အောက်ကလိအာ။

Kyi LwinJune 1, 20121min36214

အောက်ကလိအာ။

( ကြက်လည်း မဟုတ် ကျီး လည်း မဟုတ် ဟိုမရောက် ဒီမရောက် စိန်မျောက်မျောက်များ။)

 

မြန်မာသက္ကရာဇ် ၁၃၇၄ ခု၊ နယုန်လဆန်း ၁၂ ရက် ၊ သောင်္ကြာနေ့။

မင်္ဂလာပါ မန္တလေးဂေဇက် ရွာသူကြီးနဲ့တကွ ရွာသားအပေါင်းတို့ ကျန်းမာတော်မူကြပါစရှင်။

မပေါ်လာ အတော်ကြာမို့ စိတ်ချမ်းသာတော်မူနေကြထင်ရဲ့။

ခုတော့လည်း ပြောရေးရှိလို့ ပေါ်လာပြန်သတော့။ တကယ်တော့ ရေးပြီးတာ ကြာနေပြီ။ အကြောင်းမညီညွှတ်လို့ ရွှေပေလွှာမပို့ဖြစ်သေးတာကြောင့် ခု မှ ပဲ စက်ပေါ်တင် ပြီး ဖတ်မယ့်သူများကို နှိပ်စက် အဲလေ လက်နှိပ်စက်နဲ့ ရိုက်ပေးနိုင်ကြောင်းပါ။

တို့များကိုတော့ မြင်သမျှ တွေ့သမျှ အားလုံးသဘောမကျ လို့ အပြစ်တော်တင်ချင်လည်း တင်ကြပေရေ့ာ။

လောကကြီးမှာ အမြီး အမောက် မတည့်တာတွေများလွန်းလို့ ရေးမိပြန်သပေါ့။

မနက်တုန်းဆီက လမ်းထိပ် မုန့်ဟင်းခါးဆိုင်မှာ မုန့်ဟင်းခါးစားမိခိုက် ကြားလိုက်တဲ့ အသံ တွေ့လိုက်တဲ့မြင်ကွင်းကြောင့် ရေးချင်စိတ် မျိုသ်ိပ်နိုင်ပေါင်။

မြန်မာပီပီ မိုးလင်းတာနဲ့ နံနက်စောစော မုန့်ဟင်းခါးလေးတစ်ပုဂံ အကြော်နဲ့စား၊ မုန့်ဟင်းရည်လေး အဆစ်တောင်း၊ ရေနွေးကြမ်းလေး တစ်ကြိုက်နဲ့ မိုက်လိုက်တဲ့ မြန်မာ့ စည်းစိ်မ် လို့ အရသာတွေ့နေတုန်း။

” မနက်ဆို မြန်မာပြည်က မုန့်ဟင်းခါးလေးစားလို်က်ရမှ တင်းတိမ်တာ။ အော်ဇီ မှာလေ မိုးလင်းတာနဲ့ဒီ ပေါင်မုန့် ဒီ ကြက်ဥ ဒီနွားနီု့ ဒီ ချီစ့်  ဒါတွေချည်းစားနေရတာ ငြီးငွေ့နေပြီ။ ခု မြန်မာပြည် ပြန်ရောက်မှပဲ ဟင်းဟင်း။ ” ဟိုမှာလာ။ အော်ဇီ မှာက သားနဲ့ ချွေးမလေ။ ခုလည်း အဖေတို့ အမေတို့လာပါလို့ ခေါ်တာနဲ့ သွားလိုက်တာ ၃/၄ လလောက်ကြာသွားတယ်။ ဒီမှာ နဲ့ က ပူတာချင်းမကွာပါဘူး။ ဒါပေမယ့် ဟိုမှာက ခေတ်မီပြီးသားနို်င်ငံလေ။ အလုပ်လား ကောင်းကြပါတယ်။ သူတို့ လင်မယား နှစ်ယောက်လုံးတော့ အလုပ်လုပ်ကြရတာပေါ့။ သူတ်ို့ဆီမှာတော့ အချိန်ဟာ ငွေ ပဲလေ။ ဒါကြောင့်လည်း ကလေး ၂ ယောက်ကို ဒီမှာထားခဲ့ပြီး ငွေရှာနိုင်ကြတာပေါ့။ အင်း ပင်ပန်းတယ်လို့တော့ ပြောလို့မရပါဘူး။ ဟိုမှာတော့လည်းရောက်တဲ့သူ တိုင်းက ဒီလိုပဲ လှုပ်ရှား နေရတာပဲလေ။ ဒါကြောင့်လည်းဒီလို သုံးနို်င်တာပေါ့။။ အဟင်း။ ဘာပဲ ပြောပြော ငွေလည်းရှာ သုံးလည်းသုံးပေါ့။ သွားဖြစ်ပါတယ်။ သူတ်ို့ဆီက တကယ့် စူပါ စတိုးဆိုင်ကြီးတွေဆိုတာ ခန်းနားလိုက်တာ ၊ ပစ္စည်းတွေဆိုတာလည်း အကောင်းစားတွေချည်း ။ အိုး ဘာယူမလဲ စုံ မှ စုံ။ လည်စရာပတ်စရာလား ရောက်ခဲ့ပါတယ် ။ ပင်လယ်ကမ်းခြေ လေ။ တို့ ဆီနဲ့တော့ ကွာတာပေါ့။ သူတို့ဆီက လွတ်လပ်လပ်ပဲလေ။  အဝတ်အစား ကလည်း သူ့ အရပ်နဲ့ း့ဇာတ်ပေါ့။ အဟင်း။

