“နှလုံးသားလက်ဆောင်” အပိုင်း(၆)
သူတို ့နှစ်ယောက်ကော်ဖီဆိုင်ထဲ ကိုရောက်တော့ ဝင်းထွန်းက အဆင်သင် ့စောင် ့နေလေသည်။ ချိန်းထားရင်တောင်လွဲနိုင်ပါသေးတယ်လေ။ ဝင်းထွန်းမသိသေးတဲ ့ကိစ္စဖြစ်နေတဲ ့အတွက် သူတို ့နှစ်ယောက်ကိုပြောတော့မည်ဆိုတာကြ ိုသိနေသည်။ ဘယ်တက်နိုင်ပါ့မလဲ ပြောတော့လဲပြောပေါ့။
“လာကွာ….မင်းတို ့ကိုစော့င်နေတာ….ငါတောင်မသောက်ရသေးဘူး……….”
“ငါတို ့ လာမယ်ဆိုတာ ဘယ်လိုသိနေတာလဲ……….. ”
“သိတာပေါ့.မင်းဇော်ရယ် ဟဲဟဲ………….ကဲဘာသောက်မှာလဲ မှာလေကွာ …………”
ဆိုပြီး စားပွဲထိုးကောင်လေးကိုခေါ်ပြီး သုံးရောက်သားမှာလေသည်။ ကော်ဖီခွက်တွေ စားပွဲထိုးလေးက ခုံပေါ်သို ့ လာချပေးသွားပြီးနောက်မှာတော့ မင်းခန် ့ရဲ ့ရောဂါက အစပြုချေပြီလေ။
“ ကဲ.ပြောတော့………ဇော်မင်း………”
“ငါကဘာပြောရမှာလဲ………..”
“ဟေ့ကောင်……အတိတ်မေ့သလို ရွှေပျောက်သလိုလာမလုပ်နဲ ့နော်……..”
“အေးပါကွာ………….ငါပြောပြပါ့မယ်…”
“နေကြပါအုံးကွာ…..မင်းတို ့နှစ်ယောက်က ဘာတွေပြောနေတာလဲ….ငါ ့ကိုလဲပြောပြပါအုံးကွာ…..”
“မင်းမသိပါဘူကွာ ဝင်းထွန်းရာ ကလေး က ကလေးလိုနေစမ်းပါကွာ…..လူကြီးတွေကြားလာမရှုပ်နဲ ့……”
“ဟာခွေးကောင် ဖုန်း..ဖုန်း..ဖုန်း………….”
ဒီတစ်ခါတော့ မင်းခန် ့ကို ဝင်းထွန်းလိုက်ထုပါတော့သည်။ မင်းခန် ့လဲ ကော်ဖီဆိုင်ကို ပတ်ပြေးလေတော့သည်။ ခဏကြာတော့မှ နှစ်ယောက်သားပြန်လာလေသည်။ ပျှော်ရွှင်စရာကောင်းတဲ ့ သူတို ့သုံးရောက်ရဲ ့ဘဝထဲကို လင်းငယ် နဲ ့ရွှေရည် ဆိုတဲ ့ကောင်မလေး နှစ်ယောက်ဝင်လာခဲ ့သည်။ဒီလိုနဲ ့………..
“ပြောကွာ…မင်းဇော် ငါစိတ်မရှည်တော့ဘူးနော်…..”
သူ ဖိနပ်ပြသာနာကို အစကနေ အဆုံးပြန်ပြီး ဒုတိယအကြိမ် ပြန်ပြောရလေသည်။ ပြောလို ့လဲပြီးရော မင်းခန် ့က သူ ့ရဲ ့ လက်မောင်းကိုထိုးပါလေတော့သည်။
“ခွေးကောင်…….အဲ ့ဒါ ငါတို ့သိပြီးသာပဲဟာ…….မင်းက လူလည်ကြတာပေါ့လေ…….“
“ငါလဲ အဲ ့ဒါပဲသိတာလေ မနေ ့က တွေ ့တော့ မင်းလဲပါတာပဲ မင်းခန် ့ရယ်……”
“သေလိုက်ပါတော့ကွာ ဒီတစ်ခါတော့ ငါခံလိုက်ရပြီ………..”
“ကောင်းပြိ ဒါဆိုအခု ငါဖုန်းခေါ်လိုက်မယ် သူတို ့ကို ဒီကိုလာခိုင်းလိုက်မယ် ဘယ်လိုလဲ…..မင်းဇော်….”
“သူတို ့ကလာပါ့မလားကွာမင်းခန် ့ရယ်………”
ပြောပြီးဖုန်းခေါ်ဖို ့ထွက်သွားလေသည်။ ကျန်ခဲ ့တဲ ့ဝင်းထွန်းက သူ ့ကိုမေးခွန်းတွေ ဆက်တိုက်မေးပါတော့သည်။ သူကလဲ ဖိနပ်ပြသာနထဲက ကောင်မလေးအကြောင်းကို ပြောပြလိုက်လေသည်။ ဝင်းထွန်းကိုပြောပြီး အဆုံးမှာတော့ မင်းခန် ့ပြန်ရောက်လာလေသည်။
“မင်းက ဘယ်ကပြန်လာတာလဲ ”
“ဟ ဖုန်းသွားဆက်တာလေကွာ….ဘာဖြစ်လို ့လဲ မင်ဇော်.”
