Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

“မီးရေရှား………………………”

“မီးရေရှား…………………..”

 

မီးရေရှားမြို့တော်
ဒီမြို့ကြီးအနှစ်တစ်ရာတင်းတင်းပြည့်တဲ့နှစ်မှာ ကျုပ် ဒီမြို့ကြီးရဲ့ရင်ခွင်ထဲကိုရောက်လာခဲ့တာပေါ့။

ကျုပ်မွေးတဲ့နှစ်မှာဘဲငလျင်တွေတစ်နေ့ထဲအကြိမ်အများကြီးလှူပ်တာတဲ့။

ဒါပေမယ့် ကျုပ်ကတော့ သူလိုငါလို မထူးတဲ့သာမန်လူပါဘဲ။

ကျုပ်တို့မြို့က မင်းနေပြည်ဆိုတော့ ကျုံးတွေလဲရှိသပေါ့။

အဲတော့ကျုံးရေကို လဲသုံးလို့ရတာပေါ့။

ကျုပ်တို့ခပ်ငယ်ကတော့ကျုံးပါတ်ပါတ်လည်မှာရှိတဲ့လမ်းအပြတိုင်း အပြတိုင်းမှာ အများပြည်သူသုံးဘို့

ကျုံးရေကန်လေးတွေလုပ်ပေးထားပါတယ်။

အဲဒီတုန်းက အခုလို မီတာရေတွေ ဘာတွေလဲရှိပါဘူး။

ကျုံးနားနီးသူက ကျုံးရေသုံး။

မြစ်နားနီးသူက မြစ်ရေသုံး။

ဘာနဲ့မှ မနီးတဲ့လူတွေက အဝီစိရေသုံးပေါ့။

ဟိုးရှေးရှေးကလူဦးရေနည်းလို့လားတော့ မသိပါဘူး နွေတောင်မှရေအခက်အခဲဖြစ်တယ်ဆိုတာ

မကြားဘူးပါဘူး။

ဒီမြို့သား မှန်ရင် တစ်နေ့နှစ်ခါတော့ ရေဝဝ ချုးိနိုင်ပါတယ်။

ဆောင်းတွင်းတော့ မချိုးဘူးပေါ့ဗျာ။

ဘာရေသန့် ဟုတ်လား။

ကျုပ်တို့ငယ်ငယ်ကတော့ ရေသန့်တွေဘာတွေကြားဘူးပေါင်ဗျာ။

ကြည်နေရင်သန့်တာဘဲ။

မြစ်ရေကတော့ နီတီတီ နောက်ချင်ချင်ရှိတော့ ရေအိုးထဲကျောက်ချဉ်လေးထည့်ထားလိုက် သူ့ဖာသာသူ အနယ်ထိုင်သွားတာပါဘဲ။

အဝီစိရေကတော့ ပေါ့ရွှတ်ရွှတ်။

ကျုပ်တို့လို ကျုံးရေသောက်လာတဲ့သူကတော့ကျန်တဲ့ရေ သောက်လို့အရသာမရှိဘူးထင်တာဘဲ။

ကျုံးရေကမှသောက်လိုက်ရင် ချိုပြီးလေးလေးပင်ပင်ရှိတာ။

ဒါကလဲကျုံးရေ အမြဲသောက်လာတဲ့လူမှသိတာရယ်။

ဘာတဲ့တစ်ခါ ဂျပန်ကဆိုလားဘာဆိုလား သုတေသနအဖွဲ့က မန်းလေးကျုံးရေကိုလာစမ်းသပ်ကြတာ။

သူတို့ပြောသွားတာပြန်ကြားရတာ  လန့်များလန့်စရာ။

ဒီကျုံးရေထဲမှာ ပိုးမွှားရှစ်ဆယ်ကျော် ရှိတယ်ဆိုလားဘဲ။

ကြာရှည်သောက်ရင် ရောဂါရမတဲ့။

ပြောလိုက်ချင်ပေါင်ဗျာ ကျုပ်အဖွားအသက်ရှစ်ဆယ်ထိနေသွားတာ သူ့တစ်သက် ဒီကျုံးရေဘဲသောက်သွားတာ။

အသက်ကြီးလို့သာလူကြီးနာနဲ့ဆုံးသွားတာ ဘာရောဂါဖြစ်တယ်လို့မှကြားခဲ့ပေါင်ဗျာ။

 

ကျုပ်တို့ငယ်ငယ်က လျှပ်စစ်ရုံးကြီးကတော့ဘူတာသွားတဲ့78လမ်းနဲ့26ဘီလမ်းဒေါင့်မှာဟီးနေတာပါဘဲ။

ဒါပေမယ့် အဲဒီတုန်းက မန်းလေးမြို့နေရာတော်တော်များများက အိမ်တိုင်းမှာလျှပ်စစ်မီးမရှိပါဘူး။

ဘာဖြစ်လဲရေနံဆီမီးခွက်ထွန်းနေကြတာပေါ့။

ဖယောင်းတိုင်မီးထွန်းနေကြတာပေါ့။

ကျုပ်ငယ်ငယ်က နေခဲ့တဲ့ 25လမ်းလမ်း80ကကြေးနန်းဝင်းထဲဆိုရင် ဝင်းထိပ်က ရဲမှူးကြီးအိမ်ရယ်

သူကြီးအိမ်ရယ်နှစ်အိမ်ဘဲလျှပ်စစ်မီးရှိတာပါ။

ကျန်တဲ့ဝင်းထဲကအိမ်အားလုံးကတော့ ရေနံဆီမီးခွက်ဘဲထွန်းကြတာပေါ့။

ဒါပေမယ့် ကျုပ်တို့ဝင်းသေးသေးလေးထဲမှာ အစိုးရပေးထားတဲ့ ဓါတ်တိုင် နှစ်တိုင်တောင်ရှိသဗျ။

ဘယ်တော့မှ မီးပျက်တယ်ဆိုတာမရှိ ညခြောက်နာရီကနေ့ မနက်ခြောက်နာရီထိလင်းထိန်ဝင်းလက်လို့။

အဲမီးလုံးကျွမ်းရင်တော့ကိုယ်ထူကိုယ်ထလဲပေါ့ဗျာ။

ကျုုပ်ငယ်ငယ်က ရှစ်တန်းထိ အဲဒီဓါတ်မီးတိုင်အောက် စာထိုင်ကျက်ရင်း စာမေးပွဲတွေအောင်လာခဲ့တာပါဘဲ။.