ကိုယ်တွေလည်း ရောမ ရောက်တော့ ရောမလို သူလို ကိုယ်လို ဝတ်ရတာပေါ့။ အင်း ဝတ်လိုက်တော့လည်း ကိုယ်လုို သူလိုတွေပဲမို့

မထူးဆန်းပါဘူး။ တယ် လွတ်လပ်ပေါ့ပါးတာပဲ။

ပူတာတော့ ဒီမှာလိုပါပဲ ။ ဟိုမှာထဲက ဒီလို ဝတ်ဖြစ်သွားတာလေ။ ဒီကိုပြန်ရောက်တော့လည်း ပူလိုက်တာ။”

 

အင်း။ပြောလိုက်တာများ ။တရစပ်ဆိုသလိုပဲ။ တို့များကလည်း စပ်စုတတ်တဲ့ ဉာဉ် လေးပါလေတော့။ ဒီလောက်တောင် စကားကြောရှည်နေတာ ဘယ်သူများလဲလို့ မသိမသာလေး စောင်းငဲ့ ကြည့်တော့မှ… လား ..လား   ။ တို့လမ်းထဲက နာယကကြီးကတော် လေဒီပေါ် ပါလား။ လက်စသပ်တော့ သူ နို်င်ငံခြားသွားကြောင်း ကောင်းကောင်းလေး အသံလွှင့်နေတာကိုး။ ဝတ်ထားတာကလည်း ကြည့်စမ်းပါအုံးဗျာတို့။ ပေါင် ၁၇ဝ လောက် ရှိတဲ့ သူ့ ခန္ဒာကိုယ်ကြီးမှာ အပေါ်ပိုင်း စပန့်အကျင်္င်္ ီ လည်ဟိုက်နဲ့ အောက်ပိုင်းမှာ လုံချည် မပါ။ ( အဲ တလွဲတွေးတော်မမူကြပါနဲ့။) ပေါင်ပြတ် ဘောင်းဘီတိုနဲ့ဗျား။ အော် ဟော် ဒါကြောင့်ကိုး ။ ဒီ မဒီကြီး အရင်ကတည်းက လမ်းထဲမှာ စပန့် ဂါဝန်ကြီး တကားကားနဲ့ဟာ ခုတော့ အော်ဇီ ကပြန်လာတာနဲ့ ဘောင်းဘီတို မချွတ်တန်းဖြစ်တော့

သကိုး။ တယ်လည်း တိုတက် ပါလားကွယ်ရို့။

အိမ်း။ ခေတ်လူငယ်များ ထိမ်းမရတာလည်း မပြောနဲ။ ဒင်းတို့လို ၅ဝ နိးပါး ဟာကြီးတွေက ဒီလိုဖြစ်နေမှတော့။ လူငယ်တွေ ဆုံးမလို့ မလွယ်တာ လူကြီးတွေ ေxx ာက် သုံးမကျ လို့။ ဒင်းတို့လို လူကြီးတွေကို နာနာ ရိုက်ပေးရမှာ။

