ဟိုလျှောက်ရေး ဒီလျှောက်ရေး
တကယ်ပါ။
ပြီးခဲ့တဲ့ တစ်ပတ်လုံး မယ်ပုချ် ရေးတဲ့ ပို့စ်လေးနဲ့ အီးတုန်းရေးတဲ့ ပို့စ်လေးတွေ ဖတ်ပြီး ဝမ်းသာအားရအားပေးချင်ပေမယ့် လက်မတစ်ချောင်းထောင်ပြီး အားပေးသွားပါတယ် ဆိုတဲ့ကွန်းမန့်မျိုးကိုတော့ မပေးချင်တာနဲ့ ကွန်းမန့်ဝင်မပေးဖြစ်ခဲ့ပါဘူး။
မယ်ပုချ် ဆိုရင် ပို့စ်လေး နည်းနည်းလေးနဲ့ အရည်အချင်းကို ဦးစားပေးတဲ့ ဆရာမတစ်ယောက်လို့ ကျွန်တော် ပြောခဲ့ဘူးပါတယ်။ အခုအထိလည်း အရည်အတွက်ထက် အရည်အချင်းကို ဦးစားပေးရေးနေဆဲဖြစ်တဲ့အတွက် လက်ခုတ်တီးပြီး အားပေးပါတယ်ဗျာ။
ကွန်းမန့်ပေးမယ့်သာ မပေးတာပါ…။ မယ်ပုချ်ရဲ့ ဘယ်အချိန်ထိလဲ ပို့စ်အပေါ်မှာ ထောင်ထားတဲ့ လက်မ ၁၂ ချောင်းထဲမှာ ကျွန်တော့်လက်မ တစ်ချောင်းပါပါတယ်။ မယုံရင် ကိုနိုဇိုးမိကြီး မေးကြည့်ဗျာ။ ကိုနိုဇိုးမိကြီး ကိုယ်တိုင်လည်း ပုချ် ရဲ့ ပို့စ်လေးကောင်းတဲ့အကြောင်း ဖတ်ကြည့်ဖို့ ကျွန်တော့်ကို ကြော်ငြာထိုးပါတယ်။
အမှန်က ကျွန်တော်က အစောကြီးကတည်းက ဖတ်ထားပြီးသားပါ။ အော်.. မိတ်ဆွေကောင်းဆိုတော့ ပို့စ်ကောင်းကောင်းလေးတွေတွေ့ရင် လက်တို့တဲ့ သဘောပေါ့ဗျာ။ မှတ်မှတ်ရရ အဲဒီပို့စ်လေးထဲက ဂီဂီပေးခဲ့တဲ့ ကွန်းမန့်လေးထဲမှာ ကျွန်တော့်ကိုလည်း မှတ်မှတ်ရရ ထည့်သွင်းထားခဲ့တဲ့ အတွက် ပီတိဖြစ်ရပါတယ်။
ဘာတဲ့ ဘဘဘလက် လာရင်
လက်မအကြီးကြီး ထောင်လိမ့်မယ်…
အော် ဒီခေတ်လူငယ်မျိုးဆက်တွေကို လက်မမျိုးဆက် (Thumb Generation) လို့ ဆိုကြတယ်မဟုတ်လား ဂီဂီရယ်…။
လက်မမျိုးဆက်တွေကို လက်မလေး ထောင်ထောင်ပြီး အားပေးတဲ့သဘောပါ။ ရေသာခိုတဲ့ သဘောလည်းပါတာပေါ့ အာဟိ…။
အဲဒီလိုပဲ အီးတုန်းဆိုတဲ့ ကလေးမလေးကလည်း အတွေးရဲရဲ အရေးရဲရဲနဲ့ တွေးတတ် ရေးတတ် တဲ့နေရာမှာ ထိပ်တန်းပါခင်ဗျာ။ အဲဒီ အီးတုန်းရဲ့
ကြယ်ငါးကောက်ပစ်ပေးသူတွေ များလာပါစေ ပို့စ်မှာလည်း ထောင်ထားတဲ့လက်မ ၁၂ ချောင်းထဲမှာ ကျွန်တော့်လက်မလေး တစ်ချောင်းပါပါကြောင်း။
လက်မမျိုးဆက်တွေအတွက် လူအိုကြီး ဦးဘလက် ရဲ့ လက်မလေးတွေ ပါဗျာ…။
