Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

လရောင်လမ်း

htet wayJune 8, 20121min47714

လူသံတွေ တိတ်နေတဲ့ ညတစ်ညမှာ ကျွန်တော် လရောင်ထဲ လမ်းလျှောက်နေမိပါတယ်။ရာသီဥတု ကကြည်စင်လို့ လရောင်က ဝင်းပ ကြည်မြနေတယ် ။မြို့ပြင်လမ်းမထက်မှာ ကျွန်တော် လျှောက်နေမိတာပါ။
ကျွန်တေညာ်က လရောင် လှုံသလိုမျိုး ဖြေးဖြေး မှန်မှန် တနွဲ့ နွဲ့ တစ်လှမ်းချင်း လျှောက်ရင်း လေနုအေးရဲ့ အရသာကို ခံစားလို့ ။ပုဇင်းရင်ကွဲတွေကလည်း ရင်ကွဲအောင်အော် နေသလား ထင်မိ။လမ်းဘေးမှာတော့ သစ်ပင်ကြီးတွေ ဟိုနေရာနည်းနည်း ဒီနေရာစုစု ပေါက်နေတယ်။ လရောင်ဆမ်းထားလိ်ု့ ဝင်းဝင်းပပ ရွေရည်လူးထားသလို။ အပင်အုပ်အုပ်ကြီးတွေကို လရောင်ထိုးဖေါက်လို့ မရနိုင်ပေမယ့် တစ်ချို့ သစ်ပင်တွေက တော့ သစ်ရွက်ကြိုကြားက လရောင်ဟာ ဆလိုက်ထိုး ထားသလို လင်းလို့နေတယ်။
ကျွန်တော်က လရောင်ထဲပြေးထွက်လာသူပါ မွန်းကြပ်မူတွေကို ခဏဖျောက်ချင်လို့ လရောင်ကို အဖေါ်ပြုမိတာပါ။ ထနောင်းခက်ကြိုကြား လရိပ်တိတ်တခိုး လင်းဖျော့ဖျော့ မှိန် အလင်းသဲ့သဲ့ ပျံဝဲ ….နုတ်က သီချင်းကို
တီးတိုးရွတ်မိတယ်။ လမ်းမက လရောင်နဲ့ ပြောင်းဝင်းလို့ တစ်ချက်တစ်ချက်ညည့်ငှက်အော်လိုက်သံကို ကြားရတယ်။ခပ်ဝေးဝေး ရွာစုလေးက အသံချဲ့ စက်သံ ကိုကြားမိတယ် ။ တွံတေးသိန်းတန်ရဲ့ သီချင်း
“ပန်းနွယ်က စိမ်းတဲ့ ” ကျေးလက်က မမေ့နိုင်သေးတဲ့ သီချင်းလေးပါ။
ကျွန်တော် လမင်းကြီးကိုမော့ ကြည့်မိပြန်ပါတယ် ။ လရောင်ဟာ စိတ်ကိုထွေးပြားစေတယ်တဲ့ ။ လသာညတွေဟာ ချစ်သူတွေ အတွက်တဲ့ လွမ်းစိတ် မျှော်ခေါ်စိတ်ကိုဖြစ်စေတယ်တဲ့ ..။ကျွန်တော် အရွယ်ကတော့ လွမ်းစိတ်ကို မဖြစ်စေနိုင်တော့ပါ။ မိတ်ဆွေများကိုတော့ သတိရမိပါရဲ့ ။ မိတ်ကောင်းဆွေကောင်းတွေ ဒီ အချိန်မှာ အိပ်ပျော်နေကြပြီလား ။ ကိုအောင်မြင့်ကြီး ကွန်ပျူတာရှေ့ ထိုင်လို့ စာရေးနေသေးလား ကို ဘလက်ချော တစ်ယောက် ရော အိပ်ပျော်နေပြီလား အကျိုးပြု စာတွေရေးနေတုန်းလား ။ဂေဇက်ရွာသားတွေရော အိပ်ကုန်ပြီလား
