တေးရေး ဖိုးခွား ကို နှုတ်ဆက်ခြင်း
ဒီနေ့ထုတ် ကြေးမုံသတင်းစာထဲက နာရေးကြော်ငြာမှာပါတဲ့ ကွယ်လွန်သွားသူတစ်ယောက်အကြောင်းပြောချင်ပါတယ်ဗျာ။
ကိုသက်ခိုင်(ခ)တေးရေး ဖိုးခွား
အသက် (၄၇) နှစ်
တဲ့။ ၂၅-၅-၂၀၁၂ ညနေ ၃ နာရီမှာ ကွယ်လွန်သွားပါတယ်တဲ့။
နာရေးကြော်ငြာဖတ်ပြီး ကျွန်တော်လွမ်းသွားပါတယ်။
တေးရေးဖိုးခွားဆိုတာ ကျွန်တော်တို့ ဆယ်ကျော်သက်အရွယ်လောက်တုန်းက အင်မတန်အောင်မြင်တဲ့ သီချင်းလေးတွေကိုရေးခဲ့တဲ့
သီချင်းရေးဆရာတစ်ယောက်ပါ။
ချစ်သူကို ဟိုးအမြင့်ကြီးမှာထားပြီး ကိုယ့်ကိုယ်ကိုတော့ အမြဲတမ်း နှိမ်ချ ရေးတတ်တဲ့ တေးရေးဆရာကိုပြပါဆိုရင် အဲဒီ လူဟာ ဖိုးခွားပါပဲ။
ဟုတ်ပါပြီ။
ဖိုးခွားရေးခဲ့တဲ့ သီချင်းလေးတွေက ကျွန်တော်တို့ ဆယ်ကျော်သက်အရွယ်ဂစ်တာတီးတတ်စအချိန် လမ်းဘေးတီးဝိုင်းလေးတွေမှာ
ကောင်မလေးတွေကို ကြူဖို့ အလွန်ကောင်းတဲ့ သီချင်းလေးများပါလို့ ကျွန်တော်က အလွန်အကျူးဖွဲ့ဆိုချင်ပါတယ်ဗျာ။
နမူနာလေးတွေနဲ့ ပြောကြည့်မယ်ဗျာ။
၁၉၈၆ လောက်က မြန်မာပြည်မှာ တစ်ခုတည်းသော ရုပ်သံဖြစ်တဲ့ မြန်မာ့ရုပ်မြင်သံကြားရဲ့ စနေ၊ တနင်္ဂနွေ ည ရနာရီ နဲ့ ၈ နာရီကြားမှာ စတီရီယို သီချင်းတွေ အမြဲလွှင့်တတ်ပါတယ်။ ကျွန်တော်တို့တတွေမှာလည်း ရွေးချယ်စရာ ဖျော်ဖြေရေးက ဒီတစ်ခုပဲ ရှိသမို့ ကြည့်ဖြစ်အောင်ကြည့်ကြရပါတယ်။
အဲဒီအချိန်က မြန်မာ့ရုပ်သံရဲ့ ပေါ်ပြူလာ သီချင်းတွေထဲမှာ တူးတူးရဲ့ ကေသရီ ဆိုတဲ့ သီချင်းလေးပါပါတယ်။
အဲဒီ ကေသရီ သီချင်းရဲ့ သံစဉ်စာသားပိုင်ရှင်က ဖိုးခွားပါပဲ။
စာသားလေးတွေ နည်းနည်း လေ့လာကြည့်ဗျာ။
ကေသရီ
တေးရေး – ဖိုးခွား
တေးဆို – တူးတူး(စိုးမိုးမှု ဒီရင်မှာ နှလုံးသားထဲ စူးနစ်စေခဲ့တယ် ကေသရီရယ်..