လိုက်လည်း လိုက်ဖက်တဲ့ ဇနီးမောင်နှံပါပဲ။ ယောကျင်္ားဖြစ်သူကလည်း ရပ်ကွက်ထဲ နံမည်ကျော်ပေတာပဲ။ ငါ က လူကြီးကွ ။ ၅ဝ နားနီးပြီ ဆိုတာမျိုးပေါ့။ အရပ်ထဲ တခုခုလုပ်ဖို တိုင်ပင်ကြပြီဆို လူငယ်တွေကို ဟိုလို လုပ်ပါလား။ ဒီလိုလုပ်ပါလား။နဲံ လေအားနဲ့ အလုပ်လုပ်။ တကယ့် အလုပ်လုပ်ရမယ့်အချိန်လည်းရောက်ရော ရှာလို့မတွေ့တော့ဘူး။ သူ့အမျိုးတစ်ယောက်ယောက် တခုခု ဖြစ်နေသာမှတ်။ အရပ်ထဲ လမ်းထဲ လူကြီးအမည်သာခံချင်တာ။ လူကြီးလုပ်ရမယ့်တာဝန်ဆို အကြောင်းအမျိုးမျိုးပြ ၊ ဝေးဝေးရှောင်။

ဒါကြောင့်လည်း နာယက ကြီး အမည်ပြောင် ရတာ။

လင်မယားနှစ်ယောက်လုံး ဝင်ငွေရမယ့်အလုပ် က မယ်မယ် ရရ ပြစရာမရှိ။ ပွဲစားယောင်ယောင်နဲ့ ၂ လုံး ၃ လုံး ဘောလုံး အလုံးပေါင်းများစွာ ကစားတယ်။ သားကမွေးတဲ့ မြေးနှစ်ယောက်ကို ထိန်းပြီး သားနဲ့ ချွေးမကပို့တဲ့ငွေ ကို ဟန်ကြီးတခွဲသားနဲ့ သုံးဖြုန်းနေကြတာ။ ဟိုနှစ်ယောက်က သူများတိုင်းပြည်မှာ သူများမလုပ်ချင်တဲ့ အလုပ်လုပ်ပြီးငွေရှာပေး ရတာ။ ဒါပေမယ့် ဒင်းတို့

၅ဝ နားနီးကြီးနှစ်ယောက်ကတော့ ခုထိ ငါ့ စကားနွားရပြောနေတုန်း။ ယောကျင်္ားက ထွက်လာရင် ဟာဝေယံရှပ်နဲ့ သရီးကွာတား။ မိန်းမက ထွက်လာရင် စပန့်လည်ဟိုက်နဲံဘောင်းဘီတို ။ ဒီပုံနဲ့ မွေးထးတဲ့ မြေးနှစ်ယောက်ကို ဘယ်ပုံ စည်းကမ်းသတ်ထိမ်းသိမ်းမယ်

မပြောတတ်တော့ပါဘူး။ ဟူး..ဟူး။

 

ဒါနဲ့ စကားမစပ်။ ပြီးခဲ့တဲ့ရုံးပိတ်ရက်တစ်ရက်မှာ မနက်ပိုင်း MRTY 3 ဖျတ်ခနဲ ကြည့်မိပါတယ်။ မျက်နှာမှာ ရောင်စုံခြယ်ထားတဲ့ အဆိုတော်တစ်ယောက် ရုပ်ရှင်တွေထဲ မြင်ဖူးတဲ့ ကဝေမကြီးတွေ ဝတ်တဲ့ပုံစံ၊ အနက်ရောင် သားရေကိုယ်ကြပ်အင်္ကျီမှာ ကော်လံထောင် နားမှာ နားကြပ်တပ်ပြီး သီချင်းဆိုနေပြီး သူ့နောက်မှာ အမျိုးသား ကချေသည် ၄/၅ ယောက်က ပြေးလွှား ခုန်ပေါက် နေတာတွေ့တော့ ဘယ်နိုင်ငံက ကချေသည်အဖွဲ့ပါလိမ့်လို့တွေးနေတုန်း ” ကျွန်တော်တို့ မြန်မာ့ သဘင်ကို ကမ္ဘာ့အဆင့်မီအောင် ကြံဆ နေပါတယ်။”တဲ့ ။ ဟိုက်။ စိန်မာဒင်ရဲ့ မျိုးဆက် တစ်ယောက်မှန်း ဒီတော့မှ သိတယ်။ အဲ ခုန ကတွေ့လိုက်တာ သူ့ညီမ ပါတဲ့။