ကျုံးဘေးက ပေတစ်ရာထိပ်ထွက်လိုက်ရင် လမ်းမတန်းတွေဆိုရင် မာကျူရီမီးတွေမှ ထိန်လို့၊

ဆောင်းတွင်းဆို ဒီမာကျုရီမီးတိုင်အောက်မှ ပုရစ်တွေထွက်ကောက်ကြတာပေါ့။

ညများဆိုရင်ကျုံးဘေးက ထွက်ကြည့်လိုက်ရင် မြောက်ဘက်က မန်းလေးတောင်ပေါ်မှာလဲ မီးတွေလင်းထိန်လို့။

လမ်းကြားတွေမှာတော့ ဘတ်သီး ဝါကျင်ကျင် တစ်ရာအားလေးတွေတွေထွန်းပေးထားတာပေါ့။

ကျုပ်တို့ခပ်ငယ်ငယ်က မှောင်လွန်းတဲ့ညဆိုတာမရှိသလောက်ရယ်။

လမ်းဓါတ်မီးတိုင်တွေက လင်းထိန်နေတာပါဘဲ။.

နောက်အိမ်တိုင်းအိမ်တိုင်းကလဲ လျှပ်စစ်မီးအသုံးနည်းကြပါတယ်။

မီးထွန်းတာလောက်ရှိတာပါ။

ပန်ကာဖွင့်တာလောက်ဘဲရှိတာပါ။

နောက်အလွန်ဆုံးသုံးမှ ရေဒီယိုလောက် ကက်ဆက်လောက်ဖွင့်ကြတာ။

 

အခုခေတ်နောက်ပိုင်းမှာတော့ ခေတ်ကြီးကတိုးတက်။

အထူးသဖြင့်လျှပ်စစ်ပိုင်းကဏ္ဍပေါ့။

အကျီလုံချည်မီးပူတိုက်  ရင်လဲ………………… လျှပ်စစ်နဲ့ဘဲ။

အဝတ်လျှော် ရင်လဲ………………… လျှပ်စစ်နဲ့ဘဲ။

ထမင်းဟင်းချက် ရင်လဲ………………… လျှပ်စစ်နဲ့ဘဲ။

တီဗွီ အောက်စက်ဖွင့် ရင်လဲ………………… လျှပ်စစ်နဲ့ဘဲ။

အင်တာနက် တို့ စလောင်းတို့ဆိုရင်လဲ ……………လျပ်စစ်နဲ့ဘဲ။

အေးအောင်လုပ်ချင် ရင်လဲ………………… လျှပ်စစ်နဲ့ဘဲ။

ပူအောင်လုပ်ချင်ရင်လဲ ………………လျှပ်စစ်နဲ့ဘဲ။

ဘာလုပ်လုပ်လျှပ်စစ်မပါတာမရှိတော့ဘူး။

အဲတော့ လဲ လျှပ်စစ်ဆိုတာ အလိုအပ်ဆုံးထဲမှာ မရှိမဖြစ်ထိပ်ဆုံးပေါ့။

လျှပ်စစ်ထုတ်တာ တိုးမတိုးတော့ မသိဘူး သုံးတာကတော့အဆပေါင်းများစွာတိုးလာပါတယ်။

အရင်ကတော့ လောပိတရေအားလျှပ်စစ်တခုထဲရှိတာပေါ။

နောက်တော့ ရေအားလျှစ်စစ်စီမံကိန်းတွေတခုပြီးတစ်ခုသတင်းစာထဲမှာရော ရုပ်မြင်သံကြားမှာရော

ပါ ပါလာပါတယ်။

တစ်ခုအသစ်ဖွင့်ရင် မင်းသမီးမင်းသားအသစ်တွေ အဲဒီပေါ်တက်ပြီး တစ်ခါကကြတာပါဘဲ။

လျှစ်စစ်ထုတ်လုပ်တာသာ တစ်ခုပြီးတစ်ခုတိုးလာတယ်သာပြောတယ် မီးက ပျက်ပြီးရင်းပျက်ရင်းပါဘဲ၊

အလှည့်ကျစနစ်ခွဲတမ်းစနစ်ဆိုပေမယ့် လာချိန်မှာ မလာဘဲပျက်ချိန်ကျတော့ အတိအကျပျက်တတ်တဲ့

မြန်မာ့လျှပ်စစ်ကတော့ စံတင်ထိုက်ပါရဲ့၊

မီးတွေပျက်တော့ အင်ဗာတာတဲ့ ဆူညံပွက်တဲ့မီးစက်ဆိုတာကအလုပ်တွေဖြစ်ပြန်ရော။

ဟောအဲတော့ အဲဒီမီးစက်တွေသုံးဘို့ ဓါတ်ဆီဆိုတာက လိုလာပြန်ရော။

လိုအပ်ချက်တစ်ခုပြည့်ဘို့အတွက်လိုအပ်ချက်နောက်တစ်ခုက အသင့်စောင့်နေသလိုပါဘဲ။

ပြီးခဲ့တဲ့ သုံးနှစ်လောက်ကစပြီးတော့ မီးမှန်ပြိး ဆက်တိုက်ရလာတာပါဘဲံ။

24နာရီအပြည့်ရတာပါ။

အဲတော့လဲဟန်ကျပြီဆိုပြီး တွေးမိတာပေါ့။

အဲဒီတန်းကများ နေ့ရောညပါ မီးလာတော့ အင်ဗာတာတွေမီးစက်တွေ မသုံးရဘဲ မိူတောင်တက်နေပါတယ်။

နောင်တော့ လဲ ဒုံရင်းပြန်ဖြစ်လို့ လာလိုက်ပျက်လိုက် ပျက်လိုက်လာလိုက်သံသရာထဲပြန်မျောသွားတာပါဘဲ.။

သိပ်မကြာသေးခင်ကတော့ မြစ်ဆုံရေအားလျပ်စစ်စီမံကိန်းဂယက် အတော်လေးထလိုက်ပါရဲ့။

ဂျာနယ်ထဲမှာ ဖတ်လိုက်ရတာ မြန်မာပြည်မှာ လျှပ်စစ်ဓါတ်အားကို ကုန်အောင်မသုံးနို်င်လို့ အပြင်မှာရောင်းစားနေရတယ်ဆိုဘဲ။

မှတ်မှတ်ရရ အဲဒီနေ့က အဲဒိအကြောင်းဖတ်နေရင်းမီးပျက်သွားလို့ ဖယောင်းတိုင်ထွန်းပြီး ဆက်ဖတ်ရတာပါဘဲ။

ထားပါတော့ ဒါတွေက ပြီးသွားပြီလို့။

 

မနှစ်က မိုးတွင်းရော ဆောင်းတွင်းပါ မီးအတော်လေးမှန်နေလို့ ဟုတ်ပြီ ဆိုစိတ်ချမ်းသာ နေတာ ဒီနှစ်