သူတို့ အပေါ်လည်း လရောင်တွေ လင်းပါစေ
ကျွန်တော် လှမ်းကြည့်လိုက်တော့ ရွာတန်းရှည်လေးမှာ မီးတွေမှိတ်လို့ မည်းမည်း ပျပျ ။ လယ်သမားတွေလေ ရွာသား လယ်သမားတွေ အိပ်မက် မက်နေလောက်ပြီ ။ စည်ဗျောသံကို မျှော်လင့်နေကြပြီ။သူတို့ စိတ်ကူးထဲက စပါးပုံ ကြီး ဟီးထနေလောက်ပြီ။ မနှစ်က လယ်ထွက်နုန်း ညံ့ လို့ ရက်ရွေ့လိုက်ရတဲ့ မင်္ဂလာဆောင် စုံတွဲ အလွမ်းတွေနဲ့ အိပ်မပျော် စိတ်တွေ လေးလံနေခဲ့ကြသလား။ အကြွေးတွေ ၊ စပါးပေး ယူထားတာတွေ မပေးနိုင်လို့ တရားစွဲခံရသူတွေ ရော စိုးထိတ်နေပြီလား။ သူတို့ ရဲ့ အသားမာလက် ၊ သူတို့ရဲ့ ရိုးသားတဲ့ ချွေးစက်တွေ သူတို့ရဲ့ ရိုးသားတဲ့ အပြုံးတွေ အော် …လယ်သမားတွေ ။
သူတို့ အပေါ်လည်း လရောင်တွေ လင်းပါစေ
ကျွန်တော် ဖြတ်လျှောက်လာတဲ့ လမ်း နံဘေးက လယ်တဲလေးတွေမှာ ခြင်ထောင်တွေ ထောင်လို့ လယ်ကူလီလေးတွေ သူရင်းငှားတွေ ။ သူတို့တွေရဲ့ တစ်နေ့တာ ပင်ပန်းမူကို အိပ်စက်ခြင်းတွေနဲ့ အပန်းဖြေလို့ ။ခွန်အားနဲ့ ရင်းမှ ငွေရတဲ့ ဘဝ ၊ ပင်ပန်းရှာမပေါ့လေ။ သူတို့တွေ KTV မသိဘူး မာဆတ် မသိဘူး ပလက်ဖေါင်းပေါ်မှာ အကွက်မချောင်းတတ်ဘူး။ မုသား စကားမသုံးတတ်ဘူး ရိုးသားရဲရင့်သူတွေပါ။ အဂတိလိုက်စားတယ် ဆိုတာ မသိဘူး
လက်ဖက်ရည် ဆိုင်ယဉ်ကျေးမူမသိဘူး။ သူတို့ရဲ့ နံနက်စာ အဆာပြေဟာ ထမင်းကြမ်းနဲ့ ငါးပိရည် ကိုသူတို့ မက်မောကြတယ်။
သူတို့ အပေါ်လည်း လရောင်တွေ လင်းပါစေ
ကျွန်တော် အပြန်လမ်းမှာ လရောင်က အစွမ်းကုန် သာနေလေရဲ့ ။ လေနုအေးက နွဲ့နေလေရဲ့။ ဘဝအမောတွေ ကြားမှာ ကျွန်တော် အသက်ရှူကြပ်ခဲ့ရပါတယ်။ ကျွန်တော် လောကဒဏ်အထု အထောင်းမှာ ရှင်ကွဲ ကွဲခဲ့ရပါတယ်။ ခြွေစွန့်တာကို ခံခဲ့ရတယ်။မမြဲတရား ကို ရင်ဆိုင်ပြီး ကျွန်တော်ရဲ့ တေလေ ခရီးကြမ်းမှာ ကိုယ့်ဇာတ်ကို ကိုယ်မေ့လို့ ကိုယ့် အလွမ်းကိုယ်သိမ်းထုပ်လို့ နေလာခဲ့ရတယ်။အခု လရောင်လမ်းမှာကျွန်တော် တေးသီနေပါတယ်။ လွတ်လပ်မူလေပြေကို တရှိုက်မက်မက် ရှူ ရှိုက် လို့ ။