မင်းအကြည့်ကြောင့် ရင်ဝေဒနာ နက်သထက်နက် ဖျက်မရနိုင်ခဲ့…
အို အိုး အို မောင့် ကေသရီရယ်…
စွဲလန်းခြင်း အသချေင်္ကို မင်းသက်သက် ပေးခဲ့လေသလားကွယ် …)
(ဒို့ဘဝရဲ့ အာရုံတွေမှာ တမ်းတမ်းစွဲစွဲမိပြီပေါ့ကွယ်…
မလှမ်းဝံ့တဲ့ ခြေရာအစုံဟာ မင်းနံဘေးနားရှိလျက်ပါပဲ…
အိုအိုးအို အိုးအိုးအို မောင့်ကေသရီရယ်
သောကကျင့်စဉ်တွေကို နှလုံးသားထဲ ထည့်ခဲ့လေသလားကွယ်…)
CHO ; (စိတ်ထဲ ရှိရှိသမျှနဲ့ အပြင်ဘက်ကလက်တွေ့ဘဝဟာ
ကွာခြားတယ် ချစ်သူရယ် သိစေချင်တယ်
နန်းထိုက်တဲ့ တော်ဝင်သူကို ဒို့လက်နဲ့ မထိရက်ပါဘူးကွယ်…)(အသက်နဲ့ အမျှကြင်နာသူကို ကြေကွဲရင်းနှုတ်ဆက်ခဲ့ပါတယ် ကေသရီရယ်…
ဒို့ဘဝရဲ့အဖေါ်မွန်ဟာ ဝေးသင့်လို့ ဝေးခဲ့ကြပြီပဲ…
အိုးအိုးအိုး မောင့်ကေသရီရယ်…
နန်းထိုက်တဲ့ တော်ဝင်သူကို တို့လက်နဲ့ မကမ်းတော့ပါဘူးကွယ်။
ဘယ်လောက် နုလိုက်ရွလိုက်သလဲ…။
ချစ်သူကို တင်စားထားတာများ နန်းထိုက်တဲ့တော်ဝင်သူ တဲ့…။
အဲဒီခေတ်က အဲဒီသီချင်းလေးက တော်တော် ပေါက်ခဲ့တယ်ဆိုတာ အခု ကျွန်တော်တို့လို လေးဆယ်ကျော်ကျော်တန်းအရွယ်တွေ
သိကြမှာပါ…။
ရေးရင်းနဲ့ လွမ်းတောင်လာတယ်.. ဦးလေးရေ။
ဆယ်ကျော်သက်အရွယ်က ထားခဲ့ဘူးတဲ့ ရည်းဇား ၁၅ ယောက်လောက်ကို ပြန်တွေ့ချင်စိတ်တောင် ပေါက်လာပါရောလားဗျာ။
သူဘယ်မှာလဲ သတိရနေတယ် လို့ အော်အော်ပြီး လွမ်းရမလိုပါပဲဗျာ။
ဖိုးခွားရေးတဲ့ သီချင်းတွေထဲက နောက်တစ်ပုဒ် ပြောဦးမယ်ဗျာ။
သီချင်းနာမည်က မကြင်နာသူသို့ တဲ့။
ဆိုတဲ့သူက နာမည်ကြီးစာရေးဆရာမ နေနွယ်ဇင်မြင့်ရဲ့ သားအငယ်ဆုံး၊ လမင်းမိုမို ရဲ့ မောင် ကိုမှိုး ပါ။
အဲဒီခေတ်က ကိုမှိုး ကလည်း မြန်မာရုပ်သံရဲ့ စူပါစတား စာရင်းဝင်ပါပဲဗျာ။
စာသားလေးတွေနည်းနည်းဖတ်ကြည့်ရအောင်ဗျာ။
မကြင်နာသူသို့
တေးရေး – ဖိုးခွား
တေးဆို – ကိုမှိုး(သူဟာ ကျွန်တော့်ရဲ့ အိပ်မက်တွေထဲမှာ ရွှေနတ်သမီးအဖြစ် စိုးမိုးနေတာ
ကျွန်တော် ညည အိပ်မရတဲ့အခါ အိပ်မက်များကို နှမြောတသစွာ
တကယ်တမ်းတော့ ကျွန်တော့်ရဲ့ အဖြစ်ဟာ မကြင်နာလေသူကိုမှ သွားချစ်မိနေတာ..။)စိတ်ကူးယဉ်အတွေးထဲမတော့ ပြေလည်လိုက်တာ
သူကျွန်တော့်ကို ချစ်လိုက်ပုံများ နှိုင်းရက်စရာ ဘာမှ မရှိအောင်
မပြေလည်သောလက်တွေ့ဘဝမှာ အိမ်မက်ဟာ တကယ်ဖြစ်မလာ..။သူဟာ ကျွန်တော့်ရဲ့ နှလုံးသားထဲမှာ ဘယ်လိုလုပ်မှ ဖျောက်မရနိုင်ပါ..
