စာရေးဆရာ အသင်းဆိုတာ………….

htet wayJune 3, 20121min40518

စာရေးဆရာ အသင်းတွေ မြို့နယ် တွေမှာ ဖွဲ့ ပြီးကြောင်း မကြာခဏ ဂျာနယ်တွေမှာ သတင်း ဖတ်ရတယ်။ စာရေးတယ်ဆိုတာ ကိုယ့် ခံစားချက်ကို မျှဝေတာ၊ ကိုယ်သိတာကို သိစေချင်တာ။ သူတပါးကို သိစေချင် မြင်စေချင်တာ ကို စာအဖြစ် ခင်းကျင်းပြတာလို့ ကိုယ့် ဘာသာပဲ နားလည် ထားပါတယ်။သုတ ၊ရသ
ဘယ်စာပေမျိုး မဆို နက်နည်းတာပဲ ၊ အပျော် ဖတ်စာပေတွေတော့ မပါဘူး။
ဒီနေရာမှာ အပျော် ဖတ်စာပေ ရှိသလို အပျော်ရေးတာ လည်းရှိတယ် ။ တလောက ညီငယ် တစ်ယောက်က ဟာသ ဝတ္ထု တစ်ပုဒ်ရေးပြီး မဂ္ဂဇင်းကို ပို့တယ်
ပါမလာသေးတော့ ဖုန်းနဲ့ မကြာ ခဏမေးတယ်။ နောက်တော့ မဂ္ဂဇင်းက မသုံးဖြစ်ဘူးဆိုတော့ စိတ်ဓါတ်တော်တော် ကျသွားတယ်။
စာရေးဆရာ ဖြစ်ဖို့ ဒီလိုသွေးနဲ့ မရဘူး လို့ ပြောချင်ပါတယ်။နောက် စာပေ ဝါသနာ ပါတာ မဟုတ်ဘူးလို့ ဆိုချင်ပါတယ်။
ကျွန်တော် တို့ ဆို ၁၉၉၄ခုနှစ်က ရုပ်ရှင် မျက်မှန် မဂ္ဂဇင်းမှာ ကဗျာလေး တစ်ပုဒ်ပါတယ်။ ရန်ကုန် ကိုရောက်တာ့ ကျောက်မြောင်း ကို သွားပြီး မဂ္ဂဇင်းတိုက်ကို သွားမိတယ်။
အယ်ဒီတာ မရှိဘူး ဆိုပြီး မချေမငံပြောတာ ခံရတယ်။နောက် ၂၀၀ဝခုနှစ်က ဂျာနယ် တခုမှာ ဆောင်းပါးတစ်ခုပါတော့ ရန်ကုန်ရောက်တုန်း ဂျာနယ်တိုက်ကို သွားမိတယ် စာမှုခ ၅၀ဝရတယ်ဂျာနယ် လက်ဆောင်ရတယ်။ ဒီ အပြင်ဒုက္ခတွေအများကြီး နယ်က ပို့တာတွေ မဖတ်ဘဲ ချောင်ထိုးတာထားတွေ
ပြောမဆုံးပေါင် တောင်သုံးတောင်ဆိုတာပဲ။
အခု စာပေနဲ့ စာနယ်ဇင်း ဖျက်သိမ်းပြီးတော့ စာရေးဆရာအသင်းဆိုတာတွေ ဖွဲ့ ကြတယ်။မြို့နယ်တော်တေ်ာများများဖွဲ့ ပြီးကုန်ပြီ ။စာတကယ်ရေးတဲ့ သွေးထဲ အထိ