ချစ်သူအပေါ်လည်း လရောင်တွေ လင်းပါစေ
မြို့ အဝင်လမ်းမှာ တော့ မီးရောင်တွေ လင်းလက်နေတယ် ။ မြို့ဆိုတဲ့ လူ နေမူစနစ်ကြားထဲ ကျွန်တော်တိုးဝင်ရအုံးမယ်။မြို့ ပေါ်မှာ စာပေမိတ်ဆွေတွေရှိတယ် ။ စာပေကို လေးစားကြ မြတ်နိုးကြတဲ့ လူတစ်ချို့ရှိတယ်
လစဉ် ဂျာနယ်ဖတ်သူတွေ ရှိကြတယ် သူတို့တွေ ရသ ကို တန်ဖိုးထားကြတယ် သတင်းတွေကို စိတ်ဝင်စားကြတယ်။ အမှန်တရားကိုူ မြတ်နိုး ခဲ့ကြတယ်။တရားမျှတမူကို လိုလားကြတယ်။စာပေသမားတွေကို ချစ်ခင်ကြတယ်
သူတို့ အနုပညာကို တန်ဖိုး ထားကြတယ်လေ။
သူတို့ အပေါ်လည်း လရောင်တွေ လင်းပါစေ
ကျွန်တော် လမ်းမပေါ်ရောက်တော့ သဘာဝ လရောင်ကို မခံစားရတော့ ဘူး ရနံ့သင်းတဲ့ လေညှင်း ကို မရတော့ ဘူး ။သို့သော် ကျွန်တော်ကလည်း နယ်မြို့ကလေးမှာနေခဲ့တာလေ။ ဒီ ရပ်ဝန်းက ကျွန်တော် အသားကျခဲ့တဲ့နေရာ ။ အတင်းတွေ တလွဲ စွပ်စွဲချက်တွေ ထင်မြင်ချက်တွေ တဖက်သတ် စီရင်ချက်တွေ …..ဒီနေရာမှာရှိနေတယ်လို့ ကျွန်တော် ထင်မိပါတယ်။ကျွန်တော်ရဲ့ စိတ်က မြို့ပြင်လောက် မလတ်ဆတ်တော့ ဘူး။
ဖြတ်သွားရင်း အိမ်တစ်အိမ်က မေတ္တာပို့သွ ကြားရပါတယ် “အရှေ့ အရပ်၌ ရှိသော အနန္တစကြာဝဋ္ဌာ …အနန္တ သတ္တဝါတို့ ဘေးရန်ခပ်သိမ်း ငြိမ်းကြပါစေ….။ ကျွန်တော် စိတ်ထဲ ကြည်းနူးမိတယ်။မေတ္တာတရားရဲ့ အေးမျှမူ ကိုဖြန့်ထွက်တွေးမိပြန်ပါတယ်။ လောက၌ သွေးထွက်သံယိုမူတွေ အနိုင်ကျင့်မူတွေ စစ်ပွဲတွေ …..ကင်းဝေးနေရင် ကမ္ဘာကြီး လှပသာယာမယ်လေ။စိတ်အတွင်းက မေတ္တာဓါတ်တွေ ယိုဖိတ်ကြပြီး အော်..မေတ္တာပို့နေသူပါလားလို့တွေးမိရင်း ကြည်နူး ပီတိ ဖြစ်လို့ ။မေတ္တာထားသူတွေ အပေါ်လည်း လရောင်တွေ လင်းပါစေ။ ကိုယ်ချင်းတတ်စာသူတွေ အပေါ်လည်း လရောင်တွေ လင်းပါစေ
တရားသူရှိသူတွေအပေါ်လည်းလရောင်တွေ လင်းပါစေ။ငြိမ်းချမ်းရေးဖေါ်ဆောင်သူတွေ အပေါ်လည်း လရောင်တွေ လင်းပါစေလို့ ၊ အများအကျိုးတွက် ထမ်းရွက်သူတွေ အပေါ်လည်းလရောင်လင်းပါစေ
ကမ္ဘာသူ ကမ္ဘာသားတွေ အပေါ်လည်း လရောင်တွေ လင်းပါစေ…