ကျွန်တော် တမ်းတမ်းစွဲတဲ့ အဖြစ်ဟာ သေသည်အထိတိုင် ပျောက်ပျက်မသွားနိုင်
မျှော်လင့်ခြင်းများအသက်ရှိသရွေ့တော့ ရှင်သန်ဆဲပဲ ဘဝနဲ့ထပ်တူပါ…
အဖြေမရသေးတဲ့ ကောင်မလေးတွေ အိမ်ရှေ့ခပ်လှမ်းလှမ်းကများ ဂစ်တာလေးနဲ့ သွားကြူလိုက်လို့ကတော့ ဟေးဟေး…။
ဖိုးခွားတို့ ရေးချက်တွေက အဲဒီလိုဗျ…။ ပြောရင်း နှမြောတယ် ကိုဖိုးခွားရေ…။
ဒီဘက်ခေတ်ချာတိတ်တွေ လူပျိုလှည့်ဖို့ သီချင်းလေးတစ်ပုဒ်လောက်များ ထရေးပေးခဲ့ပါဦးတော့လားဗျာ။
နေဦး ဦးလေးရေ။ နောက်တစ်ပုဒ်က ပို မိုက်နေသေးတယ်ဗျ။
ဖိုးချိုကြီး ဆိုခဲ့တဲ့ ချစ်သူကို ဆိုတဲ့ သီချင်းလေဗျာ။
ဒီသီချင်းကတော့ ခင်ဗျားလည်း နားထောင်ဘူးမှာပါဗျာ။
အော် တမလွန်မှာ ဖိုးချိုကြီးဆိုမယ့် သီချင်းတွေရေးပေး ဖို့များ လိုက်သွားလေသလား ကိုဖိုးခွားရေ။
ချစ်သူကို
တေးရေး – ဖိုးခွား
တေးဆို – ဖိုးချိုချစ်သူကို ရွှေနန်းထက်မှာ ထားချင်တယ် ဒါပေမယ့် ကိုယ့်ရဲ့ဘဝဟာ ချို့တဲ့တာ မင်းအသိပါ
ချစ်သူကို လက်ဖျားနဲ့တောင် မထိရက်နိုင်တယ် အလှလေး ပွန်းပဲ့သွားရင် ကိုယ် ရင်ကျိုးရချည့်ရဲ့…
ချစ်သူကို စိတ်ဆင်းရဲစရာ မတွေ့စေချင်သလို တစ်သက်လုံးအနားနားမှ တစ်ဖဝါးမှမကွာစောင့်ရှောက်မယ်
ချစ်သူကို ကြည့်ရင်းနဲ့ပိုလှလှလာတယ် တစ်နေ့တစ်ခြား ဆုံးရှုံးရမှာကို နှမြောမိပြန်တယ်ကိုယ်အမြဲတမ်း ချစ်ရပါ့မလား ရင်တထိတ်ထိတ်နဲ့ မပျော်နိုင်ပါဘူး
အော် တစ်နေ့နေ့ ဝေးရမှာလား နုံခြာတဲ့ အနုတ်စုတ် ဘဝနဲ့ချစ်သူကို ကြည့်လို့ကို မဝနိုင်သေးခင် အခြေအနေမွဲ ဆင်းဆင်းရဲရဲ ကိုယ့်ဘက်ကို မခေါ်ရက်ဘူး
ချစ်သူကို တမ်းတမ်းစွဲမက်မောမှုမှာ ပိုင်ဆိုင်ခြင်း ကိုယ့်အတွက် ဖြစ်မလာတောင် အော်ကိုယ့်ကုသိုလ်ပဲ…။
ကြည့်… အလှလေးပွန်းပဲ့သွားရင် ကိုယ်ရင်ကျိုးရချည့်ရဲ့ တဲ့။
ရေးတတ်လိုက်ပုံများ ပြောပါတယ်။
တော်ရုံတန်ရုံ ကောင်မလေးတွေ ချက်ခြင်းကြွေသွားလောက်တယ်ဗျာ…။
နောက်ဆုံးတစ်ပုဒ် ပြောပြဦးမယ် ဗျာ။
ချစ်သူ့ရင်ခွင် တဲ့။
ဖိုးချိုပဲ ဆိုခဲ့တာပါ။
ချစ်သူ့ရင်ခွင်
တေးရေး – ဖိုးခွား
တေးဆို – ဖိုးချိုဘဝရဲ့ ဒုက္ခအမောများ ပျောက်စေတယ် အလင်းတန်းများပေးစွမ်းတဲ့ လမင်းလေးရယ်
စိုးတတ်မိုက်တတ်လွန်းတဲ့ ကိုယ့်ကို ချစ်တယ် အမြဲတမ်းပဲ ခွင့်လွှတ်နားလည်ထားတဲ့ ချစ်သူ့ရင်ခွင်
ချစ်သူရင်ခွင် ချစ်သူရင်ခွင် ချစ်သူ့ရင်ခွင် ရင်ခွင်ထဲ…။
အဝေးကြီးဝေးသွားလည်းပဲ ချစ်နေမယ် နီးစပ်မှုမနီးစပ်မှုက အရေးမကြီးဘူးကွယ်
လွမ်းတတ်ဆွေးတတ်လွန်းတဲ့ နှစ်ယောက်အတူ နားလည် နှလုံးသားချင်းတိုက်ရိုက်ဆက်သွယ်ထားတဲ့
ချစ်သူ့ရင်ခွင် ရင်ခွင်ထဲ..
