Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

လျှပ်စစ်မီးနဲ့ သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှု (ဂေဇက်လွှတ်တော် ဆွေးနွေးခန်း)

ေမွာ္ဆရာMay 23, 20121min116671

[polldaddy poll=6252839]

အင်တာနက်ခေတ်ကြီးထဲမှာ မီဒီယာတွေတွင်ကျယ်လာတာတော့ အားလုံးအသိပါ … ။ ပုံနှိပ်ထုတ်ဝေဖို့ ဖြန်ချီဖို့ မလွယ်ပေမယ့် အင်တာနက်မှာ တက်ရောက်ရေးသား ဖြန်ချီဖို့က လွယ်ကူမြန်ဆန်နေတယ်..။အင်တာနက် သုံးတဲ့သူတွေကို နှစ်မျိုးနှစ်စားခွဲလို့ရပါတယ်..။ ပထမတစ်ခုက ရေးသားသူ ၊ နောက်တစ်ခုက ဖတ်ရှုသူ..(ချက်တင်ကြီးပဲ ထိုင်ချက်နေသူတွေတော့ သီးခြားထားပေါ့နော…)။ ပြေလည်နေရင်တော့ ဘာမှ ကိစ္စမရှိပါဘူး..။
ကျွန်တော်က အင်တာနက်ဆိုင်လေး ဖွင့်ထားတော့ အင်တာနက်သုံးစွဲသူ အများစုနဲ့ ထိတွေ့ဆက်ဆံနေရပါတယ်…။အဲဒီမှာ တစ်ခုတွေ့နေရတာက အင်တာနက်မှာ ရေးထားတယ်ဆိုလို့ရှိရင် မျက်စိမှိတ်ယုံတတ်သူ များပြားနေတယ်ဆိုတဲ့ အချက်ပါပဲ …။အပြင်လောက ထိတွေ့ဆက်ဆံရာမှာတောင် သူတစ်ပါးပြောတာကို ချင့်ချိန်ယုံရပါတယ်…။ဘယ်သူမှန်း ဘယ်ဝါမှန်း မသိတဲ့သူတစ်ယောက် အင်တာနက်ပေါ်မှာ ကိုယ်လိုရာဆွဲပြီးရေးသားထားတဲ့ အပြုအမူမျိုးကိုတော့ ရေးတိုင်းယုံသင့်မယုံသင့် စဉ်းစားစေချင်တယ် …။
ဒီတော့ ဒီဂေဇက်ဝက်ဆိုက်ကြီးကို လွှတ်တော် အစည်းအဝေးခန်းမကြီးလို့ သဘောထားလိုက်ပါ…။ဂေဇက်မန်ဘာများအနေဖြင့်လဲ မိမိကိုယ်ကို လွှတ်တော် ကိုယ်စားလှယ်များ အနေနဲ့ သဘောထားပေးပါ
ကျွန်တော် တတ်နှိုင်သမျှ ခေါင်းစဉ်လေးတွေခွဲ ခွဲပြီး အဆိုတင်သွင်း သွားပါ့မယ် …။ရေးသားရာမှာလဲ တစ်ဖက်ကို ဇောင်းပေးပြီး ရေးသားပါ့မယ် …။ စာဖတ်သူများအနေနဲ့ ကျွန်တော်ရေးသားထားတဲ့ အကြောင်းအရာကို လက်ခံနှိုင် မလက်ခံနှိုင် ၊ လက်ခံရင်လဲ ဘာကြောင့်လက်ခံတယ် .. မလက်ခံရင်လဲ ဘာကြောင့် မလက်ခံဘူးဆိုတာကို (ရွာသား အသစ်အဟောင်း မခွဲပဲ) ပွင့်ပွင့်လင်းလင်း ကွန်မန့်ပေးစေလိုပါတယ် …။
ဒီလိုရေးသားရာမှာ မိမိအမြင်ကိုသာလျှင် ရေးသားတင်ပြစေလိုပြီး မိမိအမြင်နှင့် ဆန့်ကျင်ရေးသားသူများအား တိုက်ခိုက်ခြင်း အပြစ်ပြောခြင်း ဆဲဆိုခြင်း ထင်မြင်ချက်ပေးခြင်း မလုပ်စေလိုပဲ ငြိမ်းငြိမ်းချမ်းချမ်း ဆွေးနွေးကြဖို့တော့ အထူး မေတ္တာရပ်ခံလိုပါတယ်..။ ကမှော့် အနေနဲ့ကတော့ ထောက်ခံသူနဲမည့်ဘက်ကပဲ အစဉ်တစ်စိုက် အဆိုတင်သွင်းမှာပါ ..။

ဒီတော့ ဒီလိုရေးသားခြင်းအားဖြင့် ၁။ ဗဟုသုတ တိုးပွားလာစေရန် ၂။ ကိုယ် ယုံကြည်ရာကို ဘယ်သူထောက်ခံခံ မထောက်ခံခံ တစိုက်မတ်မတ် ယုံကြည်တတ်စေရန် .၃။ စကားပရိယယ် ကြွယ်ဝစေရန် ၄။ စည်းရုံးသိမ်းသွင်းမှုအတတ်ပညာ မြင့်မားလာစေရန် ၅။ တိုင်းရေးပြည်ရာတွင် ယခုဂေဇက်မန်ဘာများ၏ အမြင်သည် အုတ်တစ်ချပ် သဲတစ်ပွင့် အနေဖြင့် ပါဝင်နှိုင်စေရန် ရည်ရွယ်ပါတယ် …။

ယခုပိုစ်မှာတော့ သဘာဝပတ်ဝန်းကျင် ကိုပဲ စောင့်ရှောက်ထိမ်းသိမ်းမလား ..။ အညစ်ညမ်းခံပြီး စွမ်းအင်တွေ ရယူမလားဆိုတာကို ဆွေးနွေးကြည့်ချင်ပါတယ် ..။ကျွန်တော်ကတော့ ထောက်ခံတဲ့သူနဲမယ် ထင်တဲ့ စွမ်းအင် ရအောင်ယူမယ်ဆိုတဲ့ အမြင်နဲ့ အဆိုတင်သွင်းပါပြီ ..။
သိတော်မူကြတဲ့အတိုင်း ကျွန်တော်တို့ တိုင်းပြည်ကြီးဟာ တခြားဒေသတွင်း နိုင်ငံတွေကို ရင်ဘောင်တန်းရုံမျှမက ကျော်တက်နှိုင်ဖို့ မျှော်လင့်ချက်ရောင်ခြည်တွေ သန်းလာပါပြီ ..။ဒါပေမယ့် အခွင့်အရေးဆိုတာ ကြိုတင်ပြင်ဆင်ထားသူတွေအတွက်ပဲ ရှိတာပါ ။။ ကျွန်တော်တို့နိုင်ငံအနေနှင့်လဲ ရရှိလာတဲ့ အခွင့်အရေးတွေကို ပိုင်ပိုင်နိုင်နိုင် အသုံးချနှိုင်ဖို့အတွက် ပြင်ဆင်စရာရှိတာတွေကို ကြိုတင် ပြင်ဆင်ထားဖို့လိုပါပြီ..။ဖွံ့ဖြိုးတိုးတက်မှုအတွက် အခြေခံအကျဆုံးက လျှပ်စစ်ပါ ..။ဘယ်သူမှ မငြင်းနှိုင်တာကတော့ မြန်မာနိုင်ငံမှာ လျှပ်စစ်မီးက လုံလောက်မှု မရှိဘူးဆိုတာရယ် လျှပ်စစ်မီးမလုံလောက်လို့ ကုန်ထုတ်လုပ်မှုစားရိတ်မြင့်မားပြီး ထုတ်ကုန်များ ဈေးကြီးလာတာရယ် လျှပ်စစ်မီးလုံလောက်ရုံမက ပိုလျှံအောင် ပေးသင့်ပြီ ဆိုတာရယ်ပါ ..။
သဘာဝပတ်ဝန်းကျင်ညစ်ညမ်းမှာစိုးလို့ ရေအား ၊ ထင်း ၊ ကျောက်မီးသွေး ၊ အနုမြူ တွေကို သုံးပြီး မထုတ်လုပ်ဖူးဆိုပေမယ့် အဲဒီလို မထုတ်လုပ်လို့ သဘာဝပတ်ဝန်းကျင် ပိုညစ်နွမ်းနေတယ်ဆိုတာ သိစေချင်တယ် ..။ မီးမလာလို့ ထင်းသုံးပြီး ထမင်းဟင်းချက်ရတာ … မီးစက်တွေ တမြို့လုံး သောသောညံအောင် နှိုးရတာ .. မီးစက်ကြောင့်ထွက်တဲ့ ကာဗွန်တွေ များလာတာ ထင်ရှားတဲ့ သာဓကတွေပါ …။
တိုးတက်ပြီးနိုင်ငံတွေ ကြည့်ရင် စွမ်းအင်အရင်းအမြစ်တွေ အကုန်ခံ ၊ သဘာဝပတ်ဝန်းကျင်တွေ အညစ်နွမ်းခံပြီး စွမ်းအင်ထုတ်ခဲ့ကြပါတယ် ..။ ဆိုးကျိုးတွေရှိခဲ့ပေမယ့် ကောင်းကျိုးက ပိုများနေတယ် ..။အဲဒီ့နိုင်ငံတွေကို မြန်မာလိုက်မှီဖို့ အလှမ်းဝေးနေတာရယ်… သဘာဝပတ်ဝန်းကျင်ကို ဖက်တွယ်ထားရင် စွမ်းအင်မရှိလို့ သဘာဝပတ်ဝန်းကျင် ပိုမိုညစ်နွမ်းလာတာ ..၊ သစ်တောတွေ ပြုန်းတီးကုန်တာ ကျွန်တော်တို့ နိုင်ငံမှာ တွေ့နေရပါပြီ …။ သစ်ထုတ်ရောင်းလို့ ဆိုတာကို ခဏထားပါ… သစ်မာတန်းမဝင်တဲ့ ဒီရေတောတွေ မီးသွေးဖုတ်လို့ ကုန်ပြီဆိုတာလဲ သိစေချင်ပါတယ်…။
ဒီတော့ ကျွန်တော်တို့ နိုင်ငံ အနေနဲ့ ဖြစ်တဲ့နည်းနဲ့ ( အနုမြူ ၊ ရေအား ၊ ကျောက်မီးသွေး စသည်ဖြင့် ) လျှပ်စစ်ကို ထုတ်သင့်နေပါပြီ ..။ လေထုညစ်နွမ်းတယ်ဆိုလဲ အဲယားကွန်းလေး ဖွင့်ပြီး အခန်းထဲမှာ နေနေရတာက အမှောင်ထဲမှာ မွန်းကျပ်နေရတာနဲ့ စာရင်တော့ နဲနဲတော်ဦးမယ် ထင်ပါရဲ့ ….။
(ယဉ်ကျေးမှုအမွေအနစ်ဖြစ်တဲ့ မြစ်ဆုံဆည်ကိစ္စနဲ့ အရင်းအမြစ်များအား တိုင်းတပါးသို့ ရောင်းချခြင်းအား ယခုပိုစ့်တွင် မဆွေးနွေးစေလိုပါ…။ သဘာဝပတ်ဝန်းကျင် နှင့် စွမ်းအင် ကိစ္စကိုသာ ဦးတည် ဆွေးနွေးစေလိုပါတယ်…။ အမြင်သစ်နှင့် ငြိမ်းချမ်းစွာ ဆွေးနွေးနှိုင်ကြပါစေ …။)

ကျွန်တော်တို့ နိုင်ငံမှာ နူကလီးယား စက်ရုံတွေ မရှိသေးဘူး
ဂျပန်မှာ အများကြီး ….
မြန်မာနိုင်ငံမှာနေမလား ဂျပန်မှာနေမလား
ကျွန်တော်တို့နိုင်ငံမှာ ကျောက်မီးသွေး စက်ရုံ မဖြစ်စလောက်
အမေရိကန်မှာ ကျောက်မီးသွေးစက်ရုံတွေက တသီတတန်း
(ဒါပေမယ့်) ပျမ်းမျှလူ့သက်တမ်း သက်တမ်းကတော့ အမေရိကန်တွေ အသက်ပိုရှည်ကြတယ် …
ဂျပန်မှာလဲ မနေချင်ဘူး … အမေရိကန်ကိုလဲ လှမ်းမမျှော်ချင်ဘူး …
ကိုယ့်ရွှေနိုင်ငံကိုသာ တိုးတက်အောင်လုပ်ဖို့ စိတ်ဆန္ဒရှိတယ် …။
ဝမ်းစာရေး မပြည့်လို့ နေပူထဲထွက် ကုန်ထမ်းရတာ ကျမ်းမာရေးနဲ့တော့ ဘယ်ညီပါ့မလဲဗျာ ..
ချမ်းသာချင်ရင် ချမ်းသာတဲ့သူတွေ လုပ်သလို လုပ်ရမယ် ….။
လိုအပ်နေတာ မီး ၊ ရှိကိုရှိရမှာ မီး ၊ တိုးတက်မှုအတွက် အခြေခံအဆောက်အအုံ …. မီး
အိုဇုန်းပေါက်လို့ သေရတာ … မီးလောင်လို့ သေတဲ့ မသာလောက် မများသေးပါဘူး ….
နူကလီးယား ဓါတ်ရောင်ခြည် မသင့်ခင်က … အပူဒဏ်ကြောင့် သေခဲ့တဲ့ တို့အဖိုး.. တို့အဖွားတွေ …။
ဖယောင်းတိုင်ဖိုး မတတ်နှိုင်လို့ စာကျက်ရခက် …. မီတာခ ဆို ဒီလောက် မကျပါဘူးတဲ့ …။
သူတို့ကျ ဆောက်ပြီး တို့ကျ အမှောင်ထဲ နေခိုင်းတဲ့ နူကလီးယား …..
တို့နိုင်ငံ ချမ်းသာမှာလား ….. လာထား …
ရွှေဂက်စ် ….ကျောက်မီးသွေး … ရေအား … တို့နိုင်ငံစနစ်နဲ့ ကိုက်ညီမလား …
လာထား ….
မြေအိုးကို ခွဲပြီး ရွှေအိုးကို ယူကြစို့ ….
ရွှေအိုးပိုင် ရင် ပြည်တိုးလှိုင်မှာပေါ့ …..
ဆင်းရဲလို့ ဖြစ်တဲ့ ဝေဒနာ ချမ်းသာကာမှ ကုစားကြတာပေါ့ဗျာ ။။။

Note: အက်ဒ်မင်မှ Poll ပေါင်းထည့်ထားပါသည်။

71 comments

  • မှော်ဆရာ

    May 23, 2012 at 11:52 am

    အမြင်မတူသူခြင်း မတိုက်ခိုက်ဖို့တော့ အထူး မေတ္တာရပ်ခံလိုပါတယ် …။
    ဘာကြောင့် သဘောတူတယ် မတူဘူးဆိုတာကို ကိုယ့်အမြင်ကိုသေသေချာချာ တင်ပြစေချင်ပါတယ် ..