အခု မန္တလေးသူ ပုချ် နဲ့ ရန်ကုန်သူ အီးတုန်းတို့ကို ဂုဏ်ပြုတဲ့အနေနဲ့ စိတ်ရောဂါအထူးကုဆရာဝန်မကြီးတွေအဖြစ် ဒီပို့စ်ထဲမှာ အပျော်သဘော ထည့်ရေးခွင့်ပြုပါခင်ဗျာ။
ဘာရေးရမှန်းမသိဖြစ်နေလို့ ဆရာနေဝင်းမြင့် စာပေဟောပြောပွဲတစ်ခုထဲမှာ ထည့်ဟောခဲ့တဲ့ ဟာသထိုးဇာတ်လေးတစ်ခု ပြန်ရေးကြည့်မယ်ဗျာ။ ထုံးစံအတိုင်း ဘလက်ချော ဗားရှင်းအနေနဲ့ပေါ့။
မှန်သလိုနဲ့ မှားတဲ့အမှား
တစ်ခါသားမှာပေါ့…။
စိတ်ရောဂါကု ဆရာဝန်မကြီးတွေဖြစ်တဲ့ ဒေါက်တာ ပုချ် နဲ့ ဒေါက်တာ အီးတုန်းတို့ဟာ ဆေးရုံမှာရှိနေတဲ့ စိတ်ရောဂါရှင်တွေဖြစ်တဲ့ ဘလက်၊ လင်းဝေ နဲ့ ချိုဇို့မိ တို့ကို ဆေး ၆ လ ကျွေးပါတယ်တဲ့။ အဲဒီလို ဆေး ၆ လကျွေးပြီးတော့ စိတ်ရောဂါရှင်တွေ အင်တဲလီးဂျန့်ပါဝါ ဘယ်လောက်တက်လာသလဲ ဆိုတာကို စစ်ဆေးပါတယ်တဲ့။ ပထမဆုံး စိတ်ရောဂါရှင် ဘလက်ကို အရင်မေးပါတယ်။
ဒေါက်တာ ပုချ် – ကဲ ဦးဘလက်ရေ။ သုံး သုံး လီ ဘယ်လောက်လဲ…။
စိတ်ရောဂါရှင် ဘလက်က လေးလေးနက်နက် စဉ်းစားပြီး ဖြေပါတယ်။
ဘလက် – သုံး သုံး လီ ၁၂၆ ပါခင်ဗျာ။
ဒေါက်တာ ပုချ် က ဒေါက်တာအီးတုန်းကို စိတ်ပျက်လက်ပျက်နဲ့ ခေါင်းခါပြပါတယ်။
ဒေါက်တာ အီးတုန်း က နောက်ထပ်စိတ်ရောဂါရှင်တစ်ယောက်ဖြစ်တဲ့ လင်းဝေ ကို ဒီမေးခွန်းပဲ ထပ်မေးပြန်ပါတယ်။
ဒေါက်တာအီးတုန်း – သုံး သုံး လီ ဘယ်လောက်လဲ။
လင်းဝေ ကတော့ စဉ်းတောင်မစဉ်းစားတော့ပဲ ချက်ခြင်း ဖြေချလိုက်ပါတယ်။
ဦးလင်းဝေ – ကြာသပတေးပါ ခင်ဗျာ။
စိတ်ရောဂါရှင် ဘလက်နဲ့ လင်းဝေကြီးတို့ကတော့ သုံး သုံးလီ ဆိုတာကြီးကို တစ်လွဲတွေဖြေသွားတော့ ဒေါက်တာ ပုချ်နဲ့ ဒေါက်တာ အီးတုန်းတို့ စိတ်ပျက်လက်ပျက်နဲ့ နောက်ဆုံး စိတ်ရောဂါဝေဒနာရှင်ကြီး ဖြစ်တဲ့ ဦးချိုဇို့မိကြီးကို မေးမြန်းရတော့တာပေါ့ဗျာ။
ဒေါက်တာ ပုချ် – သုံး သုံးလီဘယ်လောက်လဲ။
ချိုဇို့မိကြီးက ဒီလောက်လေးများ စပျော့ ဆိုတဲ့ ပုံစံနဲ့ ချက်ခြင်းဖြေချလိုက်ပါတယ်။
ချိုဇို့မိ – သုံး သုံး လီ ကိုးပါခင်ဗျာ။