ဘယ်ဘယ်အရာ ဘာနဲ့မှ အစားထိုးလည်းမရအောင်
နွေးထွေးတဲ့မေတ္တာတွေနဲ့
နေရာတကာ ကိုယ့်ကိုအမြဲဦးစားပေးတတ်တဲ့
အငြိမ်းချမ်းဆုံးချစ်သူ့ရင်ခွင်ထဲ…
မှားပြီးရင်းမှားတဲ့အမှားများလည်းပြင်မယ် သဘောထားကြီးလွန်းလှတဲ့ မိန်းကလေးရယ်
ဖြစ်တတ်ပျက်တတ်လောကတရားကို နားလည် ခွင့်လွှတ်တဲ့ အပြုံးနဲ့ ဆီးကြိုဦးကွယ်
ချစ်သူ့ရင်ခွင် ရင်ခွင်ထဲ…။
ဘယ်လိုလဲ ဦးလေးရေ…။
ဖိုးခွားရေးခဲ့တဲ့ သီချင်းလေးတွေက မမိုက်ဘူးလားဗျာ။
ကျွန်တော် တကယ်ကြိုက်ခဲ့တဲ့
လမ်းဘေးမှာ ဂစ်တာကြီး တစ်ဒေါင်ဒေါင်တီးပြီး အော်အော် ဆိုခဲ့တဲ့
သီချင်းလေးတွေခင်ဗျ..။
အခု
အဲဒီလူကြီး ဆုံးရှာပြီဗျာ။
မနေ့က ညနေ ၃ နာရီကတဲ့..။
မနက်ဖြန် (၂၇-၅-၂၀၁၂) နေ့လယ် ၂ နာရီမှာ ရေဝေးသုသန်ကို ပို့ဆောင် သဂြိုဟ် မတဲ့။
ဘာတတ်နိုင်မှာလဲဗျာ…။
သေခြင်းတရားဆိုတာကြီးက ရှောင်လွှဲလို့ရတာမျိုးမှ မဟုတ်တာ…။
ဘာပဲဖြစ်ဖြစ် ကျွန်တော်တော့ နှမြောမိပါတယ်…။
ကျွန်တော်တို့အတွက် သီချင်းကောင်းကောင်းလေးတွေ ရေးဖွဲ့ပေးခဲ့တဲ့ ကိုဖိုးခွားအတွက်
ဒီပို့စ်လေးနဲ့ ဂုဏ်ပြုရင်း နှုတ်ဆက်လိုက်ပါတယ်ဗျာ…။
သွားနှင့်ဦးတော့ ကိုဖိုးခွားရေ…။
ကိုဖိုးခွား ကောင်းရာသုဂတိ လားပါစေ…။
လေးစားစွာဖြင့်
ဘလက်
18 comments
Khin Kha
May 26, 2012 at 3:35 pm
ကျွန်တော်တို့ ကျောင်းတက်နေစဉ်တုံးက ကိုဘလက် ရေးပြတဲ့သီချင်းတွေကို ပါးစပ်ဖျားမချ
ဆိုခဲ့ကြတာပေ့ါ။ သူငယ်ချင်းတွေနဲ့ အဆောင်မှာညဖက်သီချင်းသွားဆိုရင် ဆိုလိုကောင်းတဲ့သီချင်းတွေပါ။
ကိုဖိုးခွားရေးတဲ့သီချင်းအတော်များများကောင်းခဲ့ပါတယ်။
ဪ ခုတော့လည်း သွားနှင်ပြီပေါ့။
ကိုဖိုးခွား ကောင်းရာသုဂတိသို့ လားပါစေ။
ကိုပေါက်(မန္တလေး)
May 26, 2012 at 3:56 pm
ကိုချောရေ
အသက်(47)တဲ့.