စာပေပိုးပြန့်နှံတဲ့ လူတွေ ပါကြလေသလားတော့မသိ။ ကျွန်တော် ဆီတော့ စာပေပိုးရှိတဲ့ လူငယ်လေးတစ်ယောက်ရောက်လာတယ် ဆရာရယ် ကျွန်တော် စာရေးဆရာ အသင်းဝင်ချင်တယ်တဲ့ ကျွန်တော် က ရှင်းပြပါတယ် စာရေးဆရာ ဆိုတာ စာနယ်ဇင်း အဖွဲ့ ဝင် ကဒ်ရှိရတယ် ဆောင်းပါး ၁ဝပုဒ် ဂျာနယ် ဖြစ်ဖြစ် မဂ္ဂဇင်းဖြစ်ဖြစ် ပုံနိပ်စာလုံး
နဲ့ ပါဖူးရမယ်။ လုံးခြင်း ဝတ္ထုဆို တစ်အုပ် ထုတ်ဖူးရမယ် ဝတ္ထုတိုဆိုရင် အပုဒ် ၂ဝ ပုံနိပ်ဖေါ်ပြ ခံဖူးရမယ်..စသဖြင့်ရှင်းပြမိတယ်။ရှင်းပြ ကာမှ တရားခံ ဖြစ်ရမလို ဖြစ်တော့ တာပဲ
ဒါဆို မြို့ပေါ်က စာရေးဆရာဆိုတဲ့ သူတွေက ဆောင်းပါး ၁ဝပုဒ်ပါဖူးလို့ လား ဝတ္ထု အပုဒ် ၂ဝပါဖူးလို့ လား ကဒ်ပြားတွေရှိတယ် ကျွန်တော်တော့ သူတို့ ကလောင် နာမည် တခါမှ မဖတ်ဖူးဘူးတဲ့ …ကဲ ဘယ်လိုပြောရပ။
အရင်က စာပေနှင့် စာနယ် ဇင်း အသင်းဝင် ချင်ရင် ဖေါင်ဖြည့်ရတယ်။ ဒီမှာ ကျွမ်းကျင်မှု စကားပြောပါတယ်။ လူငယ်လေးက ဆက်မေးတယ် ဗျာ
ဆရာမှာရော ကဒ်ရှိလားတဲ့ ..ရှိတယ် ဆိုတော့ ဆရာ ကတော့ ဟုတ်မှာပါ စာတွေ မနည်း ဘူးလေ သေကြာ ဟာသ စာစောင်မှာတင် ကျွန်တော် အပုဒ် ၂ဝကျော်လောက် ဖတ်ဖူးတယ် ။နောက်လူတွေသာ…..။ သူက စကား စကို ဖြတ်ထားလို့တော်သေးတယ် ကျွန်တော်လည်းရေငုံ နုတ်ပိတ်နေလိုက်မိတယ်။
အခု စာရေးဆရာ အသင်းမဖွဲ့သေးဘူးလားဆိုတော့ ကျွန်တော် က မဖွဲ့ သေးပါဘူးကွာ သွေးရှိတဲ့ လူတွေ လိုတယ် ဝါသနာကြီးရမယ် အရိပ်လွတ်ရမယ် ပြည်သူတွေ အတွက် စာပေ ဗဟုသုတရအောင် စာပေဖွံ့ ဖြိုးအောင်ဆောင်ရွက်ဖို့ က စာပေ စိတ်ဓါတ် ပြည့်ဝသူတွေ လို အပ်တယ်ကွ ရှင်းရှင်းပြောရရင် ကဒ်ပြားရတိုင်း နေရာရနေတိုင်း
စာပေစိတ်ရှိတာ မဟုတ်ဘူး။ တချို့က စာပေ ဖွင့်ဖြိုးဖို့ ဆောင်ရွက်ချင်တာ မဟုတ်ဘူး လူရိုသေရှင်ရိုသေ လုပ်ချင်တာ ဒီလို လူမျိုးတွေနဲ့ အကိုနဲ့ ကတော့ အဆင်မပြေနိုင်ဘူး
မြို့မှာ စာပေဟောပြောပွဲ လုပ်လိုက်ကတည်းက အခွင့်ရေး သမားတွေ အကြောင်း ကောင်းကောင်းသိနေပြီ နောက် ကိုယ့် စာပေသမားတွေ စာပေ သစ္စာတို့ စာပေချစ်စိတ်တို့ အားနည်းတာ သိလာခဲ့တယ် အကိုကတော့ စာရေးဆရာ အသင်း ကို တကယ့် စာပေသမားတွေနဲ့ ပဲ လုပ်ကိုင် စေချင်ပါတယ်။
စာရေးဆရာ အသင်း ဗဟိုကလည်း စာပေနဲ့ စာနယ်ဇင်း ကဒ်ကိုင်ထားတဲ့ လူတွေကို သေချာစီစစ်စေချင်ပါတယ်။အသင်းအဖွဲ့ တိုးတက်ဖို့က လူမှန်နေရာမှန် ရှိဖို့
လည်း လို အပ်တယ်လေ။ စာတကယ်ရေးတဲ့ စာပေကို တကယ်ချစ်တဲ့ စာရေးဆရာတွေ ဦးဆောင်စေချင်ပါတယ်။သတင်းစာ ဆရာ အသင်း ဖွဲ့ လိုက်တယ် ဆိုတဲ့
သတင်းတော့ ဂျာနယ်တွေမှာ မတွေ့ဖူးသေးပါဘူး မဖွဲ့သေးတာဖြစ်မယ်။ တကယ်အရေးကြီးတဲ့ သတင်းတွေ ပြည် သူအကျိုးကို ရှေ့ ရှု့ ပြီး ရေးရဲတဲ့ အကြောက်တရားငါးပါးကင်းတဲ့ သတင်းစာ ဆရာမျိုးတွေ လည်း ကျွန်တော်တို့ လိုချင်ပါတယ် ။
ဆရာဂျာနယ်ကျော် ဦးချစ်မောင်လို ဆရာ အထောက်တော် လှအောင်လို …ဆရာ လူထု စိန်ဝင်းလို ဒီဘက်ခေတ် က ဂျာနယ်လစ် လူတော်တွေ လို
လိုချင်ပါတယ်။
စာဆေရးဆရာ အသင်းဖွဲ့ ထားပြီး တစ်နှစ်ကြာလို့ မှ စာပေလုပ်ရှားမှု မရှိ ၊ ဟောပြောပွဲ မလုပ်ဖြစ်နတဲ့ အဖွဲ့တွေကတော့ တာဝန်မကျေ ရာရောက်ပါတယ်
ဒါကြောင့် စာပေဝါသနာရှင်လူငယ်လေးမေးတာနဲ့ ဆက်စပ်ပြီး စာရေးဆရာ အသင်းဆိုတာ ကို အတွေး ဖြန့်ကျက်မိပါတော့တယ်
စာရေးဆရာလို့ အမည် ခံသူတွေ မိမိစာပေကို တကယ်ချစ်ရဲ့လား လူများယောင်လို့ လိုက်ယောင် အမောင်တောငင်မှန်းမြောက်မှန်း
မသိတာလား ဆိုတာသေချာဆန်းစစ်ပြီး ကိုယ်ဟာ ပြည်သူတွေ လက်ထဲ စာကောင်းတပုဒ် အကျိုးပြု စာပေ တစ်ပုဒ် ရေးခဲ့ ပြီးပလား
ရသစာပေ တစ်ပုဒ်ရော စေတနာသန့်သန့်နဲ့ရေးခဲ့ ပြီလား အများသိဖို့ သတင်းလေး တစ်ပုဒ် အမှန်အတိုင်း တန်ဖိုးရှိရှိ ရေးခဲ့ ဖူးပါသလား
ကျွန်တော် ကိုယ့် ဘာသာကိုယ် မေးမိပါတော့တယ်။

