Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

EMG ဝိုင်းတော်သားများရဲ့ လူမျိုးရေး၊ ဘာသာရေး ပဠိပက္ခဖြစ်အောင် အားသွန်ခွန်စိုက် လုပ်ဆောင်ချက်များ

myo gyeJune 12, 20121min70232

 

EMG ဝိုင်းတော်သားများရဲ့ လူမျိုးရေး၊ဘာသာရေး ပဠိပက္ခဖြစ်အောင် အားသွန်ခွန်စိုက်ကြိုးပမ်းမှုများ

 

 

 

ဒေါက်တာသန်းထွဋ်အောင်နဲ့ EMG ဝိုင်းတော်သားများအားလုံး တာဝန်ကြေပါတယ်။ ကျေးဇူးတင်ပါတယ်ခင်ဗျား။

 

 

 

comment တစ်ခုမှာ ဖတ်လိုက်မိလို့၊

 

 

 

ကျွန်တော်က မှန်တာတွေကိုပဲ သိချင်ဖတ်ချင်လို့  EMG ကထုတ်သမျှ edition အားလုံးကို တစ်စောင်မကျန် ( ပိုက်ဆံအကုန်ခံပြီး ) စောင့်ဝယ်ဖတ်ကာ Eleven အတွက်ချည်းပဲ တစ်လကို ငွေ ၆၅၀ဝ လောက်သုံးနေတဲ့ EMG ပရိတ်သတ် (ဘက်မလိုက်တဲ့ မြန်မာစစ်စစ်) ဒဂုံတက္ကသိုလ် ဥပဒေဌာနကဆရာတစ်ဦးပါ။ မကြိုက်တာရေးမိလို့ နာမည်ပြောင်းခေါ်လည်း ဘာတတ်နိုင်မှာတုန်းဗျာ။

 

 

 

EMG ဟာ ဘယ်စာစောင် ဘယ်ဂျာနယ်ကမှ ခဏခဏမပြောတဲ့ စာနယ်ဇင်းကျင့်ဝတ်တွေကို ethic, ethic နဲ့တဖွဖွပြောတဲ့ဂျာနယ်မို့ လည်း သတင်းတင်ပြရာမှာ လူမျိုး၊ ဘာသာ၊ အဖြစ်အပျက်၊ ရှုထောင့်မရွေးဘဲ အလယ်ကနေခဲ့တယ်၊ နေနေတယ်၊ နေဦးမယ်လို့ အမြဲယုံကြည်ပြီး EMG ကိုအားပေးခဲ့တယ်၊  ဒါတွေဟာ ပြီးခဲ့တဲ့ တစ်ပတ်လောက်ကထိ EMG ကဒီလိုပဲလို့ထင်ခဲ့တာပဲ။

 

ဒါပေမယ့် Leading Media တစ်ခုဖြစ်တဲ့ EMG က တောက်လျှောက်ကိုင်စွဲလာတဲ့ ethic policy ကို လွတ်လိုက်ပြီလား၊ အရမ်းသိချင်လာပါတယ်၊ ဘယ်သွားမလဲ Eleven? ဘာတွေလုပ်နေတာလဲ Eleven? ကိုယ့်မူဝါဒကို လွှတ်ချလိုက်တာလား? လွှင့်ပစ်လိုက်တာလား? ကိုယ့်ကိုကိုယ် ဘယ်ရောက်နေမှန်းတောင် မမြင်တော့တာလား? EMG ကဆရာတွေ ဘာဖြစ်ကုန်တာလဲ? တောက်လျှောက်အကောင်းလား? အစကတည်းက ဒီလိုလား?

 

အခုရခိုင်ကိစ္စမှာ ဘယ်ဘာသာကိုပဲ ကိုးကွယ်ကွယ်၊ အလယ်က သတင်းသမားသာ တင်ပြတာမမှန်ခဲ့ရင်၊ ဘက်လိုက်ဇောင်းပေး biased လုပ်ခဲ့ရင် လူမျိုးရေး၊ ဘာသာရေးဆူပူတာ ပိုကြွလာမယ်၊ နှစ်ဖက်လုံး မလိုအပ်ဘဲအသက်စည်းစိမ်တွေ ပိုဆုံးရှုံးမယ်၊ သေးတဲ့အမှု ပိုကြီး လာမယ်ဆိုတာဆိုတာ ဆရာတို့လိုတက္ကသိုလ်ကလူတွေ အပါအဝင် ဒေါက်တာသန်းထွဋ်အောင်နဲ့ EMG ဝိုင်းတော်သားများအားလုံး၊ စာတစ်ကယ်ဖတ်သူအားလုံးနားလည်မှာပါ။

 

ပထမ- ရခိုင်အမျိုးသမီး တစ်ဦး မုဒိမ်းကျင့်ခံရပြီး ပစ္စည်းယူ၊ အသတ်ခံရတယ်၊ ဘယ်သူကပဲလုပ်လုပ် ရဲပိုင်တဲ့  criminal case ရာဇဝတ် မှုသာ ဖြစ်တယ်၊ ဒီရက်ပိုင်းဖြစ်သွားတဲ့ ဆရာဝန်မတစ်ဦးကို သူ့မိတ်ဆွေက ဓါတ်ဆီလောင်း မီးရှို့သတ်တာ၊ ၁၆-လမ်းက ၁၀-တန်း ဖြေထားတဲ့ ကောင်မလေးတစ်ယောက် လူသတ်၊ ပစ္စည်းယူ၊  မီးရှို့သတ်ခံရတာ၊ ၁၃-နှစ်အရွယ်ကောင်လေးတစ်ယောက်ကို လိင်တူ ယောင်္ကျားချင်းမုဒိမ်းကျင့်၊ ပါးစပ်ပိတ်လူသတ်သွားတာ စတဲ့ဖြစ်စဉ်တွေနဲ့ ဘာမှမကွာလှတဲ့ ဖြစ်စဉ်တူတစ်ခုပါပဲ။  ပြီးခဲ့တဲ့လပိုင်းက ဂျပန်မတစ်ယောက်ကို မြန်မာနှစ်ယောက်  မုဒိမ်းကျင့်ပြီး သတ်ပစ်တယ်၊ ဥပဒအရနောင်ကျဉ်နေအောင် မြန်မာပြည်မှာ ဒါကို လက်မခံဆိုပြီး၊ ထိထိရောက်ရောက်သေဒဏ်ပေးဆော်ထည့်တယ်။ ဒီဟာတွေမှာလည်း ဘယ်ဘာသာဝင်ကလုပ်တယ်လို့ ဘယ်မီဒီယာ ကမှမရေးဘူး၊ ရေးစရာလည်းမလိုဘူး၊ ရဲကအရေးယူ၊ ထိရောက်တဲ့အပြစ်ဒဏ်ချ၊ ဥပဒေပိုင်းဆိုင်ရာအရ ပြီးပြီ။ မြန်မာနိုင်ငံထဲမှာ ဖြစ်တယ်၊ မြန်မာတည်ဆဲရာဇဝတ်ဥပဒေနဲ့ ထိထိရောက်ရောက်ကိုင်ထည့်လိုက်ရင်ပြီးနေပြီ။ ဘာမှဆက်ဖြစ်စရာမရှိဘူးလေ၊ ဒီဟာ လေးကို EMG က စဖွတယ်၊ အင်မတန်ထိလွယ်ရှလွယ်တာကို လွယ်လွယ်ရေးချတယ်၊ မွတ်ဆလင်ကုလား usage သုံးပြီး comment တွေရေးခွင့်ပေးတယ်၊ ဘယ်ဘာသာဝင်လို့ ရေးကတည်းက သွားပြီ၊ တင်ပြတာမမှန်တော့ဘူး၊ နောက်ဆက်တွဲ ဘာဖြစ်လာမလဲ သိသင့် တယ်၊ သိသိကြီးနဲ့လွယ်လွယ်ရေးချတယ်၊ လွယ်လွယ်ဖတ်တဲ့ လူအုပ်စုတစ်စုကသွေးကြွတယ်၊ ရပ်ရန် မဟုတ်တဲ့ ဆက်ရန်တွေ ဖြစ်လာတယ်၊ Eleven ကဘာဖြစ်စေချင်တာလဲ? ဆက်ပြီးတော့ သတ်ကြစေချင်တော့…