ကျနော်ထက်ငယ်သေးတာပေါ့။
နေမယ်ဆိုရင် အများကြီးနေလို့ရသေးတယ်လို့ခံစားရပါတယ်.
တော်သူကောင်းသူတွေ အခုလို ငယ်ငယ်ရွယ်ရွယ်နဲ့လောကကိုစွန့်ခွာသွားရင် အင်မတန်နှမျောပါတယ်။
ဖိုးချိုု ထူးအိမ်သင် ဆူး ဒိုးလုံး မိုးကျော်…………………………
အများကြိးပါဘဲ အပွင့်မစုံသေးခင် ကြွေသွားကြတဲ့ အနုပညာသမားတွေကို
နှမျောမိပါ၏။
htet way
May 26, 2012 at 4:39 pm
ဆရာ ဘလက်ရေ
ကျွန်တော် က ဖိုးချိုကို ကြိုက်သလို တေးရေး ဖိုးခွားကိုလည်း နှစ်သက်မိသူပါ
ကိုယ်တိုင်က ကဗျာ ရေးတာ ဝါသနာကြီးလေတော့ သီချင်း ကိုတေးရေးဆရာ
သတိထားမိခဲ့ပါတယ်။
အော် ၄ရဆိုတာ ငယ်ပါသေးတယ် ဝမ်းနည် တယ်ဗျာ။
blackchaw
May 26, 2012 at 4:48 pm
@ Khin Kha ; ခင်ခ ဆိုလို့ မိန်းကလေး မှတ်နေတာဗျ။ အဆောင်မှာ ညဘက်သီချင်းသွားဆိုတယ်ဆိုမှ ယောက်ျားလေးမှန်းသိရတာပါ။ ဟုတ်ပါတယ် ခင်ခရေ။
ဖိုးခွားသီချင်းလေးတွေက သံစဉ်ရော စာသားပါ စတိုင်တစ်မျိုးနဲ့ကို ရှိနေခဲ့တာပါ..။
ကျွန်တော်ရေးပြထားတာ လူသိများတဲ့ သီချင်းအချို့ပါ။ နောက်ထပ် အများကြီးကျန်ပါသေးတယ်။
ကျွန်တော် စိတ်မကောင်းဖြစ်သွားလို့ ထရေးလိုက်တဲ့ ပို့စ်ပါဗျာ…။
@ ကိုပေါက် ;
ဟုတ်ပါတယ် ကိုပေါက်ရေ။
သေမင်းကိုက အနုပညာသမားတွေကိုပဲ ရွေးခေါ်နေတယ်လို့ ထင်ရပါတယ်။
မိုးကျော် ဆုံးတုန်းက ခိုင်ထူး ရဲ့ ယူကြုံးမရဖြစ်ခဲ့ပုံတွေကို ပြန်သတိရတယ်ဗျာ။
@ ထက်ဝေး ;
ကွန်းမန့်လေးအတွက် ကျေးဇူးပါဗျာ။
ကျွန်တော်လည်း ဝမ်းနည်းစိတ်ဖြစ်မိလို့ ထရေးလိုက်တာပါ။
ကျေးဇူးပါဗျာ။
ကိုပေါက်(မန္တလေး)
May 26, 2012 at 4:56 pm
ဟုတ်သပေါ့ ခိုင်ထူးကြီးအော်ဆိုရင်း ငိုခဲ့တာ
မိုး…………မိုး …………….မိုး …………..ကျော် ………………
မင်းငါ့ကို……………………………….