နွေလဲရောက်ရော ဒုံရင်းပြန်ရောက်သွားပြီးပျက်တာပါဘဲ။

မီးလာတဲ့အခါ မီးအားကမပြည့် အဝင်နှစ်ဆယ်သုံးဆယ်ဘဲရှိပြန်တော့လာခဲ့

မီးအားမြှုင့်စက် ဆိုတဲ့ ထရန်စဖော်မာမပါရင် မီးသုံးလို့မရတော့ပါဘူး။

မရဆိုရင် အဝင်ကလေးငါးဆယ်ဘဲရှိတာကိုးဗျ။

ကျုပ်စိတ်ထဲတွေးမိတာ 110 နဲ့ 220များမှားပြီးလွှတ်နေသလားပေါ့နော်။

တစ်ခါတစ်လေအဝင်က တစ်ဆယ်ဆယ့်ငါး။

အဲဒါကို မီးဝင်အောင် ထရန်စေဖော်မာကို တင်ထားတော့ ဘယ်ဘက်က ခလုပ်တောင် ညာဘက်အဆုံးရောက်တဲ့ထိတင်ရပါတယ်။

အဲလိုတင်ထားပြိး အပြင်ထွက်တာ တို ည အိပ်ပျော်သွားတာတို့နဲ့ကြုံတော့

မီးအား220ကျော်ရင်ပြုတ်ရမယ့် ခလုတ်က မပြုတ်တော့ မီးထလောင်ရောပေါ့ဗျာ။

ဒီနှစ်သင်္ကြန်ပြီးကတည်းက မီးမမှန်တော့ပါဘူး။

ကော်ဖီမစ်များလို သရီးအင်ဝမ်း သုံးရက်လာ တစ်ရက်ပျက်မယ်ပြောလားပြောရဲ့.။

ခြောက်နာရီလာခြောက်နာရီပျက်လဲပြောရဲ့။

ကျုပ်ကတော့ အလုပ်ရှပ်ခံမှတ်မနေပါဘူး။

လာရင်လာတယ်လို့ မှတ်လိုက်တော့အေးရော။

 

ခက်တာက မီးမလာရင် ရေလဲမလာတော့ဘူး။

ကျုပ်တို့နေတဲ့ ကန်တော်ကြီးက စည်ပင်တိုက်ခန်းတွေက စည်ပင်ရေကိုသုံးရပါတယ်။

ဧရာဝတီမြစ်ထဲကို အဝီစိတွင်းတူးပြီး 35လမ်းမြတောင်ကျောင်းနားက ရေတွန်းစက်ကနေကျုပ်တို့ဘက်

တွန်းပို့ပေးတယ်ပြောတဘဲ။

အဲဒါကလဲ မီးလာမှတွန်းရတယ်ပြောပြန်တာဘဲ။

2000ခုနှစ်ကျုပ်ဒီတိုက်ခန်းရောက်စက ဘယ်အချိန်ဖွင့်ဖွင့် ပိုက်က ရေကျတာပါဘဲ။

ဘာမော်တာနဲ့မှစုပ်စရာမလိုပါဘူး။

ဖွင့်လိုက်တာနဲ့ဝေါကနဲဘဲ။

နေရကောင်းမှန်းမသိလို ့ ထင်ပါရဲ့ နေတဲ့သူ နည်းပါသေးတယ်။

အခုနောက်ပိုင်းတော့ နေတဲ့သူလဲများလာသလိုရေလည်းရှားလာပါတယ်။

အစက ကျုပ်တို့နေတဲ့အောက်ထပ်က မော်တာမလိုဘူး။

 

မနက်ခြောက်နာရီဆိုရေလာ နေ့လည်တစ်နာရီတစ်ခေါက်လာ နောက်ညနေလေးနာရီတစ်ခေါက်လာ။

လာရင်လဲရေကပိုက်အပြည့်။

နောက်ပိုင်းတော့ ည သန်းခေါင်သန်းနွဲမှ ရေလာတော့တယ်။

လာပြန်တော့လဲ ကလေးသေးပေါက်သလောက် နည်းနည်းလေး။

အဲဒိတုံးက မော်တာမပါလဲ ရေ နည်းနည်းချင်း လာတာကိုစောင့်ခံလို့ရသေးတယ်။

နောက်တော့ အပေါ်ထပ်ကလူတွေက မော်တာမတပ်ရင်ရေမရတော့ အခန်းတိုင်းမော်တာတပ်ရော.။

ကျုပ်တို့လဲ ရေမရတော့ဘူးဖြစ်တော့ သူများနည်းတူမော်တာတပ်ရတော့တာပေါ့။

သူတို့စည်းကမ်းတွေမှာ မော်တာမတပ်ရဘူးတော့ပြောသံကြားဘူးပေမယ့် မတတ်ရင်ရေမရတော့

တတ်ရတာပါဘဲ။

အဲတော့ မီးမလာရင် မော်တာမလည် မော်တာမလည်တော့ ရေမရတော့ဘူးပေါ့။

ပြီးခဲ့တဲ့သင်္ကြန်ရက်က မနက်တစ်ခါ နေ့လည်တစ်ခါ ညတစ်ခါရေလာတော့ အဟုတ်မှတ်နေတာ

သင်္ကြန်လဲပြီးရော ရေမလာတော့ဘူး။

ရေက ညသန်းခေါင်မှလာတော့တယ်။

အဲဒါတောင်ရေတွန်းစက်ရှိတဲ့ 35လမ်းမှာ မီးမပျက်မှရေတွန်းလို့ရတာ။

အဲဒီနေရာ မီးပျက်ချိန်နဲ့ရေတွန်းချိန်ကြုံရင် ရေမပေးတော့ဘူး။

ညပိုင်းမီးလာပြိဆိုတာနဲ့ ရှိတဲ့တိုက်ခန်းအားလုံးကမော်တာတွေဖွင့်ပြီးရေစုပ်ကြတာ

ပျားအုပ်ကြီးပျံနေတိုင်းအတိုင်း တဝီဝီနဲ့။

ဒါပေမယ့် အခုရက်မှာတော့ ဘယ်အိမ်မှရေ ရလိုက်တာမရှိဘူး။

ရေမော်တာဖွင့်ပြီးအိပ်ပျော်သွားလို့ မော်တာလောင်တဲ့သူလောင်။

ကျုပ်တို့အောက်ထပ်ကတော့ မော်တာနဲ့ဆွဲရင် ရေတစ်စက်ခြင်းကျလာပါတယ်။

အဲဒါလေးကို ခွက်နဲ့ခပ် ကျန်တဲ့အိုးတွေထဲထည့်ပေါ့။

အဲလို့နဲ့ သုံးစရာရေရှိအောင် လုံ့လစိုက်ရတော့တာပါဘဲ။

 

ခက်တာက မီးအားက မငြိမ်ဘူး။

အိမ်မှာက လက်လှည့်ပြီးတင်ရတဲ့ထရန်စဖော်မာကိုသုံးတာ.။

အဲတော့ မီးအားကတက်လိုက်ကျလိုက်ဆိုတော့ ထရန်စဖော်မာက ပြုတ်ပြုတ်ကျသွားတော့ မော်တာကမလည်တော့ဘူး။

