Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

အင်တာနက် ဇာတ်လမ်း (၇)

htet wayMay 14, 20121min52316

အိမ်ဘေးက ဒေါ် စိန်ထွေးရဲ့ အသံ ကျယ်ကြီး ဟစ်လိုက်သံကြောင့် ကျွန်တော် အိပ်ယာက လန့်နိုးသွားတယ်။လက်က နာရီကို အားစိုက်ကြည့်လိုက်တော့ ရနာရီ ရှိနေပြီ။ဒေါ်စိန်ထွေးကတော့ သူ့သမီးကို
ပွဲကြမ်းနေပြီ။
“ ဒီမှာ လှလှထွေးရဲ့ နင်ဝက်ဆိုက်တွေပဲ ကြည့်ပြီး ဝက်လို ဝလာပြီ ။ ဟင် ..တစ်နေ့တစ်နေ့ ချက်ပြီးရင်း ချက်ကြ ဟုတ်လား အိမ်မှာ ထမင်း ဟင်းလေးချက်ပါဆိုတော့ မလုပ်ချင်ဘူး အခု အိပ်ယာလည်းစောစော
မထနိုင်ဘူး။ နင်မရှက်ဘူးလား ဟဲ့ လှလှထွေး ရဲ့….
ကိုယ့်ဆရာရေ မနက်တိုင်း ဖွင့်နေကြ ဓါတ်ပြားဟောင်း အပ်ကြောင်းထပ်နေတဲ့ ဒေါ်စိန်ထွေးရဲ့ အော်ကြောလန်အသံပါ။သူ့သမီးလေးက ဘွဲ့ရ အလုပ်လက်မဲ့ ပါ မြို့မှာ အင်တာနက်ဆိုင်တွေဖွင့်တော့ လေ့လာချင်တယ်ဆိုပြီး
သွားရာက အင်တာနက်ကို ချစ်သွားခဲ့တယ် ကိုယ့်ဆရာရေ့ ။ ဒေါ်စိန်ထွေး က အစကတော့ ကြည်ဖြူပြီး ပို့တာပါ သူကိုယ်တိုင် အင်တာနက်ဆိုင်ကို လိုက်ပို့တယ် သမီး ကြိုက်တဲ့ အချိန် ထိုင် ငွေကြေးကိစ္စ သူရှင်းမယ်ပေါ့
အဲ့ ဒီလို အားပေးတာဆရာရေ့ တစ်ချို့က သမီး ဘယ်သွားလည်း ဆို အင်တာနက် ဆိုင်တဲ့ ဂုဏ်ယူတဲ့ အသံနဲ့ပြောတာပါ။
သမီးကလည်း အင်တာနက်ကို အကျိုးရှိရှိ သုံးတာမဟုတ်ဘူး ဖေ့ဘုတ် မှာ ပုံတွေ နေ့စဉ်တင်တယ် ။ မိတ်ဆွေတွေ အများကြီး ထားတယ် ရုပ်ကလေးက လည်းလှတပတလေးဆိုတော့ ယောက်ျားေေလေးတွေကို အရူးဆေး ထိုးပေးသလို ဖြစ်နေတယ်။ ကိုယ့်ဆရာရေ လှလှထွေးက နားမလည်ပါးမလည်နဲ့ အကုန်မှာ သူ့ပုံတွေ လိုက်တင်တာပဲ တခါက ရှက်ရှက်နဲ့ အင်တာနက်ဆိုင်မှာ ထိုင်ငိုရတယ်ဗျာ ။ သူ့ပုံကို ဖေ့ ဘုတ်တင်နေရာက
ဟို ဆိုက် ဒီဆိုက်မှာ လိုက်တင်ရင်း Online Dating at Match.com မှာ တင်မိလို့ နိုင်ငံခြားကရော ကိုယ့်ဆီက ပါ မက်ဆေ့တွေပို့ တယ်။ဘေးနားကိုပါ သူက ဂုဏ်ယူ သလိုပြတာကိုယ့်ဆရာရေ့
ကျမပုံ မလှဘူးလား ဒီမှာ ခင်ချင်တယ် တွေ့ချင်တယ် ဆိုပြီး တောင် မက်ဆေ့ပို့နေတယ် ဆိုတော့ သိတဲ့ သူက အဲ့ဒါတွေက … ဟို ဒို့ တိုင်းပြည်ရဲ့ စရိုက်နဲ့တော့ မကိုက်ဘူး ဟိုလေ .လှလှထွေးရဲ့