ဆိုပြီးတော့ လေ
kotun winlatt
May 26, 2012 at 4:57 pm
အပြန်စောလေသူ သီချင်းတွေကို
ပုံဖော်ခဲ့သော ကိုဖိုးခွားတစ်ယောက်
ကောင်းရာမွန်ရာ ဘုံဘဝမှာ
ငြိမ်းငြိမ်းချမ်းချမ်း ေ၏ရှိနေနိုင်ပါစေ…
ဗိုက်ကလေး
May 26, 2012 at 5:35 pm
အူးလေးရေ
သီချင်းတွေသာနားထောင်ဖူးတာ လူနာမည် မသိဘူးဗျ
အခု သီချင်းစာသားတွေကြည့်မှ ဒီသီချင်း ရေးတဲ့လူပါလားဆိုပြီး စိတ်မကောင်းဖြစ်မိတယ်ဗျား..
မောင်သန်းထွဋ်ဦး/အတိသဉ္ဖာ နာဂရချစ်သူ
May 27, 2012 at 11:02 am
အမှတ်အရဆုံးက ချစ်သူ ့ရင်ခွင်ပါဗျ
မောင်သန်းထွဋ်ဦး/အတိသဉ္ဖာ နာဂရချစ်သူ
May 26, 2012 at 6:47 pm
ကိုဘလက်က ခုလို သီချင်းလေးတွေနဲ ့တွဲဖော်ပြပေးတော့ ပိုလွမ်းစရာပေါ့ဗျာ။
ကောင်းရာသုဂတိရောက်နိုင်ပါစေ ကိုဖိုးခွားရေ လို ့ဆုတောင်းပေးလိုက်ပါတယ်
ကို ဘလက်ကြီးရေ။
ဒီပို ့စ်အတွက် ကျေးဇူးပါ။
မှော်ဆရာ
May 26, 2012 at 7:05 pm
ချစ်သူကိုရော …
မကြင်နာသူသို့ ရော …
ကေသရီ ကော
အဆောင်ရှေ့တွေမှာ ကောင်းကောင်း (အကြိမ်ကြိမ်) ဆိုတီးခဲ့ဖူးပါတယ်..
သတိတရနဲ့ တင်ရေးပေးလို့ ကျေးဇူးတင်ပါတယ် ဦးဘလက်ရေ …
မတွေ့တာ ကြာပြီနော် ။။
pooch
May 26, 2012 at 9:16 pm
အဲ့ဒီ သီချင်းလေးတွေ ကြားဖူးတယ် ။ နားထဲလည်း စွဲနေပါတယ်။ ဒါပေမဲ့ တေးရေးဘယ်သူမှန်းတော့ မသိဘူး။ ခုမှပဲ သိတော့တယ်။
အော်.. မီးစာကုန် ဆီခန်းတော့လည်း ဒီလမ်းပဲ လိုက်ရတော့တာပေါ့နော်။ ဒါပေမဲ့ ငယ်နေသလားလို့ ။ ဆီမခန်းပဲ မီးစာများ ငြိမ်းသွားသလားလို့။
windtalker
May 26, 2012 at 9:54 pm
ဘလာသာရေ
လောကကြီးဟာ သိပ်ထူးချွန်လွန်းတဲ့ အနုပညာရှင်တွေ ကို သက်ဆိုးရှည်ခွင့်မပေးဘူး ဆိုတာ ၊ တစ်ကယ် ပေါ့နော်….
မိုက်ကယ်ဂျော်နီအောင်ပု
May 27, 2012 at 12:00 am
အဘဂလည်း ချိုပေါ့ကျဒေ ဘာဒေ လုပ်ဘာအုန်း
ကျုပ် ( သား ) က ဉဏ်မမှီလို့ဝင်မပါဗေမယ့်
နေတတ်ဝူး
နေတတ်ဝူး
ချိုပေါ့ကျမချိရင်
Mလုလင်
May 27, 2012 at 12:24 am
ဆယ်ကျော်သက် မှာ ဂစ်တာတီးရင်း ….. ဂစ်တာအတီးသင်ရင်း ….. ဆိုခဲ့တဲ့ သီချင်းလေးတွေ၊ နားရည်ဝနေတဲ့ သီချင်းလေးတွေ ရေးသူမို့ ..လွှတ် နှမြော မိပါတယ်။
မဟာရာဇာ အံစာတုံး
May 27, 2012 at 1:25 pm
ဦးဘလက်ကြီးရေ ..
