Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ဟိုကိစ္စ နောက်ဆုံးသတင်းများ

ムラカミMay 23, 20121min116548

ရွှေပြည်ကြီး၏ ရပ်ဝန်းအထွေထွေမှ လာသော သတင်းများဖြစ်ပါသည်။
မီးရမှ ရေတင်နိုင်မည်။ ထို့ကြောင့်မီးသည် ရေ ဖြစ်သည်ဟု ပြောဆိုသံများ ညံနေ။

အောက်စဖိုဒ့် ဟားဗက် ကိန်းဘရစ်ချ် နှင့် ကမာ္ဘ့ထိပ်တန်း

တက္ကသိုလ်မှ ပါမောက္ခများ မီး အစ်စ် အီကွဲတူ ရေ

ဆိုသော ဒက်ဖနေးရှင်းကို နားစွန်နားဖျားကြားပြီး အုံးစားလျက်ရှိ။

ရှေ့မီနောက်မီ လူကြီးသူမများမှာ မီး အီကွဲတူ ရေ ဖြစ်ပါက

ယခု အလှည့်ကျ သီတင်းကျွတ်ပွဲ ကျင်းပအပြီးတွင်

ကျုံးထဲ ၊ ကန်ထဲ ၊ မြောင်းထဲ ၊ချောင်းထဲ ဆင်းကာ သင်္ကြန်ပွဲ

ထပ်မံကျင်းပလေမလား ဟု ပူပန်လျက်ရှိ။

ထိုသို့ကျင်းပဖြစ်ပါက နှစ်ပေါင်း ၂၆၀ဝ အတွင်း ပထမဆုံး

မုတ်သုံဦး ရေကစားပွဲ ဖြစ်လာနိုင်။ ဒေသတွင်းနိုင်ငံများ

လိုက်လုပ်ကြည့်ရင် ကောင်းမလား ဟု တွေးတောနေ။

 

ဆြာဝန်များ အသင်းကတော့ ပြောင်းပြန်အားဖြင့် နိုးမီး= နိုးဝါးတား

ဖြစ်သောကြောင့် ရေမချိုးကန်ပိန်းများ ပြောင်းလုပ်ကြပါက

တစ်ကိုယ်ရေ သန့်ရှင်းရေး နှင့် မညီသည့်အပြင် တစ်မြို့လုံး

နံစော်နေမည်ဖြစ်သဖြင့် ကန့်ကွက်ကြောင်း ပြောကြား။

 

ချိုးခြံခြွေတာရေး လှုပ်ရှားသူများ အဖွဲ့မှ ရေအကုန်အကျ သက်သာစေရန်

ခေါက်ဆွဲပန်းကန် ရေကျင်းသောက်သည့် တိုင်းပြည်နှင့်

အိမ်သာရေ ပြန်သန့်ပြီး သောက်သည့် တိုင်းပြည်မှ စနစ်များ နိုး-ဟောင်းများ

တင်သွင်းရန် အသင့်ရှိနေ။

 

ဈေးကွက်အတွင်း ဖယောင်းဝယ်လိုအား ရုတ်ချည်း တက်သွားသောကြောင့်

စီးပွားရေးသမားများ အကျပ်ရိုက်လျက်ရှိ။ အမွေးတိုင် ကုန်သည်များကလည်း

ဟိုစကားကို ကိုးကားလျက် မိုးနတ်မင်းအားရည်စူး၍ အမွှေးတိုင် ကန်ပိန်း

ပြောင်းမလုပ်ချင်ဘူးလားဟု မားကတ္တင်းဗျူဟာ ချမှတ်ရန် စဉ်းစားနေ။

 

မီး အီကွဲတူ ရေ ဖြစ်ပါက ရေအီကွဲတူ မိုးဖြစ်သောကြောင့် မိုးရွာရန်

လွန်ဆွဲပွဲများ ကျင်းပရန်ရှိ။ ဈေးကွက်အတွင်း အုန်းဆံကြိုးများ

ဝယ်ယူ သိုလှောင်ပြီး တက်ဈေးရမှ ပြန်ထုတ်မည် ဟု မျက်ရစ်မပါသူများ

တွေးခေါ်နေကြ။

 

ဆောက်လုပ်ရေး လုပ်ငန်းများမှ မြို့ကြီးများ၏ ကားမှတ်တိုင် များ

လူစည်ကားရာများတွင် အခပေးရေချိုးခန်းများ တည်ဆောက်ရန် ကြံရွယ်နေ။

ကွန်ဇာဗေးတစ်ဗ်များမှ ဂျာမနီနိုင်ငံ ဘွန်းမြို့မှ အခပေး ရေချိုးခန်းများလို

ပွင့်ပွင့်လင်းလင်း ရှိလွန်းမှာ မလိုလား ဟု သိရ။

 

ကင်မရာ ဈေးကွက်အတွင်း အခြားပစ္စည်းများနှင့် ယှဉ်လျင် ထူးထူးခြားခြား ဖလက်ရှ်များ

ရောင်းအားတက်။ စီဂျေများ မိုလို ပေါက်လျက်ရှိပြီး ဖုန်းနှင့် ကင်မရာ ပြင်ဆိုင်များမှ

မီးလောင် မီးဟပ် အခိုးငွေ့ရိုက် အီလက်ထရောနစ်ပစ္စည်းများ မည်သို့ ပြုပြင်ရမည်ကို

သင်တန်းတိုများ ပို့ချလျက်ရှိ။

 

သဘာဝပါတ်ဝန်းကျင် ထိန်းသိမ်းရေး တက်ကြွ လှုပ်ရှားသူ တီလုပ်

အမျိုးကောင်းသားများပါဝင်သော “ရင်းမြစ် လမ်းကြောင်းသွေဖီမှု အတွက်

ရပ်တည်သော ထူးချွန်ပြောင်မြောက်သည့် အဖွဲ့အစည်း”

Brilliant Assosiation Stands To Act Resourses Deviation [BASTARD]

