ကျွန်တော့်အဖေ(၁)
အဖေဆိုတာထက် ဖေဖေ ကို ခေါ်ရတာပိုပြီးကောင်းပါတယ်။ ဖေဖေ လို့ပဲ တစ်သက်လုံးခေါ်ခဲ့ပါတယ်။ ခုတော့ ခေါ်စရာ မရှိတော့ပါ။ လုံးဝ (လုံးဝ) ကို ဆုံးရှုံးသွားပါပြီ။
လယ်သမားမျိုးရိုး၊ သူကြီးမျိုးရိုးပါ။ ဒါပေမယ့် ဓါတ်ပုံနဲ့ အသက်မွေးခဲ့ပါတယ်။
တော်လှန်ရေးမှာ ပါဝင်ဆင်နွွှဲခဲ့လို့ လွတ်လပ်ရေး မော်ကွန်းဝင် (ဒုတိယဆင့်) ရခဲ့ပါတယ်။ ရှုမဝမဂ္ဂဇင်းမှာရေးခဲ့တဲ့ ဆောင်းပါး (ငှက်ပျောခြောက်) တစ်ပုဒ်ကို မြန်မာ့အသံမှ ဖတ်ကြား အသံလွှင့်သွားခဲ့ဖူးပါတယ်။
မှတ်မှတ်ရရပြောရရင် 1958 ခုနှစ်ရွေးကောက်ပွဲ မတိုင်မီက အသဲကြားက မဲတစ်ပြားဆိုတဲ့ ဆောင်းပါးတစ်ပုဒ် သတင်းစာမှာရေးဖူးတယ်။ ကျွန်တော်တို့ ငယ်ငယ်တုန်းကပေါ့ဗျာ။
အဟိ ဆိုတဲ့ ဟာသစာစောင်မှာလည်း ဟာသဝတ္ထုတွေ ရေးပါတယ်။ သော်တာဆွေတို့ သန်းဆွေတို့ နဲ့လည်း ရန်ကုန်ရောက်ရင် ပုလင်းတူ ဗူးဆို့ ပါပဲ။
ခေတ်သစ်စာ သတင်းစာမှာလည်း မြေဇာပင်ဆိုတဲ့ အခန်းဆက်ဝတ္ထုရှည်တစ်ပုဒ်ရေးဖူးတယ်။
အလုပ်တော့တော်တော် စုံစုံ လုပ်ဖူးတယ်။ အဲဒီအကြောင်းတွေကို နောက်မ ကြုံရင် ကြုံ သလို မှတ်မှတ်ရရ ရေးပြပါဦးမယ်။
လက္ခဏာဗေဒင်လည်း ကြည့်တယ်ဗျာ၊ အနီးပတ်ဝန်းကျင်ကလူ ကုန်သလောက်ပဲ။ သေတဲ့ အထိမှန်တဲ့သူတွေလည်း မှန်သွားတယ်။ (သူ့ဆီကပညာအမွေ နည်းနည်းရလိုက်တယ်။ မေးချင်ရင် လက်ဖဝါးပုံစံသာတင်ပေးလိုက်ပါ။ သိတာကိုဟောပြမယ်။ မသိတာတော့လုံးဝမဟောပါ။ မေးချင်ရာမမေးနိုင်ပါ။)
မြန်မာပြည်ဓါတ်ပုံသမဂ္ဂမှာလည်း အသင်းဝင်ဖြစ်ပါတယ်။
မြဝတီဓါတ်ပုံပြိုင်ပွဲ၊ ပေးဖူးလွှာဓါတ်ပုံပြိုင်ပွဲ၊ ဓါတ်ပုံပညာသည်ကြီးများလက်စွမ်းပြ ကဏ္ဍတွေမှာ သူ့ပုံတွေ ရွေးချယ်ခြင်းခံခဲ့ရတယ်။
မြဝတီကချီးမြှင့်တဲ့ ဂုဏ်ထူဆောင်ဆုလက်မှတ်နဲ့ ငွေဖလား ခုထိအိမ်မှာရှိပါသေးတယ်။ ခန့်ခန့်ကြီး ( ဒေါ်ပတ္တမြားခင်) တို့နဲ့ တစ်နှစ်တည်းပါ။ သူတို့ကတော့ ဖလားကြီးကြီးပေါ့ဗျာ။ ဆုယူနေတဲ့ပုံလည်း မြဝတီမဂ္ဂဇင်းမှာ ပါပါတယ်။
ဓါတ်ပုံဆု ရခဲ့ပေမယ့်လည်း မျိုးရိုးမရှိခဲ့ပါ။ ရက်ရှည်လများ သင်ခဲ့ရပါတယ်တဲ့ (ရ ရက်ခန့်)၊
ကျွန်တော့် အဖေ အကြောင်း ကောက်ကြောင်းလေးရေးပြတာ နည်းနည်းရှည်သွားပြီထင်တယ်။ စိတ်ဝင်စားကြမယ်ဆိုရင် ဆက်ရေးပြချင်ပါတယ်။
ရွာသားအားလုံးကိုခင်ပါတယ်။ လူအမျိုးမျိုး စိတ်အထွေထွေ စရိုက်အသီးသီးတော့ ရှိကြတာပေါ့။ ကျွန်တော့်ကိုလည်း ခင်မင်ကြပါ။ ကျွန်တော် ဒီရွာမှာ အခြေချဖို့ ဆုံးဖြတ်လိုက်ပါပြီ။
ရွှင်လန်းချမ်းမြေ့ကြပါစေ…………..
