ဟိုဘက်ကမ်းက မီးထိန်ထိန်၊ဒီဘက်ကမ်းက မီးမှိန်မှိန်(လျှပ်စစ်ဝန်ကြီးဦးဇော်မင်းနှင့်ဦးကိုကိုလှိုင်ဖြေရှင်းပေးပါ)။
စဉ်းစဉ်းစားစား…လုပ်ကြဖို့တော့…လူတွေ..အစဉ်အမြဲ ပြောတာပဲ…လက်တွေကျတော့ ကွေကွေကောက်ကောက်…ဒီလိုလူများ..များနေဆဲ….
သူငယ်ချင်း…ဖြောင့်ဖြောင့်သွားရဲ့လား….
တရုတ်နိုင်ငံနဲ့ဖက်ဆက်လုပ်ကိုင်နေတဲ့ သပိတ်ကျင်းမြို့နယ်၊တကောင်းတောင်မြို့နယ်ခွဲမှ တကောင်းတောင် တောကြီးမျက်မည်းတွင် ထိုကဲ့သို့ လျှပ်စစ်မီးများ ထိန်ထိန်လင်းနေကို လူအများသိပါလေစခင်ဗျာ…
တရုတ်ကဆောက်လုပ်ပေးထားတဲ့ ရွှေလီ(၁) လျှပ်စစ်ဓါတ်အားပေးစက်ရုံမှ ဓါတ်တွေကို တရုတ်ပြည်ကိုပေးရသလို ပြည်တွင်းအတွက်လည်းပြန်လည်ရယူနေရပါတယ်။
နေပြည်တော်ကြီးကို လျှပ်စစ်မီးများ ထိန်ထိန်လင်းသကဲ့သို့ ကျန်ရှိသည့်မြီု့ကြီးများကိုလည်း ဘယ်လောက်ကြာရင် ပေးနိုင်မှာလည်း၊ဓါတ်ငွေ့များရောင်းချထားသည်များကိုလည်း ပြည်သူတွေသိခွင့်ရှိပါသလား၊
မိုးလာတော့မှာပါ၊သိပ်မကြာခင်ပဲ အစဉ်ပြေသွားမှာပါလို့ပဲ ပြောကြအုံးမှာပါ။
မူရင်းလင့်…ဒီမိုဝေယံမှ ပြန်လည်မျှဝေပါသည်။
9 comments
windtalker
May 27, 2012 at 12:53 am
ကျုပ်က မန်းလေးသား
ပုံတွေကြည့်ပြီး / တစ်ခါမှမမြင်ဖူးတော့
အံ့ဩကြီးစွာဖြစ်ရသဗျား
Us VS Chi on myanmar =?
က်ိုကိုအိုဗာ
May 27, 2012 at 8:59 am
သိကြရင် ပြောပေးကြပါအုံး
တရုတ်ပြည်ကို လျှပ်စစ်ရောင်းတာ တယူနစ် ဘယ်လောက်လဲ
မြန်မာပြည်က ပြန်ဝယ်သုံးရတာ တယူနစ် ဘယ်လောက်လဲ…
သူငြား ကြားတာကတော့ ရောင်းတုန်းက ၂၅ကျပ်တဲ
အခုပြန်ဝယ်သုံးရတာ တယူနစ် ၁၅ဝကျပ်ဆိုလားပဲ
တင်ပြပေးကြပါရန်။
က်ိုကိုအိုဗာ
May 27, 2012 at 9:10 am
စူလို့ကိုလဲ
ဘာလို့များ မီးခလုတ်မပိတ်ခိုင်းသလဲး
ဖရောင်းတိုင် ဘာလို့များမထွန်းခိုင်းတလဲးရို့…..
မောင်သန်းထွဋ်ဦး/အတိသဉ္ဖာ နာဂရချစ်သူ
May 27, 2012 at 1:01 pm
မောင်သုညရေ………….
