Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ဂျမာအတ်(၁၀)ဦးအသတ်ခံရမှုအတွက် မော်လဝီအဖွဲ့ဝင်များက ဒေါ်အောင်ဆန်းစုကြည်ထံ သွားရောက်တွေ့ဆုံ

မြသဲ ( 17082011 )June 7, 20121min95514


ဇွန်(၆)ရက် ၊၂၀၁၂ခုနှစ်။

မြန်မာနိုင်ငံလုံးဆိုင်ရာမော်လဝီအအဖွဲ့ဝင်များက ရခိုင်ပြည်နယ်တောင်ကုတ်မြို့နယ်တွင် ဂျမာအတ်လုပ်ငန်း လုပ်ကိုင်သူ(၁၀)ဦးအသတ်ခံခြင်းနှင့်ပတ် သက် ၍  အမှန် အာင်ဆန်းစုကြည်ထံသို့ လာရောက်တွေ့ဆုံခဲ့ကြောင်း သိရှိရသည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ မော်လဝီများအဖွဲ့ချုပ်မှ အဖွဲ့ဝင်သည်စာနယ်ဇင်းများတွင် မွတ်ဆလင်(ကုလား)ဆိုသည့် စကားလုံး အသုံးအနှုန်းများမသုံးစွဲရန်နှင့် ရခိုင်ပြည်နယ် တွင် အသတ်ခံခဲ့ရသော ဘာသာရေးလုပ်ကိုင်သူအစ္စလာမ်ဘာသာဝင် (၁၀)ဦး သေဆုံးခဲ့ရခြင်းများကို အရေးယူဖြေရှင်းပေးရန်ဒေါ်အောင်ဆန်းစုကြည်နှင့် လာရောက် တွေ့ဆုြံ ခင်းဖြစ်သည်။

“ ဘာသာရေးလုပ်ဖို့သွားတဲ့လူတွေ၊ အသတ်ခံရတဲ့သူတွေကိုမွတ်ဆလင်(ကုလား)လို့ရေးတယ်၊ အမှန်တော့ ကျွန်တော်တို့ကအစ္စလာမ်ဘာသာဝင်တွေ ပါ။ မွတ်ဆလင်လူမျိုးပါ နောက်တစ်ခုက ဒီလူဟာနိုင်ငံတော်ရဲ့ ဥပဒေကို ဖောက်ဖျက်တဲ့အတွက်ကြောင့်ဆိုရင် ဥပဒေအတိုင်းဆုံးဖြတ်လိုက် လက်ခံတယ်၊ ကြိုက်သလို ဆုံးမ လိုက် အခုတော့ ဘုရားဖူးသွားတဲ့အစ္စလာမ်လူမျိုး ဘာသာရေး သမားတွေကို   ရက်ရက်စက်စက် သတ်ပစ် တာမြင်ရတာကျွန်တော်တို့အတွက် မတရားဘူး” ဟု မော်လဝီ များအဖွဲ့ချုပ် အဖွဲ့ဝင်ဦးဆန်းကိုကိုက ပြောသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က မိမိသည်အစိုးရမဟုတ်သောကြောင့် ရခိုင်ပြည်နယ်   တောင်ကုတ်မြို့နယ်တွင်  အသတ်ခံခဲ့ ရသော အစ္စလာမ်ဘာသာဝင်များအတွက် အရေးယူ ဆောင်ရွက်ပေးနိုင်ခြင်းမရှိသော်လည်း   နိုင်ငံလုံခြုံရေးအတွက် လူမျိုးဘာသာမရွေး ကြိုးစားဆောင် ရွက်သွား မည်ဖြစ်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ မော်လဝီများအဖွဲ့ချုပ်အဖွဲ့ဝင်များသို့ ပြောကြားခဲ့သည်။