မကောင်းတဲ့ မိန်းမလို့လည်း မဆိုသာ ကောင်းတယ်လည်း ပြောလို့မရဘူး ကြိုက်ရင် တွဲကြ ခဏအတူနေကြ လစ်ပင်း တူဂဲသား ( Living together )လောက်လည်း အဆင့်မရှိ ..ဟို..ဟို
ဒီမှာ တင်ပဲ လှလှထွေးက ထိုင်ငိုရတော့ တာပဲ။
ကျွန်တော်ကတော့ အင်တာနက်လည်း သိပ်မသုံးတတ်။ ဒီ ဆိုက်တွေလည်း မသိပါဘူးကိုယ့်ဆရာရယ်။ကျွန်တော်လည်း အင်တာနက် ဆိုင်ကို ဒီနေ့တော့ စောစောပဲ သွားလိုက်တယ် ။ စာမူတစ်ပုဒ်အီးမေးနဲ့ ပို့စရာရှိတော့
အီးမေးဖွင့်လိုက်တယ် ဆိုရင်ပဲ
ကောင်မလေးတစ်ယောက်က သူစက်ကနေထာလာပြီး ကျွန်တော် လက်ကို လာဆွဲတယ်။ရပ်ကွက်ထဲက ကလေးမလေး မြင်ဖူးတယ်။သူပုံက ပျာပျာသလဲနဲ့ ညခင်းမှာ လမ်းလျှောက်ရင်းနောက်က အရက်သမား တစ်အုပ် လိုက်လာတာခံရတဲ့ မိန်းမပျိုလေး မျက်နှာ မျိုးနဲ့ ကြောက်တာရော ရှက်တာရော ပေါင်းစပ်ထား သလို
ကလေးမ…… ဘာဖြစ်လို့လဲ
ကျွန်တော်က မေးလိုက်တော့ မျက်နှာလေးက ပိုရဲ လာတယ် တိုးတိုးလေး ပြန် ပြောတယ်။
လုပ်ပါအုံး ဆရာရယ် ကျမတော့ ဒုက္ခရောက်နေပြီ
ကိုယ့်ဆရာရေ အရင်းမရှိ အဖျားမရှိနဲ့ဗျာ ကျွန်တော်က နားမရှင်းဘူးဖြစ်နေတယ် ။ကျွန်တော်က သူမကို နားမလည်သလို ကြည့်တော့ ကလေးမလေးက စကားမှား သွားတာသိပြီ ပိုရှက်သွားတယ် ထင်တယ် လက်တွေပါတုန်လာတယ်။
ဟို…ဟို ဖေ့ဘုတ်… ဖေ့ဘုတ်ဆရာ
ကောင်မလေးက ဖေ့ဘုတ် လို့ ပြောပြီး ဆက်မပြောနိုင်ဘူး ပါးစပ်က ဟလာတယ် အသံ ထွက်မလာဘူး။ ကျွန်တော်က ဆက်ပြောလေ ကွာ ဆိုမှ
ဟို..ဖေ့ဘုတ်မှာ ဖရန့်မလုပ်ချင်ရင် ဘယ်လို ဖျက်ရမလဲ ကျမ ဖရန့်မလုပ်ချင်ဘူး သူက ဆိုးတယ်
ကိုယ့်ဆရာရေ ဖေ့ဘုတ်ဆိုတာ ကိုယ့်ဆရာလည်း သိတဲ့ အတိုင်း social network website လေ အဲ့ ဒါကို အလွယ်ပြောရရင် အင်တာနက်ပေါ်မှာ ကိုယ်ပြောချင်တဲ့ အကြောင်း အရာတွေကို မိတ်ဆွေ
တွေနဲ့ ပြောဆိုလို့ရတဲ့ ၊ ဓါတ်ပုံတွေ တင်ပြီး မျှဝေလို့ ရတဲ့ ဝက်ဘ်ဆိုက်လေ။ ကောင်မလေးပြောတဲ့ ဆိုးတယ်ဆိုတာတော့ ကျွန်တော်နားမလည်ဘူး။
ဘယ်လို ဆိုးတာလဲ ကွ ရှင်းအောင်ပြော ပါအုံး
