ယောကျင်္ားတစ်ယောက်ရဲ့ ဘဝသမိုင်းတစ်လျှောက် အပျော်ရွှင်ရဆုံး အချိန်
Russel Herman Conwell ရဲ့ Acres Of Diamonds ဆိုတဲ့ ဟောပြောချက်ထဲက အကြောင်းအရာလေး တစ်ခုက ကျွန်တော့်စိတ်ကို ကိုင်လှုပ်ခဲ့သွားစေခဲ့ပါတယ်။ အဲဒီစာအုပ်လေးကို ဆရာဖေမြင့်က ဘာသာပြန် ထုတ်ဝေဖူးပါတယ်။ စာအုပ်နာမည်က…..
အဲဒီဟောပြောချက်လေးက ဘာလည်းဆိုတော့ လူငယ်လေးတစ်ယောက်က သူ့ကိုမေးတယ်ပေ့ါဗျာ။ လူငယ်ဆိုတော့ လူငယ်အတိုင်း စိတ်ခံစားချက်ရှိသလိုမေးလိုက်တာ ဖြစ်ပါလိမ့်မယ်။ ဒီမေးခွန်းက အမျိုးသမီးတွေ အတွက်တော့ မသက်ဆိုင်ဘူးလို့ ထင်ရပေမယ့် တည့်တည့်ကို တိုးတာပါပဲ။ မေးတဲ့ မေးခွန်းလေးက
“ယောကျင်္ားတစ်ယောက်ရဲ့ဘဝသမိုင်းတလျှောက်မှာ
အပျော်ရွှင် ရဆုံးအချိန်ဟာ ဘယ်အချိန်ဖြစ်ပါသလဲတဲ့ ”
ဒီမေးခွန်းအတွက် ရပ်ဆယ်ကွန်းဝဲလ်က အချိန်ယူစဉ်းစားပြီးမှ အဖြေပေးနိင်ခဲ့ပါတယ်။ ဒီအဖြေလေးကို မဖြေခင် ကျွန်တော်တို့တွေ စဉ်းစားကြည့်ရအောင်။ ဘယ်လို အကြောင်းအရာတွေကများ ခင်ဗျားတို့ ဘဝတွေမှာ အကောင်းဆုံး ဖြစ်နိင်ခဲ့မှာလဲဆိုတာ။ ငယ်တုန်းက ၁ဝ တန်း အောင်စာရင်း ထွက်တဲ့အချိန်ကလား ၊ ထောင်ကထွက်တဲ့ အချိန်လား ၊ မင်္ဂလာဆောင်တဲ့ အချိန်လား ၊ သိန်းထီပေါက်တဲ့ အချိန်လား ၊ ဘုန်းကြီး ထွက်တဲ့ အချိန်လား ဆိုတဲ့ စကားတွေ အများကြီးပါ။
ရပ်ဆယ်ကွန်းဝဲလ်ကတော့ ဒီလိုလေး အဖြေပေးသွားခဲ့ပါတယ်……
“ လောကီလူ့ဘဝ လူသားတစ်ယောက်ရဲ့ ပျော်စရာအကောင်းဆုံး အချိန်ဟာ ကိုယ်လက်ထပ် ထိမ်းမြားခဲ့တဲ့ သတို့သမီးကို ကိုယ်ကိုယ်တိုင် ငွေကြေးနဲ့ ရှာဖွေထားတဲ့ ငွေကြေးနဲ့ ဝယ်ယူထားတဲ့
ကိုယ့်ကိုယ်ပိုင် အိမ်ဆီကို ခေါ်လာနိင်တဲ့ အချိန်ပဲ ”