“အရေးယူဖို့ဆိုတာကလဲ ပွင့်ပွင့်လင်းလင်းပြောရရင် အမေက အစိုးရမဟုတ်ဘူးဒါပေမဲ့ အမေအနေနဲ့ တက်နိုင်သမျှ ဒီနိုင်ငံက အားလုံးအတွက်အားလုံးလုံခြုံဖို့အတွက် ကြိုးစားသွားမယ်။ မတည်နိုင်တဲ့ကတိကိုမပေးနိုင်ဘူး။ အမေအနေနဲ့ကလဲ ဘယ်လိုလူမျိုးဆိုပြီး မခွဲခြားဘဲနဲ့ကာကွယ်ပေးသွားဖို့ ရှိပါတယ်။ သားတို့ စိတ်အေးအေး ထား၊ ဒေါသနဲ့တုန့်ပြန်မှုကပြသာနာအကြီးကြီး ဖြစ်သွားမယ်။ “ဟု အန်အယ်လ်ဒီပါတီ ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။

ရခိုင်ပြည်နယ် တောင်ကုတ်မြို့တွင် အစ္စလာမ်ဘာသာဝင်များ အသတ်ခံရမှုပြသာနာကြီးထွားလာခြင်းသည် တရားဥပဒေစိုးမိုးရေးမရှိခြင်းကြောင့်နှင့် လှုံ့ဆော်သူ ရှိနေခြင်းကြောင့် ဖြစ်နိုင်ကြောင်း ဒေါ်အောင်ဆန်းစုကြည် ကသုံးသပ်ပြောဆိုသည်။

“နံပတ်တစ်က ဥပဒေစိုးမိုးရေး ၊ နံပတ်နှစ်က လှုံ့ဆော်တဲ့လူများရှိသလားဆိုတဲ့ အတွေးပေါ့။ ဒီနိုင်ငံမှာဥပဒေစိုးမိုးရေးရှိတယ်ဆိုရင် ပထမဦးဆုံး ပြသာနာတစ် ခုဖြစ် ပြီဟေ့ ဆိုရင်ရာဇဝတ်မှုတစ်ခုဖြစ်ပြီဆိုကတည်းက အရေးယူလိုက်မယ်ဆိုရင် ဒီပြသာနာတွေဟာကြီးပွားသွားမယ်လို့ မထင်ဘူး။ ဥပဒေပိုင်းဆိုင်ရာတွေ က ဖြေရှင်း ရမယ့်ပြသာနာ၊ အမြန်ဆုံးဖမ်းရမှာ ၊ အရေးယူရမှာ ရဲတပ်ဖွဲ့နဲ့ဆိုင်တာပေါ့နော်အဲ့ဒါတွေကို မြန်မြန် ဆန်ဆန် မလုပ်နိုင်တော့ ပြသာနာတွေကတစ်ဆင့်ပြီးတစ်ဆင့် ကြီးလာတယ်။   နောက်တစ်ခုက အခြေအနေ တစ်ခုကိုလှုံ့ဆော်နေတဲ့လူ ရှိသလားဆိုတာ အခြေအမြစ်ရှိရင် ထပြီးတော့အော်ချင်နေတဲ့လူက ရှိတယ်။ ဒီလိုအော်ခြင်းက ကျွန်မတို့နိုင်ငံအတွက်ကျွန်မတို့တိုင်းပြည်အတွက် အကျိုးရှိသလား မရှိဘူးလားဆိုတာမဆင်ခြင်ဘဲနဲ့ အော်နေမယ်ဆိုရင် အဲ့ဒါကလဲ မလိုလားအပ်သ လို ပြသာာနာကြီး ထွားလာ နိုင်တယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ဇွန်(၆)ရက်သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ပြောကြားချက်နှင့်ပတ်သက်ပြီး စိတ်တစ်ဝက်   ပေါ့ပါးသွားကာ ရှေ့ဆက်၍ အမှန်တရားပေါ်ပေါက် ရန်အတွက် မျှော်လင့်နေမည် ဖြစ်ကြောင်းလာရောက်တိုင်ကြားသူ    မြန်မာနိုင်ငံလုံးဆိုင်ရာမော်လီများအဖွဲ့ချုပ်အဖွဲ့ဝင်များက ဆိုသည်။