ဒေါက်တာပုချ်နဲ့ ဒေါက်တာ အီးတုန်းတို့ စိတ်ရောဂါရှင် ချိုဇို့မိ ရဲ့ အဖြေကို ကြားတော့ ဝမ်းသာသွားကြပါတယ်။ ငါတို့တိုက်တဲ့ဆေးကြောင့် ဒီလူတော့ တိုးတက်လာပြီ ဆိုတဲ့ အတွေးနဲ့ မေးခွန်းတစ်ခုကို ထပ်မေးပါတယ်။
ဒေါက်တာပုချ် – သုံး သုံး လီ ကိုး ဆိုတဲ့အဖြေကို ဘယ်လိုရသလဲ။
ချိုဇို့မိ – ဟိုပထမကောင် ၁၂၆ ထဲက ဒုတိယကောင် ကြာသပတေးကို နှုတ်လိုက်တာပါ။
တဲ့။
ဆရာနေဝင်းမြင့် က ပြောသွားပါတယ်ဗျာ။
တစ်ခါတစ်လေ မှန်တယ်ဆိုပေမယ့် သေချာမေးဦး၊ အတွင်းလှိုက်စားနေတာ အများကြီး။
တဲ့။
ဒီဟာသလေးကနေ ကျွန်တော်တို့ တစ်ခုခုတော့ ယူလို့ရနိုင်ကောင်းပါရဲ့… ။
ပေါ့ပေါ့ပါးပါးပေါ့ဗျာ။
သည်းခံဖတ်ပေးတာ ကျေးဇူးပါဗျ။
အဲ… မပြီးသေးဘူးဗျ။
ချိုပေါ့ကျ လွမ်းချင်း ဆိုတဲ့ ပို့စ်လေးတင်လာတဲ့ ရွှေတိုက်စိုးလေးနဲ့ ကွန်းမန့်လေးတွေနဲ့ ဝင်ပြီး အသိအမှတ်ပြုကြသူတွေကို ကျေးဇူးအထူးတင်ပါတယ် ဆိုတဲ့ အကြောင်းရယ်။
ပထမဆုံးအကြိမ် ဓါတ်ပုံပြပွဲမှာ ကျွန်တော်လည်း ပါဝင်ထားပါတယ် ဆိုတဲ့ အကြောင်းရယ်။
(သီးသန့်ရိုက်ဖို့ အချိန်မရတာနဲ့ ပုံဟောင်းလေးတစ်ပုံ နဲ့ ပူးပေါင်းပါဝင်ထားတာ ဖြစ်ပါတယ်)
သူကြီး ရန်ကုန်ရောက်ခဲ့တယ်ဆိုတာကို ကျွန်တော် အစောကြီးကတည်းက ရိပ်မိခဲ့တယ်ဆိုတာလေးရယ်။
(ဂီဂီတို့ ကိုနိုဇိုးမိကြီးတို့ မှတ်မိဦးမှာပါ။ ကျွန်တော် ခန့်မှန်းခဲ့တာ မှန်နေလို့ နည်းနည်းတော့ ဘဝင်မြင့်သွားပါကြောင်း)
အဲဒါလေးပါဗျာ။
ခင်မင်လေးစားစွာ
ဘလက်
19 comments
nozomi
May 25, 2012 at 3:54 pm
ကိုချောနဲ့တွေ့မှ ကျွန်တော် လဲ မိုးဟေကိုနဲ့တွေ့ရ စိတ်ရောဂါရှင်ဖြစ်ရ နဲ့
ဘာပဲဖြစ်ဖြစ်ပါ တစ်ရွာလုံးရဲ့ ဆန္ဒအရ ကိုချော ပို့စ် တွေသာ ဖတ်နေရရင် မိုးယုစံနဲ့ ပေါင်းရ ပေါင်းရ တင်ချာ ( အဲ ဒါတော့ ထိလို့ မရဘူး ) နွယ်နွယ်ထွန်းနဲ့ တွေ့ရ တွေ့ရပါဗျာ
ဆရာနေဝင်းမြင့် ရဲ့ အတွေးလေး သဘောကျမိတယ် ဆရာချော ရေ
မိန်းမကြောက်တာ က တပိုင်း ရွာကိုတော့ ပစ်မထားပါနဲ့ ဗျာ
kotun winlatt
May 25, 2012 at 4:05 pm
ဟောဗျာ…
တီးးးးဆရာပြန်လာပါပြီကော…
လုပ်ပါဦးးးဗျ..ချိုပေါ့ကျလေးးးး
ခံတွင်းချဉ်နေလို့ပါ…
ကျောင်းးးတကာရယ်…..