သည် သည် မြန်ကျင့်များ ဖော်ဆောင်လျက်ရှိသော

တီလုပ် အခေါ် “ရှောက်လောင်တို ကန်ပိန်း” သည် ကာဗွန်ဒိုင်အောက်ဆိုက်ဒ်

ထုတ်လွှတ်မှု မြင့်မားသောကြောင့် စိုးထိတ်မိကြောင်း ထုတ်ဖော်ခဲ့။

ထိုအကြောင်းကို မန့်သ်လေး အခြေစိုက် တစ်ကိုယ်တော် အမျိုးသမီး လုပ်ငန်းရှင်များ

အသင်း ဥက္ကဌ ၏ အမြင်အား မေးမြန်းလိုသောကြောင့် ဆက်သွယ်ခဲ့သော်လည်း

ဥက္ကဌ ကြီးမှာ သူမ၏ ရှည်လျားလှ သော အရပ်အမောင်းနှင့် မလိုက်အောင်

ရေငုံ ဇက် ပု ထားသောကြောင့် သတင်းထောက်များ အခက်ကြုံ။

 

 

နာမည်ထုတ်ဖော် မပြောလိုသော ဈေးကွက် စောင့်ကြည့်ရေးသမားတစ်ဦး၏ အလိုအရ ဘလော့ဂါများ

အညောင်းမိမှု အဆမတန်တိုးပွားလာကြောင်းသိရ။ အကျိုးဆက် အနေဖြင့် ယခု ရက်ပိုင်း

မာဆက်များ အလုပ် အလွန်ဖြစ်၊

 

ဘောလုံးဂျာနယ်များကလည်း အားကျမခံ ကြာသပတေးနံ “မ” အက္ခရာ တာစားသောကြောင့်

လာမည့်နှစ် ဘောလုံးရာသီ အတွက် မန်ယူ မီလန် နှင့် မြူးနစ် အသင်းများ အခြေအနေ ကောင်းမည်ဟု

ဟောကိန်းထုတ်။

 

မက်ဒေါ်နယ် ကင်မချီ နှင့် ဆူရှီ တို့မှ အလင်းရောင် သီချင်း သံပြိုင်ဆိုဖို့ သီချင်းတိုက်နေစဉ်

ထွက်ပေါ်နေချိန်တွင် ပေါက်စီ ထံမှ မထူးခြားစွာ အသံတိတ်နေကြောင်း ဝါရင့်ဂျာနယ်လစ်များ သုံးသပ်။

 

Ref: CLLA (Chinese Ladies Lovers Association)

 

 

တော်သေးဘီ ..

ခင်တဲ့

ဂီ

48 comments

  • ကြောင်ကြီး

    May 23, 2012 at 9:01 am

    ရေသောက်ပြီး သေးပေါက်ခြင်းသည် အမျိုးသားယေး (အမျိုးသမီးလည်းပါ) တာဝံဖြစ်ကြောင်း ယေအယင်းမြစ်များ တူးဖော်ကျန်ဆယေးဦးဇီးဌာနမှ ထုတ်ဖော်ပြောဆို…

  • Mon Kit

    May 23, 2012 at 9:47 am

    ့HA .. HA.. 😀
    VERY GOOD POST.

  • kyeemite

    May 23, 2012 at 10:13 am

    မီးပျက်ရွေ့ အခက်တွေ့နေသူ ကြီးမိုက်ဆိုသူမှ..
    မီးလေးရေ လာပါအုံး ဟုတတွတ်တွတ်ရွတ်နေမိရာ..
    ထိုသူ့ ဇနီးမှ ယောက်မနှင့်နှက်လိုက်သဖြင့်
    အထူးကုဆေးခန်းတစ်ခုတွင်ကုသနေရကြောင်း
    နယ်စည်းမခြား အရက်သမားများအသင်းမှ
    သတင်းထုတ်ပြန်…

    • shwe kyi

      May 23, 2012 at 1:27 pm

      (မီးမရှိလို့မဖြစ်ဘူးသိလား……ကိုယ့်ဘဝအတွက်အလိုအပ်ဆုံးသိလား…..။)

      လို့ထပ်ဆိုကြည့်ပါလား

  • etone

    May 23, 2012 at 10:13 am

    မီးပျက်ခြင်းသည် လူဦးရေ တိုးပွားခြင်းကို တိုက်ရိုက်ဖြစ်ပေါ်နိုင်ကြောင်း ဗဟိုလေဒီများဆေးရုံအုပ်ပြောကြား ။

    မီးပျက်ခြင်းသည် မီတာခပေးချေရခြင်းကို လျော့ကျနိုင်သည်ဟု …. လျှပ်စစ်ဝက်ဝံကြီး ပြောကြား ။

    မီးလောင်ခြင်းကြောင့် မြေနေရာအသစ်ရနိုင်သည်ဟု … အိမ်ခြံမြေအကျိုးဆောင်တစ်ဦးမှ ပြောကြား ။

    မီးမလာခြင်းကြောင့် မီးလောင်လျှင် … မီးငြိမ်းသတ်ဖို့ ရေမရှိဟု ဖိုင်းယားကေးလ်ဝန်ဘန်း ပြောကြား ။ 😀

    (အရမ်းရယ်ရတဲ့ ပို့စ်လေးပါပဲ ကိုဂီရေ… ဖတ်ပြီးခွက်ထိုးခွက်လန်ရယ်ခဲ့ပါတယ် )

    • Ch@vez

      May 24, 2012 at 7:36 am

      နေ့ဘက် စက်ရုံရှေ့မှာပြ
      ညကျတော့ ဘုရားပတ်ပြီး ပြ
      အတော်လည်း ပြတဲ့ ဒို့လူမျိုး…

      ဒီဂျားထဲ ..မေ့သလောက်ရှိရင် ၅၀၀ဝ တန်ဖုန်းလေး
      ခေါင်းထောင်လိုက်ဦး ..

      တကယ်ပါ လုပ်ငန်းရှင်(ဒရက်ကူလာများမပါပါ) နဲ့ အလယ်အလတ်တန်း အုပ်ချုပ်သူ
      လူတန်းစားကို စာနာမိပါရဲ့

      အပေါ်ကျတော့လည်း အရူးမလင် လုပ်ရသလိုပဲ …
      အောက် က ကိုယ် အုပ်ချုပ်ရတဲ့ လူ ကြည့်တော့လည်း
      သွက်ချာပါဒ က ခပ်များများ…

      အေးလေ အရူးမလင် လုပ်ရတော့လည်း ..အဲ့ဒါလေးတွေပဲ
      မွေးလာတော့မပေါ့ ….