“ကျွန်တော်တို့အနေနဲ့က ရှေ့ဆက်ပြီး ဘာဖြစ်လာမလဲဆိုတာကိုမျှော်လင့်ရုံပဲရှိတယ်။ အမေပြောသလိုပဲ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ပြီးသွားမှာကိုပဲ မျှော်လင့်ပါ တယ်။ ဒေါ်အောင် ဆန်း စုကြည် နဲ့တွေ့ပြီးသွားတော့ စိတ်တစ် ဝက်ကတော့ ပေါ့ပါးသွားတယ် ။ နောက်တစ်ဝက်ကတော့ရှေ့မှာလာမယ့်အရာတွေကို ကြည့်ပြီးတော့ မျှော် လင့် ရမှာပေ့ါ” ဟုမြန်မာနိုင်ငံလုံးဆိုင်ရာ   မော်လီများအဖွဲ့ချုပ်အဖွဲ့ဝင် ဦးလင်းကိုကိုကပြောသည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ မော်လဝီများအဖွဲ့ချုပ်အဖွဲ့ဝင်များသည်မြန်မာနိုင်ငံအစ္စလာမ်သာသနာရေး အဖွဲ့(၅)ဖွဲ့ ကိုယ်စား အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ခေါင်းဆောင် ဒေါ်အောင် ဆန်းစုကြည်နှင့်တွေ့ဆုံခြင်း ဖြစ်သည်။

Credit to ( by Shwe Myitmakha Media Group )

 

အမေဝင်ပါပြီဆိုရင်တော့ စိတ်အေးရပါပြီ။ မလိုလားအပ်ပဲပြသနာကြီးသွားမှာစိုးမိတာပါ။ သူတို့စိတ်အေးသွားသလိုကျွန်မလဲ ဒီသတင်းကြားတော့ တော်တော်လေး စိတ် အေးသွားပါတယ်။

( ကူးယူဖေါ်ပြခြင်းဖြစ်ပါတယ်။ ပွိုင့်မပေးပါနဲ့သဂျီး။ )

14 comments

  • စိန်ဗိုက်ကလေး

    June 7, 2012 at 10:19 am

    ကို အူးလေး အန်တီ ဂျီးဒေါ် အရီးအန်တီသဲနုအေးခင်ဗျား..
    မနေ ့ကတော့ တစ်စွန်းတစ်စ ဖတ်ပြီးပါဘီ…
    အားလုံး ငြိမ်းချမ်းစွာ ပြီးဆုံးပါစေ၊ ဥပဒေအတိုင်း ဆောင်ရွက်ပေးကြပါစေလို ့ပဲ မျှော်လင့်ပါတယ်..
    တင့်ခရု

    • Thel Nu Aye

      June 7, 2012 at 10:30 am

      ကော်မင့်အတွက်ကျေးဇူးပါ။ ဘာပဲဖြစ်ဖြစ် ဒီမနက်သတင်းစာထဲမှာလဲ စုံစမ်းရေးတွေ ဘာတွေ ဖွဲ့ပြီး တာဝန်ပေးတယ်ကြားတော့ ဘာပဲဖြစ်ဖြစ် အေးအေးချမ်းချမ်းဖြစ်စေချင်တာပါပဲ အေ။ ညီးမလဲ နာမည်ကိုအတည်တကျမဖြစ်ဘူး။ အကြွေးရှင်မိသွားမှာစိုးလို့ နာမည်ပြောင်းနာမည်လွှဲ လုပ် နေတာလား။

  • မောင်ပေ

    June 7, 2012 at 11:42 am

    သစ်ထူးလွင်ထဲမှာ ဓါတ်ပုံကြည့်ရတယ် ။ အမေစုနဲ ့မျက်နှာချင်းဆိုင်က တစ်ယောက် က အမေစု လက်ကို ကိုင်ထားတာလားမသိဘူး ။ နောက်ပြီး အားလုံးရဲ ့မျက်လုံေးတွဟာ ပြူးပြီး ကျွတ်ထွက်ကြတော့မယ့်အတိုင်းဘဲ ။
    အနိစ္စ ဒုက္ခ
    ဗုဒ္ဓ ကယ်ပါ့ဘုရား

