ဘူးသီးတောင်၊မောင်တော မြေပြိုမှု အနည်းဆုံး လူ ၁၀ဝ ကျော်သေဆုံး

wailynnooJune 18, 20101min822

ဘူးသီးတောင်၊မောင်တော မြေပြိုမှု တွင် လူဦးရေ ငါးရာခန် ့အိုးမဲအိမ်မဲ့ ဖြစ်သွားခဲ့ရပြီး
ထိုဒေသ သို ့အကူအညီ ပေးရန် သွားရောက်မည့် NGO များ အား ကန် သန် ့ထားသည်။
ပခုက္ခူ နှင့် မြိုင်တွင် လည်း မိုးသည်း ထန်စွာရွာသွန်းမှုကြောင့် မြေပြိုမှု များရှိပြီး နေအိမ်
အချို ့ပျက်စီး ခဲ့သည်။

ဟိန်းခိုင်ထွန်း၊ နာဂစ် ဒေသ တွင် အကူအညီ ပေးရေး လုပ်ငန်းများ လုပ်ကိုင် နေသည့် အစိုးရ မဟုတ် သော
အဖွဲ ့အစည်း တစ်ခု မှာ ထိုဒေသ သို ့သွားရောက် ကူညီရန် တင်ပြထားသော် လည်း ပြည်ထဲရေး
ဝန်ကြီး ဌာန နှင့် ကျန်းမာရေး ဝန်ကြီးဌာန တို ့က လုံခြုံရေး အရ သွားခွင့် မပြု နိုင် ဟု အကြောင်း
ပြန်သည်။

၊ယမန် ့နေ ့ကမြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် နယ်စပ်မှာ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဘူးသီးတောင်၊ရသေ့တောင်
မောင်တော ၊နတ်မြစ်ဝ နှင့် မေယု မြစ် အထက်ပိုင်းတွင် မြေပြိုခဲ့မှု ဖြစ်ခဲ့ရာ အနည်း ဆုံး လူတစ်ရာ ကျော်
သေဆုံးကြောင့် စစ်တွေ မြို ့မှ ကျမ္မာရေး ဝန်ထမ်း တစ်ဦးက Freedom News Group သို ့အတည်ပြုပြော
ကြားသည်။

မြေပြိုသည့် နေရာသို ့စစ်တွေ နှင့် ရန်ကုန် မှ အကူအညီပေးရေး အဖွဲ ့များလည်း သွားရောက်
ကြသည် ဟု သိရသည်။မြေပြိုမှုတွင် သေဆုံး(သို ့မဟုတ်) ပျောက်ဆုံးနေသူများတွင် စစ်သား
များ လည်း ပါဝင်သည် ဟု သိရသည်။

မြေပြိုမှု ကြောင့် ဘူးသီးတောင် ထောင်တွင်း ရှိ နိုင်ငံရေး အကျဉ်းသားများ၏ မိသားစုများ
မှ စိုးရိမ်စိတ်များ ဖြစ်ပေါ်နေသည် ဟု သိရသည်။

ဘူးသီးတောင် ထောင်မှာ ထောင်ကျ အကျဉ်းသားများကို အဓမ္မလုပ်အားပေးစေခိုင်းရာတွင်
နာမည် ကြီးသော ထောင်ဖြစ်သည်။နိုင်ငံရေး အကျဉ်းသားများကို လည်း စကားပြောခွင့် မပေး
ခြင်းတိုက် ပိတ်ထားခြင်းများပြုလုပ်သည်။

ဘူးသီးတောင် ထောင် တွင် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် တစ်ဦးဖြစ်သူ
ကို ဌေးကြွယ်နှင့် တောင်ကုတ်မြို ့မှ နိုင်ငံရေးလှုပ်ရှားသူ ကိုမိုးကျော် အပါအဝင် နိုင်ငံရေး
အကျဉ်းသားသုံးဆယ်နီးပါးရှိသည်။