      အင်း …ဆေးလှုပ်သောက်ဦးမှ ပါဗျာ..

      တော်သေးဘီ

      • etone

        May 24, 2012 at 2:02 pm

        ဟေးဟေး .. ကိုဂီရေ … ဟိုဘက်စက်ရုံက ဆန္ဒပြလိုက် .. ဒီဘက်စက်ရုံက ဆန္ဒပြလိုက်နဲ့ .. .. ကိုယ်တွေစက်ရုံကတော့.. အဲ့လိုဖြစ်မှာဆိုးလို့ … အပြင်မှာ သူများတွေ ဆန္ဒပြနေပြီဆိုတာနဲ့ … နည်းနည်းစီတိုးပေးတယ် ..ဟိဟိ 😀 မဖြစ်စလောက်လေးတိုးပေးတယ်ဆိုပေမယ့် …. ဒါကလည်း တဖက်လှည့်နဲ့ .. ငြိမ်အောင် ထိန်းထားတာပေါ့လေ … ။

    • Thel Nu Aye

      May 24, 2012 at 8:40 pm

      မီးမလာသော်ညားလဲ မီတာခ နှစ်ဆပေးချေရခြင်းသည်နိုင်ငံတော်ဘန်ဒါကို ဖြည့်တင်း ရာ ရောက်သည်ဟု ဘန်ဒါရေးဝံကြီးပြောကြား။

  • ssa

    May 23, 2012 at 10:42 am

    အားပေးသွားပါတယ်ခင်ဗျာ..

  • အရင့်ရောင်

    May 23, 2012 at 11:40 am

    နာမည်ထုတ်ဖော် မပြောလိုသော ဈေးကွက် စောင့်ကြည့်ရေးသမားတစ်ဦး၏ အလိုအရ ဘလော့ဂါများ

    အညောင်းမိမှု အဆမတန်တိုးပွားလာကြောင်းသိရ။ အကျိုးဆက် အနေဖြင့် ယခု ရက်ပိုင်း

    မာဆက်များ အလုပ် အလွန်ဖြစ်၊
    အဲဒါနဲ့ပဲ လုပ်စားနော်
    ဟိဟိ

  • ညလေး

    May 23, 2012 at 11:47 am

    555555………..အားပေးသွားပါတယ်ရှင်.

  • pooch

    May 23, 2012 at 12:12 pm

    မိုးနတ်မင်းကြီးမှ အလွန်အကြူးတောင်းဆိုမှုများကြောင့် အမျက်တော်ရှပြီး
    လူ့ပြည်သို့ ဝရဇိန်လက်နက်ဖြင့် ပစ်ခွင်းလိုက်ရာ

    အရှေ့ကျွန်းမှ ပစ်မလွဲထောင်ထောင်မောင်းမောင်း ဝါးခြမ်းပြားဆိုသူ ၊
    လူကုန်ကူးသူ၊ အမူးလွန်သူ ၊ စိုင်ချောချောမြင်လျှင် သွက်ချာပါဒလိုက်သလို ဖြစ်တတ်သူ

    ၊မာကတ်တာတဖြစ်လဲ မောင်မောင်ဇာဆိုသူမှာ မီးကျွမ်းပြီး သေဆုံးသွားကြောင်း မန္တလေး အခြေစိုက် စွမ်း
    ( SWANS) အမျိုးသမီး စွမ်းဆောင်ရှင်များ အသင်းမှ အတင်းထုတ်ပြန်ကြေငြာသွားပါသည်။ :mrgreen:

    SWANS = Smart Woman Achiever No Spouse 😆

    • Ch@vez

      May 23, 2012 at 12:30 pm

      SWANS တဲ့လား (short, wild and never smart) အသင်းဂျီးပေါ့နော်…
      :mrgreen:

      ဒေါက်ဖိနပ်နဲ့ ခုတ်မှာစိုးလို့ ပြေးဘီဗျို့..
      ဒက်ဂလောက် ဒက်ဂလောက်..

      • pooch

        May 23, 2012 at 1:08 pm

        အပြင်ထွက်ရင် ခလုတ်တိုက်ပါစေ။ ရထားစီးရင် အဖိုးကြီးတွေနား ကပ်ထိုင်ရပါစေ။ အလကားရထားတဲ့ အိုင်ပတ် ကျကွဲပါစေ။ စိုင်ချောချောလးတွေရှေ့ရောက်ရင် စကားပြောတိုင်း ထစ်နေပါစေ။ စိုုင်နဲ့ရန်ဖြစ်တိုင်း ပါးချခံရပါစေ။ ဒေါက်ဖိနပ်နဲ့ထုခံရပါစေ။

        အလုပ်ထဲမှာ ကွန်ပူတာကိုင်တိုင်း ဓာတ်လိုက်ပါစေ။ 👿

        • Ch@vez

          May 23, 2012 at 1:44 pm

          သို့
          ကမာ္ဘ့ ဘဏ် ဥက္ကဌ

          ကျုပ်တို့ ဆီလာပြီး ဖိုင်းနန်ရှယ် ဆက်ခ်တာမှာ
          ရင်းနှီးမြှုပ်နှံမယ်ဆိုရင် ကြွေးမြီရေးရာ ဌာနမှူးကြီးမှူး ရာထူး အတွက်
          အလွန်အင်မတန် သင့်လျှော်သော လူ့စွမ်းအား အရင်းအမြစ်မှာ
          SWANS (stupid, wacky and never slim) အဖွဲ့ဝင်
          အာပျိုဂျီးများ သာ ဖြစ်တော့သည်ဟု ညွှန်းဆိုအပ်ပါသည်ခင်ဗျား

  • shwe kyi

    May 23, 2012 at 1:52 pm

    အားပေးသွားပါတယ်ရှင်။

  • Bu Gyi

    May 23, 2012 at 1:59 pm

    အရမ်းကောင်း ပါတယ်ခင်ဗျာ……အားပေးပါတယ်.
    ရွာသားအသစ် ပါခင်ဗျာ..