ဆရာရယ် ကျမက ဓါတ်ပုံတွေ အများကြီး ပါတဲ့ လူနဲ့ ဖရန့် လုပ်ချင်တယ်ဆိုတော့ မသိလို့ မီဒီယာ ခင်မောင်ကိုမေးမိတာပါ သူက သူရိန် (Thu Rain)နဲ့ ဖရန့် လုပ်လိုက်တဲ့ မိန်းကလေး ထဲက ဆို သီသီအောင်နဲ့ ဖရန့်လုပ်လိုက်တဲ့
မပြောချင်တော့ ဘူးဆရာရယ်။ အဲ့ ဒါကို ဖျက်ချင်တယ် လုပ်ပါဆရာရယ်
ကောင်မလေးက တောင်းတောင်းပန်ပန် ပြောနေတာပါ အင်း ခင်မောင် ဘာတွေ ဘယ်လို လုပ်ချလိုက်ပြန်ပြီလဲမသိ သူရိန်က ဘာပုံတွေ တင်ထားလည်း ဆိုတာ တွေးကြည့်မိတယ် ဒီကောင်မလေး အပျိုလေးတစ်ယောက်
က ဒီလောက်ဖြစ်နေရင် ကိုယ့်ဆရာရေ သဘောပေါက်လိုက်ပါတယ် ကလေးမလေးကို လက်တွေ့ပြလိုက် ရတယ် ကိုယ် သူငယ်ချင်းက ဖျက်ချင်တဲ့ လူကို new tab: အသစ် ဖွင့်လိုက် ပြီးရင် မက်ဆေ့ ရယ် ဖရန့်ရယ် ဘေးကအကွက်ကလေးကို ကလစ်လိုက်ရင် ဘလော့ လုပ်တာပေါ်လာမယ် ။unfriend သူငယ်ချင်းမလုပ်ချင်တော့ ရင်တော့ ဖရန့် ကို ထောက်လိုက် အကွက်တစ်ကွက်( box) ပေါ်လာမယ် အောက်ဆုံးက Unfriend ကို ကလစ်လုပ်လိုက်ရင် သူငယ်ချင်း မဟုတ်တော့ ဘူး။ သူနဲ့ ပတ်သက်တာတွေ ကိုယ် စာမျက်နှာ မှာ မလာတော့ ဘူးလို့ သေသေချာချာ ရှင်းပြလိုမှ ကောင်းမလေးက ကျေးဇူးတင်ပါတယ် ဆိုကို ဆုံးအောင်မပြောနိုင်တော့ ဘူး သူ့ စက်ရှိရာကို သုတ်ကနဲပြေးတော့ တာပဲ ကိုယ့်ဆရာရေ့။
ကျွန်တော်လည်း လုပ်စရာရှိတာ တွေ ဖတ်စရာရှိတာတွေ ဆက်လုပ်နေတုန်း ဘေးမှာ အသက်နှစ်ဆယ်ကျော်ကျော် ကောင်လေးတစ်ယောက် လာထိုင်တယ် ။ တောင်နှိပ်မြောက်နှိပ်နဲ့ အင်တာနက် ကို စသုံး ကာစလို့ ထင်တယ်။ နောက် ဂျီတော့ စပြောတယ် ။ စာစီ စာရိုက် မကျွမ်းတော့ လက်တစ်ချောင်း ချင်းရိုက်နေတာ စာလုံးကို စာရိုက်ခါနီး လိုက်ရှာနေတယ် ရိုးရိုးရှာတာ မဟုတ်ဘူးကိုယ့်ဆရာရေ ပါးစပ်က လည်း ကကြီး အင်း
က… လုံးတင် တစ်ချောင်းကိုင် ….လ .အဲ့ဒီလိုရွတ်တာ လက်ကလည်း ကီး ဘုတ်ကို ပွတ်နေတော့ အသံက ထွက်နေတယ် ကိုယ်ကလည်း နားညည်းနေပြီ။
ခကွေး ရပင့် စလုံး ဂျောက် ဂျောက် …ချစ် တယ်
သေပြီ ကိုယ့်ဆရာရေ ဘေးနားမှာ အသံနဲ့ နှိပ်စက်နေပြီ ဘယ်လိုကောင်လဲ ဆိုပြီး ဒေါသတောင်ထွက်လာပြီ ဒီအချိန်မှာပဲ မီဒီယာ ခင်မောင် ရောက်လာတယ် ဆိုင်ရှင်ကို နိုင်ငံခြားဖုန်းခေါ်မယ်တဲ့ နံပတ်ပေးတယ်