    • Thel Nu Aye

      June 7, 2012 at 11:54 am

      ဟုတ်တယ် အမေ့ကို လက်ကိုင်ထားတာ။ သူတို့က နစ်နာသူပြန်ဖြစ်သွားတာပေါ့လေ။ တရား ဥ ပဒေကို မယုံကြည်ရာကနေ ဒေါသအလျောက်တွေဖြစ်ကုန်တော့ သူ့အမှားကနေ ကိုယ့်အမှားဖြစ် ရတော့တာပေါ့။ တရားဥပဒေသာစိုးမိုးခဲ့မယ်ဆိုရင် ဒီလိုနောက်ဆက်တွဲ ဖြစ်ရပ် ဆိုးတွေ ဖြစ် လာမှာမဟုတ်နိုင်ပါဘူး။ အခုတော့ သူစမှားခဲ့ပေမဲ့ မှားခဲ့ကြတာချင်းအတူတူပေမဲ့ ကိုယ့်အမှား ကပိုကြီးတော့ ကိုယ်ကပြန်တောင်းပန်လိုက်ရတော့တာပေါ့။

  • than shwe

    June 7, 2012 at 12:08 pm

    မော်လီဆပ်ရေ….
    မွတ်ဆလင် ဆိုတာ လူမျိုးမဟုတ်ပါဘူး…..
    မော်လဝီတို.ကို က အဲလိုပြောေတော. ကျွန်တော်တို.က ဘယ်လိုရှင်းရမလဲ

  • kai

    June 7, 2012 at 12:15 pm

    A Muslim, also spelled Moslem,[1] is an adherent of Islam, a monotheistic Abrahamic religion based on the Qur’an—which Muslims consider the verbatim word of God as revealed to prophet Muhammad—and, with lesser authority than the Qur’an, the teachings and practices of Muhammad as recorded in traditional accounts, called hadith. “Muslim” is an Arabic word meaning “one who submits to God”.

    လွယ်လွယ်ဆိုရရင်.. မွတ်ဆလင်ဆိုတာ.. လူမျိုးမဟုတ်.. မည်သူမဆိုမွတ်ဆလင်ဖြစ်နိုင်ပါတယ်..
    မွတ်ဆလင်ဆိုတာ.. အစ္စလမ်သာသနာကို သက်ဝင်ယုံကြည်သူကို ခေါ်တာပါ..။
    ဂျူးနဲ့ သဘောတရားအတူတူလို့ဆိုရမယ်..

    ဆိုတော့..
    ဗုဒ္ဓသာသနာကို သက်ဝင်ယုံကြည်သူတွေကို.. Buddhist ခေါ်သလိုပေါ့..
    မည်သူမဆို.. ဘုတ်ဒစ်ရှ်ဖြစ်နိုင်ပါတယ်…

  • Thel Nu Aye

    June 7, 2012 at 12:23 pm

    အင်းလူမျိုးတမျိုးအကြောင်း၊ သူ့ဘာသာအကြောင်းသေသေချာချာမသိရင်တော့ အဲလိုအခေါ်အဝေါ် လွဲမှား မှု့ပြသနာလေးတွေ ရှိနိုင်ပါတယ်။ နားလည်တတ်ကျွမ်းသူများက သေချာတိကျစွာရှင်းလင်းပြမယ် ဆိုရင် တော့ အခေါ်အဝေါ်တွေ မှန်လာနိုင်မှာပါ။ ရှင်းရှင်းပြောရရင် ကျွန်မလဲဘယ်ဟာလူမျိုး၊ ဘယ်ဟာ ဘာသာ၊ ဘယ်လိုကွဲပြားမှု့တွေရှိတယ်ဆိုတာ သေချာ မသိသေးဘူးဆိုတာဝန်ခံပရစေ။

