွေ လုံးဝမပါရင် စိတ်မချရတော့ပါဘူး။ တခုခု ပြင်ထားတာ ဖြစ်နိုင်ပါတယ်။ ဂျပန်က ကားဆားဗစ် စင်တာတွေက ကားပြင်ဆင်တာတွေနဲ့ ကားအင်ဂျင်ဝိုင် လဲတဲ့ရက်စွဲနဲ့ မောင်းနှင်ပြီး ကီလိုမီတာတွေကို ရေးသွင်းထားတဲ့ မှတ်တမ်း sticker တွေကို ကပ်ထားပါတယ်” ဟု ၎င်းက ဆိုသည်။

ယခင်က ၁၉၉၆ မော်ဒယ်အထက် ကားများတွင်ရှိသော digital mileage များကို ပြင်ဆင်ရန် ခက်ခဲသော်လည်း ယခုအခါတွင် ထိုကဲ့သို့ ပြင်ဆင်သည့် ကိရိယာများမှာ ဈေးကွက်အတွင်း ရောက်ရှိနေပြီး အလွယ်တကူ ပြင်ဆင်နိုင်သည်ဟုလည်း ၎င်းကဆိုသည်။

“သူများနိုင်ငံတွေမှာက တပ်ထားတဲ့ ဒိုင်ခွက်တွေ ပျက်သွားတာတို့ အလုပ်ကောင်းကောင်း မလုပ်တာတွေ
ဖြစ်လာရင် ဒိုင်ခွက်တွေလဲတဲ့ နေရာမှာ မောင်းနှင်ပြီး ခရီးကီလိုမီတာကို ပြန်ထည့် သွင်းဖို့ စက်ကိရိယာ
တွေကိုသုံးတာပါ။ အခု ဒီမှာက လိမ်ရောင်းဖို့အတွက် လုပ်နေကြတယ်” ဟု ၎င်းကဆိုသည်။

ထိုကဲ့သို့ မောင်းနှင့်သည့် ခရီးကီလိုမီတာ ပြင်ဆင်သည့် စက်ကိရိယာများကို ဈေးကွက်အတွင် ကျပ် ခုနှစ်သိန်းခန့် ဖြင့် ဝယ်ယူရရှိနိုင်ပြီး အချို့ကားဝပ်ရှော့များသည် ထိုကဲ့သို့ ပြင်ဆင်ခအတွက် ကားတစီးလျှင် ကျပ် ခြောက်သောင်း၊ ခုနှစ်သောင်းခန့်ဖြင့် ပြုပြင်ပေးမှုများလည်း ရှိသည်။

မောင်းနှင်ပြီး ကီလိုမီတာများကို လျှော့ချထားသော ကားဈေးနှုန်းများနှင့် မှုလအခြေအနေအတိုင်း
ရောင်းချသည့် ကားဈေးနှုန်းများမှာ အနည်းဆုံး သိန်း ၅ဝ ခန့် ဈေးကွာသည့်အတွက် ထိုကဲ့သို့
ပြုလုပ်ရောင်းချမှုများ ရှိခြင်းဖြစ်သည်။

ထိုကဲ့သို့ လိမ်လည်ရောင်းချမှုများကို စစ်ဆေးကြည့်ရှုရာတွင် ရောင်းချသော မှုရင်းနိုင်ငံရှိ အင်တာနက်
ဝက်ဆိုဒ်များတွင် ဝင်ရောက်ကြည့်ရှုနိုင်ပြီး ပြည်ပနိုင်ငံရှိ ကားလေလံစင်တာများတွင် ရောင်းချပြီးသည့် ကားမှတ်တမ်းများကို အင်တာနက် စာမျက်နှာများပေါ်တွင် မှတ်တမ်း တင်ထားလေ့ ရှိသည်ဟု ၎င်းက ဆိုသည်။

“ကိုယ် ဝယ်တော့မယ့်ကား လေလံအောင် နံပါတ်နဲ့ ကားဝက်ဆိုဒ် အင်တာနက် စာမျက်နှာမှာ ပြန်ကြည့်ရင် ကားနဲ့ ပတ်သတ်တဲ့ မှတ်တမ်းတွေ ရှိပါတယ်။ ဒါပေမယ့် သုံးလအတွင်း ရောင်းထားတဲ့ ကားမှတ်တမ်းတွေကိုပဲ ကြည့်နိုင်မှာပါ။ သုံးလ ကျော်သွားရင်တော့ ကြည့်လို့ မရတော့ပါဘူး” ဟု ဦးအောင်မြင်မိုး က ဆိုသည်။