ဪ ဩော မြန်မာ့ သဘင် ကမ္ဘာ့အဆင့်မီအောင် အဲလို ကြိုးစားရှာတာလား။ ဆရာကြီးကွေး လေသံနဲ့ ဆို ။ ဟိုက် .. ရှာလပတ်ရည် သွပ် သွပ် သွပ်။

 

ရုပ်မြင်သံကြားကို ပြောနေတဲ့ သဘင်အနုပညာရှင် ရဲ့ ရင်ခွင်ထဲမှာ ၄/၅ နှစ်အရွယ်  သူငယ်လေးတစ်ယောက်ရှိနေတယ်။ ဒီကလေးကလည်း သူတို့ရဲ့ မျိုးဆက်သစ်ပါတဲ့။ သားသား ကြီးရင် ဘာလုပ်မလဲ ဆိုတော့ သူကလေးကလည်း သီချင်းဆိုမယ်တဲ့။ ခုနက သီချင်းဆိုသွားတဲ့ ကဝေမ အဲလေ အဆိုတော်မ လည်း မြန်မာ့သဘင်ရဲ့မျိုးဆက် အင်း

ဒီကလေးလည်း နောင် ၁ဝ နှစ်လောက်ဆို သီချင်းဆိုတော့မှာ ဆိုတော့ ပိုပြီး ခေတ်မီအောင် တိုးတက်အောင် ကြံ ဆ နေကြတာဆိုတော့ မြန်မာ့သဘင် အရေး ရင်လေး တယ် ။ ရင်လေး ဘွယ်။

 

ဪ ဒုက္ခ ဒုက္ခ အို ဒုက္ခ လို့သာပြောချင်တော့တယ်။ မြန်မာ့သဘင် အဆင့်မီအောင်လုပ်တယ်ဆိုတာ မြန်မာ့သဘင် အမည်ခံပြီး ကမ္ဘာ့အဆင့်မီ အောင် နို်င်ငံတကာက အဆို အကတွေ တိုကြ ကကြ နိုင်ငံတကာက အဝတ်အစားတွေ ဝတ်ပြ ခုန်ပေါက်ပြတာက

မြန်မာ့သဘင်ကို  ကမ္ဘာ့အဆင့်မီအောင်တဲ့လား။  ရှေးရှေးက သဘင်ပညာရှင်ကြီးများ ဂရိတ်ဦးဖိုးစိန် တို့ ရွှေမန်းဦးတင်မောင်တို့ မြန်မာ့

သဘင်ကို ခေတ်မီအောင် ဇာတ်စင်အပြင်အဆင်တွေ မီးစလိုက်တွေ စက်သီးတွေ နောက်ခံရှုခင်း ပန်းချီကားတွေနဲ့ တကယ့်ကို ခန်းခန်း နားနား လှလှ ပပ ဖြစ်အောင် ပြင်ဆင် ကပြ ကြသလို ဇာတ်သဘင်ပညာ အပြည့်အဝ ဆို ငို ပြော ဇာတ်စာ ဇာတ်စကားတွေ

ဝမ်းစာပြည် ဇာတ်ပညာတွေနဲ့ တကယ့် သဘင်ပညာကို ခံစားစေတာ လူတိုင်းကြည့်ချင်အောင် ခန်းခန်းနားနား တင်ဆက်တယ်။