Uncle Myo
39 comments
nozomi
May 29, 2012 at 5:34 pm
လူတစ်ယောက်ရဲ့ ပုဂ္ဂလိက အကြောင်းဆိုပေမဲ့ ရေးတတ်တော့လဲ စိတ်ဝင်စားဘို့ကောင်းပါတယ်
ကျွဲကူး ရေပါဆိုသလို အဖေ နဲ့ ဆက်စပ်နေတဲ့ ခေတ်စနစ်အကြောင်းတွေ နဲ့ တခြား ဗဟုသုတတွေလဲ သိနိုင်တာပေါ့
ဦးမျိုး အဖေက ” တော်လှန်ရေးမှာ ပါဝင်ဆင်နွွှဲခဲ့လို့ လွတ်လပ်ရေး မော်ကွန်းဝင် (ဒုတိယဆင့်) ရခဲ့ပါတယ်” ဆိုလို့ မနေ့က ဖတ်မိတာလေး တစ်ခု ပြောပြချင်တယ်
အရင်က သတင်းစာထဲ ပါတယ် မော်ကွန်းဝင် ပထမအဆင့်တို့ ဒုတိယအဆင့်တို့ ဖတ်ရတယ် ဘယ်သတ်မှတ်ချက်ကြောင့် ရတယ် ဆိုတာ မသိဘူး မနေ့က ဆရာတင်နိုင်တိုး ရဲ့ ဆောင်းပါးလေးမှာ ရေးထားတာ ဖတ်မိမှ သိလိုက်ရတယ်
မြန်မာ့လွတ်လပ်ရေး အရေးတော်ပုံမှာ ပါတဲ့သူတွေကို မော်ကွန်းဝင်တံဆိပ်တွေ ချီးမြှင့်တယ်
ခေတ်သုံးခေတ် ခွဲလိုက်တယ်
ပထမခေတ် – ၈-၁-၁၉၄၂ ကနေ ၂၆-၇-၁၉၄၂ အထိ
ဒုတိယခေတ် – ၂၇-၇-၁၉၄၂ ကနေ ၂၆-၃-၁၉၄၅ အထိ
တတိယခေတ် – ၂၇-၃-၁၉၄၅ ကနေ ၁၅-၈-၁၉၄၅ အထိ
သုံးခေတ်လုံး ပါတဲ့သူကို မော်ကွန်းဝင် ပထမအဆင့်
နှစ်ခေတ်ပါတဲ့ သူကို မော်ကွန်းဝင် ဒုတိယအဆင့်
တစ်ခါပဲပါတဲ့သူကို မော်ကွန်းဝင် တတိယအဆင့်
( ဆောင်းပါးထဲမှာတော့ မှားရိုက်ထားတာလားမသိဘူး သုံးခေတ်ပါသူကို မော်ကွန်းဝင် တတိယအဆင့်လို့ ရေးထားတယ်)
ကျွန်တော်လဲ အခုမှ သိရတယ် ၊ ဒီပို့စ် ကို ဖတ်မိပြီး မသိသေးတဲ့ သူတွေအတွက်ပါ ပြန်မျှဝေပေးလိုက်တာပါ
နောက် ပို့စ်တွေလဲ မျှော်နေပါ့မယ်
မောင်သန်းထွဋ်ဦး/အတိသဉ္ဖာ နာဂရချစ်သူ
May 29, 2012 at 10:41 pm
ကိုnozomiရေ “”မြန်မာ့လွတ်လပ်ရေး အရေးတော်ပုံမှာ ပါတဲ့သူတွေကို
မော်ကွန်းဝင်တံဆိပ်တွေ ချီးမြှင့်တယ်ခေတ်သုံးခေတ် ခွဲလိုက်တယ်
ပထမခေတ် – ၈-၁-၁၉၄၂ ကနေ ၂၆-၇-၁၉၄၂ အထိ
ဒုတိယခေတ် – ၂၇-၇-၁၉၄၂ ကနေ ၂၆-၃-၁၉၄၅ အထိ
တတိယခေတ် – ၂၇-၃-၁၉၄၅ ကနေ ၁၅-၈-၁၉၄၅ အထိ
သုံးခေတ်လုံး ပါတဲ့သူကို မော်ကွန်းဝင် ပထမအဆင့်
နှစ်ခေတ်ပါတဲ့ သူကို မော်ကွန်းဝင် ဒုတိယအဆင့်
တစ်ခါပဲပါတဲ့သူကို မော်ကွန်းဝင် တတိယအဆင့်
( ဆောင်းပါးထဲမှာတော့ မှားရိုက်ထားတာလားမသိဘူး သုံးခေတ်ပါသူကို
မော်ကွန်းဝင် တတိယအဆင့်လို့ ရေးထားတယ်)””ဒါလေးက လဲပြန်မှတ်ထား
စရာမို ့ကျေးဇူးပါဗျာ။ဦးမျိုးရေ ကျွန်တော့်အဖေ(၂)(၃)(၄)—-မျှော်နေမယ်
ဗိုက်ကလေး
May 29, 2012 at 6:00 pm
ဦးမျိုးလဲ အဖေတူသား ဒါမှမဟုတ် အဖေ့ထက် ထက်တဲ့သား နေမပေါ့နော..