သို့ရာတွင် ကားအခြေနေအဆင့် Grade များနှင့် မောင်းနှင်ပြီး ကီလိုမီတာများကို ကြည့်ရာတွင်လည်း ကားအတွင်းပိုင်း အခြေအနေများကိုလည်း တွဲဖက်ကြည့်ရှုကာ ကားအခြေအနေကို အကဲဖြတ်နိုင်သည် ဟု ၎င်းကဆိုသည်။

“တချို့က မောင်းနှင်ပြီး ကီလိုမီတာတွေ လျှော့ထားပေမယ့် ကားအတွင်းခန်းက ထိုင်ခုံ အခြေအနေတွေ၊ အမြဲ ကိုင်တွယ်အသုံးပြုနေရတဲ့ ကားအတွင်းခန်းက လက်ကိုင် အခြေအနေတွေကို ကြည့်ပြီး အကဲဖြတ်လို့ ရနိုင်ပါတယ်” ဟု ၎င်းကဆိုသည်။

သို့ရာတွင် ထို့ကဲ့သို့ တပတ်ရစ်ကားများနှင့် ပတ်သတ်သော အကြောင်းအရာများကို မသိရှိ၊ သတိမထား
မိသော ကားဝယ်သူများသည် ဝယ်ရောင်းတချို့၏ လိမ်လှည်မှုများကို ခံရလျက် ရှိသည်။

“ကျနော် တိုယိုတာ မတ်တူး ၂၀၀၂ ရွှေငါးကို ကားအရောင်း စင်တာတခုက ဝယ်လာတာ ကားဝပ်ရှော့
ရောက်မှ အလိမ်ခံရမှန်း သိပါတယ်။ ကားမောင်နှင်ပြီး ကီလိုမီတာ ဒိုင်ခွက်ကို ပြင်ထားတာပါ။ စာရွက်စာတမ်းတွေမှာလည်း ပြင်ထားပါတယ်။ အရောင်းစင်တာကို ပြန်သွားပြောတာ မရတော့ပါဘူး” ဟု ကားအဝယ်မှားခဲ့သူ ဦးညီညီလွင်က ဆိုသည်။

မကြာမီက တိုယိုတာ ဟာရီယာ ၁၉၉၉ မော်ဒယ် ဝယ်ယူထားသူ ဦးဟန်သိန်းကလည်း “ကျနော် ကားကို ဝယ်တုန်းက မောင်းနှင်ပြီး ကီလိုမီတာကို ငါးသောင်းလို့ ပြင်ထားပါတယ်။ ကား လေလံအောင် စာရွက်မှာလည်း ပြင်ထားပါတယ်။ ကားဝပ်ရှော့ ရောက်တော့မှ ကားအင်ဂျင်ခန်းထဲက maintenance belt ပြုပြင်ထိန်းသိမ်းတဲ့ မှတ်တမ်း sticker စတစ်ကာလေးမှာ တသိန်း ငါးသောင်း ဖြစ်နေမှန်း သိလိုက်ရပါတယ်” ဟု ဆိုသည်။

ကားပွဲစားတဦးဖြစ်သူ ဦးအောင်စိုးက “အခု ကားဈေးတွေ မတရားကျနေလို့ ကားဝယ်ရောင်းတွေ အရှုံးပေါ်နေတဲ့အချိန်မှာ ဒီလို နည်းအမျိုးမျိုးနဲ့ လိမ်ရောင်းတာတွေ ပိုများလာနိုင်ပါတယ်။ ကားဝယ်တော့မယ် ဆိုရင် ကားအကြောင်း ကျွမ်းကျင်တဲ့သူတွေကို ခေါ်သွားပြီး ဝယ်မှ စိတ်ချရမှာပါ” ဟု ဆိုသည်။

မေလ ရ ရက်နေ့က နေပြည်တော်တွင် ပြုလုပ်ခဲ့သော စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ သတင်းစာရှင်းလင်းပွဲတွင် ၂၀၀ရ မော်ဒယ်အထက် ကားများကို နိုင်ငံခြားငွေ ဘဏ်စာရင်း ဖွင့်ကာ
နိုင်ငံသားတိုင်း လွတ်လပ်စွာ တင်သွင်းခွင့် ပြုကြောင်း ကြေညာလိုက်သဖြင့် ကားဈေးနှုန်းများမှာ သိန်း ၅ဝ မှ သိန်း ၁၀ဝ ကျော်အထိ ဈေးနှုန်းများ ထိုးကျလျက်ရှိသည်။