 

ဒုတိယ- တောင်ကုတ်မှာ လူ ၁ဝယောက်(ဆရာကတော့လူလို့ပဲ မြင်မိလို့၊ ဥပဒေအရတော့ နိုင်ငံသားကဒ်တရားဝင်ရှိတဲ့ လက်နက်မဲ့ မြန်မာနိုင်ငံသား ၁ဝယောက်)ကို အခြားသံတုတ်၊ တုတ်ကိုင် နိုင်ငံသား-(၂၀၀)ကျော်က မသေမချင်း ဦးနှောက်တွေပွင့်ထွက်တဲ့ထိ ရည်ရွယ်ပြီးစောင့်ပြီးဝိုင်းရိုက်သတ်တယ်၊ သူတို့ ဘာလုပ်မိလို့များဒီလိုတောင် လုပ်ခံထိရတာလဲ၊ သူတို့ကတရားခံတွေမို့လား၊  မြန်မာ နိုင်ငံမှာ ဒီလောက်ကြီးတောင် ဥပဒေမဲ့လုပ်ရသလား၊ ဘာသာရေးအဆုံးအမရှိသူတိုင်း၊ တရားရှိသူတိုင်း ယဉ်ကျေးပြီးသူတိုင်း ဒီဖြစ်ရပ်ကိုလက်ခံစရာမရှိပါဘူး၊ သူငယ်ချင်း နိုင်ငံခြားက တက္ကသိုလ်ဆရာတွေကတောင် phone နဲ့ mail နဲ့ မေးတယ်၊ ဘယ်ကစလဲ၊ ပြောပြတော့ ဒီကိစ္စကသေးသေးလေးပဲ၊ ဒီလောက်ကြီးသွားရသလား၊ မင်းတို့ိုလိုဘာသာတရားလေးစားတဲ့နိုင်ငံမှာ ဒီလိုဥကဒေမဲ့ လွယ်လွယ်လေးသတ်တာတွေ ရှိနေပြီလားမေးတယ်၊ ဆရာ့မှာ ရှက်စိတ်အပြည့်နဲ့အဖြေမရှိခဲ့ဘူး၊ ဆရာက ဥပဒေသမားမို့ ဥပဒေရှုဒေါင့် ကပဲကြည့်တတ်တယ်။ လူဆယ်ယောက်သေတာကို နောက်လူတွေကပျော်နေရလောက်အောင် မြန်မာတွေကစိတ်ဓါတ်က ဆိုးဝါး အကြမ်းဖက်စိတ်ရှိခဲ့လို့လားဗျာ။ EMG လုပ်ရပ်က နိုင်ငံတကာမှာ မြန်မာသိက္ခာကျစေတာပေါ့၊ ရခိုင်ပြည်နယ်ကို နိုင်ငံခြားက လာရောက်လည်ပတ်ချင်သူ၊ ရင်းနှီးမြှပ်နှံချင်သူတွေ ဘယ်လာရဲတော့မလဲ၊ မျက်တောင်တဆုံးပဲ ဆက်ကြည့်တတ်တော့ EMG က ဆက်ဖွနေတယ်၊ ဆက်ဆွနေတယ်၊ ဘယ်ဂျာနယ်ကမှ ရခိုင်အရေးနဲ့ပတ်သက်ရင် သတိကြီးကြီးထား မတိမ်းစောင်းစေဘဲ မဖွဘဲရေးတယ်။The Voice တို့လို့ဂျာနယ်အကြီးတွေတောင် ပြသနာပိုကြီးထွားမသွားစေချင်လို့ media သမားပီပီသသနဲ့ comment တွေကိုပိတ်ထားတယ်၊ Eleven ကတော့ လွယ်လွယ်ရေးခွင့်ပေးလို့ comment တွေ အပြန်အလှန် ရိုင်းရိုင်းစိုင်းစိုင်း ဆက်ရေးကြပြန် တယ်၊ ဆရာသိသလောက် ဘယ်မြန်မာလူမျိုးမှမရိုင်းပါဘူး၊ Eleven Site ထဲမှာ ဘယ်သူမှဖတ်လို့မရလောက်အောင် ဆဲဆိုနေတာတွေ က မြန်မာ reader တွေ ရေးတင်တာလို့ ကျွန်တော်တော့မယုံကြည်ဘူး။ EMG ကလူတွေပဲ ပြသနာကြီးထွားလာအောင် comment တွေ ထိုင်ပေးနေသလား ထင်ရလောက်အောင်ပါပဲ။  Eleven ကဘာဖြစ်စေချင်တာလဲ? ဆက်ပြီးတော့ သတ်ကြ ၊ ဆူပူကြဖြစ်စေချင်တော့…

 

တတိယ- မောင်တောကိစ္စဖြစ်လာတယ်၊ တစ်ဖက်ဖက်ကို အလွန်အကျွံ နှိပ်ကွတော့ ပြန်ကြွတတ်တာ မသိလို့လား၊ comment တွေ၊ သတင်းတွေ တစ်ဖက်သတ်ဖြစ်ကုန်တယ်၊ တောင်ကုတ်မှာ လူ (၁၀)ယောက်ကို မသေမချင်း ဦးနှောက်တွေပွင့်ထွက်တဲ့ထိ ရိုက်သတ် ခံရတဲ့ ဓါတ်ပုံတွေကိုတောင် မတင်ခဲ့တဲ့ Eleven က မောင်တောမှာ မီးရှို့တာ၊ အပြန်အလှန်ချကြတာတွေကို အချိန်နဲ့တစ်ပြေးညီ update လုပ်တင်ပေးလာတယ်၊ အာဃာတလား၊ racists လား၊ သတင်းသမားလား၊ လူဖတ်များ စောင်ရေများ စေချင်တာလား၊ ကြားဝင် လှုံဆော်တဲ့ အပြုအမူတွေကို ဘာလို့ရွေးလုပ်ချင်ရသလဲ၊ ဘာတွေကိုအမြတ်ထုတ်ချင်နေတာလဲ Eleven? ၊ အလယ်ကလူတွေရဲ့ လုပ်ရပ်က ဒီလိုပဲလား? တစ်ရက်ရက်မှာ EMG ဟာ ဒီကိစ္စကို တာဝန်ယူရမှာပါ။