  • လင်းဝေ

    June 7, 2012 at 12:57 pm

    ဟာဂျီမ မသဲနုအေးခင်ဗျား,

    ဂျမာအတ် ဆိုတာ ဘာတုန်း။ မော်လဝီ ဆိုတာဘာတုန်း ဦးကြီးတို့ကမသိဘူး။ ဘာကိုပြောတာတုန်း။
    တို့ကြားဖူးတဲ့ မော်လဝီ ဆိုတာ အလယ်တန်းသမိုင်းမှာ ပါတဲ့ မော်လဝီနဲ့ယောဂီ စာအုပ် ကြောင့် အဓိကရုဏ်းဖြစ်ကြတယ် ဆိုတာပါပဲ။

    တကယ်တော့ဗျာ ဒါ အင်္ဂလိပ်ကြောင့်ဖြစ်မယ်ဗျ။
    ခင်ဗျားတို့ကိုလည်း ခင်ဗျားတို့မူရင်းနေရပ်ကနေ အတင်းခေါ်လာပြီး ခိုင်းစားတယ်။
    ဒီဒေသမှာလည်း မူလနေရင်း လူမျိုးတွေနဲ့ ပြဿနာတွေဖြစ်လာနိုင်တာကို မသိယောင်ဆောင်ပြီး ဖုတ်ဖက်ခါ ထွက်သွားကြတယ်။ ယင်းဂလိပ်တွေကို ခေါ်ပြီး ရှင်းခိုင်းရမယ်ထင်တယ်။
    အင်္ဂလန်မှာ ခိုလှုံခွင့်ပေးခိုင်းလိုက်ရမယ်။

    • Thel Nu Aye

      June 7, 2012 at 1:29 pm

      ကိုလင်းဝေ ကျွန်မကို ဘာကြောင့်များ ဟာဂျီမ လို့ခေါ်ရတာလဲ။ ကျွန်မ ဘာမှလဲမရေးပါဘူး။ ပိုစ့်ကိုသေချာမဖတ်ဘူးမှတယ်။ ဒီပိုစ့်တင်တာနဲ့ ဒါပဲဆိုပြီးရမ်းတုတ်လိုက်တာပဲ။

      “ခင်ဗျားတို့ကိုလည်း ခင်ဗျားတို့မူရင်းနေရပ်ကနေ အတင်းခေါ်လာပြီး ခိုင်းစားတယ်။”

      ဘာကိုဆိုလိုပါလိမ့်။ ကျွန်မမှတ်ပုံတင်ပြရမလား။ မွေးစာရင်းပြရမလား။ မန်ဘာ အဟောင်းဖြစ် ပါလျှက်နဲ့ ဒီလိုဘာ့ကြောင့်ရမ်းရေးရသတုန်း။ သိချင်ရင် သူတို့သွားမေး။ ကျွန်မမသိပါဘူးလို့ လဲပြောပြီးသား။ ကျွန်မက အမေစု ဆောင်ရွက်ချက်ကိုသတင်းအနေနဲ့ပဲတင်ပါ။ ဘာသာရေး လဲမပါဘူး။ အပေါ်ကကော်မန့် မှာလဲရေးထားပြီးသား။ စာကုန်အောင်မဖတ်ပဲ မရမ်းပါနဲ့။ ဒီပြသနာနဲ့ပါတ်သက်လို့ အချင်းများမှာစိုးလို့ Tag မှာပါထင်ရှားအောင်ရေးထားတာ။ ရှင်တို့က ပြသနာကိုကြီးအောင်လုပ်ချင်တဲ့သူတွေပဲ။ အခြေအတင်တွေဖြစ်အောင်လုပ်ပြီး မီးကြီးအောင်ရှို့တဲ့သူတွေပဲ။

  • Lwin Aung

    June 7, 2012 at 1:20 pm

    What is Malawi? Government should open to describe a lot of criminal cases at Buthiton.
    It is dangerous place for women teachers.