လေးစား အားကျပါတယ်ဗျား..
ဆက်ရေးပါဦး….
nozomi
May 29, 2012 at 6:17 pm
ဟိုရက်က သတိထားမိတာ
ဗိုက်ကလေးက ကြယ်နှစ်ပွင့်နဲ့ပါ
အခုကျ ဘယ်လိုဖြစ်လို့ ကြယ်တစ်ပွင့်ဖြစ်နေရတာလဲ
သူကြီးတူမကို လက်လိုက်စွဲတာနဲ့
ိတပွင့်ဖြုတ်ခံလိုက်ရတယ်ထင်တယ်
ဒီကိစ္စ မဖြစ်သင့်ဘူး ရွာက ကာလသားတွေစုပြီး ဆန်ဒပြကြပါ
ဗိုက်ကလေး
May 29, 2012 at 6:21 pm
ဝုတ်တယ် အူးချို
တားတားကြယ်တစ်ပွင့် ပျောက်သွားဘီ..
12 နာရီကနေ လေးနာရီခွဲ မီးပျက်တဲ့အချိန်လေးမှာ အဘတ်ခံလိုက်ရဒယ်..
အူးပေပဲနေမှာ..အူးပေ အဲဒီအချိန်မှ ဝင်လာဒါ 😀
ဟီးဟီး..နောက်ဒါ..
အောက်က ကိုရင်တော့ ကားသူဋ္ဌေး အန်ကယ်မျိုးကိုချုပ်ပြီး ကားပါမစ်ရအောင် မန်းနေတယ်ထင်ပါ့
အန်ကယ်မျိုးရေ..တားကိုလဲ တစ်ဇီးလောက်ချီးဘာ
windtalker
May 29, 2012 at 6:49 pm
ဗိုက်ကရေး
ငါပြောလိုက်ရ ရွာထဆူကုန်တော့မှာဘဲ…
ရွာထဲ စတားကိုလာ ကြေငြာဝင်ထားလို ့ပူတူးတူး နေရတဲ့အထဲ ။
နင့်ဟာနင်
““ အရက်ဖိုး ”” မရှိလို ့၊ ဘယ် ရွာသူား တစ်ယောက်ယောက် ဆီမှာ ကြယ်တစ်ပွင့်ပေါင်ခဲ့မှန်း မသိ ။
Davit
May 30, 2012 at 5:24 pm
နက်ဖြန်လကုန်ပြီ ….. လာမရွေးရင်တော့အဆုံးပဲနော်……… 😛
ကိုရင်စည်သူ
May 29, 2012 at 6:08 pm
အန်ကယ်မျိုးရေ.. ရွာမှ အခြေချမယ်ဆိုရင် အားပေးဖို့
အသင့်ပါဗျာ.. အိမ်ပါဆောက်ပြီး နှစ်နဲ့ချီနေမယ်ဆိုလည်း
ကျနော်တို့က သစ်ဝါး ကူညီဖို့ အသင့်ပါ။
ဒီရွာက ဒီမိုသဂျီးကတော့ လယ်ယာတွေကို
ဇေကပ်ဖားကို သီးစားနဲ့ ချထားလိုက်ပြီ ကြားပါတယ်..