  • Crystalline

    May 23, 2012 at 2:40 pm

    အဲဒီဦးဦးချာဗက်စ်ကတော့ စွယ်စုံကြီးပါလား
    ဆင်ဖမ်းသမားတွေကို ကြည့်ရှောင်အုန်း…

  • may flowers

    May 23, 2012 at 3:38 pm

    ဟေ…အရမ်းထူးတဲ့သတင်းထူး သတင်းဦးတွေပါလား…ဆရာဂီရယ်။

    အောချလောက်ပါရဲ့။ ဘာပဲပြောပြောဖတ်ပြီး…ရီသွားရလို့ …ကျေးဇူးပါဗျို့။

  • ရဲစည်

    May 23, 2012 at 8:10 pm

    ဆရာဂီရေ…
    အဲ ကိစ္စကျနော်လဲ နည်းနည်းတော့ လွဲနေတယ်ထင်တာ။အုတ်ရောရော ကျောက်ရောရော သမိုင်းမှတ်တိုင်သစ် လုပ်ချင်နေကြပုံ…။မီးကန်ပိမ်းကို ဖယောင်းတိုင်သုံးဖို့ ဘယ်သူတွေများ ထွင်လိုက်ကျတာလဲဗျာ….ပညာဉာဏ်ကြီးချေတကား…

    • Ch@vez

      May 24, 2012 at 7:17 am

      ဖယောင်းတိုင်သုံးတာ ထားပါဗျာ ..
      တခုမဟုတ် တခုသုံးကြမှာပါပဲ …
      မနေ့က ပုံ၁ပုံမှာတော့ မီးဒုတ်ကြီးနဲ့ ..ရေအိုးတွေနဲ့ …
      အင်း …

      အဲ .. ၁ခုလေးဗျ ..မှတ်တမ်းဒါ့ပုံတွေကြည့်ရတာ..
      တချို့ ဟေးလားဝါးလား ရုပ်သိပ်ပေါက်တာပဲ ..
      တချို့လည်း လူမိုက်ရုပ် သိပ်ပေါက်သေးရဲ့..

      သူ့မြို့ကိုယ့်မြို့ ဗိုလ်လုပွဲ လုပ်ကြတဲ့ အကျင့်ကလည်း
      မပျောက်ပြန်ဘူး ..ငါ့မြို့ကျ ဘာကြီးထွန်းလိုက်မကွ..
      ဘယ်လို ကျုံးလိုက်မကွ တွေ က ..အများသား…

      သိစေချင်တဲ့ လူတွေ သိပြီ
      အိပ်ပျော်နေတဲ့လူတွေ အဝဲယားနက်စ် ရပြီ
      မီဒီယာ အတန်းရှင်းရပြီ ဆိုရင် တော်ရောပေါ့ဗျာ
      တော်ရုံပဲ ကောင်းပါတယ်ဗျာ လို့ပဲ ဆိုချင်တယ်..။

      တော်သေးဘီ

  • ကြံဖန်ပြီး ညီမျှခြင်း ချတတ်တဲ့ ကိုဂီပါလား။

    မီး အီကွဲတူ ရေ ဖြစ်ပါက ရေအီကွဲတူ မိုးဖြစ်သောကြောင့် မိုးရွာရန်
    လွန်ဆွဲပွဲများ ကျင်းပရန်ရှိ။ ဈေးကွက်အတွင်း အုန်းဆံကြိုးများ
    ဝယ်ယူ သိုလှောင်ပြီး တက်ဈေးရမှ ပြန်ထုတ်မည် ဟု မျက်ရစ်မပါသူများ
    တွေးခေါ်နေကြ။
     

  • Ch@vez

    May 24, 2012 at 7:24 am

    တွေ့လား ပြောပါတယ် ….
    ပြောတဲ့အတိုင်းကို လုပ်ကုန်ကြဘီ ..
    မီးမှန်အောင် ကြာသပတေးဒေါင့်မှာ သွားဆုတောင်းတယ်တဲ့ ..ဟီဟိ..

    သည်ဘက်မြို့ က ကြာသပတေးဒေါင့် သွားဆုတောင်းလို့ ဟိုဘက်မြို့ကိုခိုက်ပြီး
    မီး၂ခါ လောင်သွား သလား မဆိုနိုင်…..

    ရီရတယ်နော ..ဂယ် ဆို ဖြစ်သင့်တာ လျှပ်စစ်မှန်အောင် ဆိုပီး
    ဗုဒ္ဓဟူး ဒေါင့်မှာ ဆုတောင်းကြရမှာ .. :mrgreen:

    ဒါတောင် လ အက္ခရာ ဟာ ဗုဒ္ဓဟူးလား ရာဟု လား မကွဲပြားဘူးမှတ်ရင်
    မနက်တခါ ညတခါ ဆုတောင်းကြည့်ပေါ့ …။

    ဆိုက်အဖက်ဝင်ပီး တခြား မြို့တမြို့မှာ လေပြင်းတိုက်သွားရင်တော့…
    မတတ်နိုင်ဘူးပေါ့အေ ….။

    • Ch@vez

      May 24, 2012 at 7:29 am

      ဂလို လုပ်ရင်လည်း ရသေးရဲ့ ..
      မီးမှန်ဖို့ ကြာသပတေး
      ရေအား အတွက် ဗုဒ္ဓဟူး
      ကျောက်မီးသွေး အတွက် တနင်္လာ
      သဘာဝ ဓါတ်ငွေ့အတွက် သောကြာ
      အမေရိကန် တွေကူညီဖို့ တနင်္ဂနွေ
      စက်မှုလက်မှု ထွန်းကားဖို့ အင်္ဂ ါ
      တီလုပ်ကြီး မနှောက်ယှက်ဖို့ က စနေ ..
      ရှုပ်ပါတယ်အေ …လူခွဲပြီးသာ ဘုရားပေါ်တက်
      ဖျောင်းတိုင် ထွန်းကြပါ ..ညည ဘာမှကို မလုပ်ကြနဲ့တော့…
      အနည်းဆုံး ကုသိုလ်ရတာပေါ့
      ဟီး…