တခါက ခရီးသွားရင် စာရေးဆရာ ဆိုသူ တစ်ယာက် ကဒ်ပြာ းလေးပြလို့ သူက စာရေးဆရာလို့ ကြွေးကြော်နေပါတယ် ကျွန်တော်က ဆရာငြိမ်းကျော် ဝတ္ထု အကြောင်းပြောတော့ သူ့ ခမျာ ပါးစပ် အဟောင်းသား၊ ဂျာနယ်ကျော်မမလေး အကြောင်းပြောတော့ သူမသိ မြသန်းတင့် ဆိုတော့ လည်း သူခမျာ မဖတ်ဖူး
ဒါဆို ကဗျာ ဆရာအောင်ဝေး ကြားဖူးတယ် မောင်ချောနွယ် အင်းသိသလိုပဲ ကျွန်တော်က သူ့ကို ဒဂုန်တာရာ ရဲ့ ဝတ္ထုတွေ အကြောင်း ကဗျာ အကြောင်း
ပြောမိတော့ အော် သိတယ် ဗျ မော်ဒန်စာရေးဆရာလေတဲ့ မခက်ပေဘူးလား ။
ခင်ဗျားက ဘယ် မဂ္ဂဇင်းတွေမှာပါဖူးလဲ ဆိုတော့ တော်တော် စဉ်းစားပြီး ဖြေနေတယ်။ ကလောင်နာမည်ကလည်း ကျွန်တော်စာဖတ်အားနည်းလို့ ထင်ပါတယ် မသိ
ပါဘူး သို့သော် စာနယ်ဇင်း ကဒ်လေးနဲ့ အော် ဟုတ်မှာပေါ့လေ။ စာရေး ဆရာ…စာရေးဆရာ . ။
ကျွန်တော် ယုဇန ဥယျာဉ် မြို့တော်ကိုသွားတော့ လမ်း ၄ဝကနေ တက္ကစီ လို ကားလေးတွေ စီးသွားရတယ်။ အဲ့ဒီမှာ ဘေးက ကလေးက ဂျာနယ် သတင်းထောက်တဲ့
ကဒ်ပြားလေး ထုတ်ပြတယ်။ အော် ငယ်သော်လည်း လေးစားစရာ သတင်းသမားလေးမို့ သတင်း အကြောင်းလေးတွေ ဆွေးနွှေးဖြစ်တယ် ပုဒ်မ ၅၀ဝ အကြောင်း ကင်းလွတ်ခွင့် ၁ဝချက် အကြောင်းပြောပြတော့ ကျွန်တော် ပြောတာတွေကို ငေးပြီးနားထောင်နေတယ် အကိုရယ် ဒါတွေ မလိုပါဘူး..တဲ့ အော် သတင်း သမား
ပေကိုး။ ညီလေး ဂျာနယ်မှာ သတင်း ဘယ်နှစ်ပုဒ်လောက်ရေးဖူးလဲဆိုတော့ ကျွန်တော် ရေးပါတယ် သစ်ပင်ခြေကနေ အသီးသီးတဲ့ သတင်း၊ ရပ်ကွက် ထဲမှာ နှစ်လုံးထီ ဖမ်းတဲ့ သတင်းတွေ ရေးပါတယ်။နောက် မော်ဒယ်တွေ အင်တာဗျူး တွေတဲ့ ..အော် သတင်း ဆိုတာ ..။
ကျွန်တော်ကတော့ စာရေးဆရာ အသင်း ရော သတင်းစာ ဆရာ အသင်းကိုပါ ကြိုဆိုပါတယ် သို့သော် အထက်မှာ ဆိုခဲ့ သည့်အတိုင်း စာနယ်ဇင်း သိက္ခာရှိသော
စာပေချစ်သော အမှန်တကယ် စာရေးသော စာရေး ဆရာ ၊ သတင်းစာ ဆရာကိုသာ မျှော်လင့် မိပါကြောင်း တင်ပြလိုက်ရပါတယ်။