အူးဗိုက်နဲ့ ကျနော်နဲ့ ဘီအီးပုလင်းမှာ ဖယောင်းတိုင်ထွန်းပြီး
ဆန်ဒပြဖို့ ကြံစည်နေပါပြီ။ 😛 😛
Uncle Myo
May 29, 2012 at 9:53 pm
ကိုရင်စည်သူရေ
အိမ်သစ်တက်ပွဲကိုလဲဆက်ဆက်လာခဲ့နော်
Uncle Myo
May 29, 2012 at 6:30 pm
ကျွန်တော်သိသလောက် ပြောရမယ်ဆိုရင် ဘယ်ခေတ်ပဲဖြစ်ဖြစ် တော်လှန်ရေးဆောင်ရွက်ချက်ခေတ်တစ်ခေတ်မှာပါဝင်ခဲ့မယ်ဆိုရင် တတိယဆင့်
နှစ်ခေတ်ပါဝင်ခဲ့ရင် ဒုတိယဆင့်
သုံးခေတ်စလုံးပါဝင်ခဲ့ရင် ပထမဆင့်
ကြုံတုန်း ပြောရဦးမယ် ကျွန်တော့် အမေကလည်း မော်ကွန်းဝင် တတိယဆင့် ပါပဲဗျာ
နှစ်ယောက်စလုံး အရပ်ဘက်ကပဲပေါ့၊ တော်လှန်ရေးကာလက အချစ်ဇာတ်လမ်းလေးလည်းရှိခဲ့တယ်ပေါ့ဗျာ
ပြန်ပြောလို့သိရတာပါ
ကျေးဇူးတင်ပါတယ်။
windtalker
May 29, 2012 at 6:52 pm
အန်ကယ်မျိုး ရေ
အန်ကယ်မျိုးအဖေအကြောင်း ကို စာတစ်ပုဒ်အဖြစ် ဖတ်အပြီးမှာ ၊ ခင်မင်စွာဖြင့် အကြံပြုချင်တာကတော့
“ ကျွန်တော့်အဖေ(၁) ” ဆိုတဲ့ ခေါင်းစဉ်ကြီးက တစ်မျိုးကြီးဘဲဗျာ ။ ဖြစ်နိုင်မယ် ဆိုရင် “ ကျွန်တော့်အဖေ ဇါတ်ကြောင်း (၁) ” ဆိုသလိုမျိုး အကြံပြုခဲ့ပါတယ် ။
အန်ကယ်မျိုး ဘဲ စဉ်းစားကြည့်ပါ
ကျွန်တော့်အဖေ(၁)
ကျွန်တော့်အဖေ(၂)
ကျွန်တော့်အဖေ(၃)
ခင်မင်ပျော်ရွှင်တတ်သော windtalker
ကိုရင်မောင်
May 29, 2012 at 7:08 pm
ဒါကြောင့်ပြောနေကြတာကို
ကိုပေ့အကြည့်ကို ရွာသူတွေကြောက်ကြမှန်း
ခုမှသိတော့တယ်….ဟိ….
မှော်ဆရာ
May 29, 2012 at 8:45 pm
အကျိ ကတော့.. မြင်တတ်ပါ့
Uncle Myo
May 29, 2012 at 6:53 pm
ဟုတ်ပါ့ဗျား
ကိုရင်မောင်
May 29, 2012 at 7:02 pm
ဦးမျိုးရေ..ရွာထဲမှာအခြေချတောမယ်ဆိုတော့
ဝမ်းသာတယ်ဗျို့ ပို့စ်တွေကိုစောင့်မျော်နေပါတယ်……
Uncle Myo
May 29, 2012 at 9:55 pm
ဝမ်းသာလိုက်တာကိုရင်မောင်ရယ်
Uncle Myo
May 29, 2012 at 9:38 pm
ကိုဗိုက်ကလေး
ကိုဗိုက်ရဲ့စာကိုဖတ်လိုက်ရတော့တော်တော်ဂေါင်းစားသါွးပါတယ်၊ငါရေးလိုက်တဲ့အထဲမှာကားအကြောင်းလဲ
မပါပါဘူးပေါ့၊ဆက်တွေးကြည့်တော့မှအရင်ဆိုရှယ်လစ်ခေတ်တုံးကထဲကမော်ကွန်းဝင်တွေကိုမာဇဒါလေးဘီး
ကားဝယ်ခွင့်ပေးတော့မလိုလို၊ထောက်ပံ့ကြေးပေးတော့မလိုလိုအသံတွေကြားတိုင်းသူတို့အဘိုးကြီးမော်ကွန်း