“မင်းဖုန်းက ဘယ်ရောက်သွားလို ့လဲ…….”
“အိမ်မှာ ကျန်ခဲ ့တယ် အဲ ့ဒါကြောင် ့ လမ်းဘေးက ဖုန်မှာသွားဆက်တာ……”
“ဒါနဲ ့နေပါအုံးကွ သူတို ့ ဖုန်းနံပါတ်ကို ဘယ်တုန်းက ရတာလဲ…..”
“မနေ ့က ရုပ်ရှင်ရုံထဲက ပြန်ထွက်လာတော့ ရွှေရည် ့နားကပ်ပြီးတောင်းလိုက်တာ……ဟဲဟဲ…….”
“သေလိုက်ပါတော့ကွာ……..”
“မင်းဖုန်းဆက်တော့ ဘာပြောလဲ ”
“သူတို ့ လှည်းတန်းရောက်နေတယ်တဲ ့ လှည် ့ဝင်ခဲ ့မယ်တဲ ့……..ကဲ မောင်မင်းကြီးသား ဘာသိချင်သေးလဲပြော………..”
“ လင်းငယ်ကောပါလား………..ရွှေရည်တစ်ယောက်တည်းလား……………”
“မပြောဘူးကွာ သတ်ချင်သက်လိုက်…ဟီးဟီး..”
ပြောင်စက်စက်မျက်နှာပေးနဲ ့ ပြောနေတဲ ့ မင်းခန် ့ကို အပြစ်မဆိုချင်တော့ပါ။ ဘာ ့ကြောင် ့လဲဆိုတော့ သူ အလှည် ့ရောက်နေပြိဆိုတာ သူသိလိုက်လို ့ပဲလေ။ ခဏကြာတော့ရွှေရည်တို ့ရောက်လာကြသည်။
“အစ်ကိုဖုန်းဆက်ခေါ်တာ ဘာကိစ္စလဲဟင်.”
“ဘာကိစ္စရယ်လို ့တော့မဟုတ်ပါဘူးကွာ….ဒီကောင်ကြိး မင်းဇော်က လင်းငယ်ကိုတွေ ့ချင်လို ့တဲ ့လေ……”
“ဟာ…….”
မထင်မှတ်ထားတဲ ့ကိစ္စကြောင့်သေချင်သလိုဖြစ်သွားတာ မင်းဇော်ရယ်ပါ။ သူ ့ကိုသူသိလိုက်ပြီလေ။ ဘယ်တက်နိုင်ပါ့မလဲ ချော်လဲရောထိုင်လုပ်ရတော့သည်။ စိတ်ထမြှာတော့ မင်းခန် ့ကို ကျိန်ဆဲမိနေသည်။
“အစ်ကိုက လင်းငယ်ကိုတွေ ့ချင်တာ ဘာကိစ္စရှိလို ့လဲဟင်……….”
“ဘာရယ်လိုတော့မဟုတ်ပါဘူး……….သတိရလို ့ပါ…..”
“ဟာ…………..”
သူပြောလိုက်မှပိုဆိုးသွားပြီဆိုတာ သိလိုက်ပြီလေ။ သေလိုက်ပါတော့မင်းဇော်ရယ် မှားပြိးရင်းမှားလိုက်ပြန်ပြီလို ့ သူ ့ကိုယ်သူစိတ်ထဲက အပြစ်တင်နေမိသည်။
“အစ်ကိုမင်းဇော်က လင်းငယ်ကိုပဲသတိရတယ်ပေါ့လေ….ရွှေရည်ကိုတော့သတိမရဘူးပေါ့ဟုတ်လား…………..”
“အဲ ့ဒီလိုလဲမဟုတ်ပါဘူးကွာ……..ရွှေရည် ့ကိုလဲသတိရပါတယ် နှစ်ယောက်စလုံးကိုပေါ့……..”
“အယ်….ဟုတ်ပါဘူးနော် ”
“ရွှေရည်တို ့ဘာသောက်မလဲ မှာလေ အအေးသောက်မလား…….”
“အင်း အအေးပဲကောင်းပါတယ်လေ……..အအေးပဲသောက်မယ်လေ………….”
သူငယ်ချင်းအသစ်တွေနဲ ့ သူတို ့ငါးယောက်ရဲ ့ ရင်ထဲမှာ အပျှော်တွေစီးဆင်းနေပြီလေ။ မင်းဇော်ထွန်းကတော့ လှပတဲ ့မျက်နှာလေးကိုပဲ မလွှတ်တန်းငေးကြည် ့နေမိတော့သည်။ ရှေ ့ရှောက်ဘာတွေဆက်ဖြစ်အုံးမလဲကောင်မလေးရယ်။……………………………………………………..