18 comments

  • ဓါးငမိုး

    June 3, 2012 at 1:57 pm

    ဆရာထက်ရေ ..
    ကျနော် အံစာတုံးပါ ..
    တစ်လောက ကျနော် စာတိုက်တစ်ခုကို စာမူ ပို့ခဲ့တယ်ဗျ ..
    ခေါင်းစဉ်ကြည့်ပြီး တန်းပယ်လိုက်တာပဲ .. 😀

    ဟုတ်လည်း ဟုတ်ပါတယ် ..
    ကျနော် ပေးထားတဲ့ ခေါင်းစဉ်တွေက ကြောက်စရာ ..
    (ကိုယ့်ကိုယ်ကိုတော့ ဟုတ်လှပြီ မှတ်နေတာပေါ့ …
    စာရေးဆရာ တစ်ယောက်ကတော့ ပြောတယ် ..
    ခေါင်းစဉ်ကို ကြည့်လိုက်တာနဲ့ စာရေးပါး မဝသေးဘူးဆိုတာ သိသာတယ်တဲ့)

    ကျနော် ပို့ခဲ့တဲ့ စာမူတွေကတော့ ဒီရွာထဲမှာ တင်ခဲ့ဖူးတဲ့ ..
    “ဘီလူး သုံးမြွှာပူး” “သိမ်ဝင် သပိတ်ကွဲနှင့် အသက်ဝင်လာသော ဘီလူးအင်း”
    ဆိုတာတွေပါပဲ …
    ခုတော့ အဲဒီ ခေါင်းစဉ်တွေကို ဘယ်လို ပြင်ရမလဲ …?
    နောက်ထပ်ကော ဘယ်လို အကြောင်းအရာ ရေးပြီး ပို့ရမှာလဲဆိုတာ စဉ်းစားနေရတယ်ဗျာ … 🙄

    ဆရာထက် ပြောတဲ့ထဲကလိုဆို
    စာရေးဆရာအသင်း ဝင်ဖို့ဆိုတာ ခက်မယ့်ပုံပဲဗျ …
    ပြီးတော့လည်း တကယ်ကို စာရေးတာကို ဝါသနာပါတဲ့
    စာရေးဆရာ စစ်စစ်တွေနဲ့ပဲ ဖွဲ့စည်းနိုင်ပါစေလို့ ……….

    ခင်မင်၊ လေးစားစွာဖြင့်
    အံစာတုံး

  • htet way

    June 3, 2012 at 7:50 pm

    ဆရာအံစာတုံး ခင်ဗျား
    တကယ်တော့ စာရေးတာ အသင်း ဝင် ကဒ်ရှိမှ မဟုတ်ပါဘူး ကိုယ့်စေတနာကိုယ့်
    အတွေးပါပဲ။
    ကျွန်တော် ဆိုလိုတာက ခုခေတ်မှာ ဖွဲ့နေတဲ့ စာရေးဆရာ အသင်းကိုပါ
    နယ်မြို့က စာရေးဆရာ အသင်းပါ ကျွန်တော်ကတော့ သတင်းစာ ဆရာ အသင်း
    ဖွဲ့ မှာပါ အဲ့ ဒီ အဖွဲ့ က ဘာကဒ်မှ မလိုဘူး။
    ကျွန်တော် တို့ မှာလည်း ဂေဇက် အသင်းဆိုတာ ရှိပြီးပြီလေ
    ဂေဇက်က အားလုံးရဲ့ ထိပ်ပါပဲ ဥပမာ ဧရာဝတီ ဂျာနယ်က သတင်းကိုကြည့်။
    ခင်မင်လေးစားစွာဖြင့်
    ထက်ဝေး

  • အလင်းဆက်

    June 3, 2012 at 8:02 pm

    သွးရှိတဲ့ လူတွေ လိုတယ် ဝါသနာကြီးရမယ် အရိပ်လွတ်ရမယ် ပြည်သူတွေ အတွက် စာပေ ဗဟုသုတရအောင် စာပေဖွံ့ ဖြိုးအောင်ဆောင်ရွက်ဖို့ က စာပေ စိတ်ဓါတ် ပြည့်ဝသူတွေ လို အပ်တယ်

    အဲဒီစကားတွေ ကို တကယ် လက်ခံပါတယ်

  • flamingo

    June 4, 2012 at 5:29 am

    ဆရာကိုထက်ဝေးရေ..
    ပို့စ်နဲ့မဆိုင်ပေမယ့်တခုလောက်မေးချင်ပါတယ်ခင်ဗျာ…
    ဈေးကွက်ဂျာနယ်(သူ့အတွေးသူ့အမြင်ကဏ္ဍ) မှာရေးတဲ့စာရေးဆရာမောင်ဈေးကွက်
    ဘယ်ရောက်နေသလဲခင်ဗျာ….သူ့စာတွေလုံးဝမတွေ့ရတော့ဘူးဗျ….
    ကျေးဇူးတင်ပါတယ်ခင်ဗျာ…

  • htet way

    June 4, 2012 at 10:31 am

    ကျွန်တော် မသိပါဘူးခင်ဗျား
    ဈေးကွက် ဂျာနယ်ကို ၂၀၀၃ခုနှစ်လောက်ကတော့ သတင်းတွေရေးဖူးပါတယ်
    အခု မဖတ်ဖြစ်တာကြာပြီ ကျွန်တော်က ရသစာပေသမားပါ
    ကြုံကြိုက်လို့ လေထန်ကုန်း လေအန်ကုန်း ရောက်လို့ အယ်ဒီတာနဲ့တွေ့ရင် သတိတရ နဲ့
    မေးပေးပါ့မယ်။