 

စတုတ္တ- ဒီနေ့  Eleven ရဲ့လုပ်ရပ် (၃) ခုက စာဖတ်သူတွေကို စိတ်အပျက်စေဆုံးပါပဲ၊ သတင်းခိုင်မာမှုကိုတောင် မစောင့်နိုင် EMG ရဲ့ ဖွရရင်ပြီးရော မူဝါဒကို သေချာမြင်လာရပါတယ်၊

 

 

 

၁။  GTC ကျောင်းသားတစ်ဦး စစ်တွေမြို့လယ် အားကစားရုံနားမှာသေတဲ့ကိစ္စ၊ ဘာကြောင့်သေရသလဲ အတိအကျမသိသေးပါဘူးတဲ့၊ ဒဂုံတက္ကသိုလ်ကဆရာတွေတောင် စစ်တွေတက္ကသိုလ်က အသိတွေကို သာမန်ဖုံးလေးတစ်ချက်ဆက်တာနဲ့တင် အကြမ်းဖျင်း၊ ဟုတ် မဟုတ်သိနိုင်တဲ့ကိစ္စပဲဟာ၊ အတိအကျမသိသေးရင်မရေးပါနဲ့လား ဒေါက်တာသန်းထွဋ်အောင်နဲ့ EMG ဝိုင်းတော်သားများရယ်၊ ဆရာတို့ ဟာကလည်း  ဖွလိုက်ရရင်ပြီးရော လုပ်လိုက်ပြန်ရော၊ ဖြစ်တာက အဆောင်ပိုင်ရှင်နဲ့ GTC ကျောင်းသား ရခိုင်ချင်း ပြသနာဖြစ် လက်လွန်ပြီးသတ်မိတဲ့ကိစ္စ၊ မောင်တောလူမျိုးရေး၊ ဘာသာရေး သတင်းနဲ့ တစ်မျက်နှာတည်းမှာထားပြီး ရောသမမွှေလိုက်တယ်၊  လွယ်လွယ်ဖတ်မိတဲ့ လူအုပ်စုတစ်စုကို သွေးကြွစေပြန်တယ်၊ ကျောင်းသားအသတ်ခံရတယ်၊ ကုလားတွေကြောင့်၊ သတ်ပစ်ကြ၊ သေကျေမှုတွေဆက်ဖြစ်ကြပြန်ရော၊  ဘယ်သူ့လက်ချက်မှန်းမသိရသေးဘဲ ethic ဆရာကြီးတွေက ethic လုံးဝမရှိဘဲ လက်သွက် သွက်ရေးချနိုင်တာကို( အံ့ဩမကုန်နိုင်ဖွယ် ) တွေ့ရပြန်တယ်။  စာတစ်ကယ်ဖတ်တဲ့ သူတွေကို လိမ်လို့မရပါဘူးဗျာ၊ အေးအေး ချမ်းချမ်းနေလိုသူတွေ EMG ကြောင့်ပူလောင်လာရပြန်တယ်။

 

 

 

၂။  အစိုးရထုတ်သတင်းစာ တစ်စောင်မှာမှ မပါသေးတဲ့ ခရေကုန်းဘောင်ရွာကကျောင်းဆရာမနှစ်ဦး ဒါးဒါဏ်ရာတွေနဲ့ အသေရောက်လာတဲ့ သတင်းဦး၊ သတင်းထူးကြီးကလည်း ဒေါက်တာသန်းထွဋ်အောင်နဲ့ EMG ဝိုင်းတော်သားများအားလုံး တာဝန် ကြေကြေ အတိုင်အဖောက်ညီညီ လျှောက်ဖွလိုက်တာပဲဖြစ်နေပြန်တယ်၊ လုံးဝမသေချာဘဲနဲ့၊ လုံးဝမမှန်ဘဲနဲ့ Eleven က ဆူပူအုံကြွမှု တွေဖြစ်၊ စစ်တပ်က ကိုင်မှ၊ အာဏာသိမ်းမှရမယ်လို့၊ နှပ်ကြောင်းပေးချင်တာလား၊ တစ်တိုင်းပြည်လုံးက အသေအကျေဒုက္ခခံ၊ အသက် ထောင်သောင်းများစွာပေးပြီး စစ်ဖိနပ်အောက်ကရလာတဲ့ ဘာမှသက်တမ်းမကြာသေးတဲ့ ဒီမိုကရေစီစနစ်ကလေးကို အသေသတ်၊ ပြောင်းပြန်လှန်ချင်နေတာလား?၊ ကလောင်သွားထက်တာကို အမြတ်ယူချင်တာလား၊ လုပ်သူ ခံရသူ ကြားမှာ အမြတ်ထွက်သူရှိတာ မဆန်းပေမယ့် စတုတ္ထ ဒေါက်တိုင်Eleven ကတော့နောက်ပြန်လှည့်ဖို့ ဘေးတီးပေးနေ၊ အဆင်းဘီးတပ်ပေးနေသလိုပါပဲ၊ လူတစ်ဖွဲ့က နောက်လူတစ်ဖွဲ့ကို ဘာကြောင့်ပဲသတ်သတ်၊ သူ့ငရဲ သူသွားမှာပါပဲ၊ ဘယ်ဘာသာတရားမှာမဆို လူမသတ်ရဆိုတာ ပညတ်ပြီးသားပါ။ ကုလားကိုသတ်တယ်ပြောပြော၊ ရခိုင်ကိုသတ်တယ်ဆိုဆို၊ လက်စားချေတယ်ပြောပြော၊ ဘာသာရေး၊ လူမျိုးရေး ကြိုက်တဲ့ခေါင်းစဉ် တပ်ပြီး လူသတ်ပါ၊ ကိုယ်သေတဲ့အချိန်မှာ တစ်ဦးချင်းတစ်ယောက်ချင်း သွားရတဲ့ဘုံအဆင့်ဆိုတာ ကျိန်းသေပေါက် ဘာသာတရား တိုင်းမှာရှိပြီး သတ်မှတ်ပြီးသားပါ။ဘာကြောင့်များ ဒေါက်တာသန်းထွဋ်အောင်နဲ့ EMG ဝိုင်းတော်သားများအားလုံး လူတွေအချင်း ချင်း(ဆရာကတော့ လူလို့ပဲ မြင်မိလို့ ၊ ကုလား၊ ရခိုင် ၊ တရုပ်၊ အင်္ဂလိပ်၊ ခရစ်ယာန်၊ အသားအရောင်၊ ယုံကြည်တာပဲကွာမယ်) သတ်ဖြတ်သေကျေတာတွေဖြစ်အောင် ဘာလို့ မမှန်သတင်းတွေနဲ့ လမ်းကြောင်းပြောင်းလှုံဆော်ချင်နေရတာလဲ၊ ကုလားတစ်မျိုးလုံးကို သတ်တော့ရော၊ ရခိုင်တွေသေတော့ရော ဒေါက်တာသန်းထွဋ်အောင်နဲ့ EMG ဝိုင်းတော်သားများအားလုံး ဘာတွေများစီးပွားရေး အမြတ်ထွက်လာမလဲ၊ တစ်ခုခုကို ခုတုံးလုပ်ပြီး နင်းတက်ချင်တဲ့ စိတ်ဓါတ်က  EMG ရဲ့ မူဝါဒလား?

