Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

လှည်းတန်းလူသတ်မှုရဲ့ နောက်ဆက်တွဲ အတွင်းသတင်း

koyin sithuJune 7, 20121min77230

လွန်ခဲ့တယ့် တစ်ပတ်ကျော်လောက်က ဖြစ်ပွားခဲ့တဲ့ လှည်းတန်း (၇)လမ်း လူသတ်မှုနဲ့ ပတ်သက်ပြီး ကျွန်တော် နောက်ဆက်တွဲ ကြားခဲ့တဲ့ သတင်းနဲ့ ဝေဖန်ချက်လေး နည်းနည်းပြောပြချင်ပါတယ်။ အဖြစ်အပျက်တော့ အားလုံးသိကြပြီးတဲ့အတိုင်းပါပဲဗျာ။ ဆရာဝန်မလေးကို မီးရှိူ့သတ်လိုက်တယ်။ ဆေးရုံရောက်တော့ ဝေဒနာ မခံစားနိုင်လို့ သေဆုံးသွားရှာပါတယ်။ တရားခံကောင်လေးကလည်း ဆေးမူးနေတယ်လည်း ပြောကြပါတယ်။ ပြောကြတာတော့ အစုံပေါ့နော်။ ဒါနဲ့ ဟိုနေ့က တိုက်တိုက်ဆိုင်ဆိုင် လှည်းတန်း ၅ လမ်းမှာနေတဲ့ သင်္ဘောသီး သူငယ်ချင်းတစ်ယောက်နဲ့ စကားပြောလိုက်တဲ့အခါ အဲ့ဒီ ဖြစ်ရပ်ကို တော်တော်စုံစုံလေးသိလိုက်ရပါတယ်။ အဖြစ်ကတော့ ဒီလိုပါ….

ဘာလို့ ဒါကို အလေးထားဝေဖန်ချင်ရတာလဲဆိုတော့ လူသတ်တရားခံဟာ ကျွန်တော်တို့နဲ့ ဘဝတူသင်္ဘောသီးတစ်ယောက်ဖြစ်နေကြောင်းရယ်ပါ။ ထိုသူဟာ သင်္ဘောပေါ်တွင် 3rd Engineer အဆင့်ရှိတဲ့ အရာရှိလေးတစ်ယောက်ပါတဲ့ဗျ။ သင်္ဘောမတက်ခင်ကတည်းက ချစ်သူရည်းစားတွေ ဖြစ်ခဲ့ကြပါသတဲ့။ ဒါနဲ့ အဲ့ဒီ သင်္ဘောသီးလေးက မင်္ဂလာဆောင်ဖို့နဲ့ အတူနေဖို့အတွက် ကြိုးစားပမ်းစား ငွေရှာဖို့ သင်္ဘောတက်သွားတာ (၄)နှစ်တောင် ကြာပါသတဲ့ဗျာ။ ငွေလည်း တော်တော်လေးကို စုမိလာခဲ့တယ်ပေါ့ဗျာ။ အဲ့ဒီ အချိန်ကွာခြားချက် ကြီးလွန်းတဲ့အခါမှာ အဲ့ဒီ နယ်ကလာတဲ့ ဆရာဝန်မလေးဟာလည်း အနေဝေး သွေးအေးနေတဲ့ လူထက် အနေနီးပြီး မိမိပေါ်ကို နွေးထွေးနိုင်မယ့် ယောက်ျားတစ်ယောက် ထပ်ရသွားတယ်ဆိုတာလည်း လောက ဓမ္မတာအရ ဖြစ်သွားပါတယ်။ အဲ့ဒီအချိန်မှာ အင်ဂျင်သင်္ဘောသီးလေးက သင်္ဘောကဆင်းလာပြီး အဲ့ဒီ့ မိန်းမနဲ့ ပြန်တွေ့တဲ့အခါ ဒီလိုအကြောင်းအရာတွေ သူ အကုန်ပြန်ကြားပါသတဲ့။ နောက်ဆုံး အားလုံးကို ခွင့်လွှတ်ပါ့မယ် သူနဲ့ ပြန်တွဲပါဆိုတာ ဆရာဝန်မလေးက လက်မခံခဲ့တာနဲ့ အတ္တနဲ့ မောဟ ပေါင်းစပ်ပြီး သွေးပူပူနဲ့ အိမ်အောက်ဆင်း ဓါတ်ဆီပုံးယူ ဆရာဝန်မလေးကို ရိုက်နှက် စောင်နဲ့ပတ်ပြီး တစ်ခန်းလုံးကို မီးရှိူ့လိုက်ပါတယ်။ ဆရာဝန်မလေးက ဆေးရုံရောက်တော့ သေအံ့ဆဲဆဲမှာ ထို အင်ဂျင်သင်္ဘောသီးလေးကို အမှာစကားတစ်ခွန်းပြောသွားပါတယ်…

“သူ့ကို ခွင့်လွှတ်ပါတဲ့..”