  • FattyCat

    May 23, 2012 at 12:57 pm

    ကျွန်တော့်ကတော့ရှင်းတယ်ဗျ…
    အနောက်နိုင်ငံတွေက ဝလောက်အောက်ပတ်ဝန်းကျင်ကို ဖျက်ဆီးပြီးသွားပြီ…
    အခုမှ Green တို့ ဘာတို့အော်ပြီး ပတ်ဝန်းကျင်ကို ထိန်းသိမ်းဖို့လုပ်နေကြပေမယ်…
    မတိုးတက်နိုင်သေးတဲ့တိုင်းပြည်အတွက်၊ ပြည်သူတွေရဲ့အလုပ်အကိုင်အခွင့်အလန်းနဲ့ စားဝတ်နေရေးအတွက် Green မဖြစ်ရင်လဲနေပါစေ… လုပ်စရာရှိတာတော့လုပ်ရမှာပဲ…
    တောင်ကတုံးဖြစ်အောင် သစ်ခုတ်ပြီး ပြည်ပကိုမတန်မရာဈေးနဲ့ရောင်းစားတာထက်စာရင်တော့ဖြင့်
    အများကြီးအကျိုးရှိမယ်လို့မျှော်လင့်ကြောင်း

    ရွာသားငရှုပ်
    ကြောင်ဝတုတ်

    • မှော်ဆရာ

      May 23, 2012 at 1:40 pm

      ဖက်တီးကက်ကတော့ အဆိုရှင်ဘက်က ထောက်ခံသွားပါတယ်…။
      ကန့်ကွက်မယ့်သူကို မျှော်တယ်ဗျာ…
      မြိုင်မြိုင်ဆိုင်ဆိုင်လေး ဖြစ်သွားအောင် …

    • ရွာ စောင့်နတ်

      May 24, 2012 at 10:14 am

      မီးမဲ့တိုင်းပြည်

      ကိုယ့်တိုင်းပြည်တွင်း
      မီးမလင်း
      ဝင်းဝင်းတောက်ထိန်
      တရုပ်အိမ်…….။
      ကိုယ့်တိုင်းပြည်ကြီး
      အမှောင်စီး
      ညီးညီးတောက်ထိန်
      ထိုင်းတို့အိမ်…….။
      ကိုယ့်တိုင်းပြည်ရွာ
      ရောင်မဝါ
      ဖြာဖြာတောက်ထိန်
      ကုလားအိမ်…….။
      မီးကုန်သည်ဆိုး
      ပြည့်သူခိုးကြောင့်
      မှိန်ညှုးိပြည်ရွာ
      နာလေပြီ။
      ရွာစောင့်နတ်လဲ မနေနိုင်လေပီ……ရွာစောင့်နတ်လဲ နတ်ကွန်းမှာ ဖယောင်းတိုင်လေးကိုင်ပီး ထိုင်နေတယ်သိရား…….

  • Ch@vez

    May 23, 2012 at 1:39 pm

    အန်ကယ်ဆမ့် ပိုက်ပိုက် နဲ့ ဆာမူရိုင်း နည်းပညာ သုံးပီး
    ကျောက်မီးသွေး စက်ရုံလုပ်သင့်တယ်ထင်တာပဲ..

    http://www.worldcoal.org/coal/uses-of-coal/coal-electricity/
    ကမာ္ဘမှာတောင် သူက ၄၁% တဲ့နော …

    ကဲကဲ…
    ရို့ ..
    နည်းနည်းလေးတော့ မည်းနေမယ် ….မည်းမည်းလေးပဲကောင်းပါတယ် …
    နာ နာ့ နား နာ့န နာ နာ…..

    • မှော်ဆရာ

      May 23, 2012 at 1:52 pm

      ကျောက်မီးသွေးက လောက် ပါ့မလားဗျ …
      မိုးကတော့ မိုးတွင်းဆို ရွာမှာ သေချာတယ် …
      ကျောက်မီးသွေး ပြတ်လို့ပါဆိုရင်တော့ တေပီချာ… ပဲ

      • မှော်ဆရာ

        May 23, 2012 at 1:53 pm

        မိုးနတ်မင်း ကို မိုးရွာအောင် ကယ်မ ခိုင်းပြီးရင် …
        မြေကြီးကို ကျောက်မီးသွေးများများ ထုတ်ပေးဖို့ ထိုင်ကန်တော့နေရဦးမယ် ….

  • Gipsy

    May 23, 2012 at 1:39 pm

    သူများနိုင်ငံတွေနဲ့ ရင်ဘောင်တန်းနိုင်ဖို့ရယ် ပြီးတော့ ကျော်တက်နိုင်ဖို့ရယ် ဆိုရင်
    အညစ်ညမ်းခံပြီးစွမ်းအင်တွေ ရယူဖို့ လိုမယ်ဆိုတာ ကိုထောက်ခံပါတယ်…။

  • pooch

    May 23, 2012 at 1:53 pm

    မှော်ဆရာ စိတ်ကူးကို လေးစားကြောင်း ပြောပါရစေ။
    ကျမကို မေးရင် ကျမကတော့ လောဘကြီးသူ ဖြစ်တာကြောင့် သဘာဝကို လည်း သဘာဝအတိုင်းပဲ ရှိနေစေချင်သလို ၂၄ နာရီမီးလင်းဖို့လည်း ဆန္ဒရှိသူတယောက်ပါ။

    ပြောရရင် မဖြစ်သေးတာပဲ ရှိပြီး မဖြစ်နိုင်ဘူးဆိုတာ မရှိပါဘူး။

    ကျောက်မီးသွေးက ထုတ်တဲ့ လျှပ်စစ်စက်ရုံတွေအတွက် ပတ်ဝန်းကျင် ထိခိုက်မှု အနည်းဆုံး ဖြစ်အောင် လျှော့ချနိုင်တဲ့ နည်းပညာ အသစ်တွေ ထွန်းကားပြီး ဂျပန်မှာ လက်တွေ့သုံးစွဲနေတယ် ပြောပါတယ်။ နောက် သဘာဝဓာတ်ငွေ့ က ကျမတို့ က မထွက်တာ မဟုတ်ပဲ ရောင်းစားထားတဲ့ အတွက် မသုံးရတာပါ။ အဲ့ဒါကို ပြည်တွင်းမှာ ပြန်သုံးမယ် ဆိုရင်လည်း ဖြစ်နိုင်မယ် ထင်ပါတယ်။

    နောက်တခု က နေက ရတဲ့ အပူ ကို အသွင်ပြောင်းသုံးတဲ့ နည်းပညာလည်း ဒီထက်ပိုပြီး ဖွံ့ဖြိုး ကျယ်ပြန့်လာရင် အပူပိုင်းဒေသ ဖြစ်တဲ့ ကျမတို့ တိုင်းပြည်လည်း ်အထိုက်အလျောက်တော့ အဆင်ပြေနိုင်မယ် ထင်ပါတယ်။ ဒါဆိုရင် ပတ်ဝန်းကျင် ထိခိုက်မှုလည်း နည်းမယ်။

    အခုလောလောဆယ် ပြီးခဲ့တဲ့ ဆောင်းတွင်းတုန်းက သုံးကြတဲ့ ရေပူစက်ဆိုလို့ချင်ရင် ဖန်ချောင်းတွေကတဆင့် အပူကို ယူပြီး ရေကို ပူစေတဲ့ နည်းကို သုံးတဲ့ ရေပူူပေးစက်ကို သုံးခဲ့ပါတယ်။ ချိုင်းနားမိတ်ပါ။ လျှပ်စစ်မလိုပါဘူး။ နောက်အခု ရွာတချို့မှာလည်း အဲ့ဒီလို ဆိုလာက တဆင့် အပူစုပ်ယူပြီး ညဘက် မီးထွန်း တီဗွီကြည့်ကြတဲ့ ဆိုလားပြားတွေလည်း မြင်ခဲ့ပါတယ်။
    အဲ့ဒီ ဆိုလာနည်းပညာကို လည်း သေသေချာချာလေး ဆိုင်ရာများက လေ့လာစူးစမ်းစေချင်ပါတယ်။

    • မှော်ဆရာ

      May 23, 2012 at 2:09 pm

      Pooch ကတော့ မြွေမသေ ဒုတ်မကျိုး နည်းကို ရွေးသွားပါတယ်…
      ချပြသွားတဲ့ နည်းလမ်းတွေကလဲ ဖြစ်နှိုင်ပါတယ်…
      ဒါပေမယ့် ဖွံ့ဖြိုးဆဲ (သို့မဟုတ် မဖွံ့ဖြိုးသေးတဲ့) ကျွန်တော်တို့ နိုင်ငံမှာ အဲဒီ့နည်းပညာတွေ ရနှိုင်ပါ့မလား …
      ကုန်ကျစရိတ်အားဖြင့်ကော ကျွန်တော်တို့ နိုင်ငံ တတ်နှိုင်လောက်ပါ့မလား…စဉ်းစားစရာလိုနေပါတယ် ….
      Pooch မှသော်လည်းကောင်း အခြား မန်ဘာများမှ သော်လည်းကောင်း ဆက်လက် ဆွေးနွေးစေလိုပါတယ် …

      • pooch

        May 23, 2012 at 2:38 pm

        မှော်ဆရာရေ နည်းပညာ အထောက်အပံ့ လိုအပ်တဲ့ အကူအညီဆိုတာတွေက အခုလို တံခါးဖွင့်လာတဲ့ ခေတ်မှာ ကိုယ်နိုင်ရာကို အကူအညီ တောင်းဖို့ ဆိုင်ရာများက ကြိုးစားကြည့်စေချင်တာပါ။ ကျမ အဲ့ဒီနည်းပညာ ဆောင်းပါးတပုဒ် ဖတ်ဖူးတာပါ။ ဃဂနဏ သေချာ မသိပါဘူးရှင်။ သိတဲ့သူတွေ ဆွေးနွေးစေချင်ပါတယ်။

        နောက် ငှက်ကလေး ပြောတာကိုလည်း ထောက်ခံပါတယ်။ သဘာဝဆိုတဲ့ အရာက ငွေရှိရင်တောင် ပြန်ဝယ်လို့ မရနိုင်တော့လို့ပါ။

    • Ch@vez

      May 24, 2012 at 7:01 am

      Geothermal နည်းကို ပြောချင်တာထင်ပါရဲ့..
      အဲ့ဒါ ဖြစ်နိုင်ချေရှိတယ်ဗျ..။

      ဂဏန်းတွေကပြောတာတော့ ယူအက်စ်မှာ
      စုစုပေါင်း စွမ်းအင် ကဏ္ဍရဲ့ ဝ.၃% စာကိုပဲ ဒီနည်းနဲ့ထုတ်တယ်တဲ့ ..။
      အိုက်စလန် အယ်လ်ဆာဗေးဒိုး နဲ့ ဖိလစ်ပိုင်မှာတော့ အသုံးများပါသတဲ့ ..။

      ဒါပေသိ..သူလည်း ပါတ်ဝန်းကျင် အတော်ထိခိုက်မှာ …။
      မဂရင်းပါဘူးဗျာ ..ဟောဒါလေးတွေပဲ ထွက်တာပါ..။
      Fluids drawn from the deep earth carry a mixture of gases, notably carbon dioxide (CO2), hydrogen sulfide (H2S), methane (CH4), and ammonia (NH3).

      ဒါတွေ အထွက်နည်းအောင် နည်းပညာ ကောင်းဦး …အနည်းဆုံးတော့
      ပူပါတယ်ဆိုမှ အပူစုပြီး မီးထုတ်မှတော့ အဲ့သည့်ဒေသ ပိုပူပြီ ပေါ့ဗျာ..
      :mrgreen:

  • laypai

    May 23, 2012 at 1:57 pm

    ကျေးလက် အားလုံး အတွက် ထိ ဆိုရင် တော့ အတော် ဝေးနေအုံးမှာ ပါ။ မြို့ကြီး မြို့ငယ် မကျန် စက်ရုံ အားလုံး လျပ်စစ် အလုံ အလောက် ရ အောင် တော့ နိုင်ငံ တော် အနေနဲ့ ၁ နှစ် ၂ နှစ် အတွင်း မှာ စွမ်းဆောင်ပေး စေချင် ပါတယ်။
    မြို့ကြီး မြို့ငယ် မကျန် စက်ရုံ အားလုံး လျှပ်စစ် ပါဝါ အလုံ အလောက် ရ လို့ လောင်စာ ဆီ ပို ထွက် လာမဲ့ ပမာဏ က ဂါလံ ဘယ်လောက် ဆို တာ မခန့် မှန်း တတ်ပေမဲ့ လောင်စာဆီ ဈေး နှုံး ကျဆင်းမှု နဲ့ အတူ မဖြစ်မနေ လောင်စာ ဆီ သုံး ရမဲ့ စက်မှု လယ်ယာ နဲ့ ပို့ ဆောင်ရေး မှာ စွမ်းအင် ဘတ်ဂျက် သက်သာ လာပြီး ပိုမို ထုတ်လုပ် ၊ ကုန်စည် စီးဆင်းမှု ပို မို မြန်ဆန် လာမှာ ပါ။

    ( ကျနုပ် အလုပ်လုပ်နေသော ကုမ္မဏီ သေးသေး လေး တွင် ၅ နာရီ မှ ၁၁ နာရီ မီး လာ မီး ဖြတ်ရက် မှာ တနေ့ ပျမ်းမျှ ဒီဇယ် ရ ဂါလံ ခန့် ၂ဝ ကေဗွီအေ ဂျန်နရေတာ အတွက် သုံးရပါသည်။ )

    ကျွန်ုပ်အနေဖြင့် လျပ်စစ် ပါဝါ အလုံအလောက် ရ ရှိမှု က အဓိက၊ သဘာဝ ပတ်ဝန်းပတ် ညစ်နွမ်း မရှိဖို့ က ပထမ လို့ လိုချင်ပါတယ်။
    ကိုမှော်ဆရာ ဆိုလိုတဲ့ အဓိပ္ဗါယ် ရောက် မရောက် တော့ မသိဘူး ကို ဖြစ်ချင် တာ ရေး ချလိုက်တယ်။