 

 

 

၃။  မောင်တောက ကန်တော်ကြီးသောက်ရေကန်ကို ဘင်္ဂလီတွေကအဆိပ်ခပ်ထားတယ်ဆိုတဲ့ကိစ္စ၊ ဒီသတင်းကိုအတည်ပြုဖို့ EMG ကအတည်ပြုနိုင်ဖို့ဆက်သွယ်နေပါပြီတဲ့၊ လုပ်ချလိုက်ပြန်ပြီ။ တကယ့်ရှက်စရာပါ။ ၈၈ အရေးအခင်းက ထွက်ခဲ့တဲ့ စာစောင်တွေ လောက်တောင် Eleven အဆင့်မရှိတော့ပါ။အတည်မပြုရသေးတာကိုဘာလို့ရေးရတာတုန်း၊ ethic တွေဘယ်ရောက်သွားပြီလဲ၊ စိတ်တော့မဆိုးပါနဲ့၊ ဆရာကတော့ ဥပမာသတင်းလေးတစ်ခုရေးမိတော့မယ်၊ ဒေါက်တာသန်းထွဋ်အောင်နဲ့ EMG ဝိုင်းတော်သားတွေ မနေ့ညက တောင်မြင်းပြိုင်ကွင်းလမ်းက EMG ရုံးချုပ်မှာ မကောင်းတဲ့အမျိုးသမီးတွေအုပ်စုလိုက်နဲ့ ပါတီပေးညလုံးပေါက်မူးရူး ကခုန်ပျော်ပါးပြီးရှိနေခဲ့ပါတယ်၊ ဒီသတင်းကိုအတည်ပြုဖို့ EMG ကိုဆက်သွယ်နေပါတယ်။ ဒီလိုဆိုဘာဖြစ်လာမလဲ၊ ကိုယ့်ဆရာတွေ မပျော်တော့တာသေချာပြီ။ ဒီလိုလေးရေးလိုက်မိတာတောင်မှ ကိုယ့်ဆရာတွေ ကျွန်တော့်ကို သတ်ချင်လောက်အောင် ဒေါသထွက်စေ၊ စိတ်ကြွစေရင် သောက်ရေကန်ကို အဆိပ်ခပ်ထားတယ်ဆိုတဲ့ အတည်မပြုရသေးတဲ့ သတင်းကြီးကလည်း အခုဖြစ်နေကြတဲ့ ဘက်နှစ် ဘက်ကို ဘယ်လောက်အတိုင်းအတာအထိ ဒေါသတွေဖြစ်စေ၊ သေကျေစေမလဲ မစဉ်းစားတတ်တာလား?၊ ဖွလိုက်ရရင်ပြီးရောလား၊ မီဒီယာတစ်ခုရဲ့ဖြောင့်မတ်မှု၊ သတင်းတစ်ခုရဲ့ ခိုင်မာတိကျမှုဟာ အသက်ပေါင်းများစွာကို ကယ်တင်စေနိုင်သလို၊ သေကျေစေ နိုင်ပါတယ်။ ဥပဒေသမားတစ်ဦး နဲ့ သတင်းသမားတစ်ဦးမှာ အခြေခံအကျဆုံးက ရိုးသားဖြောင့်မတ်မှုရှိခြင်းပါပဲ၊ အခုလို Online မှာ Open Source သတင်းတွေ အများကြီးရနိုင်ချိန်မှာတောင် သတင်းအမှားတွေ၊ သတင်းအလိမ်တွေ၊ ဒီလိုလေးတော့ဆော်လိုက်ဦးမှ အောက်တန်းကျစိတ်ဓါတ်တွေနဲ့ လုံးဝတည်ငြိမ်အေးချမ်းဖွံ့ဖြိုးနေတဲ့ဒေသတစ်ခုကို ၁၀-ရက်အတွင်း လုံးဝဆိုးရွားသွားစေလောက် အောင် လူမျိုးရေးအဓိကရုဏ်းတစ်ခုပေါ်ထွက်လာအောင်နောက်ကွယ်ကနေ ဘေးတီးလှုံဆော်ဖန်တီးချင်တဲ့မူဝါဒရှိနေတာ၊ စာမဖတ် ဖြစ်ကြတဲ့လူအများစုကို မျိုးချစ်စိတ်အရင်းခံသယောင် စည်းရုံးလှုံဆော် ဆူပူစေတာ၊ ရလဒ်က ရခိုင်ပြည်နယ်ရဲ့ လူနေမှုပုံရိပ်တွေ ကျဆင်းစေတာ၊ စီးပွားရေးတွေ ပုံမှန်မဖြစ်စေတော့တာ၊ လမ်းပန်းဆက်သွယ်ရေး ခက်ခဲသွားစေတာ၊ ပေါ်လာတဲ့အမြတ်က EMG ကိုပိုမိုထင်ပေါ် စောင်ရေတက် အရောင်းကောင်းစေချင်တာ၊ EMG  က ငါတို ့ဖက်ကမျိုးချစ်တွေ Patriotic တွေ လို့ ထင်ရအောင် လုပ်ပြပြီး နိုင်ငံရဲ့ လူတိုင်းရဲ့ လက်ရှိပန်းတိုင် နှစ်ပေါင်းများစွာစောင့်စားနေကြတဲ့ ဒီမိုကရေစီပန်းတိုင်ကို ဝေဝါးလမ်းကြောင်း ပြောင်းပစ်နေတာ၊  ဘာမှစာဖွဲ့စရာတောင်မရှိ (ကုန်ကုန်ပြောရရင် တစ်ရက်တိုက်စရာတောင်မရှိ၊ နေ့ဝက်နဲ့ အပြီးရှင်းပစ်လို့တောင်ရ) တဲ့ လူလက်တစ်ဆုပ်စာကြောင့် စစ်တပ်ကဝင်လာမှသာ၊ တပ်ဝင်လာပါတော့လား၊ စစ်တပ်ကသာ ကယ်တင်နိုင်တော့မယ်လို့ တစာစာ အော်ခေါ်ပြီး အမြင်နောက်ပြန်ဆွဲနေတာ၊ နိုင်ငံပုံရိပ်ကို အဆုံးထိဆွဲချပစ်တာတွေဟာ မြန်မာ Journalist တစ်ယောက်အနေနဲ့ ရှက်တတ်ရင် ရှက်ပြီးသေပစ်ချင်စရာပါပဲ။ စစ်တပ်ပိုင် မြဝတီ Eleven လို့တောင်အမည်ပြောင်းပေးရတော့မှာပါ။ ဒေါက်တာသန်း ထွဋ်အောင်နဲ့ EMG ဝိုင်းတော်သားများအားလုံးသိသင့်တာက အမှန်သတင်းမီဒီယာတွေဟာ (နောင်အနာဂတ်တကယ်ရှိတဲ့) နိုင်ငံ တိုင်းမှာ အသက်သွေးကြောပါပဲ၊ နောင်အနာဂတ် နိုင်ငံတော်သစ်ဆီကို လူတိုင်းလူတိုင်းချွေးသံ၊ အားမာန်အပြည့်နဲ့ ချီတက်နေချိန်မှာ လိမ်ဆင်မမှန်သတင်းအပြည့်နဲ့ ဒေါက်တာသန်းထွဋ်အောင်နဲ့ EMG ဝိုင်းတော်သားများရဲ့ နောက်ပြန်ဆွဲချ၊ လှုံဆော်ရန်တိုက်ပေးနေတဲ့ လုပ်ရပ်က ဆရာတို့ တက္ကသိုလ်အသိုင်းအဝိုင်းအတွက်တော့ရှက်ဖွယ်လိလိပါ။ ဘယ်သူတွေ ဘာပြောပြော  မှန်တာတွေကိုပဲ သိချင် ဖတ်ချင်လို့ Eleven အတွက်ချည်းပဲ တစ်လကို ငွေ ၆၅၀ဝ လောက်သုံးနေတဲ့ ဆရာကတော့ နောက်လကစပြီး တစ်ခြားဂျာနယ် ပြောင်းဖတ်တော့မယ်ဗျာ။