  • SkyHeart WinKo

    June 7, 2012 at 1:39 pm

    သင့်ကြောင့်တိုင်းပြည်အတွက်ကျိုးစားနေသူတွေမထိခိုက်ပါစေနှင့်
    နုိုင်ငံရေး၊ဘာသာရေး၊လူမျိုးရေး၊လူမူ့ရေး ခွဲခြားနားမလည်အောင် လုပ်ထားသူက ခွပ်ခိုင်းတိုင်း ခွပ်နေကြရင် commander စားသွားမယ် သတိထားပြီး နေပေးကြပါ။
    ဥပဒေမဲ့ တိုင်းပြည်မဟုတ်ခဲ့ရင်လျှင် ဘယ်သူကတာဝန်ရှိတယ်ဆိုတာ နားလည်ကြမှာပါ။ ဂျာအေး သူ့အမေရိုက်တဲ့ ပုံစံမျိုး ဖြစ်ခဲ့ ရင် ကျွန်တော်တို့ သွားပြီဗျာ။
    ဗိုလ်ချူပ်ပြောခဲ့သလို သောက်ကျင့်တွေ ပြင်ကြပါ။ သေချာစဉ်းစားပြီးမှ ရေးကြပါ၊ ဝေလေလေနဲ့ ထင်ရာတွေကိုပြော ထင်ရာတွေကိုရေး နေရင် တိုင်းပြည်အတွက် အမှိုက်တွေပါ။
    ဒို့ဗိုလ်ချူပ်ကိုလည်း မုဒိန်းကောင်တွေခေါ်လါတယ်ဆိုပြီး သောက်ရူးတွေ ပြောခဲ့ဘူးပါတယ်။
    ဗမာပြည်လွတ်လပ်ရေးအတွက် အာဇာနည် တွေထဲမှာ အားလုံးပါကြပါတယ် သတိရကြမှာပါ။ တိုင်းပြည်တိုးတက်ရန်အတွက် လက်တွေလိုနေတာပါ၊ ပါးစပ်တွေမဟုက်ပါဘူးကွာ။
    ၈နှစ်ရှိပြီ ငါစောင့်နေပါတယ်။
    စည်းကမ်းရှိဖို့ဘယ်သူ့ကိုပြောတာလည်းမသိဘူး၊ စည်းကမ်းရှိတဲ့မြို့ပြကြီးမှ မတည်ဆောက်ရသေးဘဲ စည်းကမ်းဆိုတဲ့ စကား ကျွန်တော်တို့ နားမလည်ပါဘူး။ တိုင်းပြည်ကိုတစ်ကယ်တိုးတက်စေချင်လျှင်
    ( ရှေ့ကသွားလျှင် အီးမပေါက်နှင့် နောက်ကလိုက်လျှင် ဖိနပ်မနင်းနှင့် )
    မည်သည့်ဘာသာမဆို မျက်လုံးမှိတ်ပြီး မကိုးကွယ်ပါနှင့်ဘာသာဆိုတာ ယုံကြည်ချက်နှင့် သက်ဆိုင်တဲ့အတွက် ဘာသာပြောင်းတိုင်း လူမျိုးပြောင်းသွားတယ်လို့ထင်နေသမျှ ဒို့ဗမာတွေအလိမ်ခံနေရမှာပါ။
    (BURMA =MYANMAR)
    ကောလဟာလနှင့် အာချောင်နေမယ်ဆိုရင် မျိုးချစ်စိက်မရှိသူပါ။
    သမိုင်းကြောင်းကိုပြောရင် ငါကိုယ်တိုင်မျိုးစစ်ရဲ့လါး ရှက်ရပါတယ်၊ အရီးကြီးခေတ်လေ……………..ဒို့ဗမာတွေ ဘယ်လောက်ပြုပြင်နိုင်မှာလည်းတော့ မသိပါဘူး၊အသိနှင့် လုပ်ရပ်တွေလွဲနေပါတယ်၊ ရီစရာမဟုတ်ပါ၊ နိုင်ငံခြားသားတစ်ယောက်ကို မတော်တဆ တိုက်မိခဲ့လျှင် နိုင်ငံခြားသားက ဆောရီးတဲ့၊ ဗမာက မင်းဘာကောင်လည်းဆိုပြီ ရန်ဖြစ်ကြတယ်၊ နိုင်ငံခြားသူတစ်ယောက်ကို အရမ်းလှတယ်လို့ ပြောလျှင် နိုင်ငံခြားသူက သိုင်းကျုးတဲ့၊ ဗမာသူက ပါးကျိုးမယ်၊ ဟိုဟာစားတဲ့လေ……….
    ဪ……. ဒို့ဗမာတွေ ရှက်စရာကြီးကွာ။
    ကိုယ့်ရဲ့လူတွေကို ပြုပြင်နေရင်းနဲ့ အမေမောနေမှာကို သားစိုးရိမ်မိပါတယ်၊ မလွယ်ပါဘူးအမေစုရယ်။
    လူသားအကျိူးပြုဂီတဥယျာဉ် (၀၉၅ဝ ၈၂၈၀၈) ဝင်းကိုလှိုင်