ဒါကတော့ ဖြစ်ပျက်သွားတဲ့ ဖြစ်ရပ်ကို အကျဉ်းချုံးဖော်ပြပေးတာပါ။

တကယ်တော့ ကျွန်တော်တို့ရဲ့ အင်ဂျင်သင်္ဘောသီးခင်မျာ အချစ်မောဟ စိတ်ကြောင့် ဒေါသကို ဆင်ခြင်တုံတရားနဲ့ မထိန်းနိုင်ပဲ စိတ်အလိုလိုက်မိခဲ့လို့ ဘဝနဲ့ချီပြီး ဆုံးရှူံးမှုတွေ ခံစားရတော့မှာပါ။ ဆရာဝန်မလေးခမျာ ခွင့်လွှတ်ခဲ့ပေမဲ့ သူ့ကိုတော့ တရားဥပဒေက ခွင့်လွှတ်မှာမဟုတ်တော့ပါဘူး ဒီနေရာမှာ ကျွန်တော် အတွေးပွားမိပါတယ်။ ကျွန်တော်တို့ သင်္ဘောသီးတွေဟာ သံပြားကို ခြေနှစ်ဖက်ရောက်ပြီဆိုတာနဲ့ ကိုယ့်ကိုယ်တောင် မပိုင်ကြတော့ဘူး။ ကိုယ့်ရဲ့ အထက်လူကြီး အရာရှိနဲ့ ကုမ္ပဏီ၊ သဘာဝရာသီဥတုဒဏ်ရဲ့ ထိန်းချုပ်မှုအောက်မှာ ကုန်းရုန်းပြီး အလုပ်လုပ်ကြရတာပါ။ ပင်လယ်ထဲမှာ ကိုယ့်အသက်ကိုတောင် မပိုင်တဲ့ အလုပ်လုပ်နေကြတဲ့ သင်္ဘောသီးခမျာ ဘာလို့များ သူတစ်ပါး ကို ပိုင်ဆိုင်ချင်တဲ့ မျှော်လင့်စိတ်ကကြီးစိုးနေရပါလိမ့်။ အချစ်ကြီးလို့ အမြတ်ကြီးတယ်ဆိုတဲ့ စကားဟာ မှန်သင့်သလောက်မှန်ပေမယ့် အဲ့ဒီလိုစိတ်မျိုးထားပြီး အလုပ်လုပ်နေမယ်ဆိုရင်တော့ ကျွန်တော်တို့တွေ ပင်လယ်ထဲမှာ အလုပ်လုပ်လို့ရမယ်မထင်ပါဘူး။ ဒီခေတ်ကြီးထဲမှာ မိန်းမတွေက ပေါလာပြီး မယားကောင်းက ရှားပါးလာပါပြီ။ ကျွန်တော်တို့တွေ သွားနေရတဲ့ ခရီးဟာလည်း တစ်ပတ်နှစ်ပတ် တစ်လနှစ်လနဲ့ ပြန်လာရတာလဲမဟုတ်ပါဘူး။ တစ်နှစ်လည်း ကြာတန်ကြာပါတယ်။ အဆင်ပြေရင် ပြေသလောက် နှစ်နဲ့ချီလိုက်နေကြတဲ့ လူတွေလည်းအများအပြားပါ။ ကံကောင်းတဲ့လူတွေကျတော့လည်း သစ္စာရှိတဲ့ မိန်းမနဲ့ တွေ့ကြရသလို၊ ကံဆိုးသူကလည်း သစ္စာမဲ့တဲ့ မိန်းမနဲ့ တွေ့ကြရပါတယ်။ အဓိကက တဏှာ (တပ်မက်ခြင်း)က ဖြစ်ပေါ်လာတဲ့ အချစ်အပေါ် စိတ်ကလေးတစ်ခုအပေါ် ဆင်ခြင်တုံတရား လက်ကိုင် ထားတတ်ဖို့လိုတာပါပဲ။ ကျွန်တော်တို့ အင်ဂျင်သင်္ဘောသီးလေးလို ဒေါသစိတ်မျိုးထားရင်တော့ လူသတ်မှုတွေချည်း ဖြစ်ဖို့ရယ်ပဲ ရှိတော့ပါတယ်။ ဒါကြောင့် ရှေးပညာရှိတို့က လောကနီတိမှာ ဒီလိုဆိုထားပါတယ်။