      • amatmin

        May 24, 2012 at 9:19 am

        နောက်ဆုံးသတင်းမို့ နောက်ဆုံးမှဝင်ဖတ်လိုက်တာ. အားဖြည့်သတင်းကြောင့် ပိုမိုက်သွားသဗျ..
        တွေး.ရေးထားတာကို..လေးစားပါတယ် သမိန်ဂီရေ…
        အခြေအနေများပေးခဲ့ရင်.CLLA အသင်းဝင်တော့ ဖြစ်ချင်သားဗျာ. 😆

      • Novy

        May 24, 2012 at 11:43 am

        ညည ဘုရားပေါ်တက်ပြီးမီးထွန်းတော့
        ကုသိုလ်လည်ရ အလုပ်လဲရတာပေါ့

        ဒါဆို မီးမလာ အလုပ်မရှိလို့ လူဦးရေမတိုးပွားတယ်ဆို့တဲ့
        ခေါင်းစဉ်တက်စရာမရှိတော့
        ဗဟိုအမျိုးသမီးဆေးရုံးလဲ အလုပ်မရှုတ်တော့ဘူးပေါ့ 🙂

  • MaMa

    May 24, 2012 at 7:28 am

    မျက်မမြင်ပုဏ္ဏား ဆင်စမ်းသလို ..
    မီးပျက် ရေမလာတာကို မာက္ကာနဲ့တွေ့တော့မှ အမြင်မှန်တွေ မြင်သွားရတယ်။
    အုန်းဆံကြိုး ဝယ်လှောင်ဦးမှ 😀

    • Novy

      May 24, 2012 at 11:46 am

      မနိုကတော့ ခဏရပ်ထားတဲ့ ဖယောင်းတိုင်းလုပ်ငန်းလေးပြန်လုပ်ရင်
      ကောင်းမလားလို့ စဉ်စားမိပါကြောင်း

      • etone

        May 24, 2012 at 2:08 pm

        မနိုရေ .. ညီမတောင် ဟိုတစ်နေ့က …ဖယောင်းတိုင်ထွန်းရင်း … မနိုကို သတိရသေး .. ဟိဟိ ။
        ပို့စ်ထဲ ဝင်နောက်မလို့ … အားနာတာနဲ့ မနောက်ဖြစ်တော့ဘူး … ။ မနိုရေ .. ဖယောင်းတိုင်တွေ ဒီအချိန်မှာ ဈေးကွက်ထဲ ရောင်းအား တက်တယ်နော် … ခါတော်မှီမြန်မြန်ပြန်လုပ်လျှင် … အတော်ပဲ ။ 🙂

  • Ma Ei

    May 24, 2012 at 11:59 am

    Post နဲ့ Comment တွေနဲ့ ပေါင်းဖတ်လိုက်မှ
    ပိုပြည့်စုံ သွားတော့တယ်…
    ချာဗက်ဇ်..ရေ နောက်ထပ်နောက်ဆုံးသတင်းရပြီလား…

    • Ch@vez

      May 24, 2012 at 12:08 pm

      ကဗျာ သံပေါက် နဘေထပ် လက်စလက်န ရှိသူများ လက်ဖက်ရည်တိုက်၍
      စာစပ်ခိုင်းသူများ ဝိုင်းဝိုင်းလည်နေ(ကိုကမ်းကြီးတို့ ဆို ညည အိပ်မပျော်ဘူးတဲ့
      သောက်ရတဲ့ လက်ဖက်ရည်တွေများလို့…။) အဆိုပါစာများကို ပရင့်ထုတ်
      ကော်ပီဆွဲ ပလပ်စတစ်လောင်းပေးတဲ့ ဆိုင်များလည်း ဓါတ်ဆီဖိုး ကာမိရုံမက များစွာ အလုပ်ဖြစ်။
      မီးခြစ် ဂတ်စ် ထည့်သူများ လက်ခမောင်း ခတ်နေ။ ဖိနပ်ချုပ်သမားများ လက်မောင်းပင် ပြုတ်ထွက်။
      အဆိုပါ စာတမ်း အလန်းများ ကိုင်ဆောင်နိုင်သူများ …ဖေ့စဘုတ်တွင် ဆယ်လစ်ဗျစ်တီ ဖြစ်။
      ဟန်းဖုန်းမှာ ကင်မလာတပ်ခဲ့တဲ့ ပညာရှိအား …ပရိုဂျာနယ်လစ်များ ကျိန်ဆဲ…။ အမည်မသိ
      ကာတွန်းပညာရှင် ဂရပ်ဖစ်ပညာရှင်များ ပေါ်ထွက်နှုန်းအလွန်ကောင်း။
      (အချိန်နှင့် အမျှ အပ္ပဒိတ် တင်ဆက်သွားပါဦးမည်.. ခုတော့ မောဘီ)

      😛

  • Ch@vez

    May 24, 2012 at 1:40 pm

    ‎”ဂျပန်မှာ Nuclear Facility တွေ ပြတ်သွားတယ်။ အဲ့ဒါနဲ့ ကြောက်လန့်ပြီး Nuclear Plant တွေအကုန်ပိတ်တယ်။ အခု စက်ရုံ ၄ဝ မှာ နှစ်ခုပဲ ကျန်တယ်။ ဒါပေမယ့် ဂျပန်မှာ မီးမပျက်ဘူး။ ဘာကြောင့်လဲဆိုတော့ ပြည်သူက ခြိုးခြံချွေတာတယ်။ အဲ့ဒီတော့ စေတနာနဲ့ ပြောချင်တာက ကျွန်တော်တို့ကလည်း ဖယောင်းတိုင်တွေကို ကိုယ့်အိမ်မှာကိုယ်ထွန်းပြီး မီးလေးပိတ်ထားလိုက်ကြပါ။ အားလုံးအဆင်ပြေသွားပါလိမ့်မယ်။”ဟု နိုင်ငံတော်သမ္မတအကြံပေး ဦးကိုကိုလှိုင်က ယနေ့(မေလ ၂၄ ရက်နေ့) ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ပါသည်။

