Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

အယ်ဒီတာ့သင်ပုန်း ( Mandalay Gazette Vol4/Issue5 – June 2010)

kaiJune 19, 20101min3111
Photo: Getty Image

“အင်မီဂရေးရှင်းရီဖွန်င်း”ဟူသောအသံကိုထင်ရှားစွာကြားနေကြရမည်ဖြစ်သည်။
အမေရိကန်ပြည်ထောင်စုရောက် ကျွန်ုပ်တို့သည် မြန်မာပြည်ဖွားအများစုဖြစ်သည့်အလျှောက် အဆိုပါအသံမျိူးသည် ခေါင်းထောင်၊နားစွင့်ကြည့်သင့်သည်ဖြစ်ပါ၏။

လဝက ပြုပြင်မှု
(၂၀၀၈)နိုဝင်ဘာ သမ္မတ ရွေးပြိုင်ပွဲတွင် အိုဘားမားသည် အမေရိကပြည်တွင်းရောက် တရားမဝင်ရွှေ့ပြောင်းခိုလှုံနေသူတို့ကို နိုင်ငံသား ဖြစ်တည်မှုလမ်းကြောင်းပေါ်ရောက်အောင် မြှင့်တင် ကိုင်တွယ်ပါမည့်အကြောင်းရွေးကောက်ပွဲကတိထားခဲ့သည်။ သမ္မတဖြစ်လာပြီးနောက် ဆောင်ရွက်နေဟန်ရှိသော ရွေးကောက်ပွဲကတိအကောင်အထည်ဖော်မှုများတွင်လည်း ဦးစားပေးအမှတ်စဉ်တခုအဖြစ်ထားထားဟန် တူပါသည်။ တရားမဝင်နေထိုင်သူများကို လွတ်ငြိမ်းချမ်းသာခွင့်ပေးခြင်းသည် အဆိုပါဥပဒေ၏ သက်ရောက်လာမည့် အကျိုးတရားဖြစ်သည်။
မတ်လကုန်ပိုင်းက အမျိုးသားကျမ်းမာရေးပြုပြင်မှုဆိုင်ရာဥပဒေပြုရာတွင် အာဏာခေါင်းကိုင်ပါတီအနေနှင် ့ကြီးစွာသော လုံ့လစွမ်းအားတို့အသုံးချလိုက်ရသဖြင့် ယခုနှစ်(၂၀၁၀)အတွင်း ဥပဒေပြုကိုင်တွယ်ဆောင်ရွက်နိုင်မည့်ဟန်မရှိသော အမေရိကန်လူဝင်မှုကြီးကြပ်ရေးဆိုင်ရာတို့အကြောင်း တွေးဆရေးချလိုပါသည်။

လက်တီနား။လက်တီနိုတွေ
ပြီးခဲ့သော ဆယ်စုနှစ် (၄)ခုအတွင်း အမေရိကန်ပြည်ထောင်စုသို ့အများဆုံးရွေ့ပြောင်းနေထိုင်လာကြသူတို့မှာ နယ်နမိတ်(၁၉၆၉)မိုင်ထိစပ်နေသော မက်စီကိုနိုင်ငံမှဖြစ်ကြသည်။ လက်ရှိတွင်လည်း တရားမဝင်ရွေ့ပြောင်းခိုလှုံနေသူ (၁၁)သန်းကျော်တွင် တဝက်ကျော်(၅ရရာခိုင်နှုန်း)မှာ မက်ဆီကိုနိုင်ငံနှင့်(၂၄ရာခိုင်နှုန်း)မှာလက်တင်အမေရိကနိုင်ငံများမှ ဖြစ်ကြသည်ဟု စာရင်းများကပြပါသည်။
မြန်မာများအမေရိကသို ့အခြေချစ နှစ်ဦးများတွင် အဆိုပါ လက်တီနာ၊း လက်တီနိုတို ့ကို အမေရိကန်အဖြူများနှင့်ထင်မှတ်မှားခွဲခြားမရဖြစ်ခဲ့ဖူးကြပါလိမ့်မည်.။ ထို့အတူ သူတို့တတွေသည်လည်း အာရှသားတို့ကို တရုတ်များနှင့်ခွဲခြားမရဖြစ်ခဲ့ကြသည် ပြောသံကြားဖူးပါ၏။ အမှန်တကယ်လည်း အမေရိကန်ပြည်ထောင်
စုသည် လွန်ခဲ့သော နှစ် (၂၀၀)ကျော်မှစတင်ကာ ဥရောပတခွင်၊ အာဖရိကတသွယ်၊ အမေရိကတပြင်၊ အာရှတလွားမှ ရွေ ့ပြောင်းလာသူတို့
နှင့်တည်ထောင်ထားသောတိုင်းပြည်ကြီးဖြစ်ပြီး အဆိုပါ“ပြောင်းခိုလာသူတု့ိအားဖြင့်“ကမ္ဘာ့အင်အားအကြီးဆုံး၊စူပါပါဝါနိုင်ငံဖြစ်နေနိုင်ခဲ့သည်။
ဥရောပ၊အာဖရိကမှ အခြေချလာသူတို့၏ ချွေး၊သွေး၊စွမ်းအား၊လုံ့လအသီးအပွင့်များကို ယနေ့ခေတ်တွင် သိသာထင်ရှားစွာ မြင်ကြရမည်။ မျက်မှောက်တွင်လည်း အမေရိကသည် ရွှေ့ပြောင်းခိုဝင်လာသူတို့ကို ဝဲလက်ဖြင့် စားရေရိက္ခာနေထိုင်ရာကို ပေးသည်။ ယာလက်ဖြင့် လုံခြုံစိတ်ချ၊တည်ငြိမ်နိုင်မှုကို ကမ်းနေပါသည်။
အဖြူ၊အမဲ၊အညို၊အဝါစုံလင်လှသော ရောင်စုံတိုင်းပြည်ကြီးသာတည်း။