တတ်လှစွာသော စောင်းသမားသည် စောင်းနှင့် ငါးရက် ကင်းကွာမှု

စောင်းတီကွက် ပျက်တတ်၏

တတ်လှစွာသော လေးသမားသည် လေးနှင့် ခုနှစ်ရက် ကင်းကွာမှု

လေးမြား ချိန်သား ပျက်တတ်၏

အိမ်သူမယားကောင်းသည် လင်နှင့် တစ်လကင်းကွာမူ အမူအကျင့်

ဖောက်ပြားတတ်၏။

တပည့်တို့သည်ကား ဆရာနှင့်လခွဲမျှ ကင်းကွာမူ ပညာရည် ပျက်တတ်၏

ဒါကြောင့် ယောက်ျားမိန်းမ ဆိုတာ ကျွန်တော်တို့ မခွဲဘဲ လူ လို့ပဲ မြင်ကြည့်လိုက်ပါ့မယ်။ လူဆိုတာ ကိလေသာ အတ္တနဲ့ တည်ဆောက်ထားတာပါ။ ယောက်ျား ဖြစ်ဖြစ် မိန်းမဖြစ်ဖြစ် တဏှာနဲ့ မှားတတ်ကြပါတယ်။ မှားတဲ့ အင်ဂျင်သင်္ဘောသီးဟာလည်း မှားပြီးသွားပါပြီ။ ဒီတော့ ကျွန်တော်တို့ သင်္ဘောသီးများအနေနဲ့လည်း မိန်းမဆိုတာ မိန်းမပါပဲ။ ယောက်ျားတွေအတွက် အချစ်ဆိုတာလည်း အသစ်အသစ် ဖြစ်နေသကဲ့သို့ မိန်းမတွေအတွက်လည်း အချစ်ဆိုတာ အသစ်အသစ်ဖြစ်ရန် မခက်ခဲလှပါဘူး။ အချစ်ဟောင်း မရှိတော့ရင် အချစ်သစ်နဲ့ ဆက်တွေ့ဦးမယ် သံသရာဆက်လည်နေဦးမှာပါ။  ဒီဖြစ်ရပ်ကို သင်ခန်းစာယူရင် လိမ်မာပါးနပ်စွာနဲ့ ဒေါသကိုရှေ့မထားပဲ ခွင့်လွှတ်ခြင်း၊ ဥပေက္ခာတရားနဲ့သာ ဖြစ်ပျက်သမျှ တွေ့၊ ဆုံ၊ ကြုံ၊ ကွဲ သဘောတရားလေးကိုသာ ကျွန်တော်များရဲ့ အင်ဂျင်သင်္ဘောသီးကို ကျွန်တော် ပြောပြခွင့်ရခဲ့ရင် ဒီလို ဖြစ်ရပ်မျိုးမကြုံတွေ့ပဲ အချစ်သစ်တွေနဲ့ လန်းနေဦးမယ်လို့ မျှော်လင့်ပါတယ်ဗျာ။ ခုတော့ တရားဥပဒေရဲ့ ဆုံးမမှုအောက် သွားလေဦးတော့ ကိုအင်ဂျင်သင်္ဘောသီးရေ….။

 

30 comments

  • ကိုရင်စည်သူ

    June 7, 2012 at 3:35 pm

    လှည်းတန်းနားမှာနေတဲ့ သူငယ်ချင်းတစ်ယောက်နဲ့ စကားပြောရင်း
    သိလာရတဲ့ သတင်းဖြစ်လာတာရယ် လူသတ်တရားခံက သင်္ဘောသီး
    ဖြစ်နေတာရယ်ကြောင့် ဝင်ပွားလိုက်တာပါ။
    နားသတင်းသာ ဖြစ်နေတာမို့ လွဲချော်မှုများဖြစ်နေတယ်ဆိုရင်
    ကျွန်တော် ပို့စ်ကို ပြန်ဖျက်ပေးပါ့မယ်။
    ကိုရင်ကတော့ အဲ့လို အချစ်ကြီး အမျက်မကြီးတတ်ပါဘူး…
    အရမ်းကို ချစ်တတ်၊ သနားတတ်၊ ခွင့်လွှတ်တတ်တဲ့
    သင်္ဘောသီးချစ်လေးပါလို့… ဟိ… 😳 😳
    သင်္ဘောသီးတိုင်း ချစ်တတ်ကြပါစေ… 😎

    • က်ိုကိုအိုဗာ

      June 7, 2012 at 7:29 pm

      တို့လဲ တချိန်က FG တယောက်ဖြစ်ခဲ့တာမို့..
      ထိုသင်္ဘောသီးလေးကို သနားစာနာမိပါကြောင်း
      တို့လဲ သင်္ဘောပေါ်မှာ
      အသက်ကြီးမခံချင်တာက တကြောင်း
      သဝန်တိုတတ်တာက တကြောင်း
      ထိုအလုပ်ကိုစွန်လွတ်ခဲ့ပါကြောင်း။

    • tunlinaung

      June 7, 2012 at 9:57 pm

      မည်သို.သောအကြောင်းနဲ.မှာတော့လူတစ်ယောက်ကိုဓာတ်ဆီလောင်းပြီးမီးရှို.သတ်စရာမလိုပါဘူး၊
      ခင်ဗျားတို.က သေသွားတဲ့လူကို မစာနာရာရောက်နေပါတယ်။ ဥပမာပေါ့ဗျာ သေသွားတဲ့ကောင်မလေးသာ
      ခင်ဗျာတို.ညီမလေး၊ တူမ၊ သမီးဆိုရင်ပေါ့ ဗျာ ဒီလိုစကားမျိုးပြောမှာလား။ ကိုယ်ချင်စာတက်စေချင်တယ်။
      ခင်ဗျားတို. အဆိုအရ မိန်ကလေးက သစ္စာမဲ့တယ်ပေါ့ဗျာ ။ဒီလိုသစ္စာမဲ့ရင်ဒီလိုမီးရှို.သတ်လို.
      ရတယ်ပေါ့ ဟုတ်ပါသလား။ ဒီကောင်လေးလုပ်ရပ်မှန်တယ်လို.ပြောနေတာကိုအံဩေမိတယ်ဗျာ တကယ်။
      ကောင်းလေးထက်ခင်ဗျာတို.ရဲ.မှတ်ချက်တွေကို ရွံမိတယ်။

      • ကိုရင်စည်သူ

        June 7, 2012 at 11:07 pm

        >> ထွန်းလင်းအောင် ခင်ဗျား မြန်မာစာ တတ်ရင် မြန်မာစာကို မြန်မာလိုသေချာဖတ်ပြီး
        သဘောပေါက်အောင် ဖတ်ပါ။ ကျွန်တော်မှတ်ချက်ထဲမှာ မိန်းကလေးဖက်ကို
        မစာနာတဲ့ စကားတစ်ခွန်းမှ မပါပါဖူး။ မိန်းကလေးဖက်က စိတ်မကောင်းဖြစ်သလို
        လူသတ်တရားခံရဲ့ ဖြစ်ရပ်ကို သင်ခန်းစာယူရင် အချစ်နဲ့ ပတ်သက်ရင်
        ကမူးရူထိုးလုပ်တတ်တဲ့ ဒေါသကို ဖျောက်တတ်စေချင်တဲ့ စေတနာနဲ့ပါ။

