“နှလုံးသားလက်ဆောင်” အပိုင်း(1) -မိုးရိပ်
ညင်သာစွာ တိုက်ခက်လာသော ဆောင်းလေညုင်းဟာ ကန်ရေပြင်ထက်ရစ်ဆိုင်းနေသော ရေငွေ ့အကူအညီနဲ ့ကိုယ်အနှံ ့သွေးသားထဲထိ စိမ့်ဝင်ပြီး
အေးချမ်းမှုကိုပေးစွမ်းနိုင်သော်လည်း ရင်ထဲက မင်းကကိုတမ်းတလွန်းလို ့ဖြစ်ပေါ်လာတဲ ့အလွမ်းသောကမီးတွေကို အေးချမ်းသွားအောင် ဘယ်လိုမှ စွမ်းဆောင်နိုင်မှာမဟုတ်ပါဘူးလေ
“ကို ယ့်ကိုအရမ်းချစ်တယ်…..ဘယ်တော့မှခွဲခွာမသွားဘူး”လို ့ မင်းပြောခဲ ့တဲ ့စကားလုံးလှလှလေးတွေကိုပြန်တမ်းတရင်း အထီးကျန်အိမ်မက်တွေနဲ ့ အသက်ဆက်ရှင်နေခဲ ့ရတယ်လေ။ မင်းကို သတိရလို ့ ဂီတာကိုကိုင်ကာ အလွမ်းသီချင်းလေးတွေကို သီဆိုမယ်လို ့စိတ်ကူးလိုက်တိုင်း ငါ ့ရဲ ့နံဘေးမှာ လိုအပ်နေတဲ ့ပုံရိပ်တစ်ခု ဟိုအရင်တစ်ချိန်ကဂီတာတီးတိုင်း သံစဉ်ချိုချိုလေးတွေကိုဖော်ကျုးသီဆိုတက်တဲ ့ နုတ်ခမ်းလွှာတစ်စုံ အခုတော့အရာရာအားလုံးဟာလွမ်းမောဖွယ်ရာအတိတ်ကပုံရိပ်တွေအဖြစ်ထင်ကျန်ရစ်ခဲ ့ပြီလေ။ သံစဉ်ချိုချိုလေးတွေကွယ်ပျောက်နေတဲ ့ဂီတာတစ်လက်ရယ်….အထီးကျန်အိမ်မက်တွေနဲ ့အသက်ဆက်ရှင်နေရတဲ ့ငါဟာ ဘယ်အချိန်မှာများ ငါ့ရင်ခွင်ထဲကို မင်းပြန်လာမလဲလို ့မျှော်လင် ့နေခဲ ့တာ 7.12.2006 ရက်နေ ့ ဒီနေ ့ဟာ(1)နှစ်တိတိပြည် ့ခဲ ့ပြီလေ။ မင်း ငါ ့ကို တစ်ယောက်တည်းထားခဲ ့တဲ ့ ရက်စွဲလေးနဲ ့ ထပ်တူဖြစ်နေလို ့ပေါ့။ ……………………………။………………………………..
3 comments
shwe kyi
May 24, 2012 at 1:45 pm
အတိတ်ကို အတိတ်အတိုင်းသတိရတတ်ပါစေ။
ဒဏ်ရာတွေကို အနာရွတ် ကျန်နေမှာမကြောက်ပါနဲ့။
အတိတ်ကဒဏ်ရာ ရဲ့ အနာရွတ်ကိုကြည့်ရင်း လွမ်းဆွတ်ခြင်းကို
ရံဖန်ရံခါ ခံစားကြည့်ခြင်းဟာလည်း ကောင်းမြတ်ခြင်းတစ်မျိုးပါပဲ။
အမြဲတော့မဖြစ်ပါစေနဲ့ပေါ့။
ရွှေကြည်၏အမြင်သက်သက်ဖြစ်ပါကြောင်း..။
htet way
May 26, 2012 at 8:50 pm
ညီလေး
မင်း မဂ္ဂဇင်းကို ပို့ကွာ
ပြီးတော့ ဆက်ရေး အကို အားပေးတယ်
aung nainglin
May 28, 2012 at 7:02 pm
အစ်ကိုအဖြစ်လဲဟုတ်တယ်
ဆရာအဖြစ်လဲဟုတ်တယ်
ဆရာထက်ဝေးလို ့ပဲခေါ်မယ်နော်
ဆရာ ့ရဲ ့ Comment ကို ကျွန်တော်အခုမှ ဖက်ရတာပါ
ကျေးဇူးတင်ပါတယ်နော် အားပေးတဲ ့အတွက်ပေါ့
လိုအပ်တာလေးတွေရှိ ရင်လဲ ပြောပေးပါနော်
စာသားလေးတွေ လွဲနေတာရှိရင်လဲပြောပြပါနော်
ဆရာ ့ တပည် ့က အခုမှရေးတာမို ့လို ့ပါ
ဝါသနာပါလို ့ပါ………
လေးစားလျှက်…………….တပည် ့လင်းနိုင်