လင်းဝေ
May 25, 2012 at 4:08 pm
အတွင်းမှာ လှိုက်စားနေတတ်တာ ကြောက်ဖို့ကောင်းမှန်း သတိပေးတဲ့အတွက် သတိရဖို့ ကျုပ်တို့မှာ တာဝန်ရှိလာတာပေါ့။ အင်း… ဘယ်လိုအရာတွေက အပေါ်ယံမှာ မှန်ပြီး အတွင်းမှာ လှိုက်စားနေလဲ အတွင်းမှာ အတွင်းကျကျ လွဲနေသလဲ ဆန်းစစ်ဖို့ ခေါင်းထဲအတွေးတွေ ထည့်လိုက်ပါဦးမယ်ဗျာ။
ဝေဖန်ဆန်းစစ်ခြင်း မရှိရင် မတိုးတက်ဘူးတဲ့။ ကောင်းလေစွ။ အတွင်းကျကျ ပြောင်းပြန်လှန်စဉ်းစားခွင့်ပြုပါဗျား။
(ကရကတ)
ကိုဘလက် စာလုံးပေါင်းမှားနေတယ်။ ဇ နဲ့ စ လုံး။ ချိုဇို့မိ မဟုတ်ဘူးလေ။
ကိုချိုကြီး(ခ) ကို-စို့မိ ကတော့ မိုးတွေကော နွယ်တွေကောပဲ တပြီး သူများမိန်းမကြောက်တာ လျှောက်ဖွနေတယ်၊ မှတ်ထား လူကြီးလူကောင်းဆန်သော ယောကျာင်္းကောင်းတိုင်း မိန်းမကို အနိုင်မယူလို့ မိန်းမကြောက်ကြသည်။ သူ့ကျတော့ နှုတ်ခမ်းလေးစိပြီး ပြုံးလိုက် ခေါင်းလေးစောင်းလိုက် ငြိမ့်လိုက်နဲ့ ခွက်ကို အချစ်ဦးလိုပဲ နှုတ်ခမ်းတေ့ပြီး ပြန်ပြေးတဲ့သူကများ။
လင်းဝေ
May 25, 2012 at 4:09 pm
အတွင်းမှာ လှိုက်စားနေတတ်တာ ကြောက်ဖို့ကောင်းမှန်း သတိပေးတဲ့အတွက် သတိရဖို့ ကျုပ်တို့မှာ တာဝန်ရှိလာတာပေါ့။ အင်း… ဘယ်လိုအရာတွေက အပေါ်ယံမှာ မှန်ပြီး အတွင်းမှာ လှိုက်စားနေလဲ အတွင်းမှာ အတွင်းကျကျ လွဲနေသလဲ ဆန်းစစ်ဖို့ ခေါင်းထဲအတွေးတွေ ထည့်လိုက်ပါဦးမယ်ဗျာ။
ဝေဖန်ဆန်းစစ်ခြင်း မရှိရင် မတိုးတက်ဘူးတဲ့။ ကောင်းလေစွ။ အတွင်းကျကျ ပြောင်းပြန်လှန်စဉ်းစားခွင့်ပြုပါဗျား။
(ကရကတ)
ကိုဘလက် စာလုံးပေါင်းမှားနေတယ်။ ဇ နဲ့ စ လုံး။ ချိုဇို့မိ မဟုတ်ဘူးလေ။