  • ငှက်ကလေး

    May 23, 2012 at 2:16 pm

    အမှန်မှန်တော့ စွမ်းအင်ထုတ်တဲ့ ဘက်ကထောက်ခံတာဗျ၊ ဒါပေမဲ့ တစ်ဖက်က ငြင်းရရင်…
    သဘာဝပတ်ဝန်းကျင် ဆိုတာပြန်လည် အစားထိုးမရတဲ့အရာတစ်ခုပဲ၊ ရေအားလျှပ်စစ်တွေ ထပ်ဆောက်တာ ရပ်သင့်ပြီ၊ မြန်မာနိုင်ငံအတွက် ပြည်ပကိုရောင်းထားတာတွေ ကိုလျှော့ချပစ်ပြီး၊ ပြည်တွင်းကိုပြန်ပေးရမယ်။ (မျက်စိစွံရင်တော့ မတက်နိုင် :P) ခုတော့ မြန်မာပြည်ရဲ့မြစ်တွေခမျာ မီးစက်ကြီးလုံးလုံးကိုဖြစ်လို့။ အဲ့ဒီမြစ်တွေကိုလှပအောင်လုပ် (မြစ်ဆုံတို့၊ ဘာတို့) ပြည်ပခရီးသွားတွေကို ဆွဲဆောင်နိုင်မယ့်ဥယျာဉ် ကြီးတစ်ခုဖန်တီး၊ ဘာ Land တို့ ညာ Land တို့လုပ်ပစ်လိုက်၊ အဲ့မှာ နိုင်ငံခြားခရီးသွားတွေလာ၊ လှသထက်လှအောင်လုပ်ပြီး ပိုက်ဆံရှာ၊ အဲ့ပိုက်ဆံနဲ့ သူများနိုင်ငံက လျှပ်စစ်ပြန်ဝယ် မကောင်းဘူးလား

    • ငှက်ကလေး

      May 23, 2012 at 2:18 pm

      ကျန်ခဲ့လို့ အဲ့ ဥယျဉ်ကြီးကိုတော့ ဆိုလာနဲ့ မီးပေးပေါ့၊ နို့မှုတ်ရင် သူ့အတွက် လျှပ်စစ်ဘယ်က ရမှန်းမသိမှာဆိုးလို့ 😛

  • Ch@vez

    May 23, 2012 at 2:39 pm

    ဆင်နာရီယိုလေး ပလေးကြည့်ပါ့မယ်..
    ပေါ်ဆန်းစိုက်တယ် ငစိန်စိုက်တယ် ပဲဆီထွက်တယ် စားအုံးဆီထွက်တယ်..
    အဲ…

    ဆင်းရဲနေသမျှတော့ ဈေးကောင်းရတာ ရောင်း
    ဈေးချိုတာ စား.. သည်လိုပဲသွားရမှာပဲ…။

    စွတ်ရောင်းပြီး ဗိုက်မှောက်နေ ရင်ကြာရင် ကျန်းမာရေးထိခိုက်မှာ သေချာရဲ့…
    ဆန်ကြမ်း နဲ့ စားအုန်းဆီ စားလို့ နေ့ချင်းညချင်း ရောဂါမရဘူး
    မစားရင်သာ မြန်မြန်ကြွမှာ ….။

    ရေမရှိရင် သုံးစားမရတဲ့ ရေအား (၁နှစ်ပါတ်လုံး မလည် နိုင်)ကို ၇၀% အားကိုးတာလျော့ချဖို့လိုတယ်
    ကျောက်မီးသွေး က ပိုပါးနပ်တဲ့ ရွေးချယ်မှု ဖြစ်မယ် လို့ထင်တယ်။
    စက်ရုံတွေ ဘယ်လောက်ပေါနေလို့ နေ့ချင်းညချင်း အက်စစ်မိုးတွေ ရွာမယ်ထင်ကြတယ်မသိ
    :jk:
    သူများတွေ အားကိုးနေတာ ..၄၀% ပါဆို ….

    ချမ်းသာပြီး ဖွံ့ဖြိုးပြီး တိုင်းပြည်တွေမှာတောင် ဆိုလာ ကိုအဓိက အန်နာဂျီရီစို့စ်
    အဖြစ် မသုံးနိုင်သေးတာ ကနဦး စရိတ် ကြီးမြင့်တာ ၂၄နာရီမသုံးနိုင်တာ
    နည်းပညာ အစွမ်းကုန် မဖွံ့ဖြိုးသေးတာ တွေ မြင်နိုင်ပါတယ်..

    ဒါကိုမှ လုပ်ချင်ပါတယ် ဆိုရင်တော့ ဆင်းရဲပါတယ် ဆိုမှ ဒန်ပေါက်ထမင်း
    တောင့်တ သလိုဖြစ်နေသေးရဲ့… (တနေ့တော့ စားရမှာပေါ့ဗျာ ..ခုတော့ ငစိန်အရင်
    စားရင်း မသေအောင် အသက်လေး ရှာကြံမွေးကြတာပေါ့)
    တဖြည်းဖြည်းနဲ့ … ဂက်စ် .. ပြီးရင် ဆိုလာ ..ဒီလိုပဲ သွားကြရမှာပေါ့ ..

    ဖွံ့ဖြိုးပီး တိုင်းပြည်တွေဆိုတာလည်း သဘာဝပတ်ဝန်းကျင်နဲ့ ပါတ်သတ်ရင်
    သွေးတိုး နှလုံး ဆီးချို ရောဂါရှိတဲ့ လူကြီးတွေနဲ့ တူရဲ့…
    ဆေးကလေးနဲ့ မှိန်းပြီး ထိန်းသွားနေကြတယ်ပေါ့ …

    ရောဂါရမှာ စိုးလို့ ဆိုပြီး ဘာဘာဘာမှ မစားရင်တော့ ..အင်း…
    🙁

    အတည်ပြောပါ့မယ်ဗျာ…
    သဘာဝပါတ်ဝန်းကျင် က ချမ်းသာရင် ဘာကြောင့် ပြန်မပြင်နိုင်ရမှာလဲဗျာ..
    ကမာ္ဘ့ဖလား ကျင်းပမယ့် ဟိုဘာဘူကြီးတို့ ကျွန်းအတုတွေတောင်
    ဆောက်နိုင်နေပြီပဲဟာ…
    လောလောဆယ်တော့ ချမ်းသာဖို့ အတွက် ကျန်းမာဖို့ အရင်လိုအပ်ပါကြောင်း

    ပုံ
    သစ်ပင်အောက်မှာ ကိုယ်တုံးလုံးနဲ့ ဗိုက်ဆာရင်း
    ဖျောင်းတိုင် ထွန်း မစောင့်ချင်သူ
    :mrgreen:

  • minn zaw

    May 23, 2012 at 2:46 pm

    ယူရေနီယမ် တွေ ရှိတယ်လေဗျာ။ နျူ ကလီးယား စွမ်အင်ကိုအားကိုးလို့ရပါတယ်။

    နိုင်ငံတကာအကူအညီယူ ။ ပွင့်လင်းမြင်သာမှုရှိ ရင် လက်နတ်ကိစ္စစိုးရိမ်စရာမရှိပါဘူး။

    • shwe kyi

      May 24, 2012 at 6:15 pm

      ငလျင်တော့ကြောက်တယ်။ ဂျပန်လိုဖြစ်ရင်တို့တိုင်းပြည်ကဘာမှလုပ်တတ်ဘူးရယ်..။

  • nozomi

    May 23, 2012 at 3:06 pm

    အပေါ်က poll ကို သူကြီးတင်တာမှတ်လို့ တွေးနေတာ
    ဒီလူကြီး လုပ်ပုံက
    အကျင့်မကောင်းတဲ့ လူကြီးက ကောင်မလေး တစ်ယောက်ကို
    နင် ဘေးအိမ်က ရုပ်ဆိုးဆိုး နဲ့ ကလေး သုံးယောက်အဖေ မုဆိုးဖိုကို ယူမလား
    ငါ့ကို ယူမလား လို့ ရွေးခိုင်းသလိုဖြစ်နေပြီ

    ကောင်မလေးက ရွေးတတ်ရင်တော့ ဂီဂီလို ချောချော အကျင့်ကောင်းကောင်း ( ထင်ရတာပေါ့နော်) လူမျိုးကြီး မရတောင်
    ဟိုလူကြီးထက် အကျင့်ပိုကောင်းပြီး ဘေးအိမ်ကလူထက်ချောတာမျိုးတော့ ရှာယူတတ်ရင် ရပါတယ်
    အပေါ်က လူတွေပြောသလို ပတ်ဝန်းကျင်ကို အထိအခိုက်အနဲဆုံး နည်းပညာမြင့်တဲ့ ကျောက်မီးသွေးစက်ရုံတွေ ဆောက်လို့ရမှာပါ
    လျှပ်စစ် ၂ က ကြေငြာချက်မှာတောင် အဲဒီ စက်ရုံမျိုး ရန်ကုန်နားမှာ ဆောက်မယ်လို့ပြောထားသေးတာပဲ

    အခုချိန်ထိ ကျောက်မီးသွေးစက်ရုံတွေက ကမာ္ဘပေါ်မှာ ဈေးအသက်သာဆုံးလျှက်စစ်ရနိုင်တဲ့နည်းပါ
    ဂျပန်မှာတောင် သုံးနိုင်ရင် မြန်မာမှာ ဘာလို့ သုံးလို့ မရ ရမှာလဲ
    (တရုတ်နည်းပညာမဟုတ်ဘူးနော် ဂျပန်နည်းပညာနဲ့)

    • မှော်ဆရာ

      May 23, 2012 at 9:29 pm

      Poll ကတော့ သူကြီးတင်ထားတာပါ နာဇိုမီရေ …

  • ahnyartamar

    May 23, 2012 at 3:39 pm

    အဆိုးနဲ့အကောင်းဆိုတာ ဖွားဖက်တော်ပါ။ အခုပဲကြည့်လေ ရုပ်ဝထ္တုတွေတိုးတက်နေတဲ့ နိုင်ငံတွေမှာ သဘာဝပတ်ဝန်းကျင်ကို ထိမ်းသိမ်းဖို့ တချိန်လုံးအော်နေရပြီ၊ ဒါကြောင့် ကျတော့်ရဲ့ပုဂ္ဂလိကအမြင်ကတော့ ရုပ်ဝထ္တုတွေတိုးတက်နေတဲ့ နိုင်ငံတွေရဲ့ အတွေ့အကြုံကို အခြေခံပြီး နှစ်ဖက်မျှမျှတတရှိသင့်တယ်၊ ဒါလိုမှမဟုတ်ရင်တော့ ကျတော်တို့ဟာ အခုရုပ်ဝထ္တုတွေတိုးတက်ရေးသမားဖြစ်ပြီး နောင်နှစ်ပေါင်း (၂၀) လောက်ကြာရင်တော့သဘာဝပတ်ဝန်းကျင်ကို မြတ်နိုးသူဖြစ်နေလိမ့်မယ်။

  • Khin Kha

    May 23, 2012 at 3:49 pm

    အရင်တုံးက ရေအားလျှပ်စစ် ရေအားလျှပ်စစ်ဆိုပြီး စီမံကိန်းပေါင်းများစွာနဲ့ လုပ်လိုက်ကြတာ။
    နွေလည်းရောက်ရော လျှပ်စစ်မီးကတော့ အရင်လိုပါဘဲ ပျက်နေစဲ။
    အခုတစ်ခါလာပြန်ပြီဟေ့ ကျောက်အားလျှပ်စစ် ကျောက်အားလျှပ်စစ်တဲ့။(ကျေက်မီးသွေးနဲ့ပြောတာ)
    ပြီးတော့ နွေလည်းရောက်ရော လျှပ်စစ်မီးကတော့ အရင်လို(—————-)။(ကွက်လပ်ဖြည့်ပေးပါ)။

    • etone

      May 23, 2012 at 4:48 pm

      ကွက်လပ်ဖြည့်ပါဆိုတာ … ဆေးကြော်ငြာလား … ။ ဟိုဆေးနဲ့ ဒီဆေး နှစ်မျိုးထုတ်တယ်လေ … အန်းနီးဝေး …….. ကြော်ငြာဝင်ခြင်း သီးခံပါ မမခိုင် 😀 အကျင့်ပါသွားမှာ စိုးလို့ … ။ ပြေးပြီ ဒက်ဂလောက် ဒက်ဂလောက် ..