14 comments

  • htet way

    June 8, 2012 at 7:06 pm

    ကျွန်တော် ဒီစာကို မည်သည့် အစွဲမှ မရှိဘဲ အက်ဆေး အနေနဲ့ ရေးခြင်းဖြစ်ပါတယ်
    တကယ်လည်းလရောင်ထဲ လမ်းလျှောက်မိခဲ့ပါတယ်။
    စိတ်ထဲ ခံစား ရသမျှ ရေးလိုက်ရခြင်း ဖြစ်ပါတယ် ခင်ဗျား

  • ahnyartamar

    June 8, 2012 at 7:55 pm

    လရောင်ထဲ လမ်းလျှောက်ရင်းရေးထားတဲ့ စာစုဆိုတော့ ကြည်လင်အေးမြပြီး လတ်ဆပ်နေပါတယ် ဆရာထက်ရေ…။

  • aye.kk

    June 8, 2012 at 8:38 pm

    ကိုထက်ဝေးရေ,….
    လရောင်တွေလင်းပါစေဆိုတဲ့စေတနာစကားကိုအရမ်းတန်ဘိုးထားမိပါတယ်..။
    စေတနာစကားအတွက်လည်းကျေးဇူးလည်းတင်မိရပါတယ်…။
    ကျမအနေနဲ ့ပေါ့နော်….
    လရောင်ကို…
    အရမ်းကြည်နှူးနှစ်သက်ခံစားတတ်သူမို ့ပြောပြချင်မိပါတယ်…
    လသာတဲ့ညရက်များဟာ..
    ကျမအတွက်အဓိပ္ပါယ်လှလွန်းတဲ့ဒိုင်ယာယီညရက်များပါပဲ..
    လသာတဲ့ညရက်တွေမှာလရောင်ကို…
    ခံစားတတ်အောင်သင်ပေးတဲ့သူကကျမရဲ ့ဖေဖေပါပဲ…
    ဖေဖေကပြောတယ်…
    လဟာစိတ်နှလုံးချမ်းမြေ့မှုကိုပေးစွမ်းတာမို ့…
    လရောင်ဆမ်းတာနဲ ့စိတ်ကြည်နှူးခံစားတတ်စေအောင်..
    လကိုကြည့်မြင်ခံစားခိုင်းတတ်ခဲ့ပါတယ်..
    လရောင်ဖြာပြီးဆင်းနေတဲ့အိမ်ရှေ့ပန်းခြံလေးထဲဆင်းပြီး..
    ဆောင်တော်ကူးပန်းရနံ ့သင်းပြန် ့ပြန် ့လေးကိုလေပြေညှင်းလေးနဲ ့အတူ..
    အေးမြမြခံစားယင်းလမ်းလျှောက်တတ်ပါတယ်…
    ညနေခင်းကပန်းခြံထဲကြွေကျထားတဲ့ပန်းခရေတွေကိုလရောင်အောက်မှာ
    ကောက်ယူယင်း…
    ရေစင်စင်ဆေးပြီး၊သင်ကြိုးလေးနဲ ့သီယင်း..
    ဘုရားမှာတင်ပြီးအမြဲကုသိုလ်ယူတတ်ခဲ့တာ…
    လရောင်ဆမ်းထားတဲ့လသာညရက်များဖြစ်နေခဲ့လို ့ပါပဲ..။
    အခုဆရာကိုထက်ဝေးရဲ ့လရောင်လင်းပါစေဆိုတဲ့စေတနာစကားလေးဟာ..
    ကျမဘဝအတွက်တော့၊အဓိပ္ပါယ်တွေပြန်လည်ဖော်ဆောင်ပေးနေသလိုဖြစ်ခဲ့ရပါတယ်..။။

  • kyaw moe moe

    June 8, 2012 at 8:59 pm

    ကောင်းပါတယ်ဆရာ လောကကြီးမှာအကောင်းနဲ့အဆိုး၊အဖြူနဲ့အမဲယှဉ်တွဲနေတာပါ ကောင်းတာလုပ်တဲ့သူရှိသလို၊မကောင်းတာလုပ်တဲ့သူလည်းရှိပါတယ် ဒါတွေးဟာသုသဘောသူဆောင်း သွားမှာပါ ကောင်းတာလုပ်တဲ့သူအားလုံးအပေါ်သို့ လရောင်းလင်းပါစေလို့ ထပ်မံ၍ ဆဒ္ဒပြုလိုက်ပါတယ်

