Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

တို့ကတော့ တိုးမှာဘဲ

snow whiteMay 17, 20121min62623

ယောကျင်္ားနဲ့မိန်းမယဉ်မောင်းတန်းတဲ့ခေတ်ဆိုတာတော့ မှန်ပါတယ်ဘယ်နေရာတွေယဉ်မောင်းတန်းနေလဲ တော့ တကယ်ကိုမသိပါ ကားစီးတဲ့အခါမှာတော့ ယဉ်မောင်တကယ် တန်းနေရပါတယ် ဘာလို့လဲဆိုတော့ သူတို့ကအရေးကြီးတယ်လေနေရာမရမှာဆိုးလို့ မိန်းကလေးတွေ ထက်တိုးတယ် နေရာမရရအောင်အရင်ယူတယ်တခါတလေ မိန်းကလေးတွေ သူတို့တွန်းလို်က်လို့ ချော်တောင်လဲပါတယ်   ညီမကိုယ်တွေ့တကယ်ကိုကြုံရတာပါ မိန်းကလေးတွေ  တက်လာတာမှအများကြီးဘဲ ကားထဲမှာလည်းလူတွေများကြီးဘဲ ဒါပေမယ့် ထိုင်ခုံမှာထိုင်တာအကုန်လုံးနီးပါး ကယောကျင်္ားလေးတွေထိုင်ခုံမှာထိုင်နေတာတွေ့တယ် ဘာပြောပြောပါသူတို့လည်းတနေ့လုံးအလုပ်လုပ်လာတာဆိုတော့ သူတို့လည်းပင်ပန်းလို့ ထိုင်ခုံရတဲ့ကားကိုစောင့်စီးတယ်  ဂိတ်ကနေစစီးတဲ့ယောကျင်္ားတွေလည်းရှိပါတယ် ဖြစ်ပျက်နေတဲ့ခေတ်ကိုပြောပြတာပါ ကားချပေးတာလည်းနည်းတယ် ပီးတော့ လိုင်းကားကလည်း နည်းတယ် ပျက် တဲ့ကားကလည်းများတယ် ညီမပြန်တဲ့လိုင်းကားနံပတ်က ၁၇၉ အဓိပတိ ပါ သန်လျင်လိုင်းပါ  တော်တော်များများကလည်းပန်းဆိုးတန်းကားဂိတ်ကနေ စီးရပါတယ် ဒါပေမယ့် ညီမအလုပ်လုပ်လာတာ 6လနီးပါးရှိနေပါပီ တခါမှမိန်းကလေးတွေထိုင်ခုံမှာအပြည့်ထိုင်ဖူးတယ်ဆိုတာမရှိပါဘူး မိန်းကလေးတော်တော်များများကမတ်တပ်ရပ်ရတယ် ယောကျင်္ားလေးတော်တော် များများကတော့  ထိုင်ခုံမှာ အေးအေးဆေးဆေးထိုင်ခုံမှာ ထိုင်နေပေမယ့်  မိ်န်းကလေးတွေရဲ့ ထမင်းချိုင့်လေးတော့ ဝိုင်းဝန်းကူညီပေးစေချင်ပါတယ် ခရီးသွားမောင်နှမတွေတခရီးထဲသွားမယ့် သူချင်းတူတူဝိုင်းဝန်းကူညီစောင့်ရှောက်ကျပါစေလို့ ဆုတောင်းရင်းဒီပို့စ်လေးကိုတင်လိုက်တာပါ

23 comments

  • snow white

    May 17, 2012 at 12:54 pm

    ပို့စ်တင်တာယောကျင်္ားမကောင်းကြောင်းတွေဖြစ်နေရင် သည်းခံပေးပါနော် တကယ့်ကိုရေးတင်မိလိုက်တိုင်း ယောကျင်္ားမကောင်းကြောင်းတွေဖြစ်နေလို့ တကယ်အဖြစ်ပျက်ကိုတင်ပေးလိုက်တာပါ ညီမစီးတဲ့လိုင်းကားမှတကယ်ကိုကြုံတွေ့နေရလို့ ခံစားတင်ပြတာဖြစ်ပါတယ်

    • လူ ဟား

      May 17, 2012 at 2:49 pm

      အော်…စနိုး….သနားပါတယ်… ဒါလည်းယဉ်ကျေးမှုလိုဖြစ်နေပါပြီ.. အားနွဲ့လို့ဆိုပြီး ကိုယ်ချင်းစာ မပေးနိုင်ကြတော့ဘူးထင်တယ်။ ဒါပေမယ့် လူဟား ရန်ကုန်မှာ ကြုံခဲ့ဖူးတုန်းကတော့ မိန်းကလေးဆိုပြီး ထိုင်ခုံဖယ်ပေးမိပါတယ်… လူဟားကို ဖွံကြောင်တယ်ဆိုတဲ့ အကြည့်နဲ့ ကြည့်ကြတယ်ဗျာ။ခဏခဏ ဖြစ်ဖူးတာနော်။ တစ်ခါထဲ မဟုတ်ဘူး။ ဒါကြောင့် လူဟားလည်း နောက်ဆို အသက်ကြီးကြီး မိန်းမတွေလွဲလို့ မဖယ်ပေးတော့ဘူး။ လူဟား မှားလားကွယ်။ ကိုယ့်ကိုယ်ကို မသိတော့ပါဘူး။

  • Ch@vez

    May 17, 2012 at 12:57 pm

    ဟုတ်တယ်
    ယောက်ျားတွေ မကောင်းဘူး..
    အဲ့ဒါကြောင့် ကျုပ်ဆိုဒီဘဲတွေ ကို လုံးဝ မစဉ်းစားဘူး
    မိန်းမတွေဘဲ ကောင်းတယ် ..မိန်းမပဲ ယူမယ် …

    အာဟိ ဒက်ဂလောက်

    • Shwe Tike Soe

      May 17, 2012 at 4:08 pm

      ဟုတ်ပါတယ် မှန်ပါတယ် ထောက်ခံပါတယ် အားပေးပါတယ်… ယူမယ်ဟေ့ ယူမယ် မိန်းမယူမယ်.. ဟေ့ဟေ့ဟေ့

  • zarlay

    May 17, 2012 at 1:10 pm

    ထောက်ခံချက်ကကောင်းလှချည်လား သူ့အတွက်ချည်းပဲ

  • snow white

    May 17, 2012 at 1:15 pm

    စိတ်ညစ်တယ် ကိုယ့်ကိုယ်ပိုင်ရေးပေမယ့် copy paste ဖြစ်နေလို့ညစ်တယ် သူကြီးရယ် ပြင်လို့ရရင် ပြင်ပေးစေချင်ပါတယ် စနိုးကိုယ်ပိုင်ဉာဏ်လေးနဲ့ရေးပေမယ့် copy pasteဖြစ်နေလို့ သူကြီးကူညီစေချင်ပါတယ်

  • ahnyartamar

    May 17, 2012 at 1:37 pm

    အင်း…သူ (ယောကျင်္ား) လည်းလေလော်ကီသားပေမို့..ထိုင်ချင်မှာပေါ့ စနိုးဝိူက်ရယ်………..

  • Khaing Khaing

    May 17, 2012 at 1:53 pm

    တကယ်တော့ ယောက်ျားလေးတွေနေရာရတာ ကောင်းတယ်လို့မှတ်ယူပေးပါ စနိုးရယ် ……. သူတို့က ကားပေါ်မှာ ထိုင်နေတာပိုအန္တရာယ်ကင်းတယ်လို့ မခိုင်ယူဆတယ် ယောက်ျားလေး ၁ ယောက်နေရာမရရင် မိန်းကလေး ၅ ယောက်လောက်ကိုဒုက္ခပေးနိုင်တယ် အသားချင်းထိ အရှေ့အနောက်ထိ အဟိ …….. မခိုင်စီးနေကြ ၂၀၉ ကားပေါ်မှာပါလာတဲ့ လူတစ်ယောက်ရှိတယ် သူကအမြဲတမ်း သမ္မတရုပ်ရှင်ရုံမှာဆင်းတယ် …….. ကားပေါ်မှာဆို အဲလူကကောင်မလေးတွေနားကိုပဲ လိုက်လိုက်ကပ်တယ် နေရာရလည်း မထိုင်ဘူး ….. မခိုင်က နေရာရတော့ သူဘာလုပ်နေတယ်ဆိုတာ နေစဉ်တွေ့နေကျ …… ဒီနားကကောင်မလေးဆင်းသွားရင် ဟိုနားကိုသွားတယ် ဒီနားမှာလူချောင်ရင် ဟိုနားကိုသွားတယ် …… ပြီးတော့လေ ပြီးတော့သူက ကောင်မလေးတွေရဲ့အနောက်မှာအမြဲနေတယ် နေရာရရင်တောင် သူများကိုထိုင်ခိုင်းတယ် တစ်ခါမခိုင်ကို သူ့နေရာဖယ်ပေးတယ် မခိုင်က မထိုင်ဘူး ရပါတယ်လို့ပြောလိုက်တယ် သူလိုလူနေရာရတာ မိန်းကလေးတော်တော်များများအတွက် အန္တရာယ်ကင်းပါတယ် …….. စနိုးလေးလည်း အမလိုပြောလေးစိတ်ထဲထားလိုက်ရင် ယောက်ျားတွေခုံမှာထိုင်နေတာကို ကျေနပ်သွားပါလိမ့်မယ်ကွယ် …….

  • nigimi77

    May 17, 2012 at 1:54 pm

    စနိုးဝှိုက်ရေ ။

    ညည်းပြောတဲ့ ” ယဉ်မောင်းတန်း ” တယ် ဆိုတာကို မနည်းကြီးကို

    စဉ်းစားရတယ် ။ “ရင်ပေါင်တန်း” ဒါမှ မဟုတ် ” ရင်ဘောင်တန်း ” လုပ်ပါကွယ်။

    • လူ ဟား

      May 17, 2012 at 2:54 pm

      ဟုတ်ပတော်.. နားလည်အောင် တော်တော်ဖတ်ယူရတယ်… နောက်တစ်ခုက ယောက်ျားလုပ်ပါ။ (ယောင်္ကျား မဟုတ်ပါဘူး)..။ ဒါလေးတော့ လူဟားရဲ့ဂွင်ဘဲ…။

  • jujuma

    May 17, 2012 at 2:06 pm

    လူတစ်ကိုယ်စိတ်တစ်မျိုးပေါ့လေ..
    သူတို့တွေလည်း အားနွဲ့မှာပေ့ါ …
    များလည်းထိုင်မယ်နော် .. 😀

  • ဗိုက်ကလေး

    May 17, 2012 at 2:45 pm

    အဲဒီယောက်ျားတွေထဲမှာအူးပေ အဆိုးဆုံး
    သူ ့ဗလကြီးမှ အားမနာ…လူအုပ်ထဲကို ငါးရှဉ်တိုးတိုးပြီးတော့ ခုံရအောင် ဦးတတ်တာကလား..

  • etone

    May 17, 2012 at 2:51 pm

    snow whiteရေ … ပို ့စ်ပါ အကြောင်းအရာအရ … ခရီးဝေးကားစီးရတယ်ထင်ပါတယ်နော် ။
    ခရီးဝေးတော့ … ကားစီးရတာ ညောင်းမှာပဲ … ဒီကြားထဲ လက်ထဲက အထုတ်ပိုးတွေ သယ်ထားလျှင်တော့ ပစ်ချချင်လောက်အောင ်စိတ်ညစ်စရာရယ် ။ မနက်ပိုင်းဆိုတော်သေးတယ် ညနေဘက်ရုံးဆင်းချိန်ဆို … လူပေါင်းစုံရဲ့ အနံ ့ပေါင်းစုံက အန်ထွက်ချင်လောက်အောင်ကို ခေါင်းနောက်တယ်မို့လား . … ။တွန်းသွား တိုက်သွားတဲ့လူတွေ ၊ ယိုင်သွားတဲ့ လူတွေကြား ကိုယ်တိုင်ယိုင်မလဲဖို့ အားတင်းထားရတာ … ပင်ပန်းတယ် ။ သံလျင်ဘက်ကိုသွားတဲ့ ကားတွေ … ရုံးတက် ရုံးဆင်းချိန်ဆို ကြပ်တာမို့ … ချောင်တဲ့ကားစီးဖို့ကလည်း မဖြစ်နိုင်ဘူးလေ … ။ ဒီကြားထဲ ခါးပိုက်နှိုက်ရန်ကလည်း ကြောက်ရသေး ၊ ထောက်လှန်းရေး ရန်က ကြောက်ရသေးဆိုတော့ … ကားစီးရတဲ့အချိန်တွေက စိတ်အညစ်ရဆုံး အချိန်တွေဖြစ်မယ်ထင်တယ်နော် … ။ တွေးကြည့်ရုံနဲ့ …. ကိုယ်ချင်းစာပါတယ် … ။

    စနိုးဝှိုက်ရေ … ခရီးဝေးကို မတ်တပ်ရပ်စီးလျှင် လူတိုင်းထိုင်ချင်တာ သဘာဝပါ ။ ညောင်းမှာ စိုးတာအပြင် အထက်မှာပြောခဲ့တဲ့ ဒုက္ခတွေ မခံချင်တာကြောင့်ပါပဲ … ။ ဒီခေတ်မှာ ယောကျာ်းလေးရော ၊ မိန်းကလေးရော အပြင်ထွက် အလုပ်လုပ်ရပါတယ် …ကာယအား ၊ ဉာဏအား .. သန်ရာသန်ရာ အသုံးပြုရင်း အလုပ်လုပ်ကြရတယ် ။ တစ်နေ့တာ အလုပ်ခွင်ရဲ့စိတ်ဖိစီးမှု ၊ စီးပွားရေးအခြေနေပူပန်မ၊ှု ၊ ကျန်းမာရေး ၊ ရာသီ ဥတုတွေအရ … ကိုယ်လက်မအီသာတာမျိုး ၊ ကိုက်ခဲ ညောင်းညာတာမျိုး ၊ စိတ်ဖိစီးတာမျိုး ဖြစ်တတ်တယ် …. ။ ဒီတော့ ယောကျာ်းလေးတွေလည်း ထိုင်ချင်ရှာမှာပါ … ။ မိန်းမမို့လို့ အားနွဲ့တယ်ဆိုတဲ့ ခံယူချက်မျိုး ရှိနေလျှင် … ဖျောက်လိုက်ဖို့ တိုက်တွန်းချင်ပါတယ် ။ ကျွန်မတို့ မိန်းမတွေကို … အရင်က ဒီလိုမျိုး သတ်မှတ်ပြီး နေရာမပေးချင်ကြဘူး ။ အိမ်တွင်းပုန်းအဖြစ်ထားခဲ့ကြတယ် ၊ စာသင်ကြားခွင့် ၊ ပိုက်ဆံထွက်ရှာခွင့် ၊ အိမ်ထောင် ဦးစီးခွင့်မရကြဘူး … ။ ဒါမျိုးက လူတန်းစားခွဲခြားခြင်း ၊ လူ့အခွင့်ရေးပိတ်ပင်ခြင်းလို့ မြင်မိပါတယ် ။ မိန်းကလေးတစ်ချို့ကလည်း ကိုယ်ချောင်ထိုးခံရတာ ၊ လူ့အခွင့်ရေး အပြည့်ဝမရတာမို့ မမြင်ပါပဲ .. အားနွဲ့လို့ ဆိုတဲ့ စကားလုံးအောက်မှာ မှိုင်းမိနေကြတယ် ။ ဒါကြောင့် ဖြစ်ထွန်းသင့်သလောက်မဖြစ်ထွန်းပဲ … အိမ်တွင်းပုန်းနောက်လိုက်ဘဝနဲ့သာအချိန်ကုန်ခဲ့ရတာ …ကျွန်မတို့ရဲ့ အဘိုး ၊ အဘေးတွေလက်ထက်ကတည်းကပါပဲ … ။ ဆိုလိုတာက ..ယောကျာ်းလေးပဲဖြစ်ဖြစ် ၊ မိန်းကလေးပဲ ဖြစ်ဖြစ် … လက်နှစ်ဖက် ခြေနှစ်ဖက် ခေါင်းတလုံး ကိုယ်စီပါကြပါတယ် … ။ သူတို့လုပ်နိုင်လျှင် ကိုယ်လည်း လုပ်နိုင်ရပါမယ် ။ကျွန်မဆိုလိုတာက … အားနွဲ့လို ့ဆိုတဲ့ အကြောင်းပြချက်ကြောင့်တော့ .. သူတို့ အထင်သေးမခံချင်တာမျိုးပါ ။ မိန်းမဆိုတဲ့အမျိုးက … ခန္ဓာကိုယ်ဖွဲ့စည်းပုံအရသာ … အားနည်းချင်နည်းပဲ ..စိတ်ဓါတ်ရေးရာကြံ့ခိုင်မှုပိုင်းမှာတော့ ..ယောကျာ်းတွေနဲ့ ရင်ဘောင်တန်းနိုင်ဆိုတာ … သတိရစေချင်လို့ပါ ။

    စနိုးဝှိုက်ရေ ..ကျွန်မတို့လို အခြေခံ လူတန်းစား ၊ လခစားတွေအတွက်ကတော့ .. ကားဈေးတွေ ဘယ်လောက်ကျကျ … ဝယ်နိုင်ဖို့ အဝေးကြီးမှာပါပဲ … ။ ဒါကြောင့် မဖြစ်မနေ လိုင်းကားစီးရတယ်ပေါ့ … ။ အရေးတကြီးသွားစရာရှိတာမျိုး ၊ သက်တောင့်သက်သာသွားချင်တာမျိုးဆိုလျှင်တော့…ပိုက်ဆံ ပိုကုန်ခံပြီး ကားငှားစီးတယ်ပေါ့လေ … ။ လိုင်းကားစီးနေသရွေ့တော့ ဒီလို ပြသနာတွေ ကြုံရလေ့ရှိပါတယ် ။ လိုင်းကားပေါ်မှာ ထိုင်ခုံက ဦးရာလူစနစ်ဖြစ်တာမို့ …. ကိုယ့်ရှေ့ကခုံလွတ်သွားလျှင် ယောကျာ်းလေးရော မိန်းကလေးရော ဝင်ထိုင်ခွင့်ရှိပါတယ် … ။ ကိုယ့်ရှေ့ကမဟုတ်ပါပဲ သူများ ရှေ့ကဟာကို ကိုယ်က ကျော်ခွပြီး လုထိုင်တဲ့အပြုမူကသာ ယောကျာ်းလေးဖြစ်ဖြစ် ၊ မိန်းကလေးဖြစ်ဖြစ် ရှက်ဖို့ကောင်းတာမျိုးပါ ။ ထမင်းချိုင့်ကိုင်မပေးတာ ၊ ပေးတာတော့ သူ့ ဆန္ဒအရပေါ့လေ … ။ တစ်ချို့ကလည်း .. ခြင်းကိုင်ပေးတာ အားနာမှုကို အခွင့်ကောင်းယူပြီး ပစ္စည်းပျောက်တယ် ခိုးတယ် စသဖြင့် စွပ်စွဲတာတွေတွေ့ဖူးတယ် …အဲ့ဒါမျိုးတွေကြောင့်လို ထင်ပါတယ် … ။ ဒီတော့ စနိုးဝှိုက်ရေ … လောကဓံမို့ … ကြံ့ကြံ့ခံမယ်ဆိုတဲ့ စိတ်မျိုးထားပြီးပဲ .. ကားစီးရချိန်တွေကို ကျော်ဖြတ်ပါလို့ အကြံပေးလိုက်ချင်ပါတယ်နော် ။ 🙂

  • etone

    May 17, 2012 at 3:15 pm

    လိုင်းကားပေါ်မှာ အကူညီပေးချင်သူတစ်ယောက်ရဲ့ အကြောင်းနဲ့… အကူညီပေးတာကို ကျေးဇူးမတင်တတ်သူတစ်ယောက်ရဲ့အကြောင်းကို ရေးခဲ့ဖူးပါတယ် … ဒီလိုအဖြစ်တွေကြောင့် နောက်ပိုင်း ကူညီမယ့် စိတ်တွေ ၊ စာနာမှုတွေပျောက်သွားတယ်လို့ ထင်ပါတယ်နော် … http://myanmargazette.net/53764/creative-writing/short-story (အားနာသင့်တဲ့ နေရာမှာ အားနာပါ ) ဆိုတဲ့ ပို့စ်လေးပါပဲ … ။ 🙂

  • snow white

    May 17, 2012 at 4:03 pm

    ဘာလိုလိုနဲ့စနိုးမန်းဂေဇက်ရွာလေးထဲရောက်တာ ၃လတောင်ရောက်နေပါပီ အမှားလေးတွေလည်း ပြင်ပေးကျ ဆုံးမကျမို့ ကျေးဖူးတင်ပါတယ် တကယ်ပြောတာပါ ညီမအသက် 22ထဲမှာပါ ငယ်သူဘဲဖြစ်ဖြစ် ကြီးသူဘဲဖြစ်ဖြစ် ညီမ ကိုသွန်သင်ဆုံးမပေးပါ ညီမဉာဏ်မီသလောက်လေးကို ရေးပြတာပါ ပို့စ်တင်တာလည်း၃ခုဘဲရှိသေးပါတယ် စာတော်တော်များများလည်းလိုက်မဖတ်ရသေးပါဘူးး အမှားများရှိတယ်ဆိုလည်း ပြောကျပါရန်တောင်းဆိုအပ်ပါတယ်

    • etone

      May 17, 2012 at 4:48 pm

      snow white ရေ … ၂၂ ဆိုလျှင်တော့ ကျွန်မထက် လေး ၊ ငါး ၊ ဆယ်နှစ်လောက် … ဟီး … ငယ်ပါတယ် ။ ဒါဆို ညီမလေးပေါ့ … ။

      ရွာထဲမှာ လွတ်လပ်စွာရေးသား ဖော်ပြခွင့်ရှိပါတယ် ။ ကိုယ့်ရဲ့ စိတ်ကူးစိတ်သန်းအရ … ကြိုက်သလို ရေးသားခွင့်ရှိပြီး ၊ ဆွေးနွေးခွင့်လဲရှိလို့ … အားသန်ရာကို ဆက်ရေးပါလို့ … တိုက်တွန်းပါတယ်နော် … ။ ဒီရွာထဲမှာ ဘယ်သူက ဘယ်သူကိုမှ မဆုံးမကြပါဘူး … ။ …ကိုယ်ပိုင်အယူဆကို ဆွေးနွေးကြတာလောက်ပဲ ရှိတာပါ … ။ ရင်းတွင်းဖြစ်စာတွေ များများရေးနိုင်ပါစေလို ့ … ဆုတောင်းပေးပါတယ်နော် … ။

  • Shwe Tike Soe

    May 17, 2012 at 4:11 pm

    ဟုတ်တယ် ဟုတ်တယ် မအိတုံပြောသလိုပဲ.. ကူညီပေးတာကို ဘာလိုလို တုန်ပြန်တတ်တဲ့ မိန်းခလေးတွေ ရှိနေတော့
    ဒီကကောင်တွေက ဘုမသိဘမသိနဲ. ဘာလိုလို အထင်ခံရတော့ မကူညီရဲတော့ဘူးလေ….

    အင်း မစနိုးရေ. ရဲရဲတင်းတင်းကူညီတတ်တဲ.ယောင်္ကျားလေးတွေ နဲ.တွေ.မှပဲ ထိုင်တော့နော်…
    ဒါမှမဟုတ် ကားပါမစ်သွင်းပြီး ကိုယ်ပိုင်ကားမောင်း ရုံးတတ်နိုင်ပါစေလို. ဆုတောင်းပေးရတော့မှာပဲ…

  • zaw min

    May 17, 2012 at 4:13 pm

    အင်း…အဲဒီကိစ္စအတွက် သမ္မတရုံး ဝက်ဆိုင် ကိုသတင်းရေးသားတင်ပို့ထားပါတယ်။
    နောက်များ မကြာမှီ…ဒို့ များနိုင်ငံမှာ အလုပ်လုပ်တဲ့သူတိုင်း ကိုယ်ပိုင်ဝင်ငွေရှိသူတိုင်းကို အကြွေးစနစ်နဲ့ ကားတွေ၊တိုက်ခန်းတွေကို ရောင်းချပေးတော့မှာပါ…ဒါပေမယ့်လည်း….မျှော်တော်ရောင် ဘဝမှ လွတ်ချင်ပြီ။…

  • nayminkabyar

    May 17, 2012 at 9:59 pm

    ကျွန်တော်ကတော့ ထိုင်ခုံနေရာရရင် မြင်မကောင်းတဲ့ အထုပ်တွေ၊ချိုင့်တွေနဲ့ ကိုယ့်ရှေ့ရောက်လာရင် ကိုင်ပေးထားလိုက်တာပဲ။အဲနောက်လိုင်းကားပေါ်မှာ ကြုံဖူးတာတစ်ခု ပြောပြချင်တယ်။တစ်ခေါက်၅၁ ကားစီးပြီး မြို့ထဲကိုလာတုန်း အနောက်နားက အစ်မကြီးနှစ်ယောက် မှတ်တိုင်ဆင်းဖို့ထလာတော့ ဘေးကအဒေါ်ကြီးက “ဟဲ့ကောင်မလေး နှင့်ဆံပင်တွေဘာဖြစ်တာလဲ” လို့ မေးတာကြားလို့ကြည့်လိုက်တော့ အစ်မကြီးတစ်ယောက် ဆံပင်တွေက အောက်ကိုလျှောကျနေတာ အတော်များတယ်။အဲဒါမှ သူလည်းသူ့ဆံပင်တွေ ပြန်ကြည့်တော့ ပခုံးအပေါ်နားကနေ အဖြတ်ခံထားရတာ ကွက်တိကွက်ကျားနဲ့။ဆံပင်တွေ နှမျောစရာဗျာ တင်ပါးလောက်ရှည်တယ်။နောက်တစ်ယောက်လည်း သူ့ကိုယ်သူပြန်ကြည့်တော့ ခါးကျော်တဲ့သူ့ဆံပင်တွေက ကျစ်ဆံမြီးကျစ်ထားတာကို ပခုံးနားမှာပဲ တစ်ဝက်လောက် ပြတ်နေတာတွေ့ရတယ်။ငိုမဲ့မဲ့တွေဖြစ်ကုန်တာပေါ့ဗျာ။ကားကလည်းအဆင်းအတက်များ တော့ဘယ်သူမှန်းလည်း မသိတော့ဘူးလေ အဲဒီအတိုင်းပဲကားပေါ်က ဆင်းသွားကြရတာပေါ့ ။ရောင်းစားချင်လို့လား ၊မကျေနပ်လို့လား တော့မသိပါဘူးဗျာ။ရွာထဲက ဆံပင်ရှည်တဲ့ အစ်မတွေ၊ညီမတွေ လည်း လိုင်းကားစီးရင် သတိထားကြပါ၊နောက်လူတွေကိုလည်း သတိပေးကြပါလို့။

  • ကြောင်ကြီး

    May 18, 2012 at 10:47 am

    ဒေါ်ဂျီးအီးဒုံးဂို နမူနာယူထားကွဲ့…။ သူဂ ဘတ်စ်ကားစီရင်တောင် ဂျပန်ကင်ဒိုဓါးရှည်ဆောင် ထားသတဲ့..။

  • windtalker

    May 18, 2012 at 11:23 am

    ကားပေါ်မှာ အူးဗိုက်လို ငမူးနဲ့ တွေ့ရင် စနိုးလေး ပိုညစ်ရမယ်ကွဲ့။
    ဆိုတော့ ကိုပေ တို့မြို့ကို ပြောင်းနေဖို့ စဉ်းစားပါကွယ်။

  • King of Secrets (Bo Min)

    June 29, 2012 at 12:36 pm

    ပိုက်ဆံများများရှာ၊ တက်စီ စီး ဒါပဲရှိတယ်၊ မဟုတ်ရင်တော့ ငြိမ်နေလိုက်ပါတော့၊ ဘာမှ ပြောင်းလဲလာမှာ မဟုတ်ဘူး။

Leave a Reply