  • etone

    May 23, 2012 at 4:32 pm

    တကယ်သာ လျှပ်စစ်ဓါတ်အား မလုံလောက်ဖူးဆိုလျှင်တော့ .. တခြား အရင်းမြစ်တွေကနေ ထုတ်လို့ ရသမျှ ထုတ်ရမှာပါပဲ … ။ ထုတ်လည်း ထုတ်သင့်ပါတယ် … သဘာဝပတ်ဝန်းကျင် ကာကွယ်ဖို့ဆိုတာ … ကျွန်မတို့ တစ်နိုင်ငံထဲမှာပဲ တာဝန်ရှိတာမဟုတ်ပါဘူး ။ နိုင်ငံတိုင်းမှာ တာဝန်ရှိပါတယ် .. သူတို့လို ဖွံ ့ဖြိုးပြီးနိုင်ငံတွေကတော့ …လုပ်လို့ရသမျှ အကုန်လုပ်သွားလို့ ညစ်ထေးပြီးမှ … သူများတွေ ဖွံ ့ဖြိုးဆဲအနေနဲ့ အရှိန်ယူနေရတုန်း ပတ်ဝန်းကျင်ထိန်းသိမ်းပါ လေထုညစ်ညမ်းတာ ကာကွယ်ပါတွေ ထလုပ်တာ.. ဒါသက်သက် … ခွာရာတိုင်းမှာ စိုးလို့ … ကြိုတင် ကျားကန်ထားတဲ့ သဘောဖြစ်မယ်လို့ ထင်မိပါတယ် ။

    သစ်တောတွေ ပြုန်းတီးတာ ရာသီဥတုပြောင်းလဲခြင်းကိုဖြစ်စေနိုင်တယ်ဆိုပေမယ့် … ကျွန်းသစ်တွေ အရင့်လိုက်အမာလိုက်ရှိတော့ရော … ၊ ဟိုသူဌေးတွေ လက်ချက်နဲ့ ပြောင်တာပဲ မဟုတ်လား … ။ ကျောက်မီးသွေးကြောင့် ဘာကြောင့် ညာကြောင့် လေထုညစ်ညမ်းတယ်ပြောပြော …. စက်ရုံတွေက ထွက်တဲ့ မီးခိုးငွေ့တွေလည်း တနေ့တနေ့ မနည်းမှ မနည်းပဲ … ။ မီးမလာလို့ မီးစက်မောင်း ဂျန်နရေတာမောင်းလျှင် ပိုပြီးတောင် သဘာဝ ပတ်ဝန်းကျင်မထိခိုက်စေဘူးလား … လောင်စာစီတွေ အပိုမကုန်ဘူးလား ။

    ဒါကြောင့် ကျွန်မကတာ့ မီးလာအောင် ရေအားအပြင်၊ တခြား စွမ်းအင်တွေအသုံးပြုပြီး ထုတ်သင့်တယ်လို့ထင်ပါတယ် …။ ဒါနဲ့… ကော့မန့်တွေ ဖတ်ကြည့်ရတာတော့ … စာရေးသူနဲ့ သဘောထားချင်း တူနေတာချည်းပါပဲ … polls result ကိုကြည့်တော့မှ … သဘာဝပတ်ဝန်းကျင်ထိန်းချင်တဲ့ လူက ပိုများနေတယ် .. ပို့စ်မဖတ်ခင် အရင်ဗို့တ်လို့ဖြစ်မယ်ထင်တယ် … ။ 😛

    • pan pan

      June 2, 2012 at 9:38 pm

      ဂျန်နရေတာမောင်းတာထားပါဦး
      ခုတလော ကားလမ်းတွေတော်တော်ပိတ်တာဆိုးတာပဲ
      ကားကထွက်တဲ့မီးခိုးတွေလည်း မွှန်လိုက်တာ
      လမ်းတွေခင်းတာ ပြင်တာနဲ့ ကားအရေအတွက်နဲ့က အလျင်မမှီသလိုပဲ
      စိတ်ညစ်ဒလယ် 🙁

  • awra-cho

    May 23, 2012 at 4:53 pm

    အစကတည်းက မာစတာ ပလန်ချထားပြီးသား ဖြစ်ရမှာ။ ထိပ်ဆုံးက လူပြောမှ လိုက်လုပ်တတ်တဲ့ အကျင့်က ဒုက္ခ ပေးတာပါ။ စီမံကိန်း ရှိသင့်ပြီ၊ ထုတ်လုပ်မှု ၊တိုးလာမယ့် ဒမန်း၊ တွက်ထားပြီးသားကို ရှိရမှာ။ အခုတော့ ပလန်ဘီ ဆိုတာ ဝေလာဝေး၊ ဓါတ်ငွေ့နဲ့ထုတ်သင့်ပါတယ်၊ မြန်မာပြည်မှာ ထွက်တဲ့ ကျောက်မီးသွေးက အရည်အသွေး သိပ်မကောင်းဘူး၊ လိုအပ်တဲ့ ဘီတီယူ မရနိုင်ဘူးလို့ သိထားဘူးတယ်၊ ဂက်စ် ပဲ ကောင်းမယ်၊ ပြီးမှ ယုံကြည်စိတ်ချ တဲ့အခြေ အနေ ရောက်ရင် နုူကလီးယား လုပ်ကြတာ ကောင်းမယ်၊ တနှစ်အတွင်းမြို့ကြီးတွေ အကုန်လျှပ်စစ်မီးရရင်တော့ ဦးဇော်မင်းကို ကိုယ့် ဘလက်လစ်စ်က ဖျက်ပေးလိုက်မယ်။ ဒါဗျဲ။

  • ဗိုက်ကလေး

    May 23, 2012 at 5:16 pm

    ကျနော့အမြင်ကတော့..လက်ရှိ ဆည်၊တာတမံတွေနဲ ့ လောက်ငှအောင် လျှစ်စစ်ကို ထုတ်ပေးစေချင်တာပါ..
    မလောက်ဘူးဆိုလဲ ပညာရှင်တွေ စုပေါင်းညှိနှိုင်းပြီး(အခြားနည်းနဲ ့) လောက်အောင်ထုတ်နိုင်ဖို ့ ကြိုးစားကြစေချင်တာပါ
    မီးမလာလို ့ ခေတ်မမီပေသေးပေမဲ့ ဘယ်သူမှတော့ မှောင်လို ့ မသေသွားနိုင်သေးပါဘူးဗျ
    ပြီးတော့
    မလာဘူးဆိုတာလဲ တစ်သက်လုံး မလာတာ၊တစ်နေကုန် မလာတာမဟုတ်ပါဘူး
    အခုလတ်တလော ပိုဆိုးသွားတာက အခြောက်လိုလို ဂန်ဒူးလိုလိုဇရိုက်နဲ ့ မဆိုင်တဲ့ တာဝါတိုင်တွေ မိုင်းခွဲခံရတာလဲ ပါပါတယ်..
    အဲဒီပြဿနာကို အချိန်မီပြင်ဆင်ပြီး မလောက်တဲ့ မီးကို လိုအပ်တဲ့နေရာတွေ အဓိကနေရာတွေ ခွဲပေးနေတယ်လို ့ သိရပါတယ်
    ကျုပ်က အီးပီစီကလဲမဟုတ်ဘူး၊စက်ရုံပိုင်ရှင်လဲ မဟုတ်ဘူး..၊ ဆည် တည်ဆောက်မဲ့နေရာနားက တောသားလဲ မဟုတ်ပါဘူးနော..
    ကျုပ်အမြင်ပြောရရင် တစ်ဆိတ်ရှိ မှောင်တိုင်း ကျုပ်တို ့ရဲ့ အမွေအနှစ်တွေ မျက်စောင်းထိုး၊သဘာဝရင်းမြစ်တွေချနင်းပြီး အဲကွန်းထဲ ဇိမ်ပါပါနဲ ့ အိပ်ချင်တဲ့ သဘောက တစ်ကိုယ်ကောင်းဆန်ပြီး နိုင်ငံအတွက် တာဝန်မဲ့တယ်လို ့ထင်တယ်ဗျား.
    ပြီးဒေ့ါ..ခင်ဗျားတို ့ တထေးတွေအနေနဲ ့ မီးအလှည့်ကျစန်ကို ခုမှ ကြုံဖူးကြတာပါ
    ကျုပ်တို ့လို လှိုင်သာယာသား၊ရွှေပြည်သာသား၊တောင်/မြောက် ဒဂုံသား၊စတဲ့ အစွန်အဖျားက လူတွေက ရိုးဟိုးဟိုးနေပါပြီနော
    ကျုပ်တို ့လို အစွန်က ရွာစားတွေကို ကိုယ်ချင်းစာတတ်ရင် အစောကြီထဲက ဖယောင်းတိုင်ထွန်းပြီး တစ်နိုင်ငံလုံးအတွက် မီးမှန်ဖို ့ဆန္ဒထုတ်ဖော်၊လှုံ ့ဆော် သင့်ပါတယ်နော..
    ရှင်းရှင်းပြောရရင်..ဒီလို ဆည်၊ရေကာတာတွေကို ဆက်မလုပ်ဖို ့ကို လျှပ်စစ်အင်ဂျင်နီယာတွေ ၊ တည်ဆောက်ရေး အင်ဂျင် နီယာတွေ ၊ သဘာဝ ပတ်ဝန်းကျင် ဆိုင်ရာ ပညာရှင်တွေက ဝိုင်းဝန်းတားဆီးခဲ့ကြတာဖြစ်ပါတယ်နော..အဲတာလေး..အဲတာလေး..

    (ဒီပို ့စ် စစတင်ချင်း အားပေးမလို ့ပါပဲ..ရေးနေရင်းတန်းလန်း မီးပျက်သွားလို ့ပါဗျား. 😆 .)

  • သဘာဝပတ်ဝန်းကျင်ကို လူသားတွေဖျက်ဆီးခဲ့၊ဖျက်ဆီးနေဆဲ၊ဖျက်ပြီးကြပြီ။အဲတော့ ကိုရင်မှော်ဆရာရေ
    ကျနော်တို ့တိုင်းပြည်မှာ ရှိစုမဲ့စု ကျန်နေသေးတာ တွေကို ထိန်းသိမ်းဖို ့နဲ ့လက်ရှိ ပြည်ပကို ရောင်းစားဖို ့ကိုယ့်
    နိုင်ငံကို ဖြတ်သယ်နေတဲ့ ရွှေဂက်စ်ပိုက်လိုင်းဘဲကြည့်ပါ။
    သူများနိုင်ငံတွေက ပြည်တွင်းမှာ သုံးလို ့ပိုမှ ရောင်းစားတမြန်မာပြည် ပြောင်းပြန်လုပ်နေတယ်။ရောင်းစားလို ့
    ရမယ့်ငွေ တွေကရော ဟိုအရင် စစ်ခွေးတွေ လက်ထက်ကလဲ စာရင်းပျောက်၊ခု ဖွတ်ကျားသမ္မတခေတ်မှာလဲ
    သွားလေသူ ငရွှေ နဲ ့တသိုက် အကြွေးဆပ်နေရအုံးမယ့်ပုံ။အဲတော့ ပြည်ပရောင်းစားမယ့် အစား ပြည်တွင်းမှာ
    သုံးစွဲကြရင်း သဘာဝပတ်ဝန်းကျင်ကို အလှဆင်သင့်တာပေါ့။

  • amatmin

    May 23, 2012 at 8:02 pm

    ကျနော့အမြင်အရတော့ စွမ်းအင်ထုတ်သုံးစွဲနိုင်မဲ့ ပရောဂျက်တွေကို ကန့်ကွက်တာ.. လက်သင့်ခံတာ ၂မျိုးစလုံးက တိုင်းပြည်တခုရဲ့အမျိုးသားအကျိုးစီးပွားနဲ့ သက်ဆိုင်နေတတ်တာပဲ..ပြောရရင် ဟိုအရင် ကန့်ကွက်တဲ့ဘက်က
    ပြန်လှည့်ကြည့်ရင်လည်း အခုချိန်အထိ မှန်နေတုန်းပါပဲ..
    သူတို့ပရောဂျက်တွေ လုပ်မယ်ကြံရွယ်တိုင်း.လုပ်လိုက်တိုင်းလည်း ကိုယ့်နိုင်ငံစီးပွားမြင့်လာဖို့.ကိုယ့်ပြည်သူားတွေခံစားခွင့်ကောင်းဖို့.
    တခုမှမပါဝင်သလို.ထင်သာမြင်သာလဲ မရှိခဲ့ကြဘူး..
    အဲဒီတော့ အမျိုးသားရေးအမြင်အရ ကန့်ကွက်ခဲ့ကြတယ်..
    ဒီတော့ ကန်ကွက်သူတို့မမှားခဲ့ပါဘူး..
    အခုတော့ခေတ်ပြောင်းသလို စနစ်သစ်အစပြုတဲ့အခြေအနေမို့တိုင်းပြည်တိုးတက်ရေး အမျိုးသားအကျိုးစီးပွားအတွက် အလိုအပ်ဆုံးလို့ပြောရမဲ့ ..
    စွမ်းအင်ထုတ်ယူသုံးစွဲတာကို လက်ခံပေးနိုင်ရမှာပါ..
    ဒါ့အပြင် ပြောစရာရှိလာတာတခုကတော့ အကယ်လို့ ပရောဂျက်တခုလုပ်တော့မယ်ဆိုရင်.ရလာမဲ့ထုတ်လုပ်မှုအရေအတွက်၊အသုံးချမဲ့နေရာ၊
    ဘေးထွက်ဆိုးကျိုး.အစရှိသဖြင့် ထုတ်ပြန်သင့်တဲ့အချက်အလက်တိုင်းကို ထုတ်ပြန်ပေးနိုင်ရမဲ့အပြင်. အစိုးရလုပ်ဆောင်တဲ့ကိစ္စရပ်တိုင်း အားထုတ်မှုတိုင်းဟာ.. နိုင်ငံသားအကျိုးစီးပွား၊တိုင်းပြည်တိုးတက်ဖို့အတွက် ဆိုတဲ့ အမြင်ကောင်းတွေ နိုင်ငံသားအားလုံးကိုလည်း ရှိနေအောင်လုပ်ပေးထားဖို့လိုလိမ့်မယ်.
    ဆိုတော့ စကားတွေနဲ့တင်ရပ်မနေဘဲ လက်တွေ့လုပ်ပြဖို့ အရေးကြီးတာပေါ့ နော့.
    တကယ်လို့သာ ကျုပ်တို့အစိုးရက တိုင်းပြည်အကျိုးစီးပွားအတွက်..
    ကြိုးစားနေပါလားလို့ နိုင်ငံသားတိုင်း သိမြင်လာကြ ပြီဆိုရင်..
    ကျောက်မီးသွေး.ရေအားလျှပ်စစ်.သဘာဝဓါတ်ငွေ့စက်ရုံတွေတင်မကဘူး..
    နောက်ဆုံး နူကလီးယားစွမ်းအင်ထုတ်တောင် လက်ခံကြမယ်လို့ ထင်တာပဲဗျာ…
    အဆုံးသတ်အနေ နဲ့တော့ ဘေးပတ်ဝန်းကျင် နိုင်ငံတွေ လျှပ်စစ်အလင်းရောင်ထိန်ထိန်အောက်မှာ ပြုံးပျော်နေတာတွေကို မှောင်မှောင်မဲမဲကြီးထဲမှာ သဘာဝပတ်ဝန်းကျင်တွေ ဖင်ခုထိုင်ရင်း တောက်တခေါက်ခေါက်ဘဝမှာတော့
    မနေချင်ရိုး အမှန်ပါဗျာ.. 🙁

    များသောအားဖြင့် အစိုးရမင်းများ မှန်ကန်စွာလုပ်ဆောင်နေမှသာ လူထုကထောက်ခံမှုပိုတတ်ပေမဲ့.အခုတော့မလုပ်ခင်ကတည်းကိုက
    ထောက်ခံချင်ချင်တွေမို့. ကောင်းမွန်မြင်သာတဲ့ ..
    ပြောင်းလဲမှုတွေ အရင်လုပ်ပြထားဖို့လည်း တိုက်တွန်းပါတယ်ဗျ.. 🙂

  • လစ် သူ

    May 23, 2012 at 11:00 pm

    ဟိုပုံးမြို့နားမှာ ကျောက်မီးသွေး သိုက်ကြီး ဧရာမကြီး ။ လုပ်ကိုင်ခွင့် ဘယ်သူရသွားပါသလဲ။တရုတ်ကြီးပါ…