  • htet way

    June 4, 2012 at 10:33 am

    ဆရာလေး အလင်းဆက်
    ညီလေးတို့ ဆီမှာတော့ စာရေးဆရာ အသင်းဖြစ်နေလောက်ပြီပေါ့
    ခုလို ဝင်ဆွေးနွှေးတာ ကျေးဇူးပါ

  • Azzurri

    June 4, 2012 at 10:37 am

    ဖေ့စဘုတ် ပေါ်မှာ လာလာခေါ်တတ်တဲ့
    ဆြာထက်. …ရေ…
    စကားပြန်မပြောတာမဟုတ်ဘူးဗျို့….

    လိုင်း က ဖုန်းနဲ့ သော်လည်းကောင်း လက်ပကျွတ် တက်ဘလွတ်နဲ့သော်လည်းကောင်း
    မိနေလေတော့ .. ဆိုင်းအင်ဖြစ်ဖြစ်သွားပီး ပေါ်နေတတ်တာပါဗျာ..

    လူက အလုပ်လုပ်နေ-စားနေ-အိပ်နေ-ရထားစီးနေ-မော့နေ-လျောက်သွားနေ
    ဖြစ်ချင်ဖြစ်နေတာမို့ … မသိလိုက်တာ များပါကြောင်း
    သိလို့ ပြန်ပြောမယ် ကြည့်တဲ့အချိန်ကျ ..ကိုယ့်ဆြာတို့က
    အော့ဖလိုင်းဖြစ်ဖြစ်သွားပါကြောင်း…

    ဒီကနေ ရှင်းပြလိုက်ပါတယ်ခင်ဗျား..

  • htet way

    June 4, 2012 at 11:17 am

    သိဘူးဆရာဂီ
    ကျုပ်က တောသား ..ဟာဟ
    တွေ့တော့ လည်ူးပြောချင်တာ အပြစ်လားဗျာ မိတ်ဆွေတွေကိုး

    • Azzurri

      June 4, 2012 at 11:18 am

      အပြစ်တင်တာမဟုတ်ဘူးဗျို့ …
      ကျနော် က ရှိလျက်နဲ့ မိတ်ဆွေတို့ ဝတ္တရားမညီဘဲ
      ပြန် စကားမပြောဘူး ထင်နေမှာ စိုးလို့ ရှင်းပြတာပါဗျို့…

  • htet way

    June 4, 2012 at 11:48 am

    ဟုတ်ကဲ့ ပါ ဆရာ
    ခုလို ရှင်းပြတာ ကျေးဇူးပါ
    ဒါနဲ့ ပို့စ် အကြောင်းလေး နည်းနည်းဆွေးနွေးပါအုံး လူရင်းတွေဆိုတော့

  • etone

    June 4, 2012 at 11:59 am

    ဆရာထက်ရေ .. အပြင်က စာရေးဆရာ ဘဝကိုတော့ ကျွန်မ မသိပါဘူး … ။ တချို့သော စာရေးဆရာတွေ မာနကြီးတယ် ၊ လေကြီးမိုးကြီးတယ်လို့လည်း ကြားဖူးတယ် (ဟုတ်မဟုတ်တော့မသိ) ။ တချို့သော အယ်ဒီတာတွေက အသစ်တွေ ဝါသနာရှင်တွေဆို …. ခေါင်းတက်နင်းဖို့ ချည်း စောင့်နေတာ…. မြေတောင်မြှောက်ပေးလျှင် ငါမွေးတဲ့ မျောက် ငါ့ပြန်ခြောက်မှာလည်း ကြောက်သေးသကိုး … ။ ဒါတွေက .. စာပေတွေကို ဝါသနာပါပါ မပါပါ ၊ အခကြေးငွေယူပြီး လုပ်နေတဲ့ စာနင်းဇင်း သမားတစ်ချို့ ကြားထဲက စိတ်ကူးလေ … ။

    ကျွန်မကတော့ … စာရေးခြင်းက ဝါသနာဖြစ်တာလည်းပါတယ် …. ၊ သူများလို တန်းဝင်အောင်မရေးနိုင်တာလည်းပါတယ် … ၊ ဟိုလျှောက်ရေးဒီလျှောက်ရေးနဲ့ .. ခပ်နိမ့်နိမ့်လေးတွေလောက်သာ ဉာဏ်မှီပြီးရေးတတ်တာမို့ …. အွန်လိုင်းပေါ်မှာ အပျော်တမ်းရေးနေရတဲ့ ဘဝကိုပဲ …. ကျေနပ်မိတယ် … အဟီး ….