        အဲ့ဒီကောင်လေး လုပ်ရပ် မှန်တယ်ဆိုတဲ့ စကားလုံး၊ စာသားမျိုး
        ကျွန်တော်တို့ မှတ်ချက်တွေမှာ ပါနေလို့လား…
        စာသေချာမဖတ်ပဲ ကိုယ်လိုရာ ဆွဲတွေးနေတဲ့ ခင်ဗျားရဲ့ မှတ်ချက်ကိုလည်း
        ကျွန်တော်က ပြန်ရွံ့မိတယ်ဗျာ။

  • Shwe Ei

    June 7, 2012 at 4:10 pm

    ဂလိုဆိုရင်တော့ အချစ်ဆိုတာခဏခဏဖြစ်တယ်ဆိုတာကိုဘဲလက်ခံရမလား တယောက်ဆိုတယောက်ပိတောက်ဆိုပိတောက်က ပိုဖြစ်သင့်တာလား စဉ်းစားစရာတော့ဖြစ်ကုန်ဘီ။
    တော်ဘီအေ ပြန်အိပ်တာဘဲကောင်းတယ် :- Zzzzz

    • က်ိုကိုအိုဗာ

      June 7, 2012 at 8:01 pm

      အိပ်ရေးဝတာပ…

  • mayjuly

    June 7, 2012 at 4:23 pm

    သင်္ဘောသီးတော့ မုန်းတယ်ဗျာ …
    စိမ်းဆော်ံနံလို့ .. 😀
    အော် အချစ် ..အချစ် ….တယ်လည်းပူလောင်မှုတွေပေးပါလားနော် …
    ခုတော့ ပူရုံတင်မဟုတ်ဘူး မီးပါ အရှီုု့ခံလိုက်ရပီဆိုတော့ ….

  • char too lan

    June 7, 2012 at 4:36 pm

    ဟဲဟဲ …
    ရွာထဲက အချစ်ဆြာဂျီးတစ်ယောက်ပြောဖူးတယ် အချစ်ဆိုဒါ..
    ခုတ်ပီးလဲ ပြန်ပေါက်တတ်တဲ့ ပိတောက်ပင်လိုပါဘဲဒဲ့..

    • Thel Nu Aye

      June 8, 2012 at 10:47 am

      မလေးရှားပိတောက်ကတော့ ခုတ်ပြီးရင်သေရာပဲ။ ပြန်မတက်ဘူး။ ဟီဟိ ဝင်ပါကြည့်တာ။

  • Shwe Tike Soe

    June 7, 2012 at 4:54 pm

    အော်ကိုရင့်နှယ့် ကောင်းလိုက်တဲ့ပို.စ် ဖတ်ရှူမှတ်သားသွားပါတယ်… အချစ်ဟာ အသစ်အသစ်တွေဖြစ်တတ်ပါလားလို.
    သင်ခန်းစာလဲ ရမှာပေါ့… ဒေါသရှေ.ထားမှားတယ်ဆိုတာလဲ ဟုတ်ပေတာပဲ…
    အခုတော့ အိမ်ထောင်ကျဖို.ကြိုးစားရင်း ဒေါသအမှောင်ကြောင့် ကျတော့ကျပါတယ်… ဒါပေမယ့် အိမ်ထောင်မဟုတ်ပဲ လူသတ်မှု နဲ.ထောင်ကျသွားရှာတယ်…..
    အင်း စိတ်ဆိုတာ မတည်မြဲပါလား….. နော်…..
    ပြောင်းလဲတဲ့ဒဏ်ကို လူတွေ မခံနိုင်တော့ ဒေါသ၊မောဟ အမှောင်တွေထဲရောက်ကုန်ကြတော့တာပေါ့ဗျာ…

  • ကိုရင်မောင်

    June 7, 2012 at 4:59 pm

    လင်မယားစုံတွဲ သင်္ဘောတက်ခွင့်ပေးလိုက်လေ…
    ဒီစနစ်ပြောင်းပေးလိုက်ယင် နောက်ကြောင်းအေးရတာပေါ့…နော့

  • Foreign Resident

    June 7, 2012 at 5:01 pm

    အဘ မရေးရက်လို့ မရေးဘဲနေမိတာပါ ။
    ကောင်မလေးရဲ့ နောက်ဆုံး စကားလေးက တကယ့် အထွဋ်အထိပ်ပဲ ။
    ဒါကြောင့် ဟိုဒါရိုက်တာက သူများထက်ဦးအောင် သူရုပ်ရှင်ရိုက်မယ် လို့ ပြောတာ ။

    ” မီးရှို့ခံရတဲ့ လွင်ဦးချစ်သူလေးကလည်း ဆုံးခါနီးမှာ
    လွင်ဦးကို ခွင့်လွှတ်ပေးပါ ၊ သူလည်း ခွင့်လွှတ်တယ်လို့
    အတန်တန်ပြောခဲ့ရှာကြောင်း သိရပါတယ် ”