    နယူကလီယာ ပါဝါက ၁၅% ပဲရှိတယ် အူးလေးရဲ့ …
    ဂက်စ်တွေ ဖျူဝယ်လ်တွေနဲ့ ပေးနေတယ် အူးလေးရဲ့
    ဘယ်ဂငယ်မှ ဖယောင်းတိုင်ထွန်းမနေဘူး
    ဘယ်စက်ရုံမှ သော့မခတ်ဘူး….
    မီးချောင်း ၃ချောင်းနေရာမှာ ၂ချောင်း နှုန်းလောက်တော့
    လျှော့သုံးနေတာတော့ အမှန်ပါ ….
    အူးလေး လုပ်မှပဲ …ဂငယ်မှာ ဖယောင်းတိုင် ရောင်းကောင်းတော့မယ်…
    ဖယောင်းတိုင် ကာလချာ ကမာ္ဘကို ပြန့်ရင်
    အူးလေးကို ကာလချာ့ဖခင်ဂျီး အဖြစ် ဂုဏ်ပြုပါ့မယ် အူးလေးရယ်

    ဇဂါးမစပ်…
    စာများများ ဖတ် အင်တာနက် များများကြည့်ပါ အူးလေး ..
    ဟာသပြောချင်ရင်တော့ လူရွှင်တော် လုပ်ပါလို့ အူးလေးကို အကြံပြန်ပေးပရဇေ

    ခင်တဲ့

    • မှော်ဆရာ

      May 24, 2012 at 2:11 pm

      အကြံပေးကို အကြံသွားပေးနေပြန်ပြီ ….
      သမ္မတ ရဲ့ သွယ်ဝိုက် အကြံပေး လုပ်ချင်နေတယ် ထင်တယ် …

      • ရွာစားကျော်

        May 24, 2012 at 2:24 pm

        သမ္မဒကြီးရဲ့ အကြံပေးကို အကြံပြန်ပေး တဲ့ အကြံပေးရဲ့ အကြံပေး ဦးချီးဗက် ပေးတဲ့ အကြံကို အကြံပေးဂျီး ကြားရင် ကောင်းလိုက်တဲ့ အကြံလို့ ဆလံပေးလိမ့်မည် 😆

        five star လူရွှင်တော်အဖွဲ့က တပွဲငှား သိန်း ဆယ်ဂဏန်းမနည်းဘူးနော်..

        ကျုပ်တို့ဂေဇက်တောင် လူရွှင်တော်ပြိုင်ပွဲလုပ်ပြီး ဂေဇက်လူရွှင်တော်အဖွဲ့ထောင်ပြီး ပွဲငှားလိုက်ရင် မကောင်းလားဗျာ..
        ဟီ အကြံပေးကြီးရဲ့ အကြံပေးကို ကျုပ်က အကြံပြန်ပေးကြည့်တာ..
        (အို.. အကြံပေးတွေကို ရှုပ်လို့)

    • kai

      May 24, 2012 at 3:36 pm

      မြန်မာပြည်က.. နောက်ကတွက်ရင်.. ၁ကနေ ၁ဝထဲဝင်တာကို.. နှိုင်းလိုက်မှဖြင့်.. ထိပ်ကတွက်ရင်.. ၁က၁ဝတွေနဲ့ချည်း..

      ကြားထဲမှာရှိတဲ့…. လက်ဆယ်ချောင်း ၁ဝခါထောင်ပြတာတောင်မကတဲ့. ဘိတ်ချီး.နိုင်ငံဆင်လေးတွေနဲ့.. နှိုင်းပါဦးလား.. ဦးလေးလှိုင်ရယ်လို့..။ 🙂

    • Khin Latt

      May 24, 2012 at 9:04 pm

      ရီလိုက်ရတာဖတ်ဖတ်မော၊ ရင်ဘတ်နောက်က ကျော တဲ့။ 😆
      ပြန်လာဦးမယ်အေ။

  • marblecommet

    May 24, 2012 at 2:31 pm

    မီးမလာသိ့ အတွက်
    အိန်တာနက် မသုံးဖျစ်
    အိန်တာနက် မသုံးဖျစ်သည့်အတွက်
    ပုံမှန် ကဒီး ကဒီး မလုပ်ရလို့
    နံရိုးလေးက စိတ်ကောက်
    နံရိုးလေးက စိတ်ကောက်သိ့အတွက်
    ကျွန်ုပ်အသီးကွဲ
    ကျွန်ုပ်အသီးကွဲသည့်အတွက်
    ပုလင်း လည်ဗင်း ပိုမိုရှည်လျှားလာ……
    …..အာဟင့်……

  • ဟိန်း ဝင်း (ထားဝယ်သား)

    May 24, 2012 at 3:27 pm

    ရှာရှာဖွေဖွေဗျာ …. လုပ်လဲလုပ်တတ်ပါရဲ့ …. ကောင်းတယ် … ဆက်တင်နော်… ကိုကိုရဲတိုက်ရေ …:P