ဝင်တွေသတင်းဖလှယ်ကြ၊မျှော်လင့်ချက်ကိုယ်စီနဲ့ဝမ်းသာပီတိဖြစ်ကြတာကိုတော့ပြန်ပြီးအမှတ်ရမိပါတယ်ဗျာ၊အရပ်ဘက်ကနေတော်လှန်ရေး
ုလုပ်ခဲ့ကြသူတွေဆိုတော့အရာရှိအရာခံအားကိုးအခွင့်အရေးတောင်းစရာလဲမရှိရှာခဲ့ပါဘူး၊ကျွှန်တော်သိရသ
လောက်ကတော့နိုင်ငံ့ဂုဏ်ရည်ဘွဲ့ရကြတဲ့သူများကတော့ဆုငွေနဲ့အခြားသောအခွင့်အရေးများရကြပါတယ်။
အရပ်သားဘဝနဲ့အသက်စွန့်ပြီးနိုင်ငံနဲ့လူမျိုးသူ့ကျွှန်ဘဝကလွတ်မြောက်အောင်ကြိုးပမ်းခဲ့ကြတာဟာ ဘာလစာ၊ဘာဆုငွေ၊ဘာတံဆိပ်၊ဘာလက်မှတ်၊ဘာပင်စင်ကိုမှမျှော်မှန်းခဲ့ကြလို့မဟုတ်ဘူးဆိုတာသေချာပါတယ်။ဒါပေမဲ့
နိုင်ငံ့ဂုဏ်ရည်ဘွဲ့ရများကိုနိုင်ငံတော်ကချီးမြှင့်တယ်ဆိုတာသိရတော့မော်ကွန်းဝင်ကျျွန်တော့်ဖေဖေလဲ
သူတို့အလှည့်ရောက်တော့မယ်လို့တွေးပြီးမျှော်လင့်ခဲ့ရှာတယ်၊နောက်ဆုံး ဆုံးသာသွားရောဘာအခွင့်အ
ရေးမှခံစားမသွားရရှာပါဘူး၊ကျွန်တော့်အနေနဲ့ပြောရရင်ဆုငွေတို့၊ထောက်ပံ့ကြေးတို့မျျှော်လင့်လို့မ
ဟုတ်ပါဘူး၊အသက်အရွယ်ကြီးရင့်လာတဲ့ဖေဖေသူ့မျှော်လင့်ချက်ကလေးတခုပြည့်ဝရင်စိတ်ပျော်ရွှင်ပြီး
အသက်တစ်ရက်ပိုရှည်မယ်၊သူ့ကြေနပ်ပီတိဖြစ်နေတယ်ဆိုတာမြင်ခြင်တာပါ။
မေမေလဲအသက်(၉၁)နှစ်အရွယ်(၂၀၁၀)ခုနှစ်မှာဆုံးပါးသွားပါပြီ။နိုင်ငံနဲ့လူမျိုးသူ့ကျျွန်ဘဝကလွတ်
မြောက်အောင်စွမ်းစွမ်းတမံဆောင်ရွက်ခဲ့ကြသူများကုန်သလောက်ဖြစ်သွားပါပြီ။
ဖေဖေမသေခင်ကပြောဘူးတယ်၊ငါတို့ရတဲ့တံဆိပ်ကနိုင်ငံမှာအတုလွတ်တံဆိပ်ကွ၊ညာဘက်မှာတပ်ရ
တယ်၊အခမ်းအနားတက်လို့ဒီတံဆိပ်ကိုတပ်သွားရင်အရာရှိတွေကတောင်(ဆလု)ပေးရတဲ့အဆင့်ကွ
ိုလို့ဂုဏ်ယူဝင့်ကြွားတယ်၊ညာဘက်မှာတပ်ရတာတော့ဟုတ်ပါတယ်၊ဘယ်သူကမှတော့အရေးပေးတာမမြင်
ခဲ့ဘူးပါ။
မှော်ဆရာ
May 29, 2012 at 9:55 pm
ရှားရှားပါးပါး …. တကယ့်ကို ရှားရှားပါးပါး ကျန်သေးတဲ့မော်ကွန်းဝင်တွေကို
ယခုခေတ် အစိုးရမှ ထိုက်ထိုက်တန်တန် တစ်ခုခု ချီးမြှောက်သင့်ပါပြီ …။
ပြောသာပြောရ လက်ချိုးရေစရာတောင် ကျန်သေးရဲ့လား မသိ …။
မော်ကွန်းဝင်ဆိုတာ တကယ်ကို အကျိုး မမျှော်မှန်းပဲ အသက်စွန့် တိုက်ခဲ့ရတာပါ …။
ရိုးရိုးနေတဲ့သူတောင် ဒုက္ခပေးခံရတဲ့ ဖက်ဆစ်ဂျပန်ခေတ်မှာ တော်လှန်ရေးရဲဘော်တစ်ယောက်ရဲ့ ဘဝကို စာနာကြည့်ဖို့ ကောင်းပါတယ် …။
သေသာသေသွားရော အကျိုးမခံစားရဘူးဆိုတာ မဖြစ်သင့်ပါဘူးဗျာ….