Arizona’s immigration law
အမျိုးသားကျမ်းမာရေးပြုပြင်မှုဥပဒေထွက်ပြီးနောက်ပိုင်း၌ လူဝင်မှုနှင့်ပါတ်သက်သောဥပဒေပြုကြပါရန် သောင်း၊သိန်းချီဆန္ဒပြုနေသောလူထုကို မျက်နှာလွှဲ၊ မေ့ဖျောက်ထားရဟန်ရှိသော ဝါရှင်တန်မှဥပဒေပြုသူအမတ်များသည် ဧပြီလ ၂၃ရက်နေ့တွင် အာရီဇိုးနားပြည်နယ်အုပ်ချုပ်ရေးမှုးမှ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာဥပဒေတခုလက်မှတ်ထိုးအတည်ပြုလိုက်သောအခါ ပြသနာအရပ်ရပ်တို့ကို မျက်မှောက်ပြုလိုက်မိလိုက်ရဟန်ရှိသည်။ ဇူလိုင်(၂၈)ရက်နေ့တွင်အသက်ဝင်လာမည် အဆိုပါဥပဒေအရ အာရီဇိုးနားရဲတပ်ဖွဲ့သည် လုံလောက်သောသံသယရှိပါက မည်သူကိုမဆိုရပ်တန် ့စေကာ အိုင်ဒီနှင့် ပြည်နယ်တွင်းနေထိုင်ခွင့်ကို တောင်းယူစစ်ဆေးခွင့်ရှိလာမည်ဆိုပါသည်။
“တဦးချင်း၏ အခွင့်အရေးထိခိုက်ခံရသည်၊” “အသားအရောင်ခွဲခြားမှုသို ့ရှေ့ရှုစေသည်”ဟု ရပ်ကွက်၊မြို ့နယ်၊အဖွဲ ့အစည်းများအလိုက်ပါသပိတ်မှောက်ဆန့်ကျင်ကြောင်းပြောလာကြသည့်အခါ သမ္မတသည် အဆိုပါ နယ်စပ်ဒေသသို့ ပြည်စောင့်စစ်သည်အင်အား (၁၂၀၀) ထပ်ဖြည့်စေလွှတ်လိုက်ကာ ရံပုံငွေ သန်း (၅၀၀) ခွင့်ပြုထုတ်ပေးလိုက်ရပြီး အာရီဇိုးနားပြည်နယ်အုပ်ချုပ်ရေးမှုးနှင့်လည်းညှိနှိုင်းတိုင်ပင်ဆွေးနွေးရသည်အထိဖြစ်လာခဲ့သည်။မေလ၂ဝရက် နေ့ကလည်း အမေရိကန်ပြည်ထောင်စုသို ့
အလည်အပတ်လာရောက်နေသော မက်စီကိုသမ္မတမှ ကွန်ဂရက်သို့ဝင်ရောက်ကာ ပြတ်ပြတ်သားသားကန့်ကွက်ပြောသွားခဲ့သည်လည်း မြင်ကြကြားခဲ့ကြရသည်။