  • Yin Nyine Nway

    May 24, 2012 at 6:23 pm

    အချစ်ဆုံးကိုဖက်….အမြင့်ဆုံးကိုတက် ပြီးအော်လိုက်မယ်….. မီး… လာပြီဗျို့

    • Thel Nu Aye

      May 24, 2012 at 8:43 pm

      ဟေးးးးးးးးးးးးးးးးးးးးးးးး ——— အင် မီးပျက်တွားပန်ပီ။

  • Khin Latt

    May 25, 2012 at 3:03 am

    တစ်ဆင့်စကား တစ်ဆင့်နားကနေ ကြားမိ တဲ့ သတင်း အတွက် တကဲ့ကို စိတ်ထဲမှာမကောင်းဖြစ်မိပါရဲ့။
    ကျွန်မတို့တွေ လှည့်စားခံနေရတာများလား တွေးမိတယ်။
    သမ္မတကြီး ကိုတော့ ယုံလဲ ယုံပါတယ်။ ချစ်လဲချစ်ပါတယ်။ သနားလဲ သနားမိပါတယ်။
    ကျန်သူတွေက သူ့ကို ဒိုင်းလုပ်ပြီး ဆက်ပြီး အာဏာကို ဆွဲထားနေဆဲလို့ ခံစားမိနေတယ်။
    ပြောင်းချင်တဲ့ သူက သမ္မတကြီးတစ်ယောက်ထဲ ဘဲ ဖြစ်နေသလား။
    ကျန်လူအများ နဲ့ တစ်ယောက် များဖြစ်နေရသလား။
    တကယ်တော့ ဒီကိစ္စမှာ အပျက်အပျက် နဲ့ နှခေါင်းသွေး ထွက်မှာ စိုးရတယ်။
    သူတို့ အရှုပ်ထုပ် ပွမှာ စိုးတာ နဲ့ အချိန်မရွေး နောက်ကြောင်းကွေ့ ပြန်သွားနိုင်တယ်။
    အခုအထိ ကို သူတို့ထဲ က တကဲ့ နာမည်ပျက်သမား တွေ ကို ကာကွယ်ထားတုန်းဘဲ။
    ဒီလိုလူတွေ နဲ့ စနစ်ကောင်း ဆိုတာ ဘယ်လိုမှမရနိုင်ပါဘူး။
    ဘာဘဲဖြစ်ဖြစ် ပြည်သူလူထု အနေနဲ့ သူတို့ ထောင်ချောက်ထဲ ဆင်းမသွားဖို့ သတိထားဖို့ အရမ်းလိုနေပြီ။
    တောကြောင်တွေက ဘက်ပေါင်းစုံ က ရှိနေတယ်။

    အပေါ်မှာ ကျွန်မ ပြောခဲ့တဲ့ သတင်းဆိုတာ လူတိုင်းတော့သိနေလောက်ပါပြီ။
    ဟုတ်ခဲ့ရင်တော့ တကဲ့ မြွေပွေးကိုမှ ခါးပိုက်ပိုက်ထားရတဲ့ သမ္မတကြီး အတွက် တကယ်ဘဲ စိတ်မကောင်းပါဘူး။

    — — — — — — — — — —– —- —- — — — — ——– – —- —- —– — — —- — —
    ၂၀၀၈ ခုနှစ်၊ မေလ (၂၉) ရက်နေ့ထုတ် နအဖရဲ့ ကြေးမုံသတင်းစာ စာမျက်နှာ (၈) မှာ “နှစ်အကူးမှာတော့ ပုရစ်ဖူးတို့ ဝေကြပေလိမ့်မည်” ဆိုပြီး ဆောင်းပါးရှင် လှိုင်အောင် က
    “ လူပေါင်းသိန်းနှင့်ချီတဲ့ မြစ်ဝကျွန်းပေါ်မှာရှိတဲ့ နာဂစ်လေဘေး ဒုက္ခသည်တွေဟာ
    မြစ်ဝကျွန်းပေါ်သားတွေဟာ …နိုင်ငံတကာ အကူအညီ မလိုဘူး၊ ဖားရိုက် စားပြီးနေလို့ရတယ်”
    ဒါ့ အပြင်
    ” နာဂစ်ကြောင့် သစ်ပင်တွေလဲကုန်လို့ မြင်ကွင်းရှင်းသွားတဲ့အတွက် ရွှေတိဂုံဘုရား စိန်ဖူးတော်ကို မြင်ရလို့၊ လူ ၁သိန်း ခွဲကျော်သေဆုံး၊ (၂.၅) သန်းအိုးမဲ့အိမ်မဲ့ ဖြစ်စေခဲ့တဲ့ လူသတ်နားဂစ် မုန်တိုင်းကို် ကျေးဇူးတင်ပါတယ်ဆိုတဲ့အကြောင်း”
    စသည်ဖြင့် ရေးသားခဲ့ပါတယ်..။
    အဲဒီဆောင်းပါးရှင်ကို ပြည်တွင်းပြည်ပ လူငယ်များစုနဲ့ နာဂစ်ကို ကိုယ်တွေ့ကြုံ လှူဒါန်းခဲ့ရသူများက အကြီးအကျယ်ဒေါသထွက် ရှုတ်ချခဲ့ကြပါတယ်..။
    အဲဒီတုန်းက သတင်းစာဆောင်းပါးရေးသားသူ လှိုင်အောင် ဟာ ယခု သမ္မတအကြံပေး ဦးကိုကိုလှိုင်ဖြစ်ကြောင်းသိရပြီး ယခု လျှပ်စစ်မီးပြတ်တောက်မှုကို ပြည်သူတွေခံစား ဒုက္ခရောက်နေရချိန်မှာ ဘာမှမဆိုင်တဲ့ ဂျပန်ကို ဥပမာပေးပြီး ..
    “ကျွန်တော်တို့ကလည်း ဖယောင်းတိုင်တွေကို ကိုယ့်အိမ်မှာကိုယ်ထွန်းပြီး မီးလေးပိတ်ထားလိုက်ကြပါ။ အားလုံးအဆင်ပြေသွားပါလိမ့်မယ်။”
    — — — — — — — — — —– —- —- — — — — ——– – —- —- —– — — —- — —

    ဒီလို တာဝန်မဲ့ စကား တွေ နဲ့ လူ ရဲ့ စိတ်ဓာတ် ဟာ တိုင်းပြည်လူထု အတွက် တာဝန်ယူလိုစိတ်မရှိတာ သေချာပါတယ်။
    ဒီလိုတာဝန်မယူရဲ သူတွေကို ကျွန်မတို့ ရဲ့ အုပ်ချုပ်သူနေရာမှထားလို့ မရပါဘူး။
    ဒီတော့ တာဝန်မယူရဲရင် တာဝန်ယူတတ်သူ၊ ယူရဲသူ များ ကို နေရာပေးလိုက်ကြပါ။
    မဟုတ်ရင်တော့ ကျွန်မတော့ ဒီအတိုင်း ကျောက်ခေတ်ထဲမှာဘဲ နေနေရပါမယ်။
    မလွယ်ပါဘူးကွယ်။ 🙁
    လူ့ဘဝ တိုတို လေးမှာ သူများ ကို အနိုင်ကျင့်ပြီးမှ စားရတဲ့ ထမင်း ကို ဘာလို့များ မက်မောနေကြ လဲ မတွေးတတ်တော့ပါ။
    သေချာတာက ဒီလူတွေ အစိုးရအဖွဲ့ ထဲ မှာရှိနေသ၍ ဘာမှ ပြောင်းလဲ တိုးတက်ဖို့ လမ်း မမြင်ပါ။
    မီးအတွက် ဆန္ဒပြဖို့ထက် ဒီလူတွေကို ဘယ်လို ဖယ်မလဲ စဉ်းစားဖို့ကောင်းပါပြီ။
    တတ်နိုင်သူများ ပြည်သူကို သနားသောအားဖြင့် ကူညီပေးကြပါ။