ဗိလပ်က တီးလုံးတစ်ခု ကို ဂီတ သင်္ကေတ မကိုင်ပဲ မြန်မာ့ ဆိုင်းဝိုင်းနဲံ ချက်ခြင်းပြန်တီးပြ နိုင်ခဲ့လို့ ဗိလပ်သားတွေ အံ့ဩောဘနန်းဖြစ်ခဲ့ တဲ့ အထိ  မြန်မာ့ဂီတဟာ တိုင်းတပါးမှာ မျက်နှာမော်ခဲ့ဘူးတယ်။ ဒါမျိုးမှ မြန်မာ့သဘင် မြန်မာ့ဂီတ ကို ကမ္ဘာ့အဆင့်မီ ပြတာလို့ပြောနိုင်တယ်။ အခုဟာက အနှစ်က နဲနဲ အကာက ပြဲ့ပြဲံ့ ဆိုသလို အမြင်မတော် အကြားမတော်နဲ့  ကို်ယ်ပြော

တဲ့ စကား ကိုယ်ဘာသာလည်းပြန်တွေးကြအုံး ကွယ်တို့ရဲ့။ အရိုးပေါ် အရွက် မဖုံးစေနဲ့တဲ့။ ခုတော့ တစ်ပင်လုံး အရွက်ချည်း ဖြစ်တော့မယ်။

အို…. အသင်လောက ။ ရပ်ကွက် နာယက လင်မယားလို စိတ်ဘဝင် ဘဝင်္ဂရောက်နေလို့ မြန်မာမကျ ဖြစ်နေတဲ့ အောက်ကလိအာတွေ၊  မြန်မာ့သဘင စင်မြင့်ပေါ်မှာ အမြင်မတော် အကြားမတော် အော်ချင်တိုင်း အော် ခုန်ချင်တို်င်း ခုန် ဝတ်ချင်သလို ဝတ်ပြီး ကမ္ဘာ့အဆင့်မီချင်နေတဲ့ ပုံတူကူူး သဘင့် အောက်ကလိအာ တွေကို မြန်မာ့ယဉ်ကျေးမှု အသိုက်အဝန်းကို

ဖျက်ဆီးသူများ ဟု အမည်တပ် ကျောတစ်ရာ ရင်တစ်ရာ ကြိမ် ဒဏ်ခတ် မြိုင်ရပ်နှင်စေ လို့ သာ တောင်းဆိုလိုက်ပါတယ်။

သတိကြိးကြီး ထားတော်မူကြပါ။ ခေတ်မီတယ်ဆိုတဲ့ စကားကိုအကာအကွယ်ယူ တဖွ ဖွ ပြောပြီး ကိုယ်လုပ်ချင်တာတွေဟာ

ကိုယ့် ယဉ်ကျေးမှု ကိုယ်ကပဲ ဖျက်ဆီးနေယ်ဆိုတာကို သံကို သံဖျက် သံချေးတက်သတဲ့။

သူကြီးတို့ရွာလည်း သံချေးတက်ခြင်းမှ ကင်းဝေးစေကြောင်း မောင်းခတ်လိုက်ရကြောင်းပါ။

သူကြီးနဲ့ တကွ ရွာသားအားလုံးလည်း စိတ်လက်ချမ်းသာရှိကြပါစေ။

မြန်ပြည်တခွင် ကြည်ရွှင်စေချင်တဲ့ ကြည်လွင်။

 