သို့ပါသော်လည်း…
ရွှေ့ပြောင်းခိုလှုံသူများ၏ရွှေပြည်နယ် ကယ်လီဖိုးနီးယားပြည်နယ်အုပ်ချုပ်ရေးမှုးအဖြစ် ယှဉ်ပြိုင်အရွေးခံကြမည့် ရီပါ့ဗလစ်ကန်ပါတီ၏ကိုယ်စားလှယ်လောင်းအမတ်များ၏ စကားစစ်ထိုးပွဲ၊ တီဗီ၊ရေဒီယိုမဲဆွယ်ကြော်ငြာမှုများတွင် အဆိုပါ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာကိစ္စများ၊
လွတ်ငြိမ်းချမ်းသာခွင့်အရေးများကို အဓိကထား ဆွေးနွေးကန့်ကွက်တိုက်ခိုက်နေကြသည်ကို တွေ့ကြရသည်။ အခြားပြည်နယ်ရွေးကောက်
မဲဆွယ်မှုများအပါအဝင်Tea Partyလှုပ်ရှားမှု၊ဆာရာပေလင်း ဟောပြောပွဲများရောက်အောင် ဆန့်ကျင်ကန့်ကွက်သည့်ဖက်မှ အားများနေဟန်ရှိရာ သမ္မတ၏ ရွေးကောက်ပွဲကတိသည် ယခုနှစ် နိုဝင်ဘာ(၂)ရက် ကျရောက်မည့် လွတ်တော်အမတ်၊ ပြည်နယ်အုပ်ချုပ်ရေးမှုးများ အထွေထွေရွေးကောက်ပွဲပြီးသည်အထိ အသက်ဝင်လာနိုင်တော့ဦးမည် မမြင်ပါ။
အထက်၊အောက်လွတ်တော်နှင့် သမ္မတအထိ အာဏာချုပ်ကိုင် ရယူထားသော ဒီမိုကရက်ပါတီသည်လည်းလက်ရှိအခြေအနေတို့ကိုအကဲခတ်စောင့်ကြည့်လိုဟန်ရှိသည်ဟု သိသာစွာ မြင်နိုင်ပါသည်။

ရီပါ့ဗလစ်ကန်င်ကစခဲ့တယ်
အမှန်တကယ်တွင် အဆိုပါ လူဝင်မှုစံနစ်ကို ကိုင်တွယ်ဖြေရှင်းရန်အစဦးဆုံးလှုပ်ရှားခဲ့သူမှာ လက်ရှိသမ္မတအိုဘားမားနှင့်(၂၀၀၈)ပြိုင်ဖက်အ
ရွေးခံသူ ရီပါ့ဗလစ်ကန်င်မှ ဂျွန်မက်ကိန်းဖြစ်သည်။ (၂၀၀၉)ခုနှစ်ဩဂုတ်လတွင် ကွယ်လွန်သွားပြီဖြစ်သော ဒီမိုကရက်အမတ် တက်ဒ်ကနေဒီနှင့်တွဲဖက်ကာ(၂၀၀၅)ခုကတည်းက ဥပဒေပြုနိုင်ရေးကြိုးပမ်းခဲ့သည် ဖြစ်ပါ၏။ ထို့အပြင် (၁၉၈၆)လူဝင်မှုဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်မှာလည်း ရီပါ့ဗလစ်ကင်န်သမ္မတကြီး ရော်နယ်ရီဂင် လက်မှတ်ထိုးဥပဒေပြုခဲ့ခြင်းသာဖြစ်သည်ကို သမိုင်းပြန်လျှင်တွေ့နိုင်ပါသည်။ လက်ရှိအခြေအနေတွင် နယ်စပ်လုံခြုံရေးအတွက် စစ်တပ်အင်အားနှင့် ဖယ်ဒရယ်မှရံပုံငွေအမြောက်အများသာ တွင်တွင်တောင်းခံနေသော ဂျွန်မက်ကိန်းသည်အာရီဇိုးနားပြည်နယ်၏အထက်လွတ်တော်အမတ်တဦးလည်းဖြစ်နေပါသည်။

