ပင်းတယမှ ရွှေဥမင်သဘာဝလှိုဏ်ဂူတော်သို့……………………….
“ပင်းတယက ရွှေဥမင်သဘာဝလိူဏ်ဂူတော်သိုံ့”
အောင်ပန်းမြို့နဲ့ 24မိုင်လောက်သာဝေးတဲ့ ့ပင်းတယကို ပထမအကြိမ်တုံးကလဲမရောက်ခဲ့ပါဘူး။
ကိုယ်တည်းတဲ့တည်းခိုခန်းရှေ့မှာ ပင်းတယသွားတဲ့ကားတွေရပ်ပေမယ့် မိုးတွင်းဆိုတော့ မသွားဖြစ်ခဲ့ပါဘူး။
မိုးတွင်းမှာရေကျော်တဲ့နေရာလေးတစ်ခုရှိတယ်ပြောကြလို့ပါ။
ကျနော်က အလုပ်တစ်ဖက်နဲ့လာသူဆိုပြန်တော့ အချိန်လုပြီးသွားရတော့ လမ်းခရီးမှာကြ့န့်ကြာလို့
မဖြစ်ပါဘူး။
ဒီတစ်ခေါက် အဖော်လဲပါတော့ ပေါင်းသုံးယောက်။
ဗင်ကာ်းလေးငှားတော့ အသွားအပြန်သုံးသောင်းနဲ့တည့်သွားပါတယ်။
ဒါနဲ့ဘဲ မနက် 7နာရီလောက်မုန့်စားပြီထွက်ခဲ့ပါတယ်။
အောင်ပန်းမြို့မြောက်ဘက်လမ်းကနေထွက်လို့မြို့ကိုလဲလွန်ရော ထင်းရူးပင်ပေါက်တွေစတွေ့ရပါတယ်။
နောက်တော့ တဖြည်းဖြည်းလွင်ပြင်ဆန်လာပါတယ်။
ထွန်ယက်စလယ်ကွင်းတွေများပါတယ်။
အခုမှနွေအစကိုးဗျာ။
မိုးသာဆိုရင်စိုက်ပျုိုးထားတဲ့အပင်တွေစိမ်းစိုစိုနဲ့ပိုလို့လှမယ်ထင်မိပါတယ်။
လမ်းတစ်နေရာမှာတော့ လုပ်ငန်းခွင်ဆင်းနေကြတဲ့လယ်သမားတွေလယ်သူမတွေကိုတွေ့ရပါတယ်။
ကားအမြန်နုုန်းမြင့်တော့ ဓါတ်ပုံရိုက်ဘို့မလွယ်ကူပါဘူး။
လမ်းမှာညောင်ပင်ကြီးတွေလဲ တွေ့ခဲ့။
သာယာလှတဲ့ရေကန်ကြီးတစ်ကန်လဲတွေ့ရဲ့။
ဒါပေမယ့်ဓါတ်ပုံရိုက်ခွင့်မကြုံ။
ဒီလိုဘဲ လမ်းမှာတွေ့သမကိုရသလောက်ျလက်ဆော့ရင်း တောင်ကြိးကြီးနဲ့ဘုရားမြင်ရင်ရောက်ပြီလားမေးရတာအမော။
သွားနေရင်းက ကျနော်တို့ကလေးက မြေလမ်းနီနီ ကုန်းဆင်းကြီးဘက်ကို ဦးတည်လိုက်ပါတယ်။
တောင်အဆင်းလမ်းကြီး ကနေလှမ်းကြည့်လိုက်တော့
ကျနော့်မြင်ကွင်းရှေ့မှာ စေတီတွေစောင်းတန်းတွေစီတန်းနေတဲ့အလျားလိုက်မြင်လိုက်ရတဲ့
တောင်တန်းကြီး။