    ချစ်သူကို မီးရှို့သတ်သူ လူသတ်တရားခံ လွင်ဦးရဲ့ ဘဝအကြောင်း
    ( http://www.mmbloggers-malay.co.cc/2012/06/blog-post_3907.html?spref=fb )

    လွန်ခဲ့တဲ့ သီတင်းပတ်က ရန်ကုန်မြို့၊ လှည်းတန်းမှာ ဆေးကျောင်းတက်နေတဲ့ ချစ်သူကို
    ဓါတ်ဆီလောင်း မီးရှို့တဲ့ အမှုတစ်ခု ဖြစ်ခဲ့တယ်။

    တိုက်ခန်းတွင်း ရှိနေတဲ့ ချစ်သူကို ဓါတ်ဆီနဲ့ ပက်ပြီး မီးရှို့သူ တရားခံဟာ လွင်ဦးဆိုတာ သိရပြီး
    မီးရှို့ခံရသူ အမျိုးသမီးလေးဟာလည်း ဆေးရုံမှာ မီးလောင်ဒဏ်ရာတွေနဲ့ ကွယ်လွန်သွားတယ်လို့
    ထပ်သတင်းကြားရပါတယ်။ သူတို့ နှစ်ဦးရဲ့ နောက်ကြောင်း ဘာဖြစ်လို့ ဒီလိုလုပ်တယ် ဆိုတာကို
    ဆက်မသိရတော့ဘူး။ ကျွန်တော်လည်း ဒီလိုဘဲ မေ့မေ့ပျောက်ပျောက်လေး နေခဲ့တယ်။

    လွန်ခဲ့တဲ့ တနင်္ဂနွေနေ့ကတော့ ပဲခူးတိုင်းဒေသကြီး မင်းလှမြို့နယ်ထဲက ကျေးရွာလေးတွေဆီ
    စက်ရေတွင်းတူး လှူဒါန်းပေးဖို့ ကိစ္စနဲ့ အသွား စစ်ကွင်းဆိုတဲ့မြို့လေးကို ဖြတ်တော့မှ
    လွင်ဦးဆိုတာ ဘယ်သူ သေဆုံးသွားတဲ့ ကလေးမလေးက ဘယ်သူ ဆိုတာ သိလိုက်ရပြီး
    ဘယ်လိုဖြစ်ပျက်ခဲ့ကြတယ် ဆိုတဲ့ နောက်ခံ အကြောင်းအရာတွေကို ဒေသခံတွေက ပြောပြတာ ကြားခဲ့ရတယ်။

    ကိုလွင်ဦးရဲ့ ဖခင်က မြို့ပြအင်ဂျင်နီယာ တစ်ဦးဖြစ်ပြီး
    သူ့မိခင်က ဆရာဝန်မ တစ်ဦးဖြစ်ပါတယ်။
    စစ်ကွင်းမြို့မှာတော့ ဒေါ်ဌေးဌေးစော ဆိုတဲ့ လွင်ဦးရဲ့ မိခင်ဟာ
    နာမည်ကောင်းနဲ့ နာမည်ကြီးသူ တစ်ယောက်ဖြစ်ပါတယ်။

    လွင်ဦးဟာ စစ်ကွင်းမြို့မ ကျောင်းမှာ ကျောင်းတက်ခဲ့သူ ဖြစ်ပြီး
    ရေကျောင်းသိပ္ပံနဲ့ ကျောင်းပြီးသွားပြီး သင်္ဘောလိုက်နေခဲ့တဲ့
    ရိုးသားပြီး စာကြိုးစားတဲ့ သင်္ဘောသား အရာရှိပေါက်စလေး တစ်ယောက်ဖြစ်ကြောင်း
    စစ်ကွင်းမြို့ခံတွေက ပြောပြခဲ့ပါတယ်။

    ကလေးမလေးကလည်း မင်းလှမြို့ပေါ်က ဖြစ်ပြီး
    ဖခင် ရှေ့နေ၊ မိခင် ဆေးလိပ်ခုံပိုင်ရှင် (ယခုအခါ စက်ဘီးဆိုင်) က မွေးဖွါးလာပြီး
    စာတော်တဲ့ သူဖြစ်ပါတယ်။

    ချစ်သူချင်း ရည်ငံခဲ့ကြပြီးနောက် လွင်ဦးဟာ တစ်ပြည်ခြားကို သွားပြီး
    သင်္ဘောလိုက်နေခဲ့ချိန် ရသမျှလေးတွေ ချစ်သူနဲ့ အတူနေနိုင်ဖို့အတွက်
    ပေးပို့ စုဆောင်းနေသူ ဖြစ်တယ်လို့လည်း အသိမိတ်ဆွေတွေက ပြောပြပါတယ်။

    လေးနှစ်အကြာ ချစ်သူနဲ့ တွေ့ဖို့ အားခဲပြီး ပြန်ရောက်လာချိန်မှာတော့
    သူချစ်တဲ့ ဆေးကျောင်းသူလေးက သူ့ကို အတွေ့မခံတော့ဘဲ
    အခြားချစ်သူ တစ်ယောက်နဲ့ ကြိတ်ပုန်းခုတ်နေပြီ ဆိုတာ သိလိုက်ရတဲ့ လွင်ဦးတစ်ယောက်
    ဘယ်လိုမှ မခံစားနိုင်တော့ဘဲ အခုလို ဒေါသရှေ့ထားပြီး လုပ်မိလုပ်ရာ လုပ်ချလိုက်ရာကနေ
    နိုင်ငံကျော် အမှုတစ်ခု ရဲ့ တရားခံ ဖြစ်လာခဲ့ရတာပါ။