လက်ချိုးရေစရာလောက်သာ ကျန်တော့တဲ့ တို့ဘိုး တို့ဘွား သူရဲကောင်းတွေ နေဝင်ချိန်မှာ စိတ်ချမ်းသာနှိုင်ကြပါစေ …
မွန်မွန်
July 26, 2012 at 5:27 pm
နယ်က မွန်မွန်တို့ ခေါင်းရင်းအိမ်မှာ မော်ကွန်ဝင်တတိယဆင့် ဘိုးဘိုးကြီး သက်ရှိထင်ရှား ကျန်းမာစွာရှိနေပါသည်။
htoosan
May 30, 2012 at 6:31 am
အန်ကယ်မျိုးရေ.. ကြိုဆိုပါတယ် .. ဗိုက်ကလေးက ဘီးအီးနဲ့ ရီဝေဝေ ဖြစ်သွားလို့ပါ ။ ဒီ ဆိုဒ်ထဲမှာ ဦးမျိုးဆိုပြီး ကားဈေးတွေ ရေးနေတဲ့ သူထင်သွားလို့ ကားသူဌေးလို့ ခေါ်လိုက်တာနေမှာ .. 😀
Uncle Myo
May 30, 2012 at 7:38 am
ကိုဗိုက်ကလေး
ဟုတ်လား
နောက်မှဝိုင်းကြသေးတာပေါ့နော်
ပျော်တယ်ဗျာ
ဗိုက်ကလေး
May 30, 2012 at 11:19 am
ဩော..
ဟုတ်ဒယ်ဗျို ့..
ကျနော်က ကားဘောဇိ ဦးမျိုးနဲ ့မှားတွားတာ..
စကားနောက် တရားပါ
အန်ကယ်မျိုးလဲ မကြာခင် ကားတွေများကြီးပို်င်တဲ့ ကားဘောဇိ ဖြစ်ချေတော့မည် တမုံ ့
Uncle Myo
May 31, 2012 at 6:57 am
ကိုဗိုက်နဲ့ကိုထူးဆန်းရေ-
ကျွန်တော်လဲ ကားရူးပါဗျာ
ကားအကြောင်းဗဟုသုတလေးတွေပြောပါအုံး၊စိတ်ကူးယဉ်ရတာပေါ့-
(စိတ်ကူးကစလို့အကောင်အထည်ပေါ်လာရင်——-)
သိချင်းစာသားမှားသွားရင်ခွင့်လျွှတ်နော်-ပျော်စရာကြီးဖြစ်လာမှာပါ
ဝင့်ပြုံးမြင့်
May 30, 2012 at 1:39 am
အန်ကယ်မျိုးရေ ပြုံးလည်း လူသစ်ပါနော်။ အန်ကယ်မျိုးရဲ့ ဖေဖေအကြောင်း စိတ်ဝင်စားပါတယ်။ ဒါပေမယ့် မေ့များသွားလို့လား၊ နာမည် မပါဘူးနော်။ ဒီလိုလေ ပြုံးက ဆရာသော်တာဆွေ တို့ကို ကိုးကွယ်တဲ့လူဆိုတော့ စိတ်ဝင်စားလို့ မေးကြည့်တာပါ။
htoosan
May 30, 2012 at 6:32 am
ပြုံး ကိုလည်း ကြိုဆိုပါတယ် ..