ကိုချိုကြီး(ခ) ကို-စို့မိ ကတော့ မိုးတွေကော နွယ်တွေကောပဲ တပြီး သူများမိန်းမကြောက်တာ လျှောက်ဖွနေတယ်၊ မှတ်ထား လူကြီးလူကောင်းဆန်သော ယောကျာင်္းကောင်းတိုင်း မိန်းမကို အနိုင်မယူလို့ မိန်းမကြောက်ကြသည်။ သူ့ကျတော့ နှုတ်ခမ်းလေးစိပြီး ပြုံးလိုက် ခေါင်းလေးစောင်းလိုက် ငြိမ့်လိုက်နဲ့ ခွက်ကို အချစ်ဦးလိုပဲ မရဲတရဲနဲ့ နှုတ်ခမ်းတေ့ပြီး ပြန်ပြေးတဲ့သူကများ။
ကြောင် ဝတုတ်
May 25, 2012 at 4:44 pm
လေးဘလက်ရေ-
ကျွန်တော်ပြောနေကျစကားနဲ့ပြောရရင် ပယောဂမှန်လို့ တုန်ဆင်းလာတာပေါ့နော်…
ကိုရွှေတိုက်ရဲ့ပိုစ့်တင်အပြီး လေးဘလက်လဲ မြကျောက်ဖျာကြီးတင်းလာလို့ တုန်ဆင်းလာတယ်ပေါ့နော်…
ကျွန်တော်ကတော့ သုံးသုံးလီ သရီးပဲရ် ပါဦးဘလက်ရာ…
ဘယ်လိုသိလဲတော့မမေးပါနဲ့…
စိတ်ရောဂါဆေးရုံမရောက်ခင်ကတည်းက သိနေပြီးသားအဖြေမို့ဖြေကြည့်လိုက်တာပါနော်…
စီးပွားရေး၊ လူမှုရေး၊ အိမ်ထောင်ရေးအားလုံး အဆင်ပြေချောမွေ့ပါစေလို့ဆုတောင်းရင်း
ချိုပေါ့ကျကို မျှော်လင့်လျက်-
ကြောင်ဝတုတ်
htet way
May 25, 2012 at 5:53 pm
အေးဗျာ ခင်ဗျားမှာ အရေးကြီးကိစ္စတွေ ရှိနေလို့ စာမရေးဖြစ်တာ နားလည်ပါတယ်
နောက် ချိုပေါ့ကျလည်း ဆက်ရေးပါ။
စိတ်ရောဂါ ကု ဆရာဝန်ဆိုရင် ရင်းနှီးရင် ဆက်သွယ်ချင်တယ်ဗျာ။
လူနာရှိတယ်
အတိသဉ္ဖာ နာဂရချစ်သူ
May 25, 2012 at 6:18 pm
ကိုဘလက်ချောကြီးပြန်ပေါ်လာလို ့ဝမ်းသာရသဗျာ။ပျောက်လိုက်တာဗျာ။
ကျဆိမ့်ကြိုက်တဲ့ ကျနော်တောင် ချိုပေါ့ကျလေး လွမ်းမိတယ်ဗျို. ့။
windtalker
May 25, 2012 at 8:01 pm
ဟိုလျှောက်ရေး ဒီလျှောက်ရေး
အပျိုပေါက်လေး ဆိုသလောက်ငေး
အငိုပျောက်ဆေး ချိုသောက်ပေး….။
…….