နေပြည်တော်ကြီးကို လျှပ်စစ်မီးများ ထိန်ထိန်လင်းသကဲ့သို့ ကျန်ရှိသည့်မြီု့ကြီးများကိုလည်း ဘယ်လောက်ကြာရင် ပေးနိုင်မှာလည်း၊ဓါတ်ငွေ့များရောင်းချထားသည်များကိုလည်း ပြည်သူတွေသိခွင့်ရှိပါသလား၊
လို ့ဘဲထပ်မေးပါရစေဗျား
ဗိုက်ကလေး
May 27, 2012 at 4:38 pm
ကိုကိုဇော်ရေ
ဓာတ်ပုံတွေ ကြည့်ရလို ့ ကျေးဇူးတင်ပါရဲ့ဗျား..
mgwalone
May 27, 2012 at 7:24 pm
တကောင်း၊ မောင်းကုန်း နေရာတစ်ဝိုက်မှာ တရုတ်က ဆောက်ထားတဲ့ စက်ရုံတွေ ၊ လုပ်ငန်းတွေ ရှိပါတယ်။ နီကယ် (ခရိုမီယံ) ထုတ်တဲ့ စက်ရုံလို့ ထင်ပါတယ်။ ဝမ်းနည်းစရာ ကောင်းတာက အလုပ်သမားကအစ သူတို့ဆီက ခေါ်လာတယ်။ အဲဒီနားမှာ စားသောက်ဆိုင်တွေ ဖွင့်ကြတယ်။ အားလုံးက တရုတ်စာ ဆိုင်းဘုတ်များနဲ့ပါ။ တရုတ်ပြည် ရောက်သွားသလား အောက်မေ့ရတယ်။ မြင်ရတာ ဝမ်းနည်းစရာပါပဲ။ ခံပြင်စရာလည်း ကောင်းပါတယ်။
မဟာရာဇာ အံစာတုံး
May 27, 2012 at 7:39 pm
မပူပါနဲ့ဗျာ ..
မီးစက်ဂျီးတွေ ဝယ်ထားဒယ်ဒဲ့ … 😀
တကယ်တွေးကြည့်ရင် အဲဒါက ရီစရာကြီးနော့ ..
ဘယ်နှယ့် .. ကိုယ်တိုင်းပြည်က ဟာတွေကျ
သူများတိုင်းပြည် ရောင်းစား ….
အဲဒါကို ပြန်လျော်မယ် မစဉ်းစားဘဲ …
သူများတိုင်းပြည်က မီးစက်ကြီးတွေ ဝယ်ပြီး မီးပေးမတဲ့ ….
ပုံတွေအတွက်တော့ ကျေးဇူးပါဗျို့ …
kai
May 28, 2012 at 1:40 am
၂၀၀၈ အိုဘားမား သမ္မတတက်ဖြစ်တော့.. အတိုက်အခံ ရီပါ့ဗလစ်ကန်င်တွေ.. ဝိုင်းကြပ်ပေးကြတာပေါ့..
အဲဒါ.. သမ္မတက.. အကုန်ပြန်ခံငြင်းတယ်.. နောက်ကလိုက်ဖြေရှင်းတယ်..။ လုပ်တယ်..
ဝါရင့်နိုင်ငံရေးသမားတွေက.. ဘာပြောသလည်းဆိုတော့..
အရေခွံမထူသေးဘူး(အရေခွံပါးတယ်)တဲ့..
Obama, the Thin-Skinned President
http://www.politicsdaily.com/2010/05/…/obama-the-thin-skinned-president...
May 27, 2010 – Not surprisingly, Obama’s thin skin leads to self pity. As Daniel Halper of The Weekly Standard pointed out, in a fundraising event for Sen.
အခုအစိုးရအဖွဲ့က.. ဆန္ဒပြတဲ့နေရာတွေ.. မြို့တွေ မီးစက်တွေနဲ့ လက်ပူလျှောက်တိုက်နေတာဟာ.. နိုင်ငံရေးပါး မဝသေးတာပြနေတယ်ထင်တာပဲ..
တကယ်တော့ ..အဲဒီမီးစက်ဝယ်တဲ့ ငွေတွေက.. တတိုင်းပြည်လုံးပိုင်ငွေတွေလေ..
ကွက်ကြားမိုးမရွာသင့်ဘူးပေါ့နော..။
ဆိုတော့… 🙂
ထုံးဘဲဥ
May 28, 2012 at 11:46 am
ဟောဒီမှာ တဂျီးမင်းဂမြှောက်ပေးနေပါတယ်ဗျို့….. 😆