  • kyaw moe moe

    June 8, 2012 at 9:00 pm

    ကောင်းပါတယ်ဆရာ လောကကြီးမှာအကောင်းနဲ့အဆိုး၊အဖြူနဲ့အမဲယှဉ်တွဲနေတာပါ ကောင်းတာလုပ်တဲ့သူရှိသလို၊မကောင်းတာလုပ်တဲ့သူလည်းရှိပါတယ် ဒါတွေးဟာသုသဘောသူဆောင်း သွားမှာပါ ကောင်းတာလုပ်တဲ့သူအားလုံးအပေါ်သို့ လရောင်းလင်းပါစေလို့ ထပ်မံ၍ ဆဒ္ဒပြုလိုက်ပါတယ်—–

  • အရီး Khin Latt

    June 8, 2012 at 9:02 pm

    ဆရာထက် ရေ
    လရောင်လမ်း လေးကို မှန်းပြီး လွမ်းသွားပါတယ်။
    ပြည်တွင်းမှာ ဖြစ်ပျက်နေတဲ့ အပူရောင် တွေ လရောင်အောက်လေးမှာ အေးချမ်းသွားပါစေ။

  • htet way

    June 8, 2012 at 9:48 pm

    ဆရာahnyartamar ခင်ဗျား
    အခုလို အားပေးတာ ကျေးဇူးပါ။
    ဆရာ kyaw moe moe ကိုလည်း ကျေးဇူးပါ
    အရီး Khin Lattရေ ကျေးဇူးပါဗျာ
    ကျွန်တော် စာစုလေးဟာ တစုံတရာ တော့ အကျိုးသက်ရောက်ပါစေလို့ ဆုတောင်းမိပါတယ်

  • htet way

    June 8, 2012 at 9:51 pm

    ဆရာမကြီးaye.kkခင်ဗျား
    ကျွန်တော်ဟာ လရောင်ကိုနှစ်သက်ခဲ့ပါတယ် ။
    လသာညတွေကိုကြိုက်နှစ်သက်သလို အေးချမ်းမူတွေကိုပဲ လိုလားခဲ့သူပါ။
    အခုလို အကျယ်တဝင့်ရှင်းပြရေးသားပေးတဲ့ ဆရာမကြီးကို လေးစားပါတယ် ခင်ဗျား။

  • MaMa

    June 8, 2012 at 10:59 pm

    ပူလောင်နေတာတွေ ဖတ်ရ သိရ စိတ်လက်မသက်မသာ ဖြစ်နေရာက
    လရောင်လမ်းလေးနဲ့ တွေ့မှပဲ စိတ်အေးချမ်းမှုကို ရသွားတယ်။

    မေတ္တာထားသူတွေ အပေါ်လည်း လရောင်တွေ လင်းပါစေ။
    ကိုယ်ချင်းတတ်စာသူတွေ အပေါ်လည်း လရောင်တွေ လင်းပါစေ
    တရားသူရှိသူတွေအပေါ်လည်းလရောင်တွေ လင်းပါစေ။
    ငြိမ်းချမ်းရေးဖေါ်ဆောင်သူတွေ အပေါ်လည်း လရောင်တွေ လင်းပါစေ။
    အများအကျိုးတွက် ထမ်းရွက်သူတွေ အပေါ်လည်းလရောင်လင်းပါစေ။
    ကမ္ဘာသူ ကမ္ဘာသားတွေ အပေါ်လည်း လရောင်တွေ လင်းပါစေ။