အားပေးသွားကြောင်းပါခင်ဗျား ။
padonmar
May 25, 2012 at 8:13 pm
တိုက်တိုက်ခေါ်လိုက်လို့ ဘဘပြန်လာပြီ။
Khin Latt
May 25, 2012 at 8:23 pm
ကဘချော
အသံလေးပြန်ကြား ရတာ ဝမ်းသာလှပါတယ်။
စိတ်ဝေဒနာရှင် ဆိုတာ နဲ့ ဆက်လို့ Research လေးတစ်ခု အကြောင်း မျှပါရစေဦး။
ဘယ်သူကဘယ်လို လုပ်တာလဲ တော့ မသိဘူး။
တွေ့လာတဲ့ ရလာဒ် က စိတ်ကျရောဂါ ဖြစ်သူ တွေဟာ အင်တာနက် အသုံးများသတဲ့။
အဲဒီထဲ မှာမှ အဲဒီလူတွေဟာ File sharing software တွေ ပိုသုံးကြသတဲ့။
ဒါကို တန်ပြန်သူ များ က ဟားထားတယ်။
“အကြောင်း” ကြောင့် “အကျိုး” ဖြစ်နေတာ ကို မလေ့လာဘဲ လျှောက်ဖြီး နေလို့တဲ့။
အကြောင်း – အင်တာနက် ထဲ မှာ File Share လုပ်တာတွေကို Download ယူဖို့ ကြိုးစား ခဲ့ရင် နှေးမှာ အသေအချာဘဲ။ ဒါကို စိတ်မရှည်နိုင်ကြဘူး။
ဒီတော့
အကျိုး – စိတ်ကျခြင်း ဖြစ်ပါတယ်တဲ့။
ဒီတော့ အမှန်က download နှေးလို့ လူတွေ စိတ်ဓာတ်ကျတာကို ဘဲ
စိတ်ကျရောဂါ ဖြစ်သူ တွေဟာ ဘာလုပ်တယ်။ ညာလုပ်တယ် ပြောတတ်တဲ့ Researcher တွေလဲ ရှိမှန်း ကောင်းကောင်းကြီး သိခဲ့ပါပြီ အသင်လောက။ 😀
ဆိုတော့
မြန်မာပြည်က လူတွေ ကတော့ အဲဒီ အဆင့် ကျော်နေကြလောက် ပြီ ဆိုတာ မြန်မာပြည် မှာ အင်တာနက် သုံးတုန်းက လက်တွေ့သိခဲ့ပါကြောင်း။
ခန္တီပါရမီမှာ အတော်လေး အဆင့်တက်နေကြပြီ။
စိတ်မရှိကြပါနဲ့ ။
ကျွန်မ လဲ ကဘချော အဖော်ရအောင် “ဟိုလျှောက်ရေး ဒီလျှောက်ရေး” လျှောက်ရေးသွားတာပါ။ 😆
pooch
May 25, 2012 at 9:09 pm
ကိုဘလက်ရေ မှန်ရာကို ဝန်ခံရရင်တော့ ကိုဘလက်ထင်သလို စာရေးကျဲတာ ထိန်းရေးတာ မဟုတ်ပဲ ပျင်းတာရော ဖျင်းတာရောကြောင့် ရေးချင်တိုင်း ရေးမထွက်လို့ မရေးနိုင်တာပါ။ တခါတခါ စိတ်ထဲမှာပဲ စာစီပြီး ရေးမထွက်ပါဘူး။ ဒါကြောင့် ပါ။ ဟိုဟာဒီဟာကြောင့် မဟုတ်ရပါ။
ကိုဘလက်ရယ် ကိုနိုဇိုမိရယ် ဗိုက်ကလေးရယ် လေးပေါက်ရယ် စာမရေးလို့ ဆိုပြီး ပြောပြောနေလို့ ညှစ်ရေးဖြစ်သွားတာပါ။ ခံစားချက်တွေလည်း တိုက်ဆိုင်လာလို့ပါ။
အားပေးတာ ကျေးဇူးတင်ပါတယ်။ လေးပေါက် ကိုတောင် မေးမိပါသေးတယ် ။ ကိုဘလက်ပျောက်နေလို့ ဘာတွေများ အလုပ်ရှုပ်နေသလဲလို့။ အထက်က သူတွေ ပြောကြသလိုပါပဲ လူမှုရေး စီးပွားရေး အစစအရာရာ အဆင်ပြောချောမွေ့ပါစေလို့။