 

 

 

ဒေါက်တာသန်းထွဋ်အောင်နဲ့ EMG ဝိုင်းတော်သားများအားလုံး တာဝန်ကြေပါတယ်။ ကျေးဇူးတင်ပါတယ်ခင်ဗျား။ ဘာတွေများ လုပ်နေကြပါလိမ့်။ ရွှေမြန်မာတွေ မျက်လုံးဖွင့်ကြည့်ကြပါ။ ထလော့၊ မြန်မာ၊ မြန်မာ၊ ထလော့၊

 

 

 

တစ်ရက်ရက်မှာ EMG ဟာ ဒီကိစ္စကို တာဝန်ယူရမှာပါ။

 

 

 

By ဒဂုံတက္ကသိုလ်(ဥပဒေဌာန ကျောင်းဆရာတစ်ဦး)

 

32 comments

  • laypai

    June 12, 2012 at 3:28 pm

    သူတာဝန် ယူရဲ လို့ ရေးတာ တင် တာ သတင်းမှား ရင် ထောက် ပြ လိုက် ပေါ့။
    မတင်ပစ် တဲ့ သတင်း သူ့ မှာ ဝန် မရှိ ဘူး။ နေရာတိုင်း သတင်ထောက် မရောက် နိုင်သလို ရောက်တဲ့ နေ ရာတိုင်း လဲ သတင်း မရ နိုင်ဘူး။
    တက္ကသိုလ် က ဆရာ ဆို တော့ တပည့် တွေ အများ ကြီး ရှိမှာ ပေါ့။ တခြား ဘာမှ မမေး ဘူး၊ ကိုယ် တပည့် တွေ ကို ပြန်မေး ကြည့် လိုက် EMG ရေးနေတာ တွေ မှားလားမှန်လား လို့။

  • amatmin

    June 12, 2012 at 3:33 pm

    ဖတ်ရတာ မကြိုုက်လို့ လက်မတချောင်းအောက်စိုက်သွားတယ်ဗျာ…
    တဖက်မီဒီယာတွေကနေ ဖင်ဖြဲလိုက်အော်နေတာတွေကို ပြန်လှန်ချေပပီး
    ကိုယ့်အသွေးအသားချင်းအတွက် ရေးပေးလို့ အလဲဗင်းကိုကြိုက်တယ်..
    (ဘက်မလိုက်ရသင့်တဲ့မူကို ချိုးဖောက်ခဲ့ရင်တောင်)
    ကိုယ့်အမျိုးသားအကျိုးစီးပွားနဲ့ ပက်သက်တဲ့အရေးကို
    သူတို့လို မီဒီယာတွေသာမရေးလို့ ..
    ချဉ်ဖတ်သတင်းစာတွေမှာ စောင့်ဖတ်မယ်ဆို..
    ရခိုင်တပြည်လုံးပြာပုံဖြစ်သွားမှ သိရမယ်ဗျ..
    ပြောနေရင်းနဲ့ကို မူရင်းရေးတဲ့ကောင်ကို ချဉ်သဗျာ..

    ဆရာတို့ တက္ကသိုလ်အသိုင်းအဝိုင်းအတွက်တော့ရှက်ဖွယ်လိလိပါ…ဆိုပဲ..
    EMG ကိုအသာထားလို့ ဒိမတိုင်ခင်တွေကိုက
    ရှက်စရာတွေ အတော်များနေပါပီ ကိုယ့်ဆရာရယ် 🙂

    • မိုးတိမ်

      June 13, 2012 at 8:23 pm

      မကြိုက်ရင် မဖတ်နဲ့ ပို(စ့်) တင်တဲ့ကောင်ရေ
      ငါကတော့ကြိုက်တယ် ဝယ်ဖတ်တယ်ကွာ။
      =======================
      (ဘက်မလိုက်ရသင့်တဲ့မူကို ချိုးဖောက်ခဲ့ရင်တောင်)
      ကိုယ့်အမျိုးသားအကျိုးစီးပွားနဲ့ ပက်သက်တဲ့အရေးကို
      သူတို့လို မီဒီယာတွေသာမရေးလို့ ..
      ချဉ်ဖတ်သတင်းစာတွေမှာ စောင့်ဖတ်မယ်ဆို..
      ရခိုင်တပြည်လုံးပြာပုံဖြစ်သွားမှ သိရမယ်ဗျ..
      =======================
      အဲဒီတစ်ချက်တည်းနဲ့တင်ကို (၆၅၀၀) မကဘူး တန်နေပြီကွ

  • blackchaw

    June 12, 2012 at 3:34 pm

    ဟော လာပြန်ပြီ သူကြီးရေ။
    EMG ကို တိုက်ခိုက်ပြန်ပါပြီ။
    မကျေနပ်ရင် EMG ကိုတိုက်ရိုက်ဖုန်းဆက်ရင်ဆက်
    သူတို့ဆိုက်မှာ သွားရေးပေါ့ဗျာ။
    ကျွန်တော်တို့ မန်းဂဇက်နဲ့ EMG
    အကြားမှာ အဖုအထစ် အဖြစ်မခံချင်ပါဘူးဗျာ။
    ဒီပို့စ်ကိုလည်း ဖျက်ပေးဖို့ တောင်းဆိုပါတယ် ဗျို့။
    အော် အနိစ္စ၊ ဒုက္ခ၊ အနတ္တ။