ပါတီကြီးတွေဘာလဲ။ဘယ်လဲ
လာမည် ့၂၀၁ဝ နိုဝင်ဘာ ရွေးကောက်ပွဲမဲဆွယ်မှုအတွက် ဒီမိုကရက်တို ့သည် ရီပါ့ဗလစ်ကင်န်တို့ကို ပြောင်းရွေ ့ခိုလှုံလာသူများအား ဆန့်ကျင်သူများအဖြစ် ပုံဖေါ်နေဟန် နည်းလမ်းကိုအသုံးချနေပြီး ရီပ့ါဗလစ်ကင်န်တို ့ကမူ အမျိုးသားလုံခြုံရေးနှင် ့အမေရိကန်ဇာတိစိတ်ရှိသော တီးပါတီ စိတ်သဘောအခြေခံထားသည့် လမ်းကြောင်းအတိုင်းလျှောက်ပြနေသည်ဟု မြင်မိသည်။ (၂၀၀၉)မှထင်ရှားလာသောတီးပါတီဆိုသည်မှာ Boston Tea Party (၁၇၇၃)မှ အခွန်မထမ်းရေးသပိတ်ကိုအခြေခံဖွဲစည်းထားသော သက်ကြီးပိုင်းအမေရိကန် အဖြူများအဓိကပါဝင်သည့် သပိတ်အဖွဲ ့ကြီးဖြစ်ပါသည်။
အမေရိကန်ပါတီကြီး ၂ရပ်သည် စိတ်ဝင်စားဖွယ်ရာ နည်းလမ်း၊ဗျူဟာများနှင် မဲအနိုင်ရရေး ကစားနေကြသည်ဖြစ်သည့်အတွက်ယခုနှစ်ရွေးကောက်ပွဲရလဒ်တို့သည် နောင်လာမည့်နှစ်များ၏ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ဥပဒေ၊ ဗီဇာကိစ္စတို့ကို များစွာ ရိုက်ခတ်ပြောင်းလဲလာတော့မည်လည်းသေချာနေပါသည်။

သမိုင်းနှင့်အတိတ်စိမ်းကဏ္ဍ
သတင်းပေါ်မှ အချက်အလက်များအရကောက်ကာ သမိုင်းလှန်ကြည့်လျှင်….
သက္ကရာဇ်နှစ်(၁၈၄၈)မက်စီကန်-အမေရိကန်စစ်ပွဲသု့ိပြန်ဆွဲယူကြည့်ပါမှု ကယ်လီဖိုးနီးယား၊ အာရီဇိုးနား၊ ယူတား၊ နယူးမက်စီကို၊ နီဗားဒါး၊ တက်ခ်ဆပ်တို ့သည် မက်စီကိုနိုင်ငံပိုင်နက်မြေများသာဖြစ်ကြကာ ထိုစဉ်ကမိခင်ဘာသာစကားမှာလည်း အင်္ဂလိပ်စကားမဟုတ်မူပဲ စပန်းနစ်(စပိန်စကား)သာလျှင်ဖြစ်ခဲ့သည်။
အမေရိကန်ပြည်ထောင်စုသည် မက်စီကိုနှင့်နယ်စပ်တလျှောက် ခြံစည်းရိုးကာရံခြင်းကို အပြီးအစီးတိုင်ပြုခဲ့သည်ဆိုပါက တရုတ်ပြည်၏ မဟာတံတိုင်းကြီးကို နှစ် (၂၂၀၀)ကျော်ကြာမှ တုယူသည့်အဓိပ္ပါယ်ရောက်သွားနို်င်ကာ ကမ္ဘာ့သမိုင်း တွင်ကျန်ရစ်မည်ဖြစ်သည်။
ပြည်တွင်းနေ တရားမဝင်ရွှေ့ပြောင်းခိုလှုံနေသူ (၁၁)သန်းကျော်ကိုလွတ်ငြိမ်းချမ်းသာခွင့်ပြုလိုက်ပါလျှင် အဆိုပါအချက်သည်ထပ်မံဝင်
ရောက်လာလတံ့သောသူတို့အတွက် ကြီးစွာသော ဆွဲဆောင်မှုကြီးဖြစ်လာမည်မှာလည်း သေချာနေလေသည်။
မေလ (၁)ရက်နေ့က နယူးယောက် တိုင်းမ်စကွဲယား ကားဗုံးဖေါက်ရန်ကြိုးစားသူအား ထောက်ပို့သူ ပါကစ်စတန်လူမျိုးတဦးမှာ (၁၉၉၁)နှစ်က မက်စ်ီကိုနယ်စပ်မှတဆင့်ဝင်ရောက်လာခဲ့သည် ဟု တွက်ဆိုခဲ့သဖြင့် အဆိုပါတောင်ဖက်
နယ်စပ်သည် ပြည်တွင်းလုံခြုံရေးအတွက် ခြိမ်းခြောက်အန္တရယ်ပေးနေသည်ဟုလည်း အသေအချာပြောနိုင်သည်။

အကောင်းဆုံးနိုင်ငံကြီး၏ နိုင်ငံရေးပါတီများ၊ နိုင်ငံရေးသမားများ ကစားကွက်၊လှည့်ကွက်၊ဆုံးဖြတ်ချက်များကို သတင်းများဖတ်ရင်း လေ့လာဆန်းစစ်ကြည့်ကြပါရန် မြန်မာ-အမေရိကန်တို့အား တိုက်တွန်းလိုက်ရပါသည်။  ။

One comment

  • thantzinhtut

    June 20, 2010 at 1:34 pm

    သားသားလည်း လာချင်တယ်။ ဘယ်လိုကြံစည်ရပါ့!

Leave a Reply