အဲ့လိုပဲ အချိန်ရရင် ချိုပေါ့ကျလေး ပြန်တိုက်ပါအုန်းလို့ ။ စွဲသွားပြီမို့ ဖြတ်မရတော့ပါ။
ကိုပေါက်(မန္တလေး)
May 25, 2012 at 11:12 pm
ကိုဘလက်က ကိုယ်ရောင်ဖျောက်နေတာကြာပေါ့။
ပေါ်မယ့်ပေါ်တော့လဲ ပိုစ်အဆန်းလေးတွေနဲ့။
ကျနော်လဲစိတ်ပေါက်ရင် ဒေါက်တာပုဆီပြေးပြရမှာဘဲ။
ခင်ဗျားတို့အားလုံးတွက်တာမှားတယ် သုံး သုံးလီ ငါးဆယ်ဗျ။
ကိုရင်စည်သူ
May 26, 2012 at 12:27 am
ဦးဘလက်ပြောပုံအရဆို ဦးရွှေသဂျီး ရန်ကုန်ကို ရောက်ခဲ့တယ်ပေါ့လေ…။
အဲ့ဒလိုသာဆိုရင် ရွှေတိဂုံဘုရားနဲ့ ရန်ကုန်စာပေတိုက်တစ်ခုမှာ သဂျီးရဲ့ ခြေရာလက်ရာတွေ
ကျန်ခဲ့မယ်ဗျို့… 😀 😀 😀 ချို့ပေါ့ကျရဲ့ သတင်းပေါင်းစုံး ရှူ့ထောင့်စုံ မဖတ်ရတာကြာလို့
တမျိုးတော့ ဟာတာတာဖြစ်မိတယ်…
၃ သုံးလီ သုံးဗျ… ဆန်းဗေဒင်အရဆိုရင်… မှားတယ်ဆိုရင်လည်း
ဒေါက်တာပုချ်နဲ့ ဒေါက်တာ အိတုန်တို့ဆီပဲ ဆေးသွားလှုပ်သောက်ရမှာပဲဗျာ…
ဦးဘလက်ရေ.. သတိရလို့ ဟိုရေးဒီရေး ရေးမိသွားပါတယ်ဗျို့… 🙂 🙂
MaMa
May 26, 2012 at 7:42 am
သုံးသုံးလီ ကိုး အဖြေရပုံလေးကို သဘောကျတယ်။
အဖြေမှန်နေပြီပဲ။
ဘာလို့ ဆေးကိုလှုပ်သောက်ခိုင်းရဦးမှာလဲ ….. 🙁
etone
May 26, 2012 at 9:22 am
ကိုချောကလက်ကြီး ပျောက်နေပါတယ်မှတ်တာ … ဟိုရောက်နေခဲ့တာကိုး .. ဟိဟိ 😀
ယောက္ခမအိမ်ပြောတာပါနော် ။ 😀
တစ်ခါတစ်လေ မှန်တယ်ဆိုပေမယ့် သေချာမေးဦး၊ အတွင်းလှိုက်စားနေတာ အများကြီး။ ဆိုတဲ့စာလေးက မှတ်သားစရာပါပဲ … ။ လူ့ဘဝအရကိုက မှန်တယ်ထင်လျှှင် နောက်ကွယ်ကို မစစ်တော့ပဲ .. လွယ်လွယ်စုံမှိတ်ရုံလိုက်ကြတာမျိုးလေ .. ။အမှန်တရားရဲ့ နောက်ကွယ်ကို မစမ်းစစ်ကြတာ များတယ် … ယေဘုယျအားဖြင့် နောက်ကွယ်ကအခြေနေကို သေချာ ဂဃနဏမသိပဲ ၊ မှန်ပြီးသားမို့ … အမှားမရှိလောကဘူးဆိုတဲ့ အထင်တွေနဲ့ပေါ့ …. ။ စပ်စပ်စုစု အမှန်တရားရဲ့နောက်ကွယ်ကို သေချာကြည့်ဖို့ ကြိုးစားပြန်လျှင်လည်း … ဂွတီးဂွကျလုပ်တယ် ၊ အူကြောင်ကြောင်နိုင်တယ် ၊ အလကားသတ်သတ်အချိန်ဖြုန်းတယ် ၊ မှန်တာကို သံသယဖြစ်တယ်ဆိုပြီးသတ်မှတ်ကြပြန်တယ် ။ တော်တော်များများကတော့ .. အမှန်ရဲ့ဇစ်မြစ်ကို မသိချင်ကြဘူး … သိအောင်လုပ်ရမှာလည်း အချိန်ကုန်တယ်လို့ … ခံယူထားကြတယ် ထင်ပါရဲ့ …. ။ 🙄
