mgsaiDecember 1, 20151min23210
သူ့နာမည်က ဒေါ်ပြောင်းဖူး။ အားလုံးက ခေါ်တဲ့ နာမည်ပေါ့။ အသက်က ၄ရနှစ်။ ကလေးက ၄ ယောက်။ ယောက်ျားက အရက်သမား လေဖြတ်။ အလုပ်အကိုင်ကတော့ ကျောက်တော်ကြီးဘုရားမှာ မုန့်တီတို့ အသုပ်တို့ ရောင်းတယ်။ အရင်တုန်းက ပြောင်းဖူးပြုတ်ရောင်းတော့ အနားက ဈေးသည်အားလုံးက ဒေါ်ပြောင်းဖူးလို့ပဲ ခေါ်ကြတယ်။ တစ်နေ့ ကျောက်တော်ကြီးဘုရား ချစ်ချစ်နဲ့သွား၊ ဗိုက်ဆာလာတော့ အဲဒီဆိုင်လေးမှာ ထိုင်ဖြစ်တာပေါ့။ ထိုင်ဖြစ်တော့ ထုံးစံအတိုုင်းအသုပ်နဲ့ မုန့်တီမှာတာပေါ့။ အဲဒီမှာ ကလေးလေး နှစ်ယောက်က ပန်းကန်လေးတွေနဲ့ အစုံသုပ် ၁၀ဝ ဖိုးနှစ်ပွဲဆိုပြီးတော့ လာဝယ်ကြတာ။ ကျွန်တော်လဲကြည့်နေတာ အဲဒီအဒေါ်ကြီးရဲ့ ၁၀ဝ ဖိုးကလဲ ပုံမှန်ပွဲလောက်ပဲ သုပ်ပေးပြီးတော့ ဟင်းရည်ပါ အိတ်နဲ့ ထည့်ပေးနေတာ။ ကျွန်တော်က ကလေးတွေလဲပြန်ထွက်သွားရော ” အဒေါ်ကြီး ၁၀ဝ ဖိုးကလဲ များလိုက်တာ ” လို့ပြောလိုက်တာပေါ့။ ” အန်တီတို့ကလဲ တစ်ပွဲကို ၂၀၀ ရောင်းတာပါ။(အခြား အသုပ်ဆိုင်တွေ တစ်ပွဲကို သုံးရာကနေ ငါးရာအထိ ဈေးရှိပါသည်) […]

2-600x310.jpg

mgsaiNovember 30, 20151min1927
ပို့စ်တွေ မတင်တာကြာလို့ လာတင်ပြဇေ ကျွန်တော်ငယ်ငယ်က အ.လ.က(၉) ထောက်ကြန့်မှာ တက်ခဲ့ရတာ။ အဖေက ဝန်ထမ်းဆိုတော့ အိမ်ခဏခဏပြောင်းရတာ။ ထောက်ကြန့်မှာ ၆တန်း၊ရ တန်း တက်ခဲ့ရတာလေ။ အဲဒီကျောင်းကို သိတဲ့သူတွေလဲရှိပါလိမ့်မယ်။ ထောက်ကြန့်မရောက်ခင် ကျောင်းဂိတ်ဆိုတဲ့ ကားဂိတ်ကပါ။ ကျောင်းရဲ့ လိုကေးရှင်းလေးကိုလဲ နဲနဲမိတ်ဆက်ပေးပါရစေ။ ကျောင်းရဲ့ အနောက်ဖက်မှာတော့ စွန့်ပစ်သွားတဲ့ အနူဆေးရုံကြီး ခင်ဗျ။ လူလဲ တစ်ယောက်မှ မရှိဘူး (အခုတော့ သင်တန်းကျောင်းဆိုလား ဘာလားဖြစ်သွားပြီဆိုပဲ)။ ပြီးတော့ ဘောလုံးကွင်းကြီးရယ်။ တစ်မြို့လုံးကို မြင်နိုင်တဲ့ ရေစင်ကြီးလဲရှိတယ်။ ကျောင်းရဲ့ ဘေးမှာတော့ ကွင်းပြင်ကြီးတွေ (တစ်ခါတစ်ရံ ပန်းတွေ ဘာတွေလာစိုက်ကြသည်) ရယ် ပြီးတော့ ကျွန်းတောကြီးတစ်တောရှိတယ်။( အခုတော့ ကျူးကျော်တွေလားမသိ တောထဲအိမ်ဆောက်ထားကြတာ ကျူးတော ဖြစ်နေပါပြီ)။ အဲ့တုန်းက ကျွန်းတောကြီးဟာ လူသူမရောက်ပါဘူး။ အရမ်းထူထပ်တယ်။ အဲဒီကျွန်းတောကြီးနဲ့ သိပ်မကွာဝေးတဲ့နေရာမှာ ချောက်ကြီးရှိပြီး အောက်မှာ စမ်းရေတွေ ထွက်ပြီး ကြည်စိမ်းနေတာ။ ရေကလဲ လူတရပ်လောက်နက်တော့ ကျောင်းသားတွေ ရေသွားသွားကူးတဲ့ အိုအေစစ်လေးပေါ့။ ကျွန်တော်တို့ ရတန်းတက်တော့ ခေတ်စားတာက ဟယ်ရီပေါ်တာ ဇတ်ကား။ အဲ့ကားကို ကလေးတွေ အကုန် […]