အဲဒီမှာ တာဝန်တွေခွဲရတော့တာပါဘဲ။

ကျုပ်က ရေပိုက်နားလေးစောင့်ထိုင်။

တစ်စက်ခြင်းကျလာတဲ့ရေကို ခွက်နဲ့ခံ။

အိမ်မှာရှိတဲ့ ဇလုံတွေ အိုးတွေ ခွက်တွေထဲ လိုက်ဖြည့်။

ကျုပ်မိန်းမက ထရန်စဖော်မာနားမှာ ခုံတစ်လုံးနဲ့ထိုင်။

မီးအားတက်လာရင်အမြန်ချ။

ကျသွားရင် ချက်ခြင်းလက်နဲ့လှည့်ပြီး ပြန်တင်လို့

ရေမီးစစ်ဆင်ရေးကြီးကို ပူးတွဲဆောင်ရွက်ကြပါတယ်။

ညဆယ်တစ်နာရီလောက် ရေလာချိန်က စလိုက်ရင် မနက်2နာရီလောက်ပြီးပါတယ်။

ဟိုတစ်ရက်ကတော့ ရေလာနေတုန်းမီးပြတ်သွားရော။

မီးစက်ရှိတဲ့အိမ်ကတော့ မီးစက်တွေနိုးပြီး ဆက်ဆွဲကြတာပေါ့။

မီးစက်မရှိတဲ့ကျုပ်တို့ကတော့ မီးပြန်လာမလား ထိုင်စောင့်ရင်ငုတ်တုတ်မိုးလင်းခဲ့ရပါလေရော။

ဒါပေမယ့် အဲဒီညက ဘယ်သူမှရေ မရလိုက်ပါဘူး။

ရေက တစ်စက်မှကျမလာတော့ ရေတွန်းစက်ကို လှမ်းပြီး ဖုန်းတွေနဲ့မေးတော့

သူတို့ဆီမှာလဲ မီးပျက်နေတော့ ဘာမှ မတတ်နိုင်ပါဘူးတဲ့ ကောင်းရော။

 

အရင်ကတော့ ထမင်းဟင်းချက်တာ တော့ မီတာရေ။

သောက်တာကတော့ရေသန့်ပေါ့။

အခုရက် လာတဲ့မီတာရေက တစ်ခါတစ်လေ သံဂျီးရေ ခပ်နောက်နောက်။

အဲတော့ စဉ့်အိုးထဲ ကိုကျောက်ချဉ်ခပ် အပေါ်ယံကြည်တာလေးသုံး။

အမူန်အမွှားတွေပါတဲ့ရေကို သွန်ပစ်။

ထမင်းဟင်းချက်တာရယ်သောက်တာရယ် က ရေသန့်နဲ့ပေါ့။

ဖြစ်ချင်တော့ မနေ့ညနေက ထမင်းချက်ခါနီးမှ ရေသန့်ကုန်နေလို့ အိမ်နားက စတိုးဆိုင်သွားဝယ်ပါတယ်။

သူတို့လဲရေသန့်ပြတ်နေလို့ဆိုတော့ ရေသန့် မရခဲ့ဘူး။

ကျန်တဲ့ဆိုင်တွေလဲ ထိုနည်း၎င်း။

အဲဒါနဲ့ဘဲ ရေသန့်ဘူးလေးတွေနဲ့ခွဲထည့်ထားတာကိုပြန်သွန်ပြီး ထမင်းချက်ရတော့တာပေါ့။

 

ကျုပ်အသက်လဲကြီးပါပြီ။

လက်သီးလက်မောင်းတန်းပြီး ဲမပြောနို်င်တော့သလို ပြောလဲ  မပြောရဲတော့ပါဘူး။

သိပ် ဲထွေထွေထူးထူးတော့ မမေးချင်ပါဘူး။

ဒါပေမယ့် ဖြေနို်င်သူများရှိရင် ဒါလေးတွေတော့ မေးကြည့်ချင်သားရယ်။

ကုန်အောင်မသုံးနိုင်ဘူးလို့ကြားခဲ့ရတဲ့ လျှပ်စစ်စွမ်းအားတွေက အခုဘယ်ရောက်ကုန်လဲ  ?

(မသိဘဲပွားတာလား မရှိဘဲကြွားတာလား )

နောက်ရေတွန်းစက်ကနေတစ်ဆင့်ရေပေးနေတာ လူတွေအိပ်တဲ့ညသန်းခေါင်မှာဘာလို့ရေပေးနေလဲ?

နေ့ပိုင်းမှာ ရေပေးရင်မရဘူးလား?

ရေပေးရေးဌာနမှာရော မီးပျက်ရင် မီးစက်မောင်းပြီး ရေတင်မပေးနိုင်ဘူးလား?

ဆိုတဲ့မေးခွန်းတွေ မေးချင်လိုက်တာ။

ခက်တာက ဘယ်သူ့မေးလို့မေးရမှန်းမသိတာပါဘဲ။

ကျုပ်ငယ်ငယ်ကတဲက ဘယ်မှမပြောင်းဘ ဲနေခဲ့တဲ့မြို့။

ကျုပ်ချစ်ခဲ့တဲ့မြို့။

နာမယ်ပြောင်းများစွာရှိခဲ့တဲ့မြို့။

နောက်ဆုံးမင်းစံခဲ့တဲ့မြို့။

ကျုံးမြိုရိုး နန်းတော် ရှေးက ပကတိအတိုင်းကျန်ခဲ့တဲ့မြို့။

အခုတော့ဒီမြို့နာမယ်ကိုပြောင်းလိုက်ချင်ပြီဗျာ။

နာမယ်လှလှလေးပေါ့။

“မီးရေရှားမြို့ “လို့…………………….

“မီးရေရှားမြို့ “လို့…………………….

“မီးရေရှားမြို့ “လို့…………………….

“မီးရေရှားမြို့ “လို့…………………….

“မီးရေရှားမြို့ “လို့…………………….

“မီးရေရှားမြို့ “လို့…………………….

“မီးရေရှားမြို့ “လို့…………………….