Source: freedomnewsgroup.com

2 comments

  • သတင်းလူသား

    June 18, 2010 at 6:42 pm

    ခုလိုသတင်းတွေ ကြားရ၊ ဖတ်ရတာ စိတ်မကောင်းပါဘူး။ ဒါတွေဟာလည်း လူတွေရဲ့လုပ်ရပ်ကြောင့်ဖြစ်လာတဲ့ ရလဒ်လို့ပဲဆိုရမှာပါ။ လူတွေ မဆင်မခြင်လုပ်ရာကနေဖြစ်ပေါ်လာတဲ့ သဘာဝဘေးဆိုးတွေပါ။ အဲလိုသဘာဝဘေးဆိုးတွေက လူတွေကို ပြန်ပြီးဒုက္ခရောက်စေခဲ့တာပါ။ ခုလက်ရှိ ကမ္ဘာ့နိုင်ငံတွေရဲ့ လုပ်ဆောင်မှုတွေအရ နောင်မှာ ကမ္ဘာကြီးဟာ ဒီ့ထက်အဆပေါင်းများစွာဆိုးဝါးတဲ့ သဘာဝဘေးအန္တရာယ်တွေနဲ့ ရင်ဆိုင်တွေ့ဆုံရဦးမယ်ဆိုတာကိုတော့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးပညာရှင်တွေ၊ လေ့လာသူတွေက သိနေကြပါတယ်။ အဲဒါကြောင့် လည်း အချို့ပညာရှင်တွေဆိုရင် အသက်ပေးပြီးတော့ကို လာမယ့်ဘေးဆိုးတွေအတွက် ကြိုတင်ကာကွယ်ဖို့ တားမြစ်တာတွေ၊ ထိန်းသိမ်းတာတွေလုပ်ခဲ့ပါတယ်။ အဲလိုအသက်ပေးပြီးလုပ်တဲ့သူတွေထဲမှာ ကမ္ဘာမှာတင်မဟုတ် မြန်မာ့မြေပေါ်မှာတင် ရှိခဲ့ပါတယ်။လွန်ခဲ့တဲ့ နှစ်နှစ်ကျော် သုံးနှစ်လောက်ကပါ။ ပျက်စီးမှုကဖြစ်ပေါ်လာမယ့် အကျိုးသက်ရောက်မှုကို သိရှိတဲ့အတွက် စီးပွားရေးလောကသားတွေရဲ့ စီးပွားရေးလောဘကို ချိုးနှိမ်ဖို့ဆော်ဩတားမြစ်ရာကနေ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးပညာရှင်တစ်ဦးအသက်ပေးခဲ့ရပါတယ်။ မြန်မာနိုင်ငံသားတစ်ဦးပါ။ တိတ်တဆိတ်အသက်ပေးခဲ့ရတယ်ဆိုရမှာပေါ့။ ယနေ့အင်းလေးဒေသဟာ အများသိတဲ့အတိုင်း ရေခမ်းခြောက်လာနေတာ အင်းလေးဆိုတဲ့ ရှေးက မှတ်ယူခဲ့တဲ့ ဂုဏ်ပုဒ်တွေပျောက်ကွယ်လို့သွားခဲ့ပါပြီ။ ခုအင်းလေးဟာ ရှေးရှေးက အင်းလေးမဟုတ်တော့ပါဘူး။ နောက်ထပ်ဖြစ်လာဦးမှာကတော့ ဧရာဝတီပါပဲ။ အားလုံး အသိရှိဖို့ အချိန်တန်ပြီလို့ပဲဆိုချင်ပါတယ်။ ဖွံ့ဖြိုးတိုးတက်မှုရဲ့ ဘေးထွက်ဆိုးကျိုးဟာ သဘာဝပတ်ဝန်းကျင်ပျက်စီးခြင်းပဲဖြစ်ပါတယ်။

    • wailynnoo

      June 30, 2010 at 1:46 pm

      ဖွင့်ဖြိုးအောင် လုပ်သင့်သလား မလုပ်သင့်သလားတောင် မသိတော့ပါဘူး။

Leave a Reply