yiwaiNovember 24, 20131min1334
“မိစ္ဆာစီးနင်းခံ ည” (ဝါ) “အမှောင်ငတ်သူ….” ———————————–   အရောင်တွေ မည်းနက်နေသည်လား။ အမည်းရောင်တွေလေပဲလား။ အမြင်အာရုံတစ်ခုလုံးသည် အမည်းရောင်၏ ဖုံးအုပ်ထားမှုအောက် ကျရောက်နေသည်။   “အရောင်တွေဆာလိုက်တာ”   ရေဆာသည်ဆိုသည့် ခံစားချက်လိုပင် သူယခု အရောင်တွေ ဆာနေသည်။ ကြည့်လေရာမြင်လေရာတိုင်းသည် အမည်းရောင်။ ပိန်းပိတ်အောင် ထူထပ်နေသည့်အမှောင်မဟုတ်။ အမှောင်အုပ်ဆောင်းအောက် ကျရောက်နေသည့် ကြက်တစ်ကောင်ပမာ ခံစားနေရသည်။ အောက်အီးအီးအွတ်ဟု ကြက်ကအော်လျှင် လူအများက ကြားနိုင်သေးသည်။ သူသည်ကော။ ဒီအမည်းရောင်အုပ်ဆောင်းအောက်က လွတ်ဖို့ ဘယ်လိုအော်ရမလဲ ဟု အပြင်းအထန်စဉ်းစားနေမိသည်။ ငှက်ဆိုသည်မှာ ပျံရင်းသေ၊လူဆိုသည်မှာ ကြံရင်းသေသတဲ့။ ရှေးခေတ်စာပေမှာ ဖတ်ခဲ့ဖူးသည်။ ယခု သူ အမည်းရောင်အုပ်ဆောင်းအောက် မနေချင်သည့်အတွက် ကြံစည်ရပေတော့မည်။ သူက လူကိုး။ …………….. “အရောင်တွေ ဆာလိုက်တာ”   […]


အင်းပိတောင်တွေပွင်နေပြီ ရုံးပိတ်ရက်ကိုရောက်ဖို. လိမ်ပိန်ပြီးတော့ စောင့်နေရတယ် ကြာရှည်လွန်းပါရဲ. နာရီ ရက်စွဲများရယ်… မန္တလေးကိုပြန်မယ်လို. စဉ်းစားကတည်းက ပျော်နေမိတယ် တစ်နှစ်တစ်ခေါက်တော့ မပြန်မဖြစ်ပြန်တယ်.. ဘယ်လိုပဲ မြို.ကြီး မှာ တိုးတက်နေပါစေ မန္တလေးမှာ ချစ်စရာကောင်းတဲ့ ဓလေ့လေးတွေ ရှိနေသေးတယ်ဗျာ… ရန်ကုန်နဲ.မျန္တလေးကို ယဉ်းကျေးမှုချင်း အရမ်းကွားသွားတယ်.. လူအချင်းချင်းဆက်ဆံရေးကအစပေါ့ဗျာ.. မန်းလေးမှာ ပိတောက်ပွင့်ရင် ဘယ်အိမ်မဆို တက်ခူးနေလို. တစ်ခက်နှစ်ခက် ဝင်တောင်းလို.ရတယ်.. သင်္ကြန်တွင်းဆို လူငယ်တွေက သင်္ကြန်မလည်ချင် ဥပုဒ်ဆွမ်းတော်ခံ ထွက်ပေးကြသေးတယ် .. ပြီးမှ ဆွမ်းထမ်းတွေကို ဥပုဒ်ဇရပ်ကို ပို.ပြီး မှ လည်ကြတာ အဲဒါလဲ ချစ်စရာဓလေ့တစ်ခုပေါ့.. ကျွန်တော်ဆို မန္တလေးပြန်ရောက်ရင် ဥပုဒ်ဆွမ်းခံကို မလိုက်မဖြစ်လိုက်တယ်.. ပျော်စရာလဲကောင်း ကုသိုလ်လဲရ သူငယ်ချင်းတွေနဲ. စကားပြောလမ်းလျှေ