 

(မီးရေရှားမြို့လို့ နာမယ်လှလှလေးပေးခဲ့သော အမည်မသိတဲ့အမကြီးကိုကျေးဇူးတင်လျှက်)

 

 

 

ကိုပေါက်လက်ဆောင်အတွေးပါးပါးလေး

(16-5-2012)

 

 

 

 

 

 

 

 

25 comments

  • ဗိုက်ကလေး

    May 16, 2012 at 2:27 pm

    ဆိုင်ရာဝံဂျီးတွေ ဘာဒွေလုပ်နေကြသတုန်း မသိပါဘူး
    ပိုလို ့ရောင်းသတဲ့..လိုလို ့ပြန်ဝယ်သတဲ့..
    ကိုယ်သယံဇာတနဲ ့ကိုယ် ရောင်းလိုက် ဝယ်လိုက်နဲ ့ရှုပ်ရှက်ခတ်နေတာဘဲဗျာ..
    သူရို ့ လက်တည့်စမ်းတာ ပြဿနာမရှိဘူး..သူရို ့က မီးတို ့ရေတို ့ကို ကိုယ်ပိုင်သီးသန် ့မြေအောက်က သွယ်ထားပြီးသား
    ရလာတဲ့ဆိုးပြစ်ကို အူးလေးတို ့ တားတို ့လူတွေပဲ ခံရတာ..
    ပြောရင်းပြောရင်း တင်းလာဘီ
    ငါးဆယ်ဘိုးလောက် သွားကစ်လိုက်ဦးမယ်

  • kai

    May 16, 2012 at 2:42 pm

    ဘယ်လိုပြောပြော… မြန်မာပြည်ဟာ (အင်မတန်)ဆင်းရဲပါတယ်…နော..။
    ကိန်းဂဏန်းတွေက မလိမ်ပါဘူး..

    ဆိုတော့…
    လျှပ်စစ်ဓါတ်အားထုတ်ဖို့.. အရင်းအမြစ်တွေပဲရှိတာပါ..။ လျှပ်စစ်ဓါတ်အားထုတ်ဖို့.. ဖြန့်ဝေဖို့.. ပစ္စည်းတွေ..အင်ဖရာစရပ်ချာတွေဆောက်ဖို့.. ငွေမရှိပါဘူး..
    နည်းပညာတတ်တဲ့သူတွေ မရှိပါဘူး.. ကျွမ်းကျင်အလုပ်သမားရှာ(ရှား)ပါတယ်..။
    မကျွမ်းကျင်ကော်လာပြာအလုပ်သမား လောက်လောက်ငှငှမရှိပါဘူး…
    ဒါကြောင့်.. အရင်းအမြစ်တွေရောင်းပြီး.. ရလာတဲ့ငွေကနေ.. ကိုယ့်အရင်းအမြစ်ကထုတ်တဲ့.. လျှပ်စစ်စွမ်းအင်တချို့ပြန်ဝယ်ရတာပေါ့..

    မြေကြီးထဲက.. ကျောက်မျက်ရတနာတွေ.. သယံဇာတတွေ.. နှစ်ရှည်စိုက်မွေးရတဲ့..သစ်ပင်တွေကနေရတဲ့ငွေကနေ… စွမ်းအင်အတွက်ငွေသုံးလုပ်ကြမှာထက်စာရင်.. မြစ်ရေစီးဆင်းနေမှုကို.. လက်ညိုးထိုးရောင်း.. ပင်လယ်ကမ်းလွန်က.. (သူများလည်းလှမ်းဆွဲလို့ရတဲ့..) ဓါတ်ငွေ့သိုက်ကဓါတ်ငွေထိုးရောင်း… လေလမ်းကြောင်းသင့်ပေမဲ့.. ကိုယ့်နိုင်ငံလူထုအနည်းငယ်လောက် ထိခိုက်မဲ့.. လေထုညစ်ညမ်းမှုဖြစ်စေတဲ့.. ကျောက်မီးသွေးဈွ်းအင်ထုတ်စက်ရုံမျိုး.. မသိမသာ..ကြပ်ပေးရင်း.. ဈေးကောင်းရအောင်လုပ်ပြီး.. အထူးလုပ်ခွင့်နဲ့ခွင့်ပြု.. အဲဒီလုပ်ကွက်တွေကထွက်လာတဲ့..ငွေတချို့.. တိုင်းပြည်အင်ဖရာစရပ်ချာဖွံ့ဖြိုးရေးလုပ်.. တချို့.. လျှပ်စစ်ပြန်ဝယ်.. စသဖြင့်လုပ်ရင်း.. လူထုအခြေခံ basic wants and needs ကိုဖြည့်ရမှာ ဦးစားပေးပေါ့..

    အင်း..
    အခုတော့.. ယူအက်စ်ရဲ့..ဂျီရိုနိုင်ငံရေးလှည့်ကွက်မိပြီး.. လည်သွားကြတာမှ.. မွှတ်လို့..
    အနိစ္စ….

  • water-melon

    May 16, 2012 at 2:46 pm

    ပြောပါနဲ့ချင်
    မနက်မနက်ဆို ၈၅ ထောင့်က ရေကန်မှာ ရေချိုးနေတဲ့သူတွေအများကြီး
    ရေမလာတော့ ဒီလိုချိူးရတာ
    မီးကတော့ ပျက်တဲ့နေ့ဆိုမှန်လို့
    လာတဲ့နေ့ဆို ခဏခဏပျက်
    ညဘက်တွေလဲ ပူလွန်းလို့ အိပ်မပျော်တဲ့ညတွေများနေပြီ တော်ရေ
    ဓာတ်လိုက်ပြီးသေမဲ့ လျှပ်စစ်ဌာနက တာဝန်ရှိသူတွေ

  • zarlay

    May 16, 2012 at 3:07 pm

    အခုလိုပူတဲ့အချိန်ဆို ပိုဆိုးတာပေါ့ လမ်းဘေးကတွင်းမှာ လူတွေပြည့်နေလို့ လမ်းသွားလမ်းလာတွေတောင် သွားစရာနေရာမရှိဘူး

  • Ma Ei

    May 16, 2012 at 3:07 pm

    မီး…ပိုတယ်ပြောရောင်းပြီး
    သူတို့ ကော်မရှင်ရ…
    လိုလို့ပြန်ဝယ်တော့လဲ
    သူတို့ ကော်မရှင်ရ…
    ရေ…ခလုပ်ဖွင့် ရေရ သူတို့မှ
    အခက်တွေ့တာက ပြည်သူ့ဘဝ
    တစ်ကယ်ဖြစ်နေတာ…
    သူတို့က အသာစံ
    ပြည်သူတွေ အနာခံ
    မီးရေရှား တဲ့လားကွယ်
    ဘဝမလှတဲ့ နာမည်
    အတည်မယူရပါစေနဲ့လား
    သွား ဝေး ဝေး သွား…

  • Khaing Khaing

    May 16, 2012 at 3:59 pm

    လေးပေါက်ရေ မီးရေရှားမြို့ကို လာလည်မယ်နော် ဖယောင်တိုင်အဆင်သင့်ထွန်းထားပေးပါ ရေကိုလည်း ဒီးဒုတ်ကနေဖရဲမကိုခပ်ခိုင်းထားပေးပါ ……..(၃) ယောက်စာနော် ……. ခြင်ကလည်း အတော်ကိုက်တယ်နော် မန်းလေးမြို့ ခြင်ထောင်နား ကိုလက်မထိရဲ့ဘူး အငြိုးနဲ့ထိုင်စောင့်နေတဲ့ အကြွေးရှင်တွေကျနေတာပဲ ………