အသံကတော့ ခပ်ကျယ်ကျယ်ပဲ အင်္ဂလိပ်လို ပြောတာပါ လက်ထဲမှာလည်း စာအုပ်နှစ်အုပ်ကိုင်ထားတယ် ။ မသိတာပါရင် အဓိပ္ပါယ်ရှာလို့ ရအောင် နောက် တစ်အုပ်က စကားပြော စာအုပ် ။ကိုယ့်ဆရာရေ သူ့ ဒုက္ခ ကလည်း မသေးဘူး။ စကားပြောပြီးတော့ ပြုံး ဖြီးဖြီးနဲ့ ကျွန်တော်ကို လက်မထောင်ပြီး ကောင်မလေးက သတိရလို့ သေမတတ်ပဲတဲ့ ဗျ ဆရာလေး သူလာမယ် လို့ ကျွန်တော့်ကို ပြောတယ် ။ကျွန်တော်စီစဉ် ပေးရမယ်တဲ့
ကဲ ဆရာလေး မီဒီယာ ခင်မောင်ကို ခေသူမမှတ်ပါနဲ့ ဗျ ဟဲဟဲ ။
ခင်မောင်ကပြောပြောဆိုဆို နဲ့ ပြန် ထွက်သွားတယ် ။ ကိုယ့်ဆရာရေ့ ဒီနေ့ ကံမကောင်း ဘူးလို့ မြိုင်ရာဇာ တွတ်ပီ လို ညည်းရမလိုပဲဖြစ်နေပြီ ဘေးက ကောင်လေးက လည်း လ..ဂျောက်ဂလက်..
.(ကီးဘုတ်ကိုပွတ်သံ) လ ..ရေးချ လာ …လ..ည..ဂျောက်ဂလက်ဂေါက်…တွေ့ပြီ ညအသတ် ..တွေ့ပြီ လာလည် ချင်တယ်…..။
ကိုယ့်ဆရာရေ ကျွန်တော် စိတ်ညစ်လာတယ် ဗျာ ဒီအချိန်မှာပဲ ကောင်မလေးတစ်ယောက်က ဆိုင်ရှင်ကို အကိုရေ လာပါအုံး ဒီမှာ ချစ်သူမြို့တော် ဝင်လို့ မရဘူး ပုံ လာတင်ပေးပါအုံး လို့ အော်တဲ့ အသံ ကြားရတယ်။နောက်ကောင်လေးတစ်ယောက်က VZO အကောင့်မရှိလို့တဲ့ လိုက်ငှားနေတယ် ။သူတို့တွေက လူငယ်ကိုး ဗျာ။ နယ်မြို့လေးဆိုတော့ အင်တာနက် ဆိုတာအထူး အဆန်းပေါ့။
ကိုယ့်ဆရာရေ ကျွန်တော်လာတိုင်း အင်တာနက်မှာ ဂျီတော့ သီးသန့်ပြောတဲ့ ကောင်လေးတစ်ယောက်ရှိတယ်။ မနက် ဆိုင်ဖွင့်တာနဲ့ရောက်လာပြီ မနက်စာကို ဆိုင်မှာပြေးစား ညနေထိထိုင် တကယ်ပါ ဂျီတော့ပဲပြောနေတာပါ။ သူမှာ ချစ်သူတစ်ယောက်ရှိတယ် အသားကဖြူတာမှ ဝင်းပနေတာ ချောတာတော့ မပြောနဲ့တော့ တကယ်လှတယ်ဗျာ။ သူက ဗေလုဝလို ရုပ်မျိုး တခါသားက သူ ဂျီတော့ ဖုန်းနဲ့ ပြောတာလေး
ကို အမှတ်ရမိတယ်။
အယ်ဆိုင်းလု ။ အချစ်မှာရုပ်ရည်မလိုပါဘူး ကို……….
မောင်လှမင်း ။ ဝမ်းသာလိုက်တာ အချစ်ရယ် နှလုံးသားရာဇဝင်မှာ ကမ္ဗည်း သစ်တင်လိုက်ပါပြီ ကိုယ်ကလည်း
တကယ်ကို စွဲစွဲလမ်းလမ်း ချစ်မိတယ် သိစိတ်ရော မသိစိတ်မှာပါ စွဲလမ်းမိတာပါ ကွယ်။….

