Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

နဂရိုင်းမယ်တော်၏ အညှိး-၂

may flowersMay 22, 20121min138720

ဆိုခဲ့ပြီးသလို နှစ်၂ဝ ကျော်လောက်နေထိုင်လာခဲ့ပြီး ချိန်မှာတော့ကိုသာဆောင်ရဲ့ အိမ်

လေးဟာ တော်တော်ပဲပျက်စီးလာပါတယ်။ အရင်လိုရိုးမတောထဲ သွားပြီးသစ်ကို ခုတ်

ချင်တိုင်းခုတ်လို့မရတော့တဲ့အပြင် သားသမီးတွေကလည်းအပြိုင်းပြိုင်းအရွယ်ရောက်

ကြီးပြင်းလာကြသလို သူတို့ရဲ့ကျောင်းစရိတ်၊ အဝတ်စားစရိတ် ၊ စားစရိတ်တွေနဲ့ တင်

အနိုင်နိုင်မိသားစု ဘဝကိုရပ်တည်နေရတဲ့  အခြေအနေမို့ ဒီနှစ်တော့ဘယ်လိုမှ

အိမ် ကိုပြန်ဆောက်ဖို့မဖြစ်နိုင်တာမို့ကိုတင်ဆောင်က  သူ့မိန်းမကိုတိုင်ပင်ပါတယ်။

”ငါတို့ ဒီနှစ်တော့အိမ်ပြန်မဆောက်နိုင်လောက်ဘူးထင်တယ်…အိမ်ကလည်းလုံးဝကို

နေလို့မရလောက်အောင်  ပျက်စီးနေတော့ ..ငါတို့ရွာထဲမှာရှိတဲ့ ..အမေတို့အိမ်ဘေးမှာ

အဖီလေးထိုးပြီး..တစ်နှစ်လောက်နေကြရအောင်ကွာ..နောင်နှစ်အိမ်ပြန်ဆောက်ပြီးမှ

ပြန်ပြောင်းကြတာပေါ့…”လို့ပြောတော့ ကိုသာဆောင်မိန်းမကလည်းကောင်းပြီပေါ့လေ။

ဒီအကြံကလွဲလို့  ဘာမှမတတ်နိုင်တာလည်းသူမအသိဆိုတော့ကာ။ ဒီတစ်နှစ်လောက်

ယောက္ခမအိမ်မှာ ခိုကပ်နေပြီးနောက်နှစ်လောက်မှ စုဆောင်းပြီးအိမ်သစ်လေးပြန်

ဆောက်နေတော့မယ်လေလို့တွေးပြီး မိသားစုလိုက်ရွာလယ်မှာရှိတဲ့ ကိုသာဆောင့်

မိဘများအိမ်ဘေးလေးမှာ အဖီလေးထိုးပြီးကုပ်ကပ်နေဖို့ဖြစ်လာတာပါပဲ။ တောရွာတွေ

မှာ ကလည်းအိမ်တိုင်းလိုလိုမှာ ကိုးကွယ်ရာဘုရားစဉ်လေးဘေးတွေမှာ အိမ်တွင်းနတ်

နဲ့ ရိုးရာနတ်ဆိုပြီး ရှိကြ ထားကြပါတယ် ။ အဖိုးအဘေး၊ အဖေအမေ လက်ထက်ကစ

ပြီး ကိုးကွယ်လာကြတော့  ကြမ်းခုနစ်ချောင်းရှိရင် အိမ်မည်တာကြောင့်အိမ်တွင်းနတ်

တော့ရှိကိုရှိရမယ်ဆိုတဲ့အယူအဆနဲ့  မျိုးရိုးစဉ်ဆက်ကိုးကွယ်လာတဲ့နတ်ကိုလည်း

ဆက်လက်ကိုးကွယ်ရမယ်ဆိုတဲ့  အယူအဆကြောင့်အိမ်တိုင်းလိုလိုမှာ အိမ်တွင်းနတ်နဲ့

ရိုးရာနတ်တော့အနဲလေးရှိကြတဲ့အိမ်ချည်းပါပဲ။ တစ်ချို့အိမ်တွေဆို ရိုးရာနတ်နဲ့အိမ်တွင်း