MaMa
May 30, 2012 at 6:33 am
ကျွန်တော့အဖေ ဆိုလို့ သူလိုငါလို ကိုယ့်ဘဝဇာတ်ကြောင်းပဲ ထင်နေတာ။
ရာဇဝင်တွင်သောသူလို့ မထင်မိဘူး။
အခုပိုစ့်မှာ အမြည်းလေး ဖတ်ရတာနဲ့တင် စိတ်ဝင်စားသွားပြီ။
နောက်ပိုစ့်တွေကို စောင့်မျှော်နေပါတယ်။ 🙂
Uncle Myo
May 30, 2012 at 7:33 am
မမရေ-
ဖေဖေကရာဇဝင်တွင်သောသူတော့မဟုုတ်ပါဘူး၊ဒါပေမဲ့ဖေဖေနဲ့နေခဲ့ရတဲ့အချိန်တွေမှာ
ပြောခဲ့ဘူးတာတွေ၊ထိတွေ့ခံစားခဲ့ရတာတွေကိုအမှတ်ရမိလို့ ရခဲ့တဲ့အတွေ့အကြုံတွေကိုပြောပြ
မိတာပါ၊ရီစရာတွေ၊စိတ်မောစရာတွေ၊မှတ်သားလိုက်နာစရာတွေ(တကိုယ်ရေခံစားချက်ပါ)ရှိလို့ရေးမိပါတယ်၊အရေးအသားမကောင်းလို့စိတ်ဝင်စားမှုမဖြစ်တာမျိုး၊ရှိခဲ့ရင်၊ခွင့်လွှတ်ကြပါ။
ကျွှန်တော့အတွက်တော့ငယ်ငယ်ကပြောပြဘူးတဲ့အိပ်ယာဝင်ပုံပြင်တွေလိုပါဘဲမေ့ရက်စရာမရှိပါ။
စိတ်သဘောခြင်းမတိုက်ဆိုင်လို့ငြိုငြင်စရာ၊ဒေါသထွက်စရာဖြစ်ခဲ့ရင်လဲခွင့်လွှတ်ပေးကြပါ။
Uncle Myo
May 30, 2012 at 7:14 am
မိပြုံးရေ-
ကျုပ်လဲလူသစ်ပါဗျာ၊နာမည်တွေဖွက်ထားရတာကကြော်ငြာငာဲ့သဘောသက်ရောက်မှာစိုးလို့ပါ၊
ကိုယ့်ဂုဏ်ကိုယ်ဖေါ်မသူတော်လို့ဆိုရိုးစကားရှိတယ်မဟုတ်လား
ရင်းနှီးစွါဖြင့်
Mr.Know-All
May 30, 2012 at 9:13 am
စောင့်မျှော်အားပေးနေပါတယ်ဗျို့……………
blackchaw
May 30, 2012 at 10:23 am
ဆိုတော့ နည်းတဲ့ အဆင့်ကြီး မဟုတ်ဘူးလို့ ယူဆလိုက်ပါတယ်။
စိတ်ဝင်စားမှုလည်း ဖြစ်ရပါတယ်။
အဲဒီ တစ်ချက်ထဲနဲ့ အန်ကယ်မျိုးရဲ့ အဖေအကြောင်းကို ဖတ်ဖို့ လုံလောက်နေပါပြီဗျာ။
လေးလေးစားစား ခင်ခင်မင်
ဘလက်
Foreign Resident
May 30, 2012 at 3:16 pm
အခုမှ ပထမဦးဆုံး စတင်တဲ့ အသစ် တစ်ယောက်ရဲ့ Post မှာ ၊
တစ်ရက် လောက်နှင့် Comment ၂ရ ခုရနေပြီ ဆိုတော့ ၊
စန်း ရှိတယ်လို့ ပြောရမှာပဲ ။
ကြိုဆိုပါတယ်ဗျာ Uncle Myo ရေ ။
Foreign Resident ။
etone
May 30, 2012 at 3:32 pm
အန်ကယ်မျိုးရေ….. ကြိုဆိုပါတယ်နော် ။
ဖခင်ကောင်းတစ်ယောက်ကို ပိုင်ဆိုင်ထားတဲ့ အပြင် ၊ အရည်ချင်း ရှိတဲ့ ဖခင်ကို အဖေတော်ခဲ့ရသူအဖြစ်နဲ့ပါ .. အန်ကယ်မျိုးရဲ့ ကံကောင်းခြင်းကို အသိမှတ်ပြု ၊ အားကျမိပါတယ် ။
နောက်ဆက်ရေးမယ့် အဖေအကြောင်းတွေလည်း … ဖတ်ခွင့်ရချင်ပါသေးတယ် …. ။ 🙂
Uncle Myo
May 30, 2012 at 5:21 pm
ျတစ်ရွာသားကြီးရေ-
အဲဒါကိုအကြောက်ဆုံးပါဘဲ
အတက်မြန်ရင် အကျမြန်တယ်တဲ့-ကျွန်တော်ကဝမ်းစာ(ပညာ)နဲတဲ့သူပါဗျာ
မဟောသဓ ဇာတ်တော်ထဲက ပညာရှိအမတ်တစ်ယောက်လို အခြင်အတွယ်နဲ့ထဲ့ထားတဲ့