  • pazflor

    May 23, 2012 at 11:20 pm

    သဘာဝပတ်ဝန်းကျင်သိပ်မထိခိုက်ဘဲ စွမ်းအင်ထုတ်လုပ်ဖို ့ဖြစ်နိုင်ပါတယ်ဗျာ ဒီခေတ်ကြီးထဲမှာ။
    နောက်ဆုံးပေါ် စံနှူန်းတွေမဟုတ်တောင် သူတို ့ဆီမှာ လွန်ခဲ့တဲ့ ၁ဝနှစ်လောက်က စည်းကမ်း တွေနဲ ့သာ လုပ်မယ်ဆိုရင်တောင် မဆိုးပါဘူးလို ့ထင်ပါတယ်။ စက်ပစ္စည်းတွေဆိုတာ ကလည်း ပြောင်းလည်းလာတဲ့စည်းမျဉ်းစည်းကမ်းတွေ နဲ ့အညီ ထုတ်လာတော့ သာမန်စံမီပစ္စည်းမျိုး သုံးရင်တောင် သဘာဝပတ်ဝန်းကျင်ကို ဆိုးဆိုးရွားရွားထိခိုက်နိုင်စရာမရှိဘူးလို ့ထင်ပါတယ်။ ဒီတော့ တောမခုတ်ဘဲစွမ်းအင် ထုတ်ဖို ့ဆိုတာကောင်းကောင်းဖြစ်နိုင်ပါတယ်။
    သူကြီး vote တင်ထားသလို နှစ်ဘက်စွန်းရောက်မျိုးကြီးဘဲ မဖြစ်နိုင်ဘူးလို ့ထင်ပါတယ်။

  • ဦးဦးပါလေရာ

    May 23, 2012 at 11:31 pm

    ၁-သဘာဝဝန်းကျင်ကို အထိခိုက်ခံပြီးစွမ်းအင်ထုတ်မလား- သို့မဟုတ်
    ၂-သဘာဝဝန်းကျင်ကိုစောင့်ရှောက်ပြီး စွမ်းအင်မလောက်ပဲ နေမလားဆိုတာ ၂ ခုထဲကရွေးရရင်-

    ကျုပ်ပြောချင်တာက နံပါတ် ၂ ကိုရွေးချင်တယ်ဆိုရင်လဲ လက်တွေ့မှာတော့ ရွေးလို့မရပါဘူး..။
    စွမ်းအင်မလောက်ပဲ ဘယ်လိုလုပ်ကြာကြာနေမှာတုန်း ? အကုန်သေကုန်မှာပေါ့…။
    ကြိုက်ကြိုက်မကြိုက်ကြိုက် ရွေးစရာ တလမ်းပဲရှိပါတယ်။
    နံပါတ် ၁ ပါ..။

    သို့သော် ရွေးတဲ့ နည်းဗျူဟာပိုင်းတော့ သတ်သတ်စဉ်းစားရမယ်။
    ရေအားလျှပ်စစ်ဆိုတာ မြစ်ကြောင်းပျက်စီး၊ သဘာဝဝန်းကျင်ပျက်စီး၊ မြစ်ကိုအမှီပြုတဲ့ လူသားတွေရဲ့ အကျိုးစီးပွားပျက်စီး စေရုံမက-
    အဲသလို အပျက်စီးခံရတာနဲ့ မတန်အောင်ကို – အန္တရယ်လဲကြီး ၊ စွမ်းအင်ပုံမှန်ရဘို့လဲ မသေချာဘူး။

    နျူကလီးယားစွမ်းအင်ကိုတော့ ကျုပ်တို့ဆီကဥယျာဉ်မှုးနေရာမှာ မျောက်တွေကို အစားထိုးပြီးမှ စဉ်းစားကြပါ။

    ကျန်တာက ကျောက်မီးသွေး..။ ဂက်စ်..။
    အဲဒါကိုရွေးရမယ်၊

    ကျုပ်တို့နိုင်ငံရဲ့ စွမ်းအင်လိုအပ်ချက်က မနေ့ကသတင်းစာမှာပါသလို မိုးတွင်းမှာ မီဂါဝပ် ၁၅၀ဝ နွေမှာ မီဂါဝပ် ၁၈၀ဝ မဟုတ်ပါဘူးနော်..။
    အဲဒါ ဘာသောက်လုပ်မှ လုပ်လို့မဖြစ်သေးတဲ့ အခြေအနေမို့ပါ။ ဘယ်နေရာမှမီးကောင်းကောင်းမရသေးလို့ပါ..၊
    အကြမ်းအားဖြင့် မြန်မာနိုင်ငံလိုဆိုက်မျိုးအတွက် လူလဲသုံး ကုန်လဲထုတ်မယ်ဆိုရင် မီဂါဝပ် တစ်သောင်းခွဲလောက် အသာလေး လိုတာပါနော…။

    မလိုလဲ လိုလဲ တခြားရွေးစရာလေးတခုတော့ ရှိရဲ့…။
    သဘာဝဝန်းကျင်ကြီးကို စောင့်ရှောက်ဖို့ အဖိုးကြီးအဖွားကြီးတွေကို မီးမှောင်ချပြီး ဒီနိုင်ငံထဲထားခဲ့…။
    ကျန်တဲ့လူ အကုန် သူများနိုင်ငံသွားပြီး အလုပ်လုပ်ကြ…။
    (ရွဲ့ပြောတာ….)

  • ဦးဦးပါလေရာ

    May 23, 2012 at 11:45 pm

    တကယ်လက်တွေ့ကျတဲ့ နည်းလမ်းတခု (အဆဲခံလက်စနဲ့) တင်ပြဦးမယ်..။

    မဟာဓါတ်အားလိုင်းကို အားမကိုးနဲ့ ၊ အဲဒါ နယ်အတွက်သုံးဘို့ထားလိုက်တော့…။
    ဂက်စ်ကိုလဲ တနိုင်ငံလုံးလျှောက်မသွယ်နဲ့..။ ပိုက်ဆံလဲကုန်တယ်။ ဗုံးခွဲခံရရင်လဲ မီးသတ်ကားကောင်းကောင်းရှိတာမဟုတ်ဘူး…။

    ဒီတော့ ဂက်စ်ကို နိုင်ငံခြားကိုရောင်း …။
    ရတဲ့ ပိုက်ဆံနဲ့ ဒီဇယ်ပြန်ဝယ်။

    နိုင်ငံတဝှမ်းမြို့ကြီးတွေနဲ့ စက်မှု့ဇုံတွေကို ကိုယ့်ဒေသကိုယ်မီးပေးဘို့ စက်တွေဝယ်…။ စက်ရုံတွေထောင် ။ အဲဒါကိုပုဂ္ဂလိကကိုပေးပြီး အစိုးရက မီးပြည့်အောင်ရယ် မီးမပြတ်အောင်ရယ် ကြီးကြပ်။ မီးခိုးမသုံးအောင် ပုဂ္ဂလိကက သူ့ဟာသူ လုပ်လိမ့်မယ်…။
    တခုတော့ရှိတယ်- အဲသလိုလုပ်ရင် အစိုးရရုံးတွေ၊ အုပ်ချုပ်ရေးရုံးတွေ၊ ရဲ ၊စစ်တပ် စတာတွေလဲ မီတာခပေးရလိမ့်မယ်။ အဲဒါဘတ်ဂျက်ချပေးထား မဟုတ်ရင် မိုက်ကြေးခွဲပြီး အလကားယူလိမ့်မယ်…။

    ကျုပ်သာ လုပ်ခွင့်ရရင် အဲသလို လုပ်မှာ..။
    တယူနစ်တော့ နှစ်ရာလောက် ပျှမ်းမျှ ကျလိမ့်မယ်…။
    မီးကတော့ တနှစ် နှစ်နှစ်လောက်အတွင်း ထိန်ထိန်လင်းသွားမယ်။
    မီးသွေးဖုတ်ခံရလို့ တောပြုန်းတာတွေ အထိုက်အလျှောက် သက်သာသွားမယ်..။

  • kai

    May 24, 2012 at 12:03 am

    ကြည့်ကြက်ဗုတ်ကြပါဆြာ /ဆြာမတို့..

    မြန်မာပြည်လျှပ်စစ်စွမ်းအင်ရဖို့..
    သဘာဝပတ်ဝန်းကျင် ကိုပဲ စောင့်ရှောက်ထိမ်းသိမ်းမလား? 68% (51 votes)
    အညစ်ညမ်းခံပြီး စွမ်းအင်တွေ ရယူမလား? 32% (24 votes)
    Total Votes: 75

    “In a democracy, people get the government they deserve,”
    Alexis de Toqueville

    လူထုဟာ ကိုယ်နဲ့တန်ရာတန်ရာ အစိုးရပဲရမယ်..

    ဒီရလဒ်ကို GE လို.. စွမ်းအင်ရင်းနှီးမြုတ်နှံမယ့်သူတွေပို့ပေးလိုက်ရင်.. ပြန်လှည့်လစ်သွားလိမ့်မယ်..။
    လူထုအားနဲ့ ဆန္ဒပြတာတွေကို.. အဲဒီတိုင်းပြည်ကို ဝင်မဲ့.. ရင်းနှီးမြုတ်နှံသူတွေ.. သေသေချာချာ(သေသေချာချာ) စောင့်ကြည့်ရတယ်ဆိုတာ.. သိထားကြပါ..အင်မတန်အရေးကြီးပါတယ်..
    ကိုယ်ဘာလိုချင်တာလည်း.. ဘာလုပ်ချင်တာလည်း စိတ်ရင်းအတိုင်းတွေးကြ.. လုပ်ကြပါလို့.. 😕

    • pazflor

      May 24, 2012 at 12:19 am

      သားရွေအိုးထမ်းလာတာမြင်ချင်ပါတယ်သဂျီး…:P

  • pazflor

    May 24, 2012 at 12:18 am

    ဂတ်စ်ကို နိုင်ငံခြားရောင်းတယ်ဆိုလို …၂၀၀၈ လောက်က plant construction company တစ်ခုမှာ အင်တာဗျူးသွားဖြေတော့ အဲ့က မန်နေဂျာ က GTL (ဂတ်စ်ကနေ ဒီဇယ်ပြောင်း) plant ဆောက်ဖို ့အားတက်သရောပြောနေတာခင်ဗျ။ အဲ့မတိုင်ခင်ကလည်း သတင်းစာမှာ ဒီလို စက်ရုံမျိုးဆောက်မဲ့ အကြောင်းကို ကြားနေရသေးတယ်။ နောက်တော့မှ ဂတ်စ်တွေ က တရုတ်ကြီးအလိုကျ ပိုက်လိုင်းနဲ့ ဟိုဘက်တန်းရောက်သွားတာဘဲ။ နိုမိုဆိုရင်တော့ ဘာဖြစ်နေမည်လည်းမသိတော့ပါဗျား

  • ဦးဦးပါလေရာ

    May 24, 2012 at 12:41 am

    စကားလေး တခွန်းကျန်ခဲ့လို့ သည်းခံကြပါ….။

    သဘာဝဝန်းကျင်ဆိုတာ တနိုင်ငံထဲက ထိန်းသိမ်းလို့ အရာရောက်မယ်လို့

    ကျုပ်တော့မထင်…။

    အထူးသဖြင့် မီးခိုးချောင်းချောင်းထွက်နေတဲ့ တရုတ်၊ အိန္ဒိယ၊ ထိုင်း တို့ ကြားက နိုင်ငံမျိုးအတွက်ဆိုရင်ဖြင့်

    ပိုလို့တောင်….. မထင်…။

  • Khin Latt

    May 24, 2012 at 4:41 am

    မီးခိုးရောင် နဲ့ “ကြားနေမဲ” ပါရှင်။
    ရှဉ့်လဲလျှောက်သာ၊ ပျားလဲစွဲသာပေါ့။ 😛

    • ရွာစားကျော်

      May 24, 2012 at 12:41 pm

      ကြားနေမဲ ပြောရမလား.. ၁ အချက်လဲ မရွေးလို၊ ၂ အချက်လည်း မလုပ်လို
      vote ထဲမှာ မပါတဲ့ third option ပေါ့ .. သဘာဝပတ်ဝန်းကျင် ထိခိုက်မှု အနည်းဆုံးဖြစ်အောင် စဉ်းစားပြီး တကယ်လည်း အလုပ်ဖြစ်မယ့် ဘယ်နည်းနဲ့ပဲဖြစ်ဖြစ် (ရေ၊ ရုပ်ကြွင်းလောင်စာ၊ နေ၊ ဓာတ်ငွေ့၊ အဏုမြူ) စွမ်းအင် ထုတ်မည့် အချက်ကို ရွေးချင်ပါတယ်..။

  • htoosan

    May 24, 2012 at 6:27 am

    ဒီတစ်ခါ သူကြီး vote မှာ ဝင်ပြီး vote မလုပ်ပါဘူး ။ အရီးလတ် လို သဘောမို့လို့ပါ ။ ရှဉ့်လဲ လျှောက်သာ ပျားလဲစွဲသာမို့ပါ ။
    အဲ … ကြားနေမဲ မရဘူးဆိုရင်တော့ အတ္တ သမားမို့ အတ္တဘဲ ကြီးမှာပါ .. 😀
    (မှတ်ချက် … ဧရာဝတီမြစ်ဆုံစီမံကိန်းတုန်းက ဆက်လက်ဆောက်သင့်ပါသည်လို့ မဲပေးခဲ့ပါသည်)

  • Ch@vez

    May 24, 2012 at 6:50 am

    အင်း ..
    သဘာဝရဲ့ ရင်သွေးငယ်တွေများနေလို့ အားဖြည့်လိုက်ပါတယ်..
    ဆိုလာ သမားတွေအတွက်ပါ။
    ကမာ္ဘ့ထိပ်တန်း ဆိုလာ ထုတ်လုပ်သူ မိတ်ကာ အကြီးစားဆီက ကတ်တလောက်မှာ ဖတ်ရတာပါ
    အိမ်သုံး ဆိုလာစစ်စတမ် ကို ပစ္စည်းဖိုး တင် သိန်း ၄၅ဝ ခန့် ရှိပါတယ်။
    ဆိုလာ ပြားတွေရယ် ၊ ဘက်ထရီလိုမျိုး သိုလှောင် ပစ္စည်းရယ် ထိန်းချုပ်အပျော့ထည်ရယ်ပါ။
    အဲ့ …အခြား ကုန်ကျ စားရိတ်တွေ ရှိသေးပေမယ့် သည် သိန်း ၄၅ဝကတော့
    မဖြစ်မနေ ကုန်ရမှာပါ။ အဲ ….ဘယ်လောက်ထွက်မလဲ ဆိုတော့ ၅ကီလိုဝပ် ကြီးများတောင်ထွက်မှာပါ။
    (တခြား ၂-၃-၄ ကီလိုတွေက တော့ သိန်း ၃၀ဝ ကနေ ၄၀ဝကြား အစားစားပါ)
    တွက်သာကြည့်ပေတော့ ဘာတွေဘယ်လောက် သုံးလို့ရမယ် ဆိုတာ ..