နတ်အပြင် ၃ရ မင်းနတ်ဆိုပြီးအကုန်ကိုးကွယ်ကြပါသေးတယ်။ ဘုရားစင်မှာသာ ဘုရား

ပန်းမလန်းရင်ရှိမယ် တစ်နှစ်စာစုဆောင်းမိသမျှှ နတ်နှစ်တိုင်းကရတဲ့ ရိုးရာနတ်တွေက

လည်းရှိပြန်ပါသေးတယ်။

 

ဆိုခဲ့သလိုပါပဲ  ကိုသာဆောင်ရဲ့အိမ်မှာလည်း  အိမ်တွင်းနတ်အပြင်ကို မိဘရိုးရာအဖြစ်

နဂရိုင်းမယ်တော် ကျွဲခေါင်းပုံနဲ့နတ်ကို ကိုးကွယ်ထားပါသေးတယ်။ အဲဒီအိမ်ကနေရွာထဲ

ကအိမ်ကို ပြောင်းမယ်ဆိုတော့  ဒီနတ်ပုံတော်တွေကိုပါပင့်သွားဖို့ ကိုသာဆောင်စဉ်းစား

ပေမဲ့ နောင်နှစ်အိမ်ပြန်ဆောက်မယ်လို့ရည်ရွယ်ထားတာကြောင့်တစ်ကြောင်း၊  မိဘအိမ်

ဘေးမှာအဖီလေးထိုးနေရမှာဆိုတော့ သားသမီးငါးယောက်နဲ့ကျပ်ကျပ်တည်းတည်းနေ

ရမှာတစ်ကြောင်း ၊ အိမ်ကလည်းသီးသန့်မဟုတ်ပဲ မိဘတွေနဲ့ကပ်နေတာဆိုတော့ မိဘ

တွေအိမ်မှာကိုးကွယ်ထားတာ ငါကိုးကွယ်တာနဲ့တူတူပါပဲလေတစ်အိမ်ထဲနေကြတာပဲလို့

တွေးမိတာကတစ်ကြောင်း၊ အဲလိုမျိုးအကြောင်းကြောင်းလေးတွေရယ်ကြောင် အိမ်

ဟောင်းမှာရှိတဲ့ ဘုရားကားချပ်လေးသာ ခွာယူလာခဲ့ပြီးကျန်တဲ့နတ်စဉ်တွေမှန်သမျှ

ဒီအတိုင်းထားခဲ့ပြီး  ပြောင်းရွှေ့လာခဲ့ကြပါတယ်။

 

ဒါပေမဲ့ တစ်နှစ်ပဲနေမယ်လို့ဆုံးဖြတ်ပြီး မိဘရဲ့အိမ်ဘေးအဖီလေးမှာ ကပ်နေခဲ့ကြတဲ့ကို

သာဆောင်တို့ မိသားစုဟာ အိမ်လေးကိုပြန်လည်ပြင်ဆင်နိုင်ခြင်းမရှိပါပဲ သုံးနှစ်သုံးမိုး

တိုင်အောင်ကြာခဲ့ပါတယ်။ ကိုသာဆောင်တို့ အိမ်လေးဟာလဲ ပြုပြင်နေထိုင်သူမရှိပဲ

ပျက်စီးသထက်ပျက်စီး ယိုယွင်းသထက်ယိုယွင်းလာခဲ့ပါတော့တယ်။ ရွာထဲကမိဘအိမ်

ဘေးအဖီလေးမှာနေတာ သုံးနှစ်လောက်ကြာလာချိန်တစ်ညမှာတော့ ကိုတင်ဆောင်က

သူ့မိန်းမကို ထူးထူးဆန်းဆန်းစကားတစ်ခွန်းပြောပါတယ်။

”မိသေး…ငါဟာ..ညကအိမ်မက်မက်တာ..ကြောက်စရာကောင်းလိုက်တာ”