အယ်ဆိုင်းလု ။ တကယ်ချစ်ရင် ကို သက်သေပြရမယ် ညီမဆီ လိုက်လာခဲ့ ။သတ္တိရှိလား
ဒါက ကိုယ့်ဆရာ သိရုံပြောပြတာပါ အခု ဒီကောင်လေး မတွေ့တော့ ကျွန်တော် ဆိုင်ပိုင်ရှင်ကို ခေါ်မေးမိတယ်။
ဟိုကချင်မလေးနဲ့ စကားပြောနေကြ တစ်နေ့လုံး ထိုင်တဲ့ကောင်လေး မတွေ့မိပါလား လို့မေးတော့ ဆိုင်ရှင်က ဟုတ်တယ်ဆရာ ကောင်မလေးက လာခဲ့ဖို့ချည်းခေါ်တော့ လိုက်သွားတယ် ကချင်မှာကလည်း
အဲ့ဒီ အချိန်က နည်းနည်းရှုပ်နေတဲ့ အချိန်ဗျာ မသွားနဲ့လို့တားတယ် မရဘူး လိုက်သွားတယ် အခုဆို နှစ်လကျော်ပြီ ပြန်မလာဘူး ကောင်မလေးနဲ့ ပဲညားတာလား အသက်မှ ရှိသေးရဲ့ လား မဆိုနိုင်ဘူး။
ဆိုင်ရှင် စကားကြောင့်ကျွန်တော် စိတ်ပူမိပါတယ်။ သူ့မိဘတွေလည်း ပူပင်သောကရောက်နေမှာပါ။
ဆိုင်ပိုင်ရှင်က ဆက်ပြီးပြောတယ်ဗျာ “ သူက ဗေလုဝလို ရုပ်နဲ့ ဟိုက နတ်သမီးလိုချောတာ လိုက်ဖက်မညီဘူး အင်းလေ အချစ်မှာ မျက်စိမှ မရှိတာ …။ကျွန်တော် အထင်ကတော့ ဖုန်းလည်း မဆက် စာလည်း မလာ ဘာဆက်သွယ်မှုမှ မလုပ်တော့ မပြောကောင်း မဆိုကောင်းသေပြီလားမသိဆရာရယ်။
ကိုယ့်ဆရာရေ သနားစရာ လူငယ်လေးတွေပါဗျာ။ ဒီအချိန်မှာပဲ ဂိမ်းဆော့တဲ့ လူငယ်တွေဝင်လာတယ် ။သူတို့က အုပ်စုလိုက်ဆော့ကြတာ စစ်တိုက်ကြတယ် နားကြပ်တပ်ပြီး အော်ကြ ဟစ်ကြနဲ့ ဆူနေတာပဲ
ကျွန်တော်လည်း ကိုယ်သုံးနေတဲ့ ဝက်ဘ်ဆိုက်ကို ပိတ်လို့ အကောင့်တွေထွက်ပြီး ပြန်ဖို့ ထလိုက်တယ်။
အအေးခန်းထဲက ထွက်လိုက်တော့ အပြင်နေက တော်တော်ပူမှန်း ခံစားမိလိုက်တယ် ။ဦးလွန်း အိမ်ရှေ့ ဖြတ်လျှောက်တော့ အိမ်ရှေ့မှာ ဦးလွန်း ကမျက်နှာ ငယ်လေးနဲ့ ဦးလွန်း အမျိုးသမီးကတော့ ငိုထားပုံရတယ် မျက်နှာနီးရဲနေတယ် ။ကျွန်တော်နားလည်လိုက်ပြီ ကိုယ့်ဆရာရေ့ ။ သံရုံးကို လိုက်သွားတော့ ဟိုက သူတို့နဲ့ မဆိုင်ကြောင်း ပြောလွတ်လိုက်တယ် ထင်ပါတယ်။ သူတို့ အလိမ်ခံရတာ သူတို့ သိသွားပြီလေ။ကိုယ့်ဆရာရေ
အင်တာနက်က DVပေါက်တယ်ဆိုတဲ့ ဦးလွန်း လည်း အလိမ်ခံရတာကြောင့် နောက်ဆို အင်တာနက် ဆိုင်လာမှာ မဟုတ်တော့ ဘူးလို့ စိတ်မကောင်းစွာပဲတွေးမိပြန်ပါတယ်ဗျာ။