manawphyulay
May 26, 2012 at 1:11 pm
ဦးဘလက်ပျောက်ချက်သားကောင်းနေပါလား…
ဦးဘလက်လို လူမျိုးကျတော့လည်း ဟိုဟာလျှောက်ရေး ဒီဟာလျှောက်ရေးတာတောင် အတော်ကောင်းတဲ့ပိုစ့်တွေ ထွက်တယ်ဆိုတာ မနော လက်မ မထောင်ပဲနဲ့ ပြောချင်ပါတယ်။
တစ်ခါတလေ မှန်တယ်ဆိုပေမယ့်လည်း မှန်တိုင်းလည်းမကောင်းဘူး
လူအတော်များများက ကိုယ်ပိုင်ဦးနှောက်နဲ့မစဉ်းစားပဲ သူများ မှန်တယ်လုပ်တိုင်း လိုက်မှန်နေတဲ့သူတွေ အများကြီးပဲ အတွင်းမှာ လှိုက်စားရုံမဟုတ်ဘူး ဂလိုင်တွေဖြစ်နေတာ တွေ့နေရတာပါပဲ။
ဦးဦးပါလေရာ
May 26, 2012 at 1:48 pm
တွေးစရာလေးတွေ ဆန့်ထွက်သွားပါတယ် ကိုဘလက်ရေ
တွက်နည်းလဲ မှန်ဘို့လိုတယ်ဆိုပေမယ့်
အဖြေလဲ မှန်ဘို့လိုတယ်ဆိုပေမယ့်
ကြိုထုတ်ထားတဲ့အဖြေရအောင် ညှိနှိုင်းတွက်ချက်ကြတာတွေလဲ………….
ဒါထက် သုံး သုံးလီ ဘယ်လောက်ရသလဲဆိုတာ
ဒေါက်တာပုချ်နဲ့ ဒေါက်တာအီးတုန်းတို့က ကျုပ်ကိုလာမေးရင်
ကျုပ်က တခွန်းထဲဖြေမှာ..
ဘယ်လောက်ဖြစ်ချင်လဲ…. လို့
(ကျုပ်အတွက်တော့ ဆေးအသစ်ဖေါ်ကြပါ..)
blackchaw
May 26, 2012 at 2:13 pm
ကွန်းမန့်ပေးသူအားလုံးကိုကျေးဇူးတင်ပါတယ်ဗျာ…။
တကယ်တော့ ဒီပို့စ်က ဘယ်သူ့ဘယ်သူကိုမှ
ရည်ရွယ်ပြီး တိုက်ခိုက်ထားတဲ့ ပို့စ် တစ်ပုဒ်မဟုတ်ပါဘူး…။
ဆရာနေဝင်းမြင့်ရဲ့ တစ်ခါသုံးလူ့အဖွဲ့အစည်းဆိုတဲ့ နာမည်နဲ့ဟောခဲ့တဲ့
စင်္ကာပူ စာပေဟောပြောပွဲထဲက ရယ်စရာ ဟာသလေးတွေကို ကိုးကားပြီး
ရွာထဲက ရင်းနှီးသူတွေနာမည်ထည့်ပြီး ရေးမယ်ဆိုတဲ့အကြံနဲ့ ရေးကြည့်လိုက်တဲ့
သဘောပါ..။
တကယ်ပဲ အဲဒီစာပေဟောပြောပွဲထဲမှာ ဒီဟာသလေးက ပရိသတ်ပွဲတော်တော်ကျတဲ့
ဟာသလေးတစ်ခုဖြစ်ခဲ့တာပါ..။
ကိုပါလေရာကြီး မန့်သလို အတွေးတွေကို ဆန့်ထုတ်လို့ ရတဲ့ ပျက်လုံးလေးပါ..။
ကျွန်တော်ပြန်ရေးမှ မရယ်ရပဲ… တစ်လွဲတွေ ဖြစ်ကုန်တယ်ဆိုရင် ခွင့်လွှတ်ပါ…။
ဟိုလျှောက်ရေးဒီလျှောက်ရေး ရေးထားတာလေးကို
သည်းခံဖတ်ပြီး ကွန်းမန့်ဝင်ပေးသူအားလုံးကို ကျေးဇူးတင်ပါကြောင်း…။
အလင်းဆက်
August 28, 2013 at 1:21 pm
အခုမှ ဖတ်ဖြစ်တယ် လေးလေးရေ
ကျနော်က ထပ်တင် မိပြီ
ရှက်ထာ
🙂