အချစ်ဇနီး အသစ်စက်စက်လေးကို အိမ်ဆီကို ခေါ်လာမယ်။ အိမ်ရှေ့တံခါးဝနား ရောက်တဲ့အခါ ကိုယ့်အိမ်ကလေးကို ဂုဏ်ယူစွာနဲ့ပြပြီး “ အချစ်ရေ ၊ ဒါ ကိုယ်ဝယ်ထားတဲ့ အိမ်လေ ၊ ကိုယ့်စွမ်းကိုယ့်အားနဲ့ ကိုယ့်ဘာသာ ရှာဖွေ စုဆောင်းပြီး ဝယ်ခဲ့တဲ့ ကိုယ့်ကိုယ်ပိုင်အိမ်၊ အခုတော့ အချစ်အတွက် အိမ်ပေ့ါ ၊ ကိုယ်တို့ နှစ်ယောက်အတွက် သီးသန့်ကမ္ဘာလေးပေ့ါ ” ဘာညာစသည့်ဖြင့် ကျွန်တော်ပြောတက်ထက် အများကြီး လှပနုရွတဲ့ စကားလုံးတွေနဲ့ တဝကြီးပြောနိင်တဲ့ အချိန်။ ဒါဟာ “ ယောကျင်္ားတစ်ယောက်ရဲ့ ဘဝမှာ ဂုဏ်သရေ အရှိဆုံး အချိန် ၊ တကယ့်ကို ဝမ်းသာကြည်နှုးဆုံး အချိန်ပဲတဲ့။
သူက ဒီအကြောင်းကို ဘာကြောင့်ထည့်သွင်း ဟောပြောရလဲဆိုတော့ လူငယ်တွေကို ကြိုးစားချင်တဲ့စိတ်ကို ဖြစ်ပေါ်အောင် အနီးကပ်ဆုံး ဆွဲဆောင်မှုအရာတွေထဲက အချစ်ဆိုတာနဲ့ စပ်လျဉ်းပြီး ပြောပြသွားတာလို့ ကျွန်တော်ကတော့ ယူဆမိပါတယ်။ ဇာတ်လမ်းကတော့ အဲဒီမှာ ပြက်သွားပြီလို့ ထင်ခဲ့တာ။ သူက ဘာထပ်ပြောလဲဆိုတော့
ကွန်းဝဲလ်က သူဌေးသားတွေကို သနားတဲ့ သူတစ်ယောက်ပါ။ ဒီနေ့ခေတ် သူဌေးသားတစ်ယောက်ဟာ ဘဝရှေ့ရေးတော်တော်ဆိုးတယ်။ သူဟာ သူဌေးသားတစ်ယောက် ဖြစ်တာကြောင့် လူ့ဘဝမှာ ဘယ်ဟာ အကောင်းဆုံး ဘယ်ဟာ အရေးကြီးဆုံးဆိုတာ သူမသိနိင်ပါဘူးတဲ့။ သူ့မှာ သိနိင်စရာ အခြေအနေ မရှိပါဘူးတဲ့။
အပေါ်မှာ ပြောခဲ့သလို သူဌေးသားမှာ အဲဒီလို အတွေ့အကြုံ ရနိင်စရာ မရှိပါဘူးတဲ့။ အဲဒီလို ဝမ်းသာလှိုက်လှဲရတဲ့ အရသာမျိုး သူမခံစားနိင်တော့ဘူး။ သူလက်ထပ်ပြီးတဲ့ အချိန်မှာ သူ့ဇနီးကို သူများတွေထက် ပိုကောင်း ပိုခမ်းနားတဲ့ အိမ်ကြီးမျိုးဆီတော့ ခေါ်သွားနိင်မှာပေ့ါ။ အမှတ်တမဲ့ကြည့်ရင် အိမ်တစ်ဆောင် မီးတပြောင် ထားနိင်တဲ့ လူပေ့ါ။ အိမ်ထဲ ဝင်သွားတော့လည်း အဖိုးတန် ပစ္စည်းတွေချည်းပဲ။
ဒါပေမယ့် ဒါတွေပြပြီး သူဘယ်လို ပြောရမလဲ….