16 comments

  • ဦးဦးပါလေရာ

    May 14, 2012 at 10:22 pm

    ဆရာထက်ရေ
    ကျုပ်ကတော့ ဖေ့စ်ဘွတ်ကို စိတ်ကုန်တာနဲ့ လှည့်မကြည့်ဖြစ်တာကြာပါပြီ။
    ခက်တာက ဖေ့စ်ဘွတ်အကောင့်ကို ဘယ်လိုအပြီးဖျက်ရမှန်းမသိဘူး…
    တနေ့တနေ့ အီးမဲထဲမှာ အဲဒီကနို့တစ်တွေ ထို်င်ထိုင်ဖျက်နေရတာ အလုပ်တခု….

    • ကိုရင်စည်သူ

      May 14, 2012 at 11:06 pm

      ဘဘပါလေရာရေ… ဖေ့ဘွတ်အကောင့်က ဖျက်ရတာတော့မသိဘူး။
      ပိတ်ထားလို့တော့ရတယ်။
      Account Setting >> Security >> Deactivate your account. လုပ်လိုက်ရင် အကောင့်က ပိတ်သွားကော
      မေလ်းတွေ အီးမေလ်းတွေ ဘာတွေလည်း မဝင်တော့ဘူး။
      နောက် စိတ်ပြန်လည်လာလို့ ပြန်သုံးချင်ရင်တော့ log in ပြန်ဝင်လိုက်ရင်
      အကောင့်က ပြန်အသက်ဝင်သွားကော။ ကျနော် လုပ်ဖူးတာလေး ပြောပြတာပါနော့။

      ခင်တဲ့
      ကိုရင်စည်သူ

    • Ch@vez

      May 15, 2012 at 7:08 am

      ဇဂါးအတင်းစပ် …
      ဖေ့စဘုတ် အကောင့် ပိတ်တာ ၂နည်း ရှိသဗျ…
      ပါမန့်နန့် အပြီး ဖျက်သိမ်းလိုက်တာနဲ့
      ခေတ္တခန ဒီအက်တီဘိတ် လုပ်တာ ဆိုပါတော့…
      အဲ့ …၂မျိုးလုံး မလုပ်ခင်မှာ ကိုယ် တင်ခဲ့တာလေးတွေ
      ပြန်ဒေါင်းပြီး သိမ်းချင် သိမ်းလို့ရသေးရဲ့ဗျာ …

      မောင်ဂီ့တော့ ေ့ဖစဘုတ် ပိတ်သိမ်းမယ်ဆိုရင်
      အဲ့ဘက် မှာ တင်ထားတဲ့ ဒါ့ပုံလေး 1GB လောက်
      သဂျီး ဆာဗာ ဆီ ရွှေ့မယ် လို့ စိတ်ကူးတာပဲ ….