  • water-melon

    May 16, 2012 at 4:22 pm

    အမလေး ဟိုတယ်တွေပေါတယ်အေ့
    သိလား ဘယ်မှာတည်းတည်းရတယ်
    အပိုတွေလာမပြောနဲ့
    အဟင့်

    • Khaing Khaing

      May 16, 2012 at 4:30 pm

      ကောင်မ ဖရဲ …….. ဟိုတယ်မှာ ဒီလောက်ဈေးကြီးတာ နင့်အိမ်မှာလာနေမယ် ….. မကျေနပ် ကျုံးဘေးသွားတောင်းနေအေ ….ဘီ ……စီ ………..ဒါဖြဲ

      • water-melon

        May 16, 2012 at 4:32 pm

        ဟဲ့ဟဲ့ နာအိမ်တော့မလာနဲ့အေ
        မီးခြစ်ဘူးလောက်ရှိတာ
        မတတ်နိုင်ရင် နာပိုက်ဆံစိုက်ပြီး ဟိုတယ်ဌားခပေးပါမယ်ကွယ်

        • Khaing Khaing

          May 16, 2012 at 4:42 pm

          ကောင်မဖရဲရေ …… နာလေ သူများပို့စ်မှာ ရန်မဖြစ်ချင်ဘူးအေ …. လေးပေါက်ရေ အားတော့ နာပါတယ် ….. ရန်ဆက်ဖြစ်လိုက်ဦးမယ်နော် ……….တောင်မရေ နင့်ရဲ့ဇီးထုပ်ဖိုးလောက်ရတဲ့ မုန့်ဖိုးပိုက်ဆံကို ဟိုတယ်ငှားရအောင် ညည်းပိုက်ဆံပြည့်ဖို့ စောင့်နေရင် နာကဘယ်တော့မှ ရေမီးရှားမြို့ကို လာရမလဲအေ ……….. အဟိ အဟိ အဟိ လာထား (၁၀) …….

  • nozomi

    May 16, 2012 at 6:04 pm

    အားပေးသွားပါကြောင်း
    မီးရှား ရေရှား လို့ များ အဲဒီမြို့ကို မီးရေရှားမြို့လို့ ပြောင်းခွင့်ရရင်
    အမည်တူမြို့တွေများလွန်းလို့
    မီးရေရှား-၁ ၊မီးရေရှား-၂ ၊မီးရေရှား-၃……………………….မီးရေရှား-၃၂၅ ဆိုတာမျိုးဖြစ်နိုင်ကြောင်း

  • ဒီနာမယ်လေးက မနေ့က အသိတစ်ယောက်နဲ့စကားပြောရင်းသူပေးသွားတဲ့နာမယ်လေးကြိုက်လို့
    ပိုစ်တင်လိုက်တာပါ။

  • pooch

    May 16, 2012 at 8:54 pm

    တိုင်းပြည်ကိုပါ မီးရေရှား တိုင်းပြည်လို့ ပြောင်းလိုက်ရင် ပိုလှသွားမလားလို့ပါ ။

  • TTNU

    May 16, 2012 at 10:15 pm

    ကိုပေါက်ရေ…
    ဟိုဘက်ကမ်းကမီးထိန်ထိန်၊ ယိုးဒယားတို့အိမ်။
    ဒီဘက်ကမ်းက မီးမှိန်မှိန်၊ ကျွန်တော်တို့နေတဲ့ အိမ်။
    အဲဒီလို ” သာဓုပါဗျာ ” သင်္ကြန်သံချပ်အဖွဲ့ က ဆိုသွားတာပဲ။ 😛

    မာမီအခု (မပြည့်မှန်းသိရက်နဲ့) ဆုတောင်းချင်တာလေးတစ်ခုရှိတယ်။
    မီးမှန်မှန်လေးလာပါ။ အိမ်ရှေ ့ကမြောင်းရေစီးပါစေ။ ဒီ နှစ်ခုထဲပါ။
    ကိုခိုင်ပြောတဲ့ ဆင်းရဲတဲ့တိုင်းပြည်လေးဖြစ်လည်း ပျော်အောင်နေပါ့မယ်။

    ဒါပေမဲ့ ….

  • kai

    May 16, 2012 at 11:31 pm

    ကျောက်မီးသွေး လျှပ်စစ်စက်ရုံ ရပ်တန့်ပေးရန် သမ္မတထံ စာပို့
    ကွန်းချမ်း | သောကြာနေ့၊ မေလ ဝ၄ ရက် ၂၀၁၂ ခုနှစ် ၂၂ နာရီ ၂၁ မိနစ်

    စံခလပူရီ (မဇ္ဈိမ) ။ ။ စတင် လည်ပတ်ရန် ပြင်ဆင်နေသည့် ကော့သောင်းမြို့ရှိ ကျောက်မီးသွေး လောင်စာသုံး လျှပ်စစ်ဓါတ်အားပေးစက်ရုံကို ရပ်တန့်ပေးရန်အတွက် ကြာသပတေးနေ့က နိုင်ငံတော် သမ္မတထံသို့ ဒေသခံများက အသနားခံစာ ရေးသားပို့ပေးခဲ့သည်။

    ကော့သောင်းမြို့ရှိ ရပ်ကွက် ၁ဝ ရပ်ကွက်အနက် ၉ ရပ်ကွက်မှ ဒေသခံ ၆၃ ဦးက လက်မှတ်ထိုးကာ သမ္မတကြီးထံ လက်မှတ် ရေးထိုးပေးပို့ခြင်း ဖြစ်ကြောင်း သိရသည်။
    http://www.mizzimaburmese.com/news/breaking-newsbrief/9301-2012-05-04-15-53-37.html

    ==

    ပတ်ဝန်းကျင် ထိန်းသိမ်းရေးသမားများက ကန်ဒေါ်လာ ၃၅ ဘီလီယံတန် မြန်မာရေကာတာ စီမံကိန်းများ ရပ်ရန် တောင်းဆို
    | တနင်္လာနေ့၊ မတ်လ ၁၆ ရက် ၂၀၀၉ ခုနှစ် ၁ရ နာရီ ၅ဝ မိနစ်

    ချင်းမိုင်။ ။ ဒေသခံပြည်သူများကို ထိခိုက်စေပြီး စစ်အစိုးရအတွက် ဘဏ္ဍာရေး အထောက်အပံ့ ရစေသည့် ရေကာတာ တည်ဆောက်ရေး စီမံကိန်းများကို ရပ်ဆိုင်းကြပါရန် ကမ္ဘာတလွှားရှိ လှုပ်ရှားတက်ကြွသူများက မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံများကို စနေနေ့က တောင်းဆို လိုက်ကြပါသည်။

