ဥသျှစ်ပင်လမ်းဆုံ
ရိုးမအတက်က စစ်ကျန်တံတား
ညောင်ဂျိုးက မနက်စာ(ဆတ်သားခြောက်နဲ ့ထမ်းဆီဆမ်း၊ငရုတ်သီးထောင်း)
ပိတ်ထားတဲ့ RHC တစ်ခု
မီးမလောင်ဘဲ ကျန်ခဲ့သော သစ်ကွင်း
သစ်ကွင်းနောက်တစ်ခု
ချင်းကလေး ၂ ယောက်
တော်တော် သားနားတဲ့ဆောင်ပုဒ်ပါ

သစ်လုံးတွေ

အနောက်ရိုးမ အတက်
နယ်ခြား မှတ်တိုင်ပါ

ရိုးမပေါ်က မိုက်ခရို
တောင်ခိုးဝေဝေ ၁
တောင်ခိုးဝေဝေ ၂
ရေပေါ်ကြီး စခန်း
စကျင်ကျောက်တို ့ထွက်ရာ နေပူတောင်
ဆောင်ပုဒ်တော့ရှိတယ်၊အပင်မရှိ
Post Views: 683
16 comments
ရှမ်းပြည်သား (တောင်ပိုင်း)
June 3, 2012 at 2:25 pm
စီပီအာရ်ကြီးစီးပြီးချင်းတောင်ပေါ်တက်ခဲ့တယ်ဆိုပါတော့ကိုထွဋ်ရေ….
စစ်ကျန်တံတားကြီးကိုအောက်ဆင်းပြီးတံတားတစ်စင်းလုံးပါအောင်ရိုက်နိုင်ခဲ့ရင်သိပ်ကောင်းမှာဗျနော့်…
ကိုထွဋ်နေရာမှာကျွန်တော်သာဆိုချင်းကလေးနှစ်ယောက်ကိုလမ်းလျောက်လာခိုင်းပြီး
မျက်နှာနဲ့မှန်ဘီလူးရင်ဘောင်တန်းပြီးဖေ့တူဖေ့ရိုက်မယ်ဗျာ….
ပိုသဘာဝကျအောင်နဖူးပေါ်မှာရေလေးနဲနဲဖြန်းပြီးချွေးလုပ်ပေးလိုက်မယ်တော်တော်ကြည့်ကောင်းမယ်နော်..
နောက်ပြီးဖို့ကပ်ဖြတ်ပြီးတယ်လီထည့်ရိုက်…ကိုထွဋ်ပြိုင်ပွဲဝင်လို့ရသွားမယ်နော်…..
စကားမစပ်…..ထမင်းဆီဆမ်း…ဆတ်သားခြောက်လေးနဲ့ငရုတ်သီးထောင်းတွေ့တော့
သွားရည်တောင်ယိုတယ်ဗျာ….ထမင်းဆိုင်ကနေကြော်ငြာခမတောင်းခဲ့ဘူးလားကိုထွဋ်ရေ…..
နောက်တစ်ခါဒီလိုထွက်ရင်….ကျွန်တော်လဲအဆင်ပြေရင်တူတူသွားကျရအောင်လားဗျ….
ပြီးနောက်ဗွီဒီယိုပါရိုက်ပြီး…..ခရီးသွားမှတ်တမ်းအင်တာလေးဗျူး…..ကုန်ကျစားရိတ်ပြန်ကာမိအောင်..
ဘလက်ဖြန့်တစ်ခွေငါးရာမြန်မာပြည်အနှံ့လိုက်ပို့မယ်ပေါ့…..
ပြီးရင်ယူကျု့ပေါ်တင်…..ကမာ္ဘကသိအောင်လုပ်မြန်မာနိုင်ငံရဲ့ဟိုတယ်နဲ့ခရီးသွားလာရေးကို
ချိတ်ပြီးရင်ကမာ္ဘလှည့်ခရီးသည်တွေကိုခေါ်…ကိုယ့်နိုင်ငံဝင်ငွေတိုးအောင်လုပ်ကြမယ်လေ….
MGကဒါ့ပုံဆရာတွေပါလိုက်ရင်ကျွန်တော်တို့အုပ်စုလိုက်….လေ့လာရေးခရီးပုံစံထွက်ပေါ့…
ရှမ်းပြည်မှာလဲစိတ်ဝင်စားစရာနေရာလူမသိသေးတဲ့နေရာတွေအများကြီးဗျ….
MGကနေခရီးသွားလုပ်ငန်းဖွင့်ရင်တောင်လူတွေလည်ကြမယ့်နေရာမျိုးတွေရှိတယ်…
စိတ်ကူးယဉ်ကြည့်ကြတာပေါ့ဗျာ….
ရည်ရွယ်ရင်တကယ်လုပ်အဟုတ်ဖြစ်နိုင်ပါတယ်….