      ဂယ် ..ရွှေ့လာရမား ဟင်င်င်င်င်င်….

      😀

      • ဦးဦးပါလေရာ

        May 15, 2012 at 11:30 am

        ကျေးဇူးတင်လိုက်တာ ဂီဂီ နဲ့ ကရင်စီ ရယ်
        ကျုပ်တော်တော်ခေါင်းစားနေတာ
        အခုမှ ပြေလည်သွားတော့တယ်…။

  • windtalker

    May 14, 2012 at 10:38 pm

    ကိုထက်ရေ ။ အင်တာနက်သုံးရင်း ချက်ရင်း ညားသွားတဲ့ သူတွေအကြောင်းလဲ ရေးပြပါဦး ။

  • ညလေး

    May 14, 2012 at 10:56 pm

    အမ်းဟိုကောင်လေးတော့သွားပါပြီ ဆရာရယ်…….
    အားပေးသွားပါတယ်……

  • etone

    May 15, 2012 at 8:59 am

    အင်တာနက် ဇာတ်လမ်းတွေက မရိုးနိုင်အောင်ပါလား ဆရာထက်ရေ …. ။
    ကျွန်မတို့ နိုင်ငံမှာ အင်တာနက်ခေတ်စားလာတာ ဆယ်စုနှစ်တစ်ခုတောင်မရှိသေးတော့လည်း … အသုံးချမှုလေးတွေ မှားနေတာ ၊ ရည်ရွယ်ချက်မဲ့နေတာလေးတွေ ရှိတာပေါ့ … ။ နောက်ပိုင်း အင်တာနက်ကို အသုံးပြုပြီး သင်ယူလေ့လာမှုတွေ လုပ်နိုင်တယ်လို့ ကိုယ်တိုင်သိတဲ့အခါ …. များစွာ အကျိုးဖြစ်ထွန်းမယ်လိုက ထင်မိပါတယ် … ။

  • htet way

    May 15, 2012 at 10:10 am

    ဦးဦးပါလေရာ၊ကိုရင်စည်သူ Etone ၊windtalker၊ ညလေး
    ဆရာ ဆရာမ များ အားပေးမှုကို ကျေးဇူးတင်ပါကြောင်း
    အင်တာနက် ဇာတ်လမ်းက ဆက်ရန် ရှိပါသေးတယ် စိတ်မပျက်ကြပါနဲ့ လို့
    မေတ္တာရပ်ခံပါတယ်။

    • windtalker

      May 15, 2012 at 1:07 pm

      အူးဗိုက် နဲ ့အရမူး နဲ ့ဗီဇက်အို ထဲကနေ ဟိုလိုချက်တာတွေကော ပါဦးမှာရားဟင်

      • ဗိုက်ကလေး

        May 15, 2012 at 1:53 pm

        ဟင့်အင်း
        အူးပေ အင်တာနက်ဆိုင်ထဲ အီးဗုံးခွဲပြီး မသိချင်ထောင် ဆောင်နေတဲ့ အကြောင်းပဲ ပါမယ်တဲ့
        နော် ချရာထက်

  • ဗိုက်ကလေး

    May 15, 2012 at 10:56 am

    ဆရာထက်ရဲ့ အင်တာနက် ဇာတ်လမ်းကို မြန်မာ့ရုပ်ရှင်အဖွဲ ့ကိုပို ့ပြီး
    ဇာတ်လမ်းတွဲ ရိုက်ခိုင်းဦးမယ်ဗျား..
    ကျနော် ဒါလိုက်ဒါ ဖြစ်ရင် ရွာထဲကလူတွေကို သရုပ်ဆောင် ခန် ့မယ်