”ဘာအိမ်မက်မို့လို့လည်း. ….ဒီလောက်လန့်နေရတာလည်း….တော်ကလဲ..ယောက်ျား

မဟုတ်တဲ့အတိုင်းပဲ” လို့ သူ့မိန်းမကပြန်ပြောတာပေါ့။ ဒီတော့  ကိုတင်ဆောင်က ခေါင်း

မှာကျွဲခေါင်းကြီးဆောင်းထားတဲ့ မိန်းမတစ်ယောက်က  သူ့ကိုနီရဲနေတဲ့မျက်လုံးတွေနဲ့

ဘာမှမပြောပဲ စိုက်ကြည့်နေကြောင်းနဲ့  သူအိပ်နေရာကလန့်နိုးသွားတာတောင် အဲဒီမိန်း

မရဲ့ မျက်လုံးရဲရဲတွေကိုမြင်မိနေကြောင်းပြောပါတယ်။ မိသေးကလည်းသွေးလေခြောက်

ခြားလို့ မက်တာနေမှာပါတော်လို့ ပေါ့ပေါ့ပဲပြန်ဖြေပြီး ဆက်အိပ်နေလိုက်ပါတော့တယ်။

ဒါပေမဲ့ ဒီအိမ်မက်ကိုပဲ ကိုတင်ဆောင်မကြာမကြာမက်တတ်လာပါတယ်။ အိမ်မက်မက်

တိုင်း အိမ်မက်ထဲမှာ ခေါင်းပေါ်မှာကျွဲချိုပုံသဏ္ဍန်နဲ့  အမျိုးသမီးတစ်ယောက်က ဘာစ

ကားမှမပြောပဲ သူ့ကိုနီရဲတဲ့ မျက်လုံးတွေနဲ့စိုက်ပြီးကြည့်နေခဲ့ပါတယ်။ ကြာတော့ ကို

တင်ဆောင်လည်း ရိုးသလိုဖြစ်သွားတာကြောင့်ဘာမှတောင် ထူးပြီးစိတ်ထဲထားမနေ

တော့ပါဘူး။

 

တစ်နေ့တော့ ကိုတင်ဆောင်လှည်းတိုက်တဲ့အလုပ်နဲ့ရိုးမတောထဲကိုသွားရပါတယ်။ ရွာ

မှာရှိတဲ့ လှည်းသမားဖော်တွေနဲ့ ကိုတင်ဆောင်အပါအဝင်လှည်းဆယ်စီးဟာ ရိုးမထဲမှာ

ဝါးတိုက်ဖို့အတွက် ညနေစောင်းကတည်းက ပဲခူးရိုးမတောထဲကိုဝင်ခဲ့ကြပါတယ်။ ဝါး

ခုတ်သမားတွေခုတ်ထားတဲ့ ဝါးတွေကိုကျွဲတွေနဲ့မဟူရာ ချောင်းထိရောက်အောင်ဆွဲယူ

ပြီး မဟူရာချောင်းထဲကမှတဆင့် ငမိုးရိပ်ချောင်းကိုဝင် ၊ ထိုငမိုးရိပ်ချောင်းကမှတဆင့်

ဖေါင်ကြီးမြို့အထိရောက်အောင် ဝါးဖောင်တွေလုပ်ပြီးမြှောချလာတာပါ။ နောက်ဖေါင်ကြီး

မြို့ကမှတဆင့်သက်ဆိုင်ရာမြို့အဆင့်ဆင့်ကို  ကားတွေနဲ့သယ်ယူပို့ဆောင်ကြပါတယ်။

ကိုတင်ဆောင်တို့လို ကျွဲနဲ့ဆွဲပေးရတဲ့သူတွေကတော့ ချောင်းဖျားမှာတင်အလုပ်ပြတ်ကြ

ပါတယ်။ အဲဒီနေ့က ဝါးတော်တော်များတာကြောင့်တစ်နေ့ထဲနဲ့ မပြီးနိုင်တာပဲ ကိုတင်

ဆောင်တို့ ကျွဲသမားတစ်သိုက်ဝါးခုတ်သမားတွေနေတဲ့ တဲမှာပဲတစ်ညအိပ်ဖို့ ဆုံးဖြတ်

လိုက်ကြပါတယ်။ တောထဲဆိုတော့ နေပျောက်မထိုးတာကြောင့်ညနေစောင်းလာတာနဲ့

တော်တော်အေးလာကြပါတယ်။ အဲဒါနဲ့ ညနေ၆ နာရီလောက်အလုပ်သိမ်းကြပြီးဝါးခုတ်

သမားတွေရဲ့တဲမှာ ဝါးခုတ်သမားအုပ်စုနဲ့ ကိုတင်ဆောင်တို့အုပ်စု စကားလေးပြောပြီးမီး

ပုံလေးဖိုလို့ ရောက်တတ်ရာရာစကားလေးတွေထိုင်ပြောနေကြပါတယ်။ အဲဒီအချိန်မှာပဲ

ဖူး..ဖူး ” ဆိုတဲ့နှာမှုတ်သံပြင်းပြင်နဲ့အတူ တဲအပြင်ဘက်က ဝါးခုတ်သမားတစ်ယောက်

ရဲ့ အော်ခေါ်သံစူးစူးကိုကြားရတော့တာပါပဲ။

”ကိုတင်ဆောင်..ကိုတင်ဆောင်..ခင်ဗျားကျွဲတွေ …အချင်းချင်းခပ်နေကြပြီ..ခပ်နေကြပြီ”