14 comments

    • Kyi Lwin

      June 4, 2012 at 4:11 pm

      ဖတ်ရှုအားပေး ကြသူများအားလုံးကိုကျေးဇူးတင်ကြောင်းပါ။

  • San Hla Gyi

    June 1, 2012 at 6:16 pm

    ဟာ တိုတိုလေးနဲ့ သိပ်ကောင်းတဲ့ပို့စ် ကလေးပါပဲဗျာ။ ခင်ဗျားပြောမှ နာမည်ကျော် ရွာစားကြီး စိန်ဗေဒါအကြောင်းတောင် တပုဒ်တော့ ရေးရအုံးမယ်ထင်တယ်။အမှန်ပဲဗျ။ အိန္ဒိယမှာ သီပေါမင်းရဲ့ သမီးတော်တွေ နားထွင်းမင်္ဂလာအတွက် မြန့်မာ့သဘင်ပညာရှင်တွေ သွားကြတော့ ဘုံဘေဘုရင်ခံက မြန်မာ့ဆိုင်းဝိုင်းကြီးမှာ ဂီတသင်္ဂေတမရှိပဲ တီးနေတာတွေ့တော့ အံ့ဩပြီး ဘယ်လိုတီးသလဲလို့ မေးတော့ ရွာစားကြီးက မြန်မာ့ဂီတပညာရှင်တွေ အစဉ်အဆက် ဒီလိုပဲ စိတ်နဲ့မှတ်ပြီး မှန်အောင်တီးခဲ့ပါတယ်။ မယုံရင် သူလုံးဝမကြားဖူးတဲ့ အင်္ဂလိပ်တီးလုံးတခုကို တီးပြပါ။ သူက ပြီးပြီးချင်း တူအောင်တီးပြပါမယ် လို့ပြောတော့ အင်္ဂလိပ်ဘုရင်ခံက ချက်ချင်းပဲ ဘင်ခရာအဖွဲ့ကို ခေါ်ပြီးတီးခိုင်းတော့ ပြီးပြီးချင်းပဲ ရွာစားကြီးက အဲဒီတီးလုံးအတိုင်း လိုက်တီးပြလိုက်တယ်ဗျ။ ဘုံဘေဘုရင်ခံနဲ့ အင်္ဂလိပ်အရာရှိ တွေလဲ အံ့အားသင့်ပြီး ချီးကြူးပေါ့။ နိမ့်ကျနေရှာပြီ ဖြစ်တဲ့ သီပေါမင်းနဲ့ မိဖုရားကြီး စုဖုရားလတ်တို့ကလည်း မြန့်မာ့ဆိုင်းဝိုင်းကြီး အတွက်ဝမ်းတွေသာပေါ့ဗျာ။ နောက်ပြီး သူဟာ သူ့ထက်ဝါငယ်တဲ့ သဘင်ပညာရှင်များကိုလည်း အရမ်းဖေးမတယ် လို့သိရတယ်။ သူ့အကြောင်းတောင် ရေးချင်လာပြီ။
    ခင်ဗျားပြောတဲ့ ကြွားတတ်တယ် ဆိုတာကတော့ လူတွေနဲ့ မကင်းဘူးပေါ့ဗျာ။ ဒါပေမယ့် ကိုယ့်ရဲ့ ဥစ္စာစည်းစိမ်တို့ ဘာတို့ကိုတော့ သိပ်ပြီးမကြွားမိအောင် သတိထားရမှာပေါ့။ ဒါပေမယ့် လောကမှာ တချို့ကလည်း အဲဒီလို ကြွားမှအထင်ကြီးပြီး လေးစားတတ်တာမျိုးလဲ ရှိတယ်ဗျာ။ ဒါပေမယ့် နားထောင်နေတဲ့ လူအများစုကတော့ ဘယ်ဟာက ကြွားနေတာလည်း ဘယ်ဟာက အမှန်အတိုင်း ပြောနေတာလည်း ဆိုတာကို နားလည်နိုင်တဲ့ judgement ရှိကြပါတယ်။
    ကျနော်ကွန်မန့် ကလေးနဲ့ အားပေးသွားပါတယ်ဗျာ။ ဒီလိုပို့စ်ကလေးတွေ ဆက်ပြီး ရေးနိုင်ပါစေဗျာ။