    လျှပ်စစ် မီးဖို ၊ ရေခဲသေတ္တာနဲ့ ရေမော်တာ နဲ့တင် ၄ကီလိုလောက် ကိစ္စချောမှာဖြစ်ပါတယ်။
    ကျန်တစ်ကီလို က လိုက်တင် နဲ့ တီဗီ လောက်တော့ ကြည့်လို့ရမပေါ့လေ။
    မီးပူတိုက်မယ် ဆိုရင် မီးဖို ပိတ်ထားဖို့လိုပါမယ် 😛

    (တနေကုန် နေပူမှာ အားသွင်းပြီး ညဘက် ဘယ်နှနာရီ အသုံးခံမယ် ဆိုတာ ပြန်ရှာဖတ်ပီး ရေးပါဦးမယ်)

    စဉ်းစားစေချင်တာက ကနဦး ကုန်ကျငွေ သိန်း ၄၅ဝနော ..ဆိုလာပြားက ပျက်နိုင်ခဲပေမယ့်
    အားသွင်းပစ္စည်း ဘက်ထွီယူနစ် ကတော့ အချိန်နဲ့ အမျှ သိတဲ့အတိုင်းပါ..။

    ဆိုလာနဲ့ ကုန်ထုတ်ဖို့ဆိုတာကတော့ ….အင်း..
    သိန်း၄၅ဝ = ၅ကီလို ဆိုတော့ ..
    ဖယောင်းတိုင်လောက်တော့ ထုတ်လို့ ရမပေါ့လေ..
    တပိုင်တနိုင် အိမ်တွင်း စက်မှုလက်မှု လုပ်ငန်းပေါ့ …
    :mrgreen:

    ကိုင်း..
    ဘယ့်နှယ့်..??

  • kai

    May 24, 2012 at 7:41 am

    မိုးပေါ်ကလမင်းကြီးရေ.. ထမင်းဆီဆမ်းရွှေလင်ဗန်းနဲ့ပေးပါ..
    ပေးပါ..ပေးပါ..ပေးပါ..ပေးပါ..ပေးပါ..
    မပေးရင်…ဆန္ဒပြမယ်..။
    အဲဒီသဘောလား… 😆

    ဆဲလ်ဖုန်း.. ကျပ်၂၀၀ဝနဲ့ရောင်းခိုင်းတာထက်ဆိုးနေပြီ..။

    ဆိုတော့..
    မြစ်ဆုံစီမံကိန်းကို ပြန်လုပ်ပါလို့.. ဆန္ဒပြတောင်းဆိုနေတယ်လို့.. နားလည်ရမှာလား…

    ဒါမှမဟုတ်..
    လျှပ်စစ်ဝန်ကြီး ထွက်ဟေ့ဆိုပြီး.. တောင်းဆိုတာလား..
    လူလစ်တုံး.. စစ်အစိုးရအရေခွံလဲ.. ပြုတ်ကျရေးလား..
    လူစု.. ထွက်လို့ရတုံး.. “ဝုန်း”လိုက်မဟေ့..လား..။
    အခြေခံဥပဒေပြင်ရေး.. ဒို့အရေးလား…

    ရှင်းရှင်းလင်းလင်းလုပ်ကြစေချင်ကြောင်း…
    ဝေလေလေ မလုပ်ကြစေချင်ကြောင်း…။
    ယူအက်စ်အပါအဝင်… ရင်းနှီးမြုတ်နှံမဲ့.. နိုင်ငံတွေ.. သေသေချာချာကြည့်နေကြောင်း..
    စိုးရိမ်နေပြီဖြစ်ပါကြောင်း…

    နိုင်ငံရေးသမားတွေ ဝင်သင့်ပြီထင်ကြောင်း…
    ခေါင်းဆောင်မဲ့သူလိုနေပြီ ထင်ကြောင်း..

    စီမံကိန်းတွေကို.. နည်းပညာငွေအရင်းအနှီးစိုက်ထုတ်လုပ်မှရကြောင်း..
    ကိုယ်တိုင်လုပ်ဖို့.. မြန်မာအစိုးရ(နိုင်ငံ)မှာ ပိုက်ပိုက်မရှိကြောင်း..
    လျှပ်စစ်ဓါတ်အားကို.. ဆုတောင်းပွဲများကျင်းပပြီး.. သကြားမင်ဝရဇိန်လက်နက်ကနေ.. ထုတ်မရကြောင်း..
    ဘိုးတော်များကလည်း.. ယတြာနဲ့..ထုတ်မရကြောင်း..

    ကမ္ဘာ့ဘဏ်အပါအဝင်.. သူများနိုင်ငံတွေကလည်း..ငွေ.. မချေးကြောင်း..
    အလွန်စိတ်သဘောကောင်း.. ငွေပိုငွေလျှံရှိ.. စွန့်စားရတာဝါသနာပါရင်..
    အရင်းအနှီးစိုက်ပေးမယ်.. အတိုးနဲ့ပြန်ပေးသဘောမျိုးပဲလုပ်ကြမယ်ဖြစ်ကြောင်း…

    ဘယ်နိုင်ငံကမှ..(ဘယ်နိုင်ငံကမှ) ကိုယ့်နိုင်ငံအကျိုးမရှိ.. မမြတ်ပဲ.. ဆီစိုက်..နောက်လှည့်မလုပ်ပေးကြောင်း.. :mrgreen:

    အနိစ္စ…

  • the best

    May 24, 2012 at 9:14 am

    Vote လုပ်ခိုင်းတာက
    မြန်မာပြည်လျှပ်စစ်စွမ်းအင်ရဖို့..
    သဘာဝပတ်ဝန်းကျင် ကိုပဲ စောင့်ရှောက်ထိမ်းသိမ်းမလား?
    အညစ်ညမ်းခံပြီး စွမ်းအင်တွေ ရယူမလား?

    ဦးဦးပါလေရာ says:
    ၁-သဘာဝဝန်းကျင်ကို အထိခိုက်ခံပြီးစွမ်းအင်ထုတ်မလား- သို့မဟုတ်
    ၂-သဘာဝဝန်းကျင်ကိုစောင့်ရှောက်ပြီး စွမ်းအင်မလောက်ပဲ နေမလားဆိုတာ ၂ ခုထဲကရွေးရရင်-

    အဓိက က စွမ်းအင်ရဖို ့ “ မြန်မာပြည်လျှပ်စစ်စွမ်းအင်ရဖို့..” ပြီးမှ
    ၁- သဘာဝပတ်ဝန်းကျင် ကိုပဲ စောင့်ရှောက်ထိမ်းသိမ်းမလား?
    ၂- အညစ်ညမ်းခံပြီး စွမ်းအင်တွေ ရယူမလား?
    မြန်မာပြည်လျှပ်စစ်စွမ်းအင်ရဖို့..သဘာဝပတ်ဝန်းကျင် ကိုပဲ စောင့်ရှောက်ထိမ်းသိမ်းမလား? အညစ်ညမ်းခံမလား?

    အပေါ်ကအကြောင်း နှစ်ခုက မေးခွန်းရဲ့ ဆိုလိုရင်း လွဲနေပါတယ်။
    ဦးဦးပါလေရာ မေးခွန်း ပိုပြည့်စုံပါတယ်။

    ကျွန်တော်ကတော့ ….
    မြန်မာပြည်လျှပ်စစ်စွမ်းအင်ရဖို့. သဘာဝပတ်ဝန်းကျင်ကို ထိမ်းသိမ်း ကာကွယ် စောင့်ရှောက် ပြီး သဘာဝပတ်ဝန်းကျင် ဥပဒေကို လေးစားလိုက်နာ ပြီးတော့ စွမ်းအင်တွေ ရယူမယ်။

  • မှော်ဆရာ

    May 24, 2012 at 9:15 am

    ကျွန်တော်တို့ နိုင်ငံမှာ နူကလီးယား စက်ရုံတွေ မရှိသေးဘူး
    ဂျပန်မှာ အများကြီး ….
    မြန်မာနိုင်ငံမှာနေမလား ဂျပန်မှာနေမလား
    ကျွန်တော်တို့နိုင်ငံမှာ ကျောက်မီးသွေး စက်ရုံ မဖြစ်စလောက်
    အမေရိကန်မှာ ကျောက်မီးသွေးစက်ရုံတွေက တသီတတန်း
    (ဒါပေမယ့်) ပျမ်းမျှလူ့သက်တမ်း သက်တမ်းကတော့ အမေရိကန်တွေ အသက်ပိုရှည်ကြတယ် …
    ဂျပန်မှာလဲ မနေချင်ဘူး … အမေရိကန်ကိုလဲ လှမ်းမမျှော်ချင်ဘူး …
    ကိုယ့်ရွှေနိုင်ငံကိုသာ တိုးတက်အောင်လုပ်ဖို့ စိတ်ဆန္ဒရှိတယ် …။
    ဝမ်းစာရေး မပြည့်လို့ နေပူထဲထွက် ကုန်ထမ်းရတာ ကျမ်းမာရေးနဲ့တော့ ဘယ်ညီပါ့မလဲဗျာ ..
    ချမ်းသာချင်ရင် ချမ်းသာတဲ့သူတွေ လုပ်သလို လုပ်ရမယ် ….။
    လိုအပ်နေတာ မီး ၊ ရှိကိုရှိရမှာ မီး ၊ တိုးတက်မှုအတွက် အခြေခံအဆောက်အအုံ …. မီး
    အိုဇုန်းပေါက်လို့ သေရတာ … မီးလောင်လို့ သေတဲ့ မသာလောက် မများသေးပါဘူး ….
    နူကလီးယား ဓါတ်ရောင်ခြည် မသင့်ခင်က … အပူဒဏ်ကြောင့် သေခဲ့တဲ့ တို့အဖိုး.. တို့အဖွားတွေ …။
    ဖယောင်းတိုင်ဖိုး မတတ်နှိုင်လို့ စာကျက်ရခက် …. မီတာခ ဆို ဒီလောက် မကျပါဘူးတဲ့ …။
    သူတို့ကျ ဆောက်ပြီး တို့ကျ အမှောင်ထဲ နေခိုင်းတဲ့ နူကလီးယား …..
    တို့နိုင်ငံ ချမ်းသာမှာလား ….. လာထား …
    ရွှေဂက်စ် ….ကျောက်မီးသွေး … ရေအား … တို့နိုင်ငံစနစ်နဲ့ ကိုက်ညီမလား …
    လာထား ….
    မြေအိုးကို ခွဲပြီး ရွှေအိုးကို ယူကြစို့ ….
    ရွှေအိုးပိုင် ရင် ပြည်တိုးလှိုင်မှာပေါ့ …..
    ဆင်းရဲလို့ ဖြစ်တဲ့ ဝေဒနာ ချမ်းသာကာမှ ကုစားကြတာပေါ့ဗျာ ။။။

  • မှော်ဆရာပိုစ်ကိုဖတ်ပြီး တကယ်ဖြစ်ခဲ့တာလေးသွားသတိရတယ်။

    ညီအကိုလေးယောက်ရှိတဲ့အိမ်မှာ မိဘအမြေ အိမ်တစ်လုံးကျန်ခဲ့တယ်။
    အားလုးံရဲ့စီးပွားရေးကတော့ ပိန်မသာလိန်မသာ။
    နှစ်ယောက်ကရောင်းပြီး အရင်းးအနှီးလုပ်ချင်တယ်။
    ကျန်နှစ်ယောက်ကတော့ ဒို့ဘိုးဘွားအမွေအနှစ်ကိုချစ်မြတ်နိုးချင်တယ်။
    ခက်တာက သူတို့ မိသားစုတွေမှာ ဒီအိမ်ကြီးတစ်လုံးဘဲလက်ညှိးထိုးပြစရာဘဲကျန်တော့တယ်။
    အစစအရာရာ ကျပ်ကျပ်တည်းတည်း။
    အဲဒီအိမ်ပေါ်လူငှားတင်လို့ရတဲ့ တစ်လ ခြောက်သောင်းကို ခွဲယူကြ။
    ပိုက်ဆံမရှိတော့ အိမ်ကြိးကို မပြင်နိုင်တော့ငှားပြန်ရင် ဈေးကောင်းမရ.
    အဲလိုနေလာတာ ကျနော် သူငယ်ချင်းတစ်သက်။

    ကျနော်လာမေးလို့ကတော့ အဲဒီအိမ်ကိုချရောင်းလိုက်.။
    ဘယ်သူမှသုံးမရတဲ့အတူတူ။
    ပြီးရင်အဲဒီကရလာတဲ့ငွေနဲ့ မိသားစုရပ်တည်နိုင်အောင် စီးပွားရေးလုပ်ကြ။
    တစ်ချိန်မှာ ဒီအိမ်ကြီးကိုတောင်ပြန်ဝယ်ချင်ဝယ်နို်င်မယ်လို့ ယူဆနိုင်ပါတယ်။
    ဒါလက်တွေအကျဆုံးအဆင်အပြေဆုံးနည်းလမ်းဘဲ။
    ဒါဆိုရင်မှော်ဆရာမေးခွန်းကို ကျနော်ဖြေပြီးသွားပြီနော်။