    လွင်ဦး အနေနဲ့ အမှုပေါင်း ၆ မှုနဲ့ အမှုဖွင့်အရေးယူခံထားရပြီး
    အင်းစိန်ထောင်ထဲမှာ တိုက်ပိတ်ခံထားရတယ်လို့ ကြားရသလို
    စစ်ကွင်းမြို့က သူ အဖေ အမေအိမ် အပေါက်ဝမှာလည်း
    မိဘတွေက ဆေးကုသမယ့် လူနာတွေကိုတောင် လက်မခံနိုင်သည်အထိ ခံစားချက်တွေ ပြင်းလွန်းနေပြီး
    “ခရီးသွားနေသည်” လို့ ဆိုင်းဘုတ်ထူ ထားတာကို ကိုယ်တိုင် မြင်တွေ့ခဲ့ရပါတယ်။
    သေဒဏ်လောက် ကျခံရနိုင်တဲ့ လွင်ဦးဟာ တစ်ဦးတည်းသော သားတစ်ယောက်လည်း ဖြစ်ပါတယ်။
    မီးရှို့ခံရတဲ့ လွင်ဦးချစ်သူလေးကလည်း ဆုံးခါနီးမှာ
    လွင်ဦးကို ခွင့်လွှတ်ပေးပါ၊ သူလည်း ခွင့်လွှတ်တယ်လို့
    အတန်တန်ပြောခဲ့ရှာကြောင်း သိရပါတယ်။

    • ကိုရင်စည်သူ

      June 7, 2012 at 11:01 pm

      အဘရေ… ဒီလို သတင်းအတိအကျလေး ပြောပြပေးတဲ့အတွက်
      ကျေးဇူးပါနော့…။ လေးစားလျက်ပါ.. အဘရေ.. 🙂 🙂
      ကိုရင်လည်း လွန်ခဲ့တဲ့ နှစ်နှစ်ကျော်လောက်က ကံမကောင်းလှစွာနဲ့ အဲ့ဒီလို
      အဖြစ်မျိုးလေး ကြုံဖူးပါတယ်။ ကိုယ်က ဝမ်းသာ အားရနဲ့
      ပြန်အလာ ဆက်သွယ်ကြည့်တော့ နောက်တစ်ယောက်နဲ့ပါတဲ့ဗျာ။
      သွေးရူးသွေးတန်းနဲ့ လုပ်မိလုပ်ရာ လုပ်တော့မယ်အချိန်မှာ
      စီနီယာဘိုဆင်ကြီးတစ်ယောက်ရဲ့ ဩဝါဒကို ခံယူရင်းနဲ့
      အချစ်ဆိုတာ ပြုတ်လေပို နူးလေ၊ ခုတ်လေ ပိုသန်လေဆိုတာကို
      သဘောပေါက်သွားပြီး အချစ်ကံခေပေမယ့် အနှစ်ကျန်စေရမယ်လို့
      နှလုံးသွင်းရင်း အချစ်သစ်တွေ မွေးဖွားနေလျက်ရှိကြောင်းပါ့ခင်ည….. 🙂 🙂

  • ahnyartamar

    June 7, 2012 at 6:41 pm

    သူ့ကို ခွင့်လွှတ်ပါ

    အဖြစ်အပျက်က ရုပ်ရှင်ဇာတ်လမ်းဆန်ပေမဲ့ တရားဥပဒေက၊ ရုပ်ရှင်ဆန်ဆန် တုံ့ပြန်မှာမဟုတ်တော့ ဒေါသနဲ့ အရာရာကိုလုပ်ဖို့ မဆုံးဖြတ်သင့်ပါဘူး။

  • kuroko

    June 7, 2012 at 7:03 pm

    ကျွန်တော့အမြင်ကတော့ နှစ်ဦးစလုံးမှန်ကြတယ်ထင်ပါတယ်…ကောင်လေးကလည်းသူ့ခံယူချက်နဲ့ သူကြိုးစားတယ်…ကောင်မလေးကလည်း (၄)နှစ်ဆိုတဲ့အချိန်ကာလမှာ နီးစပ်မှုရှိရင်တော့ ပုထုဇဉ်ပဲလေ…ကောင်လေးလည်း အပြစ်ဒဏ်တွေလျော့ပြီး…ကောင်မလေးလည်း ကောင်းရာဘုံဘဝရောက်ပါစေလို့ ပဲ ဝိုင်းပြီးဆုတောင်းပေးလိုက်ပါတယ်…

  • မောင်ပေ

    June 7, 2012 at 7:48 pm

    အဲဒီ ဇါတ်လမ်းလေး ဖတ်ရပြီး ရင်ထဲမှာ တော်တော် ခံစားလိုက်ရတယ် ။
    ဘယ်သူ က မှားသလဲဆိုတာ မပြောရဲတော့ဘူး ။ သူ ့ရှူထောင့်နဲ ့သူတော့ မှန်နေကြမှာပါဘဲ ။
    အချစ်ကြီးလို ့အမုန်းကြီးသွားခဲ့တယ် ထင်ပါရဲ ့