    • Kyi Lwin

      June 4, 2012 at 4:32 pm

      ကိုစံလှကြီးရေ။
      ရေးရင်တော့ ဖတ်ချင်သပေါ့။
      လုပ်ပါလေ။ ဒါမျိုးဆိုတာ စိတ်ဝင်တစားနဲ့ရေးတဲ့သူရှိမှဖတ်ရတာမို့ဖတ်ချင်လှတယ်။
      တို့များက ဒီလောက် အတိအကျ မသိ မရေးနိုင်လို့သာ။
      စောင့်မျှော်လျှက် အားပေးပါ့မယ်။
      (နားလည်နိုင်တဲ့ judgement ရှိကြပါတယ်။) ဆိုတာ မှန်တယ်။ သို့သော် ထုတ်ဖေါ်မပြောဘူးဆို
      ရင် အမှန်လား အမှားလား ဆိုတာ အများသိဖို့တော့ခဲယဉ်းလိမ့်မယ်။ တချို့ ကိစ္စတွေဟာ ကိုယ်
      တစ်ယောက်ထဲ သိနေရုံနဲ့ မပြီးဘူး။ အမှား အမှန်ဆိုတာ အများသိမှ မလုပ်သင့် မလုပ်အပ်တာကို
      ရှောင်ရှားနိုင်ကြမယ်မို့လား။ ဆေးခါး ပေမယ့် အနာရောဂါ ပျောက်ဖို့အဓိကလို့ ယူ စေချင်ပါတယ်။
      ဖတ်ရှု ဝေဖန်တဲ့အတွက်ကျေးဇူးတင်ကြောင်းပါ။

  • တစ်ခုတော့ပြောချင်ပါရဲ့.
    ဂီတနဲ့ပါတ်သက်လို့ပါ။
    ကျနော့်တို့မြန်မာတွေက အကြားကို နားနဲ့မှတ်ပြီး တီးခဲ့ဆိုခဲ့ကြတဲ့အတွက်
    ခေတ်အဆက်ဆက်ကိုဖြတ်လာကြတဲ့အခါ မူမှန်ပျောက်ပြီး မူကွဲတွေများလာ ပွားလာတော့
    ပညာသည်တွေ ကြားမှာ အမြဲတမ်းငြင်းခုန်နေရပါသဗျာ။

    • San Hla Gyi

      June 2, 2012 at 12:14 pm

      အင်း ဟုတ်ပါတယ် ကိုပေါက်ရေ
      ဘယ်အရာမဆို စာနဲ့ ရေးထားနိုင်ရင်တော့ အကောင်းဆုံးပေါ့။ ကျနော်ဆိုလိုချင်တာက ရွာစားကြီးရဲ့ ဥဏ်ပညာနဲ့ ဂီတပါရမီကို ချီးမွမ်းချင်တာပါ။ သူဟာ တီးသံမှုတ်သံတွေကို အဝေးကကြားရုံနဲ့ ဘယ်တူရိယာ အသံမှားနေတယ် အဲဒါတူရိယာကို ဘယ်လိုအထားမှားလို့ ဆိုပြီးပြောနိုင်တယ် ဆိုပါတယ်။ တကယ်သွားကြည့်ရင်လည်း သူပြောသလို ဖြစ်နေတတ်တယ်လို့ ပြောပါတယ်။ တေးရေးဆရာကြီး မြို့မငြိမ်းက ငယ်ငယ်ကတည်းက စိန်ဗေဒါနဲ့ အိမ်ချင်းနီးလို့ တီးသံမှုတ်သံတွေကို ကြားပြီး နားယာဉ်လာရာက နောက်တော့ မြန်မာသံစဉ်တွေ အများကြီး ရေးနိုင်ခဲ့တာပါတဲ့။ မြို့မငြိမ်းကိုယ်တိုင်က ကျနော်က ဦးလေးမောင်(ဆရာကြီး စိန်ဗေဒါကို သူခေါ်သောအမည်) အိမ်က ညှော်နံ့ကို ရှုပြီးကတည်းက တခြားညှော်နံ့ ရှုလို့မရတော့ဘူးလို့တောင် ပြောဖူးပါတယ်။

    • Kyi Lwin

      June 4, 2012 at 4:38 pm

      ဂီတကို နားနဲ့ ခံစားတယ်ဆိုတာ တနည်းအားဖြင့် ခံစားတတ်တဲ့ နှလုံးသားနဲ့ခံစားပြီး နားနဲ့ အသံကို မှတ်တာလို့ နားလည်မိပါတယ်။
      တို့များဂီတ ပညာရှင်လည်းမဟုတ် ။သီချင်းတောင် ဖြောင့်အောင် အသံကိုက်အောင် မဆိုတတ်တော့ မဆွေးနွေးနိုင်တဲ့အတွက် ဝမ်းနည်းမိပါရဲ့။ မြန်မာ့ဂီတကို အခြေခံကစ ပြီး ဆွေးနွေးပေးကြမယ်ဆိုရင်ဖြင့် ဗဟုသုတ ရကြောင်းအလို့ငှာ ဖတ်ချင်မိပါရဲ့။
      မြန်မာ့ဂီတ ပညာရှင်များနိုးကြားကြပါစေသော်ဝ်။
      တော်ကြာ သားစိုးလို့ နတ်ဒိုးနဲ့ ရောသမမွေတွေတော့ မလုပ်ကြပါနဲ့လို့တောင်းပန်ချင်တယ်။