ဗမာျပည္သားDecember 11, 20101min22013
ကျနော  ့ကောင်မလေးပါ ဟဲ..ဟဲ ကျနော်ယူမလို့ ဟီး..ဟီး ကျနော  ့ကောင်မလေးပါ ဟဲ..ဟဲ သူလေးကတော့ ကျနော  ့ ရဲ့တိတ်တခိုးချစ်နေရတဲ့သူလေးပါ  ဟဲ..ဟဲ သူလေး ကျောင်းသွားကျောင်းပြန်တိုင်း ငေးကြည့်နေရတာလဲ အမောပါပဲ ကိုယ်က ချိန်လိုက် လင်နောက်လိုက်…ဆိုသလိုပဲဖြစ်ဖြစ်နေတော့.. ဒီတခါတော့..အလွတ်မခံရအောင် . သူများတွေထက်ဦးအောင် မှတ်ထားတာပါ.ဟဲ..ဟဲ တော်တော်ချောတယ်ဗျ..ချစ်စရာလေး ဟီး .. အော် ..ဘယ်နှတန်းတက်နေတာလဲ ဘယ်ကျောင်းကလဲ ဟုတ်လား.. အင်း..ပြောပြမယ်လေ..ဒါပဲနော်ဟွန်း..ကျနော်မှတ်ထားတာ..လိုက်မကြိုက်ရဘူး.ဟဲ..ဟဲ သူလေးကျောင်းပြီးရင်ယူမလို့  ဟီး..ဟီး သူလေးကခုမှ မူကြို တက်နေတုန်းလေ..ဟီး..ဟီး


Shwe Zin USeptember 8, 20101min1287
ကျနော့် ဆောင်းပါးထိပ် ခေါင်းစဉ်စာသားလေး က ကျနော်တို့ရွာမှာ တခါက အမှန် တကယ်ဖြစ်ခဲ့ တာလေးပါ၊ ရွာကလေးကတော့ ပေါစိန် မလာနဲ့ ပိုင်စိ လာ ဆိုတဲ့ စကားလေးကြားလိုက်ရင် ဘာကို ရည်ရွယ် သလည်း ဆိုတာ သိကြပါတယ်။ ဥပမာဗျာ..ကျနော်တို့ နိုင်ငံမှာ ကူညီပါရစေ ဆိုရင် အားလုံး သိကြပါတယ်နော်၊ ကျနော်တို့ ကတော့  ဟဲ…ဟဲ အကူအညီ မတောင်းရဲ ပါဘူးဗျာ၊  ( ကြောက်.. ကြောက်တတ် လို့ပါ) အခုလည်း အဲဒီလိုပါဘဲ။ ကျနော် ရွာပြန်ရင်းနဲ့ ကြုံ့ ခဲ့ရတဲ့ ဖြစ်ရပ်မှန် လေးပါ၊  ပြန်လည် တင်ပြလိုက် ရပါတယ် ခင်ဗျား။ မှတ်မှတ်ရရ အဲဒီနှစ် ဆောင်းတွင်း က နှင်းကျချက် ကတော့ […]


khunmyomyatJune 18, 20101min1124
Russel Herman Conwell ရဲ့ Acres Of Diamonds ဆိုတဲ့ ဟောပြောချက်ထဲက အကြောင်းအရာလေး တစ်ခုက ကျွန်တော့်စိတ်ကို ကိုင်လှုပ်ခဲ့သွားစေခဲ့ပါတယ်။ အဲဒီစာအုပ်လေးကို ဆရာဖေမြင့်က ဘာသာပြန် ထုတ်ဝေဖူးပါတယ်။ စာအုပ်နာမည်က….. အဲဒီဟောပြောချက်လေးက ဘာလည်းဆိုတော့ လူငယ်လေးတစ်ယောက်က သူ့ကိုမေးတယ်ပေ့ါဗျာ။ လူငယ်ဆိုတော့ လူငယ်အတိုင်း စိတ်ခံစားချက်ရှိသလိုမေးလိုက်တာ ဖြစ်ပါလိမ့်မယ်။ ဒီမေးခွန်းက အမျိုးသမီးတွေ အတွက်တော့ မသက်ဆိုင်ဘူးလို့ ထင်ရပေမယ့် တည့်တည့်ကို တိုးတာပါပဲ။ မေးတဲ့ မေးခွန်းလေးက “ယောကျင်္ားတစ်ယောက်ရဲ့ဘဝသမိုင်းတလျှောက်မှာ အပျော်ရွှင် ရဆုံးအချိန်ဟာ ဘယ်အချိန်ဖြစ်ပါသလဲတဲ့ ” ဒီမေးခွန်းအတွက် ရပ်ဆယ်ကွန်းဝဲလ်က အချိန်ယူစဉ်းစားပြီးမှ အဖြေပေးနိင်ခဲ့ပါတယ်။ ဒီအဖြေလေးကို မဖြေခင် ကျွန်တော်တို့တွေ စဉ်းစားကြည့်ရအောင်။ ဘယ်လို အကြောင်းအရာတွေကများ ခင်ဗျားတို့ ဘဝတွေမှာ အကောင်းဆုံး ဖြစ်နိင်ခဲ့မှာလဲဆိုတာ။ ငယ်တုန်းက […]


