ဖြစ်မှဖြစ်ရလေ ကိုကြီးကျော်ရယ်
ဆွေမျိုးဉာတိ၊ ငွေမရှိက
ခင်မင်တရား၊ လွန်နည်းပါးရွေ့
လောကလူ့ရွာ၊ ငွေမျက်နှာသည်
လူကိုမခင်၊ ငွေကိုခင်၏ ….
လူတို့သည် ဆွေမျိုးရင်းပင်ဖြစ်လင့်ကစား ငွေမရှိလျှင် အပေါင်းအသင်းမလုပ်ချင်ကြ၊ မခေါ်မပြောချင်ကြ၊ ရွှေရှိမှမျိုးတော်ချင်ကြသည်။ ငွေရှိမှလူရာဝင်ကြသည်။ ရွှေငွေရှိသော အမျိုးအိမ် နှင့် ရွှေငွေမရှိသော အမျိုးအိမ် နှစ်အိမ်ယှဉ်ကြည့်ပါ .. ရွှေငွေရှိတဲ့အိမ်မှာ အမျိုးတွေ ဝင်ချီထွက်ချီပါ ကောင်းတာလေးတွေပြောသွား မြှောက်ပင့်ပြီး ဆန် ဆီ ဆား ကြက်သွန် စတာတွေကို တောင်းရမ်းယူဆောင်လို့ရသောကြောင့်ဖြစ်သည်။မရှိတဲ့အိမ်ကတော့ သွားရင်ကိုယ့်ဆီကပါ ပြန်ပါမှာစိုးလို့ မသွားကြဘူး ..ဒါကြောင့်ငွေသည် လူတိုင်းအတွက် ရင်အေးစေသောဆေး အသက်ရှည်စေသောဆေး ဖြစ်ပါသည်။ ငွေမရှိလို့ ဒုက္ခရောက်ကြတဲ့သူတွေ မြန်မာပြည်မှာ အများကြီးပါ … လူသားအချင်းချင်း မိမိရှိတာလေးတွေကို ခွဲဝေမျှတ သုံးစွဲကြပါ။ မိမိကတော့ ကေတီဗီ နေ့တိုင်းသွား ဘီယာဆိုင်နေ့တိုင်းရောက် လောင်းကစားတွေလုပ် ငွေကြေးတွေ သုံးဖြုန်းနိုင်နေပေမယ့် ငွေမရှိလို့ပူဆွေး သောက ရောက်ပြီး မျက်ရည်ကြနေကျတဲ့သူတွေကို ကိုယ်ရဲ့အပျော်လေးတွေ ဖဲ့ပေးလိုက်ရင် မိမိရမယ့် အပျော်ထက် သူတို့လေးတွေရဲ့ အပြုံးတွေ ပျော်ရွှင်မှုတွေဟာ ဘာနဲ့မှ လဲလို့မရပါဘူး … သနားဖွယ် ၊ ဝမ်းနည်းဖွယ် ၊ အံ့ဩဖွယ် ၊ သံဝေဂရဖွယ် ဇာတ်လမ်းလေး တစ်ပုဒ်ကို ပြောပြပါ့မယ် …
မြေပြန့်သားကိုကျော် နှင့် တောင်ပေါ်သူ မရှမ်းမတို့ ဇနီးမောင်နှံ တောင်ပေါ်မြေပြန့်မည်မျှပင်ဝေးစေကာမူ ဖူးစာဆုံဆည်းခဲ့ကြပါတယ်။ ဒီလိုဖူးစာကံ ဆုံဆည်းခဲ့ကြသော်လည်း အခြေမလှတော့ ဆင်းဆင်းရဲရဲ နဲ့ကြုံရာကျပန်းအလုပ်နဲ့ အသက်မွေးဝမ်းကျောင်းခဲ့ရပါတယ်။ အလုပ်အကိုင်မယ်မယ်ရရမရှိခဲ့။ တစ်နေ့လုပ်တစ်နေ့စား ဘဝဖြင့် နဖူးကချွေး ခြေမကျအောင် ဘဝကို ဆင်းရဲပင်ပန်းစွာ ရုန်းကန်ရင်ဆိုင်နေရပါတယ်။ စီးပွားရေးအဆင်မပြေသည့်ဒဏ်ကိုအလူးအလဲခံစားနေရပြီး ဝင်ငွေ ထွက်ငွေမညီမျှသည့်ကြားက ထွက်ငွေကိုအားပေးမည့် သားသမီးနှစ်ယောက်က တိုးပွားလာသည်။ ညားကာစက မပြေလည်သော မိသားစုသည် သားသမီးများလာတော့ စားဝတ်နေရေးပိုပြီးတော့ ခက်ခဲလာသည်။ နှစ်ကိုယ်တူဆင်းရဲခြင်းဘဝမှရုန်းကန်ရန် တစ်ရွာမပြောင်းသူကောင်းမဖြစ် ဆိုသောစကားကို အကောင်အထည်ဖော်ကာ မြေပြန့်မှ တောင်ပေါ်မြို့လေးတစ်မြို့သို့ ပြောင်းရွှေးလာကြပြီး ပလောင်တိုင်းရင်းသား ဦးအောင်သစ် + ဒေါ်အေးမီတို့၏ နေအိမ်တွင် အိမ်ဌားနေကြပါသည်။ ဒီမြို့ကို ရောက်လာသော်လည်း အလုပ်ကကောင်းကောင်းမွန်မွန် မယ်မယ်ရရမရှိပါ။ ကိုယ်ပိုင်အိမ်မရှိ အိမ်ဌားနှင့် နေရသောကြောင့် စားဝတ်နေရေး အပြင် အိမ်ဌားစရိတ်ကတက်လာတော့သည်။ ဒီလိုနဲ့သာ နေ့တွေလတွေ ကြာညောင်းလာသော်လည်း စီးပွားရေးအဆင်ပြေသည်မရှိခဲ့၊ ကံမရှိ ဉာဏ်ရှိတိုင်းမွဲ ဆိုသကဲ့သို ဆင်းရဲတွင်း နက်မြဲသာဖြစ်ခဲ့သည်။စားဝတ်နေရေး အဆင်မပြေသည့်ကြားက ပုထုဇဉ်လူသားတို့၏ ဓမ္မတာကို မလွန်ဆန်နိုင်သော မရှမ်းမမှာ တတိယမြောက်ကလေးကိုယ်ဝန်က ရှိလာသည်။ စီးပွားရေးကျပ်တည်းသည့်ကြားက ကိုယ်ဝန်ရှိလာတော့ အလုပ်အကိုင်မလုပ်နိုင်တော့ပါ။
ကိုကျော်တစ်ယောက်တည်း၏ လုပ်အားဝင်ငွေနှင့် မစားလောက်တော့ပါ။ ဒီတော့မရှမ်းမမှာ ကိုယ်ဝန်ကြီးနဲ့ဝမ်းစာရေးအတွက် ဖြစ်နိုင်သမျှ အလုပ်လုပ်ရတော့သည်။ ကံဆိုးမသွားလေရာ မိုးလိုက်လို့ရွှာလေသလား မသိပါ။ မရှမ်းမမှာ သန္မေသားပျက်ကျပါတော့သည်။ နူရာဝဲစွဲ လဲရာသူခိုးထောင်း ဖြစ်ချေပြီ။ယင်းမြို့ကြီးမှာရှိတဲ့ ပြည်သူ့ဆေးရုံကြီးသို့ပို့လိုက်ရပါသည်။ ဆေးရုံရောက်သော်လည်း လူနာအတွက် ဘာမှမယ်မယ်ရရ မလုပ်ပေးနိုင်ပါ။ လူနာလာမေးမယ့်သူလည်း မရှိ တစ်နေ့လုပ်တစ်နေ့စားဖြစ်လို့ ကလေးများကိုလည်း ဘာမျှမကျွေးနိုင် ကလေးတို့သဘာဝ ထမင်းဆာလို့ပူဆာနေသည်ကိုလည်းဂရုမစိုက်နိုင်ပါ။ ဆေးရုံတို့၏ သဘာဝ မပေးနိုင် မကမ်းနိုင်လို့ တံခါးစောင့် သန့်ရှင်းရေးအလုပ်သမားကအစ မည်သူမျှ မကြည်ဖြူကြ မျက်နှာငယ်စွာဖြင့် ဆရာဝန်ဆရာမများ၏ မေတ္တာစေတနာကိုသာ မျှော်လင့်စောင့်စားနေရပါတယ်။ မရှမ်းမတက်နေတဲ့ ဆေးရုံကြီးဟာ တိုင်းအဆင့်ဆေးရုံကြီးဖြစ်တာကြောင့် လူမျိုးစုံလှပါတယ်။ နပ်(စ်) မ တစ်ယောက်က မရှမ်းမအတွက် ဆေးဖိုးဝါးခ သုံးသောင်းကျမည်ဖြစ်ကြောင်း တောင်းသည့်အခါ ကိုကျော်မှာ ငေါမရှိကြောင်း ပြောပြရာ နပ်(စ်)မ က ငွေမရှိဘဲ ဘာကြောင့်ဆေးရုံလာတက်သလဲဟု ငေါက်ငန်းပါတော့သည်။ ရေးထားတော့ ပြည်သူ့ဆေးရုံတဲ့ နောက်ဆို နာမည်ပြောင်းရမယ် ဆရာဝန်များ ဆေးရုံလို့။ကိုကျော်ကတော့ ဆရာဝန်ဆရာမများကို လွန်စွာမှ အားကိုးအားထားခဲ့ပါသည်။ အခုတော့ သူရဲ့မျှော်လင့်ချက်တွေ ကုန်ဆုံးခဲ့ရပါပြီ။ ကိုကျော်ဘာဆက်လုပ်ရမည်နည်း။ ငွေသုံးသောင်းသည် ဒီခေတ်ဒီအခါမှာ ဘာမှသုံးမရသော်လည်း မရှိတဲ့သူအဖိုကတော့ တော်တော်ရှာရပေမည်။ ကိုကျော်သည် နပ်(စ်)မ မျက်နှာကိုတစ်ချက်ကြည့်လိုက် ကုတင်ပေါ်မှာ ဝေဒနာခံစားနေတဲ့ ဇနီးသည်မျက်နှာကိုကြည့်လိုက် ယနေ့အဖို့ဘာမှမစားရသေးသော ရင်သွေးငယ်နှစ်ဦးရဲ့ မျက်နှာကိုကြည့်လိုက်ဖြစ့် ဝမ်းနည်းအားငယ်နေသည်ကို အနီးအနားမှာရှိတဲ့ ဧည့်သည်လူမျိူးခြားတစ်ယောက်က နပ်(စ်)မကိုမေးပြီး အကြောင်းစုံသိသွားတော့ ကိုကျော်ကိုခေါ်ပြီး ပြောသည်။ ငွေလိုရင် သူတို့ဘာသာရေးကျောင်းကငွေယူပေးမယ်။ နောက်ပြီးအားလုံးအဆင်ပြေအောင် ထောက်ပံ့ပေးဦးမည်။ ဆေးရုံကဆင်းတဲ့နေ့ သူတို့ကိုးကွယ်တဲ့ ဘာသာထဲဝင်ရမည်ဟုဝန်ခံကတိပေးခိုင်းသည်။ကိုကျော်သည် လက်ရှိဖြစ်ပေါ်စေနေ ဒုက္ခကိုသာကြည်မိသည်။ လက်ရှိအခဲကို ကျော်လွှားလိုသည်။ သူဝင်မည့်ဘာသာအကြောင်းမသိ နောင်သံသရာဖြစ်မှ နောင်ဒုက္ခဟု ယူမှတ်ပြီး လက်ခံလိုက်သည်။ ထိုဧည့်သည်ဘာသာခြားမှ ဆေးဖိုးလိုအပ်သည့်ငွေ သုံးသောင်းအပြင် နောက်ထပ် တစ်သောင်းထပ်ပေးလိုက်သည်။ စဉ်းစားကြည့်လျှင် သူတို့မိသားစုလေးယောက်ကို မိမိဘာသာကို တစ်ယောက်ကိုတစ်သောင်းပေးပြီးပြောင်းခို်င်းလိုက်ခြင်းဖြစ်သည်။နောင်မှာဒီလိုအဖြစ်တွေ မဖြစ်စေဖို့ အားလုံး သတိပြုဖို့လိုပါတယ်။ လူအချင်းချင်းလှည့်ပတ်ခြင်းကင်းဝေးကြပါစေ ………
7 comments
thihayarzar
June 2, 2012 at 12:58 am
သူကြီးကိုတော့ အားနာပါတယ်.. ဒီတစ်ခါနောက်ဆုံးပါပဲ … ရွာသားများ ကျွန်တော်ရဲ့ဖေ့ဘွက်ကိုဝင်ရောက်လည်ပတ်ရင်း ကျွန်တော်နောက်ထပ်တင်မယ့် ပို့များကို ဖတ်ရှု့နိုင်ပါတယ်…ဖေ့ဘွက်အကောင့်ကတော့ aathawkayarzar ပါ …..