အမှန်တော့  ကိုတင်ဆောင်ရဲ့ကျွဲတွေဟာသန်မာပြီး အခြားကျွဲတွေထက်ပိုပြီး  ရန်လို

တတ်တာကြောင့်  အခြားကျွဲတွေနဲ့အတူတူရောမထားရဲကြပါဘူး။  ဒါပေမဲ့နှစ်ကောင်

ချင်းတော့တဲ့ကြတာမို့  အခြားကျွဲတွေနဲ့တူတူမထားပဲ သူတို့နှစ်ကောင်ကိုတော့တူတူ

ချည်ထားလိုက်တာပါ။ ချည်တယ်သာဆိုတယ် သူ့ကျွဲနှစ်ကောင်ကို  ကိုတင်ဆောင်

တင်းတင်းရင်းချည်ထားတာတော့မဟုတ်ပါဘူး  လှုတ်သာပြုသာအောင်လျော့ရဲရဲ

သာချည်ထားခြင်းပါ။ ဝါးခုတ်သမားရဲ့ ကျွဲနှစ်ကောင်ခတ်နေပြီလို့ အော်ပြောသံကြား

တော့ ကိုတင်ဆောင်တောင်တော်တော်လေးအံ့ဩသွားပါတယ်။ သူ့ကျွဲနှစ်ကောင်က

အခြားသူနဲ့သာ ဗိုလ်မထားပဲရန်စောင်တတ်ပေမဲ့လို့  အချင်းချင်းတော့တော်တော်တဲ့

တာသူသိနေလို့ပါပဲ။  အဲဒါနဲ့မယုံချင့် ယုံချင်နဲ့တဲပြင်ဘက်ကိုထွက်ပြီးကြည့်လိုက်တော့

အပြင်းအထန် ခေါင်းချင်းဆိုင်ခတ်နေကြတဲ့ သူ့ရဲ့ကျွဲနှစ်ကောင် ဂါးကြီးနဲ့ဂါးလေးကိုတွေ့

ရတော့တာပါပဲ။

20 comments

  • may flowers

    May 22, 2012 at 8:00 pm

    အပိုင်း-၂ ကိုတစ်နေ့ထဲအပြီးရေးပြီးတင်ပေးလိုက်ပါတယ်။ အပိုင်း-၃ ကိုနောက်နေ့ဆက်ဆက်တင်

    ပေးနိုင်အောင်ကြိုးစားရေးပါ့မယ်ရှင်။

    • စိတ်ဝင်စားဖို ့ကောင်းနေပီ။နဂရိုင်းမယ်တော် ဝင်ပူးပီထင်ပါတယ်။
      ————-
      ကျနော် ကျောင်းသားဘဝ အညာဖက်ရောက်တော့ အိမ်တိုင်းလိုလိုမှာ
      နတ်စင်တွေ အများသားပါ။ဘုရားစင်က သိမ်ငယ်နေရတယ်။ဒီကိစ္စကို
      ကျနော် နည်းနည်းလေးမှ သဘောမကျပါ။နတ်ဆိုတာ လူထက် နိမ့်ကျ
      ပါတယ်။

  • may flowers

    May 22, 2012 at 8:17 pm

    အယ်…အပေါ်ကဘာလို့ critic ကြီးမှားနှိပ်မိပါလိမ့်။ ဘယ်သူ့ကိုမှ ဝေဖန်တာမဟုတ်ပါဘူးနော်။ မှားပြီး