    လရောင်လမ်းလေးကို လူတိုင်းလျှောက်လှမ်းနိုင်ကြပါစေ။

  • သားဦး၊မြေးဦး

    June 8, 2012 at 11:04 pm

    ဆရာထက်ရေ. တကယ်ကိုဘဲကျနော်လဲ တောင်းဆုခြွေလျှက်ပါ။ရွှေလသာပါစေဗျား။

    ကျွန်တော် လမ်းမပေါ်ရောက်တော့ သဘာဝ လရောင်ကို မခံစားရတော့ ဘူး ရနံ့သင်းတဲ့ လေညှင်း ကို မရတော့ ဘူး ။သို့သော် ကျွန်တော်ကလည်း နယ်မြို့ကလေးမှာနေခဲ့တာလေ။ ဒီ ရပ်ဝန်းက ကျွန်တော် အသားကျခဲ့တဲ့နေရာ ။ အတင်းတွေ တလွဲ စွပ်စွဲချက်တွေ ထင်မြင်ချက်တွေ တဖက်သတ် စီရင်ချက်တွေ …..ဒီနေရာမှာရှိနေတယ်လို့ ကျွန်တော် ထင်မိပါတယ်။ကျွန်တော်ရဲ့ စိတ်က မြို့ပြင်လောက် မလတ်ဆတ်တော့ ဘူး။
    ဖြတ်သွားရင်း အိမ်တစ်အိမ်က မေတ္တာပို့သွ ကြားရပါတယ် “အရှေ့ အရပ်၌ ရှိသော အနန္တစကြာဝဋ္ဌာ …အနန္တ သတ္တဝါတို့ ဘေးရန်ခပ်သိမ်း ငြိမ်းကြပါစေ….။ ကျွန်တော် စိတ်ထဲ ကြည်းနူးမိတယ်။မေတ္တာတရားရဲ့ အေးမျှမူ ကိုဖြန့်ထွက်တွေးမိပြန်ပါတယ်။ လောက၌ သွေးထွက်သံယိုမူတွေ အနိုင်ကျင့်မူတွေ စစ်ပွဲတွေ …..ကင်းဝေးနေရင် ကမ္ဘာကြီး လှပသာယာမယ်လေ။စိတ်အတွင်းက မေတ္တာဓါတ်တွေ ယိုဖိတ်ကြပြီး အော်..မေတ္တာပို့နေသူပါလားလို့တွေးမိရင်း ကြည်နူး ပီတိ ဖြစ်လို့ ။မေတ္တာထားသူတွေ အပေါ်လည်း လရောင်တွေ လင်းပါစေ။ ကိုယ်ချင်းတတ်စာသူတွေ အပေါ်လည်း လရောင်တွေ လင်းပါစေ

  • htet way

    June 9, 2012 at 8:44 am

    ဆရာမ (မမ) ခင်ဗျား
    တောင်းတဲ့ဆုနဲ့ ပြည့်ဝစေချင်ပါတယ်။
    ကျွန်တော် လည်း လရောင်လမ်းကို ဆက်လျှောက်စေချင်သလို အားလုံးအပေါ်လည်း
    လရောင်လင်းစေချင်ပါတယ်။

  • htet way

    June 9, 2012 at 8:51 am

    သားဦး၊မြေးဦး
    အခုလို အားပေးတာဆရာလေးကို ကျေးဇူးပါ ဗျာ။

  • blackchaw

    June 9, 2012 at 9:17 am

    လရောင်ထဲ ကိုလမ်းလျှောက်ချင်တယ်
    ဘာတွေဖြစ်နေလဲ မတွေးတော့ဘူးကွယ်

    ကျွန်တော်လည်း
    လရောင်ဆမ်းတဲ့ လမ်းကလေးပေါ်မှာ
    ငြိမ်းချမ်းစွာနဲ့
    လျှောက်ချင်ပါတယ် ဆရာထက်ရေ။
    လမင်းကြီးကတော့
    လူမျိုး ဆိုတာတွေ ကိုးကွယ်မှု ဆိုတာတွေ နဲ့
    ခွဲခြားမှု မရှိပါဘူး။
    အားလုံးအတူတူ လရောင်ဆမ်းတဲ့ လမ်းကလေးပေါ်မှာ
    လျှောက်ခွင့်ရှိပြီးသားပါ။
    လျှောက်ချင်စိတ်ရှိဖို့သာလိုနေတာပါ။
    အားပေးသွားပါတယ် ဆရာထက်ရေ။

  • htet way

    June 9, 2012 at 11:08 am

    ကျေးဇူးပါ ဆရာ
    လရောင်အောက်မှာကျွန်တော်တို့ ညီညွတ်စွာတေးသီချင်ပါတယ်
    လရောင်အောက်မှာ ငြိမ်းချမ်းစွာ ကဗျာရွတ်ချင်ပါတယ်
    ပြီးတော့ ချိုပေါ့ကျတစ်ခွက်…………..

Leave a Reply