  • ကြောင်ကြီး

    May 24, 2012 at 10:02 am

    ရေရှည်ကြည့်ရမှာပေါ့ဗျာ.. ရေတိုအမြင်နဲ့ သဘာဝပတ်ဝန်းကျင် အပျက်စီးခံခဲ့လို့ မြန်မာပြည်မှာ သစ်တောတွေပြုန်း တောတောင်သဘာဝတွေ ပျက်ဆီးပြီး မိုးခေါင်ရေရှားဖြစ် လေမုန်တိုင်း သဘာဝဘေးကျဒါ အားလုံးအသိပဲ။ ပြန်တွက်ရင် ရဒါထက် ပြန်ပေးရဒါများဒယ်။ မြန်မာပြည်မှာ မြစ်ဆုံစီမံကိန်းလို ကျောက်မီးသွေးစီမံကိန်လို သဘာဝအပျက်ခံ စွမ်းအင်ထုတ်ရဂျင်းဂ ပိုက်ဆံလိုဂျင်လို့ဘာ။ ကမ်းလွန်သဘာဝဓါတ်ငွေ့ဂ ရဒဲ့ ဒေါ်လာဘီလျံနဲ့ချီတဲ့ငွေတွေ ဘယ်ရောက်ကုန်လဲ… တိုင်းပြည်ဖွံ့ဖြိုးရေးတွေမှာ အသုံးမချဘဲ သူတိုအိပ်ကပ်ထဲရောက် အာဏာတည်မြဲရေးအတွက် အသုံးချ.. ဒီတော့ အရပ်ဖက်စီမံကိန်းတွေအတွက် နောက်ထပ်စီမံကိန်းတွေ ပတ်ဝန်းကျင်အပျက်ဆီးခံ လုပ်ရဗျံရော..။ အမေရိကန်နိုင်ငံ အလက်စ်ကာပြည်နယ် ကမ်းလွန်ဒေသမှာ လုံလောက်တဲ့ ရေနံသိုက်ကြီးရှိဒယ်။ ကမာ္ဘ့ရေနံဈေး ဘယ်လောက် မိုးပျံနေအောင်တက်တက် အဲဒီနေရာကို မထိဘူး…. အချက်နှစ်ချက်ရှိတယ်… (၁) သဘာဝ ပတ်ဝန်းကျင်ပျက်မှာမို့ ပြည်သူအများစု လက်မခံဘူး.. (၂) တိုင်းပြည်အတွက် မဟာဗျူဟာမြောက် အရန်စွမ်းအင်သိုက်ဖြစ်တယ်။ ရေနံဝယ်မရရင် ပိုက်ဆံအကုန်ခံ လူအသေခံပြီး အာရပ်တွေနဲ့ စစ်တိုက်ရင်သာတိုက်မယ် အဲဒီသိုက်ကို ထိလို့မရသေးဘူး။။ တူးဖော်ချင်တဲ့ ရေနံကုမ္မဏီကြီးတွေဆိုတာ သရေတမျှားမျှားပဲ သို့သော် အမေရိကန် ဒီမိုကရေစီကို မကျော်နိုင်သေးဘူး။

    • windtalker

      May 24, 2012 at 10:33 am

      အူးကြောင် ခင်ဗျားရေးသမျှ အားလုံးထဲမှာ ဒီကွန်မင့်ကို အရမ်းကြိုက်တယ်ဗျာ။ အုပ်ချုပ်သူ ရွှေတိုက်စိုးတို့ ကိုယ့်ဖို့ဘဲ မကြည့်တဲ့ အချိန် နိုင်ငံ့တာဝန်ကို သစ္စာရှိရှိ ထမ်းဆောင်ကြမယ့်အချိန် ။ မျိုးချစ်စိတ်……. etc

    • htoosan

      May 24, 2012 at 2:15 pm

      ကမာ္ဘ့ရေနံဈေး ဘယ်လောက် မိုးပျံနေအောင်တက်တက် အဲဒီနေရာကို မထိဘူး…. အချက်နှစ်ချက်ရှိတယ်… (၁) သဘာဝ ပတ်ဝန်းကျင်ပျက်မှာမို့ ပြည်သူအများစု လက်မခံဘူး..

      သူများ ပိုက်ပိုက်နဲ့ သူများဟာတွေ အရင်သွားနိုုုက်နေတာလေ.. အထင်ကြီးစရာ ရှိနေတော့ ချေးတဲ့ သူကလည်း ချေးနေတာကိုး … ဘယ်သူမှ မချေးရင် သူလည်း သူ့ဟာသူ ပြန်ဖော် သုံးရမှာပေါ့ ..
      မီးမလာကြည့်ပါလား သွားပြေးတူးမှာဘဲလေ.. အခုတော့ ပြောအားရှိနေတာပေါ့နော်..

    • kai

      May 24, 2012 at 3:18 pm

      ယူအက်စ်ရဲ့အဓိကထုတ်ကုန်က.. “စက္ကူ”ပဲ..။
      တိတိကျကျဆိုရင်..” ဒေါ်လာ”ပဲ..
      ဒေါ်လာကို..ကမ္ဘာသုံး” ငွေ”ဖြစ်အောင်လုပ်ဖို့က..” ရေနံ”ကို.. နိုင်ငံအပြင်ကဝယ်မှ.. ဖြစ်မယ်..

      အဲဒီလိုစဉ်းစားစေလိုကြောင်း…။ :mrgreen:

  • မိုက်ကယ်ဂျော်နီအောင်ပု

    May 24, 2012 at 11:17 am

    ဂဘာမီေးလာင် သားကောင်ချနင်းဆိုလား
    လိုအပ်ရင်တော့ ဗမာပြည်ဂျီးဂို ဗျောင်းဗျန်လှန်သင့်လှန်ရမှာဘဲ
    လုအပ်လာဘီဟာနော
    ဒဂယ့်အရေးကြီးဒါဂ
    ( သဘာဝပတ်ဝန်းကျင်ကို ထိခိုက်ခိုက် မထိခိုက်ခိုက်
    လုပ်သမျှကိစ္စတွေက တိုင်းပြည်တွက်အကျိုးမရှိလျှင်ဒေါ့ )
    ဘာမှမလုပ်သင့်ဘာဂျောင်း

    • ဗိုက်ကလေး

      May 24, 2012 at 12:52 pm

      ဟေ့ ကြက်ဖင်..
      ဒီအောက်ကဟာကို ဖတ်ကြည့် 😆

      ဒီမြေ
      ဒီရေမှာ
      မွေးခဲ့
      နေခဲ့
      ကြီးခဲ့
      ပြီး….
      ဒီမြေ
      ဒီရေ
      ရဲ့ အရေး
      သင်…..
      နဲနဲမှ မတွေး….
      ဒါဆိုရင်..
      ေ-ွး သာသာလေး…

      ရဲင့်ကျော်
      (ကိုဝိုင်ဝိုင်ကေ)
      ၁၈-၈-၁၁

  • MTY

    May 24, 2012 at 4:28 pm

    ကျွန်တော်ကတော့post တင်ထားတဲ့သူမေးထားတာဘဲဖြေပါ့မယ်။
    နိုင်ငံကို(၁)တိုးတက်စေချင်လှပြီ၊
    (၂)ခေတ်မီစေချင်လှပြီ၊
    (၃)ချမ်းသာစေချင်လှပြီ၊
    လက်ရှိနိုင်ငံရဲ့အဖက်ဖက်သောခြေအနေ(ငွေကြေးတတ်နိုင်မှု၊နည်းပညာ၊ဆင်းရဲတွင်းနက်မှု၊အချိန်ကန့်သတ်ချက်၊
    ပညာတတ်ပေါများမှုစတဲ့အချက်အလက်ပေါင်းများစွာအရ)မြန်မာပြည်မှာလျှပ်စစ်စွမ်းအင်ရဖို့….ဆိုရင်သဘာဝ
    ပတ်ဝန်ကျင်အညစ်ညမ်းခံပြီး စွမ်းအင်တွေ ရယူမယ်ဗျာ။
    ဘယ်လိုနည်လမ်းသုံးမလဲ..လက်ရှိအနေအထားအရ ..ရေအားလျှပ်စစ်၊ကျောက်မီးသွေး၊သဘာဝဓာတ်ငွေ့၊လေအား
    တစ်ခြားဘာရှိသေးလဲ..ရတဲ့နေရာကယူမယ်ဗျာ။
    စဉ်စားကြည့်လေ..သေချာတာတော့အားလုံးဟာနိုင်ငံကို
    (၁)တိုးတက်စေချင်လှပြီ၊
    (၂)ခေတ်မီစေချင်လှပြီ၊
    (၃)ချမ်းသာစေချင်လှပြီ၊
    ဒီသဘောထဲရှိမယ်ထင်ပါတယ်….နိုင်ငံကြီး(တိုးတက်ပြီး)တွေကတော့သဘာဝပတ်ဝန်းကျင်ဆိုတာကိုလက်ညှိုးထိုး
    နေမှာပါ။ဒါလဲသူတို့အကျီုးတော့အထိမခံပါ.ဖန်လုံအိမ်စာချုပ်မှ ကနေဒါနိုင်ငံနှုတ်ထွက်မှု။
    အမေရိကန်နိုင်ငံကိုတော့သွားမနိုင်းနေပါနဲ့..ရေနံမှမဟုတ်ပါ..မြေရှားဒြပ်စင်သတ္တုကိစ္စမှာလဲကမ္ဘာမှာသူ့နိုင်ငံမှာအများဆုံး
    လုံးဝမထုတ်ဘူးတရုတ်ဆီကဝယ်တယ်။.
    http://myanmargazette.net/123936/atheism-agnosticism-buddhism-christianity-hinduism-islam-judaism-new-age-pagan-earth-based-religions-religious-concepts-self-help-spirituality-wicca-witchcraft-religion-spiritualit
    ငွေရှိတယ်၊နည်းပညာရှိတယ်လူရှိတယ်အခုအချိန်မှာသူလုပ်ချင်တာလုပ်နိုင်တယ်။
    ကမ္ဘာမှာကြွေးအများဆုံးဖြစ်လဲဂရုမှမစိုက်တာ…
    ၁၈၀ဝခုနှစ်လောက်ကသူလဲ..သဘာဝပတ်ဝန်းကျင်ဆိုတာကြည့်ခဲ့တာမဟုတ်ပါ။
    ဒါကြောင့်ကျွန်တော်ကတော့ဥပမာ..ချမ်းသာလာမှ..ခုတ်ပြီးတဲ့သစ်ပင်ပြန်စိုက်မယ်ဗျာ။

  • Don Juan Ronald

    May 24, 2012 at 10:35 pm

    အစားအစာ ကို စား ရင် ငင် ပြီး သေ မှာ ကြောက် လို့ ၊ အစားအစာ ကို မ စား ဘဲ နေ ရင် တော့ ၊ မြန်မြန် သေ ဖို့ ပို သေချာ မှာ ပါ ။

    လောပိတ ရေးအား လျှပ်စစ် ကို အချိန် အကြာ ဆုံး သုံးဆွဲ မှီဝဲ ဇိမ်ခံ ခဲ့ ရ သော အောက် ဗမာ ပြည် သား တို့ ရေ ~~~ ?????????????? ။

  • Green Rose

    May 24, 2012 at 10:45 pm

    Green Rose အမြင်တော့ ပါတ်ဝန်းကျင်ညစ်ညမ်းမှုကို မျက်ကွယ်ပြုထားလို့မရပါဘူး။ အခုအချိန်မှာ တစ်ကမ္ဘာလုံး၊ နိုင်ငံတွေအားလုံး၊ လူတွေအားလုံးက ခေတ်မှီတိုးတက်ချင်နေကြတာပါပဲ၊ Green Rose တို့လည်း တိုးတက်ချင်၊ ခေတ်မှီချင်တာပါပဲ၊၊ ဒါပေမယ့် Green Rose တို့ တိုင်းပြည်ရဲ့ အခြေခံက စိုက်ပျိုးရေး၊ မွေးမြူရေးပါ။ ပြည်တွင်းမှာ စားသုံးဖို့ အဓိကဦးစားပေးပြီး၊ နောက်ပိုလျှံရင် ပြည်ပကိုတင်ပို့ဖို့ စဉ်းစားရပါမယ်။ အခုတလော organic လို့ လူတွေ တောင်းဆိုလာနေကြတဲ့အချိန်မှာ သန့်ရှင်းပြီး၊ အန္တရယ်ကင်းတဲ့ စားသောက်ကုန်တွေ ထုတ်လုပ်ဖို့ ဦးစားပေးစဉ်းစားရပါမယ်။ သဘာဝ ပါတ်ဝင်းကျင် ပျက်စီးပြီး စိုက်ပျိုးလို့မရ၊ မွေးမြူလို့မရရင် ပထမဆုံး အငတ်ဘေးနဲ့ ကြုံရနိုုင်တဲ့ လူထုကို အရင်စဉ်းစားရပါမယ်။ ပြည်ပက ဝယ်ယူလို့ ရနိုင်ရင်တောင် မလောက်ငနိုင်ပါဘူး။ ကမ္ဘာ့စားနပ်ရိက္ခာ ပြသနာဟာ သဘာဝပါတ်ဝန်းကျင် ညစ်ညမ်းလေ ပိုဆိုးလေဖြစ်လာမှာပါ။ တိုးတက်ဖို့အတွက်၊ မီးလင်းဖို့အတွက် သဘာဝ ပါတ်ဝန်းကျင်ကို ဖျက်ဆီးတာဟာမဖြစ်သင့်ပါဘူး။ အမှန်တော့ ဒီကိစ္စမှာ Vote ကအဓိကမကျပါဘူး။ ပညာရှင်တွေ၊ နားလည်တတ်ကျွမ်းသူတွေက အချက်အလက်တွေစုဆောင်း၊ သေချာတွက်ချက်ပြီး ဖြစ်လာနိုင်မယ့် အကျိုးဆက်တွေကို နှစ်အပိုင်းအခြားအလိုက် ချပြရမှာပါ။ အဲဒီ့နောက်မှ Vote လုပ်ချင်တယ်ဆိုတော့လည်း လုပ်ပေါ့လေ။ တစ်ချို့ကိစ္စတွေမှာ Vote လုပ်ယုံနဲ့ ဆုံးဖြတ်ချက် အမှန်မရပါဘူး။ Vote လုပ်တယ်ဆိုတာ လွယ်ပါတယ်။ နားလည်လည် မလည်လည်၊ မှန်မှန်မှားမှား ကိုထောက်ခံချင်တာကို ထောက်ခံလိုက်လို့ရပါတယ်။ Green Rose ကို အခုလောလောဆယ် လျှပ်စစ်မီး ထိန်ထိန်လင်းနေတဲ့နေရာမှာ အငတ်ခံပြီးနေမလား၊ မီးမရှိတဲ့အရပ်မှာ ထမင်းအဝစားပြီးနေမလားလို့မေးရင် ၊ ဒုတိယလမ်းကိုပဲရွေးပါမယ်။ အသက်ရှင်ရပ်တည်မှုအတွက် လျှပ်စစ်ဟာ ထမင်းလောက် အဓိကမကျပါဘူး။ ကမ္ဘာကြီးကို တကယ်ချစ်ရင်၊ နောင်မျိုးဆက်တွေအတွက် စဉ်းစားရင် သဘာဝ ပါတ်ဝန်းကျင်ကို ထိန်းသိမ်းရမှာပါ။