“ဟဲ ့ လင်းငယ် အစ်ကိုဇော်မင်းထွန်းက နင် ့ကိုစိတ်ဝင်စားနေပြီဆိုတာသေချာနေပြီနော်………..သူဖွင် ့ပြောလာရင်နင်ဘယ်လိုဖြေမလဲ…”
“ချစ်တယ်လို ့ ဖြေလိုက်မှာပေါ့……”
“ဟဲ ့ နင် ့ဟာက မလွယ်လွန်းဘူးလားဟာ………..နင် ့ကိုနင် မိန်ကလေးဆိုတာကိုလဲ သတိထားပါအုံးဟာ ………….”
သူငယ်ချင်းက စိတ်ဆိုးဆိုးနဲ ့ပြောတာကို သူအပြစ်မယူပါဘူး။ ဘာဖြစ်လို ့လဲဆိုတော့ သူကိုယ်တိုင်က အချစ်က ဘာလဲဆိုတာတောင်မသိသေးပါဘူး…..အဲ ့ဒါကြောင် ့ သူစမ်းသက်ချင်တယ်လေ။……………………………
ဒီလိုနဲ ့ တစ်နေ ့တော့ မင်းဇော်ရင်ထဲမှာ ဘယ်လိုမှမျိုသိပ်ထားနိုင်စွမ်းမရှိတော့တာကြောင် ့ ဖွင် ့ပြောလေတော့သည်။
“လင်းငယ်…………ကိုမင်းကို ပြောစရှိတယ် ……”
“ပြောလေအစ်ကိုရယ် သူစိမ်းတွေမှမဟုတ်တာ ”
“ကို လင်းငယ်ကိုချစ်တယ်………..”
“ဟင်…..”
“စိတ်ဆိုးသွားတာလား လင်းငယ်ရယ်……..ကိုဘယ်လိုမှ မျိုသိ်ပ်မထားနိုင်လို ့ပါကွာ……ကို ့ကိုစိတ်မဆိုးပါနဲ ့ကွာ……ကို ့ကို မမုန်းလိုက်ပါနဲ ့ကွာ….နော်…..”
“အစ်ကိုရယ်…….လင်းငယ်ရဲ ့ရင်ထဲမှာ အစ်ကိုက ရှိပြီးသားပါ…….”
“ဟာ….လင်းငယ် ကို ့ကို ဘယ်လိုပြောလိုက်တာလဲဟင်……..ကို ့အချစ်ကိုလက်ခံတယ်ပေါ့နော်…….”
“အင်း………….”
“ဟား……….ပျှော်လိုက်တာကွာ….ဒီကမ္ဘာမှာအပျှော်ဆုံးလူသားက မင်းဇော်ဖြစ်ပြီကွ……”
“ဒါပဲနော် ကို ………………… လင်းငယ်က လွဲပြီး ဘယ် သူ ့ကိုမှမချစ်ရဘူးနော်…”
“စိတ်ချပါကွာ ကို လင်းကလွဲပြီး ဘယ် ့သူ ့ကိုမှစိတ်မဝင်စားပါဘူး………….ကိုသစ္စာဆိုရဲ ့ပါတယ်…………..”
နောက်တစ်နေ ့ရောက်တော့ သူငယ်ချင်းတွေကိုကြွားရန် ကော်ဖီဆိုင်သု ိ့ထွက်လာခဲ ့လေသည်။………………….။…………………..
ရှေ ့သို ့ဆကိပါအုံးမည်။
4 comments
windtalker
May 26, 2012 at 9:46 pm
သယ်ချင်းတွေကြွား
ဝယ်ရင်းငွေများ
ဆယ်ပုလင်းဘေလ်ထား
တကယ်ရှင်းနေရ
ဗိုက်ကလေး
May 27, 2012 at 4:30 pm
ဪ..ဆက်ခိုင်းပြန်ပြီ 😆
အဖြေရသွားပြီဆိုတော့…..မုဒိတာ ပွားပါတယ်ဗျား..
aung nainglin
May 27, 2012 at 4:42 pm
သူငယ်ချင်း windtalker ရေ
ဆယ်ပုလင်းမဟုတ်ဘူးဗျ ……ပုလင်းကသေးလို ့လေ…. ဆယ်ပုံးကိုရှင်းရတာ
ကျေးဇူးပါနော်….
သူငယ်ချင်းပျှော်ရွှင်ပါစေနော်……
aung nainglin
May 27, 2012 at 4:46 pm
အစ်ကို ဗိုက်ကလေးရေ
မုဒိတာ မပွားနဲ ့အုံးဗျ….ဇာတ်လမ်းလေးဆုံးရင် လျို ့ဝှက်ချက်ကိုပြောပြပါ့မယ်ဂျာ…….
ဘာ ့ကြောင် ့လဲဆိုတာကိုပေါ့……ဟဲဟဲ
ကျွန်တော်က ရသ ပေါ်လွင်အောင်မရေးတက်လို ့ပါ….
ခွင် ့လွှတ်သီးခံပေးပါနော်……
အစ်ကို ဗိုက်ကလေး ကျန်းမာပါစေနော်