Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

အမေရိကန် စီးပွားရေးလုပ်ငန်းများ လာတော့မည်

လင်းဝေMay 18, 20121min55311

The presumption is that our oil and gas companies, our mining companies, our financial services companies are all now free to look for investments that can be mutually beneficial to Burma and to them.
SECRETARY CLINTON
ခွင့်ပေးလိုက်ပြီ ဖွင့်ပေးလိုက်ပြီ လျှော့ပေးလိုက်ပြီ
ဘာတွေဖြစ်လာနိုင်သလဲ။ လောလောဆယ် စပြီး ဖြစ်လာနိုင်တာတွေက ခရတ်ဒစ်ကဒ်တွေ သုံးလို့ရလာတော့မှာပါ။
Today, I am also announcing new steps to permit American investment in the country and export of U.S. financial services. These are the most significant adjustments to our previous policy that have been taken to date. The United States will issue a general license that will enable American businesses to invest across the economy, allow citizens access to international credit markets and dollar-based transactions.
SECRETARY CLINTON
နောက်ပြီး အမေရိကန်တွေ အလုံးအရင်းနဲ့ ရန်ကုန်ကို ရောက်လာတော့မယ်လို့ နားလည်မိပါတယ်။ အကျိုးအမြတ် စပြီးရှိမှာကတော့ All Nippon Airway (ANA) ဖြစ်ပါတယ်။ လာမယ့်သူများက US-Tokyo-Yangon လေယာဉ်ကို ဦးစားပေးသုံးကြမှာပဲလေ။ ဘန်ကောက်တစ်ဆင့်ကို သုံးချင်ကြမှာမဟုတ်ပါဘူး။

Now, these are important steps that will help bring the country into the global economy, spur broad-based economic development, and support ongoing reform.
We will be keeping relevant laws on the books as an insurance policy, but our goal and our commitment is to move as rapidly as we can to expand business and investment opportunities.

ဒီလိုမျိုး ချက်ချင်း ထပြီး အကျိုးပေးမယ့်သူတွေရှိသလို ဆက်ပြီး ကြီးထွားလာမယ့် တိုင်းပြည်စီးပွားရေးနဲ့အတူ အားလုံး ကောင်းကျိုးတွေရကြပါစေ။ သို့သော် ကြိုးစားဖို့ တော့ လိုမယ်ပေါ့ဗျာ။ ပျင်းရင် ဖျင်းရင် အမေရိက မှာတောင် မွဲစုတ်တဲ့ ဘဝပဲရမှာဆိုတော့ ကိုယ်ကြိုးစားမှ ကိုယ်ရမှာတော့ ပြောစရာမလိုဘူးထင်ပါရဲ့။
မြန်မာပြည်တွင်းက လူငယ်တွေလည်း အင်္ဂလိပ်စာကို ထပ်ပြီးကျိုးစားရင်း လုပ်ငန်းစွမ်းဆောင်ရည်မြှင့်တင်ထားကြဖို့လိုပါလိမ့်မယ်။ ဒါမှ အလုပ်အကိုင်ကောင်းတွေအတွက် မြန်မာလူငယ်တွေဟာ သင့်တော်တယ်မြင်သွားမှသာ အလယ်အလတ် စီမံခန့်ခွဲသူများကို အခြားနိုင်ငံတွေက တင်သွင်းလာတာ ကို တားဆီးနိုင်မှာဖြစ်ပါတယ်။

ဘာတွေဆက်ဖြစ်လာဦးမယ်ဆိုတာတော့ စိတ်ဝင်စားစရာ အလွန်ကောင်းပါတယ်။ တိုင်းပြည်နဲ့ လူမျိုး အမှန်တကယ်အကျိုးရှိမယ့် ရင်းနှီးမြုပ်နှံမှုတွေဝင်လာပါစေ။ လူထုအများအစုအတွက် အလုပ်အကိုင်အခွင့်အလမ်းတွေ ဖန်တီးပေးနိုင်ပါစေ။ ကောင်းမွန်တဲ့အဖွဲ့အစည်းတွေမှာ လုပ်ကိုင်ရင်း အဖွဲ့အစည်း စိတ်ဓါတ်၊ စည်းကမ်း နဲ့ မိမိကိုယ်ကို တန်ဖိုးထားမှုတွေကို လူများစုကြီးက သင်ယူပြီး မြန်မာ့လူ့အဖွဲ့အစည်းကြီး တန်ဖိုးမြင့်လာပါစေ။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီးက အထက်မှာပြောသလိုမျိုး ထပ်ပြောတာက
“ဒါ့ကြောင့်မို့ အမေရိကန်စီးပွားရေးလုပ်ငန်းရှင်တွေကို ကျွန်မ ပြောကြား လိုက် ပါတယ်။ အမေရိကန်စီးပွားရေး လုပ်ငန်းတွေ မြန်မာနိုင်ငံတစ်ဝှမ်းမှာ ရင်းနှီးမြုပ်နှံမှုတွေ လုပ်ဆောင်နိုင်မယ့် အထွေထွေခွင့်ပြုမိန့် တစ်ရပ် ကျွန်မတို့ ထုတ်ပေးမှာ ဖြစ်ပါတယ်။ ဒီလိုထုတ်ပေးလိုက်ခြင်းအားဖြင့် မြန်မာနိုင်ငံသားတွေဟာ နိုင်ငံတကာငွေးကြေးဈေးကွက်တွေ၊ ဒေါ်လာအခြေပြု ငွေကြေးလွှဲပြောင်းမှုတွေကို ဆောင် ရွက်နိုင်စေမှာ ဖြစ်ပါတယ်။