    • Ch@vez

      May 25, 2012 at 6:58 am

      Petroleum – 37.1%
      Natural Gas – 23.8%
      Coal – 22.5%
      Renewable Energy – 7.3%

      အဲ့ဒါ ကမာ္ဘ့ နံပါတ်-၁ လို့ပြောတဲ့ အန်ကယ်ဆမ် ရဲ့ စွမ်းအင် ကဏ္ဍက ဂဏန်းတွေ
      အမေရိကန် စွမ်းအင် ဝန်ကြီး အကြောင်း
      http://en.wikipedia.org/wiki/Steven_Chu
      သည်မှာ ဖတ်လို့ရတယ်…ဗျ

      မောင့်ထက်တတ် သူ ဘယ်သူမှ မရှိနိုင်ပါဘူး တို့….
      မောင့်လောက်တတ် သူ နောက်တယောက် မရှိနိုင်ပါဘူး တို့….
      ပြောတဲ့ ပြောမယ့် လူစား မဟုတ်တာ သိပ်သေချာတဲ့
      နိုဗယ်ဆုရထားတဲ့ ရူပဗေဒ ပညာရှင်။ ပြန်ပြည့်စွမ်းအင် အားပေးသူ။

      သည်လို လူစား ဦးဆောင်တဲ့ ကမာ္ဘ့ထိပ်တန်း အဖွဲ့အစည်းမှာတောင်
      သဘာဝပါတ်ဝန်းကျင် ထိခိုက်တာတွေကို စွမ်းအင် ကဏ္ဍ အတွက်
      မလွှဲမရှောင်သာ သုံးကိုသုံးနေရသေးတယ် ဆိုတာ လေး သတိချပ်စေချင်တာပါ…။

      မီးစာတဖက် ရေမှုတ်တဖက် ဆိုတဲ့ စကားပဲ ဆွဲသုံးချင်ရဲ့
      ဟုတ်ကဲ့.. သည်ဘက်မှာ CO2 ထုတ်နေရင် ဟိုဘက် မှာ သစ်ပင် ပြန်စိုက်ပေးပါ…။
      ၂ခုလုံး မလုပ်ဘဲ မှောင်ထဲ ထိုင်မယ်ဆိုရင်တော့ ..အင်း…

      မှောင်ထဲမှာ ထမင်းဝဝ စားမယ် ဆိုတဲ့ အတွေးလေးကို ပြန်စဉ်းစားစေချင်ပါကြောင်း..။

      ပုံ
      သစ်ပင်အောက်မှာ ကိုယ်တုံးလုံးနဲ့ ဗိုက်ဟောင်းလောင်း မထိုင်ချင်သူ

  • kai

    May 24, 2012 at 11:34 pm

    အချက်အလက်အားဖြည့်ရန် Eleven Media မှကူးယူသည်။
    http://news-eleven.com/index.php?option=com_content&view=article&id=13743:2012-05-23-04-27-12&catid=42:2009-11-10-07-36-59&Itemid=112

    ရေအားလျှပ်စစ်စီမံကိန်းအချို့၏ အချက်အလက်များ

    ရွှေလီ ရေအားလျှပ်စစ်စီမံကိန်း(ရှမ်းပြည်နယ်မြောက်ပိုင်း)

    ရွှေလီမြစ်ပေါ်ရှိ ရွှေလီ(၁)ရေအားလျှပ်စစ်စီမံကိန်း အကောင်အထည်ဖော်ရန်အတွက် အမှတ်(၁) လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့် တရုတ်နိုင်ငံ Yunnan United Power Development Co., Ltd (YUPD) တို့ ၂၀၁ဝ ပြည့်နှစ် ဖေဖော်ဝါရီလ ၁၁ ရက်နေ့တွင် သဘောတူ လက်မှတ်ရေးထိုး။
    ရွှေလီ(၂) ရေအားလျှပ်စစ်စီမံကိန်း အကောင်အထည်ဖော်ရန်အတွက် အမှတ်(၁) လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့် တရုတ်နိုင်ငံ Huaneng Lancang River Hydropower Co.,Ltd တို့ ၂၀၀၉ ခုနှစ် နိုဝင်ဘာလ ၁၂ ရက်နေ့တွင် သဘောတူ လက်မှတ်ရေးထိုး။

    ဟတ်ကြီး ရေအားလျှပ်စစ်စီမံကိန်း(ကရင်ပြည်နယ်)

    သံလွင်မြစ်ပေါ်တွင် တည်ဆောက်မည့် အဆိုပါ စီမံကိန်း အကောင်အထည်ဖော်ရန်အတွက် အမှတ်(၁) လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ တရုတ်နိုင်ငံ SinoHydro Corporation Limited ၊ ထိုင်းနိုင်ငံ EGAT International Co.,Ltd နှင့် International Group of Entrepreneur Company Limited တို့ ၂၀၁ဝ ပြည့်နှစ် ဧပြီလ ၂၄ ရက်နေ့တွင် သဘောတူ လက်မှတ်ရေးထိုး။

    ထမံသီ ရေအားလျှပ်စစ်စီမံကိန်း(စစ်ကိုင်းတိုင်းဒေသကြီး)

    ချင်းတွင်းမြစ်ပေါ်တွင် တည်ဆောက်မည့် ထမံသီ ရေအားလျှပ်စစ် စီမံကိန်း အကောင်အထည်ဖော်ရန်အတွက် အမှတ်(၁)လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့် အိန္ဒိယနိုင်ငံ National Hydroelectric Power Corporation Limited(NHPC)တို့ ၂၀၀၈ ခုနှစ် စက်တင်ဘာလ ၁၆ ရက်နေ့က သဘောတူ လက်မှတ်ရေးထိုး။

    တာပိန် ရေအားလျှပ်စစ်စီမံကိန်း(ကချင်ပြည်နယ်)

    ဧရာဝတီမြစ်၏ မြစ်လက်တက်ဖြစ်သော တာပိန်မြစ်ပေါ်တွင် တည်ဆောက်မည့် တာပိန်(၁) ရေအားလျှပ်စစ် စီမံကိန်းလုပ်ငန်းများနှင့် ပတ်သက်၍ အမှတ်(၁) လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဝန်ကြီးအား တရုတ်နိုင်ငံ Datang(Yunan) United Hydropower Developing Co.,Ltd မှ ၂၀၀၈ ခုနှစ် အောက်တိုဘာလ ၃၁ ရက်နေ့က လာရောက်ဆွေးနွေး။
    တာပိန်(၂) ရေအားလျှပ်စစ် စီမံကိန်းအတွက် အမှတ်(၁) လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့် Datang(Yunan) United Hydropower Developing Co.,Ltd တို့ ၂၀၀၈ ခုနှစ် စက်တင်ဘာလ ၂၅ ရက်နေ့က သဘောတူ လက်မှတ်ရေးထိုး။

    ဧရာဝတီ၊ မေခ-မလိခမြစ်ဝှမ်း ရေအားလျှပ်စစ် စီမံကိန်းများ(ကချင်ပြည်နယ်)

    ချီဖွေငယ် ရေအားလျှပ်စစ် စီမံကိန်းအတွက် အမှတ်(၁) လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့် တရုတ်နိုင်ငံ China Power Investment Corporation (CPI) တို့ ၂၀၀၈ ခုနှစ် ဖေဖော်ဝါရီလ ၂ရ ရက်နေ့က ကန်ထရိုက်စာချုပ် လက်မှတ်ရေးထိုး။
    ၂၀၀၉ ခုနှစ် စက်တင်ဘာလ ၁၉ ရက်နေ့တွင် အမှတ်(၁)လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနဝန်ကြီးနှင့် CPI မှ Vice President နှင့်အဖွဲ့တို့ တွေ့ဆုံပြီး ပူးပေါင်း အကောင်အထည်ဖော်မည့် ဧရာဝတီ၊ မေခ-မလိခမြစ်ဝှမ်း ရေအားလျှပ်စစ်စီမံကိန်းများနှင့် ပတ်သက်၍ ဆွေးနွေး။
    ၂၀၀၉ ခုနှစ် ဒီဇင်ဘာလ ၂၁ ရက်နေ့တွင် မြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းလုပ်ငန်း စတင်ခြင်း အခမ်းအနားပြုလုပ်။

    အထက်သံလွင် ရေအားလျှပ်စစ်စီမံကိန်း(ရှမ်းပြည်နယ်)

    စီမံကိန်းအတွက် အမှတ်(၁)လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့် တရုတ်နိုင်ငံ Hanergy Holding Group Limited(Hanergy) နှင့် Goldwater Resources Limited(GRL) တို့ ၂၀၁ဝ ပြည့်နှစ် ဖေဖော်ဝါရီလ ၂၄ ရက်နေ့က သဘောတူ လက်မှတ်ရေးထိုး။

    (မှတ်ချက်- အဆိုပါ စီမံကိန်းများမှ ရာခိုင်နှုန်းမည်မျှ ရောင်းချမည်ကို တရားဝင် ထုတ်ပြန်မှုမရှိပါ။ အဖွဲ့အစည်းအချို့နှင့် လေ့လာသူများ၏ အဆိုအရ ယင်းစီမံကိန်းများသည် သက်ဆိုင်ရာ ရင်းနှီးမြှုပ်နှံသည့် နိုင်ငံများသို့ ထွက်ရှိသော လျှပ်စစ်များ၏ ၈ဝ ရာခိုင်နှုန်းမှ ၉ဝ ရာခိုင်နှုန်းကို ရောင်းချမည်ဖြစ်သည်ဟု သိရသည်။)

    • amatmin

      May 25, 2012 at 9:04 am

      (မှတ်ချက်- အဆိုပါ စီမံကိန်းများမှ ရာခိုင်နှုန်းမည်မျှ ရောင်းချမည်ကို တရားဝင် ထုတ်ပြန်မှုမရှိပါ။ အဖွဲ့အစည်းအချို့နှင့် လေ့လာသူများ၏ အဆိုအရ ယင်းစီမံကိန်းများသည် သက်ဆိုင်ရာ ရင်းနှီးမြှုပ်နှံသည့် နိုင်ငံများသို့ ထွက်ရှိသော လျှပ်စစ်များ၏ ၈ဝ ရာခိုင်နှုန်းမှ ၉ဝ ရာခိုင်နှုန်းကို ရောင်းချမည်ဖြစ်သည်ဟု သိရသည်။

      အပေါ်က မှတ်ချက်မှာ ပါသလို.ကိုယ့်ဆီက ရင်းမြစ်တွေကို သုံးပြီး စွမ်းအင်ထုတ်တိုင်း.
      ကိုယ့်နိုင်ငံ အကျိုးစီးပွားအတွက် ဘယ်လောက်ရမှန်းမသိ.
      ရပြန်တော့လည်း မစို့တပို့ ရာခိုင်နှုန်း ဆိုရင်တော့..ကိုယ့်အကျိုးမများရင်.
      လုပ်လိုက်တိုင်း ကန့်ကွက်ခံနေရမှာပဲ .ကိုယ့်ဆြာတို့.ရေ

  • MTY

    May 25, 2012 at 10:24 am

    သဘာဝ ပါတ်ဝန်းကျင်ကိုမြန်မာနိုင်ငံတစ်နိုင်ငံတည်းထိမ်းသိမ်းလုပ်၍မရပါ။
    အခုကမ္ဘာဖြစ်နေတဲ့climate changes ကမြန်မာနိုင်ငံတစ်နိုင်ငံတည်းကြောင့်
    မှမဟုတ်တာ။လက်ရှိမြန်မာနိုင်ငံမှာအာဖရိကလိုစားဖို့တောင်မရှိဖြစ်နေတာလဲမဟုတ်။
    လျှပ်စစ်မီးမရလို့ဆန္ဒပြနေတာမဟုတ်လား။စားစရာမရှိလို့ဆန္ဒပြနေတာလား။ဒီဂေဇက်မှာ
    ဘယ်လိုဘဲအဖြေထွက်ထွက်..ပြည်သူလိုချင်နေတာ….အခုအချိန်မှာ..လျှပ်စစ်မီးပါ။
    ASSK ကိုဘာဝိုင်းပြောလဲ..လျှပ်စစ်မီးရအောင်လုပ်ပေးပါတဲ့…ဒီမိုကရေစီကနောက်..လျှပ်စစ်
    မီးကအရင်တဲ့…ASSK ပြောတဲ့အတိုင်းပြောတာနော်…ထောက်ပြချင်တာက.ပြည်သူလိုချင်နေတာ…
    အခုအချိန်မှာ..လျှပ်စစ်မီးပါ။ပြည်သူ့ဆန္ဒကိုအလေးမထားရင်တော့မပြောတတ်ပါ။
    အရာရာတိုင်းကတော့အဆိုးနဲ့အကောင်းဒွန်တွဲနေမှာပါ.တရားသေဆွဲကိုင်နေရင်တော့အရင်အတိုင်း
    ပြန်ရောက်သွားမှာပါ။

    သဘာဝပတ်ဝန်ကျင်အညစ်ညမ်းခံပြီး စွမ်းအင်တွေ ရယူမယ်ဗျာ။

    အရင်လိုပြန်မနေချင်သူ

    • ကြောင်ကြီး

      May 25, 2012 at 10:57 am

      ကြေးမုံဂျီး ပေါက်ကယရေးဒါ မျက်နှာလိုအားယ ထောက်ခံနေဂထဲက နင် တရုတ်သူလျှိုဖြစ်မယ် ထင်သားဘဲ..။ ပြီသုဆန္ဒ ဘာညာနဲ့ စဂါးကျီး ဇဃားကျယ်သုံးပီး ဒေါ်စုကိုပြောရအောင် မင်းဖင်မင်းပြန်ကြည့်ဈမ်း.. အမြီးပေါက်နေလားလို့.. (ဘာမှဒေါ့ မဆိုင်ဘူး..ဘလိုင်းဂျီးခွပ်တာ..ဘာဖြစ်သလဲ။) အရင်လို ပျံမနေဂျင်ရင် မြေဂျီးထဲဝင်နေကွာ..။ မင်းအဘဂျီး တူးထားဒဲ့ လှိုင်ဂေါင်းဒွေ ရှိသားဘဲ…။

  • အလင်းဆက်

    May 26, 2012 at 7:18 pm

    သဘာဝ ဝန်းကျင်နဲ ့ ကျွန်တော်တို ့ကြားက ဂေဟ စနစ်ကလေး..ပျက်စီးသွားမှ..စိုးတာ…ပေါ့။

Leave a Reply