khunmyomyatJune 10, 20101min1214
“ အဖေက လက်သည်းလည်း မညှပ်ဘူး။ တော်ပါပြီ….အဖေ့လက်ကြီးနဲ့ နှယ်ထားတာ မစားချင်ပါဘူး ” ၁၃ နှစ်သားမှာ ကျနော် အဲဒီလို အဖေ့ကို ပြန်ပြောတက်ခဲ့တယ်။ အဖေက ထမင်းစားခါနီးတိုင်း ဟင်းအနှစ်တွေနဲ့ ကောင်းအောင်လို့ ကျနော်တို့ မောင်နှမတွေကို နှယ်ကျွေးနေကြလေ။ အဖေ့ရှေ့မှာ မဟုတ်ရင်တောင်မှ အဖေ့ကွယ်ရာမှ ကျနော်တို့ မောင်နှစ်မ နှစ်ယောက် တစ်ယောက်နဲ့တစ်ယောက် ပြောကြပါသေးတယ်။ “ အဖေ့လက်တွေက ဆီချေးတွေ ၊ စက်ဆီတွေနဲ့ အမြဲပေနေတာပဲ။ ပြီးတော့ လက်သည်းလည်း မညှပ်ဘူး ..ရွံစရာကြီးနော်လို့ ” တီးတိုးတီးတိုးပေ့ါ။ တခါတခါ အဖေ ကြားတာလည်း ရှိတယ်။ အဖေ မကြားတာလည်း ရှိပါတယ်။ အဖေ့ကို ကျနော်တို့ မေးကြတယ်။ အဖေ “ ဘာလို့ လက်သည်း […]


manawphyulayMay 8, 20101min530
သူငယ်ချင်းများရဲ့ ကုသိုလ်အစုစုအတွက် အားလုံး သာဓုခေါ်လိုက်ကြရအောင်နော်။ ကျွန်မတို့သူငယ်ချင်းတွေ စကားပြောကြရင်းနဲ့ သူငယ်ချင်းတစ်ယောက်က ရွာသာကြီးစီးပွားရေးတက္ကသိုလ်မှာ ကျောင်းတက်ခဲ့တာဆိုတော့ သူကအရင်စပြောခဲ့တယ်… စိတ်ကျန်းမာရေးဆေးရုံကိုသွားလှူချင်တယ်တဲ့.. ဒါနဲပဲ သူငယ်ချင်းတွေ ကိုယ်တတ်နိုင်သလောက်လေးစုပီးတော့သွားလှူကြမယ်ပေါ့.. ကျွန်မကတော့ အွန်လိုင်းကသူငယ်ချင်းတွေရော ကိုယ့်လိုပဲ ဒါနလေးလုပ်ဖြစ်အောင်ဆိုတဲ့စေတနာနဲ့ သူငယ်ချင်းတစ်ချို့ကိုအလှူခံခဲ့ပါတယ်… ဒါနဲ့ပဲကျမအပါအဝင်သူငယ်ချင်း (10)ယောက် 7-3-2010(sunday) မှာ စိတ်ကျန်းမာရေးဆေးရုံကိုချီတက်ခဲ့ပါတယ်..  ဆေးရုံရောက်တော့ ရုံးခန်းမှာ စစ်စတာဒေါ်လဲ့လဲ့ဝင်းက အလှူငွေကိုလက်ခံယူပါတယ်.. ဂုဏ်ပြု မှတ်တမ်းပြန်လည်ပေးပါတယ်.. အရမ်းကို ဝမ်းသာကြည်နူးမိပါတယ်.. ဆေးရုံလာတက်တဲ့လူနာပေါင်း (800) ကျော်ရှိတယ်လို့ပြောပါတယ်.. အမျိုးသားဦးရေ (500)ကျော် နဲ့ အမျိုးသမီးဦးရေ (200)ကျော် တက်ရေ​ာက်ကုသနေတယ်လို့ စစ်စတာဒေါ်လဲ့လဲ့ဝင်းက ပြောပါတယ်… လာရောက်တက်ကြတဲ့လူနာတွေထဲမှာ အမျိုးသားများက အရ​က်ကြောင့်လာတက်ကြတာလဲများတယ်ပြောပါတယ်… စစ်စတာဒေါ်လဲ့လဲ့ဝင်းက လူနာများနေတဲ့ အဆောင်များကိုလိုက်ပြပေးပါတယ်.. အမျိုးသားဆောင် ရောက်တော့ သူတို့ကို တံခါးပိတ်ထားတာတွေ့ရတော့ စိတ်ထဲကမှာ တော်တော်လေး […]