  • may thu

    May 15, 2012 at 12:03 pm

    အင်တာနက်ဆိုတာ သုံးတတ်ရင်တော့ကိုယ့်အတွက် အများကြီးအသုံးဝင်ပါတယ်။
    မသုံးတတ်ရင်တော့ ကိုယ့်ကိုအများကြီးထိခို်က်စေတယ်လေ။ ဦးရဲ့ အင်တာနက်ဇာတ်လမ်းဖတ်ရတော့ ရှောင်သင့်တာရှောင်နိုင်တာပေါ့ နောက်ထပ်လည်း ဒီလိုဇာတ်လမ်းမျိုး ရှိခဲ့သေးရင် ထပ်ဖတ်ချင်ပါတယ်။

  • Khaing Khaing

    May 15, 2012 at 4:49 pm

    ဆရာထက်ရေ ………. ဖေ့ဘုတ်ကသူငယ်ချင်းဖျက်နည်းလေးကိုမှတ်သွားပါတယ် ………….
    ညီမဇာတ်လမ်းလေးတစ်ပုဒ်ပြောပြချင်တယ် ….. gtalk သုံးတဲ့ကောင်မလေးတစ်ယောက်နဲ့ ကောင်လေး တစ်ယောက် အပြင်မှာတွေ့ဖို့ချိန်းကြတယ် Shopping Center တစ်ခုမှာပေ့ါ ….. ကောင်မလေးက ချုစား တတ်တဲ့ကောင်မလေး ဒါမျိုးတွေကိုဂွင်ရိုက်နေကြလေ ကောင်လေးကိုတွေ့တော့ ကျွန်မမှာ ပိုက်ဆံမပါလို့ ပိုက်ဆံလေးချေးပါလား Shopping ထွက်တာ ဝယ်တာလက်လွန်သွားတယ်ဆိုပြီးပိုက်ဆံလေးချေးပါတဲ့ ရှက်စရာကောင်းလိုက်တာ စမြင်မြင်ချင်းလူကိုငွေချေးသတဲ့ ဖြစ်ချင်တော့ အဲကောင်လေးက ကောင်မလေး နေတဲ့လမ်းထဲကကောင်လေးနဲ့သူငယ်ချင်းလေ ………. ကောင်လေးကလဲ လည်တယ် ပိုက်ဆံကိုမချေးခဲ့ပါ ဘူးကောင်မလေးကို ……… အခုတော့ အဲကောင်မလေးလည်း တော်တော်ချမ်းသာတဲ့လူနဲ့အိမ်ထောင်ကျ သွားပါပြီ ………

  • htet way

    May 15, 2012 at 8:32 pm

    ဆရာမ may thu ခင်ဗျား
    ကျွန်တော် ရေးတဲ့ ၁မှ ရ အထိဖတ် ကြည့်ပေးပါလား
    အကြံဉာဏ်ကို လေးစားစွာ တောင်းခံပါတယ်။
    ခုလို အားပေးတာ ဝမ်းမြောက်မိပါတယ်။

  • htet way

    May 15, 2012 at 8:36 pm

    ဆရာ windtalker ဆရာဗိုက်ကလေး
    ကျွန်တော်က VZO ချက်တဲ့ ကိစ္စလည်း နည်းနည်းပါမယ်ထင်ပါတယ်
    တလွဲ သုံးနေကြတဲ့ လူတွေ အတွက် နောက် အခွင့်ရေးယူတတ်သူတွေအတွက်
    ရေးအုံးမယ်စိတ်ကူးပါတယ်။ဖြစ်မဖြစ်တော့မသိပါ။
    ဝင်ရောက်ဖတ်ပေးတာ ကျေးဇူးပါ

  • htet way

    May 15, 2012 at 8:40 pm

    ဆရာမ ခိုင်ခိုင်ခင်ဗျား
    အင်တာနက် မှာ ဒီလိုပဲ ရှိတတ်ပါတယ်
    ကျွန်တော် စာတွေကို ဖတ်ပေးတဲ့ အတွက်ကျေးဇူးပါ

Leave a Reply