  • windtalker

    June 2, 2012 at 2:27 am

    မြန်မာ သီချင်း ဘယ်သူဆိုဆို( မှတ်ချက် 2nd အဆိုတော်မပါ) own tune ဆို လျှင် လက်ခံပါသည်။
    ပုံ
    ကွမ်းစားထွေးပစ် မောင်ပေ

  • marblecommet

    June 2, 2012 at 10:17 am

    စာရေးဆြာ
    ချစ်ဦးညိုကို
    နိုင်ငံခြားသားတစ်ယောက်က မေးတယ်
    ခင်ဗျားတို့ ဆိုင်းဝိုင်းမှာ ပတ်စာနဲ့ ဗုံကိုကီးညှိတဲ့အခါ
    ဘာကီးနဲ့ ဘယ်လို သီဝရီနဲ့ ညှိသလဲဆိုတော့
    ဆြာချစ်က
    မြန်မာနားနဲ့ ညှိတာ တဲ့
    မြန်မာ နှလုံးသားနဲ့ ညှိတယ်ပေါ့
    ဟိုလူကြီး အူသွားတာပေါ့

  • ကြောင်ကြီး

    June 2, 2012 at 10:49 am

    သံဂျေးတက်သဂျီး
    ကြံဈေးဖျက်အရီး
    ဖန်ဆေးချက်မပြီး
    ငန်သေးထွက်သတီး။

    • Kyi Lwin

      June 4, 2012 at 5:02 pm

      မောင်ကြီးရဲ့ကြောင်ချက်ကတော့ လိုက်လို့မမီအောင်ပါပဲကွယ်။

  • ဗိုက်ကလေး

    June 2, 2012 at 12:07 pm

    အဲဒီကြီးကောင်ကြီးမားကြီးတွေ ပါးရေနားရေ တွန် ့နေဒါကြီးဒွေဂိုမှ အားမနာ အောက်ကလိအာ နေမှတော့
    ဖလန်းဖလန်းလေးတွေ အောက်ကလိအာတာ အပြစ်ဟု မဆိုသာတော့ပါဗျား..
    အနှီ အောက်ကလိအာများ ရွံဖို ့ပင် ကောင်းချေတော့သည် တမုံ ့
    ဖလန်းဖလန်းလေးတွေတော့ အောက်ကလိအာကြပါစေလေ 😀

    • Kyi Lwin

      June 4, 2012 at 4:44 pm

      အလို ကိုရင်ဗိုက်ကလေးကလည်း သတိပြုစေချင်လို့ ဒီလိုလူတွေ များလာမှာစိုးရိမ်လို့ရေးလိုက်တာကို ဖလန်း ဖလန်းထအောင်တော့ ဖွ မပေးပါနဲ့ကိုယ့်လူ။ ကြီးတော်မသေးမျှင်ကို တိုင်လိုက်ရမလား။
      ကိုရင့် ကြီးတော်ကြီး ယောင်းမနဲ့လိုက်ခုတ်လို့ ပြေးပေါက်မှားနေပါမယ့်အရေး တွေးထားနော်။

  • manawphyulay

    June 4, 2012 at 4:54 pm

    ဒါကြောင့် ဂီတကို နားနဲ့ နားထောင်ပြီး ရင်ဘတ်နဲ့ ခံစားပါလို့ ပြောကြတာပေါ့။ မြန်မာယဉ်ကျေးမှုကို ထိန်းသိမ်းရင်းဖြင့် မြန်မာသံစဉ် ကော်ပီမပါတဲ့အသံတွေကိုတော့ ဆက်လက်နားထောင်ချင်နေမိတာတော့ အမှန်ပါပဲ။

Leave a Reply