အဲဒါကတော့ကျနော်ရောက်ချင်လွန်းတဲ့ပင်းတယလိူဏ်ဂူတော်ရှိတဲ့တောင်တန်းကြီးပါဘဲ။
ဒီတစ်သက်ရောက်ခွင့်မကြုံတော့ဘူးလို့ထင်ထားမိတဲ့နေရာကိုရောက်တော့မှာမို့
ရင်တွေခုန်ပါ၏။
ကိုပေါက်လက်ဆောင်မြန်မာပြည်မှ အလှတရားများ
(30-5-2012)
17 comments
Davit
May 30, 2012 at 10:17 am
ပုံလေးတွေက မိုက်တယ်ဗျာ။ အဲ့လိုများများလေးတင်ပေးတော့ ကြည့်ရတာအားရတာပေါ့ဗျာ…… 🙂
ထုံးဘဲဥ
May 30, 2012 at 10:23 am
အားပေးသွားပါတယ် အန်တီပေါက်ရေ့ 😀
ahnyartamar
May 30, 2012 at 10:31 am
မရောက်ဘူးတဲ့နေရာက ပုံတွေဆိုတော့ ကြည့်ပြီးသွားချင်လာပြီ ဦးပေါက်ရေ။ ကျေးဇူးပါ။
ဆူး
May 30, 2012 at 11:11 am
ခရီးသွားချင်လိုက်တာ.. ပုံတွေ ကြည့်ပြီး သဘောကျမိတယ်။
windtalker
May 30, 2012 at 1:12 pm
အူးအူးပေါက် ရေ ၊ ခေါ်မယ်ဆိုပြီး ပစ်ပစ်သွားတယ် ။ ကိုကြောင့်လောက် အရေးမပေးတဲ့ သဘောပေါ့လား
phyo ngal
May 30, 2012 at 1:12 pm
အောင်ပန်းမြို့ရဲ့ထင်းရှုးပင်လေးတွေတောင်လွမ်းသွားတာပဲ……:)
မဟာရာဇာ အံစာတုံး
May 30, 2012 at 1:32 pm
ဖေဂျီးရေ ..
ပုံတွေထဲမှာ ကောင်းကင်က ပြာလွင်နေတာပါပဲလားဗျ …
ပုံအများစုကိုတော့ ကားပေါ်ကနေ ရိုက်ခဲ့တာလားဂျ ..
အားပေးတွားပါဒယ် …
Ma Ei
May 30, 2012 at 1:46 pm
ပင်းတယ ရွှေဥမင်ဘုရားက မရောက်ဖူးသေးခင်…
ဒီတစ်သက်ရောက်ခွင့်မကြုံတော့ဘူးလို့ထင်ထားတဲ့ သူတွေ ဖူးမိရင်
နောက်ဆို ခဏခဏ ဖူးခွင့်ရရောတဲ့…
မောင်သန်းထွဋ်ဦး/အတိသဉ္ဖာ နာဂရချစ်သူ
May 30, 2012 at 1:52 pm
ကိုပေါက်တို ့ကတော့ နေရာစုံပါဘဲလားဗျာ။
ဒေသန္တရ ဗဟုသုတကတော့ဖြင့်စုံပကွယ်။
ရဲစည်
May 30, 2012 at 5:04 pm
လေးပေါက်ရေ လက်မထောင်၍ အားပေးသွားပါကြောင်း………….
TTNU
May 30, 2012 at 9:09 pm
ကိုပေါက်ရေ..
