ကမ်းနားလမ်းသစ်ကို အေးရှားဝေါလ်က တာဝန်ယူဖောက်လုပ်မည်

klnJune 18, 20101min530

ရန်ကုန်မြို့မှာ ကမ်းနားလမ်းသစ်ကို အေးရှားဝေါလ်ကုမ္ပဏီမှ တာဝန်ယူပြီး ဆောက်လုပ်မယ်လို့ သိရပါတယ်။ သည်ကမ်းနားလမ်းသစ်ကို အလုံမြို့နယ်၊ ကြည့်မြင်တိုင်မြို့နယ်၊ ဆိပ်ကမ်းမြို့နယ်၊ ဗိုလ်တစ်ထောင်မြို့နယ်တို့ကို ဖြတ်ပြီးဖောက်လုပ်မှာဖြစ်တယ်။ လမ်းအကျယ်က ၄၈ပေရှိပြီး ဝဲယာပလက်ဖောင်းအကျယ်က ခြောက်ပေ ရှိတယ်။ လမ်းလယ်ကျွန်း အကျယ်က ပေ ၃ဝရှိမယ်လို့ သိရပါတယ်။ တည်ဆောက်မယ့် လမ်းအမျိုးအစားက ကွန်ကရစ်လမ်းဖြစ်တယ်။ ဖြတ်သန်းခွင့်ရမယ့် တန်အလေးချိန်က တန်တစ်ရာခန့်ရှိပြီး နေ့စဉ်ခန့်မှန်းယာဉ်အစီးရေက ၁၀၀ဝ မှ ၁၂၀ဝ ခန့်အထိ ရှိမယ်လို့ သိရပါတယ်။ ကမ်းနားလမ်းသစ် လမ်းတစ်လျှောက်မှာ တံတားလေးစင်းရှိပြီး ကမ်းနားလမ်းသစ်ရဲ့ ရန်ကုန်မြစ်ဘက်ခြမ်းမှာ မီးရထားလမ်းပါမယ်လို့ သိရပါတယ်။ တံတားလေးစင်းကို သီရိမင်္ဂလာဈေးချောင်း (ကြည့်မြင်တိုင်) မှာတစ်စင်း၊ သစ်တောလမ်းထိပ်၊ ဟာဘီချောင်း၊ ရွာသစ်ချောင်း (အလုံမြို့နယ်) တို့မှာ တည်ဆောက်မယ်လို့ သက်ဆိုင်ရာက ပြောကြားပါတယ်။