  • SkyHeart WinKo

    June 7, 2012 at 2:03 pm

    ကြေးမုံ(၇.၆.၂၀၁၂)စာမျက်နှာ၁၀(မေတ္တာခြုံမှ လုံမည်သာ)
    ဒို့ဗမာတွေ ကားပျက်လို့ ဝိုင်းတွန်းပေးမဲ့ စိတ်ဓါတ်လေးရှိခဲ့လျှင် ကျေနပ်မိပါတယ်။
    ကိုခင်မောင်ဌေး (ပညာရေး) ရယ်………
    အဲဒီလို ကူညီခဲ့တဲ့ ကျွန်တော်က မင်္ဂလါတောင်ညွန့်မှာ ယခုထိ အမူ့ပတ်ပြီး တာမွေလူမိုက်ကြီး ဖြစ်သွားခဲ့ပါတယ်။
    လူသားအကျိူးပြုဂီတဥယျာဉ် (၀၉၅ဝ ၈၂၈၀၈) ဝင်းကိုလှိုင်

  • SkyHeart WinKo

    June 7, 2012 at 2:25 pm

    ကြေးမုံ(၇.၆.၂၀၁၂)စာမျက်နှာ၁၀(မေတ္တာခြုံမှ လုံမည်သာ)
    ဒို့ဗမာတွေ ကားပျက်လို့ ဝိုင်းတွန်းပေးမဲ့ စိတ်ဓါတ်လေးရှိခဲ့လျှင်တောင်မှ ကျေနပ်မိပါတယ်။
    ကိုခင်မောင်ဌေး (ပညာရေး) ရယ်………
    အဲဒီလို ရန်ပွဲဝင်တားရင်း ကူညီခဲ့တဲ့ ကျွန်တော်က မင်္ဂလါတောင်ညွန့်မှာ ယခုထိ အမူ့ပတ်ပြီး တာမွေလူမိုက်ကြီး ဖြစ်သွားခဲ့ပါတယ်။
    လူသားအကျိူးပြုဂီတဥယျာဉ် (၀၉၅ဝ ၈၂၈၀၈) ဝင်းကိုလှိုင်

  • a me

    June 10, 2012 at 3:48 pm

    အေးမီပြော ချင်တယ် အကောင်းစုံး လုပ်နိုင်တဲ့ အလုပ်တစ်ခုကတော့ သူ့တို့ ကို သူ့တို့တိုင်းပြည်အေးအေးဆေးဆေး ပြန်ပို့ လိုက်ရင်ကောင်မယ် ထင်တယ် နိုင်ငံသာအဖြစ်တော့ လက်မခ့နိုင်ရင်တောင် အလှည်အပတ်အနေနြ့တော့ လက်ခ့နိုင်ကြာမှာပါ အခုလောလော ဆယ်တော့ သူတို့တွေ မျက်စိအရှေ့မှာ မရှိတာ အကောင့်ဆုံးပယ် ထင်ပါတယ် နျစ်ဦးစလုံး အတွက်ကတော့

Leave a Reply