  • Davit

    June 12, 2012 at 3:44 pm

    “Eleven အတွက်ချည်းပဲ တစ်လကို ငွေ ၆၅၀ဝ လောက်သုံးနေတဲ့ ဆရာကတော့ နောက်လကစပြီး တစ်ခြားဂျာနယ် ပြောင်းဖတ်တော့မယ်ဗျာ။”

    ဟုတ်ကဲ့….ပြောင်းဖက်ပါခင်ဗျား…. ကိုယ့်ပိုက်ဆံနဲ့ကိုယ်ဖက်တာ ဘယ်သူမှဂရုမစိုက်ပါဘူး … ကြိုက်တာသာဝယ်ဖက်လိုက်ပါ။ သူများတကာကိုတော့ Negative အနေနဲ့ကြည့်ပြီး မဝေဖန်ပါနဲ့ …..

  • etone

    June 12, 2012 at 3:45 pm

    myo gyeရေ .. ဖတ်ပြီး ခံစားမိတာကတော့ ….လိုရာဆွဲပြောပြီး … ခံပြင်းနေပုံပါပဲ …။
    အလဲဗန်းက … ဖွလို့ပဲ ဒေါသထွက်တာလား .. .ကိုယ်တိုင်က ဘာဖြစ်လို့ ဒေါသထွက်တာလဲဆိုတာ .. စာရေးသူသာ အသိဆုံးဖြစ်ပါလိမ့်မယ် … ။

    ဗျို့ ……. သဂျီး …… အက်ရှင်ယူပါဗျို့ ……… ။ အီးမေးလ်းအကောင့်တစ်ခုရှိတာနဲ့ ….. အကောင့်လုပ် ၊ ကော့မန့်ရေး ပို့စ်ရေးလို့ ရနေတဲ့ စနစ်ကို … ဒီအချိန်မှာ control လုပ်သင့်တယ်လို့ မြင်မိပါတယ် ။
    ပို့စ်တင်ခွင့်မပေးပဲ ……… ကော့မန့် အရေတွက် .. ရာဂဏန်းမှသာ … ပို့စ်တင်ခွင့်ပေးတာမျိုး လုပ်သင့်တယ်လို့ မြင်မိပါကြောင်း … ။

  • ma haw

    June 12, 2012 at 3:52 pm

    အဆိပ်ခတ်လိုက်တာမဟုတ်ပေမယ့် ခတ်ဖို့ကြိုးစားနေတယ်ဆိုတာတော့သေချာတယ်
    ကုလားတွေအောက်လမ်းနည်း သုံးတတ်ပါတယ်
    ယောက်ကျားမဆိုထားနဲ့ မိန်းမတယောက်တောင် မနေ့ကညဖက်မှာ
    ကိုယ်ဝန်သည်“ဟန်ဆောင်ပြီးတော့ စစ်တွေပြည်တော်သာရပ်ကွက် မှာ မီးလာရှို့ဖို့ကြိုးစားသေးတယ်ဆိုတာ ဖုန်းဆက်လို့သတင်းရသေးတယ်
    ခုကျွန်တော်ရေးတာ လှုံ့ဆော်တာမျိုးဖြစ်နေတယ်ဆိုရင်တော့ ဂေဇက်ကိုတောင်းပန်တယ်
    ဒါမဲ့ အလိုစိတ်မရှိပါဘူး

  • may flowers

    June 12, 2012 at 3:58 pm

    အလဲဗင်းကြောင်မို့ ရခိုင်ကသတင်းတွေကို ဖတ်ရ၊ မြင်ရတာမို့

    အလဲဗင်းကို ကျေးဇူးတောင်တင်ပါသေးတယ်။

    ခုပြောနေတဲ့ ဒီဆရာဆိုသူလဲ ရိုဟင်ဂျာပဲထင်ပါရဲ့…။ မြန်မာပြည်မှာ လူနဲစုလေးပဲရှိသေးတဲ့ ဒီရိုဟင်

    ဂျာတွေက တိုင်းရင်သားအဖြစ်တောင် အသိအမှတ်မပြုခံရသေးဘူး ဘာတဲ့… . ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတဲ့

    နယ်မြေတောင်းနေပြီ တုတ်၊ဓါးက်ိုင်ပြီး တို့မြန်မာ တိုင်းရင်းသားတွေကို ပြန်ပြီးရန်ပြုတိုက်ခိုက်နေပြီ။

    နောင်….ဒင်းတို့သာ………..လူဦးရေဒီထက်များလာမယ် ၊ တိုင်းရင်းသားအဖြစ်အသိအမှတ်ပြုလိုက်မိမယ်

    ဆိုရင်တော့ ……………တွေးတောင်မတွေးရဲဘူး။

  • kai

    June 12, 2012 at 4:08 pm

    ဒီပို့စ်တင်သူဟာ “ဒဂုံတက္ကသိုလ်(ဥပဒေဌာန ကျောင်းဆရာတစ်ဦး)” ကိုယ်တိုင်ဆိုရင်.. ပို့စ်ကို ဆက်ထားပါ့မယ်..
    ကူးတင်တာဆိုရင်တော့.. ဖျက်ပါမယ်..

    အခုအ်ိပ်တော့မယ်.
    မနက်ဖြန်.. editor@myanmargazette.net ကိုမေးလ်ပို့.. ပြောနိုင်ကြောင်း.. :mrgreen:

  • Shwe Tike Soe

    June 12, 2012 at 4:12 pm

    စာစီစာကုံး ဝင်ပြိုင်ပါလား.. ရေးတတ်တယ်နော်..
    ခင်ဗျားမယုံဘူးဆိုလဲ ဝယ်မဖတ်နဲ.ပေါ့ဗျာ……. ကိုယ်တိုင် မောင်းတော သွားပါလား… ပြီးရင် ဟိုဘက်နဲ.ဒီဘက် ဖြစ်နေတဲ့ ကြားထဲ အလယ်ကောင်သွားရပ်ပြီး ဒီလိုမလုပ်ကြပါနဲ.လို. သွားတားလေ……….