    နှိပ်လိုက်မိတယ်ထင်တယ်။ ဟီးးး… ဝေဖန်ရေးဆရာ မဟုတ်ပါ..လေကန်တတ်သူတစ်ယောက်သာဖြစ်

    ပါဂျောင်း…။

  • windtalker

    May 22, 2012 at 10:40 pm

    ပိုပြီးစိတ်ဝင်စားလာတာပေါ့ဗျာ။ ကျွဲနှစ်ကောင် ဘာဆက်ဖြစ်မလဲ ဆိုတာ စောင့်နေပါမယ်။

  • may flowers

    May 22, 2012 at 10:54 pm

    အားပေးတဲ့အတွက်ကျေးဇူးပါ ကိုပေရေ။

  • kai

    May 23, 2012 at 7:03 am

    ကြည့်ရတာ ဇတ်ရှိန်တော့တက်လာပြီ..
    ဘင်လာဒင်ကို သတ်သွားတဲ့.. ဆီးလ်စ်(SEALs)တွေထက်သာမဲ့.. စူပါလေဒီထွက်လာတော့မယ့်သဘောရှိတယ်..

    နောက်ကြုံရင်.. အဲဒီနတ်ကိုပြောထားလိုက်..
    နေရာထိုင်ခင်း မပြင်ပေးလို့စိတ်ချိုးတော်မမူပါနဲ့လို့..

    အခု.. အီရန်သမ္မတသာ.. ညအိပ်တိုင်း. မျက်လုံးနီနဲ့အိပ်မက်ပြပေးလိုက်လို့..
    ၁ပါတ်ပဲတောက်လျှောက်လုပ်ပေးလိုက်.. ရွှေနန်းတော်.. စိန်နန်းတော်နဲ့..နေချင်တဲ့နေရာမှာ.. နေရမယ်လို့..

    အဆက်အသွယ်ချိပ်ပေးရင်.. ပွဲခတော့ ပေးပါလို့..
    များများမတောင်းပါဘူး.. ၁ဝပါစင့်ပဲ..။

    အာဟိ… 😆

    • Ch@vez

      May 23, 2012 at 10:44 am

      တော်ပြီလားဗျ
      နံကရိုင်း တပါးတည်း …

      အင်းနား သာတီဆဲဗင်း ကင်း
      အောက်တား သာတီဆဲဗင်း ကင်း
      စပါယ်ယာ သာတီဆဲဗင်း ကင်း

      ထွစ်ပ္ပါယ်ဝမ်း ကင်း တွေရှိတာ ….
      အဲ့သလိုသာ ချိတ်ပေးနိုင်မယ်ဆို
      တီလုပ်ပြည်တောင် ပြန်ဝယ်လို့ရနိုင်ရဲ့…

      :mrgreen:

      ဒက်ဂလောက်….

  • Mon Kit

    May 23, 2012 at 9:09 am

    ပိုပီး စိတ်ဝင်စား စရာကောင်းလာပီ..
    ဆက်လက်စောင့်မျှော်နေပါ့မယ်…

  • may flowers

    May 23, 2012 at 9:31 am

    ရပါတယ်သဂျီးရယ်…ချိတ်ပေးဆိုတော့လဲ…ချိတ်ပေးရတာပေါ့

    ဒါပေမဲ့..သဂျီးရမဲ့ထဲက…၅ဝပါဆင့်ခွဲပေးရမယ်နော်..အဟဲ။

    ကြုံတုံးလေး..ပွဲစားလုပ်လိုက်ဦးမယ်။

  • ကြောင်ကြီး

    May 23, 2012 at 10:47 am

    သဂျီးဂို သွားမစနဲ့နော်.. သူဂ ကိုဘေးနွားကင် ဈေးကြီးလို့ အစားရှာနေဒါ… နံကရိုင်းကျွဲကင် လုပ်ပစ်လိုက်လိမ့်မယ်။။ 😆

  • jujuma

    May 23, 2012 at 11:06 am

    ဆက်လက်စောင့်မျှော်..ဖတ်ရှု ခံစားးးးးး
    နောက်တစ်ပိုင်းက ဘယ်တော့ လာမှာလဲ… 😀

  • ညလေး

    May 23, 2012 at 11:19 am

    ဆက်ရန်မျှော်နေပါတယ်နော်……မမ….