စပါးကျည်ထဲကစပါးကို အချင်အတွယ်နဲ့ပြန်ထုပ်ပြီး ကုန်သွားတဲ့နောက်မှာဘာမှဆက်လုပ်
စရာမရှိတဲ့အဖြစ်မျိုးလို
ရွာသားတွေရဲ့မျျှှော်လင့်ချက်ကိုဆက်မဖြည့်ဆည်းနိုင်မှာကိုစိုးရိမ်နေမိပါတယ်
ခုတောင်(comment)တွေပေးကြတဲ့ရွာသားတွေကိုအလီလီထုတ်ပေးရင်းနဲ့ဝမ်းစာကုန်
တော့မယ်ထင်ပါရဲ့-
အမယ်မင်း—-ဖတ်၊မှတ်၊သိ၊ ခဲ့ပညာရှား—ရှား—ခဲ့တဲ့ ကျျွန်တော်—
ရွှေထီး
May 30, 2012 at 7:37 pm
အဟား ကိုယ်တစ်ယောက်ထဲ အသစ်လို့ထင်နေတာ ….ကိုယ့်လိုပဲ ရွာထဲကိုအသစ်ရောက်လာတဲ့သူတွေရှိနေပါလား…..အန်ကယ်မျိုးကို ကြိုဆိုသလိုပဲ..သားသားကိုကြိုဆို ကြပါနော် …..အနော်လည်း……ရွာသားအသစ်ပါခင်ည……ဓါတ်ပုံ ပြပွဲကို စိတ်ဝင်စားလို့…ရွာထဲက ဓါတ်ပုံ ဆရာတွေအားကျလို့ပါနော်……ရွာသူရွာသားများအားလုံးကို ခင်မင်လျှက်……ရွာသားလေး ရွှေထီ…
အရီး Khin Latt
May 30, 2012 at 8:27 pm
သားသား ရွှေထီး ကို လဲ ကြိုဆိုပါတယ်။
အန်ကယ် မျိုးကြီး ကို လဲ ကြိုဆိုပါတယ်။
ရွာမှာ လူစည်လေ သူကြီးကြိုက်လေမို့ သူကြီးကိုယ်စား အခမဲ့ ပွဲစားလုပ်ပါတယ်။
အန်ကယ်မျိုး မိဘ များ အတွက် တကယ်ဘဲ ဂုဏ်ယူမိပါတယ်ရှင်။
ပါတာဖခင်ကြီး ရဲ့ ပုံပြင် တွေကို ဆက်နားထောင်ဖို့ အသင့်ပါဘဲ။ 🙂
ဦးဦးပါလေရာ
May 31, 2012 at 12:29 am
(မှတ်မှတ်ရရပြောရရင် 1958 ခုနှစ်ရွေးကောက်ပွဲ မတိုင်မီက အသဲကြားက မဲတစ်ပြားဆိုတဲ့ ဆောင်းပါးတစ်ပုဒ် သတင်းစာမှာရေးဖူးတယ်။ ကျွန်တော်တို့ ငယ်ငယ်တုန်းကပေါ့ဗျာ။)
အဲတော့…အဓိပ္ပါယ်က ကျုပ်ထက် အသက်မဆိုစလောက်ကြီးတဲ့သူတယောက် ရွာထဲရောက်လာတယ်ပေါ့…။
ဝမ်းသာလိုက်တာနော်… အဖေါ်ရပြီ…
ကြိုဆိုပါတယ် ကိုမျိုးရေ-
သားသားရွှေထီး ကိုရော
စာရေးဆရာမလေးကိုရော
ဝမ်းမြောက်စွာကြိုဆိုပါတယ်။ 🙂
Uncle Myo
May 31, 2012 at 6:20 am
ကိုပါကြီး
ဒီလိုမလုပ်နဲ့လေဗျာ၊ခက်တာဘဲ၊သေမင်းသိသွားရင်ဘယ့်နှယ်လုပ်မလဲ၊
ကျုပ်ကရွယ်တူလူငယ်လေးတွေနဲ့ပေါင်းပြီးဘောင်ဘင်ခတ်တုံး(ပင်ပေါင်ကစားတာကိုပြောတာပါ)၊
လဘက်ရည်ဆိုင်ထိုင်တုံး၊ကြိုက်လို့မဟုတ်ဘူး၊လွတ်လွတ်လပ်လပ်ပြောခြင်တာပြောပြီးနေရလို့
ကြောင်ကြီး
May 31, 2012 at 10:25 am
မန်းဂေဇက် အယ်ဒီတာဦးခိုင်လည်း ရွာသဂျီးဆိုဗဲ… လွတ်လပ်ရေး မော်ကွမ်းဝံ သုညအဆင့် ရခဲ့ဒယ်ဒဲ့…။ ဂျပန်ခေတ်မှာ အင်္ဂလိပ်လေယာဉ်ပျံတွေ ဗုံးလာကြဲတဲ့ဂျားဂ စွမ်းစွမ်းတမံ ကွမ်းယာရောင်းခဲ့လို့ဒဲ့… 😆
မွန်မွန်
July 26, 2012 at 5:36 pm
Uncle Myo ရေ..အခုမှ အပိုင်း (၁) ကို စဖတ်လိုက်ပါတယ်။ အခု ရုံးဆင်းတော့မှာမို့လို့ မနက်ဖြန်မှပဲ ဆက်လက်အားပေးပါမယ်လို့ ပြောချင်ပါတယ်။