မောင်သန်းထွဋ်ဦး/အတိသဉ္ဖာ နာဂရချစ်သူ
June 4, 2012 at 1:53 pm
@ကိုခရေ—–စေတနာလေးနဲ ့ညွှန်ပြပေးလို ့ကျေးဇူးပါနော်။အတူတူသွားမယ်လေဗျာ။
နောင်နှစ်ကို ကျနော်က တာချီလိတ်ဖက်သွားမလို ့ပါဗျာ။
@ကိုဓါးငမိုးရေ—ဗိုက်ဆာရင် စားသွားနိုင်ပါကြောင်း။တခါတလေရိုးမပေါ်က ဆိုင်လေးတွေ
မှာ ရာသီမပြတ် တောကောင်သားတွေရနေတော့ သံသယတော့ဖြစ်မိတယ်။
@ကိုဖရဲက ဈေးကောင်းပေးဝယ်မယ်ဆို။ယူပါစေဗျား။
@We R one-က ဘယ်မြို ့ကို ပုံမှန်လာတးလဲဗျ။ဒီဖက် သံတွဲကို လာပါအုံးဗျ။
@ပေါင်ပေါင် က ကိုယ့်နိုင်ငံထဲဘဲ လျှောက်လည်မယ် ကြားရလို ့ဝမ်းသာပါတယ်ဗျာ။သူများ
နိုင်ငံတွေကို မသွားဖြစ်နိုင်သေးဘူး။
@တောင်ဖက်သားလေးရေ—-အားပေးလို ့ကျေးဇူးပါ။တောင်ကုတ်ဖက်လမ်းတော့ ကျနော်
နောက်နှစ်ခရီးသွားရင် မသွားတော့ဘူး ဆုံးဖြတ်လိုက်ပီ။
@ကိုကြီးမိုက်ရေ. အမှန်ပါဘဲဗျာ. ဘီးပေါက့်ကတော့ ကျနော်လဲကြောက်ပါတယ်။ကျနော်
ဆိုင်ကယ်က tube less ဆိုတော့ နည်းနည်းလွယ်သေးတယ်ဗျ။
ဓါးငမိုး
June 3, 2012 at 2:42 pm
ဒီထဲမှာ ကျုပ်အကြိုက်ဆုံးကတော့
မနက်စာ ပဲ …
ပြောရင်း ဗိုက်တောင် ဆာလာပြီ ..
ပြီးတော့ ..
အနောက်ရိုးမအတက်နားက ဆိုင်ကယ်ကြီးကိုလည်း သဘောကျမိသဗျို့ …
လမ်း အကွေ့အကောက်လေးကိုလည်း အားပေးသွားပါကြောင်း …
Electron
June 3, 2012 at 6:49 pm
သစ်ကွင်းလေးအား ဈေးကောင်းပေးဝယ်ပါ၏
အူးလေး အဲဆိုင်ကယ်နဲ့တက်တာလား
အားကျလိုက်တာ
ဘူး ဘူး ဘူး နဲ့မောင်းပြီးတက်ချင်တယ်
အဟီ
we R one
June 4, 2012 at 10:25 am
ဒီလမ်းကို တစ်နှစ် တစ်ခေါက် မှန်မှန် သွားဖြစ် ပေမဲ့ ဖြတ်သွားတဲ့ အချိန်က ည ဘက်တွေ ဆိုတော့ မြင်ကွင်းတွေ ကို သေချာမမြင်ရဘူး.. အခု လို နေ့ခင်းကြောင်တောင် ပုံတွေ တင်ပေးတာာ ကျေးဇူးး…
Phaung Phaung
June 4, 2012 at 11:04 am
အဲဒီလိုတောရိပ်တောင်ရိပ်လေးတွေမြင်ရတာ စိတ်ချမ်းသာလိုက်တာ။ ပိုက်ဆံရှိရင် နိုင်ငံခြားကို ရှော့ပင်းမထွက်ဘူး။ မြန်မာပြည်အနှံ့ကိုယ်မရောက်ဘူးသေးတဲ့နေရာတွေ
သွားပစ်လိုက်မယ်။ ဟုတ်တယ်လေ…သူများနိုင်ငံဈေးတခါအဝယ်ထွက်ဖို့ ငါးသိန်းကျော်လောက်ကုန်မှာ။
ကိုယ့်နိုင်ငံထဲမှာဖြင့် မရောက်ဖူးတဲ့နေရာတစ်ပုံတစ်ပင်ကြီးကိုနော်။
myanmarcitizen
June 4, 2012 at 12:58 pm
ကျွန်တော် အဲ့ဒီလမ်းက တစ်ခေါက်ပဲရောက်ဘူးတယ်။ ဝေးတယ်ထင်လို့မသွားဖြစ်ဘူး။ရာက်တုန်းက လဲဆောင်းတွင်းကြီးဆိုတော့ဗျာ ရိုးပေါ်မှာ ချမ်းလိုက်တာပြောမနေနဲ့တော့ မှတ်ပုံတင်စစ်တော့ မီးပါလှုံရတယ်။ ပုံလေးတွေမြင်ရလို့ ဗဟုသုတ ရတယ်ဗျို့ ကျေးဇူးပဲ။
kyeemite
June 4, 2012 at 1:14 pm
အူးလေး…ဆိုက်ကယ်နဲ့ဟိုက်ဝေးသွားတာ
အထူးသဖြင့် မြို့ဆက် ရွာဆက်ပြတ်တဲ့
ခုလိုတောင်ပေါ်လမ်းမျိုး သွားရတာ အရမ်းစွန့်စား
ရတယ်နော်…ဘီးများပေါက်လို့ကတော့ သေဘီဆရာဘဲ
ဆိုက်ကယ်က လူကိုပြန်စီးတော့တာ..