မိုးတိမ်
June 2, 2012 at 4:12 am
ကဲ ဘယ်ဂလိုဒွေ လုပ်ကြမဒုန်း။
စော်ကားဖျက်ဆီးနေတာ ဘယ်ကောင်တွေလဲ။
နတ်မျက်စိပုလင်းကွဲနဲ့ အတင်းဖြဲရှာလိုက်မယ်။လာလေ့…..
ဟိုက်ရော….ရွာထဲမှာအများကြီးဟ
တော်ဘီ။သိချင်တော့ဘူး…အိပ်နေတာပဲကောင်းပါတယ်လေ။ ခေါ၊ခလောလော……..
မောင်သန်းထွဋ်ဦး/အတိသဉ္ဖာ နာဂရချစ်သူ
June 2, 2012 at 9:05 am
ဟူးးးးးးးးဘယ်ဘာသာခြားလဲကွ။ပြောချင်ရင် ဒဲ့ပြော။
မင်းတို ့ဦးနှောက်တွေ အသက်ကြီးလေ ချီးဖြစ်လေဘဲ။
မောင်သန်းထွဋ်ဦး/အတိသဉ္ဖာ နာဂရချစ်သူ
June 2, 2012 at 7:47 pm
အော်. ဖြစ်တတ်တဲ့သဘောလေးတွေပါလား။အသက်ကြီးပြီးအချိန်မစီးတဲ့ မျက်ကန်းမျိုးချစ်
တွေပါလား။ကိုယ့်ပြောတော့နာတာတော့သိတယ်၊ပြင်မယ်မစဉ်းစားဘူး။ခုတလောရွာထဲ
အလံနီတွေ တော်တော်ထကြွနေပါရောလား။
ahnyartamar
June 2, 2012 at 11:03 am
ဟာ…ဘာတွေလဲဟ…ရန်ပွဲလား…ပြေးပြီဗျို့…
ထုံးဘဲဥ
June 2, 2012 at 4:11 pm
နောင်ဗေနောင် နှောင်ဗေနောင် ရှမ်းတို့ရိုးရာအိုးစည်သံ (အဲ့ ဟုတ်ပါဘူး ယောင်လို့)
ဗေပုံထီပုံထီ ဟိုင်းယားးးးး မတစ်ထောင် တစ်ကောင်ဘွား ကျားဆိုမှကျားးး ဟိုင်းယားးးးးးးးး
ဗေတူပို့ ပတ်ပုံ ဂျိဂျိ
မြှောပေးပြီး ပြေးဘီဗျို့
me me ko
June 2, 2012 at 7:36 pm
ဝန်ခံဂတိပေးရုံနဲ့ဘာသာဝင်ဖြစ်ရောတဲ့လား…
ရယ်စရာကြီး….
ကိုယ့်မှာအတိဒုက္ခရာက်နေချိန်မှာခုလိုကူညီပေးတာကိုဘဲကျေးဇူးတင်စရာပါ….
မွတ်ဆလင် ကလွဲယင်ကျန်တဲ့ဘာသာတွေကတော်သေးတယ်…..
မွတ်ဆလင် ကတော့ဘာမှမရောယှက်တာအကောင်းဆုံးဘဲ