  • ster

    June 7, 2012 at 8:34 pm

    ကိုရင်မောင်ေ၇
    အခုလဲ အချို.ကုမ္ပဏီတွေမှာ အရာရှိတွေ( captain, cheif officer, cheif engineer, second engineer) ဇနီးခေါ်ခွင်.ရှိပါတယ်။ တော်ရုံ တန်ရုံ လူတွေတော.မခေါ်ရဲကြပါဖူး။ နောက်ဆက်တွဲ ပြဿနာတွေက ကိုယ်.ဒေါသနဲ.ကိုယ်လေ။

  • သားဦး၊မြေးဦး

    June 7, 2012 at 10:30 pm

    မိန်းကလေးက သူ ့ကိုခွင့်လွှတ်ပါ ပြောသွား
    တာလေးတော့ အံ့ဩမဆုံးပါဘူး ကိုရင်စည်သူရေ။
    ခတ္တ၊ခဏ အတွင်း ဖြစ်ပျက်သွားလိုက်ကြတာဗျာ။
    လူ ့စိတ်နှယ် ဗျာ။

  • ကိုရင်စည်သူ

    June 7, 2012 at 11:12 pm

    ကိုရင်မောင်၊ ကို ပေ၊ စတား၊ ကိုသန်းထွတ်၊ ကာရူကို၊ အညတမာ…
    ကျွန်တော် အင်္ဂလိပ်စကားပုံလေး တစ်ခုကြားဖူးတယ်..။
    ယောက်ျားတစ်ယောက်ရဲ့ အချစ်နဲ့ ရမ္မက်ဟာ မိန်းမတစ်ယောက်အတွက်
    တခါတလေမှာ လက်ဆောင်ဖြစ်နိုင်သကဲ့သို့
    တခါတလေမှာ ကျူးလွန်မှုဆိုတာ ဖြစ်နိုင်တယ်တဲ့။
    ဘယ်အရာ မဆို သတိဆိုတာ ပိုတယ်လို့မရှိပါဘူးနော့… 🙄 🙄
    ကျွန်တော်တို့လည်း အသိနဲ့ သတိကို လက်ကိုင်ထားကြရင်
    ကောင်းမယ်ထင်တယ်နော့… 😳

  • pazflor

    June 8, 2012 at 1:03 am

    လွင်ဦးက ရေကြောင်းတက္ကသိုလ်ကပါ။ ကျနော်နဲ ့မေဂျာအတူတူပါဘဲ။ ပထမတော့သူဖြစ်မယ်လို ့မထင်ဘူး။ နောက် myanmar time မှာ ဓါတ်ပုံနဲ ့အတူတကွ ပါတော့မှ သူမှန်းသိရတော့တာ။ ကျောင်းမှာ ကတည်းက သူက အနေအထိုင်ထူးဆန်းတယ်။ အပေါင်းအသင်း သိပ်မရှိဘူး။တခြားအရာဆိုးသွမ်းတာမျိုးတော့ မရှိပေမဲ့ ဂွစာ ဆန်လို ့သူ ့ကို တော်တော်ချဉ်ကြတယ်။
    ဟိုတလောကပဲ စင်ကာပူက သူငယ်ချင်းတွေ ပြောလို ့သူ သဘောင်္မလိုက်တော့ပဲ keppel မှာ ဝင်လုပ်နေတယ်လို ့ကြားထားတာ။
    နောက်နားမလည်တာက သဘောင်္လိုက်လို ့ နှစ်တွေဝေးတယ်ဆိုပေမဲ့ အကြာဆုံး ၁ဝ လပါဘဲ။ နောက် ရာထူးတိုးစာမေးပွဲ ဖြေဖို ့နေရတာနဲ ့ဆိုတော့ အရမ်းအခြားကြီးဝေးစရာတော့မဟုတ်သေးပါဘူး။
    ဘယ်လိုဖြစ်သလဲဆိုတာသေချာမသိပေမဲ့ နှစ်ယောက်စလုံးအတွက်စိတ်မကောင်းပါဘူး။ သံဝေယူစရာတွေ ပဲပေါ့ဗျာ။

    • ကိုရင်စည်သူ

      June 8, 2012 at 1:15 am

      ဟုတ်တယ် ကိုပတ်ဖလော်ရေ.. နောက်ပိုင်း ရေကြောင်းဥပဒေမှာ
      သင်္ဘောသားတစ်ယောက်က ၁ဝလထက် ပင်လယ်ထဲ မနေရဘူးဆိုပါတယ်။
      တချို့တွေကလည်း လှေသဂျီးနဲ့ အဆင်ပြေသလို ညှိပြီး ဆက်နေနေတာလည်း
      တွေ့ရပါတယ်။ ကျွန်တော် သူငယ်ချင်း အင်ဂျင်ဘက်က တစ်ယောက်ဆိုရင် ၂နှစ်နဲ့ ၈လ ဆက်တိုက် စီးလာတာတဲ့ဗျာ… အံ့ရော… နှစ်သိပ်အကြာကြီးနေတော့လည်း ရေကြောင်ကြောင်
      သွားတတ်ပါတယ်။ ကိုဖလော် ပြောပုံအရဆိုရင် တစ်ယောက်တည်းနေတာများပြီး
      အထီးကျန်ဆန်တဲ့အခါ သူအရမ်းဖြစ်ချင်တဲ့ အရာ မဖြစ်လာတဲ့အခါ
      စိတ်လွတ်ကိုယ်လွတ်ဖြစ်သွားတဲ့ ပုံပါပဲ။
      အခုလို ဖြစ်ရပ်မှန်ကို လာဖော်ပြပေးတဲ့အတွက် ကျေးဇူးပါနော့…