    ကိုယ့်အတွေးနဲ့ကိုယ် ကယ်လ်ဆမ်ကွေကာ သောက်ကြသည် 😆

  • မောင်ပေ

    June 4, 2012 at 1:09 pm

    ကိုထက်ရေ
    ကျုပ်ကတော့ ဂေဇက်မှာဘဲပျော်နေပါတယ်ဗျား ။
    တိုတိုတုတ်တုတ်သမား ဆိုတော့ ၊ စာရေးတာကို ပြောပါတယ်
    ရှည်လာတဲ့တစ်နေ ့( စာကိုပြောတာနော ) ကြရင်တော့
    စာတိုက်တစ်ခုခုနဲ ့စမ်းကြည့်အုန်းမယ်
    မန်းတလေးက ပုံနှိပ်တိုက်ပိုင်တစ်ယောက်နဲ ့တစ်ခါတုန်းကတော့ပြောဖူးတယ်
    “ ဟေ့လူ ကျုပ်စာကို ခင်ဗျား ပက်ဘလစ်ရှာ လုပ် ” လို ့ဆိုလိုက်တော့
    “ လေးကြောင်းမျဉ်း ဘယ်နှစ်အုပ် ယူမလဲ ” တဲ့

  • kyeemite

    June 4, 2012 at 1:46 pm

    ဆရာထက်အဆိုကို ထောက်ခံပါ၏
    ကိုယ်တိုင်ကတော့…စာရေးဆရာတစ်ယောက်မဟုတ်ပါ..
    ဂေဇက်လို ရေးသမျှ တင်ရနေလို့ လက်စမ်းနေခြင်းရယ်ပါ..
    ကျုပ်ဂေဇက်ပေါ်ရေးသမျှပြန်ကြည့်တော့လဲ ဘာစာအမျိုး
    အစားလို့ခေါ်ရမှန်း ကိုယ့်ဟာကိုမသိ…သည်းခံဖတ်ပေးနေတဲ့
    ဂေဇက် ရွာသူားတွေကို သာကျေးဇူးတင်နေပါ၏။

  • Khaing Khaing

    June 4, 2012 at 1:51 pm

    ဆရာထက်ရေ ……… အခုတစ်လောမအားတာဖြစ်တဲ့အတွက် သေချာဖတ်ရမယ့် ပို့စ်တွေဆို မမန့်ဖြစ်ဘူး …. နောက်မှသေချာဖတ်ပါဦးမယ် ညီမကတော့ စာပေသမားတွေဘဝနဲ့ဝေးပါတယ် …. ဝေဖန်ရင်လည်း မှန်ကန်တာတွေရမှာမဟုတ်ပါဘူး ……… ရန်ကုန်အလာကို မျှော်နေပါကြောင်း ………