ဒီသီချင်းတွေက နာမည်ကြီး သီချင်းတွေပဲဗျာ ..
ကျနော်လည်း ကြားဖူး၊ ဆိုဖူးတယ် …
ကြိုက်လည်း ကြိုက်တယ် ..
ခုတော့ ဒီသီချင်းတွေကို ဖန်တီးခဲ့တဲ့ တေးရေးဆရာကြီးက ကွယ်လွန်သွားပြီ ..
အနုပညာလောကအတွက် နှမြောစရာပါပဲ …
တေးရေးဖိုးခွား ကောင်းရာသုဂတိ ရောက်နိုင်ပါစေလို့ပဲ ..
ဒီနေရာကနေ ဆုတောင်းပေးလိုက်ပါတယ်ဗျာ …….
MaMa
May 27, 2012 at 5:54 pm
တေးရေးနဲ့ သူ့သီချင်းတွေကို တွဲပြီး မသိပေမယ့်
အခု ကိုဘလက် ရေးပြတဲ့ ဖိုးခွားရဲ့သီချင်းတွေကတော့ လူတိုင်းလိုလို (သီချင်းနဲ့ မနီးစပ်တဲ့ အလှမ်းဝေးတဲ့သူတွေတောင်) နားစွဲနေတဲ့ သီချင်းတွေပါပဲ။ 🙂
TTNU
May 27, 2012 at 9:50 pm
ကိုချောရေ..
Facebook မှာ ကော်ဖီပို့ထားတယ်။ သွားသောက်လိုက်ပါဦး။
ဖိုးခွားနာရေးဖတ်မိတုန်းကတောင် တစ်ယောက်ယောက်ရေးမလားလို့
တွေးနေမိသေးတာ။
Khin Latt
May 28, 2012 at 5:08 am
“ချစ်သူကို” နဲ့”မကြင်နာသူသို့” တို့ ကို အလွန်ကြိုက်ခဲ့ပါတယ်။
တေးဆိုသူ တွေကို သိပေမဲ့ တေးရေးသူ တွေဟာ ကန့်လကာနောက်မှာ ကွယ်ပြီး နေရတာမို့ ပရိတ်သတ်တွေ သိတာ အတော်ရှားပါတယ်။
သူရေးတဲ့ သီချင်းလေးတွေ လူတကာပါးစပ်ဖျားမှာ တင့်တယ်နေတာ ကို ကြိတ်ပြီး ပီတိ ဖြစ်နေခဲ့တယ်ထင်ရဲ့။
၄ရ ဆိုတာ ၂၅နှစ် အရွယ် တွေအတွက် အဖိုးကြီး ဖြစ်နေနိုင်ပေမဲ့ ၆ဝအရွယ်တွေ အတွက်မှာတော့ လူငယ်လေးဘဲပေါ့။
နေမယ်ဆိုအများကြီး နေပြီး သီချင်း လှလှလေးတွေ ဖန်ဆင်း နေနိုင်ပါသေးတယ်။
နံရံရဲ့ တစ်ခြား တစ်ဖက်မှာ ဘာရှိမယ် မသိနိုင်တာမို့
ကျွန်မတို့ မမြင်နိုင်တဲ့ အဲဒီတစ်ဖက် မှာ
ကိုဖိုးခွါး မဟုတ်တော့ မဲ့ ကိုဖိုးခွါး တစ်ယောက်
ဘဝ လှလှ လေးကို ရရှိနိုင်ပါစေ လို့ ဆုတောင်းလိုက်ပါတယ်။
ကဘချောရေ ကျေးဇူးပါနော်။ 🙂
ကြုံတုန်း ဟိုဘက် Post က ဟာကို ဒီဘက် Post ကို သယ်လိုက်ဦးမယ်။
ကဘချော –
ကန်တင်းမှာတုန်းက အားလုံးထဲမှာ သတိအရဆုံးကတော့ ရှင့်ရဲ့ ပြောဟန်ပါဘဲ၊
လက်မောင်းသွေးကိုဖောက်လိုက်ရင် ဆိုတာ ပေါ့။ 😉
ကျွန်မ နဲ့ တွေ့ဖို့ တစ်ကူးတစ်က လာပေးတာ ကို အမြဲသတိတရ နဲ့ ကျေးဇူးတင်နေပါတယ်။