  • Kyaun htut

    June 8, 2012 at 1:32 am

    မှားတာရှိရင်ခွင်လွတ်ပေးပါ။
    အမျိုးသမီးရေးရာဥပဒေမှာ မိန်းကလေးကို လက်ထပ်ပါမယ်လို့ ကတိပေးပြီး ယောကျာ်းလေးက မယူဖြစ်ရင် မိန်းခလေးဖက်က တိုင်ကြားလို့ရသလို၊ အခုလိုမိန်းကလေးက သစ္စာမရှိရင် ဘယ်သူကို သွားတိုင်ရမှာလဲ။ ယောကျာ်းလေးတွေမှာလဲ အရမ်းချစ်တတ်တဲ့ လူမျိုးရှိတတ်ပါတယ်။

  • eipu

    June 8, 2012 at 9:35 am

    မိဘတွေဘက်ကတော့ ရင်ကျိုးရပြီဘဲ။ ရှိတဲ့သားလေးတယောက်က နာမည်ဆိုးနဲ့ကျန်ခဲ့ပြီ။

  • Thel Nu Aye

    June 8, 2012 at 10:53 am

    အနေဝေးလို့ သွေးအေးတယ်ဆိုရင်တော့ အဲလိုခံစားချက်ရှိတဲ့မိန်းကလေးက သင်္ဘောသားကို မယူသင့်ပါ ဘူး။ သူ့သဘာဝက အမြဲအနေဝေးနေတာပါ။ အနေဝေးမှလဲ စီးပွားဖြစ်မှာဆိုတော့ ဝေးဝေးကလွမ်းနိုင်မှ သင်္ဘောသားကို စိတ်ကူးသင့်ပါတယ်။

  • မဟာ ထမိန်ကြီးဝါဒ

    June 8, 2012 at 11:29 am

    သေခါနီးတောင် နာမည်ကောင်းက ယူသွားသေးတယ်…သူ.ကိုခွင့်လွှတ်ပါတဲ့။

  • ပေါက်စိန်ဗိုက်

    June 8, 2012 at 12:59 pm

    ကိုရင်စိလဲ သင်္ဘောက ပြန်လာရင် ကမူးရူးထိုး လျှောက်လုပ်ရဘူးနော်..
    ကျုပ်ကတော့ အသဲပေါက်ရင် အကုန်လုပ်တတ်တယ်ဗျ..
    ပြီးရင်တော့ လုပ်ပြီးသမျှအတွက် စိတ်မကောင်း..
    အင်း..
    တဒင်္ဂ စိတ်လေးတွေ မထိန်းနိုင်တဲ့ သဘောပေါ့..
    တောထွက်တာပဲ ကောင်းပါတယ်ဗျာ..
    တတ်တာ

  • ster

    June 8, 2012 at 2:56 pm

    သင်္ဘောသားများ၊ သင်္ဘောလိုက်မယ်.သူများအတွက် သတိထားရမယ်.၊ ဖြစ်လေ.ရှိတတ်တဲ.၊ သင်ခန်းစာယူသင်.တဲ. အဖြစ်အပျက်ပါ။
    တစ်ယောက်နဲ.တစ်ယောက် ယုံကြည်မှု.လိုသလို၊ ယုံကြည်မှု.ကို အလွဲသုံးစားမလုပ်ဖို.လိုပါတယ်။ သံသယများမယ်ထင်ရင် သင်္ဘောမလိုက်တာ ကောင်းပါတယ်။ သင်္ဘောလိုက်မယ်ဆိုရင်တော. စိတ်လျှော.ထားပြီး ယုံကြည်ပေးထားရင် ကောင်းပါတယ်။

  • a me

    June 10, 2012 at 3:41 pm

    သတင်း စစ ရချင်းပဲ နှစ်ယောက် လု့းဘတ်ကနေ တွေးပေးပါတယ် အေမီလည်း အဲ့လိုထင်လိုက်ပါတယ် သူ အလုပ်လုပ်နေတဲ့ အတော အတွင်း သူမ က ဒီလိုတွေ နေနေမယ်ဆိုတာ သူသိပါ့မလားပေါ့ သိရင်လည်း
    သူသ ကိုယ်ကိုယ် လုံးဝ သည်းခံနိုင်မှာ မဟုတ်ဘူးလေ အေမီးဆိုလည်း ဒီလိုပဲနေမျာပါ အဲ့ဒါကြောင့် နှဥိး လုံးကိုယ်နားလည်နိုင်ပါတယ်

    • ကိုရင်စည်သူ

      June 10, 2012 at 3:50 pm

      အဲ့လို မျှတတွေးတတ်တာလေးရယ်၊ သည်းခံနိုင်မယ့် စိတ်ဓါတ်လေးကတင်
      အေမီလေးက သင်္ဘောသီးကတော်ဖြစ်ဖို့ ပါရမီတွေပါလာပြီးသားဆိုတာ
      ကိုရင် ဗေဒင်မတွက်လည်းပဲ အပိုင်ဟောပြီးသား… 🙄 🙄
      အေမီလေးရော… ဗေဒင်လေးလက္ခဏာလေး မတောက်တခေါက်တွက်တတ်တဲ့
      ရုပ်ချောသဘောကောင်းတဲ့ ရွာထဲက သင်္ဘောသီးလေးတစ်ယောက်ကို
      စိတ်ဝင်စားရားဟင်… 😳 😳

Leave a Reply