    နိုင်ငံတကာ မြစ်ချောင်းများအတွက် အရေးယူ ဆောင်ရွက်ရေးနေ့ အဖြစ် စနေနေ့က ကျင်းပသော ဆန္ဒပြပွဲများတွင် လှုပ်ရှား တက်ကြွသူများနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝါဒီတို့က ထိုသို့ တောင်းဆိုလိုက်ကြခြင်း ဖြစ်ပါသည်။
    http://www.mizzimaburmese.com/yatha-bank/13/2602-2009-03-16-11-22-06.html

    ==

    http://www.pnsjapan.org/2012/03/blog-post_3151.html
    Friday, March 16, 2012
    ဟပ်ကြီးနဲ့ ဝဲကြီးဒေသက မြန်မာနဲ့ ထိုင်းလူမျိုး ၄၀ဝ ခန့် သံလွင်မြစ် ရေအား လျှပ်စစ် စီမံကိန်း ဖျက်သိမ်း ပေးဖို့အတွက် ကန့်ကွက်ဆန္ဒပြ

    ဟပ်ကြီးနဲ့ ဝဲကြီးဒေသက မြန်မာနဲ့ ထိုင်းလူမျိုး ၄၀ဝ ခန့်
    သံလွင်မြစ် ရေအားလျှပ်စစ်စီမံကိန်း ဖျက်သိမ်းပေးဖို့အတွက် ကန့်ကွက်ဆန္ဒပြ
    ဓာတ်ပုံသတင်း – မြနှယ်စိမ်းစိမ်း (အင်းစိန်)
    မတ်လ ၁၅ ရက်၊ ၂၀၁၂ ခုနှစ်

    မကြာခင်မှာ တရုတ်၊ ထိုင်း၊ မြန်မာ သုံးနိုင်ငံမှ ကုမ္ပဏီကြီး ၄ ခုက သံလွင်မြစ်ပေါ်မှာ အမေရိကန်ဒေါ်လာ ၁ဝ ဘီလျံတန်တဲ့ ရေအားလျှပ်စစ်စီမံကိန်းအတွက် ရေကာတာကြီးတွေ တည်ဆောက်တော့မှာ ဖြစ်ပါတယ်။ အဲသလို ရေကာတာကြီးတွေ တည်ဆောက်တဲ့အခါ လူနေကျေးရွာပေါင်း ၄ဝ ကျော်နဲ့ လူဦးရေ ၁၀,၀၀ဝ ကျော် အတိဒုက္ခရောက်ပြီး ဥယျာဉ်ခြံမြေတွေနဲ့ သဘာဝတောတောင်ရေမြေတွေ ပျက်စီးမှာဖြစ်တဲ့အတွက် ဒေသခံအချို့နဲ့ လှုပ်ရှားတက်ကြွသူတွေက မနေ့က ကျရောက်တဲ့ နိုင်ငံတကာမြစ်ချောင်းများအတွက် လှုပ်ရှားဆောင်ရွက်တဲ့နေ့မှာ ကန့်ကွက်ဆန္ဒပြခဲ့ကြပြီး သက်ဆိုင်ရာ ဘာသာတွေအလိုက် ဝတ်ပြုဆုတောင်းခဲ့ကြပါတယ်။

    =

    ရခိုင်က တရုတ်ဓာတ်​ငွေ့​ပိုက်လိုင်း​ရပ်ရန် ကမ႓ာတလွှား​တောင်း​ဆို

    မြန်မာနိုင်ငံ ရခိုင်ပြည်နယ်က​နေ တရုတ်နိုင်ငံထဲကို သွယ်တန်း​ဖောက်လုပ်​နေတဲ့​ ​ရေနံနဲ့​သဘာဝ ဓာတ်​ငွေ့​ ပိုက်လိုင်း​ စီမံကိန်း​ကို ဆိုင်း​ငံ့​ထား​ဖို့​ အဖွဲ့​အစည်း​ ၁၃ဝ ​လောက်က မြန်မာသမ္မတ ဦးသိန်းစိန်ကို ​တောင်း​ဆိုလိုက်ပါတယ်။ဒီ​တောင်း​ဆိုတဲ့​ အဖွဲ့​တွေထဲမှာ နိုင်ငံ​ပေါင်း​ ၂ဝ က လူအခွင့်​အ​ရေး​အဖွဲ့​တွေနဲ့​ သဘာဝပတ် ဝန်း​ကျင် ထိန်း​သိမ်း​ရေး​အဖွဲ့​တွေ ပါဝင်ပြီး​ ဒီသမ္မတဦး​သိန်း​စိန်က ကချင်ပြည်နယ် မြစ်ဆုံ​ရေ ကာတာကိုဆိုင်း​ငံ့​သလို ဒီဓာတ်​ငွေ့​ပိုက်လိုင်း​ စီမံကိန်း​ကိုလည်း​ ရပ်နား​ဖို့​ လှုပ်ရှား​တာလို့​ ဦး​ဆောင်သူ ကိုဝင်းအောင်က ​ပြောပါတယ်။
    http://burmese.shwe.org/?p=481

    ==

    တိုကျို မြန်မာသံရုံးရှေ့တွင် ရွှေသဘာဝ ဓါတ်ငွေ့ ပိုက်လိုင်း စီမံကိန်း ရပ်တန့်ရန် ဆန္ဒပြ
    တနင်္လာနေ့၊ နိုဝင်ဘာလ 28 ရက် 2011 ခုနှစ် မောင်ရမ္မာ သတင်း – နိရဉ္စရာ သတင်းဌာန

    အင်အား ၁၀ဝ ကျော်ခန့်ပါဝင်သော မြန်မာနိုင်ငံ သားများသည် နိုဝင်္ဘာလ ၂ရ ရက် တနင်္ဂနွေနေ့က တိုကျိုမြို့ရှိ မြန်မာသံရုံးရှေု့သို့ သွားရောက်ကာ ရွှေသဘာဝ ဓါတ်ငွေ့စီမံကိန်းကို ရပ်တန့်ရန်တောင်း ဆို ဆန္ဒပြခဲ့ကြသည်။

    Stop-China-Trans-Burma-Oil-And-Gas-Pipelineဆန္ဒပြပွဲကို ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ပြည်ပ- ဂျပန်ဌာနခွဲ)မှ ဦးဆောင် စီစဉ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
    http://burmese.bnionline.net/index.php/news/narinjara/9113-2011-11-28-13-13-22.html

    ==

    http://www.themyanmarpost.com/?p=9931
    မြစ်ဆုံဆည် စီမံကိန်း ကို ပြည်သူများ၏ ဆန္ဒအရ ရပ်ဆိုင်း

    ပြည်သူလူထု အကြား စိုးရိမ်ပူပန်မှုများဝေဖန်မှု များ ထွက်ပေါ်နေသည့် မြစ်ဆုံဆည်စီမံကိန်းကို ပြည်သူလူထု ၏ဆန္ဒ အရရပ်ဆိုင်းလိုက်ကြောင်း နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က ပြည်သူ့ လွှတ်တော်နှင့်အမျိုးသာ းလွှတ် တော်သို့ ပေးပို့သော သဝဏ်လွှာ များအရသိရသည်။