    မြန်မာစာရိုက်တတ်တိုင်း ပို.စ်တင်နေရင် ကျုပ်တူလေးတန်းကလေး လဲ ပို.စ်လာတင်ခိုင်းအုံးမယ်……… 😀

  • Oo Oo

    June 12, 2012 at 4:13 pm

    ဘာတွေပါလိမ့်….
    ဘယ်လိုလူက ဘယ်အတွက်ကြောင့် ဘယ်သူ့ကိုစိတ်နာနေသလိုပဲ
    မနာပါနဲ့ဗျာ..
    အရာရာဟာ အကြောင်းကြောင့် အကျိုးဖြစ်နေရတာပါ
    မည်သူမပြု မိမိမှု…သင်ပြုသမျှကံ သင့်ထံပြန်လာပါလိမ့်မယ်
    တရားနဲ့ဖြေပေါ့ 😀

  • shwe kyi

    June 12, 2012 at 4:52 pm

    အမှားအမှန်အချိန်တန်ရင်ပေါ်ပါမည်ဆိုတဲ့ကိုရဲခေါင်ရေးတဲ့ပို့စ်မှာ
    ရွှေကြည်ကို ရဲခေါင်ပြန်ပြောထားတဲ့comment ထဲမှာ ပထမဆိုတဲ့အပိုဒ်တူနေပါတယ်။
    အားလုံးစစ်ကြည့်ပေးကြပါ။ နာမည်နှစ်မျိုးနဲ့တစ်ယောက်တည်းဖြစ်နိုင်ပါတယ်။

    • Shwe Ei

      June 12, 2012 at 5:01 pm

      ဟုတ်တယ် ဒါမျိုးကြီးဖတ်ဖူးပါတယ်မှတ်တာ ပြန်ကူးချထားသကိုး 😀

  • char too lan

    June 12, 2012 at 4:56 pm

    hahaa 😆
    heheee hehee 😀
    kwi kwi kwi 🙂
    ဘယ်လိုရီရမလဲတောင် မသိတော့ဘူး :mrgreen:

  • Thel Nu Aye

    June 12, 2012 at 6:32 pm

    အင်းခက်တာပဲ။ သူသာသတင်းမပေးရင် ဘာမှသိရမှာမဟုတ်ဘူး။ အမျိုးသားရေးစိတ်ဆိုတာ အမျိုးထိမှ မချိအောင်နာတာလေ။ တောင်ပေါ်မြေပြန့်သွေးစည်းဖို့ ဒါလေးတွေလဲလိုတယ်။ သူတို့ ဘာဖြစ်နေမှန်းမသိ ရင်အမျိုးသားရေးလဲရှိမှာမဟုတ်ဘူး။ အဲဒါဆို ရင် ဒီရိုဟင်ဂျာတွေရခိုင်တွေကိုစိတ်ကြိုက်လုပ်တော့မှာ။ အရင်တခါကဆိုသိတောင်မသိလိုက်ဘူး။ အခုသူတို့နေတဲ့ရွာတွေက အဲလိုနည်းနဲ့အကြမ်းဖက်တိုက် ခိုက်ပြီး နေရာလုထားတာ။ အခုလဲအဲလိုနည်းနဲ့များရမလားလို့ ထပ်သွေးတိုးစမ်းတာ။ ဒီလိုမီဒီယာသာမရှိရင် ဘူးသီးတောင်မောင်းတောသူတို့သိမ်းပြီးတာကြာပေါ့။

  • kks240979

    June 12, 2012 at 7:07 pm

    If you are a real lecturer of university, I think you would not be such a stupid and shameless person. Check your family-tree again to know whether you are mixed-blood with Rohinja.

  • ko win

    June 12, 2012 at 7:53 pm

    ခက်တော့ ခက်ချည်သေးရဲ့ဗျာ။ မသိတာလား၊ မသိယောင်ဆောင်တာလား။ ဘာရည်ရွယ်ချက်နဲ့ သည်လိုရေး တာလဲ။ EMGက သူ့ကိစ္စ သူတာဝန်ယူပါလိမ့်မယ်။ ခင်ဗျားလည်း ခင်ဗျားကိစ္စ ခင်ဗျားတာဝန်ယူရလိမ့်မယ်။

  • hein htet

    June 12, 2012 at 8:25 pm

    ကျန်တဲ ့ဂျာနယ်တွေ သတင်းထာန တွေ အားလုံး ကုလားတွေ အတွက်ရေးနေတာဗျာ….emg တစ်ခုပဲ ကျုပ်တို ့တိုင်းရင်းသားတွေဖက်ကရေးနေတာဟုတ်ဘူးလား..အဲလို လေးတော့ရှိအုန်းမှပေါ့ဗျာ..နောက်ကို စာရေးရင် နာမည်ပါတိတိကျကျရေးဗျာ..တကယ် ဝေဖန်ရဲ တဲ ့သူဆိုရင်ပြောတာပါ..ကုလားကာနောက် ကနေတော ့လက်သီးပြမနေနဲ ့ပေါ့နော..

    • awra-cho

      June 13, 2012 at 4:20 pm

      ကုလားကာ လို့မပြောရဘူးလေ။ ပြည်တွင်းနေ ဘာဖြစ်ဆိုလား (အဲဒိ စာလုံးတွေ မရိုက်ချင်ဘူးဗျာ)။ တော်သေးတယ် မွတ် တိုင်းပြည်ကပြန်လာတာ စောသွားလို့၊ အရင်က ပြန်ရောက်ရင် ဓါတ်ပုံတွေ တင်မလို့ စဉ်းစားထားတာ။ မတင်တော့ပါဘူးလေ။

  • hein htet

    June 12, 2012 at 8:33 pm

    မကျေနပ်လို ့ထပ်ရေးတယ်ဗျာ.. ရခိုင်တွေ လူမသိသူမသိနဲ ့ဒီ ဘင်္ဂလီ တွေ နှိပ်စက်တာတွေ တော်တော် ကြာနေပြီလေ…ခင်ဗျား ဥပဒေက ကျောင်းဆရာ တစ်ယောက်ဆို.. ဒါကျမသိဘူးလား..ဒီကိစ မှာလဲ ဒီလို ပဲ အိယောင် အိယောင်သတင်းတွေပဲ ဖတ်ရရင် လူထု က ပျင်းပြီး အဲကိစ ကို သောက်ဂရုစိုက်မှာ မဟုတ်ဘူး..အဲလိုဆိုရင် ရခိုင်တွေ နောက်ထပ် လူမသိသူမသိ ကိုယ့်ရပ်ကိုယ့်ရွာမှာ နေပြီး နှိပ်စက်ခံနေရအုန်းမလဲမသိဘူး. ခု အဲဒါကြောင့် မြန်မာတွေ အားလုံး မှာ ရှိတဲ ့မျိုးချစ်စိတ်တွေ ပေါ်လာနေတယ်.. ကိုယ့်တိုင်းရင်းသား ညီအစ်ကိုတွေကို နှိပ်စက်နေတာ ကို ခံပြင်းနေကြတယ်….အဲဒါ ဝမ်းသာစရာမဟုတ်ဘူးလား..ခင်ဗျား ဥပဒေကဆရာ တစ်ဦးဆို…အဲလိုတောင်မတွေးတတ်ဘူးလား.. ခင်းဗျား သင်နေတဲ ့ကျောင်းသားတွေ(တကယ်ဆရာဆိုရင်ပေါ့) ဒီစာတွေ ့ပြီးခင်ဗျားကိုလည်း ရိုက်သတ်သွားအုံးမယ်.. ကြည့်နေဦး