4 comments

  • ဦးဦးပါလေရာ

    May 13, 2012 at 11:58 pm

    တရက်ကို ပျှမ်းမျှ ကီလို ၃ဝ မောင်းရင် တစ်လကို ကီလို တသောင်းတက်ပါတယ်။ တနှစ်ကို ကီလို တသိန်း တက်ပါတယ်။

    ကားဟောင်းမော်ဒယ်နိမ့်ရင် အစကတည်းက ဖြစ်နိုင်မဖြစ်နိုင်စဉ်းစားသင့်ပါတယ်။ ၁၉၉၉ မော်ဒယ်ကားကို ဆယ်နှစ်ကျော်ကြာမှ လေလံတင်တော့ ကီလို ငါးသောင်းပဲရှိတယ်ဆိုတာ စဉ်းစားကြည့်ဘို့ကောင်းပါတယ်။

    ကျုပ်အသိတယောက် လောလောလတ်လတ်သွင်းထားတဲ့ ၂၀၀ဝ မော်ဒယ် ကားတစီးဟာ ကီလို လေးသိန်းရှိပါတယ်။ ဂရိတ်က 4+ ပါ။

  • kai

    May 14, 2012 at 3:18 am

    ယူအက်စ်မှာတော့.. ကားမောင်းထားတဲ့မိုင်ပြမီတာ လျှော့ထားတာဟာ.. ရာဇဝတ်မှုမြောက်ပါတယ်..
    ဒါကို စစ်ဆေးနည်းတချို့အောက်မှာ အင်တာနက်ကနှိုက်တင်ပေးလိုက်တယ်..
    ====

    http://en.wikipedia.org/wiki/Odometer_fraud
    Odometer fraud
    ..
    According to the Office of Odometer Fraud Investigation at the U.S. Department of Transportation[2], odometer fraud is a serious crime and important consumer fraud issue. In the National Highway Traffic Safety Administration’s (NHTSA) 2002 odometer fraud study, the NHTSA determined that 450,000 vehicles were sold each year with false odometer readings, resulting in a cost of over $1 billion annually to car buyers in the U.S.[3] In the UK the Office of Fair Trading estimates the annual cost at £500m[1].
    ==
    http://www.bustathief.com/odometer-fraud-rollback-reset-or-clocking-of-the-mileometer/
    HOW TO DETECT ODOMETER FRAUD?

    Look at the wear and tear on the vehicle, especially the gas, brake and clutch pedals, to be sure it seems consistent with and appropriate for the number of miles displayed on the odometer
    Take a trusted mechanic with you to examine the car
    Ask dealers who sold the vehicle previously for copies of the vehicle’s odometer disclosure forms
    Ask to see the title and compare the mileage on it with the vehicle’s odometer. Be sure to examine the title closely if the mileage notation seems altered or is somehow not easy to read
    Compare the mileage on the odometer with the mileage indicated on the vehicle’s maintenance or inspection records. Also, search for oil-change and maintenance stickers on windows, door frames, glove box or under the hood
    Check that the numbers on the odometer gauge are aligned correctly. If they’re crooked, contain gaps or jiggle when you bang on the dash with your hand, walk away
    Examine the tires. If the odometer on your car shows 20,000 miles or less, it should definitely have the original tires. If they are not, they should have been replaced by better ones, if you see tires that are worse than the originals then something must have gone wrong

  • the best

    May 14, 2012 at 8:15 am

    ယူအက်စ်မှာ ကားမောင်းထားတဲ့မိုင်ပြမီတာ လျှော့ထားတာဟာ.. ရာဇဝတ်မှုမြောက်ပေမဲ့
    မြန်မာပြည်မှာ ကားတစ်စီး လုံးပြောင်းပစ်တောင် ဘာရာဇဝတ်မှုမှ မမြောက်ဘူးလေ။

  • အင်. စီးပွားရေးသမားလက်ချက် ဝယ်သူအသက်ထွက်
    ဟူးးးးးးးးးး မြန်မာပြည်မှာ လုပ်သည်။ဉာဏ်နီ၊ဉာဏ်နက်

Leave a Reply