    ယင်းသဝဏ်လွှာ တွင် မြန်မာနိုင်ငံတွင်နှစ် (၃၀)လျှပ် စစ်မဟာဗျူဟာ စီမံကိန်းအရ နောက်ထပ်ရေအား လျှပ်စစ် စီမံကိန်း(၆၄)ခုနှင့် ကျောက်မီးသွေး ဓာတ်အားပေးစက်ရုံ (၃)ခုအပါအဝင် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရန်စက် တပ်ဆင်အား မဂ္ဂါဝပ် လေးသောင်း ကျော်ထုတ်လုပ်နိုင် သည့် အလားအလာ များရှိကြောင်း၊ အဆိုပါ စီမံကိန်းများ တွင် ကချင်ပြည်နယ် ရှိ မေခ၊ မလိခမြစ်ညာမြစ်ဝှမ်းနှင့် ဧရာဝတီမြစ်ဆုံ စီမံကိန်း ရှစ်ခု အပါအဝင်ဖြစ်ကြောင်း ပါ ရှိသည်။

    ==

    “In a democracy, people get the government they deserve,”
    — Alexis de Toqueville

  • MaMa

    May 16, 2012 at 11:56 pm

    ကိုယ့်အမြင်ပြောချင်နေတာ သဂျီးနောက်က ဖော်လို လိုက်မှပဲ။ :mrgreen:
    ဒီမိုကရေစီမှာ တစ်ယောက်တစ်ပေါက် တောင်းဆိုနေကြတာ….
    ကိုယ်လိုချင်တာပဲ သိပြီး မိဘက တတ်နိုင်၏ မတတ်နိုင်၏ အခြေအနေကို မသိတဲ့ ကလေးလိုများ ဖြစ်နေသလားလို့……….. 🙁
    ကိုယ်တိုင်လည်း မီးရေရှားဒုက္ခကို လက်တွေ့ခံစားနေရပါကြောင်းးးးးးးးးးးးး

  • ဦးဦးပါလေရာ

    May 17, 2012 at 12:21 am

    တခြားဟာ ထားလို့ …
    မီးအခြေအနေကြည့်ပြီး တပ်ခေါက်သွားတဲ့ အင်ဗက်စတာတွေကို အများကြီး
    ပိုဆိုးတာက သူတို့က ကုန်ထုတ်လုပ်ငန်းလုပ်မှာ…

  • ဦးဦးပါလေရာ

    May 17, 2012 at 12:25 am

    ဒီလို တောတောင်ကအထပ်ထပ်၊ ပြည်နယ်တွေက အသီးသီး၊ အုပ်ချုပ်ရေးကမထိရောက်၊ လမ်းပန်းဆက်သွယ်ရေးက လုံးလုံးမကောင်းသေးတဲ့ နိုင်ငံမှာ မဟာဓါတ်အားလိုင်းစံနစ်ကို အမှီပြုနေရတာကိုက အမှားကြီးတခုပါ။

    ဒီလိုနိုင်ငံမျိုးမှာ လျှပ်စစ်ကို ဒေသလိုက်ထုတ်သုံးဖို့ ဇောင်းပေးကြိုးစားရမှာ..။

  • kyeemite

    May 17, 2012 at 8:25 am

    ကာတွန်းလေးတစ်ခု ဂျာနယ်မှာတွေ့လိုက်တယ်..
    တစ်ယောက်ကပြောတယ်..မီးလာမှရေ ရမှာတဲ့…ဒီတော့
    နောက်တစ်ယောက်က..မဟုတ်ဘူးကွ..
    မီးမရတာ ရေမရှိလို့တဲ့(လောပီတမှာရေနဲသွားတာဆိုလိုပုံရတယ်)
    ဆိုတော့…သဘာဝကိုမှီခိုပီးထုတ်နေကြတဲ့ ရေအားလျှပ်စစ်
    ကို အားထားနေရသမျှ ခံနေရအုံးမှာသာ ဖြစ်ပါဂျောင်း..
    လေးစားပါတယ် ကိုပေါက်ခင်ဗျာ…

  • sugar sugar

    May 17, 2012 at 4:27 pm

    ကိုပေါက်ရေ မီးကမလာရေကပျက် တော်တော် စိတ်ညစ်ဖို့ကောင်းတယ်ဗျာ

  • ကိုပေါက်တောင် လူညစ်စာရင်းထဲရောက်နေပြီ။
    ရေမချိုးရလု့ိလေ။
    အရင် က တရုပ်ကားတွေထဲမှာ သစ်သားစည်ကြီးထဲဝင်ပြီးရေချိုးတာမြင်ရင် ညစ်ပတ်တယ်ဆိုပြိး
    ဟာသတွေလုပ်ခဲ့တာ။
    အခုတော့ ကိုယ်လဲ အဲလိုစည်ပိုင်းထဲဝင်ရေချိုးရတော့မယ်။

    ရေမရှိတော့ မီးမရဘူး။
    မီးမရတော့ ရေမတင်နို်င်ဘူး။
    တို်က်ရိုက်အချိုးကျသပေါ့။
    အဲတော့ ထွန်းအိန္ဒြာဗိုလ် နဲ့ဘရိတ်ကီ သီချင်းထဲက မီးနဲ့ရေ ကို သတိရမိပါကြောင်း။

    • windtalker

      May 18, 2012 at 1:54 pm

      နဖူးမှာ ဂျုံဖတ်လေး ကပ်ပြီး ဂေဇက် ရဲ ့ပေါက်ချိန် လုပ်ဗျာ ။

  • မနက် အလုပ်လာရင်းက 35လမ်းနဲ့85လမ်းဒေါင့်ကရေကန်မှာ လူတွေအများကြီးဘဲရေချုးိနေတာတွေ့တော့
    ကိုယ်တောင်ရေဝင်ချိုးချင်စိတ်ပေါက်လာပါတယ်.။
    လဲစရာ အဝတ်အပိုမပါလို့။
    ဓါတ်ပုံရိုက်မယ်လို့ စိတ်ကူးလိုက်တော့ မိန်းခလေးတွေပါရေချုိုးနေတာတွေ့တော့
    မရိုက်ဖြစ်လိုက်ပါဘူး။
    ဖရဲမရေ အဲဒီဓါတ်ပုံက နင်ရိုက်ရမှာလေ။

  • ဒီပိုစ်လေးက (6-6-2012)နေ့ထုတ် မန်းလေးအခြေစိုက်မြနန္ဒာ ဂျာနယ် အမှတ်(20)မှာ ပုံနှိပ်ပြီးပါကြောင်း

Leave a Reply