  • ရွာစားကျော်

    June 12, 2012 at 10:02 pm

    မကျေနပ်လည်း ဝယ်မဖတ်နဲ့ပေါ့.. သောက်ရေးလုပ်လို့

  • မိုက်ကယ်ဂျော်နီအောင်ပု

    June 12, 2012 at 11:14 pm

    အဲ့သည် ဆယ့်တစ်ဆိုဒ်က ပုဂ္ဂိုလ်တွေကလည်း တစ်လောက ဆုတွေဘာတွေရထားတာ
    တိုက်ဆိုင်သွားတာက
    နွားမသား စစ်အုပ်စုက အဲ့သည်ချိန် ဒီမိုကရေစီအဖွားကြီးကို
    လွှတ်တော်ထည်းဝင်ဘို့ ဂွင်ဆင်နေတဲ့အချိန်ဆိ်ုတော့ လုပ်ကိုင်ရခက်နေတာ
    ခုကိစ္စက တစ်ချက်ခုတ် တရွာလုံးမျိုးပြုတ်တဲ့ပလမ်ဘဲ
    ( စဉ်းစားကြစေလိုပါတယ် )
    ကျုပ်လီး ဒီသဂျီးဆိုတဲ့လူဂို နည်းနည်းကြောက်လာဘီ ( ပြေးဘီ )

    • မိုက်ကယ်ဂျော်နီအောင်ပု

      June 12, 2012 at 11:18 pm

      ကျန်သွားလို့
      ငါလိုးမသား ပို့စ်ရေးတဲ့ကောင်
      မင်းတို့ရေးတဲ့ပုံက ထမင်းမငတ်ဘူးတဲ့ သတ္တဝါတွေဘဲ ဝါးတားတားဖြစ်လိမ့်မယ်
      မင်းတို့ဒီလိုရေးလို့ မင်းတို့အဘတွေလုပ်တဲ့ဇာတ် ကျုပ်တို့လို သတ္တဝါတွေက
      ကောင်းကောင်းမြင်တတ်သွားတယ်မှတ်
      ဒါပေသိ သိပ်ကောင်းတဲ့ အက်ရှင်တွေဘဲ
      ကိုယ့်အရည်ချင်းကို အကောင်းဖက်က သုံးကြည့်ကြပေါ့ကွာ
      ကျုပ်ကတော့ ဘာဒဗျားမှ မစိတဲ့ကောင်ဆိုတော့
      ဘယ်ကောင်ဘာဖြစ်ဖြစ် ကျုပ်စောက်ပူဒဗျားမှမပါ

  • surmi

    June 12, 2012 at 11:34 pm

    ကြည်.ရတာ အလဲဗင်းက ဘောပွဲခန်.မှန်းတာတွေဖတ် ပြီး လောင်းလို.ဘဝပျက်သွားတဲ.သူလားမသိ ။
    ဟဲ ဟဲ မဖတ်နဲ.တော. ဒါမှ ကျုပ်တို. ဂျာနယ်လုမဝယ်ရမှာ ။

  • Ko Ko Aung

    June 13, 2012 at 8:58 am

    EMG ကို အရင်ကတော့ စီးပွားရေးအောင်မြင်မှု့ကြောင့် မလိုမုန်းထားသူတွေရှိတယ်…
    နောက်ပိုင်းတော့ ဂုဏ်သိက္ခာအရပါ အောင်မြင်မှု့ကြောင့် မလိုမုန်းထားသူတွေ ပိုများလာတယ်…။
    ဒီအောင်မြင်မှု့တွေကို သိပ်မငဲ့ပဲ မြစ်ဆုံကိစ္စမှာ ခေါင်းမာမာနဲ့ တင်းတင်းရပ်ပြီး
    သာမန်ငါးပွက်ရာငါးစာချ လုပ်စားတာမျိုးမဟုတ်ပဲ ထိုးထိုးဖေါက်ဖေါက်လေ့လာ သတင်းစုဆောင်းပြီး
    အပီအပြင်အလုပ်လုပ်တာတွေ့ရတော့ EMG ရဲ့ မျိုးချစ်စိတ်ဓါတ်ကို နဲနဲ တိုင်းတာမိလာတယ်။
    အခု ရိုဟင်ဂျာ အရေးကိစ္စမှာ – သတင်းမှန်တွေကို လက်ဦးအောင်ပို့နိုင်တဲ့ တန်းပြည့်တဲ့ သတင်းဌာနတခုအဖြစ်ကို သက်သေပြနိုင်ခဲ့တယ်။ အဲဒါအပြင် သတင်းမှန်တွေကို ပြည်သူတွေ မျက်ဝါးထင်ထင်မြင်ရအောင် တင်ပြနိုင်လို့ တိုင်းပြည်အတွက် အလွန်အကျိုးများတဲ့ သတင်းဌာနပဲ ဖြစ်ပါတယ်။

    အခုမှတော့ သူ့စေတနာသူ့အကျိုးပေးပြီး အရမ်းအောင်မြင်သွားပြီ…
    အခုမှတော့ မနာလိုရင်လဲ ဘာမှလုပ်နိုင်စရာမရှိတော့ဘူး…။ ကိုယ့်လျှာကိုယ်ကိုက်ပြီးသာ သေလိုက်ကြပေတော့….။

    (ဒီကွန်မင့်ဟာ မြစ်ဆုံအရေးရယ်၊ ရိုဟင်ဂျာအရေးရယ်မှာ ပြည်သူ့အကျိုးဆောင်တဲ့ EMG ကို ကျေးဇူးတုန့်ပြန်တာဖြစ်တယ်။)

  • mayjuly

    June 13, 2012 at 12:49 pm

    အန်..အင်.. အို ..ပီ ..ဟဟ တညိုးပါရားးးး
    လက်မလေးအောက်စိုက်ပီး အားပေးတွားပါဒယ် ….(အားမရှိတဲံ့လေသံဖြင့်) 🙁

  • ကိုသင်း

    August 5, 2012 at 12:45 am

    ဆရာရေ ဆရာမှာ မှန်ကန်စွာသုံးသပ်နိုင်တဲ့ အမြင်ရှိပုံမရဘူး
    စိတ်ထင်ရာ ဖြစ်နိုင်တယ်ဆိုပြိး စွတ်ရေးနေပုံပဲ
    ကျောင်းဆရာဆိုတော့လည်း အားလုံးကို ဆရာတပည့်လို့
    မှတ်ယူထားပုံပါပဲ၊အဖြူ အမည်း မခွဲခြားပဲ ကုလားကို လူလု့ိ
    မြင်ရင် မွတ်ဆလင်ကုလားရွာမှာ တစ်ပါတ်လောက်
    သွားနေကြည့်ပါလို့ အကြံပြု ပါရစေ၊ဆရာ အသက်မပျောက်လို့
    ပြန်ရောက်တဲ့အခါ ဆရာတင်တဲ့ ပို့စ် အားလုံးကို လက်မအမြဲ
    ထောင်ဖို့ အသင့်ရှိနေမှာပါ။

    လေးစားစွာဖြင့်
    သင့်ရဲ့
    ကိုသင်း

Leave a Reply