  • မောင်ဘလိူင်

    May 23, 2012 at 11:19 am

    နံကရိုင်း မဟုတ်ဘူးလား ခင်ဗျ..ဒေါ်မေဖလားဝါး..
    မြန်မာတွေ(ဗမာ) နတ်ကိုးကွယ် ယုံကြည်မှုသမိုင်းဆိုတာ
    လေး ဖတ်ကြည့်သင့်သဗျ..။ မောင်သန်းဆွေ(ထားဝယ်)
    ရေးတာပဲ။ အတွင်း ၃ရ မင်း ၊ အပြင် ၃ရ မင်း ၊ ဝန်း ၃ရ မင်း
    ဆိုတာ ရှိတယ်။ ဝန်း ၃ရ မင်း ဆိုပေမဲ့လို့ တူရာတွဲထားတော့
    နတ် စုစုပေါင်း ၇ဝကျော် ရှိတာ..။ ဥပမာ ကိုးမြို့ရှင် နဲ့ ပုလဲယဉ်
    ကို တွဲထားသလိုမျိုး။ ပြည် ကန်တော် မောင်နှမ တို့ အစ ရှိသဖြင့်
    ပေါ့လေ။

  • may flowers

    May 23, 2012 at 11:51 am

    ဟုတ်ကဲ့ မောင်ဘလှိုင်ရေ နတ်အကြောင်းတော့မရင်းနှီးတာအမှန်ပဲ။ ကိုယ်တိုင်လည်း ဘာနတ်

    မှမကိုးကွယ်ဘူးလေ။ နတ်ယုံကြည် ကိုးကွယ်မှုသမိုင်းမဖတ်ဖူးဘူး။ ခုပိုစ့်လေးက တကယ်ဖြစ်ရပ်

    မှန်လေးကို တင်ပြချင်ယုံသက်သက်မို့နတ်အကြောင်း ဂဃနဏမသိပဲရေးမိတာတော့ဝန်ခံပါတယ်။

    အမှားကိုထောက်ပြတဲ့ မောင်ဘကြိုင်ကိုကျေးဇူးတင်ပါတယ်နော်။ နောက်ပိုစ့်မှာ နံကရိုင်းလို့ပြင်ရေး

    ပါ့မယ်။ ကျေးဇူးအထူးပဲတင်ပါတယ်ရှင်။

    မေဖလားဝါး

    • မောင်ဘလိူင်

      May 23, 2012 at 4:17 pm

      “အမှားကိုထောက်ပြတဲ့ မောင်ဘကြိုင်ကိုကျေးဇူးတင်ပါတယ်နော်။”
      ဟော..ပြောရင်း (အဲ) ရေးရင်း နဲ့ လုပ်ပြီ.. မောင်ဘလှိုင် ပါခင်ဗျ..
      ဘကြိုင် မဟုတ်ပါဘူး..

  • Thel Nu Aye

    May 23, 2012 at 2:22 pm

    စိတ်ဝင်စားစရာကောင်းလွန်းလို့ဆက်ရန်ကိုစောင့်မျှာ်လျှက်ပါ။

  • Rose Minn

    May 23, 2012 at 3:05 pm

    မေ ရေစောင့်နေတယ် နော် ဆက်ရေးပါ။ ဂါးကြီး နဲ့ ဂါးလေး ရန်ဖြစ်တာကြောင့် တပါးသူမထိခိုက်စေချင်ဘူးရယ်။

  • may flowers

    May 23, 2012 at 3:32 pm

    အားပေးဖတ်ရှုတဲ့အတွက်ကျေးဇူးပါ Mon kit ရေ၊၊

    ညလေးရေ ဆက်ရန်ကဒီနေ့ဆက်ဆက်တင်ပေးပါ့မယ်။

    မတတ်တတတ်နဲ့ လက်စွမ်းပြထားတဲ့ကိုယ့်ရဲ့ပိုစ့်ပေးကို စိတ်ဝင်စားလို့ကျေးဇူးပါ မThel Nu Aye ရေ။

    jujuma ရေဒီနေ့အပြီးရေးပြီး တင်ပေးပါ့မယ်။

    Rose Minn ရေ တတိယပိုင်းမှာ ဆက်ဖက်ကြည့်ပါနော်။

  • may flowers

    May 23, 2012 at 4:31 pm

    ဟီးးးး..ဆောတီး.ဆောတီး..မောင်ဘကြိုင်.(အဲ) မောင်ဘလှိုင်ရေ။

  • cobra

    May 23, 2012 at 7:19 pm

    အာာာာာ
    ဇာတ်ရှိန်တက်နေမှဖြတ်ချလိုက်ပြန်ပီ
    ကိုးရီးယားကားနဲ့တူနေတယ်။

Leave a Reply