khunmyomyatApril 28, 20101min1398
လူငယ်သည် တိုင်းပြည်၏ အနာဂတ် ဖြစ်သည်။ “ ယနေ့လူငယ်…နောင်ဝယ် လူကြီး ” ဆိုသည့် မြန်မာ စကားပုံ ရှိသော်လည်း အသက်ကြီး၍သာ လူကြီး ဖြစ်သွားပြီး ပညာရင့်ကျက်ခြင်း ၊ စိတ်ထားပြည့်ဝခြင်း အစရှိသည့် အချက်အလက်များဖြင့် ပြည့်စုံလုံလောက်ခဲ့ခြင်း မရှိခဲ့ကြပါ။ တိုင်းပြည်၏ အနာဂတ်သည် လူငယ်များ၏ လက်ထဲတွင် မှီခိုနေသည်ဟု လူကြီးများက မည်သို့ပင် ပညာပေး ဆုံးမစေကာမှု..ကျွန်တော်တို့ မြန်မာလူငယ်များသည် အပျော်အပါးမပျက် ၊ အသောက်အစားမပျက် ရှိမြဲအတိုင်းသာ ရှိနေကြသည်။ မည်သူ့တွင် တာဝန်ရှိသနည်း။ အားလုံးတွင် တာဝန်ရှိပါသည်။ ၁ဝ တန်းအောင် ကျောင်းသား တစ်ယောက်အတွက် ကျောင်းများတက်ရောက်ရန် အခွင့်အလမ်း ရှိသော်လည်း ဘွဲ့ရ တစ်ယောက်အတွက်မှု အလုပ်အကိုင် ရရှိနိင်ရန် မြန်မာနိင်ငံ အနေဖြင့် ၁ဝ […]


khunmyomyatApril 28, 20101min894
ခေတ်မှီတိုးတက်သော ယနေ့ခေတ်ကြီးတွင် ကျွန်တော်တို့ အခက်အခဲ မျိုးစုံကြုံကြရသည်။ အတွေ့အကြုံ မျိုးစုံ ရကြရသည်။ ဝေသနာ ပေါင်းစုံခံစားရသည်။ ပျော်ရွှင်မှုက ၁၀၀% မှာ ၃ဝ ပင်မပြည့်အောင် လူတိုင်းရရှိမှုနည်းကြသည်။ လူ့အဖွဲ့အစည်း၏ တိုးတက်မှု များပြားလာသည်နှင့်အမျှ ပြဿာနာ ပေါင်းစုံသည်လည်း စိန်ခေါ်လာပါတော့သည်။ အထူးသဖြင့် ယခုခေတ်အချိန်အခါလို စီးပွားပျက်ကပ်ကြောင့် တစ်ကမ္ဘာလုံး အုပ်အော်သောင်းနင်း ငွေကြေး ရှာဖွေမှု ကြပ်တည်းနေချိန်တွင် လုပ်မိလုပ်ရာတွေ လုပ်ကိုင်ကုန်ကြသည်။ စားဝတ်နေရေး ခက်ခဲမှု၏ ဒုက္ခကြောင့် လူတို့သည် ပိုက်ဆံကို အချိန်နှင့် တပြေးညီ ရှာဖွေရခြင်းကြောင့် ကိုယ်ရော စိတ်ပါ ပင်ပန်းနေခဲ့ကြသည်။ ထိုရှာဖွေမှုတွင် အဆင်ပြေသွားတာလည်း ရှိသည် ၊ အဆင်မပြေနေတာလည်း ဖြစ်နိင်သည်။ ဘာပဲဖြစ်ဖြစ် ထို့အတွက် စိတ်အနည်းနှင့် အများတော့ ညစ်ကြရသည်။ ထိုအခါလူသည် […]