  • Shwe Ei

    June 4, 2012 at 5:04 pm

    ” စာရေးတယ်ဆိုတာ ကိုယ့် ခံစားချက်ကို မျှဝေတာ၊ ကိုယ်သိတာကို သိစေချင်တာ။
    သူတပါးကို သိစေချင် မြင်စေချင်တာ ကို စာအဖြစ် ခင်းကျင်းပြတာလို့ ကိုယ့် ဘာသာပဲ
    နားလည် ထားပါတယ်။သုတ ၊ရသဘယ်စာပေမျိုး မဆို နက်နဲတာပဲ ၊ အပျော် ဖတ်စာပေတွေတော့မပါဘူး။”
    လေးနက်တဲ့အတွေးအခေါ်ဖြစ်လို့ သဘောကျထောက်ခံပါတယ်။ စာဖြစ်ရင်ပြီးရော လျှောက်ရေးတာမျိုးကတော့ အပျော်ဖတ်စာပေမှာတောင် မရှိသင့်ပါဘူး။ ဒါပေမဲ့ အဲလိုတွေတွေးလွန်းလို့ ပို့စ်မတင်ဖြစ်တဲ့ ကိုယ့်ကိုကိုယ်လဲ အားမလိုအားမရဖြစ်မိပါတယ်။ ပြီးတော့ ဂေဇက်မှာ တန်ဖိုးရှိတဲ့ ပို့စ်တွေအများကြီးဖတ်ခွင့်ရနေတဲ့အတွက် အားကျစိတ်လဲဖြစ်မိတယ်။ ဒီတသက်တော့ ဆရာထက်လိုတော်တဲ့ စာရေးဆရာမျိုးဖြစ်လာဖို့ မမျှော်တော့ဘူး။ သူများစာတွေဖတ်ပြီး တန်ဖိုးရှိတဲ့ ကွန်မန့်ပေးနိုင်အောင်ဘဲ ကြိုးစားတော့မယ် ။

  • htet way

    June 4, 2012 at 8:02 pm

    ဝင်ရောက် ဖတ်ရှု့ အားပေးသော ဂေဇက် က ဆရာ ဆရာမ များကို ကျေးဇူးတင်ပါတယ်
    ကျွန်တော်ကတော့ ဂေဇက်က စာရေး သော သူများသည်
    စာရေးဆရာများလို့ သတ်မှတ်ထားပါကြောင်း
    ဆရာမ ရွှေအိခင်ဗျား ကျွန်တော်ဟာ ဝါသနာ အရင်းခံနေသူသာ ဖြစ်ပါတယ်
    တော်သော တတ်သော စာရေးဆရာ မဟုတ်ပါဘူးဗျာ
    ဆရာမ Etone တို့ ဆရာမောင်ပေဆရာကျီးမိုက် ဆရာမခိုင်ခိုင် နဲ့ ဆရာမ ရွှေအိတို့ သာစာရေးရင်
    အောင်မြင်နိုင်ပါကြောင်း အရိုးခံစိတ်ဖြင့် အကြံပြုလိုက်ရပါသည်။

  • MaMa

    June 4, 2012 at 8:30 pm

    စာရေးစာဖတ် ဝါသနာ မပါဘူးလို့ ကိုယ့်ကိုကိုယ် ထင်ထားတာ။
    ဂေဇက်မှာ စာတွေဝင်ဖတ်ရင်းနဲ့ ကိုယ့်စိတ်ကူး အတွေးအမြင်လေးတွေကို ကွန်မန့်ပေးရင်းကနေ
    အရှိန်တက်လာပြီး ရေးမိရေးရာ ပိုစ့်တွေ တင်ဖြစ်သွားတယ်။
    ပိုစ့်တွေကို ကွန်မန့်တွေ ပြန်လာတော့ နောက်ထပ်ရေးချင်စိတ်တွေ ပေါ်လာရပြန်တယ်။
    ကြာတော့ ရွာသူားဘဝကို ကျေကျေနပ်နပ် ခံယူဖြစ်ပြီး
    ကိုယ့်နေ့စဉ် ကြားနေ၊ မြင်နေ ရတာတွေထဲကမှ လူအများ သိစေချင်တာတွေ၊ ပြောပြချင်တာတွေကို ကလောင်တစ်ချောင်း (အမှန်က ကီးဘုတ်) အားကိုးနဲ့ ရွာထဲမှာ လျှောက်ရမ်းနေမိတော့တာပါပဲ။ 😀

  • htet way

    June 4, 2012 at 10:28 pm

    ဆရာမ (မမ) ခင်ဗျား
    ကျွန်တော်တို့က ဆရာမ စာတွေကို စောင့်ဖတ်နေတဲ့ ပရိသတ်ပါ
    ရမ်းချင်သလို သာရမ်းပါလေ
    စာတွေမတွေ့ရတော့ အော်..ဆရာမ တစ်ယောက် အလုပ်တွေပိနေတာလားလို့
    တွေးမိပါသေးတယ်။
    ဆရာမရဲ့ ဖြူစင်တဲ့ စာပေ စေတနာကို သိနေပါတယ်။

Leave a Reply