ပုံ(၈) (၁၅) ကြိုက်။
ပုံ(၁၈) ခြင်္သေနှစ်ကောင်ကိုတော့…
အရီး Khin Latt
May 30, 2012 at 9:39 pm
ကိုပေါက်ရေ
ပုံလေးတွေကို ကြည့်ပြီး ဘာကို လွမ်းရမယ် မသိဖြစ်သွားတယ်။
အရမ်းလှတယ်။
ကျွဲနဲ့ လယ်ထွန်နေတဲ့ပုံလေး ရယ် နွားလှည်းလေး နဲ့ အလုပ်ခွင် သွား နေတာလေး ကကြည့်ပြီး လယ်ထွန်စက် တွေ၊ ဖိုးဝှီးဒရိုက် ကြီး တွေ နဲ့ အစားထိုး ပေးလိုက်ချင်တယ်။ 🙁
ကိုပေါက်(မန္တလေး)
May 30, 2012 at 9:58 pm
ဟုတ်ပါတယ်ဗျာ ဒီပုံတွေအတော်များများကို ကားပေါ်ကနေလှမ်းရိုက်ရတာပါ။
ကျနော်ရိုက်ချင်တိုင်းသာကားရပ်လို့ကတော့ ဘုရားကို မရောက်မှာသေချာပါတယ်။
ကိုပေါက်(မန္တလေး)
May 30, 2012 at 10:00 pm
ဟုတ်တယ် ကိုလတ်ရေ
ဒီနေ့ ကျနော်ရမည်းသင်းကို နေ့ချင်းပြန်သွားတယ်။
လမ်းတလမ်းလုံးမှာ လယ်သမားတွေ က နွားနဲ့အတူလယ်ထွန်။
လယ်သူမတွေက ပေါင်းရှင်း ။
လမ်းပြင်တဲ့လုပ်သားတွေကလဲ နေပူထဲမှာ အလုပ်လုပ်။
ဒါတွေကို သာ စက်နဲ့အစားထိုးနိုင်မယ်ဆိုရင် မစိုက်မပျိုးရသေးဘဲကျန်နေတဲ့ မြေကွက်လပ်တွေကိုပါ
အလွတ်မပေးဘဲ စိုက်နိုင်မှာသေချာပါတယ်။
များများစိုက် များများထွက် များများ ဝင်ငွေရမှာပေါ့လို့ စိတ်ကူးယဉ်မိတယ်ဗျာ။
surmi
May 31, 2012 at 1:14 am
ကျွန်တော်က တောင်တန်းကြီးတွေတွေ.ရင် သိပ်သဘောကျတာဗျ ။
အောက်ဆုံးနှစ်ပုံက ကျွန်တော်.အကြိုက်ဘဲ ……
ကိုပေါက်(မန္တလေး)
May 31, 2012 at 9:08 am
တကယ်ပြောရရင် အဲဒီနှစ်ပုံက အသွားလမ်းမှာ မရိုက်ခဲ့ရပါဘူး။
ကုန်းအဆင်းမို့ကားရပ်မပေးလို့။
အပြန်လမ်းမှာမှ လမ်းမ ပေါ်ကားရပ်။
အဲဒီနေရာရောက်အောင် လမ်းလျောက်ပြီးသွားရိုက်ထားတာပါ။
ဒါပေမယ့်ဇာတ်လမ်းလေးတပုဒ်လိုဖြစ်အောင် ရှေ့နောက်ပြန်စဉ်ပြီးတင်ပေးတာပါ။
Thit Sar Lin
May 31, 2012 at 10:08 am
လေးပေါက်ရေ…နောက်တခါသွားရင်လက်တို့လိုက်ပါအုန်း…
ပုံလေးတွေ ကြည့်ပြီး ခရီးတောင်သွားချင်လာပြီ…………….
ပုံလေးတွေ ကြည့်ပြီးတော့ သာသွားချင်နေတာ ..တကယ်တမ်းသွားရင်တော့ တော်တော်ပင်ပန်းမှာပဲနော်…
လေးပေါက်ကိုတော့ ကျေးကျေးပါဗျို့…………..
လေးပေါက်လဲ ပုံတပုံရဖို့ လွယ်မယ်မထင်ဘူး…….ကားပေါ်ကရိုက်လိုက်နဲ့ လမ်းလျှောက်ပြီးတော့ ရိုက်ရတာကတစ်မျိုး ……ဟီးဟီး
လေးပေါက်ရေ ပင်လယ်ပုံတွေက်ိုရိုက်ပါအုံးဗျာ..ပင်လယ်ပုံတွေ ကြည့်ချင်လို့ပါ…
((မဒမ်နဲ့ ခရီးထွက်လိုက်ပေါ့ ကမ်းခြေတို့ဘာတို့ ညာတို့ပေါ့ ..ခိခိခိ))
အားပေးသွားပါတယ်လေးပေါက်ကြီးရေ….