ဒါ့ကြောင့် အမေရိကန်စီးပွားရေးလုပ်ငန်းတွေ မြန်မာနိုင်ငံမှာ ရင်းနှီးမြုပ်နှံ ကြပါ၊ တာဝန်ကျေပွန်အောင် ဆောင်ရွက်ကြပါ၊ ကောင်းမွန်တဲ့အပြောင်းအလဲတွေကို ကိုယ်စားပြုပေးကြပါ၊ Good Corporate Citizen တွေ ဖြစ်အောင် လုပ်ပေးကြပါ၊ ကျွန်မတို့အားလုံး အတူတစ်ကွ လက်တွဲပြီး မြန်မာနိုင်ငံအတွက် အလုပ်အကိုင်တွေ၊ အခွင့်အလမ်းတွေ ဖန်တီးပေးကြပါစို့၊ မြန်မာနိုင်ငံပြုပြင်ပြောင်းလဲမှုတွေကို ထောက်ပံ့ကူညီကြပါစို့ လို့ ဒီကနေ့ ပြောကြားလိုပါတယ်။ ”

(နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်)
Good Corporate Citize ဆိုတာ စောစော က ပြောတဲ့ အဖွဲ့အစည်းကောင်းတွေက သင်ပေးလိုက်တဲ့ ကောင်းမွန်သော အခြေခံစိတ်ဓါတ် နဲ့ တန်ဖိုးထားမှုတွေက မွေးဖွားပေးလိုက်တဲ့ နိုင်ငံသားကောင်း လူ့အဖွဲ့အစည်းဝင်ကောင်း ဖြစ်စေမယ့် ကိစ္စကိုပြောတာပါ။
ကဲ …. အားလုံးကောင်းကြပါစေသား။

11 comments

  • Ch@vez

    May 18, 2012 at 10:52 am

    အလယ်အလတ် စီမံခန့်ခွဲသူများကို အခြားနိုင်ငံတွေက တင်သွင်းလာတာ

    ဒီကနေစရအောင် ကိုလင်းဝေရေ …

    မလောက်ရင်တော့ အင်ပို့ လုပ်ကြရမှာပါပဲ …
    သီဟပူရ တီလုပ် မစ်ဒယ် မန်းနေ့ချ်မန့်တွေ အင်ပို့ လုပ်ကြမယ်ပေါ့ဗျာ …
    အပြန်အလှန်ပေါ့နော ..ကိုယ့်ဆီက အင်ဂျင်နီယာ အမျိုးမျိုး
    သူတို့ဆီကို အိပ်စပို့လုပ်နေတာ ကြာပီပဲဟာ …

    အာဟိ …
    ဒက်ဂလောက်…

  • ဗိုက်ကလေး

    May 18, 2012 at 11:00 am

    ဗဲဒီးဂွတ် သတင်း..
    အူးလေးပြောသလို အီးကို ပိုမိုနားလည်တတ်မြောက်အောင် လုပ်ထားရမယ်..
    အလုပ်အကိုင်အတွက် အရည်အချင်း ပြည့်မီအောင် လုပ်ထားရမယ်..
    လက်ကြောတင်းကြရမယ်..
    သစ္စာရှိရမယ်..
    မြန်မာ့အစွမ်း ကမ္ဘာလွှမ်းအောင် ပြရမယ်..
    အားလုံး လယ်ဒီလုပ်ထားကြ
    ပြောစရာတွေများကြီးပဲနော်..အူးလေး…
    သတင်းကောင်းအတွက် တင့်ခရုပါဗျား..