“ မိန်းမရေ ၊ ဒါက အမေဝယ်ပေးထားတာလေ ၊ ဒါကလည်း အမေပဲ။ အဲ…ဒါကတော့ အဖေဝယ်ပေးတာ။ အဖေ့လက်ဆောင်ပေ့ါ။ ဟောဒါကတော့ အမေ့ကို ဝယ်ခိုင်းရတာ ”
တဖြည်းဖြည်းနဲ့ သူ့မိန်းမစိတ်မှာ သူ့ကိုယူမယ့်အစား သူ့အမေကို ယူလိုက်ချင်တော့တယ် ဆိုတာမျိုး တွေးလာတော့တယ်။ ကွန်းဝဲလ်က သူ…သူဌေးသားတွေကို သနားတယ်ဆိုတာ အဲဒါပဲတဲ့။ မိဘက မြှောက်စား ၊ လိုလေသေးမရှိ လုပ်ကိုင်ပေး ၊ လိုတာထက်ပိုဆင်ပေး ၊ ကြာတော့ ပေါကြောင်ကြောင် ဖြစ်လာတယ်။ ဘယ်လိုဝတ်ရမှန်းမသိ ၊ ဘယ်လိုနေရမှန်းမသိ ၊ ဘယ်လိုပြောရမှန်း မသိ၊ လူကြည့်လိုက်ရင် မြောက်ကြွမြောက်ကြွနဲ့ ။ လက်တွေက အောက်မကျဘူး ၊ ကြွနေတယ်တဲ့။
ကွန်းဝဲလ်ကတော့ လူငယ်တွေကို ကြိုးစားချင်စိတ် ရှိအောင် သူတွေ့ကြုံခဲ့ရတဲ့ အတွေ့အကြုံတွေထဲက ဖြစ်ရပ်တွေနဲ့ သူတို့ခေတ်က အခြေအနေမျိုးနဲ့ နှိုင်းယှဉ်ပြီး ဟောပြောသွားတယ်လို့ ကျွန်တော် ထင်မြင်မိပါတယ်။ အင်မတန်ကောင်းပါတယ်။ ကျေနပ်အားရမိပါတယ်။ လူငယ်တွေအတွက် အိမ်ထောင်ပြုမယ်ဆိုရင် ကျွန်တော်ကတော့ ကွန်းဝဲလ်ရဲ့ အဆိုကို မျက်လုံးမှိတ်ပြီးတော့ကို ထောက်ခံပါတယ်လို့ ပြောကြားရင်း……။ 🙂
ရွှင်လန်းချမ်းမြေ့ကြပါစေ…
4 comments
Thaw Zin Loikaw
June 18, 2010 at 4:48 am
ကောင်းလိုက်တာဗျာ သေချာတာပေါ့ ဘဝမှာ ကိုယ်ပိုင်ပိုက်ဆံနဲ့ ကိုယ့် ကြိုးစားမှုနဲ့ ရရှိလာတဲ့ အချိန်တွေဟာ အပျော်ရွှင်ရဆုံးအချိန်တွေပါပဲ
ပိုက်ဆံရှိချမ်းသာပြီး မိဘဆီကလက်ဖြန့်တောင်းနေမယ့်အစား ကိုယ့်ကိုယ်ပိုင်ဝင်ငွေနဲ့ ကိုယ့်ဘဝတစ်ခုကို တည်ထောင်ကြည့်လိုက်ပါလား။ ချစ်တာတစ်ခုတည်းသိပြီး မိဘပိုက်ဆံနဲ့ ဘဝတစ်ခုတည်ထောင်မယ့်အစား ကြိုးစားကြလိုက်ပါလားဗျာ။ ဘာကြောင့် သည်လိုပြောရလဲဆိုတော့ ခုလူငယ်တွေ ဘဝတစ်ခု အိမ်ထောင်တစ်ခုကို လွယ်လွယ်လေး တည်ဆောက်ကြပြီး မိဘတွေစိတ်ဆင်းရဲ့နေကြရလို့ပါ…။ ကိုယ့်ဘဝရဲ့ အပျော်ရွှင်ဆုံးအချိန်တွေကို ပိုင်ဆိုင်ရရှိကြပါစေ။ မြင်တတ်ကြပါစေ။
လင်းဝေကျော်
June 18, 2010 at 5:08 am
ယောကျာင်္ကောင်းဆိုတာ ဒီလို အိမ်ထောင်အပေါ်၊ မိသားစုပေါ် တစ်စုံတစ်ခုလုပ်ပေးနိုင်ရပါမယ်။
ဒီလိုပါပဲ လူ့အဖွဲ့အစည်းအတွက်လည်း လုပ်ပေးနိုင်ကြပါစေ။
မြန်မာလူငယ်တွေ စိတ်ကူးတွေထဲမှာ တိမ်တွေလို လေလွင့်မနေစေချင်ပါ။
thantzinhtut
June 22, 2010 at 3:02 pm
မျှော်လင့်တာပဲ။ ဖြစ်လာမလားလို့။ 5ဝ မှတော့ အချစ်ရေလို့ မခေါ်ချင်ဘူး
khaizin
August 28, 2010 at 5:05 pm
အဲ့လိုအိမ်ထောင်ဖက်မျိုးနဲ့..ရတဲ့မိန်းကလေးကတော့…
ကမ္ဘာပေါ်မှာကံအကောင်းဆုံးလို့ပြောလို့ရပြီနော်….