  • Ch@vez

    May 25, 2012 at 8:21 am

    http://en.wikipedia.org/wiki/File:Myanmar_treemap.png

    အရင်က မတွေ့ဖူးပါဘူး…
    ဒီရက်ပိုင်းမှ တင်လိုက်တာ ဖြစ်မယ်..
    ဒီလူတွေ ဘယ်က ရှာဖွေ ပြုစုထားတယ်မသိ…

    အဲ့လောက် ကြီးကို ကွန်ထရီဗျု လုပ်သတဲ့လေ…
    အဟတ် … သည်တော့လည်း..
    ဖျောင်းတိုင် တရားဟောခံရတာ မဆန်း…

  • Ch@vez

    May 25, 2012 at 8:52 am

    တို့ဘဂျီးကို မဟုတ်မဟတ်တွေ ပြောပြောနေသည့် လူဂျီးမှ
    ၂၀၁၂ခုနှစ်အတွက် ပထမဆုံးသော ဖျောင်းတိုင် ပရိုမိုးရှင်း စတင် ။

    ထိုလူဂျီးအား ရာထူး မှ နှုတ်ထွက် သည့်အခါ
    ဝက်သားဒုတ်ထိုး ရောင်းစားခြင်းဖြင့်
    အသက်မမွေးရန် လူထု က တန်ပြန် အကြံပေး ..

    အဂ္ဂမဟာ ဖေ့စဘုတ်တော်ကြီးက စကီအလန်းလေးများ
    အောက်ပါအတိုင်း ရေးသား….ထောပနာပြု..

    သွေးပူနေတုန်းမို့လား မသိ ..
    မီးလေ မီး .. …
    ဇော့် ကိုရွေးရမလား ..ကိုကို့ ကို ရွေးရမလား မသိတော့ပါဘူးကွယ်…

    ဘာလုပ်ချင်လို့ လဲတော့ မသိ … ကဲ ဆက်ပါဦးမည်

    ဖျောင်းတိုင် ထွန်း လမ်းလျောက်မှုများ ကို
    အချို့ ရက်များတွင် လုပ်နိုင်ချေ ရှိရန် မမြင် (မိုးရွာနေလို့)

    ထိုအခြေအနေကို ထီးလုပ်ငန်း ရှင်များနှင့်
    ဓါတ်ခဲ ဓါတ်မီး ဘတ်သီး လုပ်ငန်းရှင်များ တက်ကြွစွာ စောင့်ကြည့်လေ့လာလျက်ရှိ။

    ထင်ရှားသော လူမှုရေးသမားများ တက်ကြွ လှုပ်ရှားလာ။
    ကပ်တီးမူးလဲ သာထိန်းဂျီးများ အသံတိတ်လျက်ရှိ ။

    ယူရိုပွဲနီးလာ၍ ဘောဝါသနာရှင်များ ရတက်မအေးဖြစ်နေ။
    ဘီယာဆိုင်များ အပြိုင်အဆိုင် ပရိုမိုးရှင်းပေးရန် ပြင်ဆင်နေ။

    သို့သော် လူတွေကတော့ ဖျောင်းတိုင် နှင့် ဘော ဘာကိုရွေးရမလဲ အနေအထားဖြစ်နေ။
    မီးသည် ရေ ရေ သည် မိုး ဖြစ်သောကြောင့် မိုးနတ်မင်းကိုသာ ဆိုင်ပိုင်ရှင်များလည်း အားထားကြ။

    ဗေဒ ကဝိများ နမိတ်ဖတ်ဆြာ များ၏ အလိုအရ ..ယူရိုတွင် တာစားသောအသင်းများမှာ
    ပိုလန် နှင့် ပေါ်တူဂီ တို့ဖြစ်ကြောင်းသိရ (ကြာသပတေးနာမ်တွေကိုး)

    နောက်ထပ် ထူးခြား သတင်းမှာ ကြာသပတေးနာမ် မြို့ တစ်မြို့တွင်
    မီးဆော့သော မလိမ်မိုး မလိမ္မာ အမိုက်အမဲလေး များကို မြို့ အတွက်
    မားမားမတ်မတ် ရပ်သူများက အမှားအမှန် မမြင်မှုဖြင့် …
    မှတ်မှတ်သားသား ရှိစေရန်အတွက် ဖေးဖေးမမ ဆုံးမ

    😛

  • မန်းလေးမြို့တွင် ရေချိုးကန်များ စည်များရောင်းမလောက်ဖြစ်နေပါတယ်။
    တစ်ယောက်စာ ရေချုးိစည်ထက် မိသားစုချိုးနိုင်သော ရေချိုးစည်အကြီးက ပိုရောင်းကောင်းနေပါတယ်။
    အခုမန်းလေးမှာ ရေချိုးတဲ့အခါ အရင်လိုလောင်းမချုးိတော့ဘဲ စည်ပိုင်းထဲရေထဲ့ပြီးဝင်ချုးိကြပါတယ်။
    2012 အလွန်မန်းလေးရေချိုးနည်းပြောင်းလဲတာကို မှတ်တမ်းတင်လိုက်ပါတယ်။
    ဓါတ်ပုံနဲ့မပြနိုင်တာတော့ ခွင့်လွှတ်စေလိုပါတယ်.

  • blackchaw

    May 26, 2012 at 6:09 pm

    အနီရောင်သမ်းနေတဲ့ ကွန်းမန့်တွေကိုက
    ဂီဂီ့ ရဲ့ အောင်မြင်မှုပါ။
    စိတ်ဝင်တစားနဲ့ အနီကဒ်ချီးမြှင့်တယ်ဆိုကတည်းက
    ဂီဂီက အနိုင်ရပြီးပါပြီ။
    လေးလေးစားစား
    ဘဘဘလက်

Leave a Reply