kotun winlatt
June 4, 2012 at 2:55 pm
ကိုသန်းထွဋ်ဦး ခရီးသွားနေသည်ပေါ့လေ…
မျှဝေပေးတာ ကျေးဇူးတင်သဗျာ…
ဆိုင်ကယ်နဲ့ ဟိုင်းဝေးသွားတာ သတိတော့ထားပါ..
ကိုယ့်ဆရာရေ….။
ဝမ်းတွင်းရူး
July 6, 2012 at 9:13 pm
ဒီပို ့စ်က အတော့်ကိုတိုက်ဆိုင်နေတယ် ဆိုတာ ခုမှ တွေးမိတယ်။အဲ့နေ ့က ဓါတ်ပုံတင်တယ်
ဆိုတော့ ထုံးစံအတိုင်းသီးခံတင်ရတော့ နေ ့လည်လောက်မှပြီးတယ်ထင်ပါတယ်။ညနေလဲ
ရောက်ရော တောင်ကုတ်က ပြဿနာ ကြားရ ပါလေရောလားဗျာ။အတော့်ကို တိုက်ဆိုင်လွန်း
ပါတယ်။ကွန်မန် ့လဲ (၉)ခုဘဲ တွေ ့ရပါတယ်။
မောင်ပေ
July 6, 2012 at 9:33 pm
အပြာရောင်ကျောပိုးအိတ် တစ်လုံးကော ပါမသွားဘူးလား ကိုယ့်လူရေ
ဝမ်းတွင်းရူး
July 6, 2012 at 9:50 pm
ကိုပေ ရေ အကိုပြောတဲ့ အပြာရောင်ကျောပိုးအိတ်ဆိုတာ
ဘာကြီးတုန်းဗျာ။အကို ့မလဲ ကျနော်လို ငတုံး၊ငအလေးကို
ရှင်းလင်းပြပါဗျာ။
မောင်ပေ
July 6, 2012 at 9:55 pm
ကျွန်တော်အရမ်းကြိုက်တဲ့ ကိုငှက်ရဲ ့ဝေးလွင့်ခြင်းရဲ ့လမ်းမ များလေဗျာ
အဝေးကမိုးသားထဲမှာ ငါပျံသန်းခဲ့…..
ဝမ်းတွင်းရူး
July 6, 2012 at 10:04 pm
ဆော်ရီးပါ ကိုပေရေ.
ကျေးဇူးပါ ။ရုတ်တရက်မို ့မတွေးမိဘူး။
သီချင်းလေးနဲ ့တိုက်ဆိုင်ပါတယ်။
Yin Nyine Nway
July 7, 2012 at 9:05 am
စီပီအာရ်ကြီး ကိုတော့ အကြိုက်ဆုံးပဲဗျု့ိ
ပန်းတောင်းမြို့ကို လွန်ခဲ့တဲ့ 3နှစ်က သွားနေခ့ဖူးတယ်
စစ်လက်နတ် ပစ္စည်းထုတ်တဲ့တပ်မှာပါ
သစ်ကွင်းဆိုတာလဲ အဲဒီရောက်မှ မြင်ဖူးတော့တယ်
ဝမ်းတွင်းရူး
July 7, 2012 at 1:10 pm
အဲ့ဒီ ညောင်ခြေထောက်သစ်ကွင်းနားက စစ်ကျန်တံတားပါ။
ဒီတံတားနဲ ့ပုံစံတူ နောက်တစ်ခုကို သံတွဲ ကျောက်ကြီးရွာမှာ
ယနေ ့ထိအသုံးပြုနေပါတယ်။ဂျပန်ဗုံးထိထားတဲ့ နေရာကို မြင်
နိုင်ပါသေး၏။နောက်မှ ထပ်တင်ပေါ့မယ်။ကျေးဇူးပါဗျာ။