  • windtalker

    May 18, 2012 at 11:28 am

    နေ့စဉ် တရုတ် ပစ္စည်းတွေနဲ့ ရုံးကန်နေရတာကို ပြောင်းလဲချင်သူတွေ တန်းစီနေပါပြီ။

  • “”ဒါ့ကြောင့် အမေရိကန်စီးပွားရေးလုပ်ငန်းတွေ မြန်မာနိုင်ငံမှာ ရင်းနှီးမြုပ်နှံ ကြပါ၊ တာဝန်ကျေပွန်အောင် ဆောင်ရွက်ကြပါ၊
    ကောင်းမွန်တဲ့အပြောင်းအလဲတွေကို ကိုယ်စားပြုပေးကြပါ၊ Good Corporate Citizen တွေ ဖြစ်အောင် လုပ်ပေးကြပါ၊
    ကျွန်မတို့အားလုံး အတူတစ်ကွ လက်တွဲပြီး မြန်မာနိုင်ငံအတွက် အလုပ်အကိုင်တွေ၊ အခွင့်အလမ်းတွေ ဖန်တီးပေးကြပါစို့၊ မြန်မာနိုင်ငံပြုပြင်ပြောင်းလဲမှုတွေကို ထောက်ပံ့ကူညီကြပါစို့ လို့ ဒီကနေ့ ပြောကြားလိုပါတယ်။ ”
    (နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်)
    Good Corporate Citize ဆိုတာ စောစော က ပြောတဲ့ အဖွဲ့အစည်းကောင်းတွေက သင်ပေးလိုက်တဲ့ ကောင်းမွန်သော
    အခြေခံစိတ်ဓါတ် နဲ့ တန်ဖိုးထားမှုတွေက မွေးဖွားပေးလိုက်တဲ့ နိုင်ငံသားကောင်း လူ့အဖွဲ့အစည်းဝင်ကောင်း ဖြစ်စေမယ့်
    ကိစ္စကိုပြောတာပါ။”””
    ဒါလေးဖတ်ရတာကို သိပ်သဘောတွေ ့မိပါတယ်ဗျာ။

  • လင်းဝေ

    May 18, 2012 at 4:12 pm

    ဟူးဂိုးချာဗက်လား မောင်မောင်ဇာ လား

    ကိုယ်က မလုပ်နိုင်ရင်တော့ သူများတွေဝင်လာမှာပေါ့။
    အဲသလိုဖြစ်သွားရင် အလုပ်အကိုင်အခွင့်အလမ်းနည်းသွားတဲ့အပြင် တိုးတက်ကြီးပွားရေးလမ်းစ future career path ပါပိတ်သွားနိုင်တာမို့ပါ။ တတ်နိုင်သမျှ အင်ပို့လုပ်တာ နည်းစေချင်တာပါ။ ကိုယ့်လူတွေ ရနိုင်သမျှ ရပြီးမှ ပိုမှ လျှံမှ သူများတွေ ခေါ်သွင်းရတာကတော့ အဆင်ပြေပါတယ်။
    ကိုယ့်လူတွေက ဒုံရင်းပဲကျန်နေမှာ စိုးရိမ်မိလို့ပါ မစ္စတာချာဗက်ဇ်ရယ်။

    • Ch@vez

      May 19, 2012 at 6:32 pm

      အဲ့သည့် မစ်ဒယ်လ် မန်းနေ့ချ်မန့်မှာလည်း
      လုပ်သား လိုအပ်မှု (စီးပွားရေးတွေ များလာလေ ..) မလောက်မငှဖြစ်လာလေ
      ဖြစ်မယ်ပဲ ထင်တယ်ဗျာ ..မှန်တာပြောရရင် စိတ်ပူပါတယ်….

      သိတဲ့အတိုင်း exp ရှိပြီးသားတွေကျ ထွက်သွားကုန်ပြီ
      လက်တလော က ကျောင်းဆင်း လောက်ပဲ ရနိုင်မှာ ဆိုတော့…
      တင်သွင်းလာ လတ္တံ့သော ပေမီဒေါက်မီတွေကို ကျောင်းဆင်းတွေ မမီတဲ့အခါ…
      ပိုလို့ ပိုလို့ ..အလုပ်အကိုင် အခွင့်အလမ်း ပရီဖက်ရန်စ့် ကျဆင်းမှာ မဖြစ်စေလိုပါ

      ထွက်ကုန်ကြတဲ့ လူတွေ ပြန်ဝင်လာလောက်တဲ့ မက်လုံးမျိုး မရှိရင်တော့…
      ဆိုပြီး … စိတ်ပူမိရဲ့ဗျာ ….

      ဇဂါးအတင်းစပ် …
      ဆြာ middle management အကြောင်းလေး အားရင် ရေးပေးပါဦးဗျာ..
      သည်လူတွေသာ pivot, သည်လူတွေသည်သာ engine
      သည်လူတွေသည်သာ ကွင်းလည်ကစားသမားတွေလို့ ယုံတဲ့ ဂိုဏ်းထဲ
      ကျနော်လည်း ပါလို့ပါ..

      ခင်တဲ့
      Hugo Chavez မဟုတ်တဲ့ …
      မက္ကစီကန် ချာဗက်ဇ်….

  • Gipsy

    May 18, 2012 at 7:41 pm

    လေကန် ဝေဖန်ချည်းပဲလုပ်နေသူများကတော့ ဒုံရင်းပဲကျန်ရစ်ခဲ့မှာ…
    အတိတ်ကို အတိတ်မှာပဲ မထားခဲ့ပဲ ရလာတဲ့ သင်ခန်းစာလေးယူပြီး
    အနာဂါတ် ကို ကြိုဆိုကြပါစို့ရဲ့…။

  • zaw min

    May 18, 2012 at 9:35 pm

    မြန်မာလူမျိုးများ လည်ဖို့၊နပ်ဖို့ များစွာလိုအပ်ပါတယ်၊ မနုံအောင်၊မ အ အောင် လေ့လာမူများစွာလိုအပ်ပါမည်။ အခြေခံလူတန်းစားများ၊လူလပ်တန်းစားများ ကြိုးစားနိုင်တဲ့သူ၊အရေအချင်းရှိသူများ များစွာအောင်မြင်မူများရရှိနိုင်ပါမည်၊ ဘာသာစကား၊နားလည်တတ်ကျွမ်းမူများစွာလိုအပ်လာပါတော့မည်။
    ကမာ္ဘနဲ့ရှင်ပြီး ယဉ်ဘောင်တန်းနိုင်အောင်မိမိတို့ဘက်မှလည်း လိုအပ်သော ဝမ်းစာများ များစွာစုဆောင်းထားနိုင်ဖို့လိုအပ်ပေလိမ့်မည်။

  • MaMa

    May 19, 2012 at 10:31 am

    များသောအားဖြင့် မြန်မာပြည်ကလူတွေ မိသားစုလုပ်ငန်းတွေ၊ မိရိုးဖာလာ လုပ်ငန်းတွေလောက်သာ လုပ်လာကြတာဖြစ်ပါတယ်။ (ကိုယ်နဲ့နှိုင်းတာ)
    လုပ်ငန်းကြီးလုပ်ဖို့ အသိပညာ ဗဟုသုတ ခေါင်းပါးလှပါတယ်။
    နိုင်ငံတကာက ဝင်လာရင် (အသေးစား အလတ်စားဘဝကနေ ပြုတ်မသွားအောင်)
    ကာကွယ်ခုခံနှိုင်စွမ်းအားရှိအောင် ဝမ်းစာစုဆောင်းထားဖို့ နိုင်ငံသားတွေကို
    အခုကတည်းက သူ့အစုအဖွဲ့နဲ့သူ စုပေါင်းပြီး စည်းစနစ်တကျ ကြိုတင်လေ့ကျင့်လုပ်ဆောင်ကြဖို့၊ ကြိုးစားကြဖို့လိုပါလိမ့်မယ်။
    အဲဒီနေရာမှာ အဖွဲ့အစည်းအလိုက် ဦးဆောင်သူတွေဟာ စိတ်ကောင်းနှလုံးကောင်းရှိမှု၊့ ဉာဏ်အမျှော်အမြင်ကြီးမှု၊ တန်းတူညီမျှမှု … တွေ (နာယကဂုဏ်နဲ့ ပြည့်စုံသူတွေဖြစ်ဖို့) အထူးလိုအပ်ပါတယ်။
    မဟုတ်ရင်တော့…
    ထို့နည်းလည်းကကောင်း….
    ထို့နည်းလည်းကကောင်း…. တွေနဲ့ပဲ ကြုံကြရပြီး အောက်တန်းနောက်ကျမြဲ ကျနေကြရဦးမှာပါပဲ။ 🙁

  • amatmin

    May 19, 2012 at 10:42 am

    ရင်းနှီးမြုပ်နှံမှုတွေ ဝင်လာတာက ဝမ်းမြောက်စရာကြီးပါ..
    အခြေခံကောင်းရှိတဲ့သူတွေတော့ စံရမှာပါပဲ..
    အခြေမခိုင်ရင်တော့ ယိုင်မှာမို့…
    good citizen တစိတ်တပိုင်းဖြစ်အောင်တော့..
    လုပ်မှရတော့မည် ထင်ပဗျာ..

  • ဗိုက်ကလေး

    May 19, 2012 at 10:48 am

    အိပ်ငိုက်နေတဲ့ ဆရာသမားတွေကို ရေဖျန်း လန် ့နိုးအောင်လုပ်ပြီး ဒီသတင်